နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

By Lazy_Little_Meow

155K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... More

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [99]

707 94 5
By Lazy_Little_Meow

Translated by Melinoe_Megami

[Unicode]

အခန်း - (၉၉)

အင်တာဗျူးကို ထုတ်လွှင့်ပြီးနောက် နဉ်ရှီသည် အမျိုးသမီးများကြားတွင် ရေပန်းစားလာခဲ့၏။ မရေမတွက်နိုင်သည့် ပရိသတ်ပေါင်းများစွာက သူမ၏ ဇနီးလေး ဖြစ်ချင်နေကြပြီး သူမအတွက် ကလေးမွေးပေးချင်နေကြသည်။

အမျိုးသမီးပရိသတ်များ၏ စိတ်အားထက်သန်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ထိုးနှက်မှုများကြားတွင် အမျိုးသမီးများ မည်သို့ လိုက်လျောညီထွေဖြစ်အောင် နေနေရကြောင်း လူအများ သတိထားလာမိစေပြီး လူ့အသိုင်းအဝိုင်းမှ ကျားမခွဲခြားမှုများစွာကို ဖြေရှင်းနိုင်ခဲ့သည်။

နဉ်ရှီ၏ နာမည်ကျော်ကြားမှု မြင့်တက်လာချိန်တွင် တုန်းနန်ရဲစခန်းသည် သူတို့၏ တရားဝင်ဝဘ်ဆိုဒ်မှ ကိုယ့်ကိုယ်ကိုအဆုံးစီရင်မှုအဖြစ် ဖုံးကွယ်ခံလိုက်ရသော လူသတ်မှုဖြစ်စဉ်အကြောင်း ဖော်ပြလိုက်သောအခါ တစ်နိုင်ငံလုံး တုန်လှုပ်သွားကြရသည်။

သံသယတရားခံများနှင့် နစ်နာသူ၏နာမည်ကို အတိုကောက်သာ ဖော်ပြထားသော်ငြား အရာရာကို ရှာဖွေဆန်းစစ်နိုင်စွမ်းရှိသော အင်တာနက်သုံးစွဲသူများက ဤအမှုသည် လွန်ခဲ့သောတစ်လခန့်က နဉ်ရှီ အမှုဖွင့်ခဲ့သော သတ်သေမှုဖြစ်ကြောင်း ချက်ချင်း အတပ်ပြောနိုင်ခဲ့သည်။ လက်စသတ်တော့ သက်သေမှုသည် တကယ့်ကို လူသတ်မှုဖြစ်နေပြီး တရားခံများက နဉ်ရှီ၏ ဆွေမျိုးသားချင်းများ ဖြစ်နေသည်။

သားဖြစ်သူ၏ အရိုးပြာမှုန့် မြေဩဇာမဖြစ်သေးခင်မှာပင် နဉ်ရှီ၏ အဘိုးအဘွားများသည် တခြားသားသမီးများ ချမ်းသာစေဖို့အရေး ထိုသူတို့နှင့် ပူးပေါင်းကြံစည်ကာ ချွေးမဖြစ်သူကို အသက်အန္တရာယ်ပြုခဲ့သည်။

တကယ့်ကို ကြောက်စရာကောင်းလွန်းပေ၏။ ရက်စက်လွန်းပေ၏။

ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ချိန်တွင် ချင်ရီ၏ အမှုအကြောင်းကိုသာ ဖော်ပြခဲ့သဖြင့် ထိုဖြစ်ရပ်နောက်ကွယ်တွင် တခြားဆက်နွယ်မှုများစွာ ရှိနေသေးကြောင်း မည်သူမျှ မသိကြပေ။

တကယ်တော့ ကျင်းဟုန်ခိုင်သည် ရဲတပ်ဖွဲ့၏ အစီရင်ခံစာကို မြင်လိုက်ရမှ သူ့ရင်ထဲမှ စိုးရိမ်မှုသေးသေးလေးလည်း အစပင်မကျန်အောင် ပျောက်ကွယ်သွားရသည်။ တစ်ချိန်က အရက်မူးပြီး ဖြစ်ခဲ့ရသည့် ကားမတော်တဆမှုကို ကောင်းကောင်း မဖြေရှင်းနိုင်ခဲ့သဖြင့် ယခုလို နောက်ဆက်တွဲပြဿနာများစွာ ဖြစ်လာရခြင်းပင်။ ကံကောင်းထောက်မစွာဖြင့် ချန်ယွီနန်က စေ့စပ်သေချာ၍သာ နဉ်မိသားစုဝင်များ သူ့အကြောင်း မသိသွားခြင်း ဖြစ်သည်။ မဟုတ်လျှင် ယခုထက် ပြဿနာပိုရှုပ်လိမ့်မည်။

ကျင်းဟုန်ခိုင်သည် စိတ်ပျော်နေလျှင် ပုံမှန်အားဖြင့် ဆိုးဖော်ဆိုးဖက် သူငယ်ချင်းများကိုခေါ်ကာ သောက်စားလိုက်၊ ကားပြိုင်မောင်းလိုက်၊ ကောင်မလေးများကို ကျီစယ်လိုက်ဖြင့် ပျော်ပါးလေ့ရှိ၏။ ယနေ့လည်း ည ၁၀ နာရီအထိ ကလပ်တွင် ပျော်ပါးရင်း ရုတ်တရက် သူ၏ တစ်ဦးတည်းသောသမီးလေးက အကြောင်းအမျိုးမျိုးကြောင့် ယခုတလော အိမ်သိပ်မကပ်ကြောင်း သတိရသွားသည်။ ထိုသို့တွေးမိလိုက်တော့ ဖခင်တာဝန်မကျေပွန်မိကြောင်း သတိပြုမိသွားပြီး ပွေ့ဖက်ထားသည့် အမျိုးသမီးကို တွန်းဖယ်ကာ အရက်မူးမူးဖြင့် ကလပ်ဝင်ပေါက်သို့ လျှောက်သွားလိုက်သည်။

“ဒုတိယကျင်းသခင်ကြီး.. အငှားဒရိုက်ဘာ လိုအပ်သလားခင်ဗျ..?” စားပွဲထိုးလေးက တံခါးရှေ့အထိ လိုက်ပို့ပေးပြီး ကျင်းဟုန်ခိုင် ကယိမ်းကယိုင်ဖြစ်နေကြောင်း မြင်လိုက်ရသဖြင့် တာဝန်အရ မေးမြန်းလိုက်သော်ငြား ဒေါသတကြီး စိုက်ကြည့်ခံလိုက်ရသည်။

ကျင်းဟုန်ခိုင်က သီချင်းလေးညည်းရင်း ကားတံခါးကို ဆွဲဖွင့်လိုက်သည်။ ပြီးနောက် ဒရိုက်ဘာထိုင်ခုံတွင် ဝင်ထိုင်ပြီး ခါးပတ်ကြိုးပင် မတပ်ဘဲ စက်နှိုးလိုက်သည်။ သို့သော် မောင်းမထွက်နိုင်ခင်မှာပင် ရဲကားသံများ ကြားလိုက်ရပြီး ချက်ချင်းဆိုသလို ကျင်းဟုန်ခိုင်၏ ပြိုင်ကားဘေးတွင် ရဲကားများ ဝိုင်းလာခဲ့သည်။

“ဘာလုပ်တာလဲ..?” ကျင်းဟုန်ခိုင်က ကားပြတင်းပေါက်မှ ခေါင်းထုတ်ကာ အော်ဟစ်လိုက်သည်။ “မင်းတို့ရဲတွေက အရပ်သားတစ်ယောက်ရဲ့ ကားကို ပိတ်ရပ်ရဲတယ်..? ဒီနိုင်ငံမှာ ဥပဒေမရှိတော့ဘူးလား..?”

ခေါင်းဆောင်လီက ကားတံခါးကို တွန်းဖွင့်ကာ ကားပေါ်မှ ဆင်းလာသည်။ ပြီးနောက် အရက်မူးနေသည့် ကျင်းဟုန်ခိုင်ကို အေးတိအေးစက် စိုက်ကြည့်လိုက်ပြီး သူ၏ ID Card နှင့် ဖမ်းဝရမ်း ထုတ်ပြလိုက်သည်။ “ကျင်းဟုန်ခိုင်.. ခင်ဗျားကို လူသတ်မှုနဲ့ သံသယရှိတယ်.. ကျေးဇူးပြုပြီး တာဝန်ရှိရဲတွေနဲ့ ပူးပေါင်းပေးပါ..” ထို့နောက် ကျင်းဟုန်ခိုင် ဘာမှပြန်မပြောနိုင်ခင်မှာပင် ကားထဲမှ ဆွဲထုတ်ကာ လက်ထိပ်ခတ်လိုက်သည်။

“သူ့ဆီက အရက်နံ့ရတယ်..” အရာရှိလျိုက ကျင်းဟုန်ခိုင်အား ရဲကားထဲ ဆွဲခေါ်လာရန် တခြားရဲတစ်ဦးကို ညွှန်ကြားလိုက်သည်။ သန်းပေါင်းများစွာတန်သည့် ပြိုင်ကားကို လှည့်ကြည့်လိုက်ပြီး.. “ဒီလောက်အရက်မူးနေတာကို ကားမောင်းချင်နေတုန်းပဲ.. သူ့အသက်ကို ဂရုမစိုက်တာ ကိစ္စမရှိဘူး.. တခြားလူတွေကိုပါ ဒုက္ခပေးချင်နေပြန်ပြီ..”

ခေါင်းဆောင်လီ၏ မျက်နှာအမူအရာက မည်းမှောင်လာသည်။ ကျင်းဟုန်ခိုင်အား ဆွဲခေါ်သွားရန် နောက်ထပ်ရဲတစ်ဦးကို ထပ်မံ တာဝန်ပေးလိုက်ပြီး အရာရှိလျိုဘက် လှည့်ကာ.. “ဒီလိုလူမျိုးတွေကြောင့် ဒုက္ခများရတာ..”

သူ၏စကားကိုကြားပြီး အရာရှိလျိုက သက်ပြင်းချလိုက်သည်။ ဤကမ္ဘာလောကတွင် ကိုယ်ကျိုးမဖက်ဘဲ သူတစ်ပါးကို ကူညီတတ်သည့် ပရဟိတသမားများ ရှိနေသလို တကယ့်ပြဿနာကောင်များလည်း ဒုနဲ့ဒေးပင်။ သူတို့က ကိုယ်တိုင် ပြဿနာရှာသည့်အပြင် တခြားလူများကိုပါ ဒုက္ခပေးတတ်၏။ လူ့အသိုင်းအဝိုင်း၏ အမှိုက်အဖြစ် ဖော်ပြခြင်းက သူတို့ကို ကြင်နာလွန်းရာ ရောက်နေချေပြီ။

မည်သို့ဆိုစေ သူတို့တွင် သက်သေအထောက်အထားများစွာ ရရှိပြီးဖြစ်သည်။ ကျင်းဟုန်ခိုင် မည်မျှချမ်းသာပါစေ၊ တရားဥပဒေမှ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။

***

နဉ်ရှီက ရေပိုက်ပိတ်ပြီး ဘေစင်ပေါ်တွင် တင်ထားသည့် ဖုန်းကို ယူလိုက်သည်။ ထို့နောက် လက်တစ်ဖတ်ဖြင့် သွားတိုက်ရင်း ကျန်လက်တစ်ဖက်ဖြင့် မက်ဆေ့စစ်ကြည့်လိုက်သည်။

မက်ဆေ့စစ်ပြီးနောက် နဉ်ရှီ၏အပြုံးက တောက်ပလာသည်မှာ လှပကျက်သရေရှိစွာ ပြုံးရယ်မိသည်အထိ။ မှန်ထဲမှ သူမ၏ပုံစံကို ပြန်ကြည့်မိပြီး ရေခွက်ယူကာ ပလုတ်ကျင်းလိုက်သည်။ ပြီးနောက် ပဝါဖြင့် နှုတ်ခမ်းထောင့်ကို အသာသုတ်လိုက်သည်။

“အကြွေးယူထားရင် ပြန်ဆပ်ရသလို လူသတ်သမားကလည်း သူ့ရဲ့ဘဝနဲ့ ပြန်ပေးဆပ်သင့်တယ်..” နဉ်ရှီက ခေါင်းခါယမ်းလိုက်ပြီး မှန်ပေါ်မှ ရေခိုးရေငွေ့များကို သုတ်လိုက်သည်။ “အကောင်းဆုံးပဲ..”

မှန်ထဲတွင် အပြစ်ကင်းစင်ပြီး ငယ်ရွယ်လှပသည့် တစ်ဆယ့်ရှစ်နှစ်အရွယ် မိန်းမငယ်လေးတစ်ဦး၏ အပြုံးလှလှလေးတစ်ခု ထင်ဟပ်နေခဲ့သည်။

ချန်းရှီကွေ့သည် အိပ်ရာဘေးတွင် စီးပွားရေးမဂ္ဂဇင်းကို ထိုင်ဖတ်နေသည်။ ညအိပ်ဝတ်စုံဝတ်ထားပြီး ခေါင်းစိုနေသည့် နဉ်ရှီကို မြင်သောအခါ သူက မဂ္ဂဇင်းကို အောက်ချလိုက်ပြီး သူမကို လှမ်းခေါ်လိုက်သည်။ ပြီးနောက် သူ၏ဘေးတွင် ထိုင်စေကာ ပဝါကိုယူ၍ ခေါင်းသုတ်ပေးတော့သည်။

“ရိုက်လက်စရုပ်ရှင်က ဘယ်တော့ ရိုက်ကူးရေးပြီးမှာလဲ..?” ချန်းရှီကွေ့က ဆံပင်သုတ်ပေးရင်း နဉ်ရှီ၏ မျက်နှာ၊ သို့မဟုတ် နှုတ်ခမ်းပါးလေးများကို ‘မတော်လို့တမင်’ ထိနေခဲ့သည်။ ပြီးနောက် မသိချင်ယောင်ဆောင်ပြီး ဟန်ဆောင်ကောင်းနေသဖြင့် နဉ်ရှီပင် ယုံကြည်မိလုနီးပါး။

“သိပ်မကြာခင်..” နဉ်ရှီက သူ၏ခြေထောက်ပေါ် လှဲချလိုက်ပြီး သူချထားသည့် မဂ္ဂဇင်းကို သာမန်ကာလျှံကာ ယူကြည့်လိုက်သည်။ စာမျက်နှာတချို့ လှန်ကြည့်ပြီးနောက် မြူးထူးတက်ကြွစွာ ပြောလာသည်။ “ဒီရက်ပိုင်းအတွင် ကျင်းလုပ်ငန်းစုရဲ့ ရှယ်ယာတွေ ထိုးကျကုန်တယ်တဲ့..”

သူမ၏ မျက်နှာပေါ်မှ အပြုံးလေးကို သတိထားမိသဖြင့် ချန်းရှီကွေ့သည် ဂရုတစိုက် ခေါင်းသုတ်ပေးရင်း ဖူးဖူးမှုတ်အလိုလိုက်ကာ ပြောပေးသည်။ “နောက်ဆို ကျင်းလုပ်ငန်းစုရဲ့ ရှယ်ယာတွေက ဒီထက်ပိုကျဦးမယ်.. မင်း စိတ်မပျက်စေရပါဘူး..”

နဉ်ရှီသည် မဂ္ဂဇင်းဖတ်နေတာကို ရပ်လိုက်ပြီး ခန္ဓာကိုယ်ကိုလှည့်ကာ ချန်းရှီကွေ့ကို‌ မော့ကြည့်လိုက်သည်။ ကံဆိုးစွာဖြင့် သူမ၏ ရှုထောင့်မှကြည့်လျှင် ချန်းရှီကွေ့၏ ညှို့ဓာတ်ပြင်းသော မေးရိုး၊ ဆွဲဆောင်နိုင်လွန်းသော အာဒမ်ပန်းသီး (လည်စေ့)ကို မြင်နေရလေသည်။ နဉ်ရှီမှာ သူမကိုယ်သူမ မထိန်းနိုင်တော့ဘဲ လက်လှမ်းကာ ချန်းရှီကွေ့၏ လည်စေ့ကို ထိကြည့်လိုက်သည်။

ချန်းရှီကွေ့၏ လည်စေ့က အပေါ်အောက်လှုပ်ရှားသွားပြီး နဉ်ရှီအား စိတ်အားထက်သန်စွာ ငုံ့ကြည့်လာသည်။ “ရှီရှီ.. မနက်ဖြန် ရိုက်ကွက်သိပ်မရှိဘူးဆို.. ကျန်းချင်းယွင်ပြောတာ ကြားမိလို့..”

“အဲတော့..?” နဉ်ရှီက အပြစ်ကင်းစွာ ပြုံးပြလိုက်သည်။

“အဲတော့ ကိုယ်တို့ ပျော်စရာကောင်းတဲ့ လေ့ကျင့်ခန်းလေးတွေ လုပ်လို့ရတယ်လေ..”

အဆုံးမှာတော့ လေ့ကျင့်ခန်းက တကယ့်ကို ပျော်စရာကောင်းခဲ့သည်။ သို့သော် အားကုန်ခမ်းခြင်း၏ ဘေးထွက်ဆိုးကျိုးက သိသာလွန်းခဲ့၏။ နဉ်ရှီမှာ ခြေထောက်နှစ်ဖက်လုံး နာကျင်နေပြီး အထိအတွေ့အာရုံပင် ပျောက်ကွယ်လုမတတ် ခံစားလိုက်ရသည်။ နူးညံ့နွေးထွေးသော ဂွမ်းစောင်အောက်တွင် နဉ်ရှီသည် ချန်းရှီကွေ့၏ရင်ခွင်ထဲ လဲလျောင်းကာ အပြင်ဘက်မှ လေတိုးသံကို နားထောင်ရင်း ရုတ်တရက် ပြောလိုက်သည်။ “မကြာခင် နှင်းကျတော့မယ်နော်..”

မနှစ်က ဤအချိန်ဆိုရင် တစ်မြို့လုံး နှင်းဖုံးနေချေပြီ။ သို့သော် ယခုနှစ်တော့ ပထမဆုံးနှင်းပင် မကျသေးချေ။

ချန်းရှီကွေ့က ရယ်သွမ်းသွေးကာ.. “ဟုတ်တယ်..”

လွန်ခဲ့သောဆောင်းရာသီက ချန်းရှီကွေ့သည် သူမလေးအနား ချဉ်းကပ်ချင်ပါသော်ငြား ထွက်ပြေးသွားမည်ကို ကြောက်မိ၍ တိတ်တဆိတ်သာ စောင့်ကြည့်နေခဲ့ရ၏။ သို့သော် ယခုတော့ အိပ်ရာတစ်ခုတည်းတွင် အတူတူ လဲလျောင်းပြီး အချစ်ကိစ္စများ ဖန်တီးနိုင်လေပြီ။ အပြင်လောကတွင် မည်မျှမုန်တိုင်းထန်စေကာမူ သူတို့နှစ်ဦးက အတူတူအိပ်စက်ရင်း နွေဦးအခါသမယကဲ့သို့ နွေးထွေးမှုမျိုးကို ခံစားနိုင်လေပြီ။

“ရှီရှီ..”

“ဟမ်..?”

“ကောင်းသောညပါ..”

မင်းကို ချစ်တယ်။

နဉ်ရှီက ပြုံးလိုက်ရင်း မျက်လုံးဖွင့်ကာ ချန်းရှီကွေ့ကို မော့ကြည့်သည်။ ပြီးနောက် သူ့အနား ပိုမိုတိုးကပ်သွားရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားတော့သည်။

သူမ၏ အိပ်မက်ထဲတွင် သူမနှင့်အတူ နေရောင်ခြည်၊ ပန်းပွင့်များ၊ ပင်လယ်၊ ကမ်းခြေနှင့် ချန်းရှီကွေ့လည်း ရှိနေခဲ့သည်။

သူမ ယခုလို ကောင်းကောင်းအိပ်မပျော်ခဲ့တာ အတော်ကြာပြီဟု ခံစားလိုက်ရသည်။ အိပ်မပျော်ခင် နောက်နေ့ ဘာလုပ်ရမလဲဟု တွေးနေရန်မလိုတော့။ သူမ အိပ်ရာနိုးလျှင်လည်း မနေ့က ကောင်းကောင်းမလုပ်နိုင်ခဲ့တာ ရှိခဲ့လားဟု ပြန်တွေးနေစရာမလိုတော့။ ပရိသတ်များကို ဆွဲဆောင်နိုင်ပြီး လူကြိုက်ပိုများလာအောင် ဘယ်လိုသရုပ်ဆောင်သင့်သလဲ၊ ဘယ်လိုစကားမျိုး ပြောသင့်သလဲ၊ သို့တည်းမဟုတ် ဘယ်လိုပြုံးသင့်သလဲဆိုတာလည်း စဉ်းစားနေစရာ မလိုအပ်တော့ချေ။

သူမ၏နှလုံးသားထဲမှ ‘ကျင်းမိသားစု’ဟူသည့် နောက်ဆုံးသော အစိုင်အခဲကိုလည်း သိပ်မကြာခင် ချေဖျက်နိုင်တော့မည်။ သူမအတွက်တော့ ဤရလဒ်က ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသည့် ရှစ်နှစ်တာကာလအတွက် အကောင်းဆုံးဆုလာဒ်ပါပင်။

မနက်စာစားပြီးနောက် ချန်းရှီကွေ့က သူမကို ရိုက်ကွင်းအထိ လိုက်ပို့ပေးခဲ့သည်။ ရိုက်ကူးရေးပြီးနောက် ရဲစခန်းမှ ဖုန်းဝင်လာ၏။ လူသတ်မှု၏ နောက်ကွယ်ကြိုးကိုင်သူကို ဖော်ထုတ်နိုင်ပြီဖြစ်ကြောင်း၊ ထိုတရားခံသည် သူမအဖေ၏ ကားမတော်တဆမှု နောက်ကွယ်မှ တရားခံအစစ်ပင်ဖြစ်ကြောင်း ပြောလာခဲ့သည်။

နဉ်ရှီ ထိုင်ချလိုက်ပြီး ရိုက်ကွင်းထဲ ပြေးလွှားလှုပ်ရှားနေသော ဝန်ထမ်းများ၊ ရိုက်ကူးရေးလုပ်နေသော သရုပ်ဆောင်များ၏ ကြည့်ကောင်းလွန်းသော သရုပ်ဆောင်စွမ်းရည်၊ ကျန်းချင်းယွင်နှင့် ရှောင်ယန်းတို့၏ စိုးရိမ်တကြီးမျက်နှာ.. အားလုံးကို ငေးကြည့်နေမိသည်။ ပြီးနောက် ရုတ်တရက် ထရယ်တော့သည်။ ရယ်ရလွန်း၍ မျက်ရည်စများပင် စီးကျလာသည်အထိ။

သူမ ငိုချလိုက်သင့်သည်။ ဒေါသတကြီးဖြင့် ကျိန်ဆဲနေသင့်သည်။ သို့သော် နဉ်ရှီက သည်အတိုင်းလေး ဖုန်းကိုကိုင်ကာ ရယ်မောနေခဲ့၏။

ရှစ်နှစ်။ သူမ၏မိဘများသည် မတရားသဖြင့် သေဆုံးခဲ့ပြီး မြေကြီးအောက် လဲလျောင်းခဲ့ရသည်မှာ ရှစ်နှစ် ကြာမြင့်ခဲ့လေပြီ။ သမီးဖြစ်သည့် သူမက အသုံးမကျသဖြင့် မိဘနှစ်ပါးကို သေဆုံးစေခဲ့သည့် လူသတ်သမားကို အပြစ်မပေးနိုင်ခဲ့ချေ။ ဤနှစ်များထဲ သူတို့၏ အုတ်ဂူရှေ့သွားတိုင်း သူမကိုယ်သူမ ရှက်ရွံ့ခဲ့ရသည်။

သူတို့က သူမကို ချစ်သည်။ အလိုလိုက်ပေးသည်။ ရတနာတစ်ပါးလို ကာကွယ်ပေးခဲ့သည်။ သို့တိုင် သမီးဖြစ်သူကတော့ သူတို့ချန်ရစ်ခဲ့သည့် အမွေအနှစ်များကို မကာကွယ်နိုင်ခဲ့သည့်အပြင် ပြစ်မှုကျူးလွန်ခဲ့သူများ စိတ်အေးလက်အေး ပျော်နေသည်ကို ရှစ်နှစ်လုံးလုံး သည်အတိုင်း ထိုင်ကြည့်နေခဲ့ရသည်။

သူတို့က သူမ၏ဘဝအတွက် လမ်းခင်းပေးခဲ့သော်လည်း သူမကတော့ သူတို့အတွက် ဘာမှပြန်လုပ်မပေးနိုင်ခဲ့ပေ။

“မစ်နဉ်.. မစ်နဉ်..” တစ်ဖက်မှ ငိုနေသည်ထက် ပို၍ဝမ်းနည်းစရာကောင်းသော ရယ်သံကို ကြားလိုက်ရသောအခါ အရာရှိလျို၏ စိတ်ထဲတွင် တစ်မျိုးတစ်မည် ခံစားလိုက်ရ၏။ ဤအမှုက ကျောင်းတွင်းအကြမ်းဖက်မှုဖြစ်စေ၊ မူးယစ်သောက်စားပြီး ကားမောင်းမှုဖြစ်စေ၊ နောက်ဆက်တွဲဖြစ်ရပ်ကို မမြင်ရက်သလို ထိုသို့သောအမှုမျိုးလည်း မဖြစ်စေချင်တော့ပေ။

“ဘာဖြစ်လို့လဲ..?” ခေါင်းဆောင်လီက မေးသည်။ “နစ်နာသူရဲ့ မိသားစုဝင် အဆင်ပြေရဲ့လား..?”

အရာရှိလျိုက ခေါင်းယမ်းလိုက်ပြီး.. “ပြောရခက်တယ်..”

“အစ်မနဉ်.. ဘာဖြစ်တာလဲ..?” ရှောင်ယန်က နဉ်ရှီ အဆင်မပြေတာကို မြင်သောအခါ စိုးရိမ်တကြီး ရောက်လာပြီး.. “ဘာဖြစ်လို့လဲ..? မကြောက်နဲ့နော်.. ကျွန်မတို့ကိုပြောပြ.. အစ်ကိုကျန်းရော ကျွန်မရော ဒီမှာရှိတယ်..”

“ငါ အဆင်ပြေပါတယ်..” နဉ်ရှီ ပြုံးလိုက်သည်။ သူမ၏အမူအရာက တဖြည်းဖြည်း တည်ငြိမ်လာပြီး ဖုန်းပြန်ဖြေလိုက်သည်။ “ကျေးဇူးတင်ပါတယ် အရာရှိလျို.. ကျေးဇူးတင်ပါတယ်..”

နဉ်ရှီသည် ဖုန်းချပြီးနောက် မျက်ဝန်းထောင့်မှ မျက်ရည်စက်များကို သုတ်လိုက်ပြီး ရှောင်ယန်ကို လှမ်းပြောသည်။ : “ရှောင်ယန်.. မိတ်ကပ်ပြန်ညှိမလို့ မိတ်ကပ်ဆရာကို သွားခေါ်ပါဦး..”

“အာ.. ဟုတ်..” ရှောင်ယန်လည်း မိတ်ကပ်ဆရာကို သွားရှာရန် ပြင်လိုက်သည်။ သို့သော် ထိုသို့သွားရှာနေရင်း နဉ်ရှီကို လှည့်ကြည့်နေသေးသည်။

နဉ်ရှီ လှမ်းပြုံးပြတာကို မြင်လိုက်ရမှသာ သူမ၏ရင်ထဲ ပေါ့သွားသည်။

ကျန်းချင်းယွင်ကတော့ ရှောင်ယန်လို ရိုးအသူမဟုတ်။ နဉ်ရှီ တစ်ခုခုဖြစ်နေမှန်း သိသည်။ သို့သော် တစ်ဖက်လူက မပြောပြချင်သဖြင့် ဆက်မမေးခဲ့ပေ။

ရိုက်ကူးရေးပြီးနောက် နဉ်ရှီက ထောင့်တစ်နေရာတွင် သွားထိုင်ပြီး ချန်းရှီကွေ့ထံ ဖုန်းခေါ်လိုက်သည်။

“ဆောရီး.. ခဏနော်..” ချန်းရှီကွေ့က အလုပ်အကြောင်း တင်ပြနေသည့် ရွှီကျူးကို စကားဖြတ်ပြောလိုက်ပြီး ဖုန်းကိုင်ကာ ပြန်ဖြေလိုက်၏။

“ရှီကွေ့..”

ချန်းရှီကွေ့က အမှုမဲ့အမှတ်မဲ့ ပြုံးလိုက်ရင်း.. “ရိုက်ကူးရေးမှာ ပင်ပန်းနေပြီလား ရှီရှီ..”

“မပင်ပန်းပါဘူး..” နဉ်ရှီက ရှောင်ယန်ကမ်းပေးလာသည့် အချိုရည်ကို သောက်ရင်း ခပ်တိုးတိုးလေး ဆိုသည်။ “ရှင့်ကို နည်းနည်းလေး လွမ်းလာလို့..”

ထိုစကားကြောင့် ချန်းရှီကွေ့မှာ ရှက်သွေးဖြာသွားရသည်။ သူက ရွှီကျူးကို တစ်ချက်လှည့်ကြည့်ပြီး ခပ်တိုးတိုးလေး ပြန်ဖြေသည်။ “ကိုယ်လည်း မင်းကို လွမ်းတယ်..”

နဉ်ရှီ ရယ်လိုက်၏။ နှစ်ယောက်သား ၁၀ မိနစ်ခန့် တီတီတာတာပြောပြီးမှ ဖုန်းချလိုက်ကြသည်။ ဖုန်းပြောပြီးနောက် နဉ်ရှီ၏ စိတ်အခြေအနေက အတော်ပြန်ကောင်းလာပြီး ကျန်သည့် ရိုက်ကွက်များကို ချောချာမွေ့မွေ့ ရိုက်ကူးနိုင်ခဲ့သည်။

စကားပြောရိုက်ကွက်တစ်ခုပြီးနောက် ထိုင်ခုံပေါ် ထိုင်လိုက်ရုံသာရှိသေး၏၊ သူမကို လူတစ်ယောက် လာရှာနေကြောင်း နဉ်ရှီ ကြားလိုက်ရသည်။ ထို့ကြောင့် ဇာတ်ညွှန်စာရွက်ကို ပိတ်ပြီး လာပြောပေးသည့် ဝန်ထမ်းကို‌ မော့ကြည့်လိုက်သည်။ ထိုဝန်ထမ်း၏ အနောက်တွင် အသက် ၅၀၊ ၆၀ ခန့် နွေးထွေးကြင်နာတတ်ဟန်ပေါ်ပြီး အရွယ်တင်သည့် လူကြီးတစ်ယောက်ကို တွေ့လိုက်ရသည်။

“မစ်နဉ်..” လူကြီးက ပြုံးကာ အလွန်ဖော်ရွေဟန်ဖြင့် ဆိုသည်။ “ကျုပ်က ကျင်းလုပ်ငန်းစုရဲ့ဥက္ကဋ္ဌ ကျင်းယွမ်းဖုန်းပါ.. စကားပြောချင်လို့ မိနစ်အနည်းငယ်လောက် အချိန်ပေးနိုင်မလား..?”

နဉ်ရှီက မယုတ်မလွန် ပြုံးလိုက်ရင်း.. “မစ္စတာကျင်းတောင် ဒီရောက်နေပြီပဲ.. ကျွန်မ အချိန်ပေးနိုင်လား မပေးနိုင်လားဆိုတာ အရေးပါသေးလို့လား..?”

ကျင်းယွမ်ဖုန်းက လှောင်ရယ်ရယ်ပြီး သူမ၏ အေးတိအေးစက်တုံ့ပြန်ပုံကို လျစ်လျူရှုလိုက်သည်။ “မစ်နဉ်က တကယ့်ကို ထက်မြက်တာပဲ.. ကျုပ်တူလေး သဘောကျတာ မထူးဆန်းတော့ပါဘူး..”

“မစ္စတာကျင်းရဲ့ မှတ်ဉာဏ်က တစ်ခုခုဖြစ်နေတာထင်တယ်..” နဉ်ရှီက ရယ်လိုက်ရင်း.. “ကျွန်မ မှတ်မိသလောက် ဒုတိယအန်တီထောင်က ရှင်နဲ့ကွာရှင်းဖို့ လျှောက်ထားပြီးပြီလားလို့.. အဲ့တာဆို ကျွန်မရဲ့ရှီကွေ့နဲ့ ရှင်က…. ဘာမှမတော်တော့ဘူးလေ..”

ရိုက်ကူးရေးအဖွဲ့သားများလည်း အခြေအနေကို ရိပ်မိ၍ အမှုမပတ်ရအောင် ခပ်ဝေးဝေးမှာ သွားနေကြတော့သည်။

နဉ်ရှီ၏ ခနဲ့တဲ့တဲ့စကားကြောင့် ကျင်းယွမ်ဖုန်းမှာ သူ၏အပြုံးကို ဆက်မထိန်းထားနိုင်တော့ပေ။ မျက်လုံးအကြည့်က အေးစက်လာပြီး.. “မစ်နဉ်.. ကျုပ်သိထားသလောက်တော့ လူတစ်ယောက် စိတ်မပြောင်းဘူးဆိုတာ လိုချင်သလောက် မရသေးလို့တဲ့..”

နဉ်ရှီက အချိုရည်သောက်နေပြီး ဘာမှပြန်မပြောခဲ့ပေ။

“ကျုပ်ရဲ့ အသုံးမကျတဲ့ညီလေးကို ခွင့်လွှတ်ချင်စိတ်ပေါ်လာအောင် မစ်နဉ်ကို ဘယ်လောက်ပေးရမလဲ..?”

နဉ်ရှီက သူ၏စကားကြောင့် စိတ်မဆိုးပေ။ ထိုအစား ပြုံးလိုက်ရင်း.. “မစ္စတာကျင်း.. အဲ့စကားက ဘာကိုဆိုလိုတာလဲ..? ဒုသခင်ကျင်းက ဥပဒေချိုးဖောက်ခဲ့လို့ နစ်နာသူက တရားစွဲတာလေ.. ကျွန်မလို သာမန်ပြည်သူတစ်ယောက်က ဘာလုပ်ပေးနိုင်မှာလဲ..?”

ကျင်းယွမ်ဖုန်းက နဉ်ရှီ၏အရှေ့တွင် ဝင်ထိုင်လိုက်သည်။ သူ၏လေသံက အေးစက်နေတော့သည်။ “မစ်နဉ်က ဉာဏ်ကောင်းတဲ့လူပါ.. အလုပ်လုပ်ရင် အတိုင်းအတာတစ်ခု ရှိသင့်တယ်ဆိုတာ သိထားတယ်မလား..?”

နဉ်ရှီက လက်ထဲကရေခွက်ကို လှုပ်ယမ်းလိုက်ပြီး.. “မစ္စတာကျင်း.. ‘အရှက်မရှိဘူး’ဆိုတဲ့ စကားလုံးကို သိလား..?”

ကျင်းယွမ်ဖုန်းက မျက်ခုံးပင့်လိုက်၏။ သို့သော် သူ ဘာမှမပြောနိုင်ခင်မှာပင် မျက်နှာတစ်ပြင်လုံး ရွှဲစိုသွားသည်။

နဉ်ရှီက ခွက်အလွတ်ကို ဝှေ့ယမ်းပြပြီး လှောင်ရယ်လိုက်သည်။ “ရှင်က မျက်နှာမလိုချင်မှတော့ ရှင့်မျက်နှာကို ကျွန်မကပဲ ကူညီပြီးသန့်ရှင်းပေးရတော့မှာပေါ့..”

………………………………..

[Zawgyi]

အခန္း - (၉၉)

အင္တာဗ်ူးကို ထုတ္လႊင့္ၿပီးေနာက္ နဉ္ရွီသည္ အမ်ိဳးသမီးမ်ားၾကားတြင္ ေရပန္းစားလာခဲ့၏။ မေရမတြက္ႏိုင္သၫ့္ ပရိသတ္ေပါင္းမ်ားစြာက သူမ၏ ဇနီးေလး ျဖစ္ခ်င္ေနၾကၿပီး သူမအတြက္ ကေလးေမြးေပးခ်င္ေနၾကသည္။

အမ်ိဳးသမီးပရိသတ္မ်ား၏ စိတ္အားထက္သန္မႈေၾကာင့္ စိတ္ပိုင္းဆိုင္ရာ ထိုးႏွက္မႈမ်ားၾကားတြင္ အမ်ိဳးသမီးမ်ား မည္သို႔ လိုက္ေလ်ာညီေထျြဖစ္ေအာင္ ေနေနရေၾကာင္း လူအမ်ား သတိထားလာမိေစၿပီး လူ႔အသိုင္းအဝိုင္းမွ က်ားမခြဲျခားမႈမ်ားစြာကို ေျဖရွင္းႏိုင္ခဲ့သည္။

နဉ္ရွီ၏ နာမည္ေက်ာ္ၾကားမႈ ျမင့္တက္လာခ်ိန္တြင္ တုန္းနန္ရဲစခန္းသည္ သူတို႔၏ တရားဝင္ဝဘ္ဆိုဒ္မွ ကိုယ့္ကိုယ္ကိုအဆံုးစီရင္မႈအျဖစ္ ဖံုးကြယ္ခံလိုက္ရေသာ လူသတ္မႈျဖစ္စဉ္အေၾကာင္း ေဖာ္ျပလိုက္ေသာအခါ တစ္ႏိုင္ငံလံုး တုန္လႈပ္သြားၾကရသည္။

သံသယတရားခံမ်ားႏွင့္ နစ္နာသူ၏နာမည္ကို အတိုေကာက္သာ ေဖာ္ျပထားေသာ္ျငား အရာရာကို ရွာေဖြဆန္းစစ္ႏိုင္စြမ္းရိွေသာ အင္တာနက္သံုးစြဲသူမ်ားက ဤအမႈသည္ လြန္ခဲ့ေသာတစ္လခန႔္က နဉ္ရွီ အမႈဖြင့္ခဲ့ေသာ သတ္ေသမႈျဖစ္ေၾကာင္း ခ်က္ခ်င္း အတပ္ေျပာႏိုင္ခဲ့သည္။ လက္စသတ္ေတာ့ သက္ေသမႈသည္ တကယ့္ကို လူသတ္မႈျဖစ္ေနၿပီး တရားခံမ်ားက နဉ္ရွီ၏ ေဆြမ်ိဳးသားခ်င္းမ်ား ျဖစ္ေနသည္။

သားျဖစ္သူ၏ အရိုးျပာမႈန႔္ ေျမဩဇာမျဖစ္ေသးခင္မွာပင္ နဉ္ရွီ၏ အဘိုးအဘြားမ်ားသည္ တျခားသားသမီးမ်ား ခ်မ္းသာေစဖို႔အေရး ထိုသူတို႔ႏွင့္ ပူးေပါင္းႀကံစည္ကာ ေခြၽးမျဖစ္သူကို အသက္အႏၲရာယ္ျပဳခဲ့သည္။

တကယ့္ကို ေၾကာက္စရာေကာင္းလြန္းေပ၏။ ရက္စက္လြန္းေပ၏။

ရဲတပ္ဖြဲ႔က သတင္းထုတ္ျပန္ခ်ိန္တြင္ ခ်င္ရီ၏ အမႈအေၾကာင္းကိုသာ ေဖာ္ျပခဲ့သျဖင့္ ထိုျဖစ္ရပ္ေနာက္ကြယ္တြင္ တျခားဆက္ႏြယ္မႈမ်ားစြာ ရိွေနေသးေၾကာင္း မည္သူမ်ွ မသိၾကေပ။

တကယ္ေတာ့ က်င္းဟုန္ခိုင္သည္ ရဲတပ္ဖြဲ႔၏ အစီရင္ခံစာကို ျမင္လိုက္ရမွ သူ႔ရင္ထဲမွ စိုးရိမ္မႈေသးေသးေလးလည္း အစပင္မက်န္ေအာင္ ေပ်ာက္ကြယ္သြားရသည္။ တစ္ခ်ိန္က အရက္မူးၿပီး ျဖစ္ခဲ့ရသၫ့္ ကားမေတာ္တဆမႈကို ေကာင္းေကာင္း မေျဖရွင္းႏိုင္ခဲ့သျဖင့္ ယခုလို ေနာက္ဆက္တြဲျပႆနာမ်ားစြာ ျဖစ္လာရျခင္းပင္။ ကံေကာင္းေထာက္မစြာျဖင့္ ခ်န္ယြီနန္က ေစ့စပ္ေသခ်ာ၍သာ နဉ္မိသားစုဝင္မ်ား သူ႔အေၾကာင္း မသိသြားျခင္း ျဖစ္သည္။ မဟုတ္လ်ွင္ ယခုထက္ ျပႆနာပိုရႈပ္လိမ့္မည္။

က်င္းဟုန္ခိုင္သည္ စိတ္ေပ်ာ္ေနလ်ွင္ ပံုမွန္အားျဖင့္ ဆိုးေဖာ္ဆိုးဖက္ သူငယ္ခ်င္းမ်ားကိုေခၚကာ ေသာက္စားလိုက္၊ ကားၿပိဳင္ေမာင္းလိုက္၊ ေကာင္မေလးမ်ားကို က်ီစယ္လိုက္ျဖင့္ ေပ်ာ္ပါးေလ့ရိွ၏။ ယေန့လည္း ည ၁၀ နာရီအထိ ကလပ္တြင္ ေပ်ာ္ပါးရင္း ရုတ္တရက္ သူ၏ တစ္ဦးတည္းေသာသမီးေလးက အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ယခုတေလာ အိမ္သိပ္မကပ္ေၾကာင္း သတိရသြားသည္။ ထိုသို႔ေတြးမိလိုက္ေတာ့ ဖခင္တာဝန္မေက်ပြန္မိေၾကာင္း သတိျပဳမိသြားၿပီး ေပြ့ဖက္ထားသၫ့္ အမ်ိဳးသမီးကို တြန္းဖယ္ကာ အရက္မူးမူးျဖင့္ ကလပ္ဝင္ေပါက္သို႔ ေလ်ွာက္သြားလိုက္သည္။

“ဒုတိယက်င္းသခင္ႀကီး.. အငွားဒရိုက္ဘာ လိုအပ္သလားခင္ဗ်..?” စားပြဲထိုးေလးက တံခါးေရ႔ွအထိ လိုက္ပို႔ေပးၿပီး က်င္းဟုန္ခိုင္ ကယိမ္းကယိုင္ျဖစ္ေနေၾကာင္း ျမင္လိုက္ရသျဖင့္ တာဝန္အရ ေမးျမန္းလိုက္ေသာ္ျငား ေဒါသတႀကီး စိုက္ၾကၫ့္ခံလိုက္ရသည္။

က်င္းဟုန္ခိုင္က သီခ်င္းေလးညည္းရင္း ကားတံခါးကို ဆြဲဖြင့္လိုက္သည္။ ၿပီးေနာက္ ဒရိုက္ဘာထိုင္ခံုတြင္ ဝင္ထိုင္ၿပီး ခါးပတ္ႀကိဳးပင္ မတပ္ဘဲ စက္ႏိႈးလိုက္သည္။ သို႔ေသာ္ ေမာင္းမထြက္ႏိုင္ခင္မွာပင္ ရဲကားသံမ်ား ၾကားလိုက္ရၿပီး ခ်က္ခ်င္းဆိုသလို က်င္းဟုန္ခိုင္၏ ၿပိဳင္ကားေဘးတြင္ ရဲကားမ်ား ဝိုင္းလာခဲ့သည္။

“ဘာလုပ္တာလဲ..?” က်င္းဟုန္ခိုင္က ကားျပတင္းေပါက္မွ ေခါင္းထုတ္ကာ ေအာ္ဟစ္လိုက္သည္။ “မင္းတို႔ရဲေတြက အရပ္သားတစ္ေယာက္ရဲ့ ကားကို ပိတ္ရပ္ရဲတယ္..? ဒီႏိုင္ငံမွာ ဥပေဒမရိွေတာ့ဘူးလား..?”

ေခါင္းေဆာင္လီက ကားတံခါးကို တြန္းဖြင့္ကာ ကားေပၚမွ ဆင္းလာသည္။ ၿပီးေနာက္ အရက္မူးေနသၫ့္ က်င္းဟုန္ခိုင္ကို ေအးတိေအးစက္ စိုက္ၾကၫ့္လိုက္ၿပီး သူ၏ ID Card ႏွင့္ ဖမ္းဝရမ္း ထုတ္ျပလိုက္သည္။ “က်င္းဟုန္ခိုင္.. ခင္ဗ်ားကို လူသတ္မႈနဲ႔ သံသယရိွတယ္.. ေက်းဇူးျပဳျပီး တာဝန္ရိွရဲေတြနဲ႔ ပူးေပါင္းေပးပါ..” ထို႔ေနာက္ က်င္းဟုန္ခိုင္ ဘာမျွပန္မေျပာႏိုင္ခင္မွာပင္ ကားထဲမွ ဆြဲထုတ္ကာ လက္ထိပ္ခတ္လိုက္သည္။

“သူ႔ဆီက အရက္နံ႔ရတယ္..” အရာရိွလ်ိဳက က်င္းဟုန္ခိုင္အား ရဲကားထဲ ဆြဲေခၚလာရန္ တျခားရဲတစ္ဦးကို ၫႊန္ၾကားလိုက္သည္။ သန္းေပါင္းမ်ားစြာတန္သၫ့္ ၿပိဳင္ကားကို လွၫ့္ၾကၫ့္လိုက္ၿပီး.. “ဒီေလာက္အရက္မူးေနတာကို ကားေမာင္းခ်င္ေနတုန္းပဲ.. သူ႔အသက္ကို ဂရုမစိုက္တာ ကိစၥမရိွဘူး.. တျခားလူေတြကိုပါ ဒုကၡေပးခ်င္ေနျပန္ၿပီ..”

ေခါင္းေဆာင္လီ၏ မ်က္ႏွာအမူအရာက မည္းေမွာင္လာသည္။ က်င္းဟုန္ခိုင္အား ဆြဲေခၚသြားရန္ ေနာက္ထပ္ရဲတစ္ဦးကို ထပ္မံ တာဝန္ေပးလိုက္ၿပီး အရာရိွလ်ိဳဘက္ လွၫ့္ကာ.. “ဒီလိုလူမ်ိဳးေတြေၾကာင့္ ဒုကၡမ်ားရတာ..”

သူ၏စကားကိုၾကားၿပီး အရာရိွလ်ိဳက သက္ျပင္းခ်လိုက္သည္။ ဤကမ႓ာေလာကတြင္ ကိုယ္က်ိဳးမဖက္ဘဲ သူတစ္ပါးကို ကူညီတတ္သၫ့္ ပရဟိတသမားမ်ား ရိွေနသလို တကယ့္ျပႆနာေကာင္မ်ားလည္း ဒုနဲ႔ေဒးပင္။ သူတို႔က ကိုယ္တိုင္ ျပႆနာရွာသၫ့္အျပင္ တျခားလူမ်ားကိုပါ ဒုကၡေပးတတ္၏။ လူ႔အသိုင္းအဝိုင္း၏ အမိႈက္အျဖစ္ ေဖာ္ျပျခင္းက သူတို႔ကို ၾကင္နာလြန္းရာ ေရာက္ေနေခ်ၿပီ။

မည္သို႔ဆိုေစ သူတို႔တြင္ သက္ေသအေထာက္အထားမ်ားစြာ ရရိွၿပီးျဖစ္သည္။ က်င္းဟုန္ခိုင္ မည္မ်ွခ်မ္းသာပါေစ၊ တရားဥပေဒမွ လြတ္ေျမာက္ႏိုင္ေတာ့မည္ မဟုတ္ေပ။

***

နဉ္ရွီက ေရပိုက္ပိတ္ၿပီး ေဘစင္ေပၚတြင္ တင္ထားသၫ့္ ဖုန္းကို ယူလိုက္သည္။ ထို႔ေနာက္ လက္တစ္ဖတ္ျဖင့္ သြားတိုက္ရင္း က်န္လက္တစ္ဖက္ျဖင့္ မက္ေဆ့စစ္ၾကၫ့္လိုက္သည္။

မက္ေဆ့စစ္ၿပီးေနာက္ နဉ္ရွီ၏အၿပံဳးက ေတာက္ပလာသည္မွာ လွပက်က္သေရရိွစြာ ၿပံဳးရယ္မိသည္အထိ။ မွန္ထဲမွ သူမ၏ပံုစံကို ျပန္ၾကၫ့္မိၿပီး ေရခြက္ယူကာ ပလုတ္က်င္းလိုက္သည္။ ၿပီးေနာက္ ပဝါျဖင့္ ႏႈတ္ခမ္းေထာင့္ကို အသာသုတ္လိုက္သည္။

“အေႂကြးယူထားရင္ ျပန္ဆပ္ရသလို လူသတ္သမားကလည္း သူ႔ရဲ့ဘဝနဲ႔ ျပန္ေပးဆပ္သင့္တယ္..” နဉ္ရွီက ေခါင္းခါယမ္းလိုက္ၿပီး မွန္ေပၚမွ ေရခိုးေရေငြ့မ်ားကို သုတ္လိုက္သည္။ “အေကာင္းဆံုးပဲ..”

မွန္ထဲတြင္ အျပစ္ကင္းစင္ၿပီး ငယ္ရြယ္လွပသၫ့္ တစ္ဆယ့္ရွစ္ႏွစ္အရြယ္ မိန္းမငယ္ေလးတစ္ဦး၏ အၿပံဳးလွလွေလးတစ္ခု ထင္ဟပ္ေနခဲ့သည္။

ခ်န္းရွီေကြ့သည္ အိပ္ရာေဘးတြင္ စီးပြားေရးမဂၢဇင္းကို ထိုင္ဖတ္ေနသည္။ ညအိပ္ဝတ္စံုဝတ္ထားၿပီး ေခါင္းစိုေနသၫ့္ နဉ္ရွီကို ျမင္ေသာအခါ သူက မဂၢဇင္းကို ေအာက္ခ်လိုက္ၿပီး သူမကို လွမ္းေခၚလိုက္သည္။ ၿပီးေနာက္ သူ၏ေဘးတြင္ ထိုင္ေစကာ ပဝါကိုယူ၍ ေခါင္းသုတ္ေပးေတာ့သည္။

“ရိုက္လက္စရုပ္ရွင္က ဘယ္ေတာ့ ရိုက္ကူးေရးၿပီးမွာလဲ..?” ခ်န္းရွီေကြ့က ဆံပင္သုတ္ေပးရင္း နဉ္ရွီ၏ မ်က္ႏွာ၊ သို႔မဟုတ္ ႏႈတ္ခမ္းပါးေလးမ်ားကို ‘မေတာ္လို႔တမင္’ ထိေနခဲ့သည္။ ၿပီးေနာက္ မသိခ်င္ေယာင္ေဆာင္ၿပီး ဟန္ေဆာင္ေကာင္းေနသျဖင့္ နဉ္ရွီပင္ ယံုၾကည္မိလုနီးပါး။

“သိပ္မၾကာခင္..” နဉ္ရွီက သူ၏ေျခေထာက္ေပၚ လွဲခ်လိုက္ၿပီး သူခ်ထားသၫ့္ မဂၢဇင္းကို သာမန္ကာလ်ွံကာ ယူၾကၫ့္လိုက္သည္။ စာမ်က္ႏွာတခ်ိဳ႕ လွန္ၾကၫ့္ၿပီးေနာက္ ျမဴးထူးတက္ႂကြစြာ ေျပာလာသည္။ “ဒီရက္ပိုင္းအတြင္ က်င္းလုပ္ငန္းစုရဲ့ ရွယ္ယာေတြ ထိုးက်ကုန္တယ္တဲ့..”

သူမ၏ မ်က္ႏွာေပၚမွ အၿပံဳးေလးကို သတိထားမိသျဖင့္ ခ်န္းရွီေကြ့သည္ ဂရုတစိုက္ ေခါင္းသုတ္ေပးရင္း ဖူးဖူးမႈတ္အလိုလိုက္ကာ ေျပာေပးသည္။ “ေနာက္ဆို က်င္းလုပ္ငန္းစုရဲ့ ရွယ္ယာေတြက ဒီထက္ပိုက်ဦးမယ္.. မင္း စိတ္မပ်က္ေစရပါဘူး..”

နဉ္ရွီသည္ မဂၢဇင္းဖတ္ေနတာကို ရပ္လိုက္ၿပီး ခႏၶာကိုယ္ကိုလွၫ့္ကာ ခ်န္းရွီေကြ့ကို‌ ေမာ့ၾကၫ့္လိုက္သည္။ ကံဆိုးစြာျဖင့္ သူမ၏ ရႈေထာင့္မွၾကၫ့္လ်ွင္ ခ်န္းရွီေကြ့၏ ၫွို႔ဓာတ္ျပင္းေသာ ေမးရိုး၊ ဆြဲေဆာင္ႏိုင္လြန္းေသာ အာဒမ္ပန္းသီး (လည္ေစ့)ကို ျမင္ေနရေလသည္။ နဉ္ရွီမွာ သူမကိုယ္သူမ မထိန္းႏိုင္ေတာ့ဘဲ လက္လွမ္းကာ ခ်န္းရွီေကြ့၏ လည္ေစ့ကို ထိၾကၫ့္လိုက္သည္။

ခ်န္းရွီေကြ့၏ လည္ေစ့က အေပၚေအာက္လႈပ္ရွားသြားၿပီး နဉ္ရွီအား စိတ္အားထက္သန္စြာ ငံု႔ၾကၫ့္လာသည္။ “ရွီရွီ.. မနက္ျဖန္ ရိုက္ကြက္သိပ္မရိွဘူးဆို.. က်န္းခ်င္းယြင္ေျပာတာ ၾကားမိလို႔..”

“အဲေတာ့..?” နဉ္ရွီက အျပစ္ကင္းစြာ ၿပံဳးျပလိုက္သည္။

“အဲေတာ့ ကိုယ္တို႔ ေပ်ာ္စရာေကာင္းတဲ့ ေလ့က်င့္ခန္းေလးေတြ လုပ္လို႔ရတယ္ေလ..”

အဆံုးမွာေတာ့ ေလ့က်င့္ခန္းက တကယ့္ကို ေပ်ာ္စရာေကာင္းခဲ့သည္။ သို႔ေသာ္ အားကုန္ခမ္းျခင္း၏ ေဘးထြက္ဆိုးက်ိဳးက သိသာလြန္းခဲ့၏။ နဉ္ရွီမွာ ေျခေထာက္ႏွစ္ဖက္လံုး နာက်င္ေနၿပီး အထိအေတြ့အာရံုပင္ ေပ်ာက္ကြယ္လုမတတ္ ခံစားလိုက္ရသည္။ ႏူးညံ့ေနြးေထြးေသာ ဂြမ္းေစာင္ေအာက္တြင္ နဉ္ရွီသည္ ခ်န္းရွီေကြ့၏ရင္ခြင္ထဲ လဲေလ်ာင္းကာ အျပင္ဘက္မွ ေလတိုးသံကို နားေထာင္ရင္း ရုတ္တရက္ ေျပာလိုက္သည္။ “မၾကာခင္ ႏွင္းက်ေတာ့မယ္ေနာ္..”

မႏွစ္က ဤအခ်ိန္ဆိုရင္ တစ္ၿမိဳ႔လံုး ႏွင္းဖံုးေနေခ်ၿပီ။ သို႔ေသာ္ ယခုႏွစ္ေတာ့ ပထမဆံုးႏွင္းပင္ မက်ေသးေခ်။

ခ်န္းရွီေကြ့က ရယ္သြမ္းေသြးကာ.. “ဟုတ္တယ္..”

လြန္ခဲ့ေသာေဆာင္းရာသီက ခ်န္းရွီေကြ့သည္ သူမေလးအနား ခ်ဉ္းကပ္ခ်င္ပါေသာ္ျငား ထြက္ေျပးသြားမည္ကို ေၾကာက္မိ၍ တိတ္တဆိတ္သာ ေစာင့္ၾကၫ့္ေနခဲ့ရ၏။ သို႔ေသာ္ ယခုေတာ့ အိပ္ရာတစ္ခုတည္းတြင္ အတူတူ လဲေလ်ာင္းၿပီး အခ်စ္ကိစၥမ်ား ဖန္တီးႏိုင္ေလၿပီ။ အျပင္ေလာကတြင္ မည္မ်ွမုန္တိုင္းထန္ေစကာမူ သူတို႔ႏွစ္ဦးက အတူတူအိပ္စက္ရင္း ေနြဦးအခါသမယကဲ့သို႔ ေနြးေထြးမႈမ်ိဳးကို ခံစားႏိုင္ေလၿပီ။

“ရွီရွီ..”

“ဟမ္..?”

“ေကာင္းေသာညပါ..”

မင္းကို ခ်စ္တယ္။

နဉ္ရွီက ၿပံဳးလိုက္ရင္း မ်က္လံုးဖြင့္ကာ ခ်န္းရွီေကြ့ကို ေမာ့ၾကၫ့္သည္။ ၿပီးေနာက္ သူ႔အနား ပိုမိုတိုးကပ္သြားရင္း ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေမာက်သြားေတာ့သည္။

သူမ၏ အိပ္မက္ထဲတြင္ သူမႏွင့္အတူ ေနေရာင္ျခည္၊ ပန္းပြင့္မ်ား၊ ပင္လယ္၊ ကမ္းေျခႏွင့္ ခ်န္းရွီေကြ့လည္း ရိွေနခဲ့သည္။

သူမ ယခုလို ေကာင္းေကာင္းအိပ္မေပ်ာ္ခဲ့တာ အေတာ္ၾကာၿပီဟု ခံစားလိုက္ရသည္။ အိပ္မေပ်ာ္ခင္ ေနာက္ေန့ ဘာလုပ္ရမလဲဟု ေတြးေနရန္မလိုေတာ့။ သူမ အိပ္ရာႏိုးလ်ွင္လည္း မေန့က ေကာင္းေကာင္းမလုပ္ႏိုင္ခဲ့တာ ရိွခဲ့လားဟု ျပန္ေတြးေနစရာမလိုေတာ့။ ပရိသတ္မ်ားကို ဆြဲေဆာင္ႏိုင္ၿပီး လူႀကိဳက္ပိုမ်ားလာေအာင္ ဘယ္လိုသရုပ္ေဆာင္သင့္သလဲ၊ ဘယ္လိုစကားမ်ိဳး ေျပာသင့္သလဲ၊ သို႔တည္းမဟုတ္ ဘယ္လိုၿပံဳးသင့္သလဲဆိုတာလည္း စဉ္းစားေနစရာ မလိုအပ္ေတာ့ေခ်။

သူမ၏ႏွလံုးသားထဲမွ ‘က်င္းမိသားစု’ဟူသၫ့္ ေနာက္ဆံုးေသာ အစိုင္အခဲကိုလည္း သိပ္မၾကာခင္ ေခ်ဖ်က္ႏိုင္ေတာ့မည္။ သူမအတြက္ေတာ့ ဤရလဒ္က ခက္ခက္ခဲခဲ ႀကိဳးစားခဲ့ရသၫ့္ ရွစ္ႏွစ္တာကာလအတြက္ အေကာင္းဆံုးဆုလာဒ္ပါပင္။

မနက္စာစားၿပီးေနာက္ ခ်န္းရွီေကြ့က သူမကို ရိုက္ကြင္းအထိ လိုက္ပို႔ေပးခဲ့သည္။ ရိုက္ကူးေရးၿပီးေနာက္ ရဲစခန္းမွ ဖုန္းဝင္လာ၏။ လူသတ္မႈ၏ ေနာက္ကြယ္ႀကိဳးကိုင္သူကို ေဖာ္ထုတ္ႏိုင္ၿပီျဖစ္ေၾကာင္း၊ ထိုတရားခံသည္ သူမအေဖ၏ ကားမေတာ္တဆမႈ ေနာက္ကြယ္မွ တရားခံအစစ္ပင္ျဖစ္ေၾကာင္း ေျပာလာခဲ့သည္။

နဉ္ရွီ ထိုင္ခ်လိုက္ၿပီး ရိုက္ကြင္းထဲ ေျပးလႊားလႈပ္ရွားေနေသာ ဝန္ထမ္းမ်ား၊ ရိုက္ကူးေရးလုပ္ေနေသာ သရုပ္ေဆာင္မ်ား၏ ၾကၫ့္ေကာင္းလြန္းေသာ သရုပ္ေဆာင္စြမ္းရည္၊ က်န္းခ်င္းယြင္ႏွင့္ ေရွာင္ယန္းတို႔၏ စိုးရိမ္တႀကီးမ်က္ႏွာ.. အားလံုးကို ေငးၾကၫ့္ေနမိသည္။ ၿပီးေနာက္ ရုတ္တရက္ ထရယ္ေတာ့သည္။ ရယ္ရလြန္း၍ မ်က္ရည္စမ်ားပင္ စီးက်လာသည္အထိ။

သူမ ငိုခ်လိုက္သင့္သည္။ ေဒါသတႀကီးျဖင့္ က်ိန္ဆဲေနသင့္သည္။ သို႔ေသာ္ နဉ္ရွီက သည္အတိုင္းေလး ဖုန္းကိုကိုင္ကာ ရယ္ေမာေနခဲ့၏။

ရွစ္ႏွစ္။ သူမ၏မိဘမ်ားသည္ မတရားသျဖင့္ ေသဆံုးခဲ့ၿပီး ေျမၾကီးေအာက္ လဲေလ်ာင္းခဲ့ရသည္မွာ ရွစ္ႏွစ္ ၾကာျမင့္ခဲ့ေလၿပီ။ သမီးျဖစ္သၫ့္ သူမက အသံုးမက်သျဖင့္ မိဘႏွစ္ပါးကို ေသဆံုးေစခဲ့သၫ့္ လူသတ္သမားကို အျပစ္မေပးႏိုင္ခဲ့ေခ်။ ဤႏွစ္မ်ားထဲ သူတို႔၏ အုတ္ဂူေရ႔ွသြားတိုင္း သူမကိုယ္သူမ ရွက္ရြံ႔ခဲ့ရသည္။

သူတို႔က သူမကို ခ်စ္သည္။ အလိုလိုက္ေပးသည္။ ရတနာတစ္ပါးလို ကာကြယ္ေပးခဲ့သည္။ သို႔တိုင္ သမီးျဖစ္သူကေတာ့ သူတို႔ခ်န္ရစ္ခဲ့သၫ့္ အေမြအႏွစ္မ်ားကို မကာကြယ္ႏိုင္ခဲ့သၫ့္အျပင္ ျပစ္မႈက်ူးလြန္ခဲ့သူမ်ား စိတ္ေအးလက္ေအး ေပ်ာ္ေနသည္ကို ရွစ္ႏွစ္လံုးလံုး သည္အတိုင္း ထိုင္ၾကၫ့္ေနခဲ့ရသည္။

သူတို႔က သူမ၏ဘဝအတြက္ လမ္းခင္းေပးခဲ့ေသာ္လည္း သူမကေတာ့ သူတို႔အတြက္ ဘာမျွပန္လုပ္မေပးႏိုင္ခဲ့ေပ။

“မစ္နဉ္.. မစ္နဉ္..” တစ္ဖက္မွ ငိုေနသည္ထက္ ပို၍ဝမ္းနည္းစရာေကာင္းေသာ ရယ္သံကို ၾကားလိုက္ရေသာအခါ အရာရိွလ်ိဳ၏ စိတ္ထဲတြင္ တစ္မ်ိဳးတစ္မည္ ခံစားလိုက္ရ၏။ ဤအမႈက ေက်ာင္းတြင္းအၾကမ္းဖက္မႈျဖစ္ေစ၊ မူးယစ္ေသာက္စားၿပီး ကားေမာင္းမႈျဖစ္ေစ၊ ေနာက္ဆက္တြဲျဖစ္ရပ္ကို မျမင္ရက္သလို ထိုသို႔ေသာအမႈမ်ိဳးလည္း မျဖစ္ေစခ်င္ေတာ့ေပ။

“ဘာျဖစ္လို႔လဲ..?” ေခါင္းေဆာင္လီက ေမးသည္။ “နစ္နာသူရဲ့ မိသားစုဝင္ အဆင္ေျပရဲ့လား..?”

အရာရိွလ်ိဳက ေခါင္းယမ္းလိုက္ၿပီး.. “ေျပာရခက္တယ္..”

“အစ္မနဉ္.. ဘာျဖစ္တာလဲ..?” ေရွာင္ယန္က နဉ္ရွီ အဆင္မေျပတာကို ျမင္ေသာအခါ စိုးရိမ္တႀကီး ေရာက္လာၿပီး.. “ဘာျဖစ္လို႔လဲ..? မေၾကာက္နဲ႔ေနာ္.. ကြၽန္မတို႔ကိုေျပာျပ.. အစ္ကိုက်န္းေရာ ကြၽန္မေရာ ဒီမွာရိွတယ္..”

“ငါ အဆင္ေျပပါတယ္..” နဉ္ရွီ ၿပံဳးလိုက္သည္။ သူမ၏အမူအရာက တျဖည္းျဖည္း တည္ၿငိမ္လာၿပီး ဖုန္းျပန္ေျဖလိုက္သည္။ “ေက်းဇူးတင္ပါတယ္ အရာရိွလ်ိဳ.. ေက်းဇူးတင္ပါတယ္..”

နဉ္ရွီသည္ ဖုန္းခ်ၿပီးေနာက္ မ်က္ဝန္းေထာင့္မွ မ်က္ရည္စက္မ်ားကို သုတ္လိုက္ၿပီး ေရွာင္ယန္ကို လွမ္းေျပာသည္။ : “ေရွာင္ယန္.. မိတ္ကပ္ျပန္ၫွိမလို႔ မိတ္ကပ္ဆရာကို သြားေခၚပါဦး..”

“အာ.. ဟုတ္..” ေရွာင္ယန္လည္း မိတ္ကပ္ဆရာကို သြားရွာရန္ ျပင္လိုက္သည္။ သို႔ေသာ္ ထိုသို႔သြားရွာေနရင္း နဉ္ရွီကို လွၫ့္ၾကၫ့္ေနေသးသည္။

နဉ္ရွီ လွမ္းၿပံဳးျပတာကို ျမင္လိုက္ရမွသာ သူမ၏ရင္ထဲ ေပါ့သြားသည္။

က်န္းခ်င္းယြင္ကေတာ့ ေရွာင္ယန္လို ရိုးအသူမဟုတ္။ နဉ္ရွီ တစ္ခုခုျဖစ္ေနမွန္း သိသည္။ သို႔ေသာ္ တစ္ဖက္လူက မေျပာျပခ်င္သျဖင့္ ဆက္မေမးခဲ့ေပ။

ရိုက္ကူးေရးၿပီးေနာက္ နဉ္ရွီက ေထာင့္တစ္ေနရာတြင္ သြားထိုင္ၿပီး ခ်န္းရွီေကြ့ထံ ဖုန္းေခၚလိုက္သည္။

“ေဆာရီး.. ခဏေနာ္..” ခ်န္းရွီေကြ့က အလုပ္အေၾကာင္း တင္ျပေနသၫ့္ ရႊီက်ူးကို စကားျဖတ္ေျပာလိုက္ၿပီး ဖုန္းကိုင္ကာ ျပန္ေျဖလိုက္၏။

“ရွီေကြ့..”

ခ်န္းရွီေကြ့က အမႈမဲ့အမွတ္မဲ့ ၿပံဳးလိုက္ရင္း.. “ရိုက္ကူးေရးမွာ ပင္ပန္းေနၿပီလား ရွီရွီ..”

“မပင္ပန္းပါဘူး..” နဉ္ရွီက ေရွာင္ယန္ကမ္းေပးလာသၫ့္ အခ်ိဳရည္ကို ေသာက္ရင္း ခပ္တိုးတိုးေလး ဆိုသည္။ “ရွင့္ကို နည္းနည္းေလး လြမ္းလာလို႔..”

ထိုစကားေၾကာင့္ ခ်န္းရွီေကြ့မွာ ရွက္ေသြးျဖာသြားရသည္။ သူက ရႊီက်ူးကို တစ္ခ်က္လွၫ့္ၾကၫ့္ၿပီး ခပ္တိုးတိုးေလး ျပန္ေျဖသည္။ “ကိုယ္လည္း မင္းကို လြမ္းတယ္..”

နဉ္ရွီ ရယ္လိုက္၏။ ႏွစ္ေယာက္သား ၁၀ မိနစ္ခန႔္ တီတီတာတာေျပာၿပီးမွ ဖုန္းခ်လိုက္ၾကသည္။ ဖုန္းေျပာၿပီးေနာက္ နဉ္ရွီ၏ စိတ္အေျခအေနက အေတာ္ျပန္ေကာင္းလာၿပီး က်န္သၫ့္ ရိုက္ကြက္မ်ားကို ေခ်ာခ်ာေမြ့ေမြ့ ရိုက္ကူးႏိုင္ခဲ့သည္။

စကားေျပာရိုက္ကြက္တစ္ခုၿပီးေနာက္ ထိုင္ခံုေပၚ ထိုင္လိုက္ရံုသာရိွေသး၏၊ သူမကို လူတစ္ေယာက္ လာရွာေနေၾကာင္း နဉ္ရွီ ၾကားလိုက္ရသည္။ ထို႔ေၾကာင့္ ဇာတ္ၫႊန္စာရြက္ကို ပိတ္ၿပီး လာေျပာေပးသၫ့္ ဝန္ထမ္းကို‌ ေမာ့ၾကၫ့္လိုက္သည္။ ထိုဝန္ထမ္း၏ အေနာက္တြင္ အသက္ ၅၀၊ ၆၀ ခန႔္ ေနြးေထြးၾကင္နာတတ္ဟန္ေပၚၿပီး အရြယ္တင္သၫ့္ လူႀကီးတစ္ေယာက္ကို ေတြ့လိုက္ရသည္။

“မစ္နဉ္..” လူႀကီးက ၿပံဳးကာ အလြန္ေဖာ္ေရြဟန္ျဖင့္ ဆိုသည္။ “က်ဳပ္က က်င္းလုပ္ငန္းစုရဲ့ဥကၠ႒ က်င္းယြမ္းဖုန္းပါ.. စကားေျပာခ်င္လို႔ မိနစ္အနည္းငယ္ေလာက္ အခ်ိန္ေပးႏိုင္မလား..?”

နဉ္ရွီက မယုတ္မလြန္ ၿပံဳးလိုက္ရင္း.. “မစၥတာက်င္းေတာင္ ဒီေရာက္ေနၿပီပဲ.. ကြၽန္မ အခ်ိန္ေပးႏိုင္လား မေပးႏိုင္လားဆိုတာ အေရးပါေသးလို႔လား..?”

က်င္းယြမ္ဖုန္းက ေလွာင္ရယ္ရယ္ၿပီး သူမ၏ ေအးတိေအးစက္တံု႔ျပန္ပံုကို လ်စ္လ်ူရႈလိုက္သည္။ “မစ္နဉ္က တကယ့္ကို ထက္ျမက္တာပဲ.. က်ဳပ္တူေလး သေဘာက်တာ မထူးဆန္းေတာ့ပါဘူး..”

“မစၥတာက်င္းရဲ့ မွတ္ဉာဏ္က တစ္ခုခုျဖစ္ေနတာထင္တယ္..” နဉ္ရွီက ရယ္လိုက္ရင္း.. “ကြၽန္မ မွတ္မိသေလာက္ ဒုတိယအန္တီေထာင္က ရွင္နဲ႔ကြာရွင္းဖို႔ ေလ်ွာက္ထားၿပီးၿပီလားလို႔.. အဲ့တာဆို ကြၽန္မရဲ့ရွီေကြ့နဲ႔ ရွင္က…. ဘာမွမေတာ္ေတာ့ဘူးေလ..”

ရိုက္ကူးေရးအဖြဲ႔သားမ်ားလည္း အေျခအေနကို ရိပ္မိ၍ အမႈမပတ္ရေအာင္ ခပ္ေဝးေဝးမွာ သြားေနၾကေတာ့သည္။

နဉ္ရွီ၏ ခနဲ႔တဲ့တဲ့စကားေၾကာင့္ က်င္းယြမ္ဖုန္းမွာ သူ၏အၿပံဳးကို ဆက္မထိန္းထားႏိုင္ေတာ့ေပ။ မ်က္လံုးအၾကၫ့္က ေအးစက္လာၿပီး.. “မစ္နဉ္.. က်ဳပ္သိထားသေလာက္ေတာ့ လူတစ္ေယာက္ စိတ္မေျပာင္းဘူးဆိုတာ လိုခ်င္သေလာက္ မရေသးလို႔တဲ့..”

နဉ္ရွီက အခ်ိဳရည္ေသာက္ေနၿပီး ဘာမျွပန္မေျပာခဲ့ေပ။

“က်ဳပ္ရဲ့ အသံုးမက်တဲ့ညီေလးကို ခြင့္လႊတ္ခ်င္စိတ္ေပၚလာေအာင္ မစ္နဉ္ကို ဘယ္ေလာက္ေပးရမလဲ..?”

နဉ္ရွီက သူ၏စကားေၾကာင့္ စိတ္မဆိုးေပ။ ထိုအစား ၿပံဳးလိုက္ရင္း.. “မစၥတာက်င္း.. အဲ့စကားက ဘာကိုဆိုလိုတာလဲ..? ဒုသခင္က်င္းက ဥပေဒခ်ိဳးေဖာက္ခဲ့လို႔ နစ္နာသူက တရားစြဲတာေလ.. ကြၽန္မလို သာမန္ျပည္သူတစ္ေယာက္က ဘာလုပ္ေပးႏိုင္မွာလဲ..?”

က်င္းယြမ္ဖုန္းက နဉ္ရွီ၏အေရ႔ွတြင္ ဝင္ထိုင္လိုက္သည္။ သူ၏ေလသံက ေအးစက္ေနေတာ့သည္။ “မစ္နဉ္က ဉာဏ္ေကာင္းတဲ့လူပါ.. အလုပ္လုပ္ရင္ အတိုင္းအတာတစ္ခု ရိွသင့္တယ္ဆိုတာ သိထားတယ္မလား..?”

နဉ္ရွီက လက္ထဲကေရခြက္ကို လႈပ္ယမ္းလိုက္ၿပီး.. “မစၥတာက်င္း.. ‘အရွက္မရိွဘူး’ဆိုတဲ့ စကားလံုးကို သိလား..?”

က်င္းယြမ္ဖုန္းက မ်က္ခံုးပင့္လိုက္၏။ သို႔ေသာ္ သူ ဘာမွမေျပာႏိုင္ခင္မွာပင္ မ်က္ႏွာတစ္ျပင္လံုး ရႊဲစိုသြားသည္။

နဉ္ရွီက ခြက္အလြတ္ကို ေဝ႔ွယမ္းျပၿပီး ေလွာင္ရယ္လိုက္သည္။ “ရွင္က မ်က္ႏွာမလိုခ်င္မွေတာ့ ရွင့္မ်က္ႏွာကို ကြၽန္မကပဲ ကူညီၿပီးသန႔္ရွင္းေပးရေတာ့မွာေပါ့..”

………………………………..

Continue Reading

You'll Also Like

121K 18.4K 43
ဗီလိန်ဖြစ်ရန် ကြမ္မာဖန် (ဒု- တွဲ) အမျိုးသမီးဇာတ်ရံအဖြစ် သူမ ဝတ္ထုတစ်အုပ်ထဲ ရောက်သွားခဲ့တယ်။ အဓိကဇာတ်လိုက်မင်းသားကို တစ်ဖက်သတ်စွဲမက်နေခဲ့တဲ့ ဇာတ်ကောင်...
174K 3.8K 33
"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အ...
105K 8.6K 153
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...