《ဖြေဆေး》- ဘာသာပြန် 『Completed』

Von wishywish0805

78.9K 9.1K 576

ဖြေဆေး - ကျယ်ယောက် (ဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် / Wu Zhe Mehr

မိတ်ဆက်
အခန်း - ၁
အခန်း - ၂
အခန်း - ၃
အခန်း - ၄
အခန်း - ၅
အခန်း - ၆
အခန်း - ၇
အခန်း - ၈
အခန်း - ၉
အခန်း - ၁၀
အခန်း - ၁၁
အခန်း - ၁၂
အခန်း - ၁၃
အခန်း - ၁၄
အခန်း - ၁၆ (ပထမပိုင်း)
အခန်း - ၁၆ (ဒုတိယပိုင်း)
အခန်း - ၁၇
အခန်း - ၁၈
အခန်း - ၁၉
အခန်း - ၂၀
အခန်း - ၂၁
အခန်း - ၂၂
အခန်း - ၂၃
အခန်း - ၂၄
အခန်း - ၂၅
အခန်း - ၂၆
အခန်း - ၂၇
အခန်း - ၂၈
အခန်း - ၂၉
အခန်း - ၃၀
အခန်း - ၃၁
အခန်း - ၃၂
အခန်း - ၃၃
အခန်း - ၃၄
အခန်း - ၃၅
အခန်း - ၃၆
အခန်း - ၃၇
အခန်း - ၃၈
အခန်း - ၃၉
အခန်း - ၄၀
အခန်း - ၄၁
အခန်း - ၄၂
အခန်း - ၄၃
အခန်း - ၄၄
အခန်း - ၄၅
အခန်း - ၄၆
အခန်း - ၄၇
အခန်း - ၄၈
အခန်း - ၄၉
အခန်း - ၅၀
အခန်း - ၅၁
အခန်း - ၅၂
အခန်း - ၅၃
အခန်း - ၅၄
အခန်း - ၅၅
အခန်း - ၅၆
အခန်း - ၅၇
အခန်း - ၅၈
အခန်း - ၅၉
အခန်း - ၆၀
အခန်း - ၆၁
အခန်း - ၆၂
အခန်း - ၆၃
အခန်း - ၆၄
အခန်း - ၆၅
အခန်း - ၆၆
အခန်း - ၆၇
အခန်း - ၆၈
အခန်း - ၆၉
အခန်း - ၇၀
အခန်း - ၇၁
အခန်း - ၇၂
အခန်း - ၇၃
အခန်း - ၇၄
အခန်း - ၇၅
အခန်း - ၇၆
အခန်း - ၇၇
အခန်း - ၇၈
အခန်း - ၇၉
အခန်း - ၈၀
အခန်း - ၈၁
အခန်း - ၈၂
အခန်း - ၈၃
အခန််း- ၈၄
အခန်း - ၈၅
အခန်း - ၈၆
အခန်း - ၈၇
အခန်း - ၈၈
အခန်း - ၈၉
အခန်း - ၉၀
အခန်း - ၉၁
အခန်း - ၉၂
အခန်း - ၉၃
အခန်း - ၉၄
အခန်း - ၉၅
အခန်း - ၉၆
အခန်း - ၉၇
အခန်း - ၉၈
အခန်း - ၉၉ (ဇာတ်သိမ်း)
Extra - 1
Extra - 2
Extra - 3

အခန်း - ၁၅

642 94 5
Von wishywish0805

Chapter ● 15 ●

ကျန်းယွီသော်သည် မရေတွက်နိုင်သော အိပ်ရေးပျက်ညပေါင်းများစွာကို တွေ့ကြုံခံစားခဲ့ဖူးသည်။ များသောအားဖြင့် သူသည် အမှောင်ထဲတွင် တစ်ယောက်တည်း မျက်လုံးကိုဖွင့်ကာ ထိုင်လျှင်ထိုင်၊ မထိုင်လျှင်လည်း လှဲနေရင်း ဖြတ်သန်းလေ့ရှိသည်။ တခါတရံ အသိများကိုခေါ်ပြီး သူနှင့်အတူ အရက်သောက်ရန်လည်း ချိန်းဆိုလေ့ရှိသည်။

သို့သော် ထိုကဲ့သို့အချိန်မှာ အလွန်ရှားပါးသည်။ အိပ်ရေးပျက်ခြင်းဟူသည်မှာ ရိုးရိုးအိပ်မပျော်ခြင်းမဟုတ်ပေ။ ပင်ပန်းဆင်းရဲမှု၊ နွမ်းနယ်မှု၊ ခေါင်းကိုက်ခြင်းနှင့် အမျိုးအမည်မသိသော တစ်ကိုယ်လုံး ထုံထိုင်းကိုက်ခဲခြင်းတို့ကိုလည်း ခံစားရသည်။ ထို့ကြောင့် အိပ်ရေးပျက်ညများကို ဖြတ်သန်းရန်အကောင်းဆုံးနည်းလမ်းမှာ တစ်ယောက်တည်း နေခြင်းဖြစ်သည်။

ထို့ပြင် ဤကဲ့သို့ အိပ်ရေးပျက်သောည၌ မိမိအိမ်ထဲတွင် လူတစ်ယောက်နှင့်အတူ စကားပြောနေသော အဖြစ်ကို သူဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ဖူးချေ။

ထို့ပြင် ထိုလူမှာ သူနှင့် လုံးဝကို ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေသည့်လူဖြစ်ပြီး၊ ဘယ်ကလာမှန်း မူလဇာစ်မြစ်ကို မသိသော လူတစ်ယောက်လည်းဖြစ်သည်။ တခါတလေတွင် ထိုလူက ယုံကြည်၍ရသလိုခံစားရသော်လည်း တခါတရံတွင် မသင်္ကာစရာကောင်းသလိုလည်း ခံစားရသေးသည်။ သောက်သုံးမကျသည့် အမှိုက်သရိုက် သခင်လေး...။

သူတို့ကြားတွင် ဘာအကြောင်းတွေ ပြောစရာရှိနိုင်မှာလဲ...။

ပြောစရာခေါင်းစဉ်နှင့်အကြောင်းအရာ တစ်ခုတလေတောင် သူ့ခေါင်းထဲတွင် ပေါ်မလာပေ။

ထိုစဉ်ချန်ခေါ့က မေးလာသည်။

"အရက်ရှိလား"

"ခင်ဗျား ဘာအရက်သောက်ချင်လဲ"

"မင်းဖန်ခွက်တောင် တစ်လုံးတည်းရှိတာမလား။ ဒီလိုအခြေအနေမှာ ဘာအရက်သောက်မလဲဆိုတာ ရွေးစရာရှိလို့လား"

ကျန်းယွီသော်က ဘာမှမပြောဘဲ စီးကရက်ခဲထားရင်း ပြတင်းပေါက်နားရှိ ဗီရိုရှေ့သို့သွားကာ ဗီရိုတံခါးကို ဆွဲဖွင့်လိုက်သည်။ ထို့နောက် ချန်ခေါ့အား လှည့်ကြည့်လိုက်သည်။

"လာရွေးလိုက်"

.

ချန်ခေါ့မှာ ဗီရိုအရှေ့သို့လျှောက်လာပြီး ဗီရိုထဲတွင် နံရံတစ်ခုစာလောက်ရှိသည့် အမျိုးမျိုးသောအရက်ပုလင်းများ ဗီရိုအပြည့်တန်းစီပြီး ရှိနေသည်ကို တွေ့လိုက်ရသော် နေ့တစ်ဝက်လောက် စကားမပြောနိုင်တော့ဘဲ ဖြစ်သွားသည်။ ကျန်းယွီသော်က နံရံကိုမှီရင်းပြောလိုက်သည်။

"ကျွန်တော် ဘာသောက်သောက် အဲဒီခွက်တစ်လုံးပဲသုံးတယ်။ အရက်ကို သောက်တာ။ ခွက်ကိုသောက်တာမဟုတ်ဘူး"

ချန်ခေါ့မှာ ခေါင်းတဆတ်ဆတ်ညိတ်ရင်း အင်း ဟုသာပြောလိုက်သည်။

"ဒါပေမဲ့ အကောင်းစားအရက်တွေတော့ မရှိဘူး။ အားလုံးက ပိတ်ရက်တွေ ပွဲတော်ရက်တွေမှာ ဟိုစောက်ကလေးတွေ ယူလာပေးတဲ့ဟာတွေချည်းပဲ"

"ငါလည်း အရက်အကြောင်း သိပ်နားမလည်ပါဘူး။ အရက်ကောင်းမကောင်းလည်း မခွဲတတ်ဘူး"

ချန်ခေါ့သည် ပြတင်းလိုက်ကာမှ တိုးဝင်လာသော အလင်းရောင်မှိန်မှိန်လေး အကူအညီဖြင့် အဖြူရောင် ကြွေပုလင်းတစ်လုံးကို တွေ့လိုက်သည်။ ပုလင်းပေါ်တွင် ဘာမှမကပ်ထားဘဲ ပုံစံမှာလည်း ကြာမြေ့ဟောင်းနွမ်းနေပုံပေါက်သည်။ သိချင်စိတ်ဖြင့် ထိုပုလင်းကို ယူထုတ်လိုက်သည်။

"ဒါဘာလဲ။ ခဏလောက် မီးဖွင့်ပေးလို့ရလား"

"ခင်ဗျား ငိုလို့ပြီးသွားပြီလား"

ချန်ခေါ့သည် လက်ထဲမှပုလင်းဖြင့် ကျန်းယွီသော်အား အတိတ်မေ့သွားအောင် လက်ပြန်တစ်ချက် လှည့်ရိုက်လိုက်ချင်သော်လည်း သူသည် ဘာမှမပြောဘဲ သည်းခံလိုက်သည်။

.

ကျန်းယွီသော်က အခန်းမီးကိုသွားဖွင့်လိုက်သော် တစ်ခန်းလုံး မီးအလင်းရောင်တို့နှင့် ထွန်းလင်းလာသည်။

ချန်ခေါ့သည် လက်ထဲမှ ပုလင်းကို ယခုမှသာ သေချာကြည့်ရသည်။ ပုလင်းမှာ ရိုးရိုးသာမန် အဖြူရောင် ကြွေပုလင်း ဖြစ်သည်။ ပုလင်းအဝတွင် အဝတ်စဖြင့် ပိတ်ချည်ထားပြီး အဝတ်စမှာ အနည်းငယ် အရောင်လွင့်နေပြီဖြစ်သည်။

ပုလင်းကို နမ်းကြည့်လိုက်ပြီးနောက် ကျန်းယွီသော်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"ဒါသောက်ကြတာပေ့ါ။ အနံ့နမ်းကြည့်ရတာကတော့ ... ..."

အစတုန်းက မသိသာသော်လည်း ယခုခေါင်းလှည့်ကြည့်ရာတွင် လင်းထိန်နေသော မီးရောင်အောက်၌ အတွင်းခံဘောင်းဘီတစ်ထည်ကိုသာ ဝတ်ဆင်ထားသော ကျန်းယွီသော်ကို တွေ့လိုက်ရသောအခါ ချန်ခေါ့သည် ခဏအတွင်း အကြည့်ကို ဘယ်နားကိုပို့ပစ်ရမှန်းမသိ ဖြစ်သွားသည်။

"မီးပိတ်လိုက်တာပဲကောင်းပါတယ်"

"ခင်ဗျား လာနောက်နေတာလား"

"မင်းအင်္ကျီထပ်ဝတ်လိုက်လည်း ရတယ်။ မအေးဘူးလားကွာ"

"မအေးဘူး။ ဒီရက်ပိုင်း ရေအေးနဲ့ချိုးတာတောင် ဘာမှမဖြစ်ဘူး"

ကျန်းယွီသော်ကပြောရင်း ခပ်ဖြည်းဖြည်းလျှောက်သွားကာ မီးပိတ်လိုက်သည်။

.

မီးပိတ်လိုက်ပြီးနောက် ချန်ခေါ့မှာ စိတ်သက်သာရသွားပြီး အရက်ပုလင်းကို စားပွဲပေါ်တင်လိုက်သည်။

"ဒီအရက်က ကိုယ်ဘာသာကိုယ် စိမ်ထားတာလား"

ကျန်းယွီသော်သည် မီးဖိုချောင်သို့သွားပြီး ပန်းကန်လုံး နှစ်လုံးကို ယူထုတ်လာသည်။

"ချန်ချင့် ယူလာတာ ... သူ့အမေ ဗိုက်ကြီးတုန်းက သူ့အဖေက သမီးလေးလိုချင်နေခဲ့တာလေ။ အဲဒါနဲ့ သမီးမွေးမယ်အမှတ်နဲ့ အရက်တစ်အိုးချက်ပြီး အိုးကို မြေမြှပ်လိုက်တာ။ ကလေး ၁၈ နှစ်ပြည့်မှ ဖော်ပြီးသောက်မယ်လုပ်ထားကြတာ။ *နွီအော်ဟုန် အရက်ပေါ့"

[T/N : နွီအော်ဟုန် (女儿红) အရက်က တရုတ်နိုင်ငံ Zhe Jiang ပြည်နယ်က ထွက်တဲ့ ရိုးရာအရက်တစ်မျိုးပါ။ နာမည်အဓိပ္ပါယ်က သမီးနီစွေး/နီစွေးသောသမီးလေး ပါ။ ကြည့်ရတာ သမီးမွေးမယ်အမှတ်နဲ့ စိမ်ထားတဲ့အရက်မို့လို့ ဆရာသမားစန်းကောက အဲဒီလိုပြောလိုက်တဲ့ပုံပါပဲ။]

ချန်ခေါ့က ရယ်လိုက်သည်။

"အဲဒါလည်း မဆိုးဘူးပဲ။ အနည်းဆုံးတော့ ၁၀နှစ်ကျော် မြှပ်ထားခဲ့တဲ့ အရက်ပဲ"

"ဘယ်ကလာ။ မွေးလာတော့ သမီးလေးမဟုတ်ဘဲ မျောက်တစ်ကောင်ဖြစ်မှန်းသိတာနဲ့ အဲဒီနေ့မှာပဲ တူးထုတ်လိုက်တာ။ ပြီးတော့ မီးဖိုချောင်ထဲက အရွက်ချဉ်ဖတ်အိုးတွေနဲ့အတူ ပစ်ထားလိုက်တာပဲ။ ဘာပဲဖြစ်ဖြစ် ၁၀နှစ်ကျော်တော့ ပစ်ထားခဲ့တာပဲလေ"

ကျန်းယွီသော်သည် ရေခဲသေတ္တာထဲမှ အဖုံးပိတ်ထားသော ဘူးတစ်ဘူးကိုယူထုတ်လာသည်။

"မင်းသောက်ဖူးလား"

"သောက်ဖူးတယ်။ ပြီးခဲ့တဲ့လ အဲဒီကောင်ယူလာတုန်းက နှစ်ယောက်သား သောက်လိုက်သေးတယ်"

ကျန်းယွီသော်သည် အရက်ပုလင်းကိုဖွင့်လိုက်ပြီး ပန်းကန်လုံးနှစ်လုံးထဲသို့ အရက်ကို အပြည့်ငှဲ့ထည့်လိုက်ပြီး ပန်းကန်တစ်လုံးကို ချန်ခေါ့အရှေ့ဆီသို့ တွန်းပို့ပေးလိုက်သည်။

ချန်ခေါ့သည် အနားသို့ကိုင်းပြီး အရက်ကို အနံ့ခံကြည့်လိုက်သည်။ အလွန်မွှေးသည်။

"ဘယ်လိုနေလဲ"

"၁၀နှစ်ကျော်လောက် စိမ်ထားရင် မြင်းသေးတောင် အနံ့မွှေးလောက်တယ်"

ချန်ခေါ့သည် ကျန်းယွီသော်အား လှမ်းကြည့်လိုက်သည်။ လောလောဆယ်တွင် မိမိစိတ်အခြေအနေကောင်းနေ၍ထင်သည်။ မကျေမနပ်နှင့် ဒေါသတောင် မထွက်မိပေ။

ကျန်းယွီသော်သည် ပိတ်ထားသော ဘူးကို အဖုံးဖွင့်လိုက်ပြီး ချန်ခေါ့ရှေ့သို့ တွန်းပို့လာပြန်သည်။

"ဒါလည်း နမ်းကြည့်လိုက်"

ချန်ခေါ့က ဘူးထဲကို အနံ့ခံကြည့်လိုက်သည်။

"အခြောက်ခံထားတဲ့ အမဲသားလား"

ကျန်းယွီသော်က ခေါင်းညိတ်လိုက်သည်။

"အင်း ... ဘယ်လိုနေလဲ"

"အရမ်းကောင်းတယ်"

ချန်ခေါ့သည် ဘာမှမစဉ်းစားတော့ဘဲ အမဲသားတစ်တုံးကို ကောက်ယူပြီး ပါးစပ်ထဲထည့်လိုက်ကာ နှစ်ချက်မျှ အားရပါးရ ဝါးစားလိုက်သည်။

နေ့ခင်းမှစပြီး ယခုအချိန်အထိ သူသည် ကိတ်မုန့်တစ်ပိုင်းသာ စားရသေးသည်။ အစတုန်းက မိမိသည် ဆာလောင်မှုကို ကျော်လွန်နိုင်ပြီဟု ထင်ခဲ့သည်။ သို့သော် အမဲသားကို ဝါးနေသည့်အချိန်မှသာ မိမိအိပ်မပျော်ရသည့်အကြောင်းရင်းမှာ ဆာလောင်ငတ်မွတ်ခြင်းကြောင့်ဖြစ်လိမ့်မည်ဟု သဘောပေါက်သွားရသည်။

အစာအိမ်တောင်မှ မျက်ရည်တွဲလွဲအသံဖြင့် တဂွီဂွီအော်သံ ထွက်နေသည်။

.

အရက်ထည့်ထားသော ပန်းကန်လုံးနောက်တစ်လုံးကို မိမိရှေ့သို့ဆွဲယူနေစဉ် ကျန်းယွီသော်သည် ရုတ်တရက် လှုပ်ရှားမှုကို ရပ်တန့်လိုက်သည်။

ချန်ခေါ့မှာ မျက်နှာပူပြီး နေရခက်သွားသည်။

"ဘာဖြစ်လို့လဲ"

"ကျွန်တော် အသံကြားလိုက်လို့"

ကျန်းယွီသော်၏အသံမှာ အလွန်တိုးညင်းသည်။

အမှောင်ထဲတွင် ကျန်းယွီသော်၏ မျက်နှာအမူအရာကို သေချာမမြင်နိုင်သော်လည်း ကျန်းယွီသော်၏ စကားပြောသောလေသံအရ သူသည် သတိအနေအထားနှင့်ရှိနေပြီဖြစ်မှန်း ချန်ခေါ့ အာရုံခံစားလိုက်ရသည်။

ချန်ခေါ့က ချောင်းတစ်ချက်ဟန့်လိုက်သည်။

"ငါ ... ... ငါ့ဗိုက်က အော်သံ"

စကားမဆုံးမီ ချန်ခေါ့၏အစာအိမ်သည် သူ့ထွက်ဆိုချက်ကို အတည်ပြုပေးသည့်သဘောနှင့် နောက်တစ်ခေါက် ဂွီခနဲအသံထွက်လာသည်။ ကသိကအောက်နှင့် မျက်နှာပူသွားသော ချန်ခေါ့မှာ စားပွဲပေါ်သို့ ချက်ချင်းသာ မှောက်အိပ်လိုက်ချင်တော့သည်။

"ခင်ဗျား ... ..."

ကျန်းယွီသော်မှာ သက်ပြင်းတစ်ချက်ချလိုက်ပုံရပြီး အနည်းငယ်အံ့သြသွားသည့်ပုံဖြင့် ဆက်ပြောလိုက်သည်။

"အမဲသားခြောက်က ပုတ်သွားရင်တောင်မှ စားလိုက်တာနဲ့ ချက်ချင်းဗိုက်မနာတတ်ပါဘူး"

"ငါဗိုက်ဆာနေလို့"

"လခွမ်း။ ဒီလောက်ဗိုက်ဆာနေတာဆိုလည်း ပြောလေ။ ဘာစားချင်လဲ။ ဖုန်းဆက်ပြီး ဝယ်ပို့ခိုင်းလိုက်မယ်။ ဒါပေမဲ့ သခင်လေးလယ်ဗယ် အဆင့်မြင့်ညလယ်စာဆိုရင်တော့ နည်းနည်းမလွယ်ဘူးပေါ့။ ဒီအချိန်ဆိုရင်တော့ အကင်တွေပဲ ရလိမ့်မယ်"

ပြောရင်း ကျန်းယွီသော်က ဖုန်းကိုယူပြီးဖွင့်လိုက်သည်။

ချန်ခေါ့ကာ ဘာမှမပြောဘဲတိတ်ဆိတ်နေသည်။ ယခုကဲ့သို့ အမှောင်ထဲတွင် ရုတ်တရက် လူမျက်နှာတစ်ခု လင်းလာပါက အနည်းငယ်လန့်စရာကောင်းလေ့ရှိသည်။ သို့သော် ဘာကြောင့်မှန်းမသိ၊ ကျန်းယွီသော်မှာ ပုံမှန်အားဖြင့် အံ့သြစရာကောင်းလောက်အောင် ချောမောခန့်ညားသည့် မျက်နှာပိုင်ရှင်တစ်ယောက်မဟုတ်သော်လည်း သူ့မျက်နှာသည် ယခုကဲ့သို့ ဖုန်းစခရင်မှ ရောင်ပြန်ဟပ်နေသော အဖြူရောင်အလင်းကို ခုခံနိုင်စွမ်းရှိနေသည်။

ကျန်းယွီသော်က ဖုန်းခေါ်ရန်လုပ်လိုက်တော့မှ ချန်ခေါ့လည်း အသိပြန်ဝင်လာသည်။ သို့နှင့် ဖုန်းဆီသို့လက်လှမ်းပြီး လှုပ်ယမ်းလိုက်သည်။

"မလိုဘူး။ မခေါ်နဲ့တော့ ရတယ်။ အမဲသားခြောက်ရှိနေတာပဲ"

"မလိုဘူး ဟုတ်လား"

ကျန်းယွီသော်က သူ့ကို ကြည့်လိုက်သည်။

"တကယ် မလိုတော့ဘူး။ မင်းကောင်တွေ လာပို့တာတွေရောက်လာတဲ့အချိန်ဆိုရင် ငါဒီအမဲသားခြောက်တွေနဲ့ ဗိုက်ပြည့်နေလောက်ပြီ"

ချန်ခေါ့သည် ယဉ်ကျေးသမှုနှင့် ရိုးရိုးစကားလှအောင်ပြောလိုက်ခြင်းမဟုတ်ဘဲ သင့်တော်ပြီး ပြည်စုံသောဆင်ခြေတစ်ခုကို အချိန်မီ ပေးလိုက်နိုင်၍ မိမိကိုယ်ကို ကျေးဇူးတင်နေသည်။

"အဲဒါဆိုလည်း ပြီးတာပဲ"

ကျန်းယွီသော်က ဖုန်းကို ဘေးတွင်ချလိုက်ပြီး ပန်းကန်လုံးကိုယူကာ ချန်ခေါ့ပန်းကန်လုံးနှင့် တစ်ချက်ထိလိုက်ပြီး အရက်ကိုမော့သောက်လိုက်သည်။

.

ချန်ခေါ့သည် ဟန်ပန်နှင့်ပုံရိပ်ကို မထိန်းနေနိုင်တော့ဘဲ အမဲသားခြောက် လေးတုံးခန့်ကို ဆက်တိုက်ဝါးစားလိုက်ပြီးတော့မှ အရက်တစ်ငုံမော့သောက်လိုက်သည်။

ဤအရက်မှာ အမှန်တကယ်ပင် အရသာမဆိုးလှပေ။ ရှောရှောရှူရှူ ပူပူလောင်လောင်ပင် လည်ချောင်းမှတဆင့် အစာအိမ်ထဲသို့ စီးဝင်သွားသည်။ ချန်ခေါ့သည် ထိုင်ခုံနောက်မှီကို မှီချလိုက်ပြီး သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။

ကျန်းယွီသော်သည် ချန်ခေါ့၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး အမဲသားခြောက်တစ်တုံးကိုယူကာ တဖြည်းဖြည်းနှင့် နည်းနည်းချင်း ဆွဲဖြဲနေသည်။

မျက်နှာအမူအရာကို သေချာမမြင်ရ၊ အကြည့်လည်း မဆုံရ၊ အတွင်းခံဘောင်းဘီတစ်ထည်ကိုသာ ဝတ်ဆင်ထားသော ကျန်းယွီသော်ကိုလည်း သေချာမမြင်ရသော ဤကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေသည့် အနေအထားတွင် အရာအားလုံးမှာ မသင့်တော်တာ တစ်ခုမှမရှိပေ။

ကျန်းယွီသော်က အမဲခြောက်တစ်တုံးကို ဆုတ်ဖြဲအပြီး ၊ ပန်းကန်လုံးတစ်ဝက်ခန့် အရက်လည်း သောက်၍အကုန်တွင် ချန်ခေါ့အား ပြောလာသည်။

"ခင်ဗျားပဲ စကားပြောရအောင်ဆို။ ဘာပြောမှာလဲ"

ဟုတ်သား...။ ဘာပြောမှာလဲ...။

အစတုန်းက ချန်ခေါ့သည် ပြောစရာအများကြီးရှိနေသည်ဟု ထင်ခဲ့သည်။ မရင်းနှီးသော၊ အရင်တုန်းက သခင်လေးဘဝအတိုင်းဆိုပါက လုံးဝ ဆက်ဆံဖြစ်မည်မဟုတ်သော လူတစ်ယောက်နှင့် ဘာစကားပဲပြောပြော အနည်းနှင့်အများတော့ ရဲတင်းရမ်းကားလွန်းရာကျနေလိမ့်မည်။

ကြုံရာကျပန်း ရောက်တက်ရာရာပြောမည်၊ ခေါင်းထဲပေါ်လာသော အကြောင်းအရာကို ပြောကြမည်ဟု တွေးထားသော်လည်း ကျန်းယွီသော်က ယခုကဲ့သို့ ရုတ်တရက်မေးလာသောအခါ အသင့်အနေအထား ပြင်ဆင်ခိုင်းလိုက်သကဲ့သို့ပင် ဘယ်ကစပြောရမှန်း ချန်ခေါ့တစ်ယောက် တကယ်ကို မသိတော့ပေ။

.

"မင်းရော ပြောချင်တာတွေရှိလား"

"ညသန်းခေါင် စကားပြောရအောင်လို့ခေါ်တာ ခင်ဗျားမဟုတ်ဘူးလား။ ကျွန်တော်ကို လာမေးနေပြန်ပြီ၊ ဒါပေမဲ့ ခင်ဗျားက ပြောစေချင်သပဆိုလည်း ကျွန်တော်ပြောလို့ရပါတယ်"

ချန်ခေါ့က ကျန်းယွီသော်ရှိရာဘက်သို့ ကြည့်လိုက်သည်။ အမှောင်ထဲတွင် ကျန်းယွီသော်၏ ဖြောင့်တန်းသော နှာတံရိုးပေါ် ဖြာကျနေသော မှိန်ဖျော့ဖျော့အလင်းကိုသာ မြင်ရသည်။

"ကျွန်တော် အရမ်းပြောချင်တဲ့ အကြောင်းကတော့ ... ခင်ဗျား ဒီကို ဘာလာလုပ်တာလဲ"

ကျန်းယွီသော်သည် အရက်တစ်ငုံမော့သောက်လိုက်ပြီးနောက် စားပွဲပေါ်မှ ချန်ခေါ့ရှိရာ အရှေ့သို့ ကိုင်းညွတ်လာသည်။

ဒီစကားပဲ မေးပြန်ပြီ....။

ချန်ခေါ့မှာ သက်ပြင်းချချင်စိတ်တောင်မရှိတော့ပေ။

"မင်းရော ငါဘာလာလုပ်တယ်လို့ထင်လဲ"

"ခုနတုန်းက ခင်ဗျားဘယ်သူ့ကို တွေ့လိုက်တာလဲ"

ကျန်းယွီသော်မှာ စားပွဲပေါ်တွင် ကိုယ်ကိုကိုင်းလျက်အနေအထားနှင့်ပင်ရှိနေပြီး တိုးညင်းသော အသံထဲတွင် လူကို စိတ်လွင့်ငေးမောစေသော ရှတတအက်ကွဲသံ ပါဝင်နေသည်။

တကယ်တော့ ကျန်းယွီသော်၏အသံမှာ နားဝင်ပီယံရှိပြီး နားထောင်ကောင်းသည်။ အကယ်၍ ယခုကဲ့သို့ ကြောင်တောင်တောင်နှင့် ဘာမှန်းမသိနေသော အကြောင်းအရာကို ပြောနေခြင်းမဟုတ်လျှင် ချန်ခေါ့သည် ကျန်းယွီသော်၏အသံကို ချီးမွှမ်းမိမည်ထင်သည်။

"ခုနတုန်းက ဟုတ်လား"

"လမ်းဟိုဘက်ခြမ်းမှာ ခင်ဗျားရပ်နေတုန်းက တွေ့လိုက်တဲ့လူလေ။ အဲဒါဘယ်သူလဲ"

"ငါတွေ့လိုက်တဲ့လူ ဟုတ်လား"

ချန်ခေါ့မှာ ရုတ်တရက်တစ်ကိုယ်လုံးရှိ အမွေးအမျှင်များ ထောင်တက်လာသလို ခံစားလိုက်ရပြီး ကျောချမ်းလာသည်။ သူသည် စိတ်မထိန်းနိုင်စွာ လက်ဖြင့်နောက်ကျောကို နှစ်ချက်ခန့် ပွတ်သပ်လိုက်မိတော့သည်။

"ဟန်ဆောင်ဖို့ မစဉ်းစားနဲ့။ ဒီအိမ်ထဲကနေ ခင်ဗျားကိုကျွန်တော် တောက်လျှောက်ကြည့်နေတာ"

"ငါဘာမှကို မတွေ့လိုက်တာ။ ခုနတုန်းက လမ်းပေါ်မှာ ဘယ်မှာလူရှိလို့လဲ"

ချန်ခေါ့သည် စိတ်ကို ဆွဲဆန့်လိုက်သည်။

ကျန်းယွီသော်က ဘာမှမပြောတော့ဘဲ ခဏမျှကြာပြီးနောက် မတ်တတ်ထရပ်ကာ ဧည့်ခန်းမီးကို သွားဖွင့်လိုက်သည်။ ထို့နောက် ချန်ခေါ့အနားသို့ ပြန်လှည့်လာပြီး ခါးကိုင်းကာ ချန်ခေါ့မျက်လုံးကို စိုက်ကြည့်လိုက်သည်။

လောလောဆယ်မြင်ကွင်းမှာ ထူးခြားဆန်းကြယ်သွားသည်။ ချန်ခေါ့သည် လက်ကိုဆန့်ထုတ်ပြီး ကျန်းယွီသော်၏ ပခုံးတစ်ဖက်ကို တွန်းထုတ်လိုက်သည်။

"ငါတကယ် ဘယ်သူ့ကိုမှ မတွေ့လိုက်ဘူး။ မင်းဒီလိုပြောတော့ ငါနည်းနည်းတောင် ကြောက်လာပြီ"

"ဘောကို ကြောက်နေလိုက်။ တကယ်လို့ ခင်ဗျားကကျွန်တော့်သူငယ်ချင်းလို့ ကျွန်တော်ပြောလိုက်ရင် ဒီပတ်ဝန်းကျင်မှာ ခင်ဗျားကို ထိရဲတဲ့ကောင်တောင် ရှိမှာမဟုတ်ဘူး"

ကျန်းယွီသော်သည် ကိုယ်ကို မတ်အောင် ပြန်ရပ်လိုက်ပြီး အခန်းမီးကို သွားပိတ်လိုက်ပြန်သည်။ ထို့နောက် စားပွဲ၏ တခြားတစ်ဖက်တွင် ပြန်ဝင်ထိုင်လိုက်သည်။

"ခင်ဗျား ဟိုလက်ပတ်နာရီကို ပြန်လိုချင်နေတာလား"

"မဟုတ်ပါဘူး။ မင်းထုတ်မပြောရင် ငါတောင် အဲဒီကိစ္စကို မေ့နေပြီ"

"အင်း။ လိုချင်တယ်ဆိုလည်း မရတော့ဘူး။ ခင်ဗျားကို ပြန်ပေးမှာမဟုတ်ဘူး"

"မင်းပဲ ယူထားလိုက်ပါ"

ချန်ခေါ့က အရက်တစ်ငုံမော့သောက်လိုက်သည်။

.

ရုတ်တရက် တစ်ခုခုကို ဆုံးရှုံးသွားသလိုခံစားလိုက်ရသည်။

Jaeger လက်ပတ်နာရီကြောင့်တော့မဟုတ်ပေ။ ထိုနာရီမှာ ဘာအမှတ်တရ၊ ဘာအဓိပ္ပါယ်မှမရှိသော သာမန်လက်ပတ်နာရီတစ်လုံးသာဖြစ်သည်။ အကယ်၍ ယွမ်သုံးသိန်းလောက် တန်ဖိုးရှိလျှင် သူပြန်လိုချင်စိတ်ရှိလိမ့်မည်။

သူလစ်ဟာဆုံးရှုံးသလို ဖြစ်သွားရခြင်းအကြောင်းမှာ ကျန်းယွီသော်၏ "တကယ်လို့ ခင်ဗျားကကျွန်တော့်သူငယ်ချင်းလို့ ကျွန်တော်ပြောလိုက်ရင်" ဟူသော စကားတစ်ခွန်းမှဖြစ်သည်။

ကျန်းယွီသော်က သူ့ကို သူငယ်ချင်းဘော်ဒါတစ်ယောက်လို့ လုံးဝမသတ်မှတ်ဘူးပဲ...။

သူ့ကို သူငယ်ချင်းလို့ သဘောမထား၊ မသတ်မှတ်လည်း သိပ်တော့ ထူးဆန်းသည့်အဖြစ်တော့မဟုတ်ပေ။ သူကိုယ်တိုင်လည်း ကျန်းယွီသော်ကို "တိုက်ခန်းပိုင်ရှင်" အဖြစ်သာ သတ်မှတ်ခဲ့သည်။ အရမ်းမရင်းနှီးသည့် အသိမိတ်ဆွေတစ်ယောက်သာ...။

သို့သော် ဘာကြောင့်မှန်းမသိ ချန်ခေါ့သည် တစ်ခုခုကို ဆုံးရှုံးလိုက်ရသလို လစ်ဟာမှုတစ်မျိုးကို ခံစားရသည်။

ဖြစ်နိုင်တာကတော့ သူ့အတွက် သူငယ်ချင်းဆိုသည်မှာ လွယ်လွယ်ကူကူနှင့် ဖြစ်လာခဲ့ကြ၍ ဖြစ်လိမ့်မည်။ အရင်တုန်းက စည်းချက်နှင့်နှုန်းအတိုင်းဆိုပါက သူနှင့်ကျန်းယွီသော်တို့ ယခုလိုဆက်ဆံရေးမှာ "သူငယ်ချင်း" ဟူသော အခေါ်အဝေါ်ကို သုံးစွဲ၍ ရနေပြီဖြစ်သည်။

သို့တည်းမဟုတ် သူ့အတွက် သူငယ်ချင်းဆိုသည်မှာ လေးလေးနက်နက်မရှိကြလို့လည်း ဖြစ်မည်ထင်သည်။ သွားမယ်ဆိုတာနှင့် ပျောက်ကွယ်သွားကြသည်။ မိမိရင်ဆိုင်နေရသော လက်ရှိဘဝ၏ ဘာမှမရှိသော လစ်ဟာမှုကို အသားမကျနေသောကြောင့် ဘယ် "သူငယ်ချင်း" တစ်ယောက်ကိုမဆို ဖမ်းဆုပ်ထားချင်စိတ်ကြောင့် ဖြစ်လိမ့်မည်။

.

"ငါထင်လိုက်တာက ... ..."

ချန်ခေါ့မှာ စိတ်ထဲကစကားများကို မထိန်းနိုင်ဘဲ ပြောထွက်မိမတတ်ဖြစ်ပြီးတော့မှ သတိဝင်လာပြီး ချက်ချင်းရပ်လိုက်သည်။ သူဘယ်တုန်းကစပြီး ဒီလိုကိစ္စလေးနဲ့ ဒီလိုအခြေအနေအထိ စိတ်ဓါတ်ကျသွားတတ်ရတာလဲ...။

ကျန်းယွီသော်တစ်ယောက်လေးပဲ မဟုတ်ဘူးလား...။ သူငယ်ချင်းမဟုတ်တော့ရော ဘာအရေးလဲ...။ အရင်တုန်းကအနေအထားနှင့်ဆိုလျှင်လည်း ဒီလိုလူမျိုးနှင့် သူငယ်ချင်းဖြစ်ဖို့ ဘယ်လိုမှမဖြစ်နိုင်ချေ။ အပေါ်ယံသူငယ်ချင်းတောင်မှ မဖြစ်နိုင်ပေ။

"ကျွန်တော်ဘယ်သူ့ကိုမှ လွယ်လွယ်နဲ့ သူငယ်ချင်းလို့ မသတ်မှတ်တတ်ဘူး။ ကျွန်တော်တို့ကောင်တွေက လမ်းပေါ်မှာ ကျင်လည်နေရတဲ့ကောင်တွေ။ ခင်ဗျားတို့လို သခင်လေးတွေနဲ့မတူဘူ။ ကျွန်တော်တို့ဆီမှာ သူငယ်ချင်းဆိုတာက ... ..."

ကျန်းယွီသော်က စားပွဲကို လက်ချောင်းထိပ်များနှင့် ခေါက်လိုက်သည်။

"အရမ်းလေးနက်တယ်"

"နားမလည်ဘူးပါဘူးကွာ။ ငါ့မှာ သူငယ်ချင်းမရှိဘူး"

ချန်ခေါ့က အရက်တစ်ငုံသောက်လိုက်သည်။ အမဲခြောက်တစ်တုံးကို ယူပြီး စိမ်ပြေနပြေ ကိုက်ဝါးနေသည်။ ကျန်းယွီသော်၏ အကင်းပါးမှုနှင့် ထက်မြက်မှုမှာ လက်ဖျားခါလောက်စရာဖြစ်သည်။

သို့သော် ထိုအကင်းပါးမှုကို ထူးခြားဆန်းပြားသော နေရာတွင်သာ အသုံးများလေ့ရှိသည်။

.

"သူငယ်ချင်းမရှိတာလည်း ထူးဆန်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ကျွန်တော့် စံနှုန်းအတိုင်းဆိုရင် တစ်သက်တာမှာ သူငယ်ချင်းများများစားစားရှိဖို့ မလွယ်ဘူး"

"မင်းနဲ့ ချန်ချင့်လိုမျိုးလား"

"အဲဒီကောင်က စောက်ရူး။ ကျွန်တော်နေ့တိုင်း သူ့ကို ရိုက်သတ်ပစ်ချင်နေတာ"

ချန်ခေါ့ ရယ်လိုက်သည်။ ဒါမှ သူငယ်ချင်းတွေ မဟုတ်ဘူးလား...။

ကျန်းယွီသော်က ချန်ခေါ့၏ပန်းကန်းလုံးထဲသို့ အရက်ထပ်ဖြည့်ပေးလိုက်သည်။

"ဟိုရက်တုန်းက ခင်ဗျားနဲ့အတူ ဟော့ပေါ့လာစားတဲ့ ရွှီတင်းလား အဲဒီတစ်ယောက်ရော။ သူငယ်ချင်းလို့ပြောလို့ရလား"

"အရင်တုန်းက ငါသူနဲ့သိပ်မခင်ဘူး။ အလုပ်ကိစ္စနဲ့မဟုတ်တဲ့ တခြားအချိန်တွေမှာ သူနဲ့ တစ်ခါမှတောင် သီးသန့် ထမင်းမစားဖူးဘူး"

ကျန်းယွီသော်က ခေါင်းတစ်ချက်ဆတ်လိုက်ပြီး ထိုင်ခုံအနောက်ကို မှီရင်း ခုံကို ဖြည်းဖြည်းချင်း လှုပ်ယမ်းလိုက်သည်။

"ခင်ဗျားရဲ့ အဲဒီ "အရင်တုန်းက" ဆိုတာ ဘယ်လိုမျိုးလဲ"

"ဘယ်လိုရှင်းပြရမလဲတောင်မသိတော့ဘူး။ မိုးလင်းမိုးချုပ် မင်းဆီ ငါဖုန်းဆက်ပြီး မေးမေးနေရတဲ့ ကိစ္စတွေကိုပဲ ကြည့်တော့"

ချန်ခေါ့က အရက်တစ်ငုံသောက်လိုက်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။

"အိမ်မှုကိစ္စတွေက ပုံမှန်လုပ်ကျင့်မရှိရင် မလုပ်တတ်ကြဘူး။ ဒီလိုလူတွေမှ အများကြီးပဲ။ ခင်ဗျားတစ်ယောက်တည်းမဟုတ်ဘူး"

"မတူဘူး။ ငါအခု ရှေ့လျှောက် ဘာဆက်လုပ်ရမှန်းတောင်မသိနေဘူး"

ချန်ခေါ့သည် အိတ်ကပ်ထဲမှ ပြားနေအောင် အဖိခံထားရသော ဆေးလိပ်ဘူးကို ယူထုတ်ပြီး စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။

"ရှေ့လျှောက်လုပ်မယ့်ဟာလား။ အရက်သောက်ပြီး အသားစားလေ"

ကျန်းယွီသော်က မိမိပန်းကန်လုံးနှင့် ချန်ခေ့ါ၏ ပန်းကန်လုံးအား တစ်ချက်ထိတိုက်လိုက်သည်။ ချန်ခေါ့က ရယ်လိုက်ပြီး လက်ချောင်းဖြင့် ပန်းကန်လုံးကို ခပ်ဖြည်းဖြည်း တောက်လိုက်သည်။

"ဒီအသက်အရွယ်အထိ ငါအလေလိုက်ပြီး ပေါ့ပေ့ါပါးပါး နေခဲ့တာချည်းပဲ။ ဘာလုပ်ရမလဲ ဒါမှမဟုတ် ဘာလုပ်ချင်လဲ ဆိုတာကို တစ်ခါမှမစဉ်းစားဖူးဘူး။ ငါက အိမ်ပေါ်ကနေ ငါ့အဖေနှင်ချခံလိုက်ရတာ"

ကျန်းယွီသော်၏လှုပ်ရှားမှုက ခေတ္တမျှ ရပ်တန့်သွားပြီး အရက်ကို နှစ်ငုံလောက်သောက်လိုက်ပြီး ထိုင်ခုံအနောက်ကို မှီလိုက်သည်။

"ကျွန်တော်က ခင်ဗျားညီ နှင်ထုတ်လိုက်တာလို့ ထင်နေခဲ့တာ"

ချန်ခေါ့က ဘာမှမပြောဘဲ ပန်းကန်လုံးကို ကျန်းယွီသော်ဆီသို့ မြှောက်ပြလိုက်ပြီး တစ်ဝက်ခန့် မော့ချလိုက်သည်။

.

"ပွဲစားပြောတော့ ခင်ဗျားက အနုပညာသမားဆို။ ဘာအနုပညာတွေ လုပ်တာလဲ"

"ပွဲစားစကားကိုလည်း မင်းယုံတာပဲလား"

ချန်ခေါ့က ရယ်လိုက်သည်။

"ပုံမှန်ဆို သူတို့က ချဲ့ကားပြီး ပြောတတ်တာပဲ။ ဒါပေမဲ့ အရမ်းတော့ ဇာတ်လမ်းတွေ လျှောက်မဖန်တီးကြပါဘူး။ ခင်ဗျားဆီမှာလည်း သူချဲ့ကားပြောဖို့ တစ်ခုခုတော့ ရှိနေမှာပေါ့။ အဲဒါက ဘာလဲ"

ချန်ခေါ့က သက်ပြင်းချလိုက်သည်။

"သူင့ါကို ဘာအလုပ်လုပ်လဲ မေးတော့ အလုပ်လက်မဲ့ဆိုပြီး ပြောလို့မကောင်းတတ်တာနဲ့ သဲပန်းချီဆွဲတယ်လို့ ပြောလိုက်တာ"

"သဲပန်းချီကဘာလဲ"

"သဲပွင့်တွေနဲ့ ပန်းချီဆွဲတာ။ သဲကိုဖြူးပြီး လက်နဲ့ ဟိုခြစ်ဒီခြစ်လုပ်တာ"

ချန်ခေါ့က စားပွဲပေါ်တွင် ခြစ်ပြပြီး ကျန်းယွီသော်နားလည်အောင် ရှင်းပြလိုက်သည်။

"ဪ"

ကျန်းယွီသော်က စီးကရက်ကိုခဲရင်း ချန်ခေါ့ကို စိုက်ကြည့်လိုက်သည်။

ခေတ္တမျှကြည့်လိုက်ပြီးနောက် ကျန်းယွီသော်သည် မတ်တတ်ထရပ်လိုက်ပြီး မီးဖိုချောင်ဘက်သို့ လှည့်ဝင်သွားသည်။

ချန်ခေါ့သည် စီးကရက်ကို လက်ချောင်းနှင့် ယူလိုက်ပြီး အရက်တစ်ငုံသောက်လိုက်ကာ ထိုင်ခုံနောက်မှီကို မှီလိုက်ပြီး ခေါင်းကိုလည်း လှန်မော့လိုက်သည်။

ဤအရက်သည် သိပ်မဆိုးလှ။ ပုံမှန် သူနှစ်ဝိုင်းဆက်တိုက်သောက်လိုက်လျှင် ယခုအချိန်တွင် သူနေထိုင်ရခက်နေပြီဖြစ်သော်လည်း လောလောဆယ်တွင် အနည်းငယ်မူးနေသည်မှလွှဲလျှင် တခြားဘာမှမဖြစ်နေပေ။

ခေါင်းကို မော့လှန်လိုက်ချိန်တွင် လေထဲလွင့်ပါးနေသလို ခပ်ဖြည်းဖြည်းလှုပ်ယမ်းနေသည့်ခံစားချက်မှာ လူကို စိတ်ပြေလျော့စေပြီး အေးချမ်းစေသည်။

.

ကျန်းယွီသော်တစ်ယောက် မီးဖိုချောင်မှ ထွက်လာသောအခါ အမျိုးအမည်မသိသော အိတ်တစ်အိတ်ပါလာပြီး စားပွဲပေါ် ပစ်တင်လိုက်သည်။

ချန်ခေါ့သည် မျက်ခုံးကို တွန့်ချိုးလိုက်ကာ ကျန်းယွီသော်က နောက်ထပ် စားစရာတစ်ခုခုယူလာသည်အထင်နှင့် သေချာမြင်အောင် ကြည့်နေသည်။ သို့သော် အားနည်းမှိန်ဖျော့နေသော အလင်းရောင်အောက်တွင် တွေ့လိုက်ရသည်မှာ စားပွဲပေါ်ပစ်တင်လိုက်သည့်ပစ္စည်းမှာ မဖောက်ရသေးသော အထုပ်တစ်ထုပ်ဖြစ်သည်။ ကြည့်ရတာကတော့ ... ...

"ကျွန်တော့်ကို ဆွဲပြ"

"ဘာကိုတုန်း"

ချန်ခေါ့မှာ ကြောင်တောင်တောင်ဖြစ်နေသည်။

ကျန်းယွီသော်က အဆိုပါအထုပ်ကို ညွှန်ပြရင်း ပြောလိုက်သည်။

"သဲပန်းချီလေ။ ဒါက ဆား"

"ဆားနဲ့ ငါ့ကို သဲပန်းချီဆွဲခိုင်းနေတာလား"

ချန်ခေါ့သည် လက်ဆန့်ပြီး အထုပ်ကို စမ်းဆိတ်ကြည့်သည်။ တကယ်ပဲ ဆားထုပ်ဖြစ်နေကာ အပွင့်အနည်းငယ်ကြီးသော ပင်လယ်ဆားထုပ်ဖြစ်သည်။

"သဲနဲ့ဆားက သိပ်မကွာဘူးမဟုတ်ဘူးလား"

"ဆားနဲ့ဆွဲတဲ့ပန်းချီကို ဆားပန်းချီလို့ခေါ်တယ်။ ဒီနှစ်ခုကမတူဘူး။ ပြီးတော့ မင်းဒီဆားပွင့်က ကြီးနေတယ် ... ..."

ချန်ခေါ့မှာ ကြိုးစားရှင်းပြနေသည်။

ကျန်းယွီသော်က ဘာမှမပြောဘဲ မီးဖိုချောင်ဘက်သို့ လှည့်ဝင်သွားပြန်သည်။

ချန်ခေါ့သည် စားပွဲပေါ်ကုန်းမှောက်လိုက်ပြီး သက်ပြင်းချလိုက်၏။

မီးဖိုချောင်ထဲမှ ကျန်းယွီသော်နောက်တစ်ခေါက် ထွက်လာချိန်တွင် နောက်ထပ်ဆားသုံးထုပ်ကို စားပွဲပေါ်ပစ်တင်လိုက်ပြန်ရာ ဆားထုပ်များမှာ ချန်ခေါ့၏နှာခေါင်းထိပ်နားတွင် ကွက်တိလာကျသည်။

"ကျန်းယွီသော် ... မဟုတ်ဘူး။ စန်းကော စန်းကော ... ကျွန်တော့်ကို မနှိပ်စက်လို့မရဘူးလား"

ချန်ခေါ့က ဆားထုပ်ကို ကိုင်ကြည့်ရာ ယခုဆားထုပ်များမှာ အပွင့်ပိုသေးသော ဆားများဖြစ်သွားသည်။

.

"ဆားတွေ ဒီလောက်အများကြီး ဝယ်ထားပြီး မင်းဘာလုပ်ဖို့လဲ"

ချန်ခေါ့က စိတ်ကုန်စွာ မေးလိုက်သည်။

"တစ်ရက်ရက်မှာ သဲပန်းချီဆရာတစ်ယောက်ရောက်လာပြီး ပုံဆွဲပေးဖို့ စောင့်နေတာလေ"

ကျန်းယွီသော်က ပြောပြီးနောက် ထိုင်ချလိုက်သည်။

"နောက်မှပေ့ါ။ ငါအခု ဆွဲချင်စိတ်မရှိဘူး။ နည်းနည်းမူးနေတယ်"

"မရဘူး။ အခုပဲ ဆွဲ"

ကျန်းယွီသော်မှာ စိတ်ပိုင်းဖြတ်ထားသည့်ပုံနှင့် ပြန်ဖြေသည်။

ချန်ခေါ့သည် ကျန်းယွီသော်ကို ခေါင်းမော့ကြည့်လိုက်သော်လည်း မျက်နှာအမူအရာကိုတော့ သေချာမမြင်ရပေ။

"ဘာဖြစ်ချင်နေလဲဟာ"

ကျန်းယွီသော်က စားပွဲကို ခပ်ဖြည်းဖြည်းနှင့် နှစ်ချက်မျှခေါက်လိုက်သည်။

"ဘာလို့လဲဆိုတော့ ... ခင်ဗျားကို မယုံလို့"

"ဟမ် ...."

ချန်ခေါ့မှာ ကျန်းယွီသော်ကို ငေးကြည့်နေဆဲဖြစ်သည်။

"စောက်ပေါက်ကရပြောပြီး လိမ်ဖို့မစဉ်းစားနဲ့။ အခုချက်ချင်း ပုံဆွဲ။ မဆွဲတတ်ရင် ဒီတံခါးကနေ ထွက်သွားဖို့ လုံးဝစိတ်မကူးနဲ့။ မဆွဲရင်လည်း ထွက်ဖို့ မစဉ်းစားနဲ့"

ကျန်းယွီသော်၏ လေသံက အနည်းငယ်အေးစက်လာသည်။

ချန်ခေါ့သည် ကျန်းယွီသော်၏ ယခုကဲ့သို့သော နွေးထွေးလိုက် အေးစက်လိုက် အကျင့်စရိုက်ကို နေသားကျနေပြီဖြစ်ကာ အံ့တောင် မအံ့သြတော့ပေ။ ယခုမူ အနည်းငယ် မူးဝေနေသောကြောင့် သူ မကျေမနပ်တော့ ဖြစ်မိသည်။

အခြေခံအကျဆုံး ယဉ်ကျေးမှုနှင့် သိတတ်တောင်မှုတောင်မရှိဘဲ သူ့ကို ညသန်းခေါင်အချိန် သဲပန်းချီအတင်းထဆွဲခိုင်း၍ မကျေမနပ်ဖြစ်ခြင်းမဟုတ်ဘဲ သူ သဲပန်းချီဆွဲတတ်သည်ကို ကျန်းယွီသော်မယုံကြည်သောကြောင့် မခံမရပ်နိုင်ဖြစ်နေခြင်းဖြစ်သည်။

သူ့မိသားစုက သူ့ကို လွှတ်ထားပြီး သဲပန်းချီဆွဲခြင်းကိုလည်း ဘာအရည်အချင်းမှမရှိဘဲ ပျင်း၍ လျှောက်ဆော့နေသည်ဟု သဘောထားကြသော်လည်း သူ၏စွမ်းရည်နှင့် အရည်အချင်းဘယ်လောက်ရှိသည်ကို သူကိုယ်တိုင် နားလည်သည်။ မဟုတ်လျှင် ရွှီတင်းလည်း လျိုထျန်းချန်မှတဆင့် သူ့ကို မိတ်ဆက်ခိုင်းကာ အလုပ်တွဲလုပ်ရန် ဖိတ်ခေါ်မည်မဟုတ်ပေ။

သဲပန်းချီမှာ သူ၏ အသုံးမကျသော အမှိုက်သာသာဘဝတွင် တစ်ခုတည်းသော အလင်းရောင်အစက်ကလေးဖြစ်သည်။ သူကိုယ်တိုင်က ဤသဲပန်းချီဆွဲခြင်းကို အလေးအနက်မထားခဲ့မိသော်လည်း သဲပန်းချီအတတ်မှာ သူ တန်ဖိုးမဲ့ အမှိုက်သရိုက်လုံးလုံးမဖြစ်အောင် ကယ်တင်ထားသော တောက်ပသည့်အစက်ကလေးဖြစ်သည်။

.

"မီးဖွင့်လိုက်"

ချန်ခေါ့က ထရပ်လိုက်ပြီး စားပွဲကို လက်နှင့်စမ်းသပ်လိုက်သည်။ စားပွဲမှာ အတော် ချောမွေ့သည်။

ကျန်းယွီသော်က ရပ်လိုက်ပြီး မီးသွားဖွင့်ပေးလိုက်သည်။

ရုတ်တရက်ထွန်းတောက်လာသော မီးအလင်းရောင်ကြောင့် ချန်ခေါ့မှာ ခေတ္တမျှ ဇဝေဇဝါဖြစ်သွားသည်။ အတိတ်တုန်းကစိတ်နှင့်ဆိုလျှင် သူသည် ဤကဲ့သို့သော အဖြစ်မျိုးကို ရယ်မောပြီးတော့သာ ဒီအတိုင်း ကျော်သွားဖြစ်လိမ့်မည်။ သူ့ဘာသာသူ ဘယ်လောက်ပဲ အသုံးမကျအောင် နေထိုင်ခဲ့ပါစေ၊ ၈ နှင့် ၈ မြှောက်လျှင် ၆၄ ရမှန်း အလီမသိသူ၏ အသိအမှတ်မပြုမှုကြောင့်တော့ သူစိတ်မဆိုးချင်တော့ချေ။

ဒီနေ့တွင် အရက်ကို နှစ်ခါပြန်သောက်လိုက်တာကြောင့်လည်းဖြစ်လိမ့်မည်။

သူသည် ကျန်းယွီသော်ဘက်သို့ တစ်ချက်ဝေ့ကြည့်လိုက်သည်။

"အဝတ် ဝတ်လိုက်"

"ခင်ဗျားဆွဲစရာရှိတာဆွဲ။ ကျွန်တော်အင်္ကျီ ဝတ်မဝတ်က ခင်ဗျားအပူပါလား"

ကျန်းယွီသော်မှာ ရပ်မြဲတိုင်းရပ်နေပြီး လှုပ်တောင်မလှုပ်ဘဲ မျက်ခုံးကို တွန့်ချိုးထားသည်။

"ဒါက လူအချင်းချင်းကြားက အနိမ့်ဆုံးလေးစားမှုပဲ။ မင်းစောက်အင်္ကျီကို ဝတ်မှာလား မဝတ်ဘူးလား"

ချန်ခေါ့က လက်ကို စားပွဲပေါ်တွင် ထောက်ထားပြီး မလှုပ်မရှားရပ်နေသော ကျန်းယွီသော်ကိုကြည့်ပြီး အသံကိုမြှင့်ကာ အော်ပြောလိုက်သည်။

"လခွမ်း။ အင်္ကျီသွားဝတ်လိုက်လို့ ပန်းချီကို မဆွဲတတ်ရဲ မဆွဲတတ်ကြည့် ... ခင်ဗျားဘောင်းဘီကို ချက်ချင်းချွတ်ပြီး တက်လုပ်ပစ်မယ်"

ကျန်းယွီသော်မှာ ချန်ခေ့ါ၏အော်သံကြောင့် အနည်းငယ်လန့်သွားပြီး ချန်ခေါ့ကို ခေတ္တမျှစိုက်ကြည့်ပြီး အိပ်ခန်းထဲသို့ လှည့်ဝင်သွားသည်။

"တကယ်လို့ ငါဆွဲတတ်နေရင်ရော"

ချန်ခေါ့မှာ အရက်ရှိန်ကြောင့် ကျန်းယွီသော်၏အမျိုးမျိုးပြောင်းလဲနေသောအကျင့်ကို ဂရုမစိုက်ဘဲ နေနိုင်နေပြီဖြစ်သည်။ သို့နှင့်သူသည် ဆားတစ်ထုပ်ကို ပျင်းရိပျင်းတွဲယူလိုက်ပြီး ဖွင့်ဖောက်လိုက်ကာ ဆားအနည်းငယ်ကို လက်ချောင်းနှင့်ညှပ်ပြီးယူလိုက်သည်။ လက်ချောင်းထိပ်တွင် ဆားပွင့်တို့ကို ဖိချေလိုက်သည်။

အခန်းတွင်းမှ ကျန်းယွီသော်၏အသံထွက်လာသည်။

"အခန်းငှားခ သုံးလစာလျှော်ပေးမယ်"

"အဲဒီလောက်ငွေပမာဏက ငါ့မှာလည်း မရှားနေဘူး"

ချန်ခေါ့က စားပွဲပေါ်ရှိ ပစ္စည်းများကို ဆက်တီစားပွဲပေါ်တင်လိုက်သည်။ ထမင်းစားပွဲမှာ အမည်းရောင် မှန်စားပွဲဖြစ်သည်။ သဲပန်းချီဆွဲရန် အလွန်သင့်တော်သည်။

"လေကြီးလှချည်လား"

"စောက်ပိုတွေ မပြောနေနဲ့။ ငါမဆွဲတတ်ရင် မင်းတက်လုပ်တာခံရမှာလေ။ ငါဆွဲတတ်ရင် အခန်းလခ ၃ လစာကို လျှော့ပေးမှာဆိုတာက နည်းနည်းလေးမမျှတဘူး မဟုတ်လား"

"ဟုတ်ပြီလေ။ ကျွန်တော့်ကိုခင်ဗျား ဒီလောက်တောင်တက်လုပ်ချင်နေမှတော့ အဲဒီအတိုင်းပဲ ထားလိုက်ပါတော့မယ်"

ကျန်းယွီသော်က အားကစားဘောင်းဘီတစ်ထည်ဝတ်ပြီး ခပ်ဖြည်းဖြည်းထွက်လာသည်။

ချန်ခေါ့က ရယ်လိုက်ပြီး ဘာစကားမှ မပြောတော့ပေ။

တကယ်တော့ သူ့အတွက် ဘာအလောင်းအထပ်မှ မလိုအပ်ပေ။ အထူးသဖြင့် သူနှင့် လျိုထျန်းချန်တို့တစ်သိုက် ပါးစပ်ဟလိုက်သည်နှင့် အမျိုးပေါင်း ၂၅၀ ခန့် လျှောက်ပြောနိုင်သော ယခုကဲ့သို့ အရူးချီးပန်း အလောင်းအစားမျိုးဆိုလျှင် ပို၍တောင် မလိုအပ်ပေ။

.

"ဘာပုံဆွဲပေးရမလဲ"

ချန်ခေါ့သည် ဆားထုပ်ထဲမှ ဆားလက်တစ်ဆုပ်စာ ယူလိုက်ပြီး စားပွဲပေါ်သို့ ဖြည်းဖြည်းချင်း ကျဲချလိုက်သည်။ အမည်းရောင်စားပွဲမျက်နှာပြင် ခဏလေးအတွင်းတွင် အဖြူရောင် အလွှာတစ်ထပ် ဖုံးလွှမ်းသွားသည်။

"ကျွန်တော့်ပုံ"

ကျန်းယွီသော်သည် ချန်ခေါ့၏ ဆားဖြူးလိုက်သည့် ပထမဆုံး လှုပ်ရှားမှုနှင့်ဟန်ပန်ကိုကြည့်ပြီး ချန်ခေါ့ လိမ်နေခြင်းမဟုတ်ကြောင်း သဘောပေါက်သွားသည်။

ချန်ခေါ့ကဲ့သို့ အိမ်မှုကိစ္စနှင့်ပတ်သက်လျှင် လုံးဝအသုံးမကျသည့်သူသည် ရေထည့်လျှင်တောင် အသုံးပြုသည့်လက်မှားနေသည်ဟု ဘေးလူများကို ထင်စေနိုင်သော စွမ်းရည်ရှိသူဖြစ်သည်။ သို့သော် ဆားဖြူးလိုက်သည့် ဟန်ပန်မှာ ကျွမ်းကျင်ပြီး ကြည့်ကောင်းသည်။ ဤကဲ့သို့သော ရေစီးကဲ့သို့ ချောမွေ့မှုနှင့် လုပ်ဆောင်ချက်ကို ကြည့်ခြင်းအားဖြင့် သဲပန်းချီကို နားမလည်သည့်သူတောင် တစ်ချက်တည်းကြည့်ရုံဖြင့် အနည်းဆုံးသုံးနှစ်နှင့်အထက် လေ့ကျင့်ထားသည့်အတွေ့အကြုံဖြစ်မှန်း သိနိုင်သည်။

ချန်ခေါ့က ခေါင်းမော့ကာ ကျန်းယွီသော်အား ကြည့်လိုက်သည်။

"မင်းပုံလား"

"ဘာလဲ။ ကျွန်တော့်ရဲ့ ရှုပ်ထွေးတဲ့ ခန့်ညားမှုကို မဆွဲတတ်ဘူးလား"

ကျန်းယွီသော်လည်း သူ့ကိုကြည့်နေသည်။

"မြောင်ကိုပဲ အရင်ဆွဲလိုက်ရအောင်။ ငါဒါတွေမထိဖြစ်တာ တစ်လကျော်သွားပြီ။ လက်ရည်ကျပြီး တောင့်တောင့်ကြီးဖြစ်နေတယ်"

ကျန်းယွီသော်က အင်း ဟုပြောကာ ချန်ခေါ့၏ လက်ချောင်းထိပ်ကို စိုက်ကြည့်နေသည်။

ပထမဆုံး စက်ဝန်းပြတ် မျဉ်းကွေး အခုံးတစ်ခုကို ဆွဲလိုက်ပြီးနောက် ချန်ခေါ့က ခဏခန့် ရပ်လိုက်သည်။ ထို့နောက် ဒုတိယမျဉ်း တတိယမျဉ်းတို့ကို ဆက်ဆွဲသည်။ ဤကဲ့သို့ လက်ချောင်းဖြင့် ခြစ်ရာ တစ်ချက်နှစ်ချက် ဆွဲရုံနှင့် ကြောင်တစ်ကောင်၏ပုံကြမ်း ထွက်ပေါ်လာသည်ကို ကျန်းယွီသော်တစ်ယောက် အံ့သြစွာ တွေ့လိုက်ရသည်။

ချန်ခေါ့က လက်ချောင်းများနှင့် ဆားအနည်းငယ်ကို ထပ်ယူလိုက်ပြီး ကြောင်ခေါင်းအနားတွင် ရစ်ပတ်ကာ နည်းနည်းချင်းစီ ဖြူးနေသည်။ စက်ဝိုင်းပြတ်အလယ်တွင် အဝိုင်းပုံ အစက်ကလေးတစ်ခု ပေါ်လာသည်။ ချန်ခေါ့လက်ထဲမှ ဆားပွင့်များ ဘယ်လိုကျလာသည်ကိုတောင် ကျန်းယွီသော် သေချာမမြင်လိုက်ရပေ။

ထို့နောက် ဆက်ဆွဲသော အဆင့်များမှာ ကျန်းယွီသော်အတွက် "အဆင့်" ဟုတောင် မခေါ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူသေချာမမြင်လိုက်ရ၍ဖြစ်သည်။ သူသေချာမြင်လိုက်သည်မှာ ချန်ခေါ့က ဆားထုပ်ထဲမှ ဆားများကို ယူထုတ်ခြင်းဖြစ်သည်။ ဆက်လက်ပြီး လက်ချောင်းထိပ်ဖြင့် ဖျက်ပစ်လိုက်သော အဖြူကွက် သို့မဟုတ် အဖြူရောင်မျဉ်းကြောင်းတစ်ခု လင်းထွက်လာခြင်း တို့ကိုသာ တွေ့နေရသည်။

ချန်ခေါ့၏ လက်ချောင်းဖျားအောက်မှ တဖြည်းဖြည်းနှင့် မြောင်၏ ရုပ်ပုံပေါ်ထွက်လာသည်။ အဖြူအမည်းနှစ်ရောင်သာရှိသော်လည်း မျဉ်းကြောင်းများမှာ ရိုးရှင်းပြီး ရုပ်ပုံလည်း မြောင်နှင့် အလွန်ဆင်တူသည်။ ဘယ်နားကဆင်တူနေမှန်း သူမပြောတတ်သော်လည်း ကြည့်လိုက်သည်နှင့် မြောင်မှန်းသိသာလောက်အောင် ဆင်တူသည်။

ချန်ခေါ့က နောက်ဆုံး စုတ်ချက်ဖြစ်သော မြောင်၏ နှုတ်ခမ်းမွှေးကိုဆွဲလိုက်ပြီးနောက် လက်နှစ်ဖက်ကို ရိုက်ခါလိုက်ပြီး ကျန်းယွီသော်အား ခေါင်းမော့ကြည့်လိုက်သည်။

"ဒီလောက်ဆိုရင် ဆွဲတတ်တယ်လို့ ပြောလို့ရလား"

"ရတယ်"

ကျန်းယွီသော်က ခေါင်းပါ ညိတ်ပြလိုက်သည်။

ချန်ခေါ့က စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး မီးခိုးများကို မှုတ်ထုတ်လိုက်သည်။

"ဟုတ်ပြီ။ ဒါဆို မင်းကိုငါတက်လုပ်လို့ရပြီလား"

***

(ဆက်ရန်)

18 Jan 2021

Weiterlesen

Das wird dir gefallen

371K 68K 153
chapter 141 က စပါမယ်နော်..
16.6K 1.4K 45
We're fated to meet no matter what, if sooner or later 🍂 Original Author: Shui Ru Tian Er English Translator: mianmian2020 Status: 131 chapters (co...
68.7K 11K 152
Official English Title (Global Examination) mostly known as Global University Entrance Examination_GUEE တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲလို့ခေါ်တဲ့ syste...
147K 4.1K 40
Sakura is being abused by someone she is close to. Kakashi helps her but how will this effect their relationship?