နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

Lazy_Little_Meow tarafından

158K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... Daha Fazla

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [96]

680 90 2
Lazy_Little_Meow tarafından

Translated by Melinoe_Megami

[Unicode]

အခန်း - (၉၆)

“မစ်နဉ်.. ထိုင်ပါ..” ခေါင်းဆောင်လီက တစ်ခါသုံးခွက်ထဲ ရေထည့်ပြီး နဉ်ရှီ၏ရှေ့တွင် ချပေးသည်။ နဉ်ရှီ၏ မျက်လုံးများက ဖောင်းအစ်နေပြီး မိတ်ကပ်အနည်းငယ် ကွက်နေကြောင်း သူ သတိပြုမိလိုက်၏။ သူမက မျက်နှာပေါ်တွင် မည်သည့်အရိပ်အယောင်မျှ မဖော်ပြသော်လည်း လက်ဆွဲနှုတ်ဆက်လိုက်စဉ် စိတ်အခြေအနေမကောင်းကြောင်း သိသာနေသည်။

“ကျေးဇူးတင်ပါတယ်..” နဉ်ရှီက ရေတစ်ငုံသောက်လိုက်သည်။ ရေက ခပ်နွေးနွေးလေးဖြစ်ပြီး တစ်ခါသုံးခွက်၏ စက္ကူအနံ့ပင် ရနေသေးသည်။ သို့သော် သူမက စိတ်ထဲမထားပေ။ “ခေါင်းဆောင်လီ.. အမှုရဲ့ဖြစ်စဉ်ကို သိခွင့်ရှိမလားဟင်..?”

ရက်စက်ကြမ်းကြုတ်လှပါသည်ဟူသော ဒုစရိုက်သမားများနှင့် ရင်ဆိုင်ရလျှင်ပင် ဘယ်သောအခါမှ မကြောက်ရွံ့ဖူးသော ခေါင်းဆောင်လီတစ်ယောက် သူ၏အရှေ့မှ လှပသိမ်မွေ့သော ရုပ်ရှင်မင်းသမီးလေးကိုကြည့်ပြီး အတန်ငယ် ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ သူက ဘေးမှာရပ်နေသည့် အရာရှိလျှိုကို နေရခက်စွာ လှည့်ကြည့်လိုက်မိရင်း အမှုအကြောင်း ရှင်းပြပေးရန် တာဝန်လွှဲလိုက်သည်။

အရာရှိလျှိုသည် သူ၏ရေခွက်ကို ဆုပ်ကိုင်ပြီး နဉ်ရှီအား နှစ်သိမ့်လိုသည့်အပြုံးမျိုးဖြင့် ကြည့်ကာ.. “မစ်နဉ်.. အမှုနဲ့ပတ်သက်ပြီး ဖြေရှင်းလို့မရသေးတဲ့ တချို့အချက်အလက်လေးတွေ ရှိနေပါသေးတယ်.. ဒါပေမဲ့ စိတ်မပူပါနဲ့.. ကျွန်တော်တို့ သံသယရှိတဲ့ ဘယ်သူ့ကိုမှ အလွတ်ပေးမှာမဟုတ်သလို အပြစ်မဲ့သူကိုလည်း ထိခိုက်အောင်မလုပ်ပါဘူး..”

လျော့လျော့ပေါ့ပေါ့ ပြောပေးလာသော စကားလုံးများကြောင့် နဉ်ရှီက ရေတစ်ငုံထပ်သောက်ကာ.. “အဲတာဆိုရင် ကျွန်မအမေကို နာကျင်အောင်လုပ်ခဲ့တာ ဘယ်သူတွေလဲ.. သိခွင့်ရမလား..?”

အရာရှိလျှိုက လက်ချောင်းများကို ယှက်လိုက်ရင်း အတော်ကြာအောင် တုန့်ဆိုင်းနေသည်။ ပြီးမှ ပြန်ဖြေခဲ့သည်။ “ရတာပေါ့.. သိခွင့်ရှိပါတယ်..” သူက အံဆွဲတစ်ခုကို ဆွဲဖွင့်ကာ အပေါ်ဆုံးမှ A4 တစ်ရွက် ထုတ်ယူလိုက်သည်။ ကြိုတင်ပြင်ဆင်ထားသော သက်သေအချက်အလက်များပင်။ “သံသယရှိသူတွေရဲ့ အသေးစိတ်အချက်အလက်ကို ဒီမှာ ရေးထားပါတယ်.. မစ်နဉ် တစ်ချက်လောက် ကြည့်ပေးပါ..”

နဉ်ရှီသည် ရဲစခန်းတွင် အမှုမဖွင့်ခင်ကတည်းက ဤအမှုက နဉ်မိသားစုနှင့်ပတ်သက်နေလိမ့်မည်ဟု ခန့်မှန်းထားမိသော်ငြား စာရွက်ကို ဖတ်ကြည့်ပြီးနောက် လူသတ်ချင်လာသည်အထိ ဒေါသထွက်လာရသည်။

သူတို့ခြောက်ယောက်… တကယ့်ကို သူတို့ခြောက်ယောက်ပဲ..!

သူမ၏အဖေ သက်ရှိထင်ရှားရှိစဉ်က သူမ၏အမေသည် အဖေဘက်မှ အဘိုးအဘွားများကို မိဘအရင်းသဖွယ် ပြုစုစောင့်ရှောက်ပေးခဲ့သည်။ အဖေ့ဘက်မှ မောင်နှမသားချင်းများကိုလည်း ဂရုစိုက်ပေးသည်။ သူမတို့မိသားစုက စီးပွားရေး ပြေလည်သဖြင့် တခြားမိသားစုဝင်များ အဆင်မပြေဖြစ်လျှင် အမြဲတမ်း ရှေ့ထွက်ကာ ကူညီပေးခဲ့သည်ချည်း။

သို့တိုင် ထိုလူများက သူမ၏အမေကို မည်သို့မည်ပုံ ဆက်ဆံခဲ့သနည်း။

သူမ၏အဖေ မတော်တဆမှုကြောင့် ကွယ်လွန်သွားချိန်တွင် ထိုလူများက သူမတို့မိသားစုပိုင် အိမ်နှစ်လုံး၊ အဖေ့ဘဝနှင့် ရင်းခဲ့ရသော လျော်ကြေးငွေများကို လိုချင်မက်မောလာကြသည်။ နောက်ဆုံးတွင် ထိုငွေကြေးဥစ္စာများအတွက် သူမ၏အမေကိုပင် သေစေခဲ့သည်။ ထိုလူများကို ဆွေမျိုးဟူ၍ ခေါ်ဆိုနိုင်ပါဦးမည်လော။ တကယ့်ကို ဂုတ်သွေးစုပ်မကောင်းဆိုးဝါးများပင်။

သူမအမေ မြေပြင်ပေါ်သို့ ပြုတ်ကျလာသည့် မြင်ကွင်း၊ နေရာအနှံ့ သွေးအစအနများ ပြန့်ကျဲသွားသော မြင်ကွင်းကို ပြန်မြင်ယောင်လာမိရင်း နဉ်ရှီခမျာ ရင်ဘတ်အောင့်လာပြီး အသက်ပင် မရှူနိုင်တော့ချေ။

“မစ်နဉ်..?!” အရာရှိလျှိုက နဉ်ရှီ၏မျက်နှာ သွေးရောင်ပျောက်သွားသည်ကို သတိပြုမိလိုက်သဖြင့် ချက်ချင်း ရုံးခန်းတံခါးဖွင့်ပြီး အမျိုးသမီးရဲဝန်ထမ်းတစ်ဦးကို အမြန်လှမ်းခေါ်လိုက်သည်။

အမျိုးသမီးရဲဝန်ထမ်းလည်း အခန်းထဲ ချက်ချင်းဝင်လာပြီး နဉ်ရှီ၏ နောက်ကျောကို အသာပုတ်ပေးကာ စိတ်ရှည်လက်ရှည် နှစ်သိမ့်ပေးသည်။ “မစ်နဉ်.. စိတ်လျော့ထားနော်.. အသက်ပြင်းပြင်းရှူလိုက်… အသက်ပြင်းပြင်းရှူလိုက်..”

ရဲဝန်ထမ်းများအနေဖြင့် သေရေးရှင်ရေးကိစ္စများစွာ မြင်တွေ့ခဲ့ဖူးပါသည်။ တချို့က အမှန်တရား၏ရှေ့မှောက် မတုန်မလှုပ်ဖြစ်နေပြီး တချို့က ကိုယ်နှင့်မဆိုင်သလို ပြုမူနေတတ်သည်။ တချို့ဆိုလျှင် ဝမ်းနည်းထိတ်လန့်မှုကြောင့် ရှော့ရသွားရသည်အထိ။ သို့ဖြစ်ရာ နဉ်ရှီ၏ အခြေအနေက သူတို့အတွက်တော့ အသစ်အဆန်းမဟုတ်ပေ။

“ကျွန်မ အဆင်ပြေပါတယ်.. ကျေးဇူး..” နဉ်ရှီက မတ်တပ်ရပ်လိုက်ပြီး ခေါင်းဆောင်လီကို စူးစူးရဲရဲ စိုက်ကြည့်လာသည်။ “သူတို့နဲ့ တွေ့လို့ရလား..?”

ခေါင်းဆောင်လီသည် အတော်ကြာအောင် အသံတိတ်နေပြီးနောက် ခက်ခက်ခဲခဲ ပြောလိုက်သည်။ “တောင်းပန်ပါတယ်.. မစ်နဉ်..”

“နားလည်ပါပြီ..” နဉ်ရှီသည် နောက်လှည့်ပြီး အသိစိတ်မဲ့သူလို အခန်းထဲမှ ထွက်သွားတော့သည်။ ပတ်ဝန်းကျင်မှ ဆူညံသံများ၊ သူမဘေးမှ ဖြတ်လျှောက်သွားသူများကို အာရုံမရှိတော့။ ငယ်ဘဝ၏ ပျော်ရွှင်ဖွယ်အမှတ်တရများနှင့် နောက်ပိုင်း နာကျင်ဖွယ်ဖြစ်ရပ်များသည် အော်ပရာပြဇာတ်တစ်ခုနှယ်၊ သူမ၏စိတ်ထဲတွင် ထပ်တလဲလဲ ပြန်မြင်ယောင်လာမိ၏။ သို့သော် ခံစားချက်များကို ဖွင့်ထုတ်ရန် နည်းလမ်းမရှိခဲ့ပေ။

လွန်ခဲ့သောရှစ်နှစ်က ‘သတ်သေမှု’အတွက် သံသယတရားခံများ ဖမ်းမိထားပြီဖြစ်ကြောင်းကို တုန်းနန်ရဲစခန်းတစ်ခုလုံး သိထားကြသည်။ သို့ဖြစ်၍ ခေါင်းဆောင်လီ၏ ရုံးခန်းထဲမှ ဖြူဖတ်ဖြူရော်မျက်နှာနှင့် ဝိဉာဉ်မဲ့နေသူလို ထွက်လာသော နဉ်ရှီကို မြင်လိုက်ရသောအခါ သူတို့အားလုံး ကူကယ်ရာမဲ့နေသော မျက်ဝန်းများဖြင့်သာ ကြည့်နေမိတော့သည်။

ဤကား ကိုယ်ချင်းမစာ၍မဟုတ်။ ယခုလိုကိစ္စမျိုးတွင် ဘေးလူတစ်ယောက်အနေဖြင့် ဝင်ပြောခြင်းက အသုံးမဝင်မှန်း သိနေသောကြောင့် ဖြစ်သည်။

ရဲသားတစ်ဦးက နဉ်ရှီ၏ အခြေအနေကိုကြည့်ပြီး မတော်တဆဖြစ်မှာစိုး၍ အမျိုးသမီးရဲဝန်ထမ်းနှစ်ဦးကို တကူးတက နောက်မှ လိုက်သွားခိုင်းလိုက်သည်။ အနည်းဆုံး ကားပေါ်မရောက်ခင်အထိ လုံခြုံနေမှ ဖြစ်မည်။ သူမသည် နိုင်ငံကျော်မင်းသမီးတစ်ဦးဖြစ်၍ သူတို့ရဲစခန်းရှေ့မှာသာ တစ်ခုခုဖြစ်သွားလျှင် ရဲစခန်းတစ်ခုလုံး တံတွေးခွက်ထဲ ပက်လက်မျောရလိမ့်မည်။

“ရှီရှီ..”

“ရှောင်ရှီ..”

နဉ်ရှီသည် ရဲစခန်းအပြင်သို့ ရောက်ပြီး ကျန်းချင်းယွင် ကားရပ်ထားသည့်နေရာသို့ သွားရန်ပြင်လိုက်ချိန် သက်လတ်ပိုင်းအမျိုးသမီးနှစ်ယောက် သူမ၏ရှေ့တွင် ဒူးထောက်လာသည်ကို မြင်လိုက်ရသည်။ ထိုအချိန်လေးတွင် သတင်းထောက်များနှင့် လမ်းသွားလမ်းလာများလည်း ဖုန်းကိုကိုင်ကာ အနားကပ်လာကြတော့သည်။

နဉ်ရှီလည်း ဝမ်းနည်းပက်လက်ငိုကြွေးနေသော အမျိုးသမီးနှစ်ယောက်ကို ငုံ့ကြည့်လိုက်ရင်း သူတို့လက်မှ ရှောင်တိမ်းကာ တည်တည်ငြိမ်ငြိမ် ရယ်မောလိုက်သည်။ ထိုအမျိုးသမီးနှစ်ယောက် ဘယ်သူဘယ်ဝါဖြစ်ကြောင်း သူမ သိသည်။ တစ်ယောက်က အကြီးဆုံးဦးလေး၏ ဇနီးဖြစ်ပြီး နောက်တစ်ယောက်က ဒုတိယဦးလေး၏ ဇနီးဖြစ်သည်။ မတွေ့ဖြစ်တာ ရှစ်နှစ်ကြာခဲ့ပြီဖြစ်၍ ရုပ်ရင့်လာသော ထိုအမျိုးသမီးများကို ရုတ်တရက် မမှတ်မိလိုက်ခြင်းသာ။

ကိစ္စအားလုံး ဤအတိုင်းအတာထိ ရောက်လာပြီဖြစ်ရာ နဉ်ရှီလည်း အနှီဆွေမျိုးဟုခေါ်သော လူတစ်သိုက်ကို စကားများများစားစား မပြောချင်တော့ပေ။ သို့သော် ဤအမျိုးသမီးနှစ်ယောက်က အော်ဟစ်ငိုကြေးပြီး အားနည်းသည့်ဘက်ခြမ်းတွင် အတင်းအကျပ်နေရာယူကာ ဇာတ်ကွက်ဖန်တီးတော့မည်ဖြစ်ကြောင်း သိသာနေတော့သည်။

ထိုနှစ်ယောက်က အိမ်မှာကျန်နေသည့် သူတို့၏ကလေးများက အဖေလိုအပ်နေကြောင်း၊ သူတို့မိသားစု မည်မျှခက်ခဲနေကြောင်း၊ သူတို့၏ခင်ပွန်းသည်တွေလည်း ဤနှစ်များအတွင်း မည်မျှနောင်တရခဲ့ကြောင်း စသည်ဖြင့် တိုင်တည်ပြောဆိုနေကြတော့သည်။ ထိုစကားအားလုံး၏ ရည်ရွယ်ချက်ကား နဉ်ရှီထံမှ အမှုကျေအေးကြောင်း ရရှိရန်သာ။

သူမရှိနေသည့်နေရာကို သတင်းထောက်များ ချက်ချင်းသိပြီး သတင်းရယူရန် ရောက်လာကြသည်မှာ အံ့ဩစရာမရှိတော့။ ဤမိန်းမနှစ်ယောက်က သတင်းလွှင့်ထားတာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်သာ သူမကို လမ်းပိတ်ပြီး သနားစဖွယ်ဟန်ဆောင်ကာ လူအများ၏ သနားကြင်နာမှုကို ရယူရန် ကြိုးစားနေကြခြင်း ဖြစ်သည်။

‘ငါက အားနည်းလို့ ငါ့ဘက်မှာ တရားမျှတမှုရှိတယ်’ ဟူ၍ တရားဥပဒေအောက် ရှုမြင်ပေးလိမ့်မည်ဟု သူတို့က အမှန်တကယ် ထင်မြင်နေခြင်းလော။

မရေမတွက်နိုင်သော လက်ကိုင်ဖုန်း၊ ကင်မရာများရှေ့တွင် နဉ်ရှီ မျက်ရည်ကျလာခဲ့၏။ ထိုမိန်းမနှစ်ယောက်ကို တွန်းဖယ်ကာ ဝမ်းနည်းတကြီး ရှိုက်ငိုခဲ့သည်။ ကင်မရာမှကြည့်လျှင် သူမ၏မျက်နှာက ဖြူရော်နေပြီး မျက်ဝန်းများ ဖောင်းအစ်နေသည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေလိမ့်မည်။

“ရှင်တို့မိသားစုက ဆင်းရဲတယ်.. ကလေးတွေရဲ့ ကျန်းမာရေး၊ ပညာရေးအတွက် ပိုက်ဆံရှာရတာမလွယ်ဘူးလို့ ရှင်တို့ပြောတယ်နော်.. အဲတာဆို ရှင်တို့ အပြစ်လုပ်ခဲ့တဲ့လူက ကျွန်မအမေဆိုတာရော သတိရသေးရဲ့လား..?! အသက်တစ်ခုဆိုတာရော သိကြသေးရဲ့လား..?!”

“ကျွန်မမိဘတွေ သက်ရှိထင်ရှားရှိတုန်းက ရှင်တို့ကို မကူညီပေးခဲ့လို့လား..? ရှင်တို့ကို ငွေကြေးမထောက်ပံ့ဖူးလို့လား..?” နဉ်ရှီက အနီးဆုံးမှာရှိသည့် အမျိုးသမီးကို ဆုပ်ကိုင်လိုက်ပြီး အသံပြာသည်အထိ အော်တော့သည်။ “ရှင်တို့မှာ လူ့အသိရော ရှိသေးရဲ့လား..? ကျွန်မအမေက ရှင်တို့အပေါ် ဒီလောက်ကောင်းခဲ့တာတောင် ဘာလို့ သူ(မ)ကို သတ်ခဲ့တာလဲ..? ဘာလို့လဲ..?!”

ပြဿနာရှာရန် ရောက်လာသော အမျိုးသမီးနှစ်ယောက်လည်း နဉ်ရှီက ယခုလိုမျိုး ပြန်လည်တုံ့ပြန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ အစကတော့ နဉ်ရှီက နာမည်ကြီးဖြစ်၍ သတင်းထောက်များရှေ့တွင် ဆိုးဆိုးရွားရွား မပြုမူလောက်ဟု ထင်ထားကြသည်။ သို့သော် မထင်မှတ်ထားဘဲ သတင်းထောက်များနှင့် ဖြတ်သွားဖြတ်လာများရှေ့မှောက် ဂုဏ်ဣန္ဒြေကိုပင် မထိန်းသိမ်းတော့ပေ။

“ရှင်တို့လိုချင်တာ ပိုက်ဆံပဲမလား..?” နဉ်ရှီက ပိုက်ဆံအိတ်ကို ဖွင့်ပြီး ငွေတစ်ထပ်ထုတ်ကာ သူတို့ရှေ့သို့ ပစ်ပေါက်လိုက်သည်။ ပြီးနောက် ဝမ်းနည်းတကြီး ရှိုက်ငိုတော့သည်။ “ပိုက်ဆံလိုချင်ရင် ပေးမယ်.. ရှင်တို့လိုချင်သလောက် ရစေ့မယ်.. ကျွန်မအမေကိုသာ ပြန်ပေး.. အမေ့ကို ပြန်ပေးလို့..!”

မိန်းမနှစ်ယောက်က ကြမ်းပြင်ပေါ်မှ ပိုက်ဆံထပ်ကို မကောက်ချေ။ နဉ်ရှီကို ငေးကြည့်လိုက်၊ ဘေးပတ်ဝန်းကျင်မှ လူအုပ်ကြီးကို လှည့်ကြည့်လိုက်ဖြင့် ‘ဒီနေ့ ဒီကိုမလာခဲ့ရင် သိပ်ကောင်းမှာပဲ’ဟု ဆုတောင်းနေမိသည်။

နဉ်ရှီလည်း ပတ်ဝန်းကျင်တစ်ခုလုံးကို ဂရုမစိုက်တော့ဘဲ ဆောင့်ကြောင့်ထိုင်ကာ ဒူးပိုက်ပြီး ငိုကြွေးတော့သည်။

လူအုပ်ကြီးထဲမှ တချို့သော ခံစားလွယ်သူများဆိုလျှင် မထိန်းနိုင်အောင် လိုက်ငိုမိကြသည်။ တချို့လွယ်လွယ်ဝမ်းမနည်းတတ်သူများပင် စိတ်မကောင်းဖြစ်ကြရပြီး မိန်းမကြီးနှစ်ယောက်အပေါ် အကြည့်ပြောင်းသွားကြသည်။ ဤအမျိုးသမီးများက အဘယ်ကြောင့် ဤမျှအရှက်မဲ့ရသနည်း။

လူသေစေခဲ့ပြီးတာတောင် နစ်နာသူ၏သမီးကို ခွင့်လွှတ်စာ ရေးခိုင်းချင်သေးသည်။ ဤလုပ်ရပ်က လူတစ်ယောက် လုပ်အပ်သည့် ကိစ္စဟုတ်ပါ၏လော။

‘သူ့မိဘကိုသတ်သည့် ရန်ကြွေးက ဘယ်သောအခါမှ ပြေပျောက်သွားမည်မဟုတ်’ ဟူ၍ ပြောကြသည်။ ဤမိန်းမနှစ်ယောက် မည်သို့တွေးနေသနည်း။ မိသားစုစီးပွားရေး မပြေလည်တာနဲ့ လူသတ်နိုင်ပါသလော။ ကလေးငယ်သေးတာနဲ့ လူသတ်နိုင်ပါသလော။ သူတို့သတ်လိုက်သူက မိသားစုကို ထောက်ပံ့ပေးခဲ့ဖူးသည့် ဆွေမျိုးသားချင်းလည်း ဖြစ်နေသေးပြန်သည်။ သူတို့၏ အသိစိတ်ကို ခွေးစားသွားခြင်းလော။

***

တုန်းနန်ရဲစခန်းသို့ ချန်းရှီကွေ့ ရောက်လာချိန်တွင် ရဲစခန်းဝင်ပေါက်ရှေ့မှ လူအုပ်ကြီးကို မြင်လိုက်ရ၏။ ထိုလူများက အရှက်မဲ့သည့် လူအချို့အကြာင်း ပြောဆိုနေပြီး လူသတ်သမားမိသားစုဟူ၍ အော်ဟစ်နေကြလေသည်။ ချန်းရှီကွေ့လည်း ထိုလူများကို အဖက်လုပ်ရန် စိတ်အခြေအနေကောင်းမနေ။ သို့သော် တစ်စုံတစ်ယောက်က နဉ်ရှီ၏နာမည်ကို ထည့်ပြောလာသဖြင့် ခြေလှမ်း တုံ့ခနဲ ရပ်သွားရသည်။

လူအုပ်ကြီးကို တိုးဝှေ့လာပြီးနောက် ဒူးပိုက်ငိုကြွေးနေရှာသော နဉ်ရှီကို မြင်လိုက်ရ၏။ သူမ၏ ငိုရှိုက်သံက သူ၏နှလုံးသားကို အပ်ချောင်းများဖြင့် ထိုးဆွလိုက်သည့်နှယ်၊ ဒဏ်ရာမပေါ်ဘဲ နာကျင်ရစေသည်။

“ရှီရှီ..” သူက နဉ်ရှီရှေ့သို့ လျှောက်သွားပြီး ဒူးထောက်ကာ သူမလေးကို ရင်ခွင်ထဲ ထွေးပွေ့လိုက်သည်။ ပြီးနောက် ဦးခေါင်းကို အသာပွတ်ပေးရင်း.. “မငိုနဲ့တော့နော်.. တိတ် တိတ်..”

“ရှီကွေ့..” နဉ်ရှီက ချန်းရှီကွေ့ကို မော့ကြည့်လိုက်သည်။ အစကတော့ သရုပ်ဆောင်တစ်ဝက်၊ ဝမ်းနည်းတစ်ဝက်ဖြင့် ငိုကြွေးနေခြင်းဖြစ်သော်ငြား ချန်းရှီကွေ့ကို တွေ့လိုက်ရချိန်မှာတော့ ခံစားချက်များကို မထိန်းချုပ်နိုင်တော့ပေ။ ရင်ခွင်ထဲ ခေါင်းအပ်ကာ စိတ်လွတ်ကိုယ်လွတ် ငိုကြွေးတော့သည်။

သူ့ကိုမြင်ခါမှ ပိုလို့သည်းသည်းထန်ထန် ငိုကြွေးလာလိမ့်မည်ဟု ချန်းရှီကွေ့မှာ မထင်ထားခဲ့ပေ။ သူတို့နှစ်ဦးကို လျှို့ဝှက်မှတ်တမ်းယူနေမလားပင် ဂရုမစိုက်နိုင်တော့ဘဲ နဉ်ရှီ၏ ကျောပြင်ကို အသာပုတ်ပေးရင်း ချော့မော့နှစ်သိမ့်ပေးရန်သာ အာရုံရှိတော့သည်။

ယခုအချိန်၌ သူ့အတွက် အရေးကြီးဆုံးကား နဉ်ရှီ အငိုတိတ်ရန်မှလွဲ၍ တခြားမရှိ။

နဉ်ရှီကို ပြဿနာလာရှာသည့် အဒေါ်နှစ်ယောက်လည်း ထိုအခြေအနေကို အခွင့်ကောင်းယူပြီး လစ်ထွက်ရန် ပြင်သည်။ သို့သော် ချန်းရှီကွေ့၏ သက်တော်စောင့်များက တခြားလူများ သတိမထားမိအောင် ထိုနှစ်ယောက်ကို လမ်းပိတ်ထားခဲ့သည်။ သူတို့ ထွက်သွားချင်လျှင်ပင် ထွက်သွားခွင့်မရှိတော့ပေ။ လူအများ၏ အထင်သေးနှိမ်ချသော အကြည့်အမျိုးမျိုးကို လက်ခံရပေတော့မည်။

“ကားထဲ အရင်သွားကြရအောင်..” ချန်းရှီကွေ့က အရှက်ရမှာကို မကြောက်သော်လည်း နဉ်ရှီကတော့ သူမ၏ ချစ်သူကောင်လေး ဝမ်းနည်းနေပုံကို တခြားလူများအား မမြင်စေလိုပေ။ ထို့ကြောင့် ချန်းရှီကွေ့၏ အင်္ကျီလက်စကို အသာဆွဲကာ သူမကို ခေါ်သွားပေးရန် အချက်ပြလိုက်သည်။

ချန်းရှီကွေ့သည် နဉ်ရှီဘာပြောပြော ခြွင်းချက်မရှိ လိုက်လျောတတ်သူဖြစ်သောကြောင့် ချက်ချင်းပင် သူမလေးကို ရင်ခွင်ထဲ ကာကွယ်ပေးထားရင်း လူအုပ်ကြီးကို တွန်းဖယ်ကာ ကားထဲ ခေါ်သွားလိုက်သည်။

ဤတစ်ခေါက်တော့ နဉ်ရှီကို ဘယ်သတင်းထောက်မှ မတားခဲ့သလို ဟိုဟိုသည်သည်မေးခွန်းများ လျှောက်မမေးကြတော့ပေ။ သတင်းသမားအနေဖြင့် ကျင့်ဝတ်တချို့ ကင်းမဲ့နိုင်ကောင်းသော်ငြား သူတို့သည် လူသားများသာ။ နဉ်ရှီ၏အခြေအနေက လဲပြိုလုမတတ် ဖြစ်နေကြောင်း မျက်လုံးပါသူတိုင်း မြင်နိုင်ပေလိမ့်မည်။ သူတို့အားလုံး ကုလားအုတ်ကို သေစေသည့် နောက်ဆုံးသောကောက်ရိုးမျှင် မဖြစ်ချင်ပါချေ။

နဉ်ရှီကို မေးခွန်းမထုတ်ရက်သော်ငြား ပြဿနာရှာခဲ့သည့် အမျိုးသမီးနှစ်ယောက်ကိုလည်း မေးခွန်းမမေးချင်ဟု မဆိုလို။ သို့နှင့် နဉ်ရှီ ကားထဲရောက်သွားချိန်တွင် သတင်းထောက်အားလုံး အမျိုးသမီးနှစ်ယောက်ကို ဝိုင်းကာ မေးခွန်းတသီကြီး မေးကြတော့သည်။

အမျိုးသမီးနှစ်ယောက်သည် ယခုလိုအခြေအနေမျိုး မကြုံဖူးသဖြင့် ကယောင်ချောက်ချားဖြစ်ကုန်၏။ ပြောသင့်၊ မပြောသင့်သည့် စကားအားလုံး ကင်မရာထဲတွင် မှတ်တမ်းယူခံလိုက်ရတော့သည်။

***

“ချက်ချင်းကြီး ပြေးလာစရာမလိုပါဘူးလို့ မပြောခဲ့ဘူးလား..?” နဉ်ရှီသည် ရေဘူးတစ်ဝက်ခန့် သောက်ပြီးနောက် ပြန်လည်တည်ငြိမ်လာသည်။ သို့သော် သူမ၏အသံကတော့ တုန်ယင်နေသေးသည်။

ချန်းရှီကွေ့က ဒရိုက်ဘာကို ကားရပ်ခိုင်းလိုက်ပြီး ဆေးဆိုင်တစ်ဆိုင်ထဲသို့ ပြေးသွားကာ ပူရှိန်းတချို့ ဝယ်လိုက်သည်။ ပြီးနောက် ချက်ချင်း အခွံဖြည့်ကာ နဉ်ရှီ၏လက်ထဲ တစ်ခုထည့်ပေးသည်။ “ဟိုအရင်တုန်းက ကိုယ် မင်းကို အဖော်မပြုပေးနိုင်ခဲ့ဘူးလေ.. ဒီတစ်ခေါက်တော့ ဘယ်လိုလုပ် တစ်ယောက်တည်း ရင်ဆိုင်ခိုင်းရက်မှာလဲ..?”

ပူရှိန်းက နွယ်ချိုအရသာဖြစ်၏။ အနည်းငယ် ခါးသက်သော်လည်း ထိုအခါးကြားမှ ချိုမြိန်မှုလေးတစ်ခု ရစ်ဝဲနေသည်။ အစောပိုင်းက လည်ပင်းခြောက်နေသော်လည်း အခုတော့ လုံးဝမနာတော့ပေ။

“ကျွန်မက သတင်းထောက်တွေရှေ့မှာ သရုပ်ဆောင်နေရုံပါ.. အဲ့လောက်ထိ ဝမ်းမနည်းတော့ဘူး.. ကျွန်မအတွက် မစိုးရိမ်နဲ့..” သူမက ချန်းရှီကွေ့ကို ပြုံးပြလိုက်သည်။ သို့သော် ချန်းရှီကွေ့၏အမြင်တွင် သူမ၏အပြုံးက အားနည်းဖျော့တော့ပြီး အတင်းလုပ်ယူသလို ဖြစ်နေကြောင်း သတိမပြုမိခဲ့ပေ။

“သံသယတရားခံတွေနဲ့ သွားတွေ့ချင်လား..?”

နဉ်ရှီက ခေါင်းညိတ်ပြလိုက်သည်။ တရားစီရင်ချက်မချခင် သူတို့ကို တစ်ကြိမ်ဖြစ်ဖြစ် တွေ့ချင်မိသည်။

ချန်းရှီကွေ့က ထိုစကားကိုကြားသည်နှင့်.. “ဒီနေ့ညတော့ အနားယူလိုက်ဦးနော်.. မနက်ဖြန် သူတို့နဲ့တွေ့ရအောင် ခေါ်သွားပေးမယ်..”

နဉ်ရှီ ခေါင်းညိတ်ပြလိုက်သည်။

ထိန်းသိမ်းရေးစခန်းတွင် ရှိနေသည့် သံသယတရားခံလေးဦးကတော့ သူတို့၏ အဖမ်းခံလိုက်ရသည့်သတင်းက လူမှုကွန်ရက်တွင် မည်မျှမုန်တိုင်းထန်နေကြောင်း သိကြမည်မဟုတ်ပေ။

…………………………………

Meow's Note: တကယ် တကယ် ဆောရီးပါ ချစ်လေးတို့။ မမက မနေ့ထဲက ကိုယ့်ကိုစာပို့ထားတာကို ကိုယ်က ဝင်မစစ်မိတော့ မသိလိုက်ဘူးရယ်ʕ⁠´⁠•⁠ ⁠ᴥ⁠•̥⁠'⁠ʔ

.............................................

[Zawgyi]

အခန္း - (၉၆)

“မစ္နဉ္.. ထိုင္ပါ..” ေခါင္းေဆာင္လီက တစ္ခါသံုးခြက္ထဲ ေရထၫ့္ၿပီး နဉ္ရွီ၏ေရ႔ွတြင္ ခ်ေပးသည္။ နဉ္ရွီ၏ မ်က္လံုးမ်ားက ေဖာင္းအစ္ေနၿပီး မိတ္ကပ္အနည္းငယ္ ကြက္ေနေၾကာင္း သူ သတိျပဳမိလိုက္၏။ သူမက မ်က္ႏွာေပၚတြင္ မည္သၫ့္အရိပ္အေယာင္မ်ွ မေဖာ္ျပေသာ္လည္း လက္ဆြဲႏႈတ္ဆက္လိုက္စဉ္ စိတ္အေျခအေနမေကာင္းေၾကာင္း သိသာေနသည္။

“ေက်းဇူးတင္ပါတယ္..” နဉ္ရွီက ေရတစ္ငံုေသာက္လိုက္သည္။ ေရက ခပ္ေနြးေနြးေလးျဖစ္ၿပီး တစ္ခါသံုးခြက္၏ စကၠူအနံ႔ပင္ ရေနေသးသည္။ သို႔ေသာ္ သူမက စိတ္ထဲမထားေပ။ “ေခါင္းေဆာင္လီ.. အမႈရဲ့ျဖစ္စဉ္ကို သိခြင့္ရိွမလားဟင္..?”

ရက္စက္ၾကမ္းၾကဳတ္လွပါသည္ဟူေသာ ဒုစရိုက္သမားမ်ားႏွင့္ ရင္ဆိုင္ရလ်ွင္ပင္ ဘယ္ေသာအခါမွ မေၾကာက္ရြံ႔ဖူးေသာ ေခါင္းေဆာင္လီတစ္ေယာက္ သူ၏အေရ႔ွမွ လွပသိမ္ေမြ့ေသာ ရုပ္ရွင္မင္းသမီးေလးကိုၾကၫ့္ၿပီး အတန္ငယ္ ကူကယ္ရာမဲ့သလို ခံစားလိုက္ရသည္။ သူက ေဘးမွာရပ္ေနသၫ့္ အရာရိွလ်ိႈကို ေနရခက္စြာ လွၫ့္ၾကၫ့္လိုက္မိရင္း အမႈအေၾကာင္း ရွင္းျပေပးရန္ တာဝန္လႊဲလိုက္သည္။

အရာရိွလ်ိႈသည္ သူ၏ေရခြက္ကို ဆုပ္ကိုင္ၿပီး နဉ္ရွီအား ႏွစ္သိမ့္လိုသၫ့္အၿပံဳးမ်ိဳးျဖင့္ ၾကၫ့္ကာ.. “မစ္နဉ္.. အမႈနဲ႔ပတ္သက္ၿပီး ေျဖရွင္းလို႔မရေသးတဲ့ တခ်ိဳ႕အခ်က္အလက္ေလးေတြ ရိွေနပါေသးတယ္.. ဒါေပမဲ့ စိတ္မပူပါနဲ႔.. ကြၽန္ေတာ္တို႔ သံသယရိွတဲ့ ဘယ္သူ႔ကိုမွ အလြတ္ေပးမွာမဟုတ္သလို အျပစ္မဲ့သူကိုလည္း ထိခိုက္ေအာင္မလုပ္ပါဘူး..”

ေလ်ာ့ေလ်ာ့ေပါ့ေပါ့ ေျပာေပးလာေသာ စကားလံုးမ်ားေၾကာင့္ နဉ္ရွီက ေရတစ္ငံုထပ္ေသာက္ကာ.. “အဲတာဆိုရင္ ကြၽန္မအေမကို နာက်င္ေအာင္လုပ္ခဲ့တာ ဘယ္သူေတြလဲ.. သိခြင့္ရမလား..?”

အရာရိွလ်ိႈက လက္ေခ်ာင္းမ်ားကို ယွက္လိုက္ရင္း အေတာ္ၾကာေအာင္ တုန႔္ဆိုင္းေနသည္။ ၿပီးမွ ျပန္ေျဖခဲ့သည္။ “ရတာေပါ့.. သိခြင့္ရိွပါတယ္..” သူက အံဆြဲတစ္ခုကို ဆြဲဖြင့္ကာ အေပၚဆံုးမွ A4 တစ္ရြက္ ထုတ္ယူလိုက္သည္။ ႀကိဳတင္ျပင္ဆင္ထားေသာ သက္ေသအခ်က္အလက္မ်ားပင္။ “သံသယရိွသူေတြရဲ့ အေသးစိတ္အခ်က္အလက္ကို ဒီမွာ ေရးထားပါတယ္.. မစ္နဉ္ တစ္ခ်က္ေလာက္ ၾကၫ့္ေပးပါ..”

နဉ္ရွီသည္ ရဲစခန္းတြင္ အမႈမဖြင့္ခင္ကတည္းက ဤအမႈက နဉ္မိသားစုႏွင့္ပတ္သက္ေနလိမ့္မည္ဟု ခန႔္မွန္းထားမိေသာ္ျငား စာရြက္ကို ဖတ္ၾကၫ့္ၿပီးေနာက္ လူသတ္ခ်င္လာသည္အထိ ေဒါသထြက္လာရသည္။

သူတို႔ေျခာက္ေယာက္… တကယ့္ကို သူတို႔ေျခာက္ေယာက္ပဲ..!

သူမ၏အေဖ သက္ရိွထင္ရွားရိွစဉ္က သူမ၏အေမသည္ အေဖဘက္မွ အဘိုးအဘြားမ်ားကို မိဘအရင္းသဖြယ္ ျပဳစုေစာင့္ေရွာက္ေပးခဲ့သည္။ အေဖ့ဘက္မွ ေမာင္ႏွမသားခ်င္းမ်ားကိုလည္း ဂရုစိုက္ေပးသည္။ သူမတို႔မိသားစုက စီးပြားေရး ေျပလည္သျဖင့္ တျခားမိသားစုဝင္မ်ား အဆင္မေျပျဖစ္လ်ွင္ အၿမဲတမ္း ေရ႔ွထြက္ကာ ကူညီေပးခဲ့သည္ခ်ည္း။

သို႔တိုင္ ထိုလူမ်ားက သူမ၏အေမကို မည္သို႔မည္ပံု ဆက္ဆံခဲ့သနည္း။

သူမ၏အေဖ မေတာ္တဆမႈေၾကာင့္ ကြယ္လြန္သြားခ်ိန္တြင္ ထိုလူမ်ားက သူမတို႔မိသားစုပိုင္ အိမ္ႏွစ္လံုး၊ အေဖ့ဘဝႏွင့္ ရင္းခဲ့ရေသာ ေလ်ာ္ေၾကးေငြမ်ားကို လိုခ်င္မက္ေမာလာၾကသည္။ ေနာက္ဆံုးတြင္ ထိုေငြေၾကးဥစၥာမ်ားအတြက္ သူမ၏အေမကိုပင္ ေသေစခဲ့သည္။ ထိုလူမ်ားကို ေဆြမ်ိဳးဟူ၍ ေခၚဆိုႏိုင္ပါဦးမည္ေလာ။ တကယ့္ကို ဂုတ္ေသြးစုပ္မေကာင္းဆိုးဝါးမ်ားပင္။

သူမအေမ ေျမျပင္ေပၚသို႔ ျပဳတ္က်လာသၫ့္ ျမင္ကြင္း၊ ေနရာအႏွံ႔ ေသြးအစအနမ်ား ျပန႔္က်ဲသြားေသာ ျမင္ကြင္းကို ျပန္ျမင္ေယာင္လာမိရင္း နဉ္ရွီခမ်ာ ရင္ဘတ္ေအာင့္လာၿပီး အသက္ပင္ မရႉႏိုင္ေတာ့ေခ်။

“မစ္နဉ္..?!” အရာရိွလ်ိႈက နဉ္ရွီ၏မ်က္ႏွာ ေသြးေရာင္ေပ်ာက္သြားသည္ကို သတိျပဳမိလိုက္သျဖင့္ ခ်က္ခ်င္း ရံုးခန္းတံခါးဖြင့္ၿပီး အမ်ိဳးသမီးရဲဝန္ထမ္းတစ္ဦးကို အျမန္လွမ္းေခၚလိုက္သည္။

အမ်ိဳးသမီးရဲဝန္ထမ္းလည္း အခန္းထဲ ခ်က္ခ်င္းဝင္လာၿပီး နဉ္ရွီ၏ ေနာက္ေက်ာကို အသာပုတ္ေပးကာ စိတ္ရွည္လက္ရွည္ ႏွစ္သိမ့္ေပးသည္။ “မစ္နဉ္.. စိတ္ေလ်ာ့ထားေနာ္.. အသက္ျပင္းျပင္းရႉလိုက္… အသက္ျပင္းျပင္းရႉလိုက္..”

ရဲဝန္ထမ္းမ်ားအေနျဖင့္ ေသေရးရွင္ေရးကိစၥမ်ားစြာ ျမင္ေတြ့ခဲ့ဖူးပါသည္။ တခ်ိဳ႕က အမွန္တရား၏ေရ႔ွေမွာက္ မတုန္မလႈပ္ျဖစ္ေနၿပီး တခ်ိဳ႕က ကိုယ္ႏွင့္မဆိုင္သလို ျပဳမူေနတတ္သည္။ တခ်ိဳ႕ဆိုလ်ွင္ ဝမ္းနည္းထိတ္လန႔္မႈေၾကာင့္ ေရွာ့ရသြားရသည္အထိ။ သို႔ျဖစ္ရာ နဉ္ရွီ၏ အေျခအေနက သူတို႔အတြက္ေတာ့ အသစ္အဆန္းမဟုတ္ေပ။

“ကြၽန္မ အဆင္ေျပပါတယ္.. ေက်းဇူး..” နဉ္ရွီက မတ္တပ္ရပ္လိုက္ၿပီး ေခါင္းေဆာင္လီကို စူးစူးရဲရဲ စိုက္ၾကၫ့္လာသည္။ “သူတို႔နဲ႔ ေတြ့လို႔ရလား..?”

ေခါင္းေဆာင္လီသည္ အေတာ္ၾကာေအာင္ အသံတိတ္ေနၿပီးေနာက္ ခက္ခက္ခဲခဲ ေျပာလိုက္သည္။ “ေတာင္းပန္ပါတယ္.. မစ္နဉ္..”

“နားလည္ပါၿပီ..” နဉ္ရွီသည္ ေနာက္လွၫ့္ၿပီး အသိစိတ္မဲ့သူလို အခန္းထဲမွ ထြက္သြားေတာ့သည္။ ပတ္ဝန္းက်င္မွ ဆူညံသံမ်ား၊ သူမေဘးမွ ျဖတ္ေလ်ွာက္သြားသူမ်ားကို အာရံုမရိွေတာ့။ ငယ္ဘဝ၏ ေပ်ာ္ရႊင္ဖြယ္အမွတ္တရမ်ားႏွင့္ ေနာက္ပိုင္း နာက်င္ဖြယ္ျဖစ္ရပ္မ်ားသည္ ေအာ္ပရာျပဇာတ္တစ္ခုႏွယ္၊ သူမ၏စိတ္ထဲတြင္ ထပ္တလဲလဲ ျပန္ျမင္ေယာင္လာမိ၏။ သို႔ေသာ္ ခံစားခ်က္မ်ားကို ဖြင့္ထုတ္ရန္ နည္းလမ္းမရိွခဲ့ေပ။

လြန္ခဲ့ေသာရွစ္ႏွစ္က ‘သတ္ေသမႈ’အတြက္ သံသယတရားခံမ်ား ဖမ္းမိထားၿပီျဖစ္ေၾကာင္းကို တုန္းနန္ရဲစခန္းတစ္ခုလံုး သိထားၾကသည္။ သို႔ျဖစ္၍ ေခါင္းေဆာင္လီ၏ ရံုးခန္းထဲမွ ျဖဴဖတ္ျဖဴေရာ္မ်က္ႏွာႏွင့္ ဝိဉာဉ္မဲ့ေနသူလို ထြက္လာေသာ နဉ္ရွီကို ျမင္လိုက္ရေသာအခါ သူတို႔အားလံုး ကူကယ္ရာမဲ့ေနေသာ မ်က္ဝန္းမ်ားျဖင့္သာ ၾကၫ့္ေနမိေတာ့သည္။

ဤကား ကိုယ္ခ်င္းမစာ၍မဟုတ္။ ယခုလိုကိစၥမ်ိဳးတြင္ ေဘးလူတစ္ေယာက္အေနျဖင့္ ဝင္ေျပာျခင္းက အသံုးမဝင္မွန္း သိေနေသာေၾကာင့္ ျဖစ္သည္။

ရဲသားတစ္ဦးက နဉ္ရွီ၏ အေျခအေနကိုၾကၫ့္ၿပီး မေတာ္တဆျဖစ္မွာစိုး၍ အမ်ိဳးသမီးရဲဝန္ထမ္းႏွစ္ဦးကို တကူးတက ေနာက္မွ လိုက္သြားခိုင္းလိုက္သည္။ အနည္းဆံုး ကားေပၚမေရာက္ခင္အထိ လံုၿခံဳေနမွ ျဖစ္မည္။ သူမသည္ ႏိုင္ငံေက်ာ္မင္းသမီးတစ္ဦးျဖစ္၍ သူတို႔ရဲစခန္းေရ႔ွမွာသာ တစ္ခုခုျဖစ္သြားလ်ွင္ ရဲစခန္းတစ္ခုလံုး တံေတြးခြက္ထဲ ပက္လက္ေမ်ာရလိမ့္မည္။

“ရွီရွီ..”

“ေရွာင္ရွီ..”

နဉ္ရွီသည္ ရဲစခန္းအျပင္သို႔ ေရာက္ၿပီး က်န္းခ်င္းယြင္ ကားရပ္ထားသၫ့္ေနရာသို႔ သြားရန္ျပင္လိုက္ခ်ိန္ သက္လတ္ပိုင္းအမ်ိဳးသမီးႏွစ္ေယာက္ သူမ၏ေရ႔ွတြင္ ဒူးေထာက္လာသည္ကို ျမင္လိုက္ရသည္။ ထိုအခ်ိန္ေလးတြင္ သတင္းေထာက္မ်ားႏွင့္ လမ္းသြားလမ္းလာမ်ားလည္း ဖုန္းကိုကိုင္ကာ အနားကပ္လာၾကေတာ့သည္။

နဉ္ရွီလည္း ဝမ္းနည္းပက္လက္ငိုေႂကြးေနေသာ အမ်ိဳးသမီးႏွစ္ေယာက္ကို ငံု႔ၾကၫ့္လိုက္ရင္း သူတို႔လက္မွ ေရွာင္တိမ္းကာ တည္တည္ၿငိမ္ၿငိမ္ ရယ္ေမာလိုက္သည္။ ထိုအမ်ိဳးသမီးႏွစ္ေယာက္ ဘယ္သူဘယ္ဝါျဖစ္ေၾကာင္း သူမ သိသည္။ တစ္ေယာက္က အႀကီးဆံုးဦးေလး၏ ဇနီးျဖစ္ၿပီး ေနာက္တစ္ေယာက္က ဒုတိယဦးေလး၏ ဇနီးျဖစ္သည္။ မေတြ့ျဖစ္တာ ရွစ္ႏွစ္ၾကာခဲ့ၿပီျဖစ္၍ ရုပ္ရင့္လာေသာ ထိုအမ်ိဳးသမီးမ်ားကို ရုတ္တရက္ မမွတ္မိလိုက္ျခင္းသာ။

ကိစၥအားလံုး ဤအတိုင္းအတာထိ ေရာက္လာၿပီျဖစ္ရာ နဉ္ရွီလည္း အႏွီေဆြမ်ိဳးဟုေခၚေသာ လူတစ္သိုက္ကို စကားမ်ားမ်ားစားစား မေျပာခ်င္ေတာ့ေပ။ သို႔ေသာ္ ဤအမ်ိဳးသမီးႏွစ္ေယာက္က ေအာ္ဟစ္ငိုေၾကးၿပီး အားနည္းသၫ့္ဘက္ျခမ္းတြင္ အတင္းအက်ပ္ေနရာယူကာ ဇာတ္ကြက္ဖန္တီးေတာ့မည္ျဖစ္ေၾကာင္း သိသာေနေတာ့သည္။

ထိုႏွစ္ေယာက္က အိမ္မွာက်န္ေနသၫ့္ သူတို႔၏ကေလးမ်ားက အေဖလိုအပ္ေနေၾကာင္း၊ သူတို႔မိသားစု မည္မ်ွခက္ခဲေနေၾကာင္း၊ သူတို႔၏ခင္ပြန္းသည္ေတြလည္း ဤႏွစ္မ်ားအတြင္း မည္မ်ွေနာင္တရခဲ့ေၾကာင္း စသည္ျဖင့္ တိုင္တည္ေျပာဆိုေနၾကေတာ့သည္။ ထိုစကားအားလံုး၏ ရည္ရြယ္ခ်က္ကား နဉ္ရွီထံမွ အမႈေက်ေအးေၾကာင္း ရရိွရန္သာ။

သူမရိွေနသၫ့္ေနရာကို သတင္းေထာက္မ်ား ခ်က္ခ်င္းသိၿပီး သတင္းရယူရန္ ေရာက္လာၾကသည္မွာ အံ့ဩစရာမရိွေတာ့။ ဤမိန္းမႏွစ္ေယာက္က သတင္းလႊင့္ထားတာ ျဖစ္ေပလိမ့္မည္။ ထို႔ေၾကာင့္သာ သူမကို လမ္းပိတ္ၿပီး သနားစဖြယ္ဟန္ေဆာင္ကာ လူအမ်ား၏ သနားၾကင္နာမႈကို ရယူရန္ ႀကိဳးစားေနၾကျခင္း ျဖစ္သည္။

‘ငါက အားနည္းလို႔ ငါ့ဘက္မွာ တရားမ်ွတမႈရိွတယ္’ ဟူ၍ တရားဥပေဒေအာက္ ရႈျမင္ေပးလိမ့္မည္ဟု သူတို႔က အမွန္တကယ္ ထင္ျမင္ေနျခင္းေလာ။

မေရမတြက္ႏိုင္ေသာ လက္ကိုင္ဖုန္း၊ ကင္မရာမ်ားေရ႔ွတြင္ နဉ္ရွီ မ်က္ရည္က်လာခဲ့၏။ ထိုမိန္းမႏွစ္ေယာက္ကို တြန္းဖယ္ကာ ဝမ္းနည္းတႀကီး ရိႈက္ငိုခဲ့သည္။ ကင္မရာမွၾကၫ့္လ်ွင္ သူမ၏မ်က္ႏွာက ျဖဴေရာ္ေနၿပီး မ်က္ဝန္းမ်ား ေဖာင္းအစ္ေနသည္ကို ရွင္းရွင္းလင္းလင္း ျမင္ႏိုင္ေပလိမ့္မည္။

“ရွင္တို႔မိသားစုက ဆင္းရဲတယ္.. ကေလးေတြရဲ့ က်န္းမာေရး၊ ပညာေရးအတြက္ ပိုက္ဆံရွာရတာမလြယ္ဘူးလို႔ ရွင္တို႔ေျပာတယ္ေနာ္.. အဲတာဆို ရွင္တို႔ အျပစ္လုပ္ခဲ့တဲ့လူက ကြၽန္မအေမဆိုတာေရာ သတိရေသးရဲ့လား..?! အသက္တစ္ခုဆိုတာေရာ သိၾကေသးရဲ့လား..?!”

“ကြၽန္မမိဘေတြ သက္ရိွထင္ရွားရိွတုန္းက ရွင္တို႔ကို မကူညီေပးခဲ့လို႔လား..? ရွင္တို႔ကို ေငြေၾကးမေထာက္ပံ့ဖူးလို႔လား..?” နဉ္ရွီက အနီးဆံုးမွာရိွသၫ့္ အမ်ိဳးသမီးကို ဆုပ္ကိုင္လိုက္ၿပီး အသံျပာသည္အထိ ေအာ္ေတာ့သည္။ “ရွင္တို႔မွာ လူ႔အသိေရာ ရိွေသးရဲ့လား..? ကြၽန္မအေမက ရွင္တို႔အေပၚ ဒီေလာက္ေကာင္းခဲ့တာေတာင္ ဘာလို႔ သူ(မ)ကို သတ္ခဲ့တာလဲ..? ဘာလို႔လဲ..?!”

ျပႆနာရွာရန္ ေရာက္လာေသာ အမ်ိဳးသမီးႏွစ္ေယာက္လည္း နဉ္ရွီက ယခုလိုမ်ိဳး ျပန္လည္တံု႔ျပန္လိမ့္မည္ဟု မထင္ထားခဲ့ေပ။ အစကေတာ့ နဉ္ရွီက နာမည္ႀကီးျဖစ္၍ သတင္းေထာက္မ်ားေရ႔ွတြင္ ဆိုးဆိုးရြားရြား မျပဳမူေလာက္ဟု ထင္ထားၾကသည္။ သို႔ေသာ္ မထင္မွတ္ထားဘဲ သတင္းေထာက္မ်ားႏွင့္ ျဖတ္သြားျဖတ္လာမ်ားေရ႔ွေမွာက္ ဂုဏ္ဣႁႏၵေကိုပင္ မထိန္းသိမ္းေတာ့ေပ။

“ရွင္တို႔လိုခ်င္တာ ပိုက္ဆံပဲမလား..?” နဉ္ရွီက ပိုက္ဆံအိတ္ကို ဖြင့္ၿပီး ေငြတစ္ထပ္ထုတ္ကာ သူတို႔ေရ႔ွသို႔ ပစ္ေပါက္လိုက္သည္။ ၿပီးေနာက္ ဝမ္းနည္းတႀကီး ရိႈက္ငိုေတာ့သည္။ “ပိုက္ဆံလိုခ်င္ရင္ ေပးမယ္.. ရွင္တို႔လိုခ်င္သေလာက္ ရေစ့မယ္.. ကြၽန္မအေမကိုသာ ျပန္ေပး.. အေမ့ကို ျပန္ေပးလို႔..!”

မိန္းမႏွစ္ေယာက္က ၾကမ္းျပင္ေပၚမွ ပိုက္ဆံထပ္ကို မေကာက္ေခ်။ နဉ္ရွီကို ေငးၾကၫ့္လိုက္၊ ေဘးပတ္ဝန္းက်င္မွ လူအုပ္ႀကီးကို လွၫ့္ၾကၫ့္လိုက္ျဖင့္ ‘ဒီေန့ ဒီကိုမလာခဲ့ရင္ သိပ္ေကာင္းမွာပဲ’ဟု ဆုေတာင္းေနမိသည္။

နဉ္ရွီလည္း ပတ္ဝန္းက်င္တစ္ခုလံုးကို ဂရုမစိုက္ေတာ့ဘဲ ေဆာင့္ေၾကာင့္ထိုင္ကာ ဒူးပိုက္ၿပီး ငိုေႂကြးေတာ့သည္။

လူအုပ္ႀကီးထဲမွ တခ်ိဳ႕ေသာ ခံစားလြယ္သူမ်ားဆိုလ်ွင္ မထိန္းႏိုင္ေအာင္ လိုက္ငိုမိၾကသည္။ တခ်ိဳ႕လြယ္လြယ္ဝမ္းမနည္းတတ္သူမ်ားပင္ စိတ္မေကာင္းျဖစ္ၾကရၿပီး မိန္းမႀကီးႏွစ္ေယာက္အေပၚ အၾကၫ့္ေျပာင္းသြားၾကသည္။ ဤအမ်ိဳးသမီးမ်ားက အဘယ္ေၾကာင့္ ဤမ်ွအရွက္မဲ့ရသနည္း။

လူေသေစခဲ့ၿပီးတာေတာင္ နစ္နာသူ၏သမီးကို ခြင့္လႊတ္စာ ေရးခိုင္းခ်င္ေသးသည္။ ဤလုပ္ရပ္က လူတစ္ေယာက္ လုပ္အပ္သၫ့္ ကိစၥဟုတ္ပါ၏ေလာ။

‘သူ႔မိဘကိုသတ္သၫ့္ ရန္ေႂကြးက ဘယ္ေသာအခါမွ ေျပေပ်ာက္သြားမည္မဟုတ္’ ဟူ၍ ေျပာၾကသည္။ ဤမိန္းမႏွစ္ေယာက္ မည္သို႔ေတြးေနသနည္း။ မိသားစုစီးပြားေရး မေျပလည္တာနဲ႔ လူသတ္ႏိုင္ပါသေလာ။ ကေလးငယ္ေသးတာနဲ႔ လူသတ္ႏိုင္ပါသေလာ။ သူတို႔သတ္လိုက္သူက မိသားစုကို ေထာက္ပံ့ေပးခဲ့ဖူးသၫ့္ ေဆြမ်ိဳးသားခ်င္းလည္း ျဖစ္ေနေသးျပန္သည္။ သူတို႔၏ အသိစိတ္ကို ေခြးစားသြားျခင္းေလာ။

***

တုန္းနန္ရဲစခန္းသို႔ ခ်န္းရွီေကြ့ ေရာက္လာခ်ိန္တြင္ ရဲစခန္းဝင္ေပါက္ေရ႔ွမွ လူအုပ္ႀကီးကို ျမင္လိုက္ရ၏။ ထိုလူမ်ားက အရွက္မဲ့သၫ့္ လူအခ်ိဳ႕အၾကာင္း ေျပာဆိုေနၿပီး လူသတ္သမားမိသားစုဟူ၍ ေအာ္ဟစ္ေနၾကေလသည္။ ခ်န္းရွီေကြ့လည္း ထိုလူမ်ားကို အဖက္လုပ္ရန္ စိတ္အေျခအေနေကာင္းမေန။ သို႔ေသာ္ တစ္စံုတစ္ေယာက္က နဉ္ရွီ၏နာမည္ကို ထၫ့္ေျပာလာသျဖင့္ ေျခလွမ္း တံု႔ခနဲ ရပ္သြားရသည္။

လူအုပ္ႀကီးကို တိုးေဝ႔ွလာၿပီးေနာက္ ဒူးပိုက္ငိုေႂကြးေနရွာေသာ နဉ္ရွီကို ျမင္လိုက္ရ၏။ သူမ၏ ငိုရိႈက္သံက သူ၏ႏွလံုးသားကို အပ္ေခ်ာင္းမ်ားျဖင့္ ထိုးဆြလိုက္သည့္ႏွယ္၊ ဒဏ္ရာမေပၚဘဲ နာက်င္ရေစသည္။

“ရွီရွီ..” သူက နဉ္ရွီေရ႔ွသို႔ ေလ်ွာက္သြားၿပီး ဒူးေထာက္ကာ သူမေလးကို ရင္ခြင္ထဲ ေထြးေပြ့လိုက္သည္။ ၿပီးေနာက္ ဦးေခါင္းကို အသာပြတ္ေပးရင္း.. “မငိုနဲ႔ေတာ့ေနာ္.. တိတ္ တိတ္..”

“ရွီေကြ့..” နဉ္ရွီက ခ်န္းရွီေကြ့ကို ေမာ့ၾကၫ့္လိုက္သည္။ အစကေတာ့ သရုပ္ေဆာင္တစ္ဝက္၊ ဝမ္းနည္းတစ္ဝက္ျဖင့္ ငိုေႂကြးေနျခင္းျဖစ္ေသာ္ျငား ခ်န္းရွီေကြ့ကို ေတြ့လိုက္ရခ်ိန္မွာေတာ့ ခံစားခ်က္မ်ားကို မထိန္းခ်ဳပ္ႏိုင္ေတာ့ေပ။ ရင္ခြင္ထဲ ေခါင္းအပ္ကာ စိတ္လြတ္ကိုယ္လြတ္ ငိုေႂကြးေတာ့သည္။

သူ႔ကိုျမင္ခါမွ ပိုလို႔သည္းသည္းထန္ထန္ ငိုေႂကြးလာလိမ့္မည္ဟု ခ်န္းရွီေကြ့မွာ မထင္ထားခဲ့ေပ။ သူတို႔ႏွစ္ဦးကို လ်ိႈ႔ဝွက္မွတ္တမ္းယူေနမလားပင္ ဂရုမစိုက္ႏိုင္ေတာ့ဘဲ နဉ္ရွီ၏ ေက်ာျပင္ကို အသာပုတ္ေပးရင္း ေခ်ာ့ေမာ့ႏွစ္သိမ့္ေပးရန္သာ အာရံုရိွေတာ့သည္။

ယခုအခ်ိန္၌ သူ႔အတြက္ အေရးႀကီးဆံုးကား နဉ္ရွီ အငိုတိတ္ရန္မွလြဲ၍ တျခားမရိွ။

နဉ္ရွီကို ျပႆနာလာရွာသၫ့္ အေဒၚႏွစ္ေယာက္လည္း ထိုအေျခအေနကို အခြင့္ေကာင္းယူၿပီး လစ္ထြက္ရန္ ျပင္သည္။ သို႔ေသာ္ ခ်န္းရွီေကြ့၏ သက္ေတာ္ေစာင့္မ်ားက တျခားလူမ်ား သတိမထားမိေအာင္ ထိုႏွစ္ေယာက္ကို လမ္းပိတ္ထားခဲ့သည္။ သူတို႔ ထြက္သြားခ်င္လ်ွင္ပင္ ထြက္သြားခြင့္မရိွေတာ့ေပ။ လူအမ်ား၏ အထင္ေသးႏိွမ္ခ်ေသာ အၾကၫ့္အမ်ိဳးမ်ိဳးကို လက္ခံရေပေတာ့မည္။

“ကားထဲ အရင္သြားၾကရေအာင္..” ခ်န္းရွီေကြ့က အရွက္ရမွာကို မေၾကာက္ေသာ္လည္း နဉ္ရွီကေတာ့ သူမ၏ ခ်စ္သူေကာင္ေလး ဝမ္းနည္းေနပံုကို တျခားလူမ်ားအား မျမင္ေစလိုေပ။ ထို႔ေၾကာင့္ ခ်န္းရွီေကြ့၏ အက်ႌလက္စကို အသာဆြဲကာ သူမကို ေခၚသြားေပးရန္ အခ်က္ျပလိုက္သည္။

ခ်န္းရွီေကြ့သည္ နဉ္ရွီဘာေျပာေျပာ ႁခြင္းခ်က္မရိွ လိုက္ေလ်ာတတ္သူျဖစ္ေသာေၾကာင့္ ခ်က္ခ်င္းပင္ သူမေလးကို ရင္ခြင္ထဲ ကာကြယ္ေပးထားရင္း လူအုပ္ႀကီးကို တြန္းဖယ္ကာ ကားထဲ ေခၚသြားလိုက္သည္။

ဤတစ္ေခါက္ေတာ့ နဉ္ရွီကို ဘယ္သတင္းေထာက္မွ မတားခဲ့သလို ဟိုဟိုသည္သည္ေမးခြန္းမ်ား ေလ်ွာက္မေမးၾကေတာ့ေပ။ သတင္းသမားအေနျဖင့္ က်င့္ဝတ္တခ်ိဳ႕ ကင္းမဲ့ႏိုင္ေကာင္းေသာ္ျငား သူတို႔သည္ လူသားမ်ားသာ။ နဉ္ရွီ၏အေျခအေနက လဲၿပိဳလုမတတ္ ျဖစ္ေနေၾကာင္း မ်က္လံုးပါသူတိုင္း ျမင္ႏိုင္ေပလိမ့္မည္။ သူတို႔အားလံုး ကုလားအုတ္ကို ေသေစသၫ့္ ေနာက္ဆံုးေသာေကာက္ရိုးမ်ွင္ မျဖစ္ခ်င္ပါေခ်။

နဉ္ရွီကို ေမးခြန္းမထုတ္ရက္ေသာ္ျငား ျပႆနာရွာခဲ့သၫ့္ အမ်ိဳးသမီးႏွစ္ေယာက္ကိုလည္း ေမးခြန္းမေမးခ်င္ဟု မဆိုလို။ သို႔ႏွင့္ နဉ္ရွီ ကားထဲေရာက္သြားခ်ိန္တြင္ သတင္းေထာက္အားလံုး အမ်ိဳးသမီးႏွစ္ေယာက္ကို ဝိုင္းကာ ေမးခြန္းတသီႀကီး ေမးၾကေတာ့သည္။

အမ်ိဳးသမီးႏွစ္ေယာက္သည္ ယခုလိုအေျခအေနမ်ိဳး မႀကံဳဖူးသျဖင့္ ကေယာင္ေခ်ာက္ခ်ားျဖစ္ကုန္၏။ ေျပာသင့္၊ မေျပာသင့္သၫ့္ စကားအားလံုး ကင္မရာထဲတြင္ မွတ္တမ္းယူခံလိုက္ရေတာ့သည္။

***

“ခ်က္ခ်င္းႀကီး ေျပးလာစရာမလိုပါဘူးလို႔ မေျပာခဲ့ဘူးလား..?” နဉ္ရွီသည္ ေရဘူးတစ္ဝက္ခန႔္ ေသာက္ၿပီးေနာက္ ျပန္လည္တည္ၿငိမ္လာသည္။ သို႔ေသာ္ သူမ၏အသံကေတာ့ တုန္ယင္ေနေသးသည္။

ခ်န္းရွီေကြ့က ဒရိုက္ဘာကို ကားရပ္ခိုင္းလိုက္ၿပီး ေဆးဆိုင္တစ္ဆိုင္ထဲသို႔ ေျပးသြားကာ ပူရိွန္းတခ်ိဳ႕ ဝယ္လိုက္သည္။ ၿပီးေနာက္ ခ်က္ခ်င္း အခြံျဖၫ့္ကာ နဉ္ရွီ၏လက္ထဲ တစ္ခုထၫ့္ေပးသည္။ “ဟိုအရင္တုန္းက ကိုယ္ မင္းကို အေဖာ္မျပဳေပးႏိုင္ခဲ့ဘူးေလ.. ဒီတစ္ေခါက္ေတာ့ ဘယ္လိုလုပ္ တစ္ေယာက္တည္း ရင္ဆိုင္ခိုင္းရက္မွာလဲ..?”

ပူရိွန္းက ႏြယ္ခ်ိဳအရသာျဖစ္၏။ အနည္းငယ္ ခါးသက္ေသာ္လည္း ထိုအခါးၾကားမွ ခ်ိဳၿမိန္မႈေလးတစ္ခု ရစ္ဝဲေနသည္။ အေစာပိုင္းက လည္ပင္းေျခာက္ေနေသာ္လည္း အခုေတာ့ လံုးဝမနာေတာ့ေပ။

“ကြၽန္မက သတင္းေထာက္ေတြေရ႔ွမွာ သရုပ္ေဆာင္ေနရံုပါ.. အဲ့ေလာက္ထိ ဝမ္းမနည္းေတာ့ဘူး.. ကြၽန္မအတြက္ မစိုးရိမ္နဲ႔..” သူမက ခ်န္းရွီေကြ့ကို ၿပံဳးျပလိုက္သည္။ သို႔ေသာ္ ခ်န္းရွီေကြ့၏အျမင္တြင္ သူမ၏အၿပံဳးက အားနည္းေဖ်ာ့ေတာ့ၿပီး အတင္းလုပ္ယူသလို ျဖစ္ေနေၾကာင္း သတိမျပဳမိခဲ့ေပ။

“သံသယတရားခံေတြနဲ႔ သြားေတြ့ခ်င္လား..?”

နဉ္ရွီက ေခါင္းညိတ္ျပလိုက္သည္။ တရားစီရင္ခ်က္မခ်ခင္ သူတို႔ကို တစ္ႀကိမ္ျဖစ္ျဖစ္ ေတြ့ခ်င္မိသည္။

ခ်န္းရွီေကြ့က ထိုစကားကိုၾကားသည္ႏွင့္.. “ဒီေန့ညေတာ့ အနားယူလိုက္ဦးေနာ္.. မနက္ျဖန္ သူတို႔နဲ႔ေတြ့ရေအာင္ ေခၚသြားေပးမယ္..”

နဉ္ရွီ ေခါင္းညိတ္ျပလိုက္သည္။

ထိန္းသိမ္းေရးစခန္းတြင္ ရိွေနသၫ့္ သံသယတရားခံေလးဦးကေတာ့ သူတို႔၏ အဖမ္းခံလိုက္ရသၫ့္သတင္းက လူမႈကြန္ရက္တြင္ မည္မ်ွမုန္တိုင္းထန္ေနေၾကာင္း သိၾကမည္မဟုတ္ေပ။

…………………………………

Meow's Note: တကယ္ တကယ္ ေဆာရီးပါ ခ်စ္ေလးတို႔။ မမက မေန့ထဲက ကိုယ့္ကိုစာပို႔ထားတာကို ကိုယ္က ဝင္မစစ္မိေတာ့ မသိလိုက္ဘူးရယ္ʕ⁠´⁠•⁠ ⁠ᴥ⁠•̥⁠'⁠ʔ

.............................................

Okumaya devam et

Bunları da Beğeneceksin

280K 19.8K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^
108K 9K 153
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...
321K 6.5K 11
Original Author - Lan Mei Gui 懒玫瑰 Original Publisher - readnovel This story is not my own.This is just for Fan Transla...
168K 21.7K 58
အမြှောက်စာဇတ်ကောင်ထဲကို ကူးပြောင်းလာရင်သူမဘာလုပ်သင့်လဲ? သူမပထမဆုံးလုပ်မှာကတော့ မူလကိုယ်ဆီမှာတင်နေတဲ့အကြွေးတွေအကုန်လုံးကို ပျော်ပျော်ကြီး ပြန်ဆပ်မည်။ ...