နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

Von Lazy_Little_Meow

157K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... Mehr

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [95]

732 96 6
Von Lazy_Little_Meow

[Unicode]

အခန်း (၉၅)

နဉ်ရှီက ရဲတွေ၏သတိပေးစာကို နောက်တစ်နေ့ သူမရိုက်ကွင်းတွင်ရှိနေချိန်၌ ရလိုက်သည်။

နဉ်ရှီက ချန်းအိမ်တော်မှာ တစ်ည နေခဲ့ပြီး နောက်တစ်နေ့နံနက်တွင် ထောင်ဟွေ့ရွှယ်ပေးခဲ့သည့် လက်ဆောင်ထုပ်ကြီးတစ်ထုပ်ကို သူမနှင့်အတူ သယ်လာ၏။ လက်ဆောင်များကို သူမနှင့်ချန်းရှီ‌ကွေ့တို့နေသည့် ဗီလာသို့ ပို့ထားရန် ဘော်ဒီဂတ်တွေကို ညွှန်ကြားပြီးနောက် သူမ၏နာနီကားလေးထဲသို့ ဝင်သွားလိုက်သည်။

ချန်းမိသားစုဗီလာက ရှန်းဟယ်လမ်းတွင် တည်ရှိ၏။ ထိုဧရိယာက လုံခြုံရေးအလွန်တင်းကြပ်လှသည်။ အကယ်၍ တစ်‌စုံတစ်ယောက်က အကြောင်းရင်းမရှိ ထိုနေရာနား တဝဲလည်လည်လုပ်နေပြီး ရဲတွေက ရှာတွေ့သွားပါက စုံစမ်းစစ်ဆေးခံရမည်မှာ အသေအချာပင်။

ကျန်းချင်းယွင်က အိမ်ရာဝင်းထဲသို့ ကြောက်ကြောက်လန့်လန့်နှင့် ဝင်သွား၏။ ကားက ချန်းအိမ်တော်၏ဝင်ပေါက်ရောက်မှသာ သက်မချရဲတော့သည်။ သူ ကားထဲထိုင်နေစဉ် နဉ်ရှီနှင့်ထောင်ဟွေ့ရွှယ်တို့ တရယ်တမောနှင့် စကားပြောရင်း လျှောက်လာပြီး သူတို့နောက်က ဘော်ဒီဂတ်တွေကိုင်ထားသည့် ပစ္စည်းပမာဏကိုမြင်လိုက်ချိန် သူ နဉ်ရှီကို စိတ်ထဲကနေ မချီးကျူးမိဘဲ မနေနိုင်တော့ချေ။

သူမက ချန်းရှီကွေ့အား အသေးစိတ်ပြင်ဆင်ရတဲ့ လက်ထပ်ခွင့်တောင်းမှုကို စီစဉ်စေနိုင်ခဲ့ရုံသာမက ချန်းအိမ်တော်မှာ ညအိပ်ညနေ နေနိုင်ခဲ့ပြီး ချန်းရှီကွေ့၏အမေနှင့် သဟဇာတဖြစ်စွာ စကားအတူပြောနိုင်ခဲ့ကာ သူတို့က ရင်းနှီးလွန်းသည်မှာ သားအမိနှစ်ယောက်သဖွယ်။ ဤအခြင်းအရာက လူအများစုမလုပ်နိုင်သည့် စွမ်းဆောင်မှုတစ်ခုပင်။

နဉ်ရှီက သူမောင်းနေသည့်ကားထဲသို့ ဝင်သွားသည်နှင့် ကျန်းချင်းယွင်က တမင်သက်သက် ပြတင်းပေါက်မှန်ချကာ ထောင်ဟွေ့ရွှယ်ကို ယဉ်ကျေးစွာ ခေါင်းငြိမ့်ပြပြီး ကားစက်နှိုးလိုက်သည်။

“မင်းကတော့ ချန်းမိသားစုတံခါးဆီကို မသိမသာနဲ့ ဝင်လိုက်နိုင်တာပဲ... ထင်တောင်မထင်ထားမိဘူး” ကျန်းချင်းယွင်က နဉ်ရှီကို မျက်စိတစ်ဖက်မှိတ်ပြရင်း ပြောလိုက်သည်။ “နတ်ဘုရားမ ကြီးပွားသွားတဲ့အခါကျရင် ကျွန်တော်မျိုးကိုလည်း မမေ့လိုက်နဲ့အုံးနော်”

နဉ်ရှီက မျက်ခုံးပင့်လိုက်သည်။ “ဒါကတော့ အစ်ကိုရဲ့လုပ်ရပ်အပေါ်မှာပဲ မူတည်တယ်”

“ဟုတ်ပြီဗျာ... ဒါက ကိစ္စကြီးမဟုတ်ပါဘူး နတ်ဘုရားမရေ” ကျန်းချင်းယွင်က လမ်းချိုးတစ်ခုကို ‌ကွေ့လိုက်ရင်း “ဒီနေ့ စိတ်အခြေအနေ ကောင်းလို့ပါလား... ဒါပေမဲ့ ခဏနေကျရင် ငိုရမဲ့အခန်း သရုပ်ဆောင်ရမှာနော်၊ ငိုနိုင်ပါ့မလား?”

တိုက်တိုက်ဆိုင်ဆိုင်ပင် “တုနှိုင်းမဲ့ပေးဆပ်ချစ်ခြင်း”၏ အရေးကြီးဆုံးသော စိတ်ခံစားချက်များသည့် ဇာတ်ဝင်ခန်းနှစ်ခုက ဒီနေ့မှာရိုက်ရမည်ဖြစ်သည်။ ဤဇာတ်ဝင်ခန်းနှစ်ခန်းက နဉ်ရှီဇာတ်ကောင်၏ အဓိကအနှစ်သာရများ တိုးတက်လာမည့်အခန်းကို ကိုယ်စားပြု၍ ထိုအခန်းတို့က အလွန်တရာ အရေးကြီးလှပေ၏။ မနေ့ညက ဒါရိုက်တာကတောင် နဉ်ရှီကို ထူးထူးဆန်းဆန်း ဖုန်းခေါ်လာပြီး ဇာတ်ကောင်၏စိတ်အခြေအနေကို ‌သေချာဆန်းစစ်ထားရန် ပြောလာ၏။

“ဘာမှမဖြစ်ဘူး၊ ညီမအကောင်းဆုံး ကြိုးစားခဲ့မယ်” နဉ်ရှီ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ဤနှစ်များအတွင်း သူမ ဇာတ်ကောင်မျိုးစုံ၌ ဝင်သရုပ်ဆောင်ဖူးခဲ့သော်လည်း ငိုရသည့်အခန်းများများစားစားမရှိပေ။  ဤအခြင်းအရာမှာ သူမအတွက်တော့ စစ်‌ဆေးမှုကြီးတစ်ခုပင်။

ငိုရမည့်ဇာတ်ကွက်မျိုးက လူတစ်ယောက်၏ သရုပ်ဆောင်စွမ်းရည်ကို စမ်းသပ်နည်းတစ်မျိုးပင်။ လူအချို့က လှပစွာငိုနိုင်လောက်သော်ငြား သဘာဝတော့မကျပေ။ ပရိသတ်က သူတို့ကို မြင်သည့်အချိန် “အိုကွယ် သူမလေး နာကျင်ခံစားခဲ့ရတာပဲ” ဟူ၍ ခံစားကြရရုံသာ။

တကယ့်ငိုရသည့်ဇာတ်ကွက်က ပရိသတ်တွေ၏ခံစားချက်ကိုပါ ဇာတ်ကောင်ထဲ ဆွဲသွင်းကာ ထိုဇာတ်ကောင်ကို ဂရုဏာသက်ဝင်စေပြီး ထိုဇာတ်ကောင်၏ ခံစားချက်များလွှမ်းမိုးတာ ခံလိုက်ရမှာဖြစ်သည်။

“အို့ ဟုတ်သားပဲ ခုနက မစ္စတာချန်းကို မတွေ့လိုက်ရဘူးရော?” ကျန်းချင်းယွင်တစ်ယောက် ဒီမနက်အခြေအနေက ထူးဆန်းနေသလို ခံစားလိုက်ရသည်။ အနာဂတ် ယောက္ခမလောင်းနှင့်ချွေးမလောင်းက အမေနဲ့သမီးအရင်းအချာတွေလို ဖြစ်နေပြီး သားအရင်းဖြစ်သည့် မစ္စတာချန်းကကျ ဘယ်ရောက်လို့ဘယ်ပေါက်နေမှန်း မသိရပေ။

“သူ့မှာ စီးပွားရေးတွေ့ဆုံပွဲတွေရှိလို့ ဒီမနက်ပဲ လေဆိပ်ကို ထွက်သွားတယ်” နဉ်ရှီက ချန်းရှီကွေ့၏အလုပ်အချိန်ဇယားကို ပြောပြရတာ သိပ်မကြိုက်ပေ။ ကျန်းချင်းယွင်ကလည်း ပါးနပ်သည်ဖြစ်ရာ ဘာမှထပ်မမေးလာတော့။ သို့တိုင် နဉ်ရှီ၏စကားများက သူ့ကို စိတ်အေးသွားစေသည်။ အနည်းဆုံးတော့ ချန်းရှီကွေ့၏အမေက သဘောကျနှစ်သက်ကြောင်း သူမြင်နေရ၏။ မဟုတ်လျှင် ချန်းရှီကွေ့အနားမှာမရှိချိန်၌ နဉ်ရှီကို ကောင်းကောင်းဆက်ဆံနေမည်မဟုတ်ပေ။

သူ့လိုမန်နေဂျာတစ်ယောက်အတွက်တော့ သူစီမံခန့်ခွဲပေးနေရသည့် အနုပညာရှင်၌ သာယာနာပျော်ဖွယ်ကောင်းသော မိသားစုတစ်ခုရှိနေတာက ကောင်းသောကိစ္စတစ်ခုပင်။

သူတို့ ရိုက်ကွင်းကိုရောက်ပြီး နဉ်ရှီမိတ်ကပ်ပြင်ပြီးတော့ သူမက တိတ်ဆိတ်တဲ့ထောင့်တစ်နေရာမှာ ထိုင်ပြီး ခံစားချက်တွေသွင်းနေလိုက်သည်။

“တုနှိုင်းမဲ့ပေးဆပ်ချစ်ခြင်း”က ဖခင်တစ်ယောက်၏မေတ္တာအကြောင်းတင်မဟုတ်ဘဲ မိသားစုတစ်ခုက တစ်ယောက်နှင့်တစ်ယောက် ဆက်ဆံပြောဆိုရမည့်နည်းလမ်းများအကြောင်းပင်။ ဇာတ်ကားထဲတွင် ဖခင်ဖြစ်သူက သူ့ကလေးတွေကိုချစ်သည့် လူကောင်းတစ်ယောက်ဆိုပေသိ သူ့ကလေးကို ပြုစုပျိုးထောင်ပုံက အတန်ငယ်ရှေးရိုးစွဲနေ၏။ ဤအခြင်းအရာက အဆုံးတွင် အချိန်အတော်ကြာ မဖြေရှင်းနိုင်သည့် အခြေအနေတစ်ရပ်အဖြစ်သို့ ကျရောက်သွားစေသည်။

သို့ဖြစ်ရာ ဤဇာတ်ကားက ဖခင်တစ်ယောက်၏ မေတ္တာဟာ သူ့ကလေးတွေကို မွန်းကျပ်စေသည့် တောင်သဖွယ် မဖြစ်သင့်ကြောင်း၊ သူတို့က နှုတ်ဆိတ်နေပြီး ကလေးတွေနှင့် ခဏခဏဆက်သွယ်ပေးသင့်ကြောင်း ကမ္ဘာပေါ်ရှိ ဖခင်အားလုံးအား ပြောပြချင်နေခြင်းပင်။ ဤကား အေးတိအေးစက်စိတ်နေသဘောထားနှင့် ရှေးရိုးစွဲဝါဒများကို ဝေဖန်ထားသည့် ဇာတ်ကားပင်ဖြစ်ချေ၏။

ဒါရိုက်တာနှင့်ဇာတ်ညွှန်းရေးသူတို့က ရုပ်ရှင်ထဲရှိအဓိကအချက်များကို သေချာရိုက်ထားပြီးပြီ။ နဉ်ရှီသရုပ်ဆောင်ထားသည့် သမီးဇာတ်ကောင်က တိတ်တဆိတ်နေတတ်သည့် ဖခင်ဖြစ်သူ၏ သင်ကြားပြသမှုအောက်မှ ပျိုးထောင်ခံလာရခြင်းပင်။ သူမက အပြင်ပန်းမှာတော့ အကောင်းမြင်တတ်ပြီး ရည်မှန်းချက်ကြီးပေမဲ့ ထိုမျက်နှာဖုံး၏နောက်ကွယ်တွင်တော့ သူမက အိမ်ထောင်ရေးနှင့်မိသားစုအပေါ် အလိုအလျောက် အော့နှလုံးနာမှုကို ဖုံးကွယ်ထား၏။ သူမ သေချာလျှိုထားနိုင်ခဲ့သဖြင့် လူအများစုက သတိမထားမိခဲ့ကြပေ။

သို့သော်ငြား အငြင်းပွားမှုက ပြင်းထန်လာသည်နှင့်အမျှ သူမ၏စိတ်အခြေအနေက ပြိုကွဲသွားပြီး သူမ၏ကလေးဘဝမှ နာကြည်းချက်များနှင့် စိတ်ဒဏ်ရာများက ပွင့်ထွက်ကုန်တော့သည်။

ထို့ကြောင့် “တုနှိုင်းမဲ့ပေးဆပ်ချစ်ခြင်း” ဟု နာမည်ပေးထားခြင်းက ဖခင်တွေ၏ သူတို့သားသမီးအပေါ် တိတ်တဆိတ်ဂရုစိုက်ပေးမှုအား ချီးကျူးရန်သပ်သပ်မဟုတ်။ ယင်းက ဖခင်တစ်ယောက်၏ သူ့ကလေးတွေအပေါ်မေတ္တာကို အသိအမှတ်ပြုထားပေမဲ့ ဝေဖန်လေကန်ထားသေး၏။

နဉ်ရှီ၏ပထမဆုံးငိုရသည့်ဇာတ်ကွက်ရဲ့ နောက်ခံဖြစ်ရပ်ကား သူမအဖေနှင့်ရန်ပွဲအတွင်း စိတ်လွတ်ထွက်ကာ ငိုကြွေးခဲ့သည်။ ဤအခန်းကို ရှောရှောရှူရှူရိုက်နိုင်ခဲ့ပေမဲ့ သူမအရမ်းငိုလိုက်မိတော့ မိတ်ကပ်တွေပျက်ကုန်တော့သည်။ ထို့ကြောင့် သူမရေသောက်နေချိန် မိတ်ကပ်ဆရာက သူမကို မိတ်ကပ်ပြန်ပြင်ပေးနေ၏။

“အစ်မနဉ်ရေ အစ်မဆီဖုန်းဝင်လာတယ်” နဉ်ရှီ၏လက်ထောက်ရှောင်ယန်က သူမဖုန်းကိုလွှဲပေးပြီး တီးတိုးပြောလိုက်သည်။ “ဖုန်းခေါ်တဲ့သူပြောတာတော့ သူက တုန်းနန်ရဲစခန်းရဲ့ စုံစမ်းစစ်ဆေးရေးဌာနခေါင်းဆောင်တဲ့”

“ရဲစခန်း” ဆိုသည့် စကားလုံးကို မိတ်ကပ်ဆရာက ကြားလိုက်ရချိန် သူမ၏လှုပ်ရှားမှုတို့က ရပ်တန့်သွားလေသည်။ သူမက နောက်ကိုခြေနှစ်လှမ်းဆုတ်ပြီး နဉ်ရှီဖုန်းပြောနေတာကို စိတ်ရှည်လက်ရှည် စောင့်နေပေး၏။ နဉ်ရှီက သူမအမေအတွက် တရားမျှတမှုရှာပေးနေသောကိစ္စက အနုပညာလောကတစ်ခွင် ပျံ့နှံ့နေသည်ဖြစ်ရာ အားလုံးက ထိုအကြောင်းကို သိနေနှင့်ကြပြီ။ သို့ဖြစ်၍ ရဲဘက်ကဖုန်းခေါ်လာသည်ဟု သူမကြားလိုက်ရစဥ် နဥ်ရှီအတွက် ကိုယ်ပိုင်အချိန်ပေးခဲ့လိုက်သည်။

နဉ်ရှီ ရဲနှင့်ဖုန်းပြောတာက အချိန်သိပ်မယူလိုက်ရ၊ ခြောက်မိနစ်မျှသာ ကြာလိုက်သည်။ သို့ပေသိ နဉ်ရှီ၏စိတ်အခြေအနေက ပို၍ထူးဆန်းနေသည်ကို မိတ်ကပ်ဆရာက ခံစားမိလိုက်သည်။ နဉ်ရှီက ပုံမှန်အတိုင်းပြုမူနေသည့်တိုင် သူမနှင့်ပတ်သက်ပြီး  တစ်ခုခုတော့ဖြစ်နေပြီမှန်း မိတ်ကပ်ဆရာက အာရုံခံမိလိုက်သည်။

မိတ်ကပ်ပြင်ပြီးနောက် ရိုက်ကူးရေးက အထဲဘက်တွင် နေရာပြန်ချလိုက်၏။ နဉ်ရှီ၏အကြည့်က ဆေးရုံကုတင်ပေါ် လှဲလျောင်းနေသည့် ကျန်းရိမင်ပေါ် ကျရောက်နေပြီး ကုတင်ဘေးတွင် တိတ်တဆိတ်ထိုင်နေ၏။ ကျန်းရိမင်က စကားတစ်လုံးမှမဆိုလာသော်ငြား သူမကိုတော့ ချစ်ရိပ်သန်းသည့် အကြည့်နှင့် ကြည့်နေသည်မှာ ညင်သာနွေးထွေးတတ်သည့် ဖခင်တစ်ယောက်အလား။

ရိုက်ကွင်းပေါ်ကလူအားလုံး သူတို့နှစ်ယောက်ကို အနှောင့်အယှက်မပေးကြ။ ဒါရိုက်တာက မုဒ်ဝင်သွားတာကို မြင်သည်နှင့် သူက အဖွဲ့သေးသေးလေးတွေကို အသင့်ပြင်ဖို့ အချက်ပြလိုက်ကာ ရိုက်ကူးရေးစတင်ပါတော့သည်။

“ဖေဖေ!” နဉ်ရှီသရုပ်ဆောင်နေသည့် သမီးဇာတ်ကောင်က ပြောရမည့် စာကြောင်းများများစားစားမရှိပေ။ သို့သော် သူမနှုတ်ခမ်းဖျားဆီမှ “ဖေဖေ‌” ဟူသော စကားလုံးက ငိုရှိုက်သံသဖွယ်ထွက်လာချိန် ရိုက်ကွင်းမှလူတိုင်း တိတ်ကျသွားတော့သည်။

ဒါဘယ်လိုရှိုက်သံမျိုးပါလိမ့်? ယင်းမှာ ခရီးသွားတစ်ယောက်က ခရီးရှည်ကြီးတစ်ခုထွက်သွားပြီး နောက်ဆုံးအိမ်ပြန်ရောက်လာချိန် ဇာတိမြို့က ပုံမှန်အတိုင်းရှိနေပေမဲ့ လူတွေက လုံးလုံးပြောင်းလဲသွားပြီး သူချစ်ရသူက ဘယ်တော့မှရှာမတွေ့နိုင်တော့တာကို ကြုံ‌တွေ့လိုက်ရသည့်အလား။

ယင်းမှာ အတိတ်၌ရှိခဲ့သည့် အရာအားလုံးက အချည်းနှီးဖြစ်သွားသည့်အတိုင်းပင်။ သူမအတိတ်ကိုလွှတ်ချတော့မည့်အချိန်မှာပဲ သူမကိုထိုသို့ဖြစ်စေခဲ့သူက ပျောက်ကွယ်သွားနှင့်သလိုမျိုးပင်။

နဉ်ရှီက ဖြေဆည်မနိုင်လောက်အောင် ငိုကြွေးနေ၏။ ကင်မရာအောက်တွင် သူမက ဆေးရုံကုတင်ဘေး ဒူးထောက်နေလျက် မနားတမ်းငိုကြွေးနေသည်မှာ အကြိုက်ဆုံးအရုပ်ကို ပျောက်သွားသည့် ကလေးတစ်ယောက်အလား။ သူမ ငိုရလွန်းလို့ အသက်ရှူရပ်လုနီးနီး။

ဒါရိုက်တာက နဉ်ရှီ ငိုကြွေးနေပုံကို အနီးကပ်ကြည့်ပြီး မော်နီတာမှ အကဲဖြတ်နေ၏။ ယခုချိန်တွင် သူမမျက်နှာထက်ရှိ အသေးစားအမူအရာကအစ ဝမ်းနည်းမှုကြီးတစ်ခုက ဖော်ပြနေသည်။ ဤဇာတ်ကွက်ကိုကြည့်နေသည့် အဝေဖန်ဆုံးသော ဒါရိုက်တာသည်ပင် အပြစ်ရှာ၍မရလောက်သည်မှာ ဧကန်မုချပင်။

“ဟုတ်ပြီ၊ ဒီအခန်းရိုက်ပြီးပြီ”

သူက ထိုဇာတ်ကွက်ကို ရိုက်ပြီးသွားကြောင်း ပြောလိုက်သော်ငြား ဤဇာတ်ဝင်ခန်း၏ဇာတ်လိုက်ဖြစ်သူကတော့ အငိုမတိတ်သေးချေ။ ထိုအစား သူမက ကြမ်းပြင်ပေါ်ထိုင်ချရင်း မျက်နှာကိုအုပ်ကာ ရှိုက်ကြီးတငင်ငိုချတော့သည်။ ဤအခိုက်တွင် behind the scenes cuts တွေကို ရိုက်နေသည့် ကင်မရာမန်းက ကင်မရာကိုမပိတ်လိုက်ဘဲ ရိုက်ကွင်းပေါ်ကအခြေအနေကို ဆက်လက်ရိုက်ကူးနေ၏။

သရုပ်ဆောင်တွေ ဇာတ်ကွက်ထဲစိတ်အနှစ်လွန်ပြီး ပြန်မထွက်နိုင်သောအချိန်များက ရှိတတ်ပေ၏။ ထိုသို့သောခြေအနေမျိုး ဖြစ်လာသည်က မထူးဆန်းသောကြောင့် ရိုက်ကူးရေးအဖွဲ့သားများက များများစားစားမတွေးလိုက်ကြပေ။

“မငိုပါနဲ့တော့ ငါ့သမီးရာ...ဒါက သရုပ်ဆောင်နေတာပဲလေ၊ တကယ့်အစစ်အမှန်မှမဟုတ်တာ” နဉ်ရှီက အသက်ရှူရပ်လုနီးပါး ငိုရှိုက်နေတာကို ကျန်းရိမင်က တွေ့သွားသဖြင့် ကုတင်ပေါ်မှဆင်းကာ သူမ၏ကျောကို အသာပုတ်ပေးလိုက်သည်။ သူက အရွယ်ရလာပြီဖြစ်၍ သူ့အကြောင်း ကောလာဟလဖြန့်မှာမစိုးပေ။ သူက နဉ်ရှီကို ဆက်လက်နှစ်သိမ့်ပေးနေပြီး နဉ်ရှီ၏လက်ထောက်အား ရေယူလာ‌ပေးရန်‌ပြောလိုက်ကာ သူမ ဇာတ်ကောင်ထဲမှထွက်လာနိုင်အောင် ကူညီပေးနေ၏။

“ကျေးဇူးပါ လောင်ရှီး” နဉ်ရှီက ခွက်ကိုကိုင်ပြီး ရှိုက်ကြီးတငင်နှင့် တစ်ငုံသောက်လိုက်သည်။ တခြားသူတွေကလည်း နဉ်ရှီအတွက် လက်သုတ်ပဝါ၊ သကြားလုံးများနှင့် ဘီစကစ်များ ယူလာပေးကြသည်။

နဉ်ရှီက ဇာတ်ကောင်ထဲကမထွက်နိုင်သေးတာလို့ အားလုံးက ထင်နေကြပေမဲ့ ကျန်းချင်းယွင်ကတော့ တစ်ခုခုလွဲမှားနေမှန်း အာရုံခံမိသွား၏။ သူက နဉ်ရှီကို နှစ်နှစ်လောက် စီမံလာရပေမဲ့ ဇာတ်ဝင်ခန်းတစ်ခုကြောင့် ဤမျှခံစားနေရတာကို မမြင်ခဲ့ဖူးပေ။ ယင်းက နဉ်ရှီနှင့်လုံးဝမတူနေပါချေ။

ရှောင်ယန်က နဉ်ရှီကိုကူပြီး ဘေးမှထိုင်ခုံပေါ်ထိုင်စေသည်။ ထို့နောက် နဉ်ရှီက မျက်ဝန်းတို့နီရဲ‌နေလျက် ဒါရိုက်တာဆီလျှောက်သွားပြီး တောင်းပန်စကားပြောလိုက်သည်။ “အားနာလိုက်တာ ဒါရိုက်တာကြီးရယ်၊ ကျွန်မ ဒီနေ့ခင်းရိုက်ကူးရေးကို ပျက်မှဖြစ်မှာမို့ပါ”

ဒါရိုက်တာက ထိုစကားကိုကြားတော့ စိုးရိမ်တကြီး မေးလာသည်။ “ဘာဖြစ်လို့လဲ? အကူအညီလိုရင် ပြောလို့ရတယ်နော်”

နဉ်ရှီ ရိုက်ကူးရေးအဖွဲ့ထဲဝင်လာကတည်းက အခက်အခဲအားလုံးကို ကြံ့ကြံ့ခံနိုင်ခဲ့သည်။ သူမက မာနထောင်လွှားခြင်းမရှိ၊ သရုပ်ဆောင်လည်းကောင်းကာ ပေါ်ပြူလာလည်းဖြစ်သသည်။ သူမက အဖွဲ့သားများအပေါ်လည်း ဖော်ရွေပျူငှာသေးသည်၊ သို့ဖြစ်ရာ ဒါရိုက်တာတစ်ယောက်အနေနှင့် သူမလိုမင်းသမီးမျိုးကို သဘောမကျဘဲ အဘယ်ရှိမည်နည်း? ယခု နဉ်ရှီက ထွက်သွားခွင့်တောင်းလာချိန် ပထမဆုံး သူတွေးလိုက်မိသည်မှာ နဉ်ရှီက အရေးပေါ်ကိစ္စတစ်ခုကြောင့် သွားမှဖြစ်မည် ဟူ၍ပင်။

သူမအခြေအ‌နေကို အကဲခတ်နေကြသည့် လူတွေရှိနေတာကို နဉ်ရှီသတိထားမိလိုက်တာကြောင့် ခေါင်းငုံ့ပြီး တီးတိုးပြောလိုက်သည်။ “ခုနက ရိုက်ကူးရေးမစခင် ရဲဘက်ကဖုန်းဆက်လာပြီး ကျွန်မအမေအသတ်ခံရမှုနောက်ကွယ်က သံသယရှိသူတွေကို ဖမ်းမိထားပြီလို့ ပြောလာတယ်”

ဒါရိုက်တာက မတုံ့ပြန်လိုက်နိုင်ခင် တဒင်္ဂမျှတန့်သွားသည်။ သူက ခေါင်းတငြိမ့်ငြိမ့်လုပ်ပြီး “ဒါ အရေးကြီးကိစ္စပဲလေ။ အရင် သွားဖြေရှင်းလိုက်၊ ဒီနေ့လယ် ကော်ကျစ်အခန်းတွေ ရိုက်ထားလိုက်မယ်။ ရိုက်ကူးရေးနှောင့်နှေးမှာမဟုတ်ဘူး”

“ဒါဆို ဒါရိုက်တာကြီးကို ဒုက္ခပေးရတော့မှာပဲ” နဉ်ရှီက ဒါရိုက်တာကို ကျေးဇူးတင်ပြီးနောက် မိတ်ကပ်ဖျက်ချိန်ပင်မရဘဲ အလောသုံးဆယ်နှင့် ထွက်သွားတော့သည်။

နဉ်ရှီ ဒါရိုက်တာအား ထွက်သွားခွင့်တောင်းနေတာကို လူတစ်ခုကမြင်ခဲ့ကြသည်။ သံသယရှိသူတွေ အဖမ်းခံထားရသည်ဟူသော စကားတို့ကို ကြားလိုက်သူပါရှိသေးသည်။ ရိုက်ကူးရေးတစ်ဖွဲ့လုံးက ဘာဖြစ်သွားလဲဆိုတာ နားလည်သွားကြသည်။ နဉ်ရှီ၏အမေက ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့တာမဟုတ်၊ သူမက အသတ်ခံလိုက်ရခြင်းသာ။

သူမ၏အဖေက သူမအတန်းဖော်တွေ၏စနောက်မှုကြောင့် ကားအက်စီးဒင့်ဖြစ်ကာ သေဆုံးခဲ့ရပြီး သူမအမေကတော့ အသတ်ခံလိုက်ရသည်။ နဉ်ရှီ၏ကလေးဘဝက အမှန်ပင် ခက်ခဲကြမ်းတမ်းလှသည်။ ကနဦးက သူမကို ချမ်းသာတဲ့ခင်ပွန်းတစ်ယောက်ယူနိုင်ခဲ့လို့ မနာလိုဖြစ်နေသော ရိုက်ကွင်းဝန်ထမ်းများခမျာ ယခုချိန်တွင် မနာလိုစိတ်တို့ပျောက်ဆုံးကုန်ပြီး စိတ်မကောင်းဖြစ်သွားကြတော့သည်။

ဤကမ္ဘာပေါ်တွင် ပြီးပြည့်စုံသောဘဝဟူ၍မရှိ။ ဘဝတွင် အကောင်းမွန်ဆုံးသောကံကို ပိုင်ဆိုင်ရသည်ဟူ၍ အင်တာနက်သုံးစွဲသူများထံမှ မကြာခဏ အစခံရသော နဉ်ရှီသည်လည်း ထို့နည်းတူပါပင်။

===================

ချန်းရှီကွေ့က ရုံးခွဲတစ်ခုကို စစ်ဆေးပြီးလို့ ထိုရုံး၏ စီမံခန့်ခွဲရေးအကြီးပိုင်းကလူတွေနှင့် နေ့လယ်စာစားနေစဉ် သူ့ဖုန်းက မြည်လာသည်။

“ဘာဖြစ်လို့လဲ?” ချန်းရှီကွေ့၏ဇွန်းက ပန်းကန်လုံး၏ဘေးဘက်ကို တိုက်မိသွားပြီး အသံစူးစူးကထွက်လာသည်။ သူက စိတ်နဲ့ကိုယ်မကပ် ဖြစ်နေပုံပင်။ စားပွဲမှာထိုင်နေသည့် စီမံခန့်ခွဲရေးအသင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း - ဘာဖြစ်တာလဲမသိ?

“ရှီရှီရေ နေ့လယ်စာအရင်စားထားလိုက်နော်။ ကိုယ် ခဏနေ အဲ့ဒီကိုရောက်လာပြီး မင်းနဲ့အတူသွားပေးမယ်”

သူဖုန်းချပြီးတော့ မတ်တပ်ထကာ စားပွဲပေါ်ရှိလူတိုင်းကို ပြောလိုက်သည်။ “အားနာလိုက်တာဗျာ၊ မိသားစုမှာ အရေးကြီးကိစ္စတစ်ခုပေါ်လာတော့ နေ့လယ်စာကို စောစောအပြီးသတ်မှဖြစ်တော့မယ်”

မိသားစုကိစ္စက ပို၍အရေးကြီးကြောင်း စီမီခန့်ခွဲရေးအသင်းက တစ်ညီတည်းပြောလာကြ၏။ သို့တိုင် ချန်းရှီကွေ့ ဟိုတယ်မှထွက်သွားသည်နှင့် သူတို့အားလုံး စိတ်ရှုပ်ထွေးကုန်ကြသည်။ သူတို့တွေးလိုက်မိကြသည်... ဒီကိစ္စက ဘယ်လိုအရေးကြီးကိစ္စမို့လို့ သူတို့ရဲ့ ပုံမှန်ဆို အေးဆေးတည်ငြိမ်နေတတ်တဲ့သူဌေးကို ဒီလိုပုံစံအထိဖြစ်စေသွားရတာလဲ?

________________________

[Zawgyi]

အခန္း (၉၅)

နဉ္ရွီက ရဲေတြ၏သတိေပးစာကို ေနာက္တစ္ေန့ သူမရိုက္ကြင္းတြင္ရိွေနခ်ိန္၌ ရလိုက္သည္။

နဉ္ရွီက ခ်န္းအိမ္ေတာ္မွာ တစ္ည ေနခဲ့ၿပီး ေနာက္တစ္ေန့နံနက္တြင္ ေထာင္ေဟြ့ရႊယ္ေပးခဲ့သၫ့္ လက္ေဆာင္ထုပ္ႀကီးတစ္ထုပ္ကို သူမႏွင့္အတူ သယ္လာ၏။ လက္ေဆာင္မ်ားကို သူမႏွင့္ခ်န္းရွီ‌ေကြ့တို႔ေနသၫ့္ ဗီလာသို႔ ပို႔ထားရန္ ေဘာ္ဒီဂတ္ေတြကို ၫႊန္ၾကားၿပီးေနာက္ သူမ၏နာနီကားေလးထဲသို႔ ဝင္သြားလိုက္သည္။

ခ်န္းမိသားစုဗီလာက ရွန္းဟယ္လမ္းတြင္ တည္ရိွ၏။ ထိုဧရိယာက လံုၿခံဳေရးအလြန္တင္းၾကပ္လွသည္။ အကယ္၍ တစ္‌စံုတစ္ေယာက္က အေၾကာင္းရင္းမရိွ ထိုေနရာနား တဝဲလည္လည္လုပ္ေနၿပီး ရဲေတြက ရွာေတြ့သြားပါက စံုစမ္းစစ္ေဆးခံရမည္မွာ အေသအခ်ာပင္။

က်န္းခ်င္းယြင္က အိမ္ရာဝင္းထဲသို႔ ေၾကာက္ေၾကာက္လန႔္လန႔္ႏွင့္ ဝင္သြား၏။ ကားက ခ်န္းအိမ္ေတာ္၏ဝင္ေပါက္ေရာက္မွသာ သက္မခ်ရဲေတာ့သည္။ သူ ကားထဲထိုင္ေနစဉ္ နဉ္ရွီႏွင့္ေထာင္ေဟြ့ရႊယ္တို႔ တရယ္တေမာႏွင့္ စကားေျပာရင္း ေလ်ွာက္လာၿပီး သူတို႔ေနာက္က ေဘာ္ဒီဂတ္ေတြကိုင္ထားသၫ့္ ပစၥည္းပမာဏကိုျမင္လိုက္ခ်ိန္ သူ နဉ္ရွီကို စိတ္ထဲကေန မခ်ီးက်ူးမိဘဲ မေနႏိုင္ေတာ့ေခ်။

သူမက ခ်န္းရွီေကြ့အား အေသးစိတ္ျပင္ဆင္ရတဲ့ လက္ထပ္ခြင့္ေတာင္းမႈကို စီစဉ္ေစႏိုင္ခဲ့ရံုသာမက ခ်န္းအိမ္ေတာ္မွာ ညအိပ္ညေန ေနႏိုင္ခဲ့ၿပီး ခ်န္းရွီေကြ့၏အေမႏွင့္ သဟဇာတျဖစ္စြာ စကားအတူေျပာႏိုင္ခဲ့ကာ သူတို႔က ရင္းႏွီးလြန္းသည္မွာ သားအမိႏွစ္ေယာက္သဖြယ္။ ဤအျခင္းအရာက လူအမ်ားစုမလုပ္ႏိုင္သၫ့္ စြမ္းေဆာင္မႈတစ္ခုပင္။

နဉ္ရွီက သူေမာင္းေနသၫ့္ကားထဲသို႔ ဝင္သြားသည္ႏွင့္ က်န္းခ်င္းယြင္က တမင္သက္သက္ ျပတင္းေပါက္မွန္ခ်ကာ ေထာင္ေဟြ့ရႊယ္ကို ယဉ္ေက်းစြာ ေခါင္းၿငိမ့္ျပၿပီး ကားစက္ႏိႈးလိုက္သည္။

“မင္းကေတာ့ ခ်န္းမိသားစုတံခါးဆီကို မသိမသာနဲ႔ ဝင္လိုက္ႏိုင္တာပဲ... ထင္ေတာင္မထင္ထားမိဘူး” က်န္းခ်င္းယြင္က နဉ္ရွီကို မ်က္စိတစ္ဖက္မိွတ္ျပရင္း ေျပာလိုက္သည္။ “နတ္ဘုရားမ ႀကီးပြားသြားတဲ့အခါက်ရင္ ကြၽန္ေတာ္မ်ိဳးကိုလည္း မေမ့လိုက္နဲ႔အံုးေနာ္”

နဉ္ရွီက မ်က္ခံုးပင့္လိုက္သည္။ “ဒါကေတာ့ အစ္ကိုရဲ့လုပ္ရပ္အေပၚမွာပဲ မူတည္တယ္”

“ဟုတ္ၿပီဗ်ာ... ဒါက ကိစၥႀကီးမဟုတ္ပါဘူး နတ္ဘုရားမေရ” က်န္းခ်င္းယြင္က လမ္းခ်ိဳးတစ္ခုကို ‌ေကြ့လိုက္ရင္း “ဒီေန့ စိတ္အေျခအေန ေကာင္းလို႔ပါလား... ဒါေပမဲ့ ခဏေနက်ရင္ ငိုရမဲ့အခန္း သရုပ္ေဆာင္ရမွာေနာ္၊ ငိုႏိုင္ပါ့မလား?”

တိုက္တိုက္ဆိုင္ဆိုင္ပင္ “တုႏိႈင္းမဲ့ေပးဆပ္ခ်စ္ျခင္း”၏ အေရးႀကီးဆံုးေသာ စိတ္ခံစားခ်က္မ်ားသၫ့္ ဇာတ္ဝင္ခန္းႏွစ္ခုက ဒီေန့မွာရိုက္ရမည္ျဖစ္သည္။ ဤဇာတ္ဝင္ခန္းႏွစ္ခန္းက နဉ္ရွီဇာတ္ေကာင္၏ အဓိကအႏွစ္သာရမ်ား တိုးတက္လာမၫ့္အခန္းကို ကိုယ္စားျပဳ၍ ထိုအခန္းတို႔က အလြန္တရာ အေရးႀကီးလွေပ၏။ မေန့ညက ဒါရိုက္တာကေတာင္ နဉ္ရွီကို ထူးထူးဆန္းဆန္း ဖုန္းေခၚလာၿပီး ဇာတ္ေကာင္၏စိတ္အေျခအေနကို ‌ေသခ်ာဆန္းစစ္ထားရန္ ေျပာလာ၏။

“ဘာမွမျဖစ္ဘူး၊ ညီမအေကာင္းဆံုး ႀကိဳးစားခဲ့မယ္” နဉ္ရွီ အသက္ျပင္းျပင္း ရႉသြင္းလိုက္သည္။ ဤႏွစ္မ်ားအတြင္း သူမ ဇာတ္ေကာင္မ်ိဳးစံု၌ ဝင္သရုပ္ေဆာင္ဖူးခဲ့ေသာ္လည္း ငိုရသၫ့္အခန္းမ်ားမ်ားစားစားမရိွေပ။  ဤအျခင္းအရာမွာ သူမအတြက္ေတာ့ စစ္‌ေဆးမႈႀကီးတစ္ခုပင္။

ငိုရမၫ့္ဇာတ္ကြက္မ်ိဳးက လူတစ္ေယာက္၏ သရုပ္ေဆာင္စြမ္းရည္ကို စမ္းသပ္နည္းတစ္မ်ိဳးပင္။ လူအခ်ိဳ႕က လွပစြာငိုႏိုင္ေလာက္ေသာ္ျငား သဘာဝေတာ့မက်ေပ။ ပရိသတ္က သူတို႔ကို ျမင္သၫ့္အခ်ိန္ “အိုကြယ္ သူမေလး နာက်င္ခံစားခဲ့ရတာပဲ” ဟူ၍ ခံစားၾကရရံုသာ။

တကယ့္ငိုရသၫ့္ဇာတ္ကြက္က ပရိသတ္ေတြ၏ခံစားခ်က္ကိုပါ ဇာတ္ေကာင္ထဲ ဆြဲသြင္းကာ ထိုဇာတ္ေကာင္ကို ဂရုဏာသက္ဝင္ေစၿပီး ထိုဇာတ္ေကာင္၏ ခံစားခ်က္မ်ားလႊမ္းမိုးတာ ခံလိုက္ရမွာျဖစ္သည္။

“အို႔ ဟုတ္သားပဲ ခုနက မစၥတာခ်န္းကို မေတြ့လိုက္ရဘူးေရာ?” က်န္းခ်င္းယြင္တစ္ေယာက္ ဒီမနက္အေျခအေနက ထူးဆန္းေနသလို ခံစားလိုက္ရသည္။ အနာဂတ္ ေယာကၡမေလာင္းႏွင့္ေခြၽးမေလာင္းက အေမနဲ႔သမီးအရင္းအခ်ာေတြလို ျဖစ္ေနၿပီး သားအရင္းျဖစ္သၫ့္ မစၥတာခ်န္းကက် ဘယ္ေရာက္လို႔ဘယ္ေပါက္ေနမွန္း မသိရေပ။

“သူ႔မွာ စီးပြားေရးေတြ့ဆံုပြဲေတြရိွလို႔ ဒီမနက္ပဲ ေလဆိပ္ကို ထြက္သြားတယ္” နဉ္ရွီက ခ်န္းရွီေကြ့၏အလုပ္အခ်ိန္ဇယားကို ေျပာျပရတာ သိပ္မႀကိဳက္ေပ။ က်န္းခ်င္းယြင္ကလည္း ပါးနပ္သည္ျဖစ္ရာ ဘာမွထပ္မေမးလာေတာ့။ သို႔တိုင္ နဉ္ရွီ၏စကားမ်ားက သူ႔ကို စိတ္ေအးသြားေစသည္။ အနည္းဆံုးေတာ့ ခ်န္းရွီေကြ့၏အေမက သေဘာက်ႏွစ္သက္ေၾကာင္း သူျမင္ေနရ၏။ မဟုတ္လ်ွင္ ခ်န္းရွီေကြ့အနားမွာမရိွခ်ိန္၌ နဉ္ရွီကို ေကာင္းေကာင္းဆက္ဆံေနမည္မဟုတ္ေပ။

သူ႔လိုမန္ေနဂ်ာတစ္ေယာက္အတြက္ေတာ့ သူစီမံခန႔္ခြဲေပးေနရသၫ့္ အႏုပညာရွင္၌ သာယာနာေပ်ာ္ဖြယ္ေကာင္းေသာ မိသားစုတစ္ခုရိွေနတာက ေကာင္းေသာကိစၥတစ္ခုပင္။

သူတို႔ ရိုက္ကြင္းကိုေရာက္ၿပီး နဉ္ရွီမိတ္ကပ္ျပင္ၿပီးေတာ့ သူမက တိတ္ဆိတ္တဲ့ေထာင့္တစ္ေနရာမွာ ထိုင္ၿပီး ခံစားခ်က္ေတြသြင္းေနလိုက္သည္။

“တုႏိႈင္းမဲ့ေပးဆပ္ခ်စ္ျခင္း”က ဖခင္တစ္ေယာက္၏ေမတၲာအေၾကာင္းတင္မဟုတ္ဘဲ မိသားစုတစ္ခုက တစ္ေယာက္ႏွင့္တစ္ေယာက္ ဆက္ဆံေျပာဆိုရမၫ့္နည္းလမ္းမ်ားအေၾကာင္းပင္။ ဇာတ္ကားထဲတြင္ ဖခင္ျဖစ္သူက သူ႔ကေလးေတြကိုခ်စ္သၫ့္ လူေကာင္းတစ္ေယာက္ဆိုေပသိ သူ႔ကေလးကို ျပဳစုပ်ိဳးေထာင္ပံုက အတန္ငယ္ေရွးရိုးစြဲေန၏။ ဤအျခင္းအရာက အဆံုးတြင္ အခ်ိန္အေတာ္ၾကာ မေျဖရွင္းႏိုင္သၫ့္ အေျခအေနတစ္ရပ္အျဖစ္သို႔ က်ေရာက္သြားေစသည္။

သို႔ျဖစ္ရာ ဤဇာတ္ကားက ဖခင္တစ္ေယာက္၏ ေမတၲာဟာ သူ႔ကေလးေတြကို မြန္းက်ပ္ေစသၫ့္ ေတာင္သဖြယ္ မျဖစ္သင့္ေၾကာင္း၊ သူတို႔က ႏႈတ္ဆိတ္ေနၿပီး ကေလးေတြႏွင့္ ခဏခဏဆက္သြယ္ေပးသင့္ေၾကာင္း ကမ႓ာေပၚရိွ ဖခင္အားလံုးအား ေျပာျပခ်င္ေနျခင္းပင္။ ဤကား ေအးတိေအးစက္စိတ္ေနသေဘာထားႏွင့္ ေရွးရိုးစြဲဝါဒမ်ားကို ေဝဖန္ထားသၫ့္ ဇာတ္ကားပင္ျဖစ္ေခ်၏။

ဒါရိုက္တာႏွင့္ဇာတ္ၫႊန္းေရးသူတို႔က ရုပ္ရွင္ထဲရိွအဓိကအခ်က္မ်ားကို ေသခ်ာရိုက္ထားၿပီးၿပီ။ နဉ္ရွီသရုပ္ေဆာင္ထားသၫ့္ သမီးဇာတ္ေကာင္က တိတ္တဆိတ္ေနတတ္သၫ့္ ဖခင္ျဖစ္သူ၏ သင္ၾကားျပသမႈေအာက္မွ ပ်ိဳးေထာင္ခံလာရျခင္းပင္။ သူမက အျပင္ပန္းမွာေတာ့ အေကာင္းျမင္တတ္ၿပီး ရည္မွန္းခ်က္ႀကီးေပမဲ့ ထိုမ်က္ႏွာဖံုး၏ေနာက္ကြယ္တြင္ေတာ့ သူမက အိမ္ေထာင္ေရးႏွင့္မိသားစုအေပၚ အလိုအေလ်ာက္ ေအာ့ႏွလံုးနာမႈကို ဖံုးကြယ္ထား၏။ သူမ ေသခ်ာလ်ိႈထားႏိုင္ခဲ့သျဖင့္ လူအမ်ားစုက သတိမထားမိခဲ့ၾကေပ။

သို႔ေသာ္ျငား အျငင္းပြားမႈက ျပင္းထန္လာသည္ႏွင့္အမ်ွ သူမ၏စိတ္အေျခအေနက ၿပိဳကြဲသြားၿပီး သူမ၏ကေလးဘဝမွ နာၾကည္းခ်က္မ်ားႏွင့္ စိတ္ဒဏ္ရာမ်ားက ပြင့္ထြက္ကုန္ေတာ့သည္။

ထို႔ေၾကာင့္ “တုႏိႈင္းမဲ့ေပးဆပ္ခ်စ္ျခင္း” ဟု နာမည္ေပးထားျခင္းက ဖခင္ေတြ၏ သူတို႔သားသမီးအေပၚ တိတ္တဆိတ္ဂရုစိုက္ေပးမႈအား ခ်ီးက်ူးရန္သပ္သပ္မဟုတ္။ ယင္းက ဖခင္တစ္ေယာက္၏ သူ႔ကေလးေတြအေပၚေမတၲာကို အသိအမွတ္ျပဳထားေပမဲ့ ေဝဖန္ေလကန္ထားေသး၏။

နဉ္ရွီ၏ပထမဆံုးငိုရသၫ့္ဇာတ္ကြက္ရဲ့ ေနာက္ခံျဖစ္ရပ္ကား သူမအေဖႏွင့္ရန္ပြဲအတြင္း စိတ္လြတ္ထြက္ကာ ငိုေႂကြးခဲ့သည္။ ဤအခန္းကို ေရွာေရွာရႉရႉရိုက္ႏိုင္ခဲ့ေပမဲ့ သူမအရမ္းငိုလိုက္မိေတာ့ မိတ္ကပ္ေတြပ်က္ကုန္ေတာ့သည္။ ထို႔ေၾကာင့္ သူမေရေသာက္ေနခ်ိန္ မိတ္ကပ္ဆရာက သူမကို မိတ္ကပ္ျပန္ျပင္ေပးေန၏။

“အစ္မနဉ္ေရ အစ္မဆီဖုန္းဝင္လာတယ္” နဉ္ရွီ၏လက္ေထာက္ေရွာင္ယန္က သူမဖုန္းကိုလႊဲေပးၿပီး တီးတိုးေျပာလိုက္သည္။ “ဖုန္းေခၚတဲ့သူေျပာတာေတာ့ သူက တုန္းနန္ရဲစခန္းရဲ့ စံုစမ္းစစ္ေဆးေရးဌာနေခါင္းေဆာင္တဲ့”

“ရဲစခန္း” ဆိုသၫ့္ စကားလံုးကို မိတ္ကပ္ဆရာက ၾကားလိုက္ရခ်ိန္ သူမ၏လႈပ္ရွားမႈတို႔က ရပ္တန႔္သြားေလသည္။ သူမက ေနာက္ကိုေျခႏွစ္လွမ္းဆုတ္ၿပီး နဉ္ရွီဖုန္းေျပာေနတာကို စိတ္ရွည္လက္ရွည္ ေစာင့္ေနေပး၏။ နဉ္ရွီက သူမအေမအတြက္ တရားမ်ွတမႈရွာေပးေနေသာကိစၥက အႏုပညာေလာကတစ္ခြင္ ပ်ံ့ႏွံ႔ေနသည္ျဖစ္ရာ အားလံုးက ထိုအေၾကာင္းကို သိေနႏွင့္ၾကၿပီ။ သို႔ျဖစ္၍ ရဲဘက္ကဖုန္းေခၚလာသည္ဟု သူမၾကားလိုက္ရစဥ္ နဥ္ရွီအတြက္ ကိုယ္ပိုင္အခ်ိန္ေပးခဲ့လိုက္သည္။

နဉ္ရွီ ရဲႏွင့္ဖုန္းေျပာတာက အခ်ိန္သိပ္မယူလိုက္ရ၊ ေျခာက္မိနစ္မ်ွသာ ၾကာလိုက္သည္။ သို႔ေပသိ နဉ္ရွီ၏စိတ္အေျခအေနက ပို၍ထူးဆန္းေနသည္ကို မိတ္ကပ္ဆရာက ခံစားမိလိုက္သည္။ နဉ္ရွီက ပံုမွန္အတိုင္းျပဳမူေနသၫ့္တိုင္ သူမႏွင့္ပတ္သက္ၿပီး  တစ္ခုခုေတာ့ျဖစ္ေနၿပီမွန္း မိတ္ကပ္ဆရာက အာရံုခံမိလိုက္သည္။

မိတ္ကပ္ျပင္ၿပီးေနာက္ ရိုက္ကူးေရးက အထဲဘက္တြင္ ေနရာျပန္ခ်လိုက္၏။ နဉ္ရွီ၏အၾကၫ့္က ေဆးရံုကုတင္ေပၚ လွဲေလ်ာင္းေနသၫ့္ က်န္းရိမင္ေပၚ က်ေရာက္ေနၿပီး ကုတင္ေဘးတြင္ တိတ္တဆိတ္ထိုင္ေန၏။ က်န္းရိမင္က စကားတစ္လံုးမွမဆိုလာေသာ္ျငား သူမကိုေတာ့ ခ်စ္ရိပ္သန္းသၫ့္ အၾကၫ့္ႏွင့္ ၾကၫ့္ေနသည္မွာ ညင္သာေနြးေထြးတတ္သၫ့္ ဖခင္တစ္ေယာက္အလား။

ရိုက္ကြင္းေပၚကလူအားလံုး သူတို႔ႏွစ္ေယာက္ကို အေနွာင့္အယွက္မေပးၾက။ ဒါရိုက္တာက မုဒ္ဝင္သြားတာကို ျမင္သည္ႏွင့္ သူက အဖြဲ႔ေသးေသးေလးေတြကို အသင့္ျပင္ဖို႔ အခ်က္ျပလိုက္ကာ ရိုက္ကူးေရးစတင္ပါေတာ့သည္။

“ေဖေဖ!” နဉ္ရွီသရုပ္ေဆာင္ေနသၫ့္ သမီးဇာတ္ေကာင္က ေျပာရမၫ့္ စာေၾကာင္းမ်ားမ်ားစားစားမရိွေပ။ သို႔ေသာ္ သူမႏႈတ္ခမ္းဖ်ားဆီမွ “ေဖေဖ‌” ဟူေသာ စကားလံုးက ငိုရိႈက္သံသဖြယ္ထြက္လာခ်ိန္ ရိုက္ကြင္းမွလူတိုင္း တိတ္က်သြားေတာ့သည္။

ဒါဘယ္လိုရိႈက္သံမ်ိဳးပါလိမ့္? ယင္းမွာ ခရီးသြားတစ္ေယာက္က ခရီးရွည္ႀကီးတစ္ခုထြက္သြားၿပီး ေနာက္ဆံုးအိမ္ျပန္ေရာက္လာခ်ိန္ ဇာတိၿမိဳ႔က ပံုမွန္အတိုင္းရိွေနေပမဲ့ လူေတြက လံုးလံုးေျပာင္းလဲသြားၿပီး သူခ်စ္ရသူက ဘယ္ေတာ့မွရွာမေတြ့ႏိုင္ေတာ့တာကို ႀကံဳ‌ေတြ့လိုက္ရသၫ့္အလား။

ယင္းမွာ အတိတ္၌ရိွခဲ့သၫ့္ အရာအားလံုးက အခ်ည္းႏွီးျဖစ္သြားသၫ့္အတိုင္းပင္။ သူမအတိတ္ကိုလႊတ္ခ်ေတာ့မၫ့္အခ်ိန္မွာပဲ သူမကိုထိုသို႔ျဖစ္ေစခဲ့သူက ေပ်ာက္ကြယ္သြားႏွင့္သလိုမ်ိဳးပင္။

နဉ္ရွီက ေျဖဆည္မႏိုင္ေလာက္ေအာင္ ငိုေႂကြးေန၏။ ကင္မရာေအာက္တြင္ သူမက ေဆးရံုကုတင္ေဘး ဒူးေထာက္ေနလ်က္ မနားတမ္းငိုေႂကြးေနသည္မွာ အႀကိဳက္ဆံုးအရုပ္ကို ေပ်ာက္သြားသၫ့္ ကေလးတစ္ေယာက္အလား။ သူမ ငိုရလြန္းလို႔ အသက္ရႉရပ္လုနီးနီး။

ဒါရိုက္တာက နဉ္ရွီ ငိုေႂကြးေနပံုကို အနီးကပ္ၾကၫ့္ၿပီး ေမာ္နီတာမွ အကဲျဖတ္ေန၏။ ယခုခ်ိန္တြင္ သူမမ်က္ႏွာထက္ရိွ အေသးစားအမူအရာကအစ ဝမ္းနည္းမႈႀကီးတစ္ခုက ေဖာ္ျပေနသည္။ ဤဇာတ္ကြက္ကိုၾကၫ့္ေနသၫ့္ အေဝဖန္ဆံုးေသာ ဒါရိုက္တာသည္ပင္ အျပစ္ရွာ၍မရေလာက္သည္မွာ ဧကန္မုခ်ပင္။

“ဟုတ္ၿပီ၊ ဒီအခန္းရိုက္ၿပီးၿပီ”

သူက ထိုဇာတ္ကြက္ကို ရိုက္ၿပီးသြားေၾကာင္း ေျပာလိုက္ေသာ္ျငား ဤဇာတ္ဝင္ခန္း၏ဇာတ္လိုက္ျဖစ္သူကေတာ့ အငိုမတိတ္ေသးေခ်။ ထိုအစား သူမက ၾကမ္းျပင္ေပၚထိုင္ခ်ရင္း မ်က္ႏွာကိုအုပ္ကာ ရိႈက္ႀကီးတငင္ငိုခ်ေတာ့သည္။ ဤအခိုက္တြင္ behind the scenes cuts ေတြကို ရိုက္ေနသၫ့္ ကင္မရာမန္းက ကင္မရာကိုမပိတ္လိုက္ဘဲ ရိုက္ကြင္းေပၚကအေျခအေနကို ဆက္လက္ရိုက္ကူးေန၏။

သရုပ္ေဆာင္ေတြ ဇာတ္ကြက္ထဲစိတ္အႏွစ္လြန္ၿပီး ျပန္မထြက္ႏိုင္ေသာအခ်ိန္မ်ားက ရိွတတ္ေပ၏။ ထိုသို႔ေသာေျခအေနမ်ိဳး ျဖစ္လာသည္က မထူးဆန္းေသာေၾကာင့္ ရိုက္ကူးေရးအဖြဲ႔သားမ်ားက မ်ားမ်ားစားစားမေတြးလိုက္ၾကေပ။

“မငိုပါနဲ႔ေတာ့ ငါ့သမီးရာ...ဒါက သရုပ္ေဆာင္ေနတာပဲေလ၊ တကယ့္အစစ္အမွန္မွမဟုတ္တာ” နဉ္ရွီက အသက္ရႉရပ္လုနီးပါး ငိုရိႈက္ေနတာကို က်န္းရိမင္က ေတြ့သြားသျဖင့္ ကုတင္ေပၚမွဆင္းကာ သူမ၏ေက်ာကို အသာပုတ္ေပးလိုက္သည္။ သူက အရြယ္ရလာၿပီျဖစ္၍ သူ႔အေၾကာင္း ေကာလာဟလျဖန႔္မွာမစိုးေပ။ သူက နဉ္ရွီကို ဆက္လက္ႏွစ္သိမ့္ေပးေနၿပီး နဉ္ရွီ၏လက္ေထာက္အား ေရယူလာ‌ေပးရန္‌ေျပာလိုက္ကာ သူမ ဇာတ္ေကာင္ထဲမွထြက္လာႏိုင္ေအာင္ ကူညီေပးေန၏။

“ေက်းဇူးပါ ေလာင္ရွီး” နဉ္ရွီက ခြက္ကိုကိုင္ၿပီး ရိႈက္ႀကီးတငင္ႏွင့္ တစ္ငံုေသာက္လိုက္သည္။ တျခားသူေတြကလည္း နဉ္ရွီအတြက္ လက္သုတ္ပဝါ၊ သၾကားလံုးမ်ားႏွင့္ ဘီစကစ္မ်ား ယူလာေပးၾကသည္။

နဉ္ရွီက ဇာတ္ေကာင္ထဲကမထြက္ႏိုင္ေသးတာလို႔ အားလံုးက ထင္ေနၾကေပမဲ့ က်န္းခ်င္းယြင္ကေတာ့ တစ္ခုခုလြဲမွားေနမွန္း အာရံုခံမိသြား၏။ သူက နဉ္ရွီကို ႏွစ္ႏွစ္ေလာက္ စီမံလာရေပမဲ့ ဇာတ္ဝင္ခန္းတစ္ခုေၾကာင့္ ဤမ်ွခံစားေနရတာကို မျမင္ခဲ့ဖူးေပ။ ယင္းက နဉ္ရွီႏွင့္လံုးဝမတူေနပါေခ်။

ေရွာင္ယန္က နဉ္ရွီကိုကူၿပီး ေဘးမွထိုင္ခံုေပၚထိုင္ေစသည္။ ထို႔ေနာက္ နဉ္ရွီက မ်က္ဝန္းတို႔နီရဲ‌ေနလ်က္ ဒါရိုက္တာဆီေလ်ွာက္သြားၿပီး ေတာင္းပန္စကားေျပာလိုက္သည္။ “အားနာလိုက္တာ ဒါရိုက္တာႀကီးရယ္၊ ကြၽန္မ ဒီေန့ခင္းရိုက္ကူးေရးကို ပ်က္မျွဖစ္မွာမို႔ပါ”

ဒါရိုက္တာက ထိုစကားကိုၾကားေတာ့ စိုးရိမ္တႀကီး ေမးလာသည္။ “ဘာျဖစ္လို႔လဲ? အကူအညီလိုရင္ ေျပာလို႔ရတယ္ေနာ္”

နဉ္ရွီ ရိုက္ကူးေရးအဖြဲ႔ထဲဝင္လာကတည္းက အခက္အခဲအားလံုးကို ႀကံ့ႀကံ့ခံႏိုင္ခဲ့သည္။ သူမက မာနေထာင္လႊားျခင္းမရိွ၊ သရုပ္ေဆာင္လည္းေကာင္းကာ ေပၚျပဴလာလည္းျဖစ္သသည္။ သူမက အဖြဲ႔သားမ်ားအေပၚလည္း ေဖာ္ေရြပ်ူငွာေသးသည္၊ သို႔ျဖစ္ရာ ဒါရိုက္တာတစ္ေယာက္အေနႏွင့္ သူမလိုမင္းသမီးမ်ိဳးကို သေဘာမက်ဘဲ အဘယ္ရိွမည္နည္း? ယခု နဉ္ရွီက ထြက္သြားခြင့္ေတာင္းလာခ်ိန္ ပထမဆံုး သူေတြးလိုက္မိသည္မွာ နဉ္ရွီက အေရးေပၚကိစၥတစ္ခုေၾကာင့္ သြားမျွဖစ္မည္ ဟူ၍ပင္။

သူမအေျခအ‌ေနကို အကဲခတ္ေနၾကသၫ့္ လူေတြရိွေနတာကို နဉ္ရွီသတိထားမိလိုက္တာေၾကာင့္ ေခါင္းငံု႔ၿပီး တီးတိုးေျပာလိုက္သည္။ “ခုနက ရိုက္ကူးေရးမစခင္ ရဲဘက္ကဖုန္းဆက္လာၿပီး ကြၽန္မအေမအသတ္ခံရမႈေနာက္ကြယ္က သံသယရိွသူေတြကို ဖမ္းမိထားၿပီလို႔ ေျပာလာတယ္”

ဒါရိုက္တာက မတံု႔ျပန္လိုက္ႏိုင္ခင္ တဒဂၤမ်ွတန႔္သြားသည္။ သူက ေခါင္းတၿငိမ့္ၿငိမ့္လုပ္ၿပီး “ဒါ အေရးႀကီးကိစၥပဲေလ။ အရင္ သြားေျဖရွင္းလိုက္၊ ဒီေန့လယ္ ေကာ္က်စ္အခန္းေတြ ရိုက္ထားလိုက္မယ္။ ရိုက္ကူးေရးေနွာင့္ေနွးမွာမဟုတ္ဘူး”

“ဒါဆို ဒါရိုက္တာႀကီးကို ဒုကၡေပးရေတာ့မွာပဲ” နဉ္ရွီက ဒါရိုက္တာကို ေက်းဇူးတင္ၿပီးေနာက္ မိတ္ကပ္ဖ်က္ခ်ိန္ပင္မရဘဲ အေလာသံုးဆယ္ႏွင့္ ထြက္သြားေတာ့သည္။

နဉ္ရွီ ဒါရိုက္တာအား ထြက္သြားခြင့္ေတာင္းေနတာကို လူတစ္ခုကျမင္ခဲ့ၾကသည္။ သံသယရိွသူေတြ အဖမ္းခံထားရသည္ဟူေသာ စကားတို႔ကို ၾကားလိုက္သူပါရိွေသးသည္။ ရိုက္ကူးေရးတစ္ဖြဲ႔လံုးက ဘာျဖစ္သြားလဲဆိုတာ နားလည္သြားၾကသည္။ နဉ္ရွီ၏အေမက ကိုယ့္ကိုယ္ကိုယ္သတ္ေသခဲ့တာမဟုတ္၊ သူမက အသတ္ခံလိုက္ရျခင္းသာ။

သူမ၏အေဖက သူမအတန္းေဖာ္ေတြ၏စေနာက္မႈေၾကာင့္ ကားအက္စီးဒင့္ျဖစ္ကာ ေသဆံုးခဲ့ရၿပီး သူမအေမကေတာ့ အသတ္ခံလိုက္ရသည္။ နဉ္ရွီ၏ကေလးဘဝက အမွန္ပင္ ခက္ခဲၾကမ္းတမ္းလွသည္။ ကနဦးက သူမကို ခ်မ္းသာတဲ့ခင္ပြန္းတစ္ေယာက္ယူႏိုင္ခဲ့လို႔ မနာလိုျဖစ္ေနေသာ ရိုက္ကြင္းဝန္ထမ္းမ်ားခမ်ာ ယခုခ်ိန္တြင္ မနာလိုစိတ္တို႔ေပ်ာက္ဆံုးကုန္ၿပီး စိတ္မေကာင္းျဖစ္သြားၾကေတာ့သည္။

ဤကမ႓ာေပၚတြင္ ၿပီးျပၫ့္စံုေသာဘဝဟူ၍မရိွ။ ဘဝတြင္ အေကာင္းမြန္ဆံုးေသာကံကို ပိုင္ဆိုင္ရသည္ဟူ၍ အင္တာနက္သံုးစြဲသူမ်ားထံမွ မၾကာခဏ အစခံရေသာ နဉ္ရွီသည္လည္း ထို႔နည္းတူပါပင္။

===================

ခ်န္းရွီေကြ့က ရံုးခြဲတစ္ခုကို စစ္ေဆးၿပီးလို႔ ထိုရံုး၏ စီမံခန႔္ခြဲေရးအႀကီးပိုင္းကလူေတြႏွင့္ ေန့လယ္စာစားေနစဉ္ သူ႔ဖုန္းက ျမည္လာသည္။

“ဘာျဖစ္လို႔လဲ?” ခ်န္းရွီေကြ့၏ဇြန္းက ပန္းကန္လံုး၏ေဘးဘက္ကို တိုက္မိသြားၿပီး အသံစူးစူးကထြက္လာသည္။ သူက စိတ္နဲ႔ကိုယ္မကပ္ ျဖစ္ေနပံုပင္။ စားပြဲမွာထိုင္ေနသၫ့္ စီမံခန႔္ခြဲေရးအသင္းက တစ္ေယာက္ကိုတစ္ေယာက္ ၾကၫ့္ရင္း - ဘာျဖစ္တာလဲမသိ?

“ရွီရွီေရ ေန့လယ္စာအရင္စားထားလိုက္ေနာ္။ ကိုယ္ ခဏေန အဲ့ဒီကိုေရာက္လာၿပီး မင္းနဲ႔အတူသြားေပးမယ္”

သူဖုန္းခ်ၿပီးေတာ့ မတ္တပ္ထကာ စားပြဲေပၚရိွလူတိုင္းကို ေျပာလိုက္သည္။ “အားနာလိုက္တာဗ်ာ၊ မိသားစုမွာ အေရးႀကီးကိစၥတစ္ခုေပၚလာေတာ့ ေန့လယ္စာကို ေစာေစာအၿပီးသတ္မျွဖစ္ေတာ့မယ္”

မိသားစုကိစၥက ပို၍အေရးႀကီးေၾကာင္း စီမီခန႔္ခြဲေရးအသင္းက တစ္ညီတည္းေျပာလာၾက၏။ သို႔တိုင္ ခ်န္းရွီေကြ့ ဟိုတယ္မွထြက္သြားသည္ႏွင့္ သူတို႔အားလံုး စိတ္ရႈပ္ေထြးကုန္ၾကသည္။ သူတို႔ေတြးလိုက္မိၾကသည္... ဒီကိစၥက ဘယ္လိုအေရးႀကီးကိစၥမို႔လို႔ သူတို႔ရဲ့ ပံုမွန္ဆို ေအးေဆးတည္ၿငိမ္ေနတတ္တဲ့သူေဌးကို ဒီလိုပံုစံအထိျဖစ္ေစသြားရတာလဲ?

________________________

Weiterlesen

Das wird dir gefallen

606K 93.2K 145
Name(s) : Quick Transmigration Cannon Fodder's Record of Counter Attack Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao...
230K 20.1K 54
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
1.5M 192K 157
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။