စာစဉ် 27 Chapter 401 ရဲ့လင်းချန်ရဲ့ ပုံပြင်
ကားသည် အရှေ့သို့ ဖြည်းဖြညင်းချင်း မောင်းနှင်လျက် ရှိသည်။ ရဲ့လင်းချန်သည် ပြတင်းပေါက်နား ထိုင်၍ အပြင်ဘက်မှ ရှုခင်းကို တိတ်ဆိတ်စွာ ကြည့်နေသည်။ ကားထဲ၌ တစ်ဒင်္ဂမျှ အလွန် တိတ်ဆိတ်နေ၏။
ရသစုံရှိုးတစ်ခုအတွက် ဤသို့ အနေရခက်ခြင်းက မကောင်းပေ။ ထို့ကြောင့် သူတို့ အကြောင်းအရာတစ်ခု ဆွဲထုတ်ရန် လိုပေသည်။
အမျိုးသမီးဝန်ထမ်းက ရဲ့လင်းချန်ကို လှည့်ကြည့်ပြီး ပြုံး၍ မေးလိုက်သည်။
"ရဲ့နတ်ဘုရား၊ ကျွန်မတို့ ဘယ်ကို သွားနေသလဲဆိုတာကို ရှင် သိလား"
"မသိဘူး"
"ကျွန်မတို့ ဘယ်ကို သွားနေတာလဲဆိုတာကိုရော ရှင် သိချင်လား"
"စိတ်မဝင်စားဘူး"
...
[ခွီး ... ဟားဟားဟား ...]
[ရဲ့နတ်ဘုရားက တော်တော် တဲ့တိုးဆန်တာပဲ၊ ရိုက်ကူးရေး ဝန်ထမ်းရဲ့ မျက်နှာက အခု ပျက်နေပြီ]
[ရိုက်ကူးရေးဝန်ထမ်း: ငါ ဒီအကြောင်းအရာကို ဘယ်လိုလုပ် ဆက်ပြောရတော့မှာလဲ၊ အွန်လိုင်းပေါ်ကနေ စောင့်နေပါတယ်၊ အရေးကြီးပါတယ်]
ကြည့်ရှုသူ များများစားစား မရှိသော်လည်း မှတ်ချက်ပေးသော ကဏ္ဍ၌ အလွန် သက်ဝင်လျက် ရှိသည်။ သူတို့ထဲမှ အချို့သည် ရဲ့လင်းချန်၏ တဲ့တိုးစကားများကြောင့် ရယ်မောနေသည်။
ရိုက်ကူးရေး အဖွဲ့ဝင်သည်လည်း စိတ်ညစ်နေသည်။
*ဒါက ရသစုံရှိုးပွဲဆိုတာကို နင် မသိဘူးလား၊ ငါတို့ တစ်ခုခုကို ပြောနေဖို့ လိုတယ်လေ*
သူမ မနေနိုင်တော့ဘဲ ထပ်မေးလိုက်မိသည်။
"ကျွန်မ ရှင့်ကို ရောင်းစားလိုက်မှာကို ရှင် မကြောက်ဘူးလား"
ရဲ့လင်းချန် အံ့ဩသွားသည်။ သူ ကားထဲကို ဝေ့ကြည့်လိုက်သောအခါ ယာဉ်မောင်းတစ်ယောက်၊ ရိုက်ကူးရေး ဝန်ထမ်းတစ်ယောက်နှင့် ကင်မရာကိုင်ထားသော ကင်မရာသမား တစ်ယောက်သာ ရှိသည်ကို တွေ့လိုက်ရသည်။
"မင်းတို့ဆီမှာ ချုံထဲမှာ ပုန်းနေတဲ့လူတွေ ရှိလို့လား၊ မင်းတို့ လူနည်းနည်းလေးနဲ့ အဆင်ပြေမယ်လို့ ငါ မထင်ဘူး"
[ဝါးဟားဟား ... ငါ ထပ်ပြီးတော့ အောင့်မထားနိုင်တော့ဘူး၊ ရဲ့နတ်ဘုရားက ငါ့ကို အရယ်လွန်ပြီး သေအောင် လုပ်နေတာပဲ]
[ရဲ့နတ်ဘုရားက ဘတ်စကက်ဘော အားကစားမှာ တော်သလို ရယ်လည်း ရယ်ရတာပဲ၊ ငါတော့ ပရိသတ် ဖြစ်သွားပြီ]
[အာ ... ရဲ့နတ်ဘုရားက အခုတလော ပိုကြည့်ကောင်းလာပုံ ပေါက်နေတာကို မင်းတို့ သတိထားမိလား၊ ငါ သူ့ကို ပထမဆုံးအကြိမ် ကြည့်ခဲ့တုန်းက အံ့ဩသွားတာ၊ ဒုတိယတစ်ခေါက်နဲ့ တတိယတစ်ခေါက် ကြည့်လိုက်တော့ ငါ လုံးဝ စွဲလမ်းသွားရော]
[အပေါ်ကလူ ငါလည်း အဲ့လို ခံစားရတယ်၊ ရဲ့နတ်ဘုရားက တိတ်တိတ်နေနေတာတောင်မှ ငါ သူ့ကို တစ်နေ့လုံး ငြိမ်ပြီးတော့ ပျော်ပျော်ကြီး ကြည့်နိုင်တယ်]
[မဖြစ်တော့ဘူး ... အချစ်ရောဂါ စလာပြီ]
...
အွန်လိုင်း ကြည့်ရှုသူ အရေအတွက်က ဆက်၍ တိုးလာပြီး မှတ်ချက်များ ဆက်တိုက် ပေါ်လာနေသည်။
ရိုက်ကူးရေး အဖွဲ့ဝင်၏ မျက်နှာအမူအရာက မည်းမှောင်လာသည်။ သူမကိုယ်သူ အတွေ့အကြုံ အလုံအလောက် ရှိပြီဟု အမြဲ ထင်ထားခဲ့သည်။ တကယ်လည်း သူမ အနုပညာရှင်များနှင့် နှစ်တော်တော်လေး လုပ်ကိုင်ခဲ့ဖူးပါသည်။ ထို့အပြင် အနုပညာရှင် အများစုသည် သူတို့၏ ပုံရိပ်ကို ထိန်းသိမ်းရန် အာရုံစိုက်ကြသည်။ ထို့ကြောင့် သူတို့သည် သတိနှင့် စကားပြောကြပြီး ရိုက်ကူးရေးအတွက် စကားဝိုင်းကို ဆက်ပြောချင်စိတ် ရှိကြလေသည်။
သို့သော် ယနေ့တွင် သူမသည် ရဲ့လင်းချန်နှင့်မှ ဆုံရလေသည်။
*ဒီလူက ငကြောင်ပဲ*
သူ ပြန်ဖြေသော ပုံစံနှင့်ဆိုလျင် သူမတွင် တကယ်ကို စကားဝိုင်းကို ဆက်နိုင်သည့် နည်းလမ်း မရှိတော့ပါ။
"ဟီးဟီး ..."
ရိုက်ကူးရေး ဝန်ထမ်းသည် အနေရခက်စွာ ရယ်လိုက်ပြီးမှ အခြားအကြောင်းအရာကို ပြောင်းပြောလေသည်။
"ရဲ့နတ်ဘုရား၊ ရှင်က ဘတ်စကက်ဘော ကစားသမားကောင်းတစ်ယောက်ဆိုတော့ ရှင် ဘတ်စကက်ဘော ကစားရတာကို သဘောကျမှာပေါ့ ဟုတ်တယ်မလား"
"လုံးဝပဲ"
ရဲ့လင်းချန် အေးအေးလူလူ ပြန်ပြောလိုက်ပြီးမှ ဆက်ပြောလေသည်။
"အမှန်အတိုင်း ပြောရရင် ဘတ်စကက်ဘောက ကျွန်တော့်ရဲ့ အားအနည်းဆုံး စွမ်းရည်ပဲ"
သူ လိမ်နေခြင်း မဟုတ်ပါ။ လက်ရှိအချိန်၌ သူသည် မြောက်မြားစွာသော စွမ်းရည်များကို ကျွမ်းကျင်ထားသည်။ သူ့တွင် အခြေခံအဆင့် စွမ်းရည် ဆယ်ခုကျော် ရှိပြီး အလယ်အလတ်အဆင့် စွမ်းရည်များလည်း ရှိသေးသည်။ ထိုစွမ်းရည်များနှင့် ယှဉ်လိုက်လျင် ဘတ်စကက်ဘော အားကစားက ဘာမှမဟုတ်ချေ။
သို့သော် သူ့စကားကို အခြားသူများက ကြွားလုံးထုတ်နေသည်ဟု မြင်သွားလေသည်။
[ဘတ်စကက်ဘောက သူ အားအနည်းဆုံး စွမ်းရည်တဲ့လား၊ ဒါ ကြွားလွန်းနေပြီ]
[အရှက်မရှိဘူး၊ လုံးဝကို အရှက်မရှိဘူး၊ သူ တိုက်ရိုက် ထုတ်လွှင့်မှု လုပ်နေတယ်ဆိုတာကို မသိဘူးလား၊ ဒီအလိမ်အညာ စကားတွေကြောင့် သူ လူပြောခံရတော့မှာပဲ]
[ရဲ့နတ်ဘုရားက အနုပညာလောကထဲ အခုမှ ဝင်တာမို့လို့ စည်းကမ်းတွေကို နားမလည်သေးတာ ထင်တယ်၊ ဒီလို ကြွားပုံနဲ့ဆို သူ ပရိသတ်တွေ ဆုံးရှုံးတော့မှာပဲ]
[အဲ့ဒါ အဲ့မိန်းမရဲ့ အမှားပဲ၊ အဲ့မေးခွန်းတွေက ဘာလဲ၊ သူ ငါတို့ကို ရဲ့နတ်ဘုရားကို ငြိမ်ငြိမ်လေး ကြည့်ခွင့် ပေးခဲ့သင်တာ၊ သူ့ကို အဲ့မေးခွန်းတွေ မဖြစ်မနေ မေးမှရမှာလား၊ စိတ်ပျက်ဖို့ ကောင်းလိုက်တာ]
...
ရိုက်ကူးရေး ဝန်ထမ်းသည် ရဲ့လင်းချန် ထိုသို့ ပြန်ဖြေလိမ့်မည်ဟု ထင်မထားမိပါ။ လက်ရှိတွင် သူမသည် ထိုသို့သော မေးခွန်းမျိုး မေးမိသည်ကို နောင်တရနေပြီး ဘာမှ ထပ်မမေးရဲတော့ပေ။ ကားထဲ၌ ထပ်မံ၍ တိတ်ဆိတ် သွားလေသည်။
ရဲ့လင်းချန်သည် ထိုအခွင့်အရေးကို အရယူ၍ တိတ်ဆိတ် ငြိမ်းချမ်းမှုကို ခံစားနေသည်။ သူသည် တိုက်ရိုက် ထုတ်လွှင့်နေခြင်း ဖြစ်သည်ကို သိသလို သူ၏ ရေပန်းစားမှုကို တိုးလာစေချင်သော်လည်း သူတို့အကြိုက်ကို တမင် လိုက်မလုပ်နိုင်ပါ။ သူ အမှန်အတိုင်း ဖြေနေခဲ့သည်။ သူ့ကို သဘောကျသည့်သူများက သူ့ကို သဘောကျနေမှာပင်။ ထို့အပြင် နောက်ပိုင်း သူတို့ သူ့ကို တကယ် နားလည်သွားလျင် သူ လိမ်နေခြင်း မဟုတ်ကြောင်း သူတို့ သိလာ ပေလိမ့်မည်။
သူသည် ရေပန်းစားမှု ရရှိရန်သက်သက်နှင့် ဘယ်သောအခါမှ ဟန်မလုပ်နိုင်ပါ။
ထိုသို့ဖြစ်သော်ငြားလည်း ရဲ့လင်းချန်၏ ကြည့်ရှုသူ အရေအတွက်က ဆက်လက်၍ တိုးလာနေသဖြင့် ရိုက်ကူးရေး ဝန်ထမ်း အံ့ဩသွားရသည်။ မှတ်ချက်များအရ တော်တော်များများက သူ့ကို ငြိမ်ငြိမ်လေး ကြည့်နေရုံနှင့်တင် တကယ် ကျေနပ်နေမှန်း သိသာပေသည်။
သူမ သူ့ကို အလိုလို လှမ်းကြည့်မိသည်။ လက်ရှိတွင် ရဲ့လင်းချန်သည် ပြတင်းပေါက် အပြင်ဘက်ကို ကြည့်နေပြီး ထူးဆန်းသော အရောင်များလက်နေသည့် မျက်လုံးတို့ဖြင့် တစ်ခုခုကို အာရုံစိုက်၍ တွေးနေပုံ ပေါ်နေသည်။
အမှန်အတိုင်း ပြောရလျင် သူ၏ ခန္ဓာကိုယ်မှ အလွန် ဆွဲဆောင်မှုရှိသော အရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်။ ထိုအရှိန်အဝါက အခြားသူများအား အလိုလို နီးကပ်ချင်သည့် ခံစားချက် ဖြစ်ပေါ်စေသည်။ သူ့ထံမှ ဉာဏ်အလင်း ရနေသော ပါရမီရှင်တစ်ယောက်၏ စွမ်းအင်မျိုး ပျံ့လွင့်နေ၏။
"ရဲ့နတ်ဘုရား၊ ရှင် ရှုခင်းတွေ ကြည့်ရတာကို သဘောကျတာလား"
သူမ မနေနိုင်ဘဲ မေးလိုက်မိသည်။
"အင်း သိပ်သဘောကျတယ်"
ရဲ့လင်းချန် ခေါင်းညိတ်သည်။
"ကျွန်တော်က လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်တဲ့ရွာမှာ ကြီးပြင်းလာခဲ့တာ၊ အဲ့ဒါကြောင့် ဒီလို ရှုခင်းပုံစံမျိုးနဲ့ ဆက်သွယ်မှု ရှိနေသလို ခံစားရတယ်"
ရိုက်ကူးရေး ဝန်ထမ်း၏ မျက်လုံးများ အရောင်လက်သွားသည်။ နောက်ဆုံး၌ သူမ အကြောင်းအရာအမှန်ကို ရှာတွေ့သွားလေပြီ။
"ရှင် ကျွန်မတို့ကို လယ်ယာ စိုက်ပျိုးရေးရွာက ဘဝအကြောင်း ထပ်ပြောပြနိုင်မလား"
"အင်း ... ထားလိုက်ပါတော့"
ထိုအခါ ရဲ့လင်းချန်က အံ့ဩဖွယ်ကောင်းလောက်အောင် ပြန်ဖြေလိုက်သည်။
"ကျေးဇူးပြုပြီး အဲ့လိုမလုပ်ပါနဲ့၊ မဟုတ်မှလွဲရော ရှင့်မှာ မကောင်းတဲ့ အတွေ့အကြုံတွေ ရှိခဲ့လို့လား"
ရိုက်ကူးရေး ဝန်ထမ်းက စောဒက တက်သည်။ ထို့နောက် သူမက ရဲ့လင်းချန်ကို တိုက်ရိုက် ထုတ်လွှင့်မှုမှ မှတ်ချက်များကို ပြလိုက်လေသည်။
"ကြည့်ပါဦး၊ ဒီကြည့်ရှုသူတွေကလည်း နားထောင်ချင်နေကြတယ်၊ သူတို့က ရှင့်ကို လုံးဝ အားပေးနေတာနော်၊ ကျေးဇူးပြုပြီး ကျွန်မတို့ကို ပြောပြပါ"
ရဲ့လင်းချန်၏ မျက်နှာတွင် တုံ့ဆိုင်းနေသော အမူအရာ ပေါ်လာသည်။ ထို့နောက် သူ သက်ပြင်းချလိုက်သည်။
"ခင်ဗျားက အဲ့လိုပြောလာမှတော့ဗျာ ... ခင်ဗျားတို့ သိချင်နေမှတော့ ကျွန်တော် နည်းနည်း ပြောပြမယ်"
ရုတ်တရက် ရဲ့လင်းချန်၏ အသံက မှောင်မိုက်လာသည်။ ကား၏ အပူချိန်က ကျဆင်းလာပုံရပြီး ယာဉ်မောင်းသူသည် တစ်ကိုယ်လုံး ကြက်သီး တဖြန်းဖြန်း ထလာသလို ခံစားလိုက်ရသည်။ ကြည့်ရှုသူများလည်း ငေးငိုင်သွား၏။ ရဲ့လင်းချန်က သူတို့ကို ကြီးကြီးမားမား တစ်ခုခုအကြောင်း ပြောပြတော့မည်ဟု ခံစားနေရသည်။
"လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ကျွန်တော် ကိုးနှစ်ပဲ ရှိသေးတယ်၊ ကျွန်တော်တို့ တရုတ်နိုင်ငံမှာ စကားတစ်ခု ရှိတယ်လေ၊ သစ်ရွက်ခြောက်တွေက သူတို့အမြစ်ဆီကို ပြန်သွားတယ်ဆိုတဲ့စကား၊ လူတစ်ယောက်က သေဆုံးပြီးသွားရင် အေးအေးချမ်းချမ်း အနားယူဖို့ မြေကြီးထဲ ပြန်သွားရမယ်၊ မဟုတ်ရင် သူ့ဝိညာည်က လမ်းပျောက်နေတဲ့ ဝိညာဉ်အဖြစ် လျှောက်သွားနေလိမ့်မယ်၊ ဒါပေမဲ့ အဲ့အချိန်တုန်းက သွားရေးလာရေးက အဆင်မပြေဘူးလေ၊ တကယ်လို့ တစ်ယောက်ယောက်က အိမ်နဲ့ဝေးရာမှာ ဆုံးသွားရင် သူတို့အလောင်းကို သူတို့ ဇာတိကို ပြန်ပို့ဖို့ ခက်တယ်၊ အဲ့ဒါက အကုန်အကျများသလို ဒုက္ခလည်း များတယ်၊ လိုအပ်ချက် ရှိလာတော့ စီးပွားရေး လုပ်ငန်းတစ်ခုကလည်း အလိုလို ပေါ်လာတာပေါ့၊ အဲ့ဒါကြောင့် ကျွန်တော်တို့ရွာမှာ ထူးခြားတဲ့ အလုပ်တစ်ခု ရှိလာတယ်၊ အဲ့ဒါက အလောင်း ပြင်ခြင်းပဲ"
"အလောင်း ပြင်ခြင်းဆိုတဲ့ နာမည်အတိုင်းပဲ၊ အဲ့ဒါက အလောင်းရဲ့ လှုပ်ရှားမှုကို ထိန်းချုပ်တာပေါ့၊ ဒါပေမဲ့ တိတိကျကျ ပြောရရင်အလောင်းကို သယ်တာပေါ့၊ ရွာကလူတွေ အလောင်းကို ဘယ်လို ကိုင်တွယ်သလဲ ကျွန်တော် မြင်ခဲ့ရတယ်၊ သူတို့က အလောင်းရဲ့ ကိုယ်တွင်းအင်္ဂါတွေကို သန့်ရှင်းပေးတယ်၊ ကောက်ရိုးတွေနဲ့ ဖြည့်ပြီးတော့ မူလအခြေအနေကို ထိန်းသိမ်းတယ်၊ ပြီးရင် သူတို့က အလောင်းကို သယ်ပြီး ခရီးထွက်ကြတယ်၊ မင်္ဂလာမရှိတဲ့ ကိစ္စမို့ သူတို့က အခြားသူတွေရဲ့ စိတ်အခြေအနေကို ပျက်စီးစေမှာစိုးလို့ များသောအားဖြင့် ညဉ့်နက်သန်းခေါင်မှ သူတို့ လုပ်လေ့ရှိတယ်"
"အလောင်း ပြင်တာက ဘာမှမထူးဆန်းဘူး၊ အဲ့ဒါက ငွေရေးကြေးရေး အခက်အခဲ ရှိတဲ့လူတွေအတွက် အလုပ်တစ်ခုပေါ့၊ ရွာက အလောင်းပြင်သူ အရေအတွက် များတာမို့ ကျွန်တော်လည်း စပ်စုချင်လို့ ဝင်ပါခဲ့တယ်၊ အလောင်းတွေနဲ့ အချိန်ကုန်ရတာ များလာတော့ ကျွန်တော် ထူးဆန်းတဲ့ ကိစ္စတွေနဲ့ ကြုံခဲ့တယ်၊ ကျွန်တော် ရှင်းရှင်းလင်းလင်း မှတ်မိနေသေးတယ်၊ အဲ့ဒါက ကျွန်တော့်ရဲ့ ဒုတိယဦးလေးနဲ့ ပထမဆုံး အလောင်းပြင်ဖူးတဲ့ အချိန်ပေါ့ ..."
ရဲ့လင်းချန်က ထူးခြားဆန်းကြယ်စွာ ပြောနေပြီး သူ့အသံ၌ ကျောချမ်းစရာ ကောင်းသော အရိပ်အယောင်တို့ ပါဝင်နေသည်။ ယင်းက လူတိုင်းကို သူတို့ ပြောလိုသည့် စကားအား မေ့လျော့သွားစေသည်။ ထိုအခိုက်တွင် ထုတ်လွှင့်ရေးမှ ကြည့်ရှုသူ အရေအတွက်က ဆက်လက်၍ တိုးလာနေ၏။
#Zawgyi
စာစဥ္ 27 Chapter 401 ရဲ႕လင္းခ်န္ရဲ႕ ပုံျပင္
ကားသည္ အေရွ႕သို႔ ျဖည္းျဖညင္းခ်င္း ေမာင္းႏွင္လ်က္ ရွိသည္။ ရဲ႕လင္းခ်န္သည္ ျပတင္းေပါက္နား ထိုင္၍ အျပင္ဘက္မွ ရႈခင္းကို တိတ္ဆိတ္စြာ ၾကည့္ေနသည္။ ကားထဲ၌ တစ္ဒဂၤမွ် အလြန္ တိတ္ဆိတ္ေန၏။
ရသစုံရႈိးတစ္ခုအတြက္ ဤသို႔ အေနရခက္ျခင္းက မေကာင္းေပ။ ထို႔ေၾကာင့္ သူတို႔ အေၾကာင္းအရာတစ္ခု ဆြဲထုတ္ရန္ လိုေပသည္။
အမ်ိဳးသမီးဝန္ထမ္းက ရဲ႕လင္းခ်န္ကို လွည့္ၾကည့္ၿပီး ၿပဳံး၍ ေမးလိုက္သည္။
"ရဲ႕နတ္ဘုရား၊ ကြၽန္မတို႔ ဘယ္ကို သြားေနသလဲဆိုတာကို ရွင္ သိလား"
"မသိဘူး"
"ကြၽန္မတို႔ ဘယ္ကို သြားေနတာလဲဆိုတာကိုေရာ ရွင္ သိခ်င္လား"
"စိတ္မဝင္စားဘူး"
...
[ခြီး ... ဟားဟားဟား ...]
[ရဲ႕နတ္ဘုရားက ေတာ္ေတာ္ တဲ့တိုးဆန္တာပဲ၊ ႐ိုက္ကူးေရး ဝန္ထမ္းရဲ႕ မ်က္ႏွာက အခု ပ်က္ေနၿပီ]
[႐ိုက္ကူးေရးဝန္ထမ္း: ငါ ဒီအေၾကာင္းအရာကို ဘယ္လိုလုပ္ ဆက္ေျပာရေတာ့မွာလဲ၊ အြန္လိုင္းေပၚကေန ေစာင့္ေနပါတယ္၊ အေရးႀကီးပါတယ္]
ၾကည့္ရႈသူ မ်ားမ်ားစားစား မရွိေသာ္လည္း မွတ္ခ်က္ေပးေသာ က႑၌ အလြန္ သက္ဝင္လ်က္ ရွိသည္။ သူတို႔ထဲမွ အခ်ိဳ႕သည္ ရဲ႕လင္းခ်န္၏ တဲ့တိုးစကားမ်ားေၾကာင့္ ရယ္ေမာေနသည္။
႐ိုက္ကူးေရး အဖြဲ႕ဝင္သည္လည္း စိတ္ညစ္ေနသည္။
*ဒါက ရသစုံရႈိးပြဲဆိုတာကို နင္ မသိဘူးလား၊ ငါတို႔ တစ္ခုခုကို ေျပာေနဖို႔ လိုတယ္ေလ*
သူမ မေနႏိုင္ေတာ့ဘဲ ထပ္ေမးလိုက္မိသည္။
"ကြၽန္မ ရွင့္ကို ေရာင္းစားလိုက္မွာကို ရွင္ မေၾကာက္ဘူးလား"
ရဲ႕လင္းခ်န္ အံ့ဩသြားသည္။ သူ ကားထဲကို ေဝ့ၾကည့္လိုက္ေသာအခါ ယာဥ္ေမာင္းတစ္ေယာက္၊ ႐ိုက္ကူးေရး ဝန္ထမ္းတစ္ေယာက္ႏွင့္ ကင္မရာကိုင္ထားေသာ ကင္မရာသမား တစ္ေယာက္သာ ရွိသည္ကို ေတြ႕လိုက္ရသည္။
"မင္းတို႔ဆီမွာ ခ်ဳံထဲမွာ ပုန္းေနတဲ့လူေတြ ရွိလို႔လား၊ မင္းတို႔ လူနည္းနည္းေလးနဲ႔ အဆင္ေျပမယ္လို႔ ငါ မထင္ဘူး"
[ဝါးဟားဟား ... ငါ ထပ္ၿပီးေတာ့ ေအာင့္မထားႏိုင္ေတာ့ဘူး၊ ရဲ႕နတ္ဘုရားက ငါ့ကို အရယ္လြန္ၿပီး ေသေအာင္ လုပ္ေနတာပဲ]
[ရဲ႕နတ္ဘုရားက ဘတ္စကက္ေဘာ အားကစားမွာ ေတာ္သလို ရယ္လည္း ရယ္ရတာပဲ၊ ငါေတာ့ ပရိသတ္ ျဖစ္သြားၿပီ]
[အာ ... ရဲ႕နတ္ဘုရားက အခုတေလာ ပိုၾကည့္ေကာင္းလာပုံ ေပါက္ေနတာကို မင္းတို႔ သတိထားမိလား၊ ငါ သူ႔ကို ပထမဆုံးအႀကိမ္ ၾကည့္ခဲ့တုန္းက အံ့ဩသြားတာ၊ ဒုတိယတစ္ေခါက္နဲ႔ တတိယတစ္ေခါက္ ၾကည့္လိုက္ေတာ့ ငါ လုံးဝ စြဲလမ္းသြားေရာ]
[အေပၚကလူ ငါလည္း အဲ့လို ခံစားရတယ္၊ ရဲ႕နတ္ဘုရားက တိတ္တိတ္ေနေနတာေတာင္မွ ငါ သူ႔ကို တစ္ေန႔လုံး ၿငိမ္ၿပီးေတာ့ ေပ်ာ္ေပ်ာ္ႀကီး ၾကည့္ႏိုင္တယ္]
[မျဖစ္ေတာ့ဘူး ... အခ်စ္ေရာဂါ စလာၿပီ]
...
အြန္လိုင္း ၾကည့္ရႈသူ အေရအတြက္က ဆက္၍ တိုးလာၿပီး မွတ္ခ်က္မ်ား ဆက္တိုက္ ေပၚလာေနသည္။
႐ိုက္ကူးေရး အဖြဲ႕ဝင္၏ မ်က္ႏွာအမူအရာက မည္းေမွာင္လာသည္။ သူမကိုယ္သူ အေတြ႕အႀကဳံ အလုံအေလာက္ ရွိၿပီဟု အၿမဲ ထင္ထားခဲ့သည္။ တကယ္လည္း သူမ အႏုပညာရွင္မ်ားႏွင့္ ႏွစ္ေတာ္ေတာ္ေလး လုပ္ကိုင္ခဲ့ဖူးပါသည္။ ထို႔အျပင္ အႏုပညာရွင္ အမ်ားစုသည္ သူတို႔၏ ပုံရိပ္ကို ထိန္းသိမ္းရန္ အာ႐ုံစိုက္ၾကသည္။ ထို႔ေၾကာင့္ သူတို႔သည္ သတိႏွင့္ စကားေျပာၾကၿပီး ႐ိုက္ကူးေရးအတြက္ စကားဝိုင္းကို ဆက္ေျပာခ်င္စိတ္ ရွိၾကေလသည္။
သို႔ေသာ္ ယေန႔တြင္ သူမသည္ ရဲ႕လင္းခ်န္ႏွင့္မွ ဆုံရေလသည္။
*ဒီလူက ငေၾကာင္ပဲ*
သူ ျပန္ေျဖေသာ ပုံစံႏွင့္ဆိုလ်င္ သူမတြင္ တကယ္ကို စကားဝိုင္းကို ဆက္ႏိုင္သည့္ နည္းလမ္း မရွိေတာ့ပါ။
"ဟီးဟီး ..."
႐ိုက္ကူးေရး ဝန္ထမ္းသည္ အေနရခက္စြာ ရယ္လိုက္ၿပီးမွ အျခားအေၾကာင္းအရာကို ေျပာင္းေျပာေလသည္။
"ရဲ႕နတ္ဘုရား၊ ရွင္က ဘတ္စကက္ေဘာ ကစားသမားေကာင္းတစ္ေယာက္ဆိုေတာ့ ရွင္ ဘတ္စကက္ေဘာ ကစားရတာကို သေဘာက်မွာေပါ့ ဟုတ္တယ္မလား"
"လုံးဝပဲ"
ရဲ႕လင္းခ်န္ ေအးေအးလူလူ ျပန္ေျပာလိုက္ၿပီးမွ ဆက္ေျပာေလသည္။
"အမွန္အတိုင္း ေျပာရရင္ ဘတ္စကက္ေဘာက ကြၽန္ေတာ့္ရဲ႕ အားအနည္းဆုံး စြမ္းရည္ပဲ"
သူ လိမ္ေနျခင္း မဟုတ္ပါ။ လက္ရွိအခ်ိန္၌ သူသည္ ေျမာက္ျမားစြာေသာ စြမ္းရည္မ်ားကို ကြၽမ္းက်င္ထားသည္။ သူ႔တြင္ အေျခခံအဆင့္ စြမ္းရည္ ဆယ္ခုေက်ာ္ ရွိၿပီး အလယ္အလတ္အဆင့္ စြမ္းရည္မ်ားလည္း ရွိေသးသည္။ ထိုစြမ္းရည္မ်ားႏွင့္ ယွဥ္လိုက္လ်င္ ဘတ္စကက္ေဘာ အားကစားက ဘာမွမဟုတ္ေခ်။
သို႔ေသာ္ သူ႔စကားကို အျခားသူမ်ားက ႂကြားလုံးထုတ္ေနသည္ဟု ျမင္သြားေလသည္။
[ဘတ္စကက္ေဘာက သူ အားအနည္းဆုံး စြမ္းရည္တဲ့လား၊ ဒါ ႂကြားလြန္းေနၿပီ]
[အရွက္မရွိဘူး၊ လုံးဝကို အရွက္မရွိဘူး၊ သူ တိုက္႐ိုက္ ထုတ္လႊင့္မႈ လုပ္ေနတယ္ဆိုတာကို မသိဘူးလား၊ ဒီအလိမ္အညာ စကားေတြေၾကာင့္ သူ လူေျပာခံရေတာ့မွာပဲ]
[ရဲ႕နတ္ဘုရားက အႏုပညာေလာကထဲ အခုမွ ဝင္တာမို႔လို႔ စည္းကမ္းေတြကို နားမလည္ေသးတာ ထင္တယ္၊ ဒီလို ႂကြားပုံနဲ႔ဆို သူ ပရိသတ္ေတြ ဆုံးရႈံးေတာ့မွာပဲ]
[အဲ့ဒါ အဲ့မိန္းမရဲ႕ အမွားပဲ၊ အဲ့ေမးခြန္းေတြက ဘာလဲ၊ သူ ငါတို႔ကို ရဲ႕နတ္ဘုရားကို ၿငိမ္ၿငိမ္ေလး ၾကည့္ခြင့္ ေပးခဲ့သင္တာ၊ သူ႔ကို အဲ့ေမးခြန္းေတြ မျဖစ္မေန ေမးမွရမွာလား၊ စိတ္ပ်က္ဖို႔ ေကာင္းလိုက္တာ]
...
႐ိုက္ကူးေရး ဝန္ထမ္းသည္ ရဲ႕လင္းခ်န္ ထိုသို႔ ျပန္ေျဖလိမ့္မည္ဟု ထင္မထားမိပါ။ လက္ရွိတြင္ သူမသည္ ထိုသို႔ေသာ ေမးခြန္းမ်ိဳး ေမးမိသည္ကို ေနာင္တရေနၿပီး ဘာမွ ထပ္မေမးရဲေတာ့ေပ။ ကားထဲ၌ ထပ္မံ၍ တိတ္ဆိတ္ သြားေလသည္။
ရဲ႕လင္းခ်န္သည္ ထိုအခြင့္အေရးကို အရယူ၍ တိတ္ဆိတ္ ၿငိမ္းခ်မ္းမႈကို ခံစားေနသည္။ သူသည္ တိုက္႐ိုက္ ထုတ္လႊင့္ေနျခင္း ျဖစ္သည္ကို သိသလို သူ၏ ေရပန္းစားမႈကို တိုးလာေစခ်င္ေသာ္လည္း သူတို႔အႀကိဳက္ကို တမင္ လိုက္မလုပ္ႏိုင္ပါ။ သူ အမွန္အတိုင္း ေျဖေနခဲ့သည္။ သူ႔ကို သေဘာက်သည့္သူမ်ားက သူ႔ကို သေဘာက်ေနမွာပင္။ ထို႔အျပင္ ေနာက္ပိုင္း သူတို႔ သူ႔ကို တကယ္ နားလည္သြားလ်င္ သူ လိမ္ေနျခင္း မဟုတ္ေၾကာင္း သူတို႔ သိလာ ေပလိမ့္မည္။
သူသည္ ေရပန္းစားမႈ ရရွိရန္သက္သက္ႏွင့္ ဘယ္ေသာအခါမွ ဟန္မလုပ္ႏိုင္ပါ။
ထိုသို႔ျဖစ္ေသာ္ျငားလည္း ရဲ႕လင္းခ်န္၏ ၾကည့္ရႈသူ အေရအတြက္က ဆက္လက္၍ တိုးလာေနသျဖင့္ ႐ိုက္ကူးေရး ဝန္ထမ္း အံ့ဩသြားရသည္။ မွတ္ခ်က္မ်ားအရ ေတာ္ေတာ္မ်ားမ်ားက သူ႔ကို ၿငိမ္ၿငိမ္ေလး ၾကည့္ေန႐ုံႏွင့္တင္ တကယ္ ေက်နပ္ေနမွန္း သိသာေပသည္။
သူမ သူ႔ကို အလိုလို လွမ္းၾကည့္မိသည္။ လက္ရွိတြင္ ရဲ႕လင္းခ်န္သည္ ျပတင္းေပါက္ အျပင္ဘက္ကို ၾကည့္ေနၿပီး ထူးဆန္းေသာ အေရာင္မ်ားလက္ေနသည့္ မ်က္လုံးတို႔ျဖင့္ တစ္ခုခုကို အာ႐ုံစိုက္၍ ေတြးေနပုံ ေပၚေနသည္။
အမွန္အတိုင္း ေျပာရလ်င္ သူ၏ ခႏၶာကိုယ္မွ အလြန္ ဆြဲေဆာင္မႈရွိေသာ အရွိန္အဝါတစ္ခု ထြက္ေပၚေနသည္။ ထိုအရွိန္အဝါက အျခားသူမ်ားအား အလိုလို နီးကပ္ခ်င္သည့္ ခံစားခ်က္ ျဖစ္ေပၚေစသည္။ သူ႔ထံမွ ဉာဏ္အလင္း ရေနေသာ ပါရမီရွင္တစ္ေယာက္၏ စြမ္းအင္မ်ိဳး ပ်ံ႕လြင့္ေန၏။
"ရဲ႕နတ္ဘုရား၊ ရွင္ ရႈခင္းေတြ ၾကည့္ရတာကို သေဘာက်တာလား"
သူမ မေနႏိုင္ဘဲ ေမးလိုက္မိသည္။
"အင္း သိပ္သေဘာက်တယ္"
ရဲ႕လင္းခ်န္ ေခါင္းညိတ္သည္။
"ကြၽန္ေတာ္က လယ္ယာစိုက္ပ်ိဳးေရး လုပ္ကိုင္တဲ့႐ြာမွာ ႀကီးျပင္းလာခဲ့တာ၊ အဲ့ဒါေၾကာင့္ ဒီလို ရႈခင္းပုံစံမ်ိဳးနဲ႔ ဆက္သြယ္မႈ ရွိေနသလို ခံစားရတယ္"
႐ိုက္ကူးေရး ဝန္ထမ္း၏ မ်က္လုံးမ်ား အေရာင္လက္သြားသည္။ ေနာက္ဆုံး၌ သူမ အေၾကာင္းအရာအမွန္ကို ရွာေတြ႕သြားေလၿပီ။
"ရွင္ ကြၽန္မတို႔ကို လယ္ယာ စိုက္ပ်ိဳးေရး႐ြာက ဘဝအေၾကာင္း ထပ္ေျပာျပႏိုင္မလား"
"အင္း ... ထားလိုက္ပါေတာ့"
ထိုအခါ ရဲ႕လင္းခ်န္က အံ့ဩဖြယ္ေကာင္းေလာက္ေအာင္ ျပန္ေျဖလိုက္သည္။
"ေက်းဇူးျပဳၿပီး အဲ့လိုမလုပ္ပါနဲ႔၊ မဟုတ္မွလြဲေရာ ရွင့္မွာ မေကာင္းတဲ့ အေတြ႕အႀကဳံေတြ ရွိခဲ့လို႔လား"
႐ိုက္ကူးေရး ဝန္ထမ္းက ေစာဒက တက္သည္။ ထို႔ေနာက္ သူမက ရဲ႕လင္းခ်န္ကို တိုက္႐ိုက္ ထုတ္လႊင့္မႈမွ မွတ္ခ်က္မ်ားကို ျပလိုက္ေလသည္။
"ၾကည့္ပါဦး၊ ဒီၾကည့္ရႈသူေတြကလည္း နားေထာင္ခ်င္ေနၾကတယ္၊ သူတို႔က ရွင့္ကို လုံးဝ အားေပးေနတာေနာ္၊ ေက်းဇူးျပဳၿပီး ကြၽန္မတို႔ကို ေျပာျပပါ"
ရဲ႕လင္းခ်န္၏ မ်က္ႏွာတြင္ တုံ႔ဆိုင္းေနေသာ အမူအရာ ေပၚလာသည္။ ထို႔ေနာက္ သူ သက္ျပင္းခ်လိုက္သည္။
"ခင္ဗ်ားက အဲ့လိုေျပာလာမွေတာ့ဗ်ာ ... ခင္ဗ်ားတို႔ သိခ်င္ေနမွေတာ့ ကြၽန္ေတာ္ နည္းနည္း ေျပာျပမယ္"
႐ုတ္တရက္ ရဲ႕လင္းခ်န္၏ အသံက ေမွာင္မိုက္လာသည္။ ကား၏ အပူခ်ိန္က က်ဆင္းလာပုံရၿပီး ယာဥ္ေမာင္းသူသည္ တစ္ကိုယ္လုံး ၾကက္သီး တျဖန္းျဖန္း ထလာသလို ခံစားလိုက္ရသည္။ ၾကည့္ရႈသူမ်ားလည္း ေငးငိုင္သြား၏။ ရဲ႕လင္းခ်န္က သူတို႔ကို ႀကီးႀကီးမားမား တစ္ခုခုအေၾကာင္း ေျပာျပေတာ့မည္ဟု ခံစားေနရသည္။
"လြန္ခဲ့တဲ့ ဆယ္ႏွစ္ေလာက္က ကြၽန္ေတာ္ ကိုးႏွစ္ပဲ ရွိေသးတယ္၊ ကြၽန္ေတာ္တို႔ တ႐ုတ္ႏိုင္ငံမွာ စကားတစ္ခု ရွိတယ္ေလ၊ သစ္႐ြက္ေျခာက္ေတြက သူတို႔အျမစ္ဆီကို ျပန္သြားတယ္ဆိုတဲ့စကား၊ လူတစ္ေယာက္က ေသဆုံးၿပီးသြားရင္ ေအးေအးခ်မ္းခ်မ္း အနားယူဖို႔ ေျမႀကီးထဲ ျပန္သြားရမယ္၊ မဟုတ္ရင္ သူ႔ဝိညာည္က လမ္းေပ်ာက္ေနတဲ့ ဝိညာဥ္အျဖစ္ ေလွ်ာက္သြားေနလိမ့္မယ္၊ ဒါေပမဲ့ အဲ့အခ်ိန္တုန္းက သြားေရးလာေရးက အဆင္မေျပဘူးေလ၊ တကယ္လို႔ တစ္ေယာက္ေယာက္က အိမ္နဲ႔ေဝးရာမွာ ဆုံးသြားရင္ သူတို႔အေလာင္းကို သူတို႔ ဇာတိကို ျပန္ပို႔ဖို႔ ခက္တယ္၊ အဲ့ဒါက အကုန္အက်မ်ားသလို ဒုကၡလည္း မ်ားတယ္၊ လိုအပ္ခ်က္ ရွိလာေတာ့ စီးပြားေရး လုပ္ငန္းတစ္ခုကလည္း အလိုလို ေပၚလာတာေပါ့၊ အဲ့ဒါေၾကာင့္ ကြၽန္ေတာ္တို႔႐ြာမွာ ထူးျခားတဲ့ အလုပ္တစ္ခု ရွိလာတယ္၊ အဲ့ဒါက အေလာင္း ျပင္ျခင္းပဲ"
"အေလာင္း ျပင္ျခင္းဆိုတဲ့ နာမည္အတိုင္းပဲ၊ အဲ့ဒါက အေလာင္းရဲ႕ လႈပ္ရွားမႈကို ထိန္းခ်ဳပ္တာေပါ့၊ ဒါေပမဲ့ တိတိက်က် ေျပာရရင္အေလာင္းကို သယ္တာေပါ့၊ ႐ြာကလူေတြ အေလာင္းကို ဘယ္လို ကိုင္တြယ္သလဲ ကြၽန္ေတာ္ ျမင္ခဲ့ရတယ္၊ သူတို႔က အေလာင္းရဲ႕ ကိုယ္တြင္းအဂၤါေတြကို သန႔္ရွင္းေပးတယ္၊ ေကာက္႐ိုးေတြနဲ႔ ျဖည့္ၿပီးေတာ့ မူလအေျခအေနကို ထိန္းသိမ္းတယ္၊ ၿပီးရင္ သူတို႔က အေလာင္းကို သယ္ၿပီး ခရီးထြက္ၾကတယ္၊ မဂၤလာမရွိတဲ့ ကိစၥမို႔ သူတို႔က အျခားသူေတြရဲ႕ စိတ္အေျခအေနကို ပ်က္စီးေစမွာစိုးလို႔ မ်ားေသာအားျဖင့္ ညဥ့္နက္သန္းေခါင္မွ သူတို႔ လုပ္ေလ့ရွိတယ္"
"အေလာင္း ျပင္တာက ဘာမွမထူးဆန္းဘူး၊ အဲ့ဒါက ေငြေရးေၾကးေရး အခက္အခဲ ရွိတဲ့လူေတြအတြက္ အလုပ္တစ္ခုေပါ့၊ ႐ြာက အေလာင္းျပင္သူ အေရအတြက္ မ်ားတာမို႔ ကြၽန္ေတာ္လည္း စပ္စုခ်င္လို႔ ဝင္ပါခဲ့တယ္၊ အေလာင္းေတြနဲ႔ အခ်ိန္ကုန္ရတာ မ်ားလာေတာ့ ကြၽန္ေတာ္ ထူးဆန္းတဲ့ ကိစၥေတြနဲ႔ ႀကဳံခဲ့တယ္၊ ကြၽန္ေတာ္ ရွင္းရွင္းလင္းလင္း မွတ္မိေနေသးတယ္၊ အဲ့ဒါက ကြၽန္ေတာ့္ရဲ႕ ဒုတိယဦးေလးနဲ႔ ပထမဆုံး အေလာင္းျပင္ဖူးတဲ့ အခ်ိန္ေပါ့ ..."
ရဲ႕လင္းခ်န္က ထူးျခားဆန္းၾကယ္စြာ ေျပာေနၿပီး သူ႔အသံ၌ ေက်ာခ်မ္းစရာ ေကာင္းေသာ အရိပ္အေယာင္တို႔ ပါဝင္ေနသည္။ ယင္းက လူတိုင္းကို သူတို႔ ေျပာလိုသည့္ စကားအား ေမ့ေလ်ာ့သြားေစသည္။ ထိုအခိုက္တြင္ ထုတ္လႊင့္ေရးမွ ၾကည့္ရႈသူ အေရအတြက္က ဆက္လက္၍ တိုးလာေန၏။