နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

Por Lazy_Little_Meow

157K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... Más

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [93]

755 91 6
Por Lazy_Little_Meow

Translated by Melinoe_Megami

[Unicode]

အခန်း - (၉၃)

လူအများအတွက် မင်္ဂလာပွဲဟူသည် တစ်သက်တွင်တစ်ကြမ်သာ ကျင်းပရသည့် ပွဲအခမ်းအနား ဖြစ်သည့်အားလျော်စွာ အရေးကြီးဆုံးနေရာတွင် ထားပြီး အချိန်ရောလူပါ ပုံအပ်၍ ပြင်ဆင်တတ်ကြသည်။

ချန်းရှီကွေ့အတွက်တော့ ဤနေ့လေးသည် သူ့ဘဝတွင် မေ့မရနိုင်ဆုံးနေ့လေးတစ်နေ့ ဖြစ်လာခဲ့၏။ သူချစ်ရသည့် အမျိုးသမီးက သူနှင့်လက်ထပ်ပြီး ဘဝတစ်ခုလုံး အတူကုန်ဆုံးရန် ဆန္ဒရှိကြောင်း အဖြေပြန်ပေးခဲ့သည်။ သူ့ဘဝ၏ အကောင်းဆုံး လက်ဆောင်မွန်ပင်။ သို့ဖြစ်ရာ သူ့သူငယ်ချင်းများ မည်သို့စနောက်နေပါစေ ဝမ်းသာကြည်နူးစိတ်များဖြင့် ပြုံးရုံသာပြုံးနေပြီး ဘာမှပြန်မပြောခဲ့ပေ။

ထောင်ရှန်းရန်နှင့်အဖွဲ့လည်း အတော်ကြာ စနောက်ပြီးနောက် အပိုမီးလုံးများ ဆက်ရှိမနေသင့်တော့ကြောင်း သဘောပေါက်လိုက်သည်။ ထို့ကြောင့် လိမ္မာပါးနပ်စွာဖြင့် ချစ်ကြည်နူးနေသော စုံတွဲကို ချန်ထားရစ်ကာ ထွက်လာခဲ့လိုက်သည်။

ကျန်းချင်းယွင်လည်း ထောင်ရှန်းရန်၊ ချောင်မန်တို့နှင့်အတူ ထွက်လာခဲ့သည်။ တံခါးအပြင်သို့ ရောက်သည်နှင့် သူတို့အားလုံး နှင်းဆီပန်းများ ရှင်းလင်းနေသည်ကို မြင်လိုက်ရသည်။ အလုပ်သမားတချို့က မြေပြင်ပေါ်ရှိ နှင်းဆီပွင့်ဖတ်များကို လှည်းကျင်းနေသည်။ ကျန်းချင်းယွင်သည် သူ၏အရှေ့မှ သခင်လေးနှစ်ယောက်ကို တစ်ချက်ကြည့်ပြီး ဘာမှမပြောခဲ့ပေ။ သို့သော် ထောင်ရှန်းရန်က နောက်လှည့်ပြီး ပြုံးစစမျက်နှာထားဖြင့် ပြောလာသည်။ “ဒီမနက် ဘာဖြစ်ခဲ့လဲဆိုတာ ငါတို့သိပြီးသား..”

ကျန်းချင်းယွင်လည်း စိတ်သက်သာရာရသွားပြီး သက်ပြင်းမောချလိုက်မိသည်။ ကြည့်ရသည်မှာ မစ္စတာချန်းသည် အင်တာနက်ပေါ်မှ အခြေအမြစ်မရှိသည့် ကောလာဟလများကို အဖက်လုပ်ပုံမပေါ်ပေ။

“ကြားဖူးသလောက် ကျို့ကျီက အနုပညာလောကရဲ့ နာမည်ကြီးဖျော်ဖြေရေးကုမ္ပဏီကြီးတစ်ခုဆို.. အစ်ကိုချန်းတောင် ရင်းနှီးမြှုပ်နှံထားသေးတယ်.. ဒါပေမဲ့ မင်းတို့ကုမ္ပဏီရဲ့ PR Team က ဒီတစ်ခေါက် တုံ့ပြန်မှုနှေးကွေးလိုက်တာ..” ထောင်ရှန်းရန်က အမှုမထားသလို ဆက်ပြောလာသည်။ “နောက်ထပ် ဒီလိုမျိုးတွေ ထပ်ကြုံလာရင် မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်မှဖြစ်မယ်..”

ကျန်းချင်းယွင်သည် ထောင်ရှန်းရန်၏ စကားထဲမှ ဤတစ်ခေါက် ဖြေရှင်းပုံမမှန်ကန်သည့်အတွက် သတိပေးနေသည့် အရိပ်အမြွက်ကို ကောင်းကောင်း သဘောပေါက်ခဲ့သည်။ ထို့ကြောင့် ခါးသီးစွာ ပြုံးလိုက်ရင်း ခေါင်းတစ်ချက်ညိတ်ကာ.. “ထောင်သခင်လေး.. ကုမ္ပဏီက နဉ်ရှီအတွက် PR Team အသစ် စီစဉ်ပေးမှာပါ.. ဒီနေ့လိုအခြေအနေမျိုး ထပ်မဖြစ်စေရပါဘူး..”

ထောင်ရှန်းရန်က ပြုံးပြီး ခေါင်းညိတ်ပြသည်။ သို့သော် ဘာမှထပ်မပြောတော့ပေ။

ကျန်းချင်းယွင်က ကားပေါ်ထိုင်ပြီး ဖုန်းကို Power ဖွင့်ကြည့်လိုက်သည်။ မနားတမ်းဝင်လာသည့် ဖုန်းမက်ဆေ့များကြောင့် သူ၏ဖုန်းပင် ဟမ်းသွားရသည်။

ထို့နောက် ကျန်းချင်းယွင်က သူ၏ဘော့စ်ထံ ဖုန်းပြန်ခေါ်ပြီး မစ္စတာချန်းက နဉ်ရှီကို လက်ထပ်ခွင့်တောင်းခဲ့ကြောင်း၊ အွန်လိုင်းပေါ်မှ ကောလာဟလများကို မယုံကြည်ကြောင်း ပြောပြလိုက်သည်။ ပြီးနောက် စိတ်အနှောင့်အယှက်ပေးလွန်းသည့် ဖုန်းမက်ဆေ့များ၊ ဖုန်းကောလ်များကို ဘလော့ပစ်ပြီး ဖုန်းကို စက်ပြန်ပိတ်ထားလိုက်သည်။

***

“သူတို့အားလုံး သွားပြီ..” နဉ်ရှီက ပြတင်းပေါက်ဘေးတွင် ရပ်နေပြီး ခြံသန့်ရှင်းရေးလုပ်ပြီး၍ ပြန်သွားသော အလုပ်သမားများကို မြင်လိုက်ရသည်။ သူမက နောက်လှည့်ကာ ချန်းရှီကွေ့၏ဘေးတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် စားပွဲပေါ်ရှိ ကော်ဖီခွက်ကို လှမ်းယူလိုက်ပြီး ကော်ဖီခါးခါး တစ်ငုံသောက်ကာ.. “နိုင်ငံခြားကနေ ပြန်ရောက်တော့ ရှင်နဲ့တွေ့ခဲ့တာ စီစဉ်ထားတာ မဟုတ်ပါဘူး..”

ဤအချိန်ရောက်လာမှတော့ တချို့စကား၊ တချို့ကိစ္စများကို ပြန်ပြောနေရန် မလိုတော့ချေ။

သူမ၏ အစီအစဉ်တစ်လျှောက်လုံး အတိုင်းထက်အလွန် အဆင်ပြေနေပြီး အဆုံးသတ်နီးလာ၍ ဖြစ်နိုင်ပါ၏။ နဉ်ရှီ၏စိတ်ထဲတွင် အတိတ်ကို ဖြည်းဖြည်းချင်း လွှတ်ချလာနိုင်ပြီး ဘဝသစ်တစ်ခုစတင်ရန် အဆင်သင့်ဖြစ်လာချေပြီ။

“ကျို့ကျီနဲ့ လက်မှတ်ထိုးပြီး အနုပညာရှင်တစ်ယောက်အနေနဲ့ ပြန်လာခဲ့တယ်.. ပြီးတော့ ပြည်တွင်းမှာ နာမည်ကြီးအောင် ကြိုးစားခဲ့တယ်.. ဒါတွေအားလုံးကို အသေးစိတ် Plan ချထားပြီးသားပဲ..” နဉ်ရှီက ထိုသို့ပြောရင်း ရယ်လိုက်ကာ.. “ကျွန်မအတန်းဖော်ဟောင်းတွေရဲ့ အမြင်မှာတော့ ကျွန်မပြန်လာတာက သူတို့ကို လက်စားချေဖို့ပေါ့.. ဒါပေမဲ့ အမှန်အတိုင်းပြောရရင် အဲ့တာက အကြောင်းပြချက်တွေထဲက တစ်ခုသာသာပဲ.. သူတို့ကို လက်စားချေချင်ရုံနဲ့ ဒီကိုပြန်လာပြီး အားကုန်မခံနေဘူး..”

“ကျွန်မအဖေကို သေစေခဲ့တဲ့လူက အရက်မူးပြီးကားမောင်းခဲ့တဲ့ ကျင်းဟုန်ခိုင်..! အဲ့အချိန်တုန်းက ကျွန်မရဲ့အမေလည်း ဒီကိစ္စကို သံသယဝင်ခဲ့ဖူးတယ်.. ဒါပေမဲ့ နားလည်ရခက်အောင် သက်သေသွားပြီး စိတ်ကျရောဂါကြောင့်လို့ သတ်မှတ်ခံလိုက်ရတယ်.. ဘယ်သူက ကျွန်မအမေမှာ ဒီရောဂါရှိတယ်ဆိုပြီး ပြောခဲ့တာလဲ..?! အဓိပ္ပါယ်မရှိဆုံးက ဆေးစစ်ချက်ကို ယူပြလာတဲ့လူက တခြားလူမဟုတ်ဘဲ ကျွန်မရဲ့ ဒုတိယဦးလေး ဖြစ်နေတယ်..” နဉ်ရှီက လက်ဖက်ရည်ခွက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။ ထိုအပြုအမူက သူမကို စိတ်သက်သာရာရအောင် ကူညီပေးနေသလိုပင်။ “အိမ်ရောက်လာတဲ့ဆွေမျိုးတွေ သံသယမဝင်အောင် ကျွန်မ ဘာမှမသိသလို ဟန်ဆောင်ခဲ့ရတယ်.. နှစ်နှစ်ကြာပြီးတော့ ပြည်တွင်းကိုပြန်လာပြီး အမှုဖွင့်ခဲ့သေးတယ်.. ဒါပေမဲ့ သက်သေမခိုင်လုံလို့ဆိုပြီး ရဲစခန်းက ပယ်ချလိုက်တယ်..”

“အဲ့အချိန်တုန်းကဆိုရင် ညဘက်တွေမှာ အိပ်လို့တောင်မပျော်ခဲ့ဘူး.. မျက်လုံးမှိတ်လိုက်တာနဲ့ ကျွန်မမိဘတွေ သေဆုံးသွားတဲ့ မြင်ကွင်းကို ကြောက်စရာကောင်းအောင် ပြန်မြင်ယောင်လာတယ်..” ဤအထိပြောပြီးနောက် နဉ်ရှီသည် အတိတ်မှ အကြောင်းများကို ပြန်ပြောနေလည်း အဓိပ္ပါယ်မရှိတော့သလို ခံစားလာရသဖြင့် ကော်ဖီခွက်ကို အောက်ချလိုက်သည်။ ပြီးနောက် ခေါင်းအသာယမ်းပြီး.. “နောက်တော့ ရှင်က ကျွန်မကို စိတ်ဝင်စားတဲ့အရိပ်အယောင် ပြလာတယ်.. ကျွန်မ အဲ့အချိန်ကတည်းက စိတ်လှုပ်ရှားခဲ့ရပါတယ်.. ဒါပေမဲ့ ချန်းမိသားစုနဲ့ ကျင်းမိသားစုက ဆွေမျိုးတွေဆိုတော့ ရှင့်ကို ဆွဲမထည့်ချင်ခဲ့ဘူး.. ဒီကိစ္စတွေအားလုံး ပေါ်လာတဲ့အချိန်အထိ စောင့်ချင်ခဲ့တာ.. မဟုတ်ရင် ကျွန်မက လက်စားချေဖို့အတွက် ရှင့်ကို တမင်ချဉ်းကပ်ခဲ့တာလို့ ထင်သွားနိုင်တယ်လေ.. ကျွန်မတို့နှစ်ယောက် လက်တွဲဖို့ ခက်ခဲသွားလိမ့်မယ်..”

“အချစ်က လှပပေမယ့် တကယ်ကို ထိရှလွယ်တယ်..” နဉ်ရှီက ခပ်ယဲ့ယဲ့ပြုံးလိုက်ရင်း.. “ရှင့်ရဲ့စိတ်ထဲမှာ ကျွန်မကို လက်စားချေဖို့အတွက် ဘာမဆိုလုပ်နိုင်တဲ့ မိန်းမဆိုးလို့ မထင်စေချင်ဘူး..”

နဉ်ရှီ၏ စကားတစ်ခွန်းချင်းစီက ချန်းရှီကွေ့၏ နှလုံးသားထက်မှ ဒဏ်ရာဒဏ်ချက်များသဖွယ်။ သူ ဆက်ပြီး နားမထောင်နိုင်တော့ပေ။ “ရှီရှီ.. မင်းက မိန်းမကောင်းလေးပါ..”

သူ၏အကြည့်က ကြည်လင်နေသဖြင့် သူလိမ်နေခြင်းမဟုတ်မှန်း နဉ်ရှီ သိလိုက်သည်။

“ကျွန်မ ရှင်လက်ထပ်ခွင့်တောင်းတာကို ဘာလို့သဘောတူလိုက်လဲ သိလား..?” နဉ်ရှီက ပြုံးလိုက်ပြီးနောက် ချန်းရှီကွေ့၏ နားရွက်ဖျားကို အသာညှစ်လိုက်ရင်း.. “ကျွန်မကို မိန်းမကောင်းလေးလို့ အမြဲတွေးပေးတဲ့ ရှင့်ကို သဘောကျလို့လေ..”

တကယ်တော့ အလှတရားဟူသည် ကြည့်ရှုသူ၏ အမြင်အပေါ်သာ မူတည်နေ၏။ တစ်စုံတစ်ယောက်က သင့်ကို လူကောင်းဟုထင်လျှင် တကူးတက အကောင်းမြင်ပေးရန် မလိုအပ်ချေ။ သို့သော် သင့်ကို မကောင်းမြင်နေသူကတော့ ဘာပဲလုပ်လုပ် မကောင်းမြင်မှာ သေချာနေပေသည်။

***

“သခင်မကြီး..” ချန်းမိသားစု၏ အိမ်တော်ထိန်းက Laptop ကို ထောင်ဟွေ့ရွှယ်၏အရှေ့တွင် ချလိုက်ပြီး နဉ်ရှီကို လက်ထပ်ခွင့်တောင်းနေသည့် ချန်းရှီကွေ့၏ပုံရိပ်ကို ပြပေးသည်။ “သခင်လေး လက်ထပ်ခွင့်တောင်းတာ အောင်မြင်သွားပါပြီ..”

ထောင်ဟွေ့ရွှယ်က မျက်မှန်တပ်ပြီး Laptop ကို ယူကြည့်လိုက်သည်။ ပြီးနောက် ခေါင်းညိတ်ကာ.. “ဒီကလေးက ရိုမန့်တစ်မဆန်တော့ လက်ထပ်ခွင့်မတောင်းတတ်မှာကို စိုးရိမ်နေခဲ့တာ.. အခုကြည့်လိုက်တော့ သူက သူ့အဖေနဲ့ တူတာပဲ.. မိန်းမတစ်ယောက်ရဲ့ အချစ်ကို လိုချင်ရင် နည်းနည်းလေး အရှက်မဲ့ရမယ်ဆိုတာကို သိသေးတယ်..”

အိမ်တော်ထိန်းလည်း သူမကို ဘယ်လိုပြန်ပြောရမှန်း မသိသဖြင့် ရယ်မောကာ ခေါင်းငုံ့လိုက်သည်။

“အချိန်ကုန်မြန်လိုက်တာ.. သားလေးတောင် လက်ထပ်တော့မှာပဲ..” ထောင်ဟွေ့ရွှယ်က မျက်လုံးထောင့်ကို အသာပွတ်လိုက်သည်။ ထိုနေရာတွင် အရေးအကြောင်းများပင် ရှိနေချေပြီ။ သူမ သက်ပြင်းချလိုက်၏။ တကယ့်ကို အချိန်ကုန်မြန်လွန်းပေသည်။ တစ်ခါတလေ အိပ်မက်ထဲတွင် သူမက မိန်းမငယ်လေးသာဖြစ်ပြီး အိပ်ရာနိုးလာမှ အိပ်မက်တစ်ခုဖြစ်ကြောင်း သိရသည်အထိ။

မနက်က သူမ ဟိုဟိုသည်သည် လျှောက်ကြည့်ရင်း နဉ်ရှီနှင့် တခြားယောက်ျားများ ပွေ့ဖက်နမ်းရှုံ့နေဟန် ဓာတ်ပုံအတော်များများကို တွေ့လိုက်ရသည်။ ထောင်ဟွေ့ရွှယ်မှာ မျက်မှောင်ကြုတ်လိုက်မိပြီး ထိုဆောင်းပါးလင့်ခ်ကို ချက်ချင်း ပိတ်ချပစ်လိုက်သည်။ ထို့နောက် ခံစားချက်မဲ့စွာ ပြောသည်။ “ဒီခေတ်မီဒီယာတွေက အတော်လေး တာဝန်မဲ့လာတာပဲ..” သူမ ငယ်ရွယ်စဉ်က ဓာတ်ပုံပညာကို ရူးသွပ်ဖူးသည့်အတွက် ဤဓာတ်ပုံအားလုံးဟာ ရှုထောင့်အနေအထားကြောင့် အဓိပ္ပါယ်တစ်မျိုးပြောင်းသွားခြင်းဖြစ်ကြောင်း သူမ အတပ်ပြောနိုင်ပေသည်။

“ကားပြင်ထားလိုက်.. မိတ်ဆွေကောင်းတချို့နဲ့ လက်ဖက်ရည်သောက်ဖို့ သွားရမယ်..” နဥ်ရှီက သူမ၏ အနာဂတ်ချွေးမလေး ဖြစ်နေသည့်အတွက် အနုပညာသတင်းထောက်‌များက ကောလာဟလများ လျှောက်ဖြန့်ပြီး အနိုင်ကျင့်စော်ကားနေသည်ကို သူမ ခွင့်မပြုနိုင်ပါချေ။

ထိုနေ့ညနေပိုင်းတွင် ချန်းအိမ်တော်အပြင်ဘက်၌ စတည်းချနေကြသော သတင်းထောက်များသည် ထောင်ဟွေ့ရွှယ်ကို အင်တာဗျူးပြီး အနာဂတ်ချွေးမလောင်းဖြစ်သည့် နဉ်ရှီအပေါ် သဘောထားကို မေးမြန်းခဲ့ကြသည်။ လူချမ်းသားမိသားစုထဲသို့ လက်ထပ်ဝင်ရောက်သွားသော အမျိုးသမီးအနုပညာရှင်အတော်များများသည် ယောက္ခမအချစ်မခံရပေ။ ထို့အပြင် နဉ်ရှီ၏ လက်ရှိအခြေအနေက မကောင်းသတင်းများဖြင့် ကျော်ကြားနေရာ ချန်းရှီကွေ့၏ အမေအနေဖြင့် မည်သို့တွေးနေမည်နည်း။ ဤချွေးမလောင်းနှင့်ပတ်သက်၍ သဘောမကျဖြစ်နေမည်လော။

သို့သော် ထင်မှတ်မထားသည်က ထောင်ဟွေ့ရွှယ်သည် ကင်မရာကိုကြည့်ပြီး နဉ်ရှီအကြောင်း မကောင်းမပြောသည့်အပြင် ရင်ဆိုင်ရခက်သည့် လူချမ်းသာယောက္ခမများ၏ ပုံရိပ်ကို ပြောင်းပြန်လှန်ပစ်လိုက်သည်။

“မစ္စစ်ချန်း.. မစ္စတာချန်းက နဉ်ရှီကို လက်ထပ်ခွင့်တောင်းလိုက်ပြီလို့ ကျွန်တော်တို့ ကြားသိခဲ့ရပါတယ်.. အဲ့အပေါ် ဘယ်လိုမြင်လဲခင်ဗျ..?”

“သူတို့ စတွဲကတည်းက သိထားတာပါ.. ရှီကွေ့က နဉ်ရှီကို လက်ထပ်ခွင့်တောင်းဖို့ ဒီလောက်အချိန်ဆွဲနေမယ်လို့ မထင်ထားဘူး..”

သတင်းထောက် : ???

ဒီကိစ္စကို သိပြီးပါပြီလို့ ပြောပြီး ယောက္ခမအရှိန်အဝါကိုထုတ်၊ အနာဂတ်ချွေးမလောင်းကို အိမ်မှာ ပြောခွင့်ဆိုခွင့်ရတဲ့လူက ဘယ်သူလဲဆိုတာ သိသွားအောင် လုပ်လိုက်သင့်တာမဟုတ်ဘူးလား..?

“အဲတာဆိုရင် အနာဂတ်ချွေးမကို သဘောကျပါရဲ့လား..? လက်ထပ်ပြီးရင်လည်း အနုပညာအလုပ်တွေ ဆက်လုပ်ဖို့ ခွင့်ပြုထားဦးမှာလားခင်ဗျ..?”

“သဘောကျတာပေါ့.. သဘောကျတာပေါ့.. အဲ့ကောင်မလေး ကျွန်မတို့ရှီကွေ့နဲ့ စပြီးခင်ကတည်းက ဒီကလေးမလေးက ဖျတ်လက်တက်ကြွမှုအပြည့်ပဲလို့ ခံစားခဲ့ရတာ.. သရုပ်ဆောင်ကောင်းရုံတင်မကဘူး Variety Show ပွဲတွေမှာဆိုလည်း စကားပြောပြေပြစ်နေတာပဲ.. အဲ့အချိန်ကတည်းက ရှီကွေ့သာ ဒီလိုကောင်မလေးမျိုး ရှာနိုင်ရင် သိပ်ကောင်းမှာပဲလို့ တွေးနေခဲ့တာ.. အခုလို အိပ်မက်တွေ အမှန်ဖြစ်လာတာကို ဘယ်သူက သဘောမကျဘဲနေမှာလဲ..? သူမရဲ့ အလုပ်အကိုင်အတွက်တော့ ကျွန်မက သူမရဲ့ ဆုံးဖြတ်ချက်ကို အားပေးနေမှာပါ.. ကျွန်မတို့မိန်းမတွေက အိမ်မှာနေပြီး အိမ်အလုပ်ပဲ လုပ်နေစရာမလိုဘူးလေ.. ကိုယ်ပိုင်ဝါသနာနဲ့ အလုပ်အကိုင်ရှိနေရင် ဘဝက ပိုပြီးအဓိပ္ပါယ်ပြည့်ဝလာသလို စိတ်ဝင်စားဖို့ကောင်းလာလိမ့်မယ်..”

သတင်းထောက် : “………..”

အခုတော့ နဉ်ရှီရဲ့ဘဝက ထူးခြားဆန်းကြယ်တယ်ဆိုတာ သေချာသွားပြီ။ မဟုတ်ရင် ဒီလောက်ကောင်းတဲ့ ယောက်ျား၊ ဒီလောက်ကောင်းတဲ့ ယောက္ခမမျိုးနဲ့ ဘယ်လိုလုပ်တွေ့မှာလဲ..? ကိစ္စကောင်းတွေအားလုံးကို အပိုင်စီးထားရင် တခြားလူတွေ ဘယ်လိုအသက်ရှင်ရတော့မလဲ..?

တခြားလူများ ဘယ်လိုနေနေ ကိစ္စမရှိ။ အရေးကြီးဆုံးအရာကား ထိုအင်တာဗျူးကို ထုတ်လွှင့်ပြီးနောက် ထောင်ဟွေ့ရွှယ်သည် ‘ရာစုသစ်၏ အကောင်းဆုံးယောက္ခမ’ ဟူ၍ သတ်မှတ်ခံလိုက်ရပြီး အမျိုးသမီးအများစုက တညီတညွတ်တည်း လက်ခံခဲ့ကြလေသည်။

***

ချန်းရှီကွေ့နှင့် နဉ်ရှီတို့ တရားဝင် လက်ထပ်ကတိထားပြီးနောက် နဉ်ရှီကို မကောင်းပြောနေကြသော သတင်းများလည်း နေ့တွင်းညချင်း ပျောက်ကွယ်သွား၏။ နဉ်ရှီ၏ နာမည်ဂုဏ်သတင်းကျော်စောမှုက ကျဆင်းသွားမည့်အစား ပို၍ပင် တိုးလာခဲ့သည်။ သူမကို A-lister အနေဖြင့် အသိအမှတ်ပြုလိုက်ကြပြီး အလုပ်တွဲလုပ်ချင်သည့် ကုမ္ပဏီများ ပြည့်လျှံနေတော့သည်။

‘တုနှိုင်းမဲ့ပေးဆပ်ချစ်ခြင်း’ ရုပ်ရှင်အဖွဲ့သားများသည် ထိုသတင်းများကြောင့် သူတို့၏ ရုပ်ရှင်တွင် နဉ်ရှီ မပါဝင်နိုင်မည်ကို စိုးရိမ်နေခဲ့သည်။ ထင်မှတ်မထားဘဲ နဉ်ရှီသည် ရိုက်ကွင်းသို့ အချိန်မှန်ရောက်လာပြီး ရိုက်ကူးနေစဉ်မှာလည်း မာနထောင်လွှားခြင်း မရှိ။ အစားထိုးသရုပ်ဆောင်လိုအပ်သော ရိုက်ကွက်များတွင် ဘယ်သောအခါမှ လူစားမထိုးသလို ကြမ်းကြမ်းတမ်းတမ်း သရုပ်ဆောင်ရလျှင်လည်း ညည်းညူပြောဆိုခြင်းမရှိပေ။ သူမ၏ သရုပ်ဆောင်ချက်များကြောင့် ထိုရုပ်ရှင်၏ ဒါရိုက်တာပင် နဉ်ရှီကို တခြားဒါရိုက်တာအတော်များများ အဘယ်ကြောင့် အရေးပေးညွှန်းဆိုနေကြသလဲဆိုတာ သိလာတော့သည်။

ပြောရဆိုရလွယ်ပြီး သရုပ်ဆောင်ကောင်းသည့် သူမလို အနုပညာရှင်ကို ဘယ်ဒါရိုက်တာကများ မကြိုက်ဘဲနေမည်နည်း။

ကျန်းရီမင်သည် ဝါရင့်သရုပ်ဆောင်တစ်ဦး ဖြစ်သည့်အားလျော်စွာ ရိုက်ကွက်များအပေါ် အလွန်စံနှုန်းမြင့်မား၏။ သူနှင့် တွဲဖက်သရုပ်ဆောင်သူတိုင်း အလွန်စိတ်ဖိဖီးကြရသည်။ ရိုက်ကွက်က မည်မျှကောင်းမွန်နေပါစေ၊ ပြန်ရိုက်ကူးရသည့်အတွက် မည်သူမျှ မကျေနပ်ကြောင်း အထွန့်မတက်ရဲကြပေ။

တစ်ဖက်မှာတော့ နဉ်ရှီသည် ထိုသို့မတွေးပေ။ စည်းကမ်းတင်းကျပ်လွန်းသော ကျန်းရီမင်ကို မကြောက်ရုံသာမက အခွင့်အခါသင့်တိုင်း အားလပ်ချိန်များတွင်ပင် ကျန်းရီမင်ထံ ချဉ်းကပ်ကာ ရုပ်ရှင်ပညာအကြောင်း သိလိုသမျှမေးရင်း ပညာယူလေ့ရှိသည်။

ကျန်းရီမင်၏အရွယ်ဖြင့် သရုပ်ဆောင်ကောင်းသည့် နောက်တက်လေးများကို ကြောက်နေစရာမလိုတော့ပေ။ ထို့ကြောင့် နဉ်ရှီမေးသမျှကို အလေးအနက်ထားပြီး ပြန်ဖြေပေးသည်။ သို့နှင့် ရက်အနည်းငယ်ခန့်ကြာပြီးနောက် သူတို့နှစ်ဦး၏ ဆက်ဆံရေးက ဆရာ-တပည့်များလို ဖြစ်လာတော့သည်။ တစ်ခါတရံ နဉ်ရှီ ရိုက်ကူးရေးမရှိသည့်နေ့များတွင် ဒါရိုက်တာက ကျန်းရီမင်ကို ‘မင်းတပည့် ဘယ်သွားနေလဲ.. ခင်ပွန်းလောင်းနဲ့ ချိန်းတွေ့နေပြီထင်တယ်..’ ဟူ၍ စနောက်လာတတ်သည်အထိ။

ထိုသို့အမေးခံရတိုင်း ကျန်းရီမင်သည် စိတ်မဆိုးသည့်အပြင် ဘာမှပြန်မဖြေဘဲ အားရပါးရ ရယ်မောနေတတ်၏။ သူက သရုပ်ဆောင်ငယ်လေး နဉ်ရှီကို စိတ်တိုင်းကျပြီး ဆရာ-တပည့်ဆက်ဆံရေးကို ပြောနေစရာမလိုအောင် အသိအမှတ်ပြုကြောင်း သိသာနေတော့သည်။

ရိုက်ကွင်းရှိ တခြားသရုပ်ဆောင်များက ထိုအခြင်းအရာကို မြင်ရသောအခါ မကျေမနပ်ဖြစ်သွားကြသည်။ ကျန်းရီမင်သည် အလွန်စည်းကမ်းကြီးသဖြင့် သူနှင့် တွဲဖက်သရုပ်ဆောင်သူတိုင်း ဖိအားဒဏ်ကို မခံနိုင်ကြပေ။ သို့သော် နဉ်ရှီကတော့ သည်းခံနိုင်ရုံသာမက သူ့ထံမှပင် သင်ယူနိုင်ခဲ့လေပြီ။

ရုပ်ရှင်ရိုက်ကူးရေးတစ်ခုပြီးတိုင်း နဉ်ရှီ၏ သရုပ်ဆောင်စွမ်းရည် တိုးတက်လာသည်မှာ မထူးဆန်းတော့ပါချေ။ ရိုက်ကူးရေးအတူလုပ်ဖူးသည့် ဒါရိုက်တာတိုင်းက သူမကို မကောင်းမပြောသည့်အပြင် ချီးမွမ်းတတ်ကြသည်။ သူမတွင် ဩဇာအာဏာကြီးသည့် ခင်ပွန်းလောင်းရှိပြီး အစွမ်းကုန်ထောက်ပံ့ပေးနေသည့် အေဂျင်စီနဲ့ မန်နေဂျာလည်း ရှိသည်။ သူမ၏ သူငယ်ချင်းကောင်းများကလည်း နိုင်ငံတကာအဆင့်မီ ကမ္ဘာကျော်သရုပ်ဆောင်များ ဖြစ်နေသည်။ အထောက်အပံ့အရပဲ ကြည့်ကြည့်၊ ဂုဏ်သတင်းအရပဲ ကြည့်ကြည့် သူမတွင် အရာအားလုံး ပြည့်စုံနေပါသော်ငြား သရုပ်ဆောင်စွမ်းရည် တိုးတက်အောင် ကြိုးစားရန် မမေ့သည့်အပြင် တခြားလူများထံမှ ကြိုးစားပမ်းစား သင်ယူချင်စိတ်ရှိသည်။

သို့ဖြစ်ရာ သူတို့က ထိုမိန်းကလေးကို အဘယ်သို့ ယှဉ်နိုင်ဦးမည်နည်း။

သို့သော် နဉ်ရှီကတော့ ရိုက်ကွင်းမှ သရုပ်ဆောင်များ၏ အတွေးအမြင်ကို ဂရုမစိုက်နိုင်အားပေ။ အဘယ်ကြောင့်ဆိုသော် ပိုအရေးကြီးသည့် ကိစ္စတစ်ရပ် ရှိလာသောကြောင့်ဖြစ်၏။

ယင်းကား..

သူမ မနက်ဖြန် ချန်းရှီကွေ့၏အမေနှင့် သွားတွေ့ရတော့မည်။

…………………………………

[Zawgyi]

အခန္း - (၉၃)

လူအမ်ားအတြက္ မဂၤလာပြဲဟူသည္ တစ္သက္တြင္တစ္ၾကမ္သာ က်င္းပရသၫ့္ ပြဲအခမ္းအနား ျဖစ္သၫ့္အားေလ်ာ္စြာ အေရးႀကီးဆံုးေနရာတြင္ ထားၿပီး အခ်ိန္ေရာလူပါ ပံုအပ္၍ ျပင္ဆင္တတ္ၾကသည္။

ခ်န္းရွီေကြ့အတြက္ေတာ့ ဤေန့ေလးသည္ သူ႔ဘဝတြင္ ေမ့မရႏိုင္ဆံုးေန့ေလးတစ္ေန့ ျဖစ္လာခဲ့၏။ သူခ်စ္ရသၫ့္ အမ်ိဳးသမီးက သူႏွင့္လက္ထပ္ၿပီး ဘဝတစ္ခုလံုး အတူကုန္ဆံုးရန္ ဆႏၵရိွေၾကာင္း အေျဖျပန္ေပးခဲ့သည္။ သူ႔ဘဝ၏ အေကာင္းဆံုး လက္ေဆာင္မြန္ပင္။ သို႔ျဖစ္ရာ သူ႔သူငယ္ခ်င္းမ်ား မည္သို႔စေနာက္ေနပါေစ ဝမ္းသာၾကည္ႏူးစိတ္မ်ားျဖင့္ ၿပံဳးရံုသာၿပံဳးေနၿပီး ဘာမျွပန္မေျပာခဲ့ေပ။

ေထာင္ရွန္းရန္ႏွင့္အဖြဲ႔လည္း အေတာ္ၾကာ စေနာက္ၿပီးေနာက္ အပိုမီးလံုးမ်ား ဆက္ရိွမေနသင့္ေတာ့ေၾကာင္း သေဘာေပါက္လိုက္သည္။ ထို႔ေၾကာင့္ လိမၼာပါးနပ္စြာျဖင့္ ခ်စ္ၾကည္ႏူးေနေသာ စံုတြဲကို ခ်န္ထားရစ္ကာ ထြက္လာခဲ့လိုက္သည္။

က်န္းခ်င္းယြင္လည္း ေထာင္ရွန္းရန္၊ ေခ်ာင္မန္တို႔ႏွင့္အတူ ထြက္လာခဲ့သည္။ တံခါးအျပင္သို႔ ေရာက္သည္ႏွင့္ သူတို႔အားလံုး ႏွင္းဆီပန္းမ်ား ရွင္းလင္းေနသည္ကို ျမင္လိုက္ရသည္။ အလုပ္သမားတခ်ိဳ႕က ေျမျပင္ေပၚရိွ ႏွင္းဆီပြင့္ဖတ္မ်ားကို လွည္းက်င္းေနသည္။ က်န္းခ်င္းယြင္သည္ သူ၏အေရ႔ွမွ သခင္ေလးႏွစ္ေယာက္ကို တစ္ခ်က္ၾကၫ့္ၿပီး ဘာမွမေျပာခဲ့ေပ။ သို႔ေသာ္ ေထာင္ရွန္းရန္က ေနာက္လွၫ့္ၿပီး ၿပံဳးစစမ်က္ႏွာထားျဖင့္ ေျပာလာသည္။ “ဒီမနက္ ဘာျဖစ္ခဲ့လဲဆိုတာ ငါတို႔သိၿပီးသား..”

က်န္းခ်င္းယြင္လည္း စိတ္သက္သာရာရသြားၿပီး သက္ျပင္းေမာခ်လိုက္မိသည္။ ၾကၫ့္ရသည္မွာ မစၥတာခ်န္းသည္ အင္တာနက္ေပၚမွ အေျခအျမစ္မရိွသည့္ ေကာလာဟလမ်ားကို အဖက္လုပ္ပံုမေပၚေပ။

“ၾကားဖူးသေလာက္ က်ိဳ႕က်ီက အႏုပညာေလာကရဲ့ နာမည္ႀကီးေဖ်ာ္ေျဖေရးကုမၸဏီႀကီးတစ္ခုဆို.. အစ္ကိုခ်န္းေတာင္ ရင္းႏွီးျမႇဳပ္ႏွံထားေသးတယ္.. ဒါေပမဲ့ မင္းတို႔ကုမၸဏီရဲ့ PR Team က ဒီတစ္ေခါက္ တံု႔ျပန္မႈေနွးေကြးလိုက္တာ..” ေထာင္ရွန္းရန္က အမႈမထားသလို ဆက္ေျပာလာသည္။ “ေနာက္ထပ္ ဒီလိုမ်ိဳးေတြ ထပ္ႀကံဳလာရင္ ျမန္ျမန္ဆန္ဆန္ တံု႔ျပန္ႏိုင္မျွဖစ္မယ္..”

က်န္းခ်င္းယြင္သည္ ေထာင္ရွန္းရန္၏ စကားထဲမွ ဤတစ္ေခါက္ ေျဖရွင္းပံုမမွန္ကန္သၫ့္အတြက္ သတိေပးေနသည့္ အရိပ္အႁမြက္ကို ေကာင္းေကာင္း သေဘာေပါက္ခဲ့သည္။ ထို႔ေၾကာင့္ ခါးသီးစြာ ၿပံဳးလိုက္ရင္း ေခါင္းတစ္ခ်က္ညိတ္ကာ.. “ေထာင္သခင္ေလး.. ကုမၸဏီက နဉ္ရွီအတြက္ PR Team အသစ္ စီစဉ္ေပးမွာပါ.. ဒီေန့လိုအေျခအေနမ်ိဳး ထပ္မျဖစ္ေစရပါဘူး..”

ေထာင္ရွန္းရန္က ၿပံဳးၿပီး ေခါင္းညိတ္ျပသည္။ သို႔ေသာ္ ဘာမွထပ္မေျပာေတာ့ေပ။

က်န္းခ်င္းယြင္က ကားေပၚထိုင္ၿပီး ဖုန္းကို Power ဖြင့္ၾကၫ့္လိုက္သည္။ မနားတမ္းဝင္လာသၫ့္ ဖုန္းမက္ေဆ့မ်ားေၾကာင့္ သူ၏ဖုန္းပင္ ဟမ္းသြားရသည္။

ထို႔ေနာက္ က်န္းခ်င္းယြင္က သူ၏ေဘာ့စ္ထံ ဖုန္းျပန္ေခၚၿပီး မစၥတာခ်န္းက နဉ္ရွီကို လက္ထပ္ခြင့္ေတာင္းခဲ့ေၾကာင္း၊ အြန္လိုင္းေပၚမွ ေကာလာဟလမ်ားကို မယံုၾကည္ေၾကာင္း ေျပာျပလိုက္သည္။ ၿပီးေနာက္ စိတ္အေနွာင့္အယွက္ေပးလြန္းသၫ့္ ဖုန္းမက္ေဆ့မ်ား၊ ဖုန္းေကာလ္မ်ားကို ဘေလာ့ပစ္ၿပီး ဖုန္းကို စက္ျပန္ပိတ္ထားလိုက္သည္။

***

“သူတို႔အားလံုး သြားၿပီ..” နဉ္ရွီက ျပတင္းေပါက္ေဘးတြင္ ရပ္ေနၿပီး ၿခံသန႔္ရွင္းေရးလုပ္ၿပီး၍ ျပန္သြားေသာ အလုပ္သမားမ်ားကို ျမင္လိုက္ရသည္။ သူမက ေနာက္လွၫ့္ကာ ခ်န္းရွီေကြ့၏ေဘးတြင္ ဝင္ထိုင္လိုက္သည္။ ထို႔ေနာက္ စားပြဲေပၚရိွ ေကာ္ဖီခြက္ကို လွမ္းယူလိုက္ၿပီး ေကာ္ဖီခါးခါး တစ္ငံုေသာက္ကာ.. “ႏိုင္ငံျခားကေန ျပန္ေရာက္ေတာ့ ရွင္နဲ႔ေတြ့ခဲ့တာ စီစဉ္ထားတာ မဟုတ္ပါဘူး..”

ဤအခ်ိန္ေရာက္လာမွေတာ့ တခ်ိဳ႕စကား၊ တခ်ိဳ႕ကိစၥမ်ားကို ျပန္ေျပာေနရန္ မလိုေတာ့ေခ်။

သူမ၏ အစီအစဉ္တစ္ေလ်ွာက္လံုး အတိုင္းထက္အလြန္ အဆင္ေျပေနၿပီး အဆံုးသတ္နီးလာ၍ ျဖစ္ႏိုင္ပါ၏။ နဉ္ရွီ၏စိတ္ထဲတြင္ အတိတ္ကို ျဖည္းျဖည္းခ်င္း လႊတ္ခ်လာႏိုင္ၿပီး ဘဝသစ္တစ္ခုစတင္ရန္ အဆင္သင့္ျဖစ္လာေခ်ၿပီ။

“က်ိဳ႕က်ီနဲ႔ လက္မွတ္ထိုးၿပီး အႏုပညာရွင္တစ္ေယာက္အေနနဲ႔ ျပန္လာခဲ့တယ္.. ၿပီးေတာ့ ျပည္တြင္းမွာ နာမည္ႀကီးေအာင္ ႀကိဳးစားခဲ့တယ္.. ဒါေတြအားလံုးကို အေသးစိတ္ Plan ခ်ထားၿပီးသားပဲ..” နဉ္ရွီက ထိုသို႔ေျပာရင္း ရယ္လိုက္ကာ.. “ကြၽန္မအတန္းေဖာ္ေဟာင္းေတြရဲ့ အျမင္မွာေတာ့ ကြၽန္မျပန္လာတာက သူတို႔ကို လက္စားေခ်ဖို႔ေပါ့.. ဒါေပမဲ့ အမွန္အတိုင္းေျပာရရင္ အဲ့တာက အေၾကာင္းျပခ်က္ေတြထဲက တစ္ခုသာသာပဲ.. သူတို႔ကို လက္စားေခ်ခ်င္ရံုနဲ႔ ဒီကိုျပန္လာၿပီး အားကုန္မခံေနဘူး..”

“ကြၽန္မအေဖကို ေသေစခဲ့တဲ့လူက အရက္မူးၿပီးကားေမာင္းခဲ့တဲ့ က်င္းဟုန္ခိုင္..! အဲ့အခ်ိန္တုန္းက ကြၽန္မရဲ့အေမလည္း ဒီကိစၥကို သံသယဝင္ခဲ့ဖူးတယ္.. ဒါေပမဲ့ နားလည္ရခက္ေအာင္ သက္ေသသြားၿပီး စိတ္က်ေရာဂါေၾကာင့္လို႔ သတ္မွတ္ခံလိုက္ရတယ္.. ဘယ္သူက ကြၽန္မအေမမွာ ဒီေရာဂါရိွတယ္ဆိုၿပီး ေျပာခဲ့တာလဲ..?! အဓိပၸါယ္မရိွဆံုးက ေဆးစစ္ခ်က္ကို ယူျပလာတဲ့လူက တျခားလူမဟုတ္ဘဲ ကြၽန္မရဲ့ ဒုတိယဦးေလး ျဖစ္ေနတယ္..” နဉ္ရွီက လက္ဖက္ရည္ခြက္ကို တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္လိုက္သည္။ ထိုအျပဳအမူက သူမကို စိတ္သက္သာရာရေအာင္ ကူညီေပးေနသလိုပင္။ “အိမ္ေရာက္လာတဲ့ေဆြမ်ိဳးေတြ သံသယမဝင္ေအာင္ ကြၽန္မ ဘာမွမသိသလို ဟန္ေဆာင္ခဲ့ရတယ္.. ႏွစ္ႏွစ္ၾကာၿပီးေတာ့ ျပည္တြင္းကိုျပန္လာၿပီး အမႈဖြင့္ခဲ့ေသးတယ္.. ဒါေပမဲ့ သက္ေသမခိုင္လံုလို႔ဆိုၿပီး ရဲစခန္းက ပယ္ခ်လိုက္တယ္..”

“အဲ့အခ်ိန္တုန္းကဆိုရင္ ညဘက္ေတြမွာ အိပ္လို႔ေတာင္မေပ်ာ္ခဲ့ဘူး.. မ်က္လံုးမိွတ္လိုက္တာနဲ႔ ကြၽန္မမိဘေတြ ေသဆံုးသြားတဲ့ ျမင္ကြင္းကို ေၾကာက္စရာေကာင္းေအာင္ ျပန္ျမင္ေယာင္လာတယ္..” ဤအထိေျပာၿပီးေနာက္ နဉ္ရွီသည္ အတိတ္မွ အေၾကာင္းမ်ားကို ျပန္ေျပာေနလည္း အဓိပၸါယ္မရိွေတာ့သလို ခံစားလာရသျဖင့္ ေကာ္ဖီခြက္ကို ေအာက္ခ်လိုက္သည္။ ၿပီးေနာက္ ေခါင္းအသာယမ္းၿပီး.. “ေနာက္ေတာ့ ရွင္က ကြၽန္မကို စိတ္ဝင္စားတဲ့အရိပ္အေယာင္ ျပလာတယ္.. ကြၽန္မ အဲ့အခ်ိန္ကတည္းက စိတ္လႈပ္ရွားခဲ့ရပါတယ္.. ဒါေပမဲ့ ခ်န္းမိသားစုနဲ႔ က်င္းမိသားစုက ေဆြမ်ိဳးေတြဆိုေတာ့ ရွင့္ကို ဆြဲမထၫ့္ခ်င္ခဲ့ဘူး.. ဒီကိစၥေတြအားလံုး ေပၚလာတဲ့အခ်ိန္အထိ ေစာင့္ခ်င္ခဲ့တာ.. မဟုတ္ရင္ ကြၽန္မက လက္စားေခ်ဖို႔အတြက္ ရွင့္ကို တမင္ခ်ဉ္းကပ္ခဲ့တာလို႔ ထင္သြားႏိုင္တယ္ေလ.. ကြၽန္မတို႔ႏွစ္ေယာက္ လက္တြဲဖို႔ ခက္ခဲသြားလိမ့္မယ္..”

“အခ်စ္က လွပေပမယ့္ တကယ္ကို ထိရွလြယ္တယ္..” နဉ္ရွီက ခပ္ယဲ့ယဲ့ၿပံဳးလိုက္ရင္း.. “ရွင့္ရဲ့စိတ္ထဲမွာ ကြၽန္မကို လက္စားေခ်ဖို႔အတြက္ ဘာမဆိုလုပ္ႏိုင္တဲ့ မိန္းမဆိုးလို႔ မထင္ေစခ်င္ဘူး..”

နဉ္ရွီ၏ စကားတစ္ခြန္းခ်င္းစီက ခ်န္းရွီေကြ့၏ ႏွလံုးသားထက္မွ ဒဏ္ရာဒဏ္ခ်က္မ်ားသဖြယ္။ သူ ဆက္ၿပီး နားမေထာင္ႏိုင္ေတာ့ေပ။ “ရွီရွီ.. မင္းက မိန္းမေကာင္းေလးပါ..”

သူ၏အၾကၫ့္က ၾကည္လင္ေနသျဖင့္ သူလိမ္ေနျခင္းမဟုတ္မွန္း နဉ္ရွီ သိလိုက္သည္။

“ကြၽန္မ ရွင္လက္ထပ္ခြင့္ေတာင္းတာကို ဘာလို႔သေဘာတူလိုက္လဲ သိလား..?” နဉ္ရွီက ၿပံဳးလိုက္ၿပီးေနာက္ ခ်န္းရွီေကြ့၏ နားရြက္ဖ်ားကို အသာၫွစ္လိုက္ရင္း.. “ကြၽန္မကို မိန္းမေကာင္းေလးလို႔ အၿမဲေတြးေပးတဲ့ ရွင့္ကို သေဘာက်လို႔ေလ..”

တကယ္ေတာ့ အလွတရားဟူသည္ ၾကၫ့္ရႈသူ၏ အျမင္အေပၚသာ မူတည္ေန၏။ တစ္စံုတစ္ေယာက္က သင့္ကို လူေကာင္းဟုထင္လ်ွင္ တကူးတက အေကာင္းျမင္ေပးရန္ မလိုအပ္ေခ်။ သို႔ေသာ္ သင့္ကို မေကာင္းျမင္ေနသူကေတာ့ ဘာပဲလုပ္လုပ္ မေကာင္းျမင္မွာ ေသခ်ာေနေပသည္။

***

“သခင္မႀကီး..” ခ်န္းမိသားစု၏ အိမ္ေတာ္ထိန္းက Laptop ကို ေထာင္ေဟြ့ရႊယ္၏အေရ႔ွတြင္ ခ်လိုက္ၿပီး နဉ္ရွီကို လက္ထပ္ခြင့္ေတာင္းေနသၫ့္ ခ်န္းရွီေကြ့၏ပံုရိပ္ကို ျပေပးသည္။ “သခင္ေလး လက္ထပ္ခြင့္ေတာင္းတာ ေအာင္ျမင္သြားပါၿပီ..”

ေထာင္ေဟြ့ရႊယ္က မ်က္မွန္တပ္ၿပီး Laptop ကို ယူၾကၫ့္လိုက္သည္။ ၿပီးေနာက္ ေခါင္းညိတ္ကာ.. “ဒီကေလးက ရိုမန႔္တစ္မဆန္ေတာ့ လက္ထပ္ခြင့္မေတာင္းတတ္မွာကို စိုးရိမ္ေနခဲ့တာ.. အခုၾကၫ့္လိုက္ေတာ့ သူက သူ႔အေဖနဲ႔ တူတာပဲ.. မိန္းမတစ္ေယာက္ရဲ့ အခ်စ္ကို လိုခ်င္ရင္ နည္းနည္းေလး အရွက္မဲ့ရမယ္ဆိုတာကို သိေသးတယ္..”

အိမ္ေတာ္ထိန္းလည္း သူမကို ဘယ္လိုျပန္ေျပာရမွန္း မသိသျဖင့္ ရယ္ေမာကာ ေခါင္းငံု႔လိုက္သည္။

“အခ်ိန္ကုန္ျမန္လိုက္တာ.. သားေလးေတာင္ လက္ထပ္ေတာ့မွာပဲ..” ေထာင္ေဟြ့ရႊယ္က မ်က္လံုးေထာင့္ကို အသာပြတ္လိုက္သည္။ ထိုေနရာတြင္ အေရးအေၾကာင္းမ်ားပင္ ရိွေနေခ်ၿပီ။ သူမ သက္ျပင္းခ်လိုက္၏။ တကယ့္ကို အခ်ိန္ကုန္ျမန္လြန္းေပသည္။ တစ္ခါတေလ အိပ္မက္ထဲတြင္ သူမက မိန္းမငယ္ေလးသာျဖစ္ၿပီး အိပ္ရာႏိုးလာမွ အိပ္မက္တစ္ခုျဖစ္ေၾကာင္း သိရသည္အထိ။

မနက္က သူမ ဟိုဟိုသည္သည္ ေလ်ွာက္ၾကၫ့္ရင္း နဉ္ရွီႏွင့္ တျခားေယာက္်ားမ်ား ေပြ့ဖက္နမ္းရႈံ႔ေနဟန္ ဓာတ္ပံုအေတာ္မ်ားမ်ားကို ေတြ့လိုက္ရသည္။ ေထာင္ေဟြ့ရႊယ္မွာ မ်က္ေမွာင္ၾကဳတ္လိုက္မိၿပီး ထိုေဆာင္းပါးလင့္ခ္ကို ခ်က္ခ်င္း ပိတ္ခ်ပစ္လိုက္သည္။ ထို႔ေနာက္ ခံစားခ်က္မဲ့စြာ ေျပာသည္။ “ဒီေခတ္မီဒီယာေတြက အေတာ္ေလး တာဝန္မဲ့လာတာပဲ..” သူမ ငယ္ရြယ္စဉ္က ဓာတ္ပံုပညာကို ရူးသြပ္ဖူးသၫ့္အတြက္ ဤဓာတ္ပံုအားလံုးဟာ ရႈေထာင့္အေနအထားေၾကာင့္ အဓိပၸါယ္တစ္မ်ိဳးေျပာင္းသြားျခင္းျဖစ္ေၾကာင္း သူမ အတပ္ေျပာႏိုင္ေပသည္။

“ကားျပင္ထားလိုက္.. မိတ္ေဆြေကာင္းတခ်ိဳ႕နဲ႔ လက္ဖက္ရည္ေသာက္ဖို႔ သြားရမယ္..” နဥ္ရွီက သူမ၏ အနာဂတ္ေခြၽးမေလး ျဖစ္ေနသၫ့္အတြက္ အႏုပညာသတင္းေထာက္‌မ်ားက ေကာလာဟလမ်ား ေလ်ွာက္ျဖန႔္ၿပီး အႏိုင္က်င့္ေစာ္ကားေနသည္ကို သူမ ခြင့္မျပဳႏိုင္ပါေခ်။

ထိုေန့ညေနပိုင္းတြင္ ခ်န္းအိမ္ေတာ္အျပင္ဘက္၌ စတည္းခ်ေနၾကေသာ သတင္းေထာက္မ်ားသည္ ေထာင္ေဟြ့ရႊယ္ကို အင္တာဗ်ူးၿပီး အနာဂတ္ေခြၽးမေလာင္းျဖစ္သၫ့္ နဉ္ရွီအေပၚ သေဘာထားကို ေမးျမန္းခဲ့ၾကသည္။ လူခ်မ္းသားမိသားစုထဲသို႔ လက္ထပ္ဝင္ေရာက္သြားေသာ အမ်ိဳးသမီးအႏုပညာရွင္အေတာ္မ်ားမ်ားသည္ ေယာကၡမအခ်စ္မခံရေပ။ ထို႔အျပင္ နဉ္ရွီ၏ လက္ရိွအေျခအေနက မေကာင္းသတင္းမ်ားျဖင့္ ေက်ာ္ၾကားေနရာ ခ်န္းရွီေကြ့၏ အေမအေနျဖင့္ မည္သို႔ေတြးေနမည္နည္း။ ဤေခြၽးမေလာင္းႏွင့္ပတ္သက္၍ သေဘာမက်ျဖစ္ေနမည္ေလာ။

သို႔ေသာ္ ထင္မွတ္မထားသည္က ေထာင္ေဟြ့ရႊယ္သည္ ကင္မရာကိုၾကၫ့္ၿပီး နဉ္ရွီအေၾကာင္း မေကာင္းမေျပာသၫ့္အျပင္ ရင္ဆိုင္ရခက္သၫ့္ လူခ်မ္းသာေယာကၡမမ်ား၏ ပံုရိပ္ကို ေျပာင္းျပန္လွန္ပစ္လိုက္သည္။

“မစၥစ္ခ်န္း.. မစၥတာခ်န္းက နဉ္ရွီကို လက္ထပ္ခြင့္ေတာင္းလိုက္ၿပီလို႔ ကြၽန္ေတာ္တို႔ ၾကားသိခဲ့ရပါတယ္.. အဲ့အေပၚ ဘယ္လိုျမင္လဲခင္ဗ်..?”

“သူတို႔ စတြဲကတည္းက သိထားတာပါ.. ရွီေကြ့က နဉ္ရွီကို လက္ထပ္ခြင့္ေတာင္းဖို႔ ဒီေလာက္အခ်ိန္ဆြဲေနမယ္လို႔ မထင္ထားဘူး..”

သတင္းေထာက္ : ???

ဒီကိစၥကို သိၿပီးပါၿပီလို႔ ေျပာၿပီး ေယာကၡမအရိွန္အဝါကိုထုတ္၊ အနာဂတ္ေခြၽးမေလာင္းကို အိမ္မွာ ေျပာခြင့္ဆိုခြင့္ရတဲ့လူက ဘယ္သူလဲဆိုတာ သိသြားေအာင္ လုပ္လိုက္သင့္တာမဟုတ္ဘူးလား..?

“အဲတာဆိုရင္ အနာဂတ္ေခြၽးမကို သေဘာက်ပါရဲ့လား..? လက္ထပ္ၿပီးရင္လည္း အႏုပညာအလုပ္ေတြ ဆက္လုပ္ဖို႔ ခြင့္ျပဳထားဦးမွာလားခင္ဗ်..?”

“သေဘာက်တာေပါ့.. သေဘာက်တာေပါ့.. အဲ့ေကာင္မေလး ကြၽန္မတို႔ရွီေကြ့နဲ႔ စၿပီးခင္ကတည္းက ဒီကေလးမေလးက ဖ်တ္လက္တက္ႂကြမႈအျပၫ့္ပဲလို႔ ခံစားခဲ့ရတာ.. သရုပ္ေဆာင္ေကာင္းရံုတင္မကဘူး Variety Show ပြဲေတြမွာဆိုလည္း စကားေျပာေျပျပစ္ေနတာပဲ.. အဲ့အခ်ိန္ကတည္းက ရွီေကြ့သာ ဒီလိုေကာင္မေလးမ်ိဳး ရွာႏိုင္ရင္ သိပ္ေကာင္းမွာပဲလို႔ ေတြးေနခဲ့တာ.. အခုလို အိပ္မက္ေတြ အမွန္ျဖစ္လာတာကို ဘယ္သူက သေဘာမက်ဘဲေနမွာလဲ..? သူမရဲ့ အလုပ္အကိုင္အတြက္ေတာ့ ကြၽန္မက သူမရဲ့ ဆံုးျဖတ္ခ်က္ကို အားေပးေနမွာပါ.. ကြၽန္မတို႔မိန္းမေတြက အိမ္မွာေနၿပီး အိမ္အလုပ္ပဲ လုပ္ေနစရာမလိုဘူးေလ.. ကိုယ္ပိုင္ဝါသနာနဲ႔ အလုပ္အကိုင္ရိွေနရင္ ဘဝက ပိုၿပီးအဓိပၸါယ္ျပၫ့္ဝလာသလို စိတ္ဝင္စားဖို႔ေကာင္းလာလိမ့္မယ္..”

သတင္းေထာက္ : “………..”

အခုေတာ့ နဉ္ရွီရဲ့ဘဝက ထူးျခားဆန္းၾကယ္တယ္ဆိုတာ ေသခ်ာသြားၿပီ။ မဟုတ္ရင္ ဒီေလာက္ေကာင္းတဲ့ ေယာက္်ား၊ ဒီေလာက္ေကာင္းတဲ့ ေယာကၡမမ်ိဳးနဲ႔ ဘယ္လိုလုပ္ေတြ့မွာလဲ..? ကိစၥေကာင္းေတြအားလံုးကို အပိုင္စီးထားရင္ တျခားလူေတြ ဘယ္လိုအသက္ရွင္ရေတာ့မလဲ..?

တျခားလူမ်ား ဘယ္လိုေနေန ကိစၥမရိွ။ အေရးႀကီးဆံုးအရာကား ထိုအင္တာဗ်ူးကို ထုတ္လႊင့္ၿပီးေနာက္ ေထာင္ေဟြ့ရႊယ္သည္ ‘ရာစုသစ္၏ အေကာင္းဆံုးေယာကၡမ’ ဟူ၍ သတ္မွတ္ခံလိုက္ရၿပီး အမ်ိဳးသမီးအမ်ားစုက တညီတၫြတ္တည္း လက္ခံခဲ့ၾကေလသည္။

***

ခ်န္းရွီေကြ့ႏွင့္ နဉ္ရွီတို႔ တရားဝင္ လက္ထပ္ကတိထားၿပီးေနာက္ နဉ္ရွီကို မေကာင္းေျပာေနၾကေသာ သတင္းမ်ားလည္း ေန့တြင္းညခ်င္း ေပ်ာက္ကြယ္သြား၏။ နဉ္ရွီ၏ နာမည္ဂုဏ္သတင္းေက်ာ္ေစာမႈက က်ဆင္းသြားမၫ့္အစား ပို၍ပင္ တိုးလာခဲ့သည္။ သူမကို A-lister အေနျဖင့္ အသိအမွတ္ျပဳလိုက္ၾကၿပီး အလုပ္တြဲလုပ္ခ်င္သၫ့္ ကုမၸဏီမ်ား ျပၫ့္လ်ွံေနေတာ့သည္။

‘တုႏိႈင္းမဲ့ေပးဆပ္ခ်စ္ျခင္း’ ရုပ္ရွင္အဖြဲ႔သားမ်ားသည္ ထိုသတင္းမ်ားေၾကာင့္ သူတို႔၏ ရုပ္ရွင္တြင္ နဉ္ရွီ မပါဝင္ႏိုင္မည္ကို စိုးရိမ္ေနခဲ့သည္။ ထင္မွတ္မထားဘဲ နဉ္ရွီသည္ ရိုက္ကြင္းသို႔ အခ်ိန္မွန္ေရာက္လာၿပီး ရိုက္ကူးေနစဉ္မွာလည္း မာနေထာင္လႊားျခင္း မရိွ။ အစားထိုးသရုပ္ေဆာင္လိုအပ္ေသာ ရိုက္ကြက္မ်ားတြင္ ဘယ္ေသာအခါမွ လူစားမထိုးသလို ၾကမ္းၾကမ္းတမ္းတမ္း သရုပ္ေဆာင္ရလ်ွင္လည္း ညည္းၫူေျပာဆိုျခင္းမရိွေပ။ သူမ၏ သရုပ္ေဆာင္ခ်က္မ်ားေၾကာင့္ ထိုရုပ္ရွင္၏ ဒါရိုက္တာပင္ နဉ္ရွီကို တျခားဒါရိုက္တာအေတာ္မ်ားမ်ား အဘယ္ေၾကာင့္ အေရးေပးၫႊန္းဆိုေနၾကသလဲဆိုတာ သိလာေတာ့သည္။

ေျပာရဆိုရလြယ္ၿပီး သရုပ္ေဆာင္ေကာင္းသၫ့္ သူမလို အႏုပညာရွင္ကို ဘယ္ဒါရိုက္တာကမ်ား မႀကိဳက္ဘဲေနမည္နည္း။

က်န္းရီမင္သည္ ဝါရင့္သရုပ္ေဆာင္တစ္ဦး ျဖစ္သၫ့္အားေလ်ာ္စြာ ရိုက္ကြက္မ်ားအေပၚ အလြန္စံႏႈန္းျမင့္မား၏။ သူႏွင့္ တြဲဖက္သရုပ္ေဆာင္သူတိုင္း အလြန္စိတ္ဖိဖီးၾကရသည္။ ရိုက္ကြက္က မည္မ်ွေကာင္းမြန္ေနပါေစ၊ ျပန္ရိုက္ကူးရသၫ့္အတြက္ မည္သူမ်ွ မေက်နပ္ေၾကာင္း အထြန႔္မတက္ရဲၾကေပ။

တစ္ဖက္မွာေတာ့ နဉ္ရွီသည္ ထိုသို႔မေတြးေပ။ စည္းကမ္းတင္းက်ပ္လြန္းေသာ က်န္းရီမင္ကို မေၾကာက္ရံုသာမက အခြင့္အခါသင့္တိုင္း အားလပ္ခ်ိန္မ်ားတြင္ပင္ က်န္းရီမင္ထံ ခ်ဉ္းကပ္ကာ ရုပ္ရွင္ပညာအေၾကာင္း သိလိုသမ်ွေမးရင္း ပညာယူေလ့ရိွသည္။

က်န္းရီမင္၏အရြယ္ျဖင့္ သရုပ္ေဆာင္ေကာင္းသၫ့္ ေနာက္တက္ေလးမ်ားကို ေၾကာက္ေနစရာမလိုေတာ့ေပ။ ထို႔ေၾကာင့္ နဉ္ရွီေမးသမ်ွကို အေလးအနက္ထားၿပီး ျပန္ေျဖေပးသည္။ သို႔ႏွင့္ ရက္အနည္းငယ္ခန႔္ၾကာၿပီးေနာက္ သူတို႔ႏွစ္ဦး၏ ဆက္ဆံေရးက ဆရာ-တပၫ့္မ်ားလို ျဖစ္လာေတာ့သည္။ တစ္ခါတရံ နဉ္ရွီ ရိုက္ကူးေရးမရိွသၫ့္ေန့မ်ားတြင္ ဒါရိုက္တာက က်န္းရီမင္ကို ‘မင္းတပၫ့္ ဘယ္သြားေနလဲ.. ခင္ပြန္းေလာင္းနဲ႔ ခ်ိန္းေတြ့ေနၿပီထင္တယ္..’ ဟူ၍ စေနာက္လာတတ္သည္အထိ။

ထိုသို႔အေမးခံရတိုင္း က်န္းရီမင္သည္ စိတ္မဆိုးသၫ့္အျပင္ ဘာမျွပန္မေျဖဘဲ အားရပါးရ ရယ္ေမာေနတတ္၏။ သူက သရုပ္ေဆာင္ငယ္ေလး နဉ္ရွီကို စိတ္တိုင္းက်ၿပီး ဆရာ-တပၫ့္ဆက္ဆံေရးကို ေျပာေနစရာမလိုေအာင္ အသိအမွတ္ျပဳေၾကာင္း သိသာေနေတာ့သည္။

ရိုက္ကြင္းရိွ တျခားသရုပ္ေဆာင္မ်ားက ထိုအျခင္းအရာကို ျမင္ရေသာအခါ မေက်မနပ္ျဖစ္သြားၾကသည္။ က်န္းရီမင္သည္ အလြန္စည္းကမ္းႀကီးသျဖင့္ သူႏွင့္ တြဲဖက္သရုပ္ေဆာင္သူတိုင္း ဖိအားဒဏ္ကို မခံႏိုင္ၾကေပ။ သို႔ေသာ္ နဉ္ရွီကေတာ့ သည္းခံႏိုင္ရံုသာမက သူ႔ထံမွပင္ သင္ယူႏိုင္ခဲ့ေလၿပီ။

ရုပ္ရွင္ရိုက္ကူးေရးတစ္ခုၿပီးတိုင္း နဉ္ရွီ၏ သရုပ္ေဆာင္စြမ္းရည္ တိုးတက္လာသည္မွာ မထူးဆန္းေတာ့ပါေခ်။ ရိုက္ကူးေရးအတူလုပ္ဖူးသၫ့္ ဒါရိုက္တာတိုင္းက သူမကို မေကာင္းမေျပာသၫ့္အျပင္ ခ်ီးမြမ္းတတ္ၾကသည္။ သူမတြင္ ဩဇာအာဏာႀကီးသၫ့္ ခင္ပြန္းေလာင္းရိွၿပီး အစြမ္းကုန္ေထာက္ပံ့ေပးေနသၫ့္ ေအဂ်င္စီနဲ႔ မန္ေနဂ်ာလည္း ရိွသည္။ သူမ၏ သူငယ္ခ်င္းေကာင္းမ်ားကလည္း ႏိုင္ငံတကာအဆင့္မီ ကမ႓ာေက်ာ္သရုပ္ေဆာင္မ်ား ျဖစ္ေနသည္။ အေထာက္အပံ့အရပဲ ၾကၫ့္ၾကည့္၊ ဂုဏ္သတင္းအရပဲ ၾကၫ့္ၾကၫ့္ သူမတြင္ အရာအားလံုး ျပၫ့္စံုေနပါေသာ္ျငား သရုပ္ေဆာင္စြမ္းရည္ တိုးတက္ေအာင္ ႀကိဳးစားရန္ မေမ့သၫ့္အျပင္ တျခားလူမ်ားထံမွ ႀကိဳးစားပမ္းစား သင္ယူခ်င္စိတ္ရိွသည္။

သို႔ျဖစ္ရာ သူတို႔က ထိုမိန္းကေလးကို အဘယ္သို႔ ယွဉ္ႏိုင္ဦးမည္နည္း။

သို႔ေသာ္ နဉ္ရွီကေတာ့ ရိုက္ကြင္းမွ သရုပ္ေဆာင္မ်ား၏ အေတြးအျမင္ကို ဂရုမစိုက္ႏိုင္အားေပ။ အဘယ္ေၾကာင့္ဆိုေသာ္ ပိုအေရးႀကီးသၫ့္ ကိစၥတစ္ရပ္ ရိွလာေသာေၾကာင့္ျဖစ္၏။

ယင္းကား..

သူမ မနက္ျဖန္ ခ်န္းရွီေကြ့၏အေမႏွင့္ သြားေတြ့ရေတာ့မည္။

…………………………………

Seguir leyendo

También te gustarán

108K 9K 153
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...
12K 1.1K 64
????New normal #ချိုလွန်းလို့ခက် (3 short storys) ချိုခါးတွေက ရင်အောင့်လို့ ချိုချိုလေးပဲလုပ်ပါဆိုတဲ့ချစ်တို့အတွက် #ချိုလွန်းလို့ခက် လို့နာမည်ပေးထား...
229K 20.1K 54
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024