နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

Von Lazy_Little_Meow

155K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... Mehr

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter[91]

672 91 5
Von Lazy_Little_Meow

Translated by Melinoe_Megami

[Unicode]အပိုင်း - (၉၁)

ခြံဝင်းတစ်ခုလုံး အနီ၊ အဖြူ၊ အပြာရောင် နှင်းဆီပန်းများဖြင့် ဖုံးလွှမ်းနေကြောင်း ကျန်းချင်းယွင် တွေ့လိုက်ရ၏။ သူ၏စိတ်ထဲ ပထမဦးဆုံး ဝင်လာမိသည့်အတွေးကား.. ‘ဒီလောက်ပန်းတွေအများကြီး.. ဘယ်လောက်တောင် ပေးရမလဲမသိဘူး..?’

မဟုတ်.. နေစမ်းပါဦး.. မစ္စတာချန်းက နဉ်ရှီကို လက်ထပ်ခွင့်တောင်းတော့မလို့ထင်တယ်..?

ကျန်းချင်းယွင်သည် အိမ်ထဲမှ မျက်နှာတည်တင်းနေသော နဉ်ရှီကို လှည့်ကြည့်လိုက်သည်။ ပြီးနောက် အထစ်ထစ်အငေါ့ငေါ့ဖြင့် လှမ်းခေါ်လိုက်သည်။ “နဉ်.. နဉ်ရှီ.. ဒါတွေကို လာကြည့်ပါဦး..”

နဉ်ရှီလည်း ကျန်းချင်းယွင်၏ ထူးဆန်းသောမူဟန်ကို သတိပြုမိသွားသဖြင့် တံခါးဝသို့ လျှောက်လာလိုက်သည်။ အပြင်ဘက်မှ ပန်းခင်းပင်လယ်ကြီးကို မြင်လိုက်ရချိန် အံ့ဩမှင်သက်သွားရ၏။ မိန်းကလေးတစ်ယောက်ကို ပန်းပေးပြီး ချစ်ရေးဆိုတာ၊ သို့တည်းမဟုတ် လက်ထပ်ခွင့်တောင်းတာက အပေါစားဆန်ပြီး ခေတ်မမီတော့ဟူ၍ ဆိုကြသည်။ သို့သော် ထိုအပေါစားဆန်ပြီး ခေတ်မမီတော့သည့် နည်းလမ်းကို စိတ်ရင်းအမှန်ဖြင့် လုပ်ဆောင်လိုက်သောအခါ တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဖြစ်နေတော့သည်။

“မစ်နဉ်.. ဒီပန်းတွေက မစ္စတာချန်းပေးတာပါ.. ကျေးဇူးပြုပြီး လက်ခံပေးပါ..” အဖြူရောင်အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးသည် နဉ်ရှီထံ အဖြူရောင်နှင်းဆီပန်းစည်း ကမ်းပေးလာသည်။ နဉ်ရှီမှာ အယောင်ယောင်အမှားမှားဖြင့် ထိုပန်းစည်းကို လက်ခံလိုက်ပြီး တံခါးအပြင်သို့ လျှောက်လာမိသည်။

အပြင်ဘက်ခြံဝင်းတစ်ခုလုံး နှင်းဆီပန်းများဖြင့် ဖုံးလွှမ်းနေပြီး ပျံ့လွင့်နေသည့် ပန်းရနံ့သင်းသင်းကြောင့် နဉ်ရှီပင် အနည်းငယ် မူးဝေသွားသလို ခံစားလိုက်ရသည်။ အင်တာနက်ပေါ်တွင် မကောင်းသတင်းများ ပျံ့နှံ့နေပါသော်ငြား ထိုမကောင်းသတင်းများ၏ အဓိကဇာတ်ဆောင်ကတော့ ပန်းပွင့်များအလယ် ရိုမန့်တစ်ဆန်ဆန် မတ်တပ်ရပ်နေလေသည်။ တံခါးနောက်မှာရပ်နေသည့် ကျင်းချင်းယွင်ခမျာလည်း မထိန်းနိုင်အောင် လျှောက်တွေးနေမိတော့သည်။

လိုင်းပေါ်ကကိစ္စကို မစ္စတာချန်း သိပြီးသားလား..? ဘာမှမသိဘဲ မနက်အစောကြီး ပန်းတွေပြင်ဆင်ခဲ့တာဆိုရင် သိသွားတဲ့အချိန် နေရခက်ကုန်တော့မှာပဲ..!

ဆက်ပြီးတွေးလေ သူထင်တာဖြစ်နိုင်လောက်သည်ဟူ၍ ခံစားလာရလေပင်။ သို့နှင့် သူ့စိတ်ထဲ ပူပန်လာရသည်။ ချန်းရှီကွေ့နေရာမှာ သူသာဆိုရင်.. ဟူ၍ တွေးလာမိတော့သည်။ တစ်မနက်လုံး လက်ထပ်ခွင့်တောင်းရန် ပန်းများစီစဉ်ခဲ့ပြီးကာမှ သူ့ကောင်မလေးက တခြားယောက်ျားတစ်ယောက်နှင့် ပရောပရည်လုပ်နေသလို ဓာတ်ပုံထွက်လာပြီး သူ နွားဖြစ်ပြီဟူ၍ အပြောခံရသည်ရှိသော်…

ထိုမြင်ကွင်းက တကယ့်ကို…

မီဒီယာများက နဉ်ရှီ၏ဂုဏ်သတင်း ညှိုးနွမ်းရအောင် မသမာသည့်နည်းလမ်းမျိုး အသုံးပြုခဲ့ပြီး ထိုသတင်းကြောင့် အများသူငါ အထင်လွဲနိုင်ရုံသာမက ချန်းရှီကွေ့လည်း နဉ်ရှီအပေါ် သံသယဝင်ကာ လမ်းခွဲပြတ်ဆဲသည်အထိ ဖြစ်နိုင်သည်။ ထိုအတွေးကြောင့် ကျန်းချင်းယွင်၏စိတ်ထဲတွင် ဤကိစ္စ၏နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်နေသူက လူမဆန်လိုက်တာဟူ၍ တွေးလာမိသည်။

တကယ်တော့ ပန်းဆိုင်မှဝန်ထမ်းလည်း ပန်းလက်ခံသူက နဉ်ရှီဖြစ်ကြောင်း မြင်လိုက်ရချိန် အလွန်အံ့အားသင့်သွားရ၏။ ယခုအချိန်တွင် အတော်လေး အခြေအနေဆိုးရွားနေပြီး မီဒီယာများကလည်း မီးလောင်ရာလေပင့်သလို လုပ်နေကြသေးသည်။ လူအများအမြင်တွင် နဉ်ရှီက ဖောက်ပြားတတ်သည့် မိန်းမတစ်ယောက်ဖြစ်ပြီး ချန်းရှီကွေ့ကတော့ သနားစရာနွားတစ်ကောင် ဖြစ်နေချေပြီ။ လူပေါင်းများစွာ အထင်သေးရှုတ်ချနေသော အမျိုးသမီးလေးသည် ချန်းရှီကွေ့ထံမှ ဤမျှကြီးကျယ်ခမ်းနားစွာ အချစ်ခံနေရမည်ဟူ၍ မည်သူထင်ထားမည်နည်း။ သူတို့အားလုံး ကျိန်းသေပေါက် ရှော့ရသွားလိမ့်မည်။

ဤပန်းပွင့်များကို ညတွင်းချင်း ပေးပို့ခဲ့ရပြီး တစ်ပွင့်ချင်းစီက လတ်ဆတ်လှပကာ အလွန်ဈေးကြီးသည်။

ဗီလာ၏ ဂိတ်တံခါးဝ ပွင့်လာသည်။ ပန်းများဖြင့်ဖုံးလွှမ်းနေသည့် ဇိမ်ခံကားတစ်ခု ဖြည်းညင်းစွာ မောင်းဝင်လာပြီး ပန်းပင်လယ်ကြီးရှေ့တွင် ရပ်သွားသည်။ ထို့နောက် ချန်းရှီကွေ့ ဆင်းလာခဲ့လေသည်။

နဉ်ရှီသည် သူမထံ လျှောက်လမ်းလာသော ချန်းရှီကွေ့ကို ရပ်ကြည့်နေမိ၏။ ပန်းစည်းကို ဆုပ်ကိုင်ထားသည့်လက်က မထိန်းနိုင်အောင် တင်းကျပ်သွားသည်။ ယမန်နေ့ညက ချန်းရှီကွေ့နှင့် ကတောက်ကဆဖြစ်ပြီး ယနေ့မနက် မီဒီယာများ၏ အသရေဖျက်ခြင်းကို ခံခဲ့ရသည်။ ထိုမကောင်းသတင်းများကို မြင်လိုက်ရချိန် သူမ၏စိတ်ထဲ ‘ချန်းရှီကွေ့နဲ့ လုံးဝပြီးပြီ..’ ဟူ၍ မတွေးမိဘဲမနေနိုင်အောင်ပင်။

ထင်မှတ်မထားဘဲ ချန်းရှီကွေ့က ဤပုံစံမျိုးဖြင့် သူမ၏ရှေ့တွင် တစ်ဖန်ပေါ်လာသည်။

သူမကိုယ်သူမ ရောဂါကျွမ်းနေသည့် သေခါနီးဆဲဆဲလူမမာတစ်ဦးလို ထင်မြင်ခဲ့ပြီးမှ အလွန်ကျန်းမာသည့်အပြင် သဘာဝလွန်စွမ်းအားများပါ ရှိနေကြောင်း သိလိုက်ရသကဲ့သို့ ခံစားချက်က အလွန်ထူးဆန်းနေသည်။ နေရခက်သလိုလည်း ခံစားလာရသည်။

“ရှီရှီ..” ချန်းရှီကွေ့က နဉ်ရှီထံ လျှောက်သွားပြီး သူမကို ရင်ခွင်ထဲ ပွေ့ဖက်လိုက်သည်။ “မင်းကို အကြာကြီး စောင့်ဆိုင်းစေမိပြီ..”

နဉ်ရှီကိုင်ထားသည့် ပန်းစည်းလေးက စုံတွဲအလယ်တွင် ပြားကပ်သွားပြီး မွှေးရနံ့များ ပျံ့လွင့်လာသည်။ နဉ်ရှီမှာ တောင့်ခဲနေပြီး စကားတစ်ခွန်းမျှ မပြောနိုင်ခဲ့ပေ။ ယခုလိုအခြေအနေမျိုးတွင် ဘာပြောရမှန်းမသိ ဖြစ်နေတော့သည်။ သူမ၏စိတ်ထဲ ရှုပ်ထွေးနေပြီး ဘာမှနားမလည်နိုင်အောင် ဖြစ်နေတော့သည်။

“မနေ့ညကကိစ္စအတွက် ကိုယ်တောင်းပန်ပါတယ်.. စိတ်မကောင်းဖြစ်နေလို့ပါ.. ဒါပေမဲ့ မင်းနဲ့ ရန်မဖြစ်ခဲ့သင့်ဘူး..” ချန်းရှီကွေ့က နဉ်ရှီကို ပွေ့ဖက်ထားရာမှ မလွှတ်ချင့်လွှတ်ချင် ပြန်လွှတ်ပေးပြီး “ကိုယ့်ကို ခွင့်လွှတ်ပေးမယ်မလားဟင်..?”

နဉ်ရှီ မျက်တောင်ခတ်လိုက်၏။ ချန်းရှီကွေ့၏ ကိုယ့်ကိုယ်ကိုအပြစ်တင်နေဟန်ကို ကြည့်ပြီး သူမ၏ရင်ထဲ ပေါက်ကွဲထွက်တော့မလို နာကျင်လာရသည်။ တကယ်တော့ ပြဿနာတစ်ရပ်လုံးတွင် ချန်းရှီကွေ့မမှားပါ။ သူမ တစ်ညလုံး ပြန်တွေးကြည့်ခဲ့သည်။ သူမသာ ချန်းရှီကွေ့ဆိုလျှင် ယခုထက်ပိုပြီး ဒေါသထွက်မိလိမ့်မည်။ လက်မခံနိုင်အောင် ဖြစ်မိပေလိမ့်မည်။

သူက သူမအပေါ် နှလုံးသားတစ်ခုလုံးနှင့်ရင်း၍ ချစ်မြတ်နိုးပေးသော်လည်း သူမကတော့ သူ့အပေါ် ကိစ္စများစွာ ဖုံးကွယ်ထားခဲ့သည်။

“မဟုတ်ဘူး..” နဉ်ရှီက ခေါင်းခါပြီး ပန်းစည်းကို လွှင့်ပစ်လိုက်သည်။ ပြီးနောက် ချန်းရှီကွေ့၏ လည်ပင်းကို ဖက်တွယ်လိုက်သည်။

အိမ်ထဲမှာရှိနေသည့် ကျန်းချင်းယွင်ကတော့ ပွေ့ဖက်နေသည့် စုံတွဲကိုကြည့်ပြီး စပ်စုတတ်သည့် မန်နေဂျာမဖြစ်ရလေအောင် အနောက်ကို အသာဆုတ်လိုက်သည်။ ပါးစပ်အပြည့် ခွေးစာစားလိုက်ရသလို ခံစားနေရသော်ငြား သူ၏စိတ်ထဲ စိတ်သက်သာရာ ရသွားသည်။ ချန်းရှီကွေ့က နဉ်ရှီကို ဤမျှအထိချစ်မြတ်နိုးရာ မီဒီယာပေါ်မှ ပေါက်ကရသတင်းများကို ယုံကြည်မည်မဟုတ်ပေ။

မစ္စတာချန်းက ထိုသတင်းများကို မယုံကြည်သရွေ့ နဉ်ရှီအတွက်လည်း အခြေအနေကောင်းလာနိုင်သည်။

တခြားလူများ မသိလောက်သော်လည်း နဉ်ရှီ၏ ချန်းရှီကွေ့အပေါ်အကြည့်က တခြားလူများအပေါ်အကြည့်နှင့် မတူညီကြောင်း သူသိသည်။ ထိုအကြည့်ထဲတွင် ယုံကြည်တွယ်တာခြင်းများ ပါဝင်နေပြီး တခြားမည်သူ့ကိုမျှ ထိုသို့သောအကြည့်မျိုးဖြင့် မကြည့်ခဲ့ဖူးပေ။ ဤတစ်ခေါက် မစ္စတာချန်းသာ နဉ်ရှီကို မယုံကြည်ပေးလျှင် နဉ်ရှီ အတော်လေး ခံစားသွားရလိမ့်မည်။

ကံကောင်းထောက်မစွာဖြင့် နဉ်ရှီသည် လူကောင်းတစ်ယောက်နှင့် တွေ့ဆုံနိုင်ခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ချန်းရှီကွေ့သည် ကိုယ့်ချစ်သူကို ယုံကြည်ပေးသော ယောက်ျားကောင်းတစ်ယောက် ဖြစ်ခဲ့သည်။

မနေ့ညက ချန်းရှီကွေ့နှင့်နဉ်ရှီတို့ ဘာဖြစ်ခဲ့ကြမှန်း သူ မသိပါသော်လည်း ချန်းရှီကွေ့၏နည်းလမ်းက အချစ်များဖြင့် ပြည့်နှက်နေလေသည်။ စုံတွဲနှစ်ယောက်ကြားက လက်ထပ်ခွင့်တောင်းသည့် အချိန်ကာလလေးဖြစ်၍ သူ မစပ်စုသင့်တော့မှန်း သိပါသည်။ သို့သော် ဧည့်ခန်းထဲတွင် တစ်မိနစ်ကြာအောင် မထိုင်နိုင်လိုက်။ မရိုးမယွ မတ်တပ်ပြန်ရပ်လိုက်ပြီး တံခါးနောက်မှ တိတ်တိတ်လေး သွားချောင်းတော့သည်။

သူ့ကို လာအပြစ်မတင်နဲ့။ အပြစ်တင်ချင်ရင် သူ့ရဲ့ စပ်စုချင်တဲ့စိတ်ကိုပဲ အပြစ်တင်လိုက်..!

နဉ်ရှီလည်း အတွေးလွန်နေသည်။ ချန်းရှီကွေ့သာ အွန်လိုင်းပေါ်မှ ဓာတ်ပုံနှင့်မှတ်ချက်များကို မြင်လျှင် သူမနှင့် လမ်းခွဲလိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော် အပြစ်တင်စကား၊ သံသယစကာများအစား ပန်းပင်လယ်ကြီးကို လက်ခံရလိမ့်မည်ဟု သူမ မထင်ထားခဲ့။

“ရှီရှီ.. ဘာကိစ္စပဲရှိရှိ ကိုယ် မင်းကို အဆုံးရှုံးမခံနိုင်ဘူး..” ချန်းရှီကွေ့က ဒူးတစ်ဖက်ထောက်ကာ အပြာရောင်ကတ္တီပါဘူးကို ဖွင့်လိုက်သည်။ အထဲတွင် အလွန်လှပသည့် စိန်လက်စွပ်တစ်ကွင်း ရှိနေ၏။ “ကိုယ် မင်းရဲ့အနားမှာနေပြီး မင်းကို ကာကွယ်ပေးချင်တယ်.. တခြားလူတွေ မင်းအကြောင်းပြောတိုင်း မင်းအမျိုးသားရဲ့ မျိုးနွယ်က ချန်းဆိုတာကို သိနေစေချင်တယ်.. ကိုယ် မင်းရဲ့ခင်ပွန်း၊ မင်းရဲ့အိမ်ထောင်ဖက်၊ မင်းရဲ့နောက်မှာ တစ်ချိန်လုံးရှိနေပေမယ့် ယောက်ျားတစ်ယောက် ဖြစ်ချင်တယ်.. ကိုယ့်ကို ခွင့်ပြုပေးနိုင်မလား..?”

အနှီဝန်ခံချက်ကို ကြားလိုက်ရသောအခါ ကျန်းချင်းယွင်တစ်ယောက် သည်းမခံနိုင်တော့သလို ခေါင်းခါယမ်းလိုက်သည်။ ယခုလို ရိုးရှင်းသည့်နည်းလမ်းမျိုးဖြင့် အမျိုးသမီးများကို စိတ်လှုပ်ရှားအောင်လုပ်နိုင်သည်က မစ္စတာချန်း၏ စွမ်းဆောင်ရည်ပင် ဖြစ်လိမ့်မည်။ တခြားသူများဆိုလျှင် တစ်ဖက်မိန်းကလေးကို ‘ကိုယ့်ရဲ့အမျိုးသမီး၊ ကိုယ့်ဇနီး ဖြစ်ပေးနိုင်မလား.. တစ်ဘဝလုံး ကိုယ်နဲ့အတူ နေပေးနိုင်မလား..’ စသည်ဖြင့်သာ မေးတတ်ကြသည်။ သို့သော် တကယ်တမ်းတွင် ထိုလက်ထပ်ခွင့်တောင်းသည့် စကားလုံးများက မိန်းမတစ်ယောက်ကို ပိုင်ဆိုင်မှုတစ်ခုလိုသာ မြင်နေကြောင်း ဖော်ပြနေလေသည်။

ဒါပေါ့၊ ထိုသို့သော လက်ထပ်ခွင့်စကားနှင့် ပိုင်ဆိုင်လိုစိတ်က အပြစ်ပြောစရာမရှိပေ။ သို့သော် နဉ်ရှီအတွက်တော့ ချန်းရှီကွေ့၏ စကားလုံးများက ပို၍ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဖြစ်နေတော့သည်။

ကိုယ် မင်းရဲ့အမျိုးသား ဖြစ်ချင်တယ်.. ကိုယ့်ကို အခွင့်အရေးပေးနိုင်မလား..?

နဉ်ရှီကို သူ့အပိုင်မဖြစ်စေဘဲ သူက သူမ၏အပိုင် ဖြစ်ချင်နေသည်။ ထိုနှစ်ချက်က သိပ်မကွာခြားသလို ထင်မှတ်ရသော်ငြား ကွဲလွဲချက်သေးသေးလေးတစ်ခု ရှိနေပါ၏။ သို့သော် ရလဒ်ကတော့ အတူတူပင်။ အလွန် ခွေးစာဆန်လွန်းသည်။

ကမ္ဘာပေါ်မှာ အလှပဆုံးခံစားချက်က ဘာလဲ..? အဲတာက - မင်းက ကိုယ့်အပိုင်ဖြစ်ပြီး ကိုယ်က မင်းအပိုင်ဖြစ်ပေးမယ်။ ကိုယ့်အတွက် မင်းရှိပေးနေသလို မင်းအတွက်လည်း ကိုယ်ရှိပေးမယ်။ နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်လာသလို သက်ဆုံးတိုင် လက်တွဲသွားကြမယ်။

နဉ်ရှီက သူမ၏ရှေ့တွင် ဒူးတစ်ဖက်ထောက်ပြီး လက်စွပ်ဘူးကို မြှောက်ထားသော အမျိုးသားကို ကြည့်လိုက်သည်။ ထိုအခိုက်အတန့်လေးတွင် တဖျတ်ဖျတ်လက်နေသည့် မီးရောင်စုံများအောက် ချစ်ခွင့်ပန်ခဲ့သော ထိုညလေးကို ပြန်သတိရသွား၏။ ထိုစဉ်ကလည်း သူက ယခုလို မော့ကြည့်နေပြီး သူမ ဆင်းလာမည့်အချိန်ကို စောင့်မျှော်နေခဲ့သည်။

သူက သူမအတွက် အမြဲတမ်း သဘောထားကြီးကြီးဖြင့် စောင့်ဆိုင်းပေးခဲ့သည်။ သူမကို စပြီးသဘောကျတုန်းကလည်း သူမ,မသိခဲ့။ သူမအတွက် အရာများစွာ လုပ်ပေးခဲ့သော်လည်း သူမ,မသိခဲ့။ သူက သူမအတွက် ကိစ္စများစွာလုပ်ပေးစဉ်တွင် သူမက သူ့အတွက် နည်းနည်းသာ ပြန်လုပ်ပေးနိုင်ခဲ့သည်။

ရှစ်နှစ်… သူက သူမ၏ ဝတုတ်တုတ်ပုံစံနှင့် စတင်တွေ့ဆုံခဲ့ပြီး သူမကို ချစ်မြတ်နိုးခဲ့သည်။ ကံကြမ္မာ၏ အလှည့်အပြောင်းများကြား သူမက လက်စားချေရန် ကြိုးစားနေသော်လည်း သူက အရာအားလုံးကို သည်းခံပေးခဲ့သည်။

သူက ငွေကြေးချမ်းသာသည့် ဘီလီယံနာတစ်ဦး ဖြစ်ပါသော်ငြား ရူးရူးမိုက်မိုက်ကိစ္စများကို လုပ်ခဲ့သည်။ သူမ သူ့ကို အဖြေပြန်ပေးခဲ့စဉ်က သူက ရူးမိုက်လိုက်တာဟူ၍ တွေးခဲ့ဖူးသည်။ ယခုလည်း ထိုနည်းလည်းကောင်းပင်။ သို့သော် သူ၏ ရူးမိုက်လွန်းသော ထိုအပြုအမူလေးများကြောင့်လည်း ဤဆက်ဆံရေးကို လက်လျော့ရန် သူမ တွန့်ဆုတ်နေခဲ့မိသည်။

“အရူး..” နဉ်ရှီက ချန်းရှီကွေ့ထံ လက်ကမ်းပေးကာ ပြုံးလိုက်၏။ လက်ဖမိုးလေးကို ချန်းရှီကွေ့၏ရှေ့သို့ ပို့လိုက်သည်။

သူမ၏ တုံ့ပြန်မှုကြောင့် ချန်းရှီကွေ့မှာ အပျော်လွန်သွားပြီး လက်စွပ်ကိုယူကာ နဉ်ရှီ၏ လက်ခလယ်တွင် ဝတ်ပေးရန် ပြင်လိုက်သည်။ သို့သော် လက်စွပ်နှင့် လက်ချောင်းထိပ်လေး ထိသွားစဉ်တွင် နဉ်ရှီက လက်ပြန်ရုတ်သွားသည်။ ချန်းရှီကွေ့မှာ ထိတ်လန့်သွားပြီး နဉ်ရှီအား စိတ်လှုပ်ရှားစွာ မော့ကြည့်လိုက်၏။ ထိုအကြည့်က အတော်လေး သနားစရာကောင်းနေသည်။

သူ၏အပြုအမူကြောင့် နဉ်ရှီ စိတ်ပျော့လာသည်။ သူမက အသာအကြည့်လွှဲကာ.. “ဒီမနက် အနုပညာသတင်းတွေ ကြည့်ပြီးပြီလား..?”

ထင်မှတ်မထားသည်ကား သူမ စကားဆုံးသွားသည်နှင့် ချန်းရှီကွေ့က သူမ၏လက်ကို အတင်းဆွဲကိုင်ကာ စကားပြောခွင့်မပေးတော့ဘဲ လက်စွပ်ဝတ်ပေးလိုက်သည်။

“ကိုယ်ချစ်တာ ကိုယ်မြင်နေရတဲ့ မင်းကို.. ကိုယ့်ဆုပ်ကိုင်ထားတဲ့ ဒီလက်ပိုင်ရှင် မင်းကို..” ချန်းရှီကွေ့က နဉ်ရှီ၏လက်ကို ဆုပ်ကိုင်ကာ.. “မင်းဘေးမှာ အိပ်ရမယ့်လူက ကိုယ့်ပါ.. ကိုယ့်နဲ့အတူတူ တစ်စားပွဲတည်း အတူတူစားမယ့်လူက ကိုယ်ပါ.. ကိုယ့်ထက် ဘယ်သူကများ မင်းအကြောင်း ပိုသိဦးမှာလဲ..”

ဟမ့်.. ကျိုးကျန်းချွမ်..? Hart..? ပိုင်လု..? သူတို့က ဘာမို့လို့လဲ။ သူကသာ ရှီရှီရဲ့ အချစ်စစ်နဲ့ ယုံကြည်ရတဲ့လူပဲ..!

“ဟွန့်..” နဉ်ရှီက မျက်ရည်သုတ်ကာ ချန်းရှီကွေ့၏ရင်ခွင်ထဲ တိုးဝင်သွားသည်။

ဤအမျိုးသားက သူမချစ်ရသူဖြစ်ပြီး သူ၏ရင်ခွင်က တကယ့်ကို နွေးထွေးလွန်းပေသည်။

“ရှန်းရန်.. အခု ငါတို့ အပြင်ထွက်ပြီး လက်ခုပ်ဩဘာပေးရမယ့်အချိန် မဟုတ်ဘူးထင်တယ်..” ဂိတ်တံခါးနောက်တွင် ဆောင့်ကြောင့်ထိုင်နေသည့် ချောင်မန်က ထောင်ရှန်းရန်ကို လှည့်ကြည့်ကာ သမ်းလိုက်ရင်း.. “အစ်ကိုချန်း လက်ထပ်ခွင့်တောင်းနိုင်ဖို့ ငါတို့မှာ တစ်ညလုံး မအိပ်ရသေးဘူး.. အခုလည်း ခွေးစာထိုင်စားနေရပြန်ပြီ.. ဒီကမ္ဘာကြီးက ဆင်ဂယ်တွေအတွက် အရမ်းရက်စက်တာပဲ..”

“မင်းက ရည်းစားရှားနေလို့လား..?” ထောင်ရှန်းရန်က ဖုန်းပွတ်နေပြီး ချောင်မန်ကို အဖက်ပင်မလုပ်ချေ။ “အစ်ကိုချန်း လက်ထပ်ခွင့်တောင်းတာက အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခုပဲ..  ဒီဖြစ်စဉ်တစ်ခုလုံးကို မျက်မြင်ကိုယ်တွေ့ မြင်ခွင့်ရခဲ့တာတောင် မင်းက ဘာကိစ္စပွစိပွစိလုပ်နေတာလဲ..?”

အပြင်မှာ ချန်းရှီကွေ့ရဲ့ဖိနပ်ကို သယ်ပေးနိုင်ဖို့ အိပ်မက်မက်နေတဲ့လူတွေ ဘယ်လောက်များလိုက်သလဲ။ သူတို့မှာ အခွင့်အရေးတောင် ရှိတာမဟုတ်ဘူး..!

ချောင်မန်က ဖုန်းပွတ်နေသည့် ထောင်ရှန်းရန်ကိုကြည့်ပြီး လက်လှမ်းဆွဲလိုက်သည်။ “မေးပါဦးမယ်.. မင်း ပြန်ရောက်လာကတည်းက ဘယ်လိုဖြစ်လို့ Weibo ပေါ်မှာပဲ အချိန်ကုန်နေတာလဲ..?”

နဉ်ရှီကို အသရေဖျက်နေသော အွန်လိုင်းပေါ်မှလူများကို တွေးမိလိုက်ချိန်မှာတော့ ‘အရူးတွေ’ ဟူ၍သာ အော်ပစ်ချင်လာတော့သည်။ နဉ်ရှီသာ သတင်းထွက်လာသလိုမျိုး ဖောက်ပြားတတ်သူဖြစ်နေလျှင် သူတို့အဖွဲ့က နဉ်ရှီကို အစ်မနဉ်ဟူ၍ အဘယ်သို့ လိုလိုလားလား ခေါ်ဆိုကြပါမည်နည်း။ ထိုလူများက တကယ့်ကို အရူးများပင်။

“ဘာလို့ Weibo မသုံးရမှာလဲ..? ဒီလောက်စိတ်ဝင်စားစရာကောင်းတာကို..” ထောင်ရှန်းရန်က လျင်မြန်စွာ စာရိုက်လိုက်သည်။ သူ၏ လက်ချောင်းများက ဖုန်း Screen ပေါ်တွင် ဝေ့ဝိုက်နေပြီး Weibo ပေါ်တွင် ပိုစ့်တစ်ခု တက်လာတော့သည်။

သတိရှိရှိပြုမူပြောဆိုပါ :  “Congratulations <3 (ဓာတ်ပုံ)”

………………………………….

Meow's Note: ရှီရှီတောင် လက်ထပ်ခွင့်တောင်းခံလိုက်ရပြီ။ ကွန်ဂရက်စ်!

________________________

[Zawgyi]

အပိုင္း - (၉၁)

ၿခံဝင္းတစ္ခုလံုး အနီ၊ အျဖဴ၊ အျပာေရာင္ ႏွင္းဆီပန္းမ်ားျဖင့္ ဖံုးလႊမ္းေနေၾကာင္း က်န္းခ်င္းယြင္ ေတြ့လိုက္ရ၏။ သူ၏စိတ္ထဲ ပထမဦးဆံုး ဝင္လာမိသၫ့္အေတြးကား.. ‘ဒီေလာက္ပန္းေတြအမ်ားႀကီး.. ဘယ္ေလာက္ေတာင္ ေပးရမလဲမသိဘူး..?’

မဟုတ္.. ေနစမ္းပါဦး.. မစၥတာခ်န္းက နဉ္ရွီကို လက္ထပ္ခြင့္ေတာင္းေတာ့မလို႔ထင္တယ္..?

က်န္းခ်င္းယြင္သည္ အိမ္ထဲမွ မ်က္ႏွာတည္တင္းေနေသာ နဉ္ရွီကို လွၫ့္ၾကၫ့္လိုက္သည္။ ၿပီးေနာက္ အထစ္ထစ္အေငါ့ေငါ့ျဖင့္ လွမ္းေခၚလိုက္သည္။ “နဉ္.. နဉ္ရွီ.. ဒါေတြကို လာၾကၫ့္ပါဦး..”

နဉ္ရွီလည္း က်န္းခ်င္းယြင္၏ ထူးဆန္းေသာမူဟန္ကို သတိျပဳမိသြားသျဖင့္ တံခါးဝသို႔ ေလ်ွာက္လာလိုက္သည္။ အျပင္ဘက္မွ ပန္းခင္းပင္လယ္ႀကီးကို ျမင္လိုက္ရခ်ိန္ အံ့ဩမွင္သက္သြားရ၏။ မိန္းကေလးတစ္ေယာက္ကို ပန္းေပးၿပီး ခ်စ္ေရးဆိုတာ၊ သို႔တည္းမဟုတ္ လက္ထပ္ခြင့္ေတာင္းတာက အေပါစားဆန္ၿပီး ေခတ္မမီေတာ့ဟူ၍ ဆိုၾကသည္။ သို႔ေသာ္ ထိုအေပါစားဆန္ၿပီး ေခတ္မမီေတာ့သၫ့္ နည္းလမ္းကို စိတ္ရင္းအမွန္ျဖင့္ လုပ္ေဆာင္လိုက္ေသာအခါ တကယ့္ကို ရင္ခုန္စိတ္လႈပ္ရွားဖြယ္ ျဖစ္ေနေတာ့သည္။

“မစ္နဉ္.. ဒီပန္းေတြက မစၥတာခ်န္းေပးတာပါ.. ေက်းဇူးျပဳျပီး လက္ခံေပးပါ..” အျဖဴေရာင္အေနာက္တိုင္းဝတ္စံု ဝတ္ဆင္ထားသၫ့္ အမ်ိဳးသားတစ္ဦးသည္ နဉ္ရွီထံ အျဖဴေရာင္ႏွင္းဆီပန္းစည္း ကမ္းေပးလာသည္။ နဉ္ရွီမွာ အေယာင္ေယာင္အမွားမွားျဖင့္ ထိုပန္းစည္းကို လက္ခံလိုက္ၿပီး တံခါးအျပင္သို႔ ေလ်ွာက္လာမိသည္။

အျပင္ဘက္ၿခံဝင္းတစ္ခုလံုး ႏွင္းဆီပန္းမ်ားျဖင့္ ဖံုးလႊမ္းေနၿပီး ပ်ံ့လြင့္ေနသၫ့္ ပန္းရနံ႔သင္းသင္းေၾကာင့္ နဉ္ရွီပင္ အနည္းငယ္ မူးေဝသြားသလို ခံစားလိုက္ရသည္။ အင္တာနက္ေပၚတြင္ မေကာင္းသတင္းမ်ား ပ်ံ့ႏွံ႔ေနပါေသာ္ျငား ထိုမေကာင္းသတင္းမ်ား၏ အဓိကဇာတ္ေဆာင္ကေတာ့ ပန္းပြင့္မ်ားအလယ္ ရိုမန႔္တစ္ဆန္ဆန္ မတ္တပ္ရပ္ေနေလသည္။ တံခါးေနာက္မွာရပ္ေနသၫ့္ က်င္းခ်င္းယြင္ခမ်ာလည္း မထိန္းႏိုင္ေအာင္ ေလ်ွာက္ေတြးေနမိေတာ့သည္။

လိုင္းေပၚကကိစၥကို မစၥတာခ်န္း သိၿပီးသားလား..? ဘာမွမသိဘဲ မနက္အေစာႀကီး ပန္းေတျြပင္ဆင္ခဲ့တာဆိုရင္ သိသြားတဲ့အခ်ိန္ ေနရခက္ကုန္ေတာ့မွာပဲ..!

ဆက္ၿပီးေတြးေလ သူထင္တာျဖစ္ႏိုင္ေလာက္သည္ဟူ၍ ခံစားလာရေလပင္။ သို႔ႏွင့္ သူ႔စိတ္ထဲ ပူပန္လာရသည္။ ခ်န္းရွီေကြ့ေနရာမွာ သူသာဆိုရင္.. ဟူ၍ ေတြးလာမိေတာ့သည္။ တစ္မနက္လံုး လက္ထပ္ခြင့္ေတာင္းရန္ ပန္းမ်ားစီစဉ္ခဲ့ၿပီးကာမွ သူ႔ေကာင္မေလးက တျခားေယာက္်ားတစ္ေယာက္ႏွင့္ ပေရာပရည္လုပ္ေနသလို ဓာတ္ပံုထြက္လာၿပီး သူ ႏြားျဖစ္ၿပီဟူ၍ အေျပာခံရသည္ရိွေသာ္…

ထိုျမင္ကြင္းက တကယ့္ကို…

မီဒီယာမ်ားက နဉ္ရွီ၏ဂုဏ္သတင္း ၫွိုးႏြမ္းရေအာင္ မသမာသၫ့္နည္းလမ္းမ်ိဳး အသံုးျပဳခဲ့ၿပီး ထိုသတင္းေၾကာင့္ အမ်ားသူငါ အထင္လြဲႏိုင္ရံုသာမက ခ်န္းရွီေကြ့လည္း နဉ္ရွီအေပၚ သံသယဝင္ကာ လမ္းခြဲျပတ္ဆဲသည္အထိ ျဖစ္ႏိုင္သည္။ ထိုအေတြးေၾကာင့္ က်န္းခ်င္းယြင္၏စိတ္ထဲတြင္ ဤကိစၥ၏ေနာက္ကြယ္မွ ႀကိဳးကိုင္ျခယ္လွယ္ေနသူက လူမဆန္လိုက္တာဟူ၍ ေတြးလာမိသည္။

တကယ္ေတာ့ ပန္းဆိုင္မွဝန္ထမ္းလည္း ပန္းလက္ခံသူက နဉ္ရွီျဖစ္ေၾကာင္း ျမင္လိုက္ရခ်ိန္ အလြန္အံ့အားသင့္သြားရ၏။ ယခုအခ်ိန္တြင္ အေတာ္ေလး အေျခအေနဆိုးရြားေနၿပီး မီဒီယာမ်ားကလည္း မီးေလာင္ရာေလပင့္သလို လုပ္ေနၾကေသးသည္။ လူအမ်ားအျမင္တြင္ နဉ္ရွီက ေဖာက္ျပားတတ္သၫ့္ မိန္းမတစ္ေယာက္ျဖစ္ၿပီး ခ်န္းရွီေကြ့ကေတာ့ သနားစရာႏြားတစ္ေကာင္ ျဖစ္ေနေခ်ၿပီ။ လူေပါင္းမ်ားစြာ အထင္ေသးရႈတ္ခ်ေနေသာ အမ်ိဳးသမီးေလးသည္ ခ်န္းရွီေကြ့ထံမွ ဤမ်ွႀကီးက်ယ္ခမ္းနားစြာ အခ်စ္ခံေနရမည္ဟူ၍ မည္သူထင္ထားမည္နည္း။ သူတို႔အားလံုး က်ိန္းေသေပါက္ ေရွာ့ရသြားလိမ့္မည္။

ဤပန္းပြင့္မ်ားကို ညတြင္းခ်င္း ေပးပို႔ခဲ့ရၿပီး တစ္ပြင့္ခ်င္းစီက လတ္ဆတ္လွပကာ အလြန္ေဈးႀကီးသည္။

ဗီလာ၏ ဂိတ္တံခါးဝ ပြင့္လာသည္။ ပန္းမ်ားျဖင့္ဖံုးလႊမ္းေနသၫ့္ ဇိမ္ခံကားတစ္ခု ျဖည္းညင္းစြာ ေမာင္းဝင္လာၿပီး ပန္းပင္လယ္ႀကီးေရ႔ွတြင္ ရပ္သြားသည္။ ထို႔ေနာက္ ခ်န္းရွီေကြ့ ဆင္းလာခဲ့ေလသည္။

နဉ္ရွီသည္ သူမထံ ေလ်ွာက္လမ္းလာေသာ ခ်န္းရွီေကြ့ကို ရပ္ၾကၫ့္ေနမိ၏။ ပန္းစည္းကို ဆုပ္ကိုင္ထားသၫ့္လက္က မထိန္းႏိုင္ေအာင္ တင္းက်ပ္သြားသည္။ ယမန္ေန့ညက ခ်န္းရွီေကြ့ႏွင့္ ကေတာက္ကဆျဖစ္ၿပီး ယေန့မနက္ မီဒီယာမ်ား၏ အသေရဖ်က္ျခင္းကို ခံခဲ့ရသည္။ ထိုမေကာင္းသတင္းမ်ားကို ျမင္လိုက္ရခ်ိန္ သူမ၏စိတ္ထဲ ‘ခ်န္းရွီေကြ့နဲ႔ လံုးဝၿပီးၿပီ..’ ဟူ၍ မေတြးမိဘဲမေနႏိုင္ေအာင္ပင္။

ထင္မွတ္မထားဘဲ ခ်န္းရွီေကြ့က ဤပံုစံမ်ိဳးျဖင့္ သူမ၏ေရ႔ွတြင္ တစ္ဖန္ေပၚလာသည္။

သူမကိုယ္သူမ ေရာဂါကြၽမ္းေနသၫ့္ ေသခါနီးဆဲဆဲလူမမာတစ္ဦးလို ထင္ျမင္ခဲ့ၿပီးမွ အလြန္က်န္းမာသၫ့္အျပင္ သဘာဝလြန္စြမ္းအားမ်ားပါ ရိွေနေၾကာင္း သိလိုက္ရသကဲ့သို႔ ခံစားခ်က္က အလြန္ထူးဆန္းေနသည္။ ေနရခက္သလိုလည္း ခံစားလာရသည္။

“ရွီရွီ..” ခ်န္းရွီေကြ့က နဉ္ရွီထံ ေလ်ွာက္သြားၿပီး သူမကို ရင္ခြင္ထဲ ေပြ့ဖက္လိုက္သည္။ “မင္းကို အၾကာႀကီး ေစာင့္ဆိုင္းေစမိၿပီ..”

နဉ္ရွီကိုင္ထားသၫ့္ ပန္းစည္းေလးက စံုတြဲအလယ္တြင္ ျပားကပ္သြားၿပီး ေမႊးရနံ႔မ်ား ပ်ံ့လြင့္လာသည္။ နဉ္ရွီမွာ ေတာင့္ခဲေနၿပီး စကားတစ္ခြန္းမ်ွ မေျပာႏိုင္ခဲ့ေပ။ ယခုလိုအေျခအေနမ်ိဳးတြင္ ဘာေျပာရမွန္းမသိ ျဖစ္ေနေတာ့သည္။ သူမ၏စိတ္ထဲ ရႈပ္ေထြးေနၿပီး ဘာမွနားမလည္ႏိုင္ေအာင္ ျဖစ္ေနေတာ့သည္။

“မေန့ညကကိစၥအတြက္ ကိုယ္ေတာင္းပန္ပါတယ္.. စိတ္မေကာင္းျဖစ္ေနလို႔ပါ.. ဒါေပမဲ့ မင္းနဲ႔ ရန္မျဖစ္ခဲ့သင့္ဘူး..” ခ်န္းရွီေကြ့က နဉ္ရွီကို ေပြ့ဖက္ထားရာမွ မလႊတ္ခ်င့္လႊတ္ခ်င္ ျပန္လႊတ္ေပးၿပီး “ကိုယ့္ကို ခြင့္လႊတ္ေပးမယ္မလားဟင္..?”

နဉ္ရွီ မ်က္ေတာင္ခတ္လိုက္၏။ ခ်န္းရွီေကြ့၏ ကိုယ့္ကိုယ္ကိုအျပစ္တင္ေနဟန္ကို ၾကၫ့္ၿပီး သူမ၏ရင္ထဲ ေပါက္ကြဲထြက္ေတာ့မလို နာက်င္လာရသည္။ တကယ္ေတာ့ ျပႆနာတစ္ရပ္လံုးတြင္ ခ်န္းရွီေကြ့မမွားပါ။ သူမ တစ္ညလံုး ျပန္ေတြးၾကၫ့္ခဲ့သည္။ သူမသာ ခ်န္းရွီေကြ့ဆိုလ်ွင္ ယခုထက္ပိုၿပီး ေဒါသထြက္မိလိမ့္မည္။ လက္မခံႏိုင္ေအာင္ ျဖစ္မိေပလိမ့္မည္။

သူက သူမအေပၚ ႏွလံုးသားတစ္ခုလံုးႏွင့္ရင္း၍ ခ်စ္ျမတ္ႏိုးေပးေသာ္လည္း သူမကေတာ့ သူ႔အေပၚ ကိစၥမ်ားစြာ ဖံုးကြယ္ထားခဲ့သည္။

“မဟုတ္ဘူး..” နဉ္ရွီက ေခါင္းခါၿပီး ပန္းစည္းကို လႊင့္ပစ္လိုက္သည္။ ၿပီးေနာက္ ခ်န္းရွီေကြ့၏ လည္ပင္းကို ဖက္တြယ္လိုက္သည္။

အိမ္ထဲမွာရိွေနသၫ့္ က်န္းခ်င္းယြင္ကေတာ့ ေပြ့ဖက္ေနသၫ့္ စံုတြဲကိုၾကၫ့္ၿပီး စပ္စုတတ္သၫ့္ မန္ေနဂ်ာမျဖစ္ရေလေအာင္ အေနာက္ကို အသာဆုတ္လိုက္သည္။ ပါးစပ္အျပၫ့္ ေခြးစာစားလိုက္ရသလို ခံစားေနရေသာ္ျငား သူ၏စိတ္ထဲ စိတ္သက္သာရာ ရသြားသည္။ ခ်န္းရွီေကြ့က နဉ္ရွီကို ဤမ်ွအထိခ်စ္ျမတ္ႏိုးရာ မီဒီယာေပၚမွ ေပါက္ကရသတင္းမ်ားကို ယံုၾကည္မည္မဟုတ္ေပ။

မစၥတာခ်န္းက ထိုသတင္းမ်ားကို မယံုၾကည္သေရြ့ နဉ္ရွီအတြက္လည္း အေျခအေနေကာင္းလာႏိုင္သည္။

တျခားလူမ်ား မသိေလာက္ေသာ္လည္း နဉ္ရွီ၏ ခ်န္းရွီေကြ့အေပၚအၾကၫ့္က တျခားလူမ်ားအေပၚအၾကၫ့္ႏွင့္ မတူညီေၾကာင္း သူသိသည္။ ထိုအၾကၫ့္ထဲတြင္ ယံုၾကည္တြယ္တာျခင္းမ်ား ပါဝင္ေနၿပီး တျခားမည္သူ႔ကိုမ်ွ ထိုသို႔ေသာအၾကၫ့္မ်ိဳးျဖင့္ မၾကၫ့္ခဲ့ဖူးေပ။ ဤတစ္ေခါက္ မစၥတာခ်န္းသာ နဉ္ရွီကို မယံုၾကည္ေပးလ်ွင္ နဉ္ရွီ အေတာ္ေလး ခံစားသြားရလိမ့္မည္။

ကံေကာင္းေထာက္မစြာျဖင့္ နဉ္ရွီသည္ လူေကာင္းတစ္ေယာက္ႏွင့္ ေတြ့ဆံုႏိုင္ခဲ့သည္။

ကံေကာင္းေထာက္မစြာျဖင့္ ခ်န္းရွီေကြ့သည္ ကိုယ့္ခ်စ္သူကို ယံုၾကည္ေပးေသာ ေယာက္်ားေကာင္းတစ္ေယာက္ ျဖစ္ခဲ့သည္။

မေန့ညက ခ်န္းရွီေကြ့ႏွင့္နဉ္ရွီတို႔ ဘာျဖစ္ခဲ့ၾကမွန္း သူ မသိပါေသာ္လည္း ခ်န္းရွီေကြ့၏နည္းလမ္းက အခ်စ္မ်ားျဖင့္ ျပၫ့္ႏွက္ေနေလသည္။ စံုတြဲႏွစ္ေယာက္ၾကားက လက္ထပ္ခြင့္ေတာင္းသၫ့္ အခ်ိန္ကာလေလးျဖစ္၍ သူ မစပ္စုသင့္ေတာ့မွန္း သိပါသည္။ သို႔ေသာ္ ဧၫ့္ခန္းထဲတြင္ တစ္မိနစ္ၾကာေအာင္ မထိုင္ႏိုင္လိုက္။ မရိုးမယြ မတ္တပ္ျပန္ရပ္လိုက္ၿပီး တံခါးေနာက္မွ တိတ္တိတ္ေလး သြားေခ်ာင္းေတာ့သည္။

သူ႔ကို လာအျပစ္မတင္နဲ႔။ အျပစ္တင္ခ်င္ရင္ သူ႔ရဲ့ စပ္စုခ်င္တဲ့စိတ္ကိုပဲ အျပစ္တင္လိုက္..!

နဉ္ရွီလည္း အေတြးလြန္ေနသည္။ ခ်န္းရွီေကြ့သာ အြန္လိုင္းေပၚမွ ဓာတ္ပံုႏွင့္မွတ္ခ်က္မ်ားကို ျမင္လ်ွင္ သူမႏွင့္ လမ္းခြဲလိမ့္မည္ဟု ထင္ထားခဲ့သည္။ သို႔ေသာ္ အျပစ္တင္စကား၊ သံသယစကာမ်ားအစား ပန္းပင္လယ္ႀကီးကို လက္ခံရလိမ့္မည္ဟု သူမ မထင္ထားခဲ့။

“ရွီရွီ.. ဘာကိစၥပဲရိွရိွ ကိုယ္ မင္းကို အဆံုးရႈံးမခံႏိုင္ဘူး..” ခ်န္းရွီေကြ့က ဒူးတစ္ဖက္ေထာက္ကာ အျပာေရာင္ကတၲီပါဘူးကို ဖြင့္လိုက္သည္။ အထဲတြင္ အလြန္လွပသၫ့္ စိန္လက္စြပ္တစ္ကြင္း ရိွေန၏။ “ကိုယ္ မင္းရဲ့အနားမွာေနၿပီး မင္းကို ကာကြယ္ေပးခ်င္တယ္.. တျခားလူေတြ မင္းအေၾကာင္းေျပာတိုင္း မင္းအမ်ိဳးသားရဲ့ မ်ိဳးႏြယ္က ခ်န္းဆိုတာကို သိေနေစခ်င္တယ္.. ကိုယ္ မင္းရဲ့ခင္ပြန္း၊ မင္းရဲ့အိမ္ေထာင္ဖက္၊ မင္းရဲ့ေနာက္မွာ တစ္ခ်ိန္လံုးရိွေနေပမယ့္ ေယာက္်ားတစ္ေယာက္ ျဖစ္ခ်င္တယ္.. ကိုယ့္ကို ခြင့္ျပဳေပးႏိုင္မလား..?”

အႏွီဝန္ခံခ်က္ကို ၾကားလိုက္ရေသာအခါ က်န္းခ်င္းယြင္တစ္ေယာက္ သည္းမခံႏိုင္ေတာ့သလို ေခါင္းခါယမ္းလိုက္သည္။ ယခုလို ရိုးရွင္းသၫ့္နည္းလမ္းမ်ိဳးျဖင့္ အမ်ိဳးသမီးမ်ားကို စိတ္လႈပ္ရွားေအာင္လုပ္ႏိုင္သည္က မစၥတာခ်န္း၏ စြမ္းေဆာင္ရည္ပင္ ျဖစ္လိမ့္မည္။ တျခားသူမ်ားဆိုလ်ွင္ တစ္ဖက္မိန္းကေလးကို ‘ကိုယ့္ရဲ့အမ်ိဳးသမီး၊ ကိုယ့္ဇနီး ျဖစ္ေပးႏိုင္မလား.. တစ္ဘဝလံုး ကိုယ္နဲ႔အတူ ေနေပးႏိုင္မလား..’ စသည္ျဖင့္သာ ေမးတတ္ၾကသည္။ သို႔ေသာ္ တကယ္တမ္းတြင္ ထိုလက္ထပ္ခြင့္ေတာင္းသၫ့္ စကားလံုးမ်ားက မိန္းမတစ္ေယာက္ကို ပိုင္ဆိုင္မႈတစ္ခုလိုသာ ျမင္ေနေၾကာင္း ေဖာ္ျပေနေလသည္။

ဒါေပါ့၊ ထိုသို႔ေသာ လက္ထပ္ခြင့္စကားႏွင့္ ပိုင္ဆိုင္လိုစိတ္က အျပစ္ေျပာစရာမရိွေပ။ သို႔ေသာ္ နဉ္ရွီအတြက္ေတာ့ ခ်န္းရွီေကြ့၏ စကားလံုးမ်ားက ပို၍ရင္ခုန္စိတ္လႈပ္ရွားဖြယ္ ျဖစ္ေနေတာ့သည္။

ကိုယ္ မင္းရဲ့အမ်ိဳးသား ျဖစ္ခ်င္တယ္.. ကိုယ့္ကို အခြင့္အေရးေပးႏိုင္မလား..?

နဉ္ရွီကို သူ႔အပိုင္မျဖစ္ေစဘဲ သူက သူမ၏အပိုင္ ျဖစ္ခ်င္ေနသည္။ ထိုႏွစ္ခ်က္က သိပ္မကြာျခားသလို ထင္မွတ္ရေသာ္ျငား ကြဲလြဲခ်က္ေသးေသးေလးတစ္ခု ရိွေနပါ၏။ သို႔ေသာ္ ရလဒ္ကေတာ့ အတူတူပင္။ အလြန္ ေခြးစာဆန္လြန္းသည္။

ကမ႓ာေပၚမွာ အလွပဆံုးခံစားခ်က္က ဘာလဲ..? အဲတာက - မင္းက ကိုယ့္အပိုင္ျဖစ္ၿပီး ကိုယ္က မင္းအပိုင္ျဖစ္ေပးမယ္။ ကိုယ့္အတြက္ မင္းရိွေပးေနသလို မင္းအတြက္လည္း ကိုယ္ရိွေပးမယ္။ ႏွစ္လႊာေပါင္းမွ တစ္ရြက္ျဖစ္လာသလို သက္ဆံုးတိုင္ လက္တြဲသြားၾကမယ္။

နဉ္ရွီက သူမ၏ေရ႔ွတြင္ ဒူးတစ္ဖက္ေထာက္ၿပီး လက္စြပ္ဘူးကို ေျမႇာက္ထားေသာ အမ်ိဳးသားကို ၾကၫ့္လိုက္သည္။ ထိုအခိုက္အတန႔္ေလးတြင္ တဖ်တ္ဖ်တ္လက္ေနသၫ့္ မီးေရာင္စံုမ်ားေအာက္ ခ်စ္ခြင့္ပန္ခဲ့ေသာ ထိုညေလးကို ျပန္သတိရသြား၏။ ထိုစဉ္ကလည္း သူက ယခုလို ေမာ့ၾကၫ့္ေနၿပီး သူမ ဆင္းလာမၫ့္အခ်ိန္ကို ေစာင့္ေမ်ွာ္ေနခဲ့သည္။

သူက သူမအတြက္ အၿမဲတမ္း သေဘာထားႀကီးႀကီးျဖင့္ ေစာင့္ဆိုင္းေပးခဲ့သည္။ သူမကို စၿပီးသေဘာက်တုန္းကလည္း သူမ,မသိခဲ့။ သူမအတြက္ အရာမ်ားစြာ လုပ္ေပးခဲ့ေသာ္လည္း သူမ,မသိခဲ့။ သူက သူမအတြက္ ကိစၥမ်ားစြာလုပ္ေပးစဉ္တြင္ သူမက သူ႔အတြက္ နည္းနည္းသာ ျပန္လုပ္ေပးႏိုင္ခဲ့သည္။

ရွစ္ႏွစ္… သူက သူမ၏ ဝတုတ္တုတ္ပံုစံႏွင့္ စတင္ေတြ့ဆံုခဲ့ၿပီး သူမကို ခ်စ္ျမတ္ႏိုးခဲ့သည္။ ကံၾကမၼာ၏ အလွၫ့္အေျပာင္းမ်ားၾကား သူမက လက္စားေခ်ရန္ ႀကိဳးစားေနေသာ္လည္း သူက အရာအားလံုးကို သည္းခံေပးခဲ့သည္။

သူက ေငြေၾကးခ်မ္းသာသၫ့္ ဘီလီယံနာတစ္ဦး ျဖစ္ပါေသာ္ျငား ရူးရူးမိုက္မိုက္ကိစၥမ်ားကို လုပ္ခဲ့သည္။ သူမ သူ႔ကို အေျဖျပန္ေပးခဲ့စဉ္က သူက ရူးမိုက္လိုက္တာဟူ၍ ေတြးခဲ့ဖူးသည္။ ယခုလည္း ထိုနည္းလည္းေကာင္းပင္။ သို႔ေသာ္ သူ၏ ရူးမိုက္လြန္းေသာ ထိုအျပဳအမူေလးမ်ားေၾကာင့္လည္း ဤဆက္ဆံေရးကို လက္ေလ်ာ့ရန္ သူမ တြန႔္ဆုတ္ေနခဲ့မိသည္။

“အရူး..” နဉ္ရွီက ခ်န္းရွီေကြ့ထံ လက္ကမ္းေပးကာ ၿပံဳးလိုက္၏။ လက္ဖမိုးေလးကို ခ်န္းရွီေကြ့၏ေရ႔ွသို႔ ပို႔လိုက္သည္။

သူမ၏ တံု႔ျပန္မႈေၾကာင့္ ခ်န္းရွီေကြ့မွာ အေပ်ာ္လြန္သြားၿပီး လက္စြပ္ကိုယူကာ နဉ္ရွီ၏ လက္ခလယ္တြင္ ဝတ္ေပးရန္ ျပင္လိုက္သည္။ သို႔ေသာ္ လက္စြပ္ႏွင့္ လက္ေခ်ာင္းထိပ္ေလး ထိသြားစဉ္တြင္ နဉ္ရွီက လက္ျပန္ရုတ္သြားသည္။ ခ်န္းရွီေကြ့မွာ ထိတ္လန႔္သြားၿပီး နဉ္ရွီအား စိတ္လႈပ္ရွားစြာ ေမာ့ၾကၫ့္လိုက္၏။ ထိုအၾကၫ့္က အေတာ္ေလး သနားစရာေကာင္းေနသည္။

သူ၏အျပဳအမူေၾကာင့္ နဉ္ရွီ စိတ္ေပ်ာ့လာသည္။ သူမက အသာအၾကၫ့္လႊဲကာ.. “ဒီမနက္ အႏုပညာသတင္းေတြ ၾကၫ့္ၿပီးၿပီလား..?”

ထင္မွတ္မထားသည္ကား သူမ စကားဆံုးသြားသည္ႏွင့္ ခ်န္းရွီေကြ့က သူမ၏လက္ကို အတင္းဆြဲကိုင္ကာ စကားေျပာခြင့္မေပးေတာ့ဘဲ လက္စြပ္ဝတ္ေပးလိုက္သည္။

“ကိုယ္ခ်စ္တာ ကိုယ္ျမင္ေနရတဲ့ မင္းကို.. ကိုယ့္ဆုပ္ကိုင္ထားတဲ့ ဒီလက္ပိုင္ရွင္ မင္းကို..” ခ်န္းရွီေကြ့က နဉ္ရွီ၏လက္ကို ဆုပ္ကိုင္ကာ.. “မင္းေဘးမွာ အိပ္ရမယ့္လူက ကိုယ့္ပါ.. ကိုယ့္နဲ႔အတူတူ တစ္စားပြဲတည္း အတူတူစားမယ့္လူက ကိုယ္ပါ.. ကိုယ့္ထက္ ဘယ္သူကမ်ား မင္းအေၾကာင္း ပိုသိဦးမွာလဲ..”

ဟမ့္.. က်ိဳးက်န္းခြၽမ္..? Hart..? ပိုင္လု..? သူတို႔က ဘာမို႔လို႔လဲ။ သူကသာ ရွီရွီရဲ့ အခ်စ္စစ္နဲ႔ ယံုၾကည္ရတဲ့လူပဲ..!

“ဟြန႔္..” နဉ္ရွီက မ်က္ရည္သုတ္ကာ ခ်န္းရွီေကြ့၏ရင္ခြင္ထဲ တိုးဝင္သြားသည္။

ဤအမ်ိဳးသားက သူမခ်စ္ရသူျဖစ္ၿပီး သူ၏ရင္ခြင္က တကယ့္ကို ေနြးေထြးလြန္းေပသည္။

“ရွန္းရန္.. အခု ငါတို႔ အျပင္ထြက္ၿပီး လက္ခုပ္ဩဘာေပးရမယ့္အခ်ိန္ မဟုတ္ဘူးထင္တယ္..” ဂိတ္တံခါးေနာက္တြင္ ေဆာင့္ေၾကာင့္ထိုင္ေနသၫ့္ ေခ်ာင္မန္က ေထာင္ရွန္းရန္ကို လွၫ့္ၾကၫ့္ကာ သမ္းလိုက္ရင္း.. “အစ္ကိုခ်န္း လက္ထပ္ခြင့္ေတာင္းႏိုင္ဖို႔ ငါတို႔မွာ တစ္ညလံုး မအိပ္ရေသးဘူး.. အခုလည္း ေခြးစာထိုင္စားေနရျပန္ၿပီ.. ဒီကမ႓ာႀကီးက ဆင္ဂယ္ေတြအတြက္ အရမ္းရက္စက္တာပဲ..”

“မင္းက ရည္းစားရွားေနလို႔လား..?” ေထာင္ရွန္းရန္က ဖုန္းပြတ္ေနၿပီး ေခ်ာင္မန္ကို အဖက္ပင္မလုပ္ေခ်။ “အစ္ကိုခ်န္း လက္ထပ္ခြင့္ေတာင္းတာက အရမ္းအေရးႀကီးတဲ့ ကိစၥတစ္ခုပဲ..  ဒီျဖစ္စဉ္တစ္ခုလံုးကို မ်က္ျမင္ကိုယ္ေတြ့ ျမင္ခြင့္ရခဲ့တာေတာင္ မင္းက ဘာကိစၥပြစိပြစိလုပ္ေနတာလဲ..?”

အျပင္မွာ ခ်န္းရွီေကြ့ရဲ့ဖိနပ္ကို သယ္ေပးႏိုင္ဖို႔ အိပ္မက္မက္ေနတဲ့လူေတြ ဘယ္ေလာက္မ်ားလိုက္သလဲ။ သူတို႔မွာ အခြင့္အေရးေတာင္ ရိွတာမဟုတ္ဘူး..!

ေခ်ာင္မန္က ဖုန္းပြတ္ေနသၫ့္ ေထာင္ရွန္းရန္ကိုၾကၫ့္ၿပီး လက္လွမ္းဆြဲလိုက္သည္။ “ေမးပါဦးမယ္.. မင္း ျပန္ေရာက္လာကတည္းက ဘယ္လိုျဖစ္လို႔ Weibo ေပၚမွာပဲ အခ်ိန္ကုန္ေနတာလဲ..?”

နဉ္ရွီကို အသေရဖ်က္ေနေသာ အြန္လိုင္းေပၚမွလူမ်ားကို ေတြးမိလိုက္ခ်ိန္မွာေတာ့ ‘အရူးေတြ’ ဟူ၍သာ ေအာ္ပစ္ခ်င္လာေတာ့သည္။ နဉ္ရွီသာ သတင္းထြက္လာသလိုမ်ိဳး ေဖာက္ျပားတတ္သူျဖစ္ေနလ်ွင္ သူတို႔အဖြဲ႔က နဉ္ရွီကို အစ္မနဉ္ဟူ၍ အဘယ္သို႔ လိုလိုလားလား ေခၚဆိုၾကပါမည္နည္း။ ထိုလူမ်ားက တကယ့္ကို အရူးမ်ားပင္။

“ဘာလို႔ Weibo မသံုးရမွာလဲ..? ဒီေလာက္စိတ္ဝင္စားစရာေကာင္းတာကို..” ေထာင္ရွန္းရန္က လ်င္ျမန္စြာ စာရိုက္လိုက္သည္။ သူ၏ လက္ေခ်ာင္းမ်ားက ဖုန္း Screen ေပၚတြင္ ေဝ့ဝိုက္ေနၿပီး Weibo ေပၚတြင္ ပိုစ့္တစ္ခု တက္လာေတာ့သည္။

သတိရိွရိျွပဳမူေျပာဆိုပါ :  “Congratulations <3 (ဓာတ္ပံု)”

………………………………….

Meow's Note: ရွီရွီေတာင္ လက္ထပ္ခြင့္ေတာင္းခံလိုက္ရၿပီ။ ကြန္ဂရက္စ္!

________________________

Weiterlesen

Das wird dir gefallen

1.5M 189K 156
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
231K 25.3K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
294K 30K 200
Original Title: National School Prince Is A Girl Author: Warring Young Seven စာစဉ် အမည်= ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ ဘာသာပြန်သူ= JustCBo...