ဝံပုလွေတို့ရဲ့ဧကရာဇ်

Da Hninsatmahar

23.3K 1.3K 175

ငါ့အသိဉာဏ်တွေပျောက်ဆုံးပြီး မင်းကိုမမှတ်မိတော့ရင်တောင် ဘဝအသစ်နဲ့ မင်းကိုပဲတစ်ခါပြန်ချစ်မယ် ငါ့အသိဉာဏ္ေတြေပ်ာက... Altro

Ep.1 (uni)
Ep.1(zawgyi)
Ep.2(uni)
Ep.2(zawgyi)
Ep.3(uni)
Ep.3(zawgyi)
Ep.4(uni)
Ep.4(zawgyi)
Ep.5(zawgyi)
Ep.6(uni)
Ep.6(zawgyi)
Ep.7(uni)
Ep.7(zawgyi)
Ep.8(uni)
Ep.8(zawgyi)
Ep.9(uni)
Ep.9(zawgyi)
Ep.10(uni)
Ep.10(zawgyi)
Ep.11(uni)
Ep.11(zawgyi)
Ep.12(uni)
Ep.12(zawgyi)
Ep.13(uni)
Ep.13(zawgyi)
Ep.14(uni)
Ep.14(zawgyi)
Ep.15(uni)
Ep.15(zawgyi)
Ep.16(uni)
Ep.16(zawgyi)
Ep.17(uni)
Ep.17(zawgyi)
Ep.18(uni)
Ep.18(zawgyi)
Ep.19(uni)
Ep.19(zawgyi)
Ep.20(ဇာတ်သိမ်းပိုင်း)
Ep.20(ဇာတ်သိမ်းပိုင်း)

Ep.5(uni)

769 54 7
Da Hninsatmahar

စိုထိုင်းထိုင်း အောက်သိုးသိုးအနံ့တစ်မျိုး
နှာခေါင်းထဲတိုးဝင်နေတယ်။
တစ်ကိုယ်လုံး ကိုက်ခဲနေတာကိုပါ သတိပြုမိတော့ မျက်ခုံးတန်းတို့ တွန့်ကွေးလို့။ အားယူကာ မျက်လုံးတွေဖွင့်ကြည့်မိတယ်။ မြေအောက်ခန်းတစ်ခုဖြစ်ပုံရကာ မည်းညစ်ညစ်နံရံပေါ်မှ ရေစက်အချို့စီးကျနေပြီး ဘေးပတ်လည်မှာ ဒဏ်ရာရလူအချို့လဲလျောင်းနေတာလည်းတွေ့ရတယ်။
တစ်ချို့ကသွေးထွက်ဆဲ၊တစ်ချို့ကပြည်တွေတောင်တည်နေပြီ။ ဘယ်လိုနေရာမျိုး ရောက်နေတာလဲ။
သူမသေသေးဘူးပေါ့။
ပြီးတော့ ပထမဆုံးသတိရမိတာက သူ ။

"အရှင် သတိရလာပြီ....တော်ပါသေးရဲ့ မြန်မြန်နေကောင်းအောင်လုပ်ပြီး ဒီလိုအောက်တန်းကျတဲ့နေရာက ထွက်ရအောင်''

မျက်နှာသေဖြစ်နေတဲ့ ဝမ်ရိပေါ်ရဲ့မျက်နှာကိုကြည့်ကာ စစ်ကျင်းကတော့ အားတက်သရောပြောလို့။ သူ့မှာသာ မကောင်းတဲ့မှန်ဉာဏ်ထဲက ရုန်းမထွက်နိုင်။

"စစ်ကျင်း သူ ငါ့ကိုမမှတ်မိဘူး''

စစ်ကျင်းရဲ့တက်ကြွနေတဲ့ စကားသံတို့ တိတ်ကျသွားတယ်။ စိတ်မကောင်းခြင်းတို့မပေါ်အောင် မျက်နှာကိုထိန်းလျှက်။

"အရှင်မ.....သူ. သူဘာတွေကြုံတွေ့ခဲ့ရလဲ မသိနိုင်ဘူးလေ''

"ငါသိတယ် သူ့ကိုအပစ်တင်နေတာ မဟုတ်ပါဘူး ငါ့ကိုမမှတ်မိလို့ ငါခံစားနေရတာ ....
တကယ်ဆို သိပ်အကြာကြီးလည်းမဟုတ်သေးဘူးလေ လူမမြင်ရရင်တောင် အနံ့နဲ့တင်မှတ်မိနေရမှာ မဟုတ်ဘူးလား''

"တစ်ခုခု... တစ်ခုခုကြောင့်နေမှာပါအရှင် အချိန်တွေရှိပါသေးတယ်....အရှင်မပြန်မှတ်မိအောင် ကြိုးစားကြတာပေါ့..အခုလောလောဆယ်.ကျွန်တော်တို့ ကျွန်ဘဝရောက်နေပြီ''

အရှင်က ဘာစကားမှထပ်မပြောတော့ပဲ မည်းညစ်နေတဲ့နံရံကိုသာ မော့ကြည့်နေတယ်။ သူ့စိတ်ထဲချစ်ရသူရဲ့ မေ့ပျောက်သွားမှုကသာ ကြီးစိုးနေပုံရတယ်။ သူတို့နယ်မြေရဲ့အရှင်တစ်ပါးအနေနဲ့ သူတစ်ပါးလက်အောက် ကျွန်ဘဝရောက်နေရတာကိုလည်း သတိမူအားပုံမရပါ။ ကျွန်နဲ့အရှင်သခင်ဆက်ဆံရေးကို မနှစ်သက်တဲ့အရှင်ဟာ သူ့နယ်မြေမှာ ဒီပုံစံကိုရှင်သန်ခွင့်မပေးခဲ့ပါ။ သူတို့တွေကံကောင်းခွင့်ရခဲ့ကြပါတယ်။ ခုတော့လည်း....

"အရှင်မရဲ့ဘေးမှာ ယိုအာကိုတွေ့ခဲ့ပါတယ်....အချက်ပြခဲ့တာမို့ အရှင်နေကောင်းတဲ့အခါ ယိုအာကိုသွားမေးကြည့်ရင် အကြောင်းစုံသိရမှာပါ....အရှင်မက ယိုအာကိုတော့ ကောင်းကောင်းမွန်မွန်ထားပုံရတာမို့ ကျွန်တော်တို့ မျှော်လင့်ချက်ရှိပါသေးတယ်''

"ယိုအာနဲ့အတူရှိနေတာလား....သူအဆင်ပြေတယ်ကြားရလို့ဝမ်းသာမိတယ်...ငါတို့အမြန်ဆုံးသွားတွေ့ကြမယ်''

မျှော်လင့်ချက်မဲ့နေတဲ့ ဝမ်ရိပေါ်ရဲ့မျက်ဝန်းတွေဟာ ထိုအခါမှသာ အရောင်တောက်လာတယ်။
.
.
.
ရေပူရေအေးအနေတော်စပ်ထားတဲ့ ရေထဲကို လှပတဲ့ခြေတံရှည်လေးတွေ ဝင်ရောက်ပြီးနောက် ရေလှုပ်ခတ်သံသဲ့သဲ့လေး ခနတာထွက်ပေါ်ကာ ပြီးနောက် တဖန်ငြိမ်သက်သွားတယ်။ ရေထဲကလူဟာ
အတွေးကယက်မှာ ငြိမ်သက်လို့။
ရှောင်းရဲ့စိတ်ထဲမှာ သူပစ်ပေါက်တာခံလိုက်ရတဲ့ ဝံပုလွေညိုကြီးကသာ စိုးမိုးနေတယ်။ သွေးတွေအန်ပြီး ငြိမ်သက်သွားတာကို မြင်လိုက်ရတဲ့ခန နှလုံးသားရဲ့တစ်နေရာက စူးအောင့်လာတာဘာကြောင့်လဲ။ အလိုလိုဝမ်းနည်းလာမိတာ၊ ပြေးယူထွေးပွေ့လိုက်ချင်တာတွေ ဘာကြောင့်လဲ။
သူလိုမျိုးနွယ်တူတစ်ယောက်ကို တွေ့လိုက်ရတာမို့လား။ မဖြစ်သင့်ပါ သူ့စိတ်ကိုပျော့ညံ့စေသူနဲ့ ဝေးဝေးနေရမယ်။
သူ့ဘဝလည်း လွယ်ကူခဲ့တာမှမဟုတ်တာ အရှင်ရိစ်က သူ့ရဲ့အတိတ်ဘဝမှတ်ဉာဏ်တွေ မေ့ပျောက်စေချင်တာ သူသိတယ်။
သူ့ကိုဗလေဒီယာဆိုတဲ့ နာမည်ပေးခဲ့စဥ်တုန်းက သူ့နာမည်ပါအောင် မနည်းအတိုက်ခံလုပ်ခဲ့ရတာ။ သူ့ဘဝသူကာကွယ်ဖို့ သန်မာရမယ် ၊ရက်စက်သင့်ရင်ရက်စက်၊ ပြတ်သားသင့်ရင်ပြတ်သားရလိမ့်မယ် မဟုတ်ရင် ရက်စက်လှတဲ့ဒီနေရာကြီးမှာ အနင်းခြေခံဘဝနဲ့အဆုံးသတ်သွားမှာပေါ့။ ဒါတွေဟာ ဒီမှာနေစဥ်ကာလအတွင်း သူသင်ယူတတ်မြောက်ခဲ့ရတဲ့ ဘဝသင်ခန်းစာတွေပဲ။
အင်ပါယာအရှင်ရဲ့ အလေးပေးခြင်းကိုရပြီး သက်တောင့်သက်သာ နေနေရသည့်တိုင် တစ်ခုခုကအမြဲလိုနေတုန်းပဲ။

ဒေါက်....ဒေါက်....

"ဘာကိစ်စလဲ''

"ရှောင်းအရှင်....အင်ပါယာအရှင်က အခေါ်ရှိပါတယ်''

"ကောင်းပြီး ရေချိုးတာကို လက်စသတ်လိုက်မယ်''

.
.
.

"ဟဲ့ မကောင်းဆိုးဝါးလေး ရေဇလုံယူ အရှင်ပြန်လာရင် ခြေထောက်သေခြာဆေးပေးနော် သဘက်သန့်သန့်ပါယူထား... ဘာမှလည်းမလုပ်တတ်ဘူး အကုန်လိုက်သင်ပေးနေရတယ် ...အရှင်တာ မကယ်လာရင် နင်သေနေပြီ မကောင်းဆိုးဝါးလေး''

ပုံမှန်နေ့တွေထက် စောပြန်လာတဲ့ သြဂတ်စ်ဟာ အဖွားနာလာရဲ့ ဆူဆဲနေသံကို မထင်မှတ်ပဲ ကြားလိုက်ရတယ်။

"အဖွား''

"အရှင်ပြန်လာပြီပဲ ဒီနေ့စောသားလား''

အပြင်ကပြန်လာတဲ့ သြဂတ်စ်က ခုံတစ်ခုမှာဝင်ထိုင်လိုက်တယ်ဆိုရင်ပဲ မျက်လုံးစိမ်းနဲ့ ကျွန်ကောင်လေးဟာ သူ့ဘေးမှာပဆစ်တုပ်ထိုင်ကာ သူ့ခြေထောက်တွေကို ရေဇလုံနှစ်လို့ ဆေးကြောပေးနေတယ်။
ဒီကောင်လေးဟာ သူမကြာသေးခင်ကမှ မိန်းလမ်းမကြီးပေါ်ကနေ အရှင်ရိစ်ရဲ့ယာဥ်တန်းကို ဖြတ်ပြေးလို့ အသတ်ခံရမယ့်ဘေးကနေ ကယ်ထားခဲ့ရတာ။ ရောက်စတည်းက ခုချိန်ထိဘယ်သူနဲ့မှ စကားသိပ်မပြော။ ခုနကလို အဖွားနာလာဆူဆဲနေလည်း သူ့ပြောတာမဟုတ်သလို တည်တင်းလွန်းတဲ့ မျက်နှာဘေးနဲ့ ဆူတဲ့သူလန့်အောင် ပြန်လုပ်ယူထားသေးတာ။

"ကောင်လေး မင်းနာမည် မမေးရသေးဘူး''

ရေဇလုံထဲက ခြေထောက်ကိုဆယ်ယူနေပြီမို့ ပေါင်ပေါ်တင်ကာ အဝတ်နဲ့သုတ်လို့ သူ့အလုပ်ပြီးရင် ထထွက်သွားတော့မှာ။ သူတို့မျက်နှာချင်းဆိုင် ဆုံချိန်တွေက တကယ်ကိုနည်းပါးပါတယ်။

"ကျွန်တော့်နာမည် ပိုင်ဝူရှန်းပါ''

"ပိုင်ဝူရှန်း...ပိုင် ဝူ ရှန်း''

"ကောင်းပြီ ရှန်း မင်းသွားလို့ရပြီ''

မော့ကြည့်လာတဲ့ မျက်လုံးစိမ်းတွေမှာ အံ့သြမှုကြောင့် အရည်လဲ့လို့။
ဒီကောင်လေး သြဂတ်စ်အိမ်ရောက်လာပြီးနောက် ပထမဆုံး အကြည့်ဆုံမိခြင်းပဲ။
လူတစ်ကာကြောက်ရွံ့တဲ့ မျက်လုံးစိမ်းတွေဟာ အတော်လေးလှတယ်ဆိုတာတော့ မငြင်းလိုက်နိုင်။ သူ့မျက်ဝန်းတွေနဲ့ တည့်တည့်ရင်ဆိုင်ကြည့်ရဲသူမှသာ မြင်ခွင့်ရနိုင်မယ့် အခွင့်ရေးမျိုးသာဖြစ်တယ်။

"အဖွား ဒီနားလာပါဦး''

ကောင်လေးထွက်သွားပြီးမှ အဖွားနာလာကို စကားပြောရန် အနားခေါ်လိုက်ရတယ်။

"အဖွား သူ့ကိုဘာလို့အရှင်ရိစ်လက်ကနေကယ်ခဲ့လည်း အဖွားသိလား''

"မသိပါဘူး''

"အဲဒီမျက်လုံးစိမ်းတွေကြောင့်ပေါ့...
အဖွားလည်းသိရဲ့သားနဲ့ သူတစ်ပါးနဲ့မတူပဲ ထူးခြားပြီးမွေးဖွားလာတဲ့ကလေးတွေဟာ ဘယ်လောက်တောင် ဒုက္ခခံရသလဲလို့... တစ်ခြားလူလည်း.မဟုတ်ပဲ အဖွားကဘာကြောင့် ဒီလိုတွေလုပ်နေတာလဲ''

သြဂတ်စ်ငယ်ငယ်တုန်းကလည်း နိမိတ်ဆိုးနဲ့မွေးလာတဲ့ကလေးမို့ အသိုင်းဝိုင်းကြီးထဲက ဖြစ်ပါလျက်နဲ့တောင် အတော်လေးဒုက္ခခံစားခဲ့ရတယ်။ မွေးထားတဲ့မိဘတွေကတောင် မလိုချင်။ အရာရာမှာ ညီငယ်ကသာ ဦးစားပေးခံခဲ့ရတယ်။
နို့ထိန်းလိုဖြစ်နေတဲ့ အဖွားနာလာကသာ ကောလဟာလတွေကို အံတုလို့ မိဘသဖွယ် ချစ်မြတ်နိုးပေးခဲ့တာဖြစ်တယ်။ ဒီနေရာဒီအနေအထားရောက်အောင် မိဘအရှိန်ဝါအားမကိုးပဲ သူ့ကိုယ်ပိုင်အရည်ချင်းနဲ့ ကြိုးစားခဲ့ရတာ။
ဒုတိယကျေးဇူးရှင်ဟာ အင်ပါယာအရှင် အရှင်ရိစ်ပါပဲ။ သူကနိမိတ်တွေ ထူးပြီးယုံကြည်နေသူမဟုတ်ပါ။ သြဂတ်စ်ကိုလည်း သားတစ်ယောက်ပမာ အလေးပေးကာ အတူကြိုးစားစေခဲ့တယ်။ ကိုယ့်ကိုယ်ကိုမညှာမတာခိုင်းစေရင့်ကျက်စေရင်း အရှင်ရိစ်နဲ့အတူ တိုက်ပွဲပေါင်းများစွာ အတူဆင်နွှဲပြီးမှ အရှင့်လူယုံဖြစ်လာခဲ့တာ။ ထိုချိန်ရောက်မှသာ မိဘတွေက နိမိတ်ဆိုးကို မေ့ဖျောက်ပေးခဲ့ကြခြင်းဖြစ်တယ်။

"ဒါပေမယ့်အရှင် သူ့မျက်လုံးတွေက ဘယ်သူနဲ့မှမတူဘူး...တကယ်မကောင်းဆိုးဝါး....

"အဖွားတော်ပါတော့ သူ့ကိုအဲလိုမဆက်ဆံပါနဲ့''

"ကောင်းပါပြီ''

အဖွားနာလာကတော့ ထိုကောင်လေးကို ကြည့်မရပါ။ ဘယ်သူ့ကိုမှ မတောင်းဆိုဖူးတဲ့အရှင်ဟာ ဘာကြောင့်များထိုကောင်လေးအတွက် အရှင်ရိစ်ဆီမှာ တောင်းဆိုခဲ့ရတာလဲ အရေးအကြောင်းများရှိခဲ့သော် အရှင်ရိစ်ဆီမှာ တောင်းဆိုခွင့်နည်းပါးသွားလေမလား စိုးရွံ့မိပါတယ်။
ထိုကောင်လေးနဲအရှင်က နီးနီးစပ်စပ်မရှိဘူးဆိုရင်တောင်မှ အရှင်နဲ့ကောင်လေးကိုတွဲမြင်ရတိုင်း တစ်မျိုးတစ်မည်ခံစားရမြဲ။
ရောက်လာကာစ ကောင်လေးကဘာမှမလုပ်တတ်မကိုင်တတ်။ ပစ္စည်းအသုံးဆောင်တွေကအစ ဘာမှမသုံးတတ်ပဲ ယုတ်စွအဆုံး အရှင်ကိုဘယ်လိုပြုစုရမလဲတောင်မသိ။
မကောင်းဆိုးဝါးလေးမို့ ကျွန်ပိုင်ရှင်တွေ
လက်ထဲ ကံဆိုးခဲ့မယ်ထင်ပေမယ့် ကျွန်ဖြစ်ပုံလည်းမပေါ်ပါ။ ဘယ်လိုပဲဖြစ်ဖြစ်
မကောင်းဆိုးဝါးလေးကို အရှင်သြဂတ်စ်နားက ဖြစ်နိုင်ရင်မောင်းထုတ်ပစ်ချင်နေတုန်းပဲ။

.
.
.
"အကျဥ်းသား ဝမ်ရိပေါ် ထွက်ခဲ့''

"ဘယ်...ဘယ်ခေါ်သွားမလို့လဲ''

လာခေါ်တဲ့ အမှုထမ်းတွေကြောင့် စစ်ကျင်းမှာ အနည်းငယ် ပြာယာခတ်သွားတယ်။
အရှင့်ဘေးက သစ္စာအရှိဆုံး၊ အရဲရင့်ဆုံးသူဖြစ်ပါလျက်နဲ့ သူနဲ့မတူအောင် ဒီရောက်မှပြောင်းလဲနေမိတယ်။ မတတ်နိုင်ပါ သူ့အရှင်သာတစ်ခုခုဆို အသက်ချင်းလဲပစ်မည်။

"သူ့ဒဏ်ရာက မသေနိုင်တော့ဘူးဆိုမှတော့...မင်းတို့ကိုကျွန်တန်းလျားပို့ပေးမယ်....သူကတော့ အရှင်ဗလေဒီယာရှောင်းနဲ့ ယှဥ်ရတဲ့ထိတော်တဲ့သူမို့ စစ်သားတွေနေရတဲ့အထူးခန်းကို ပို့ပေးမလို့''

"ဒါဖြင့်ကျွန်တော်လည်း တစ်ပွဲမှမရှုံးခဲ့ဘူးလေ ကျွန်တော်လည်းပါသင့်တာပေါ့''

"လျှာမရှည်နဲ့ မင်းက သာမာန်ကျွန်တန်းလျားကိုသာသွား''

ဝမ်ရိပေါ်က တိတ်တိတ်နေရန်အချက်ပြတာမို့ ငြိမ်နေလိုက်ရပေမယ့် စစ်ကျင်းစိတ်ထဲ ဘယ်လိုမှဘဝင်မကျပါ။ အရှင့်ကိုသူတို့နဲ့တမင်ခွဲထုတ်သွားတာဟာ ဘယ်လိုမှအကောင်းမဖြစ်နိုင်။

ဝမ်ရိပေါ်ကို အခန်းတစ်ခုထဲထည့်ပြီးတာနဲ့ အပြင်ကတံခါးပိတ်လိုက်သံက ဂျိုင်းခနဲ။
တစ်ကယ်ကိုအခန်းက အတော်လေးကောင်းမွန်နေသော်လည်း အခန်းတွင်းကလူများကတော့ဖြင့် နည်းနည်းလေးမှကောင်းမနေပါ။ သူ့လက်ချက်နဲ့ရှုံးနိမ့်ပြီး အမှုထမ်းဘဝကနေ ကျွန်ဘဝဆင်းသက်လိုက်ရသူများ။ မျက်နှာပေါ်က ဖူးယောင်ဒဏ်ရာတစ်ချို့ ကျန်နေသေးတယ်။အားလုံးရဲ့မျက်လုံးတွေဟာ ဝမ်ရိပေါ်ကို အမဲဖျက်ချင်နေသည့်ပမာစူးရဲလို့။

Continua a leggere

Ti piacerà anche

335K 11K 56
When he denied his own baby calling her a cheater. "This baby is not mine." But why god planned them to meet again? "I would like you to transfer in...
501K 14.4K 106
"aren't we just terrified?" 9-1-1 and criminal minds crossover 9-1-1 season 2- criminal minds season 4- evan buckley x fem!oc
908K 55.6K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
786K 17.7K 46
In wich a one night stand turns out to be a lot more than that.