Ep.16(uni)

629 56 5
                                    

ရှန်းနဲ့အဆက်အသွယ်မရတာ တစ်ပတ်လောက်ရှိပြီ။ ပုံမှန် သုံးရက်တစ်ခါ ဆုံနေကျနေရာကိုလည်း မလာပါ။
တစ်ခုခုတော့ ဖြစ်နေပြီဆိုတာ သေချာတယ်။ ရိပေါ် ရှန်းကိုလည်း ပစ်မထားနိုင်ပါ သူ့အတွက်တန်ဖိုးထားရတဲ့ သူတွေပဲ မဟုတ်လား။ ရှန်းပြောပြထားလို့ စစ်သေနာပတိချုပ်ရဲ့ အိမ်ကို ဘယ်နေရာဘာရှိလဲ စိတ်ထဲအတော်လေး ရင်းနှီးနေပြီးသားမို့ ရှန်း ခိုးလာနေကျ နေရာက ဝင်လာခဲ့လိုက်တယ်။ အလုပ်သမားတန်းလျားမှာ ဝင်ရှာပေမယ့် မတွေ့ပါ။ နောက်ထပ်စဥ်းစားမိတာက အန္တရာယ်အများဆုံးနေရာ။

ဖျတ်!

"ဟင် အရှင် အရှင်ဘာလို့ လိုက်လာတာလဲ
တော်ကြာမိသွားမှဖြင့် အရှင်ပြန်ပါ....ခနနေသူလာတော့မှာ''

ကုတင်တိုင်တွေနဲ့ တွဲချည်ခံထားရတဲ့ ရှန်းကို ကြိုးတွေဖြေပေးရင်း...

"ငါဘယ်လိုလုပ် မင်းကိုပစ်ထားနိုင်မှာလဲ ''

"ဖြောင်း....ဖြောင်း....ဖြောင်း....ဂုဏ်ယူပါတယ် မင်းအရှင်လိုက်လာပြီပေါ့နော်....သူတစ်ကယ် မင်းကိုဂရုစိုက်သားပဲ''

လက်ခုပ်သံဆုံးတာနဲ့ ရိပေါ်နဲ့ရှန်းကို သံအရုပ်စစ်သားတွေက လက်နက်ကိုယ်စီချိန်ကာ ဝိုင်းထားကြတယ်။ ထိုအထဲကမှ သြဂတ်စ်က ရှန်းကိုဆွဲထုတ်လိုက်တာမို့ ရိပေါ်တစ်ယောက်တည်း ဝိုင်းခံနေရရင်း ကျန်နေခဲ့တယ်။ သူပြန်တိုက်ခိုက်လည်း သံအရုပ်တွေက ထိခိုက်နာကျင်မယ် မထင်။ ယောမက အတော်လေး ဖွံဖြိုးနေပြီး သူတို့နဲ့ ကွာချင်းတိုင်းကွာနေတော့တာပဲ။

"ငါထင်တာက မင်းဒီလိုအဖမ်းခံထားရရင်
အန္တာရယ်တောထဲမှာ မင်းသခင်က ပစ်ထားလိုက်မှာလို့''

"ခု ခင်ဗျား မြင်ပြီမဟုတ်လား....တိုးတက်လှတဲ့ ခင်ဗျားတို့ အင်ပါယာသခင်တွေလို အတ္တမကြီးဘူးဆိုတာ ခင်ဗျားမြင်ပြီမဟုတ်လား''

"ကိုယ်မြင်ဖူးသွားပါပြီ မင်းရဲ့အရှင်သခင်က သူလား''

သူတို့နှစ်ယောက် စကားစစ်ထိုးနေတာကို ရိပေါ်က စိတ်ရှည်ရှည် စောင့်ပေးနေတယ်။ ခနကြာမှ ရိပေါ်ဆီလျှောက်လာကာ...

"မင်းဘာလိုချင်တာလဲ ပြောကြည့်ပါ ငါကူညီနိုင်တာဆို ကူညီပေးလိုက်မယ် အပြန်အလှန်အနေနဲ့ မင်းကသူ့ကို ငါ့ဆီထားခဲ့ပေး......မဟုတ်လည်း လွှတ်ပေးဖို့ အစီစဥ်မရှိဘူး... ငါသာအချက်ပြ
လိုက်ရင် သံအရုပ်တွေအပြင် အိမ်တော်အစောင့်တွေပါ ဝိုင်းလာမှာ.... မင်းပြေးပေါက် မရှိဘူး....ဒါပေမယ့် မင်းကသူ့သခင် ဖြစ်နေတာမို့ ငါလွှတ်ပေးလိုက်မယ်''

ဝံပုလွေတို့ရဲ့ဧကရာဇ် Wo Geschichten leben. Entdecke jetzt