ဝမ်ရိပေါ်လက်ထဲက ပန်းချီပုံလေးမြင်ပြီး လေအိုမျက်နှာက ချက်ချင်းပဲပြုံးရွှင်သွားတယ်။ အင်ပါယာမှာ လေအိုကိုကောင်းကောင်းမွန်မွန်ဆက်ဆံပေးတဲ့ သူတွေထဲက တစ်ဦးမို့ ရှောင်းကိုအတော်လေး သဘောကျရပါတယ်။
"ရှောင်းကို မေးတာလား ရှောင်းကနန်းတွင်းမှာ မနေဘူးလေ အပြင်မှာနေတာ...ဦးရီးတော်က ရှောင်းကိုဘယ်လိုမှ နန်းတွင်းနေဖို့ခေါ်မရဘူး... သူမနိုင်တဲ့သူလည်းရှိသေးတယ် ဟားဟား''
"ဒါဆိုရပြီ မင်းမလိုဘူး နေရာသာပြော''
"အင်း....ဒါနဲ့မင်း ရှောင်းအပေါ် မကောင်းတာတစ်ခုခု....
"မဟုတ်ဘူး မင်းထင်သလိုမဟုတ်ဘူး''
"ကောင်းပြီ... ကောင်းပြီ... မင်းငါ့ကို တစ်ကယ်ကုပေးနိုင်တာနော်''
ဝမ်ရိပေါ်က အနားကပ်လာရန်အချက်ပြလာတော့ လေအိုက ရင်ခွင်ထဲဝင်မတတ် တိုးကပ်လို့လာလေတယ်။ ဝမ်ရိပေါ်မှာ မသိမသာလေး ခိုးပြုံးလိုက်ကာ
"မင်းလည်တိုင် ငါ့သွားရှေ့ရောက်နေပြီ ငါကိုက်မှာမကြောက်ဘူးလား...ငါဘာလည်းဆိုတာ မင်းလည်းသိတာပဲ''
"ဟင့်အင်း မကြောက်ပါဘူး...မင်းလုပ်ချင်လုပ်ကြည့်လေ''
လေအိုရဲ့ ရွှင်မြူးနေတဲ့ ခပ်ချွဲချွဲဆိုသံလေး မဆုံးခင် ဝမ်ရိပေါ်က တစ်ကယ်ကိုက်ချလိုက်တာမို့ စူးစူးဝါးဝါးအော်သံ ထွက်ပေါ်လာတယ်။
"အားးးးးး''
" မင်းမအော်နဲ့လေ ''
စစ်ကျင်းက ပါးစပ်ပြေးပိတ်ရင်း ဆူပါလေတယ်။
"နာတာကိုအော်မှာပေါ့ တကယ်ကိုက်မယ်မှမထင်တာ... ငါ့ဘာလို့ကိုက်တာလဲ ဟင့် ''
အလိုလိုက်ခံရတဲ့ အရှင်သခင်လေးမို့ အနည်းငယ်ဆိုးနေတာသိတဲ ဝမ်ရိပေါ်က ပြုံးကာ...
"မင်းသိုင်းကွက်ကစားကြည့်ပါဦး''
လေအိုရဲ့တစ်ကိုယ်လုံးဟာ အရင်နဲ့မတူအောင် ပေါ့ပါးလို့နေတယ်။ အရင်ကသိုင်းကွက်မှန်အောင် နေရာမချနိုင်တဲ့သူ တစ်ခုခုပြောင်းလဲသွားနေတာကို အလိုလိုခံမိလာကာ ပျော်ရွှင်နေတော့တယ်။
YOU ARE READING
ဝံပုလွေတို့ရဲ့ဧကရာဇ်