Ep.10(uni)

700 59 5
                                    

ဟေးမီးစ်နိုင်ငံရဲ့ ဘာဒီးနားကွင်းကြီးမှာ အားပေးသံတွေနဲ့ မြိုင်ဆိုင်နေတယ်။
လူ့ဘီလူးကြီးတစ်ကောင်နဲ့ လူရွယ်တစ်ယောက်ဟာ အသက်အတွက်တိုက်ပွဲဝင်နေကြတယ်။ လူ့ဘီလူးကြီးလက်ထဲမှာ သံဆူးသွားတွေပါတဲ့ သံတင်းပုတ်ကြီးကို ကိုင်ထားတယ်။ တိုက်ချက်တွေမှာ အားမာန်အပြည့်သုံးထားပြီး လွှဲပစ်လိုက်တဲ့အခါ လက်ကိုင်ရိုးကနေ သံကြိုးလေးတွေထွက်လာပြီး တင်းပုတ်ကို လူ့ဘီလူးကြီးလက်ထဲပြန်ရောက်စေတယ်။
လူရွယ်လေးကတော့ ဒိုင်းကာတစ်ခုနဲ့ ဓားတစ်လက်သာ ကိုင်ထားတယ်။ လူ့ဘီလူးကြီးရဲ့ အားမာန်အပြည့်တိုက်ကွက်တွေကို လူရွယ်လေးကပွတ်ကာသီကာလေးရှောင်ရင်း ဓားချက်တွေနဲ့ ပြည်လည်တိုက်ခိုက်တယ်။

ရားးးးးးးး

"အား''

ဝမ်ရိပေါ်ရဲ့ကျောပြင်မှာ သံဆူးစာမိပြီး သွေးစက်တွေက ဖြာခနဲ။
သူ့လက်ထဲက ဓားကိုမယုံကြည်နိုင်သလို ပြန်ကြည့်နေမိတယ်။ သူ့ဓားနဲ့ထိထိမိမိကို တိုက်ခိုက်ခဲ့တာပါ သို့သော်လူ့ဘီလူးကြီးအတွက် သာမာန်ဓားက မထိရောက်ဘူးထင်ပါ့။ ကြောင်အသွားမိတဲ့ သူ့အမှားသာမို့ တင်းပုတ်စာအမိခံလိုက်ရတယ်။

စိတ်လှုပ်ရှားမှုကြောင့် ဝုန်းခနဲထရပ်မိတဲ့ ရှောင်းကျန့်ကို အရှင့်ပွဲကြည့်စင်ကလူတွေ အကုန်ဝိုင်းကြည့်လာကြတယ်။ သူပါသာလည်း ဘာကြောင့်ဒီလောက်စိတ်လှုပ်ရှားသွားမိမှန်းမသိပါ။ သူ့မှာအူလည်လည်နဲ့ ပြန်ထိုင်လိုက်ရတယ်။

လက်သီးကိုတင်းတင်းဆုပ်ထားမိတဲ့ ရှန်းရဲ့လက်ချောင်းတွေကို အရှင်သြဂတ်စ်က နားမလည်တဲ့အကြည့်တွေနဲ့ ဖြေချပေးလာတယ်။ ရှန်းငြိမ်နေလိုက်ရတယ်။

လူ့ဘီလူးကြီးဟာ သာမာန်ဓားတွေလှံတွေနဲ့ တိုးပုံမရတာမို့ ဝမ်ရိပေါ်က သားရဲပုံစံပြောင်းလဲလိုက်တယ်။ အားမာန်အပြည့်နဲ့ အလွန်ထွားကျိုင်းတဲ့ အညိုရောင်ဝံပုလွေကြီး ဖြစ်လို့သွားတယ်။
လူ့ဘီလူးကြီးက ပိုပြီးဒေါသထွက်ကာ သံပါးစပ်ကြီးအစွမ်းကုန်ဖြဲလျက် ဆွဲဖြဲပစ်မည့်အကြောင်း အမူရာလုပ်ပြလာတယ်။ ပါးစပ်ထဲမှာ သွားတွေအစားသံတွေကြီးမို့ မိလိုက်ရင် အသက်သေရုံအပြင်မရှိနိုင်။

ဝံပုလွေတို့ရဲ့ဧကရာဇ် Where stories live. Discover now