Ep.6(uni)

701 62 8
                                    

ဝံပုလွေတို့ရဲ့ဧကရာဇ်
အပိုင်း(၆)

ဝမ်ရိပေါ်ဝင်ပြီးတာနဲ့ စစ်တန်းလျားရဲ့တံခါးကြီး ဂျိန်းခနဲပိတ်သွားကာ သော့ခတ်သံပါကြားလိုက်ရတယ်။ ဒီလိုပဲ အမြဲသော့ခတ်နေကြလား။
နေရာကျယ်ကျယ်ဝန်းဝန်းနဲ့ အသုံးဆောင်တွေကစ ကောင်းကောင်းမွန်မွန်ရှိနေပေမယ့် အတွင်းရှိလူများကတော့ ကောင်းမွန်ပုံမရ။

"အဟက် သူရဲကောင်းကြီးရောက်လာပြီပေါ့လေ သူ့ကိုယ်သူအရှင်ဗလေဒီယာကို နိုင်မယ့်သူလိုလို ဘာလိုလိုနဲ့ ရုပ်ကလေးပြပြီး ဟန်ရေးကြွယ်နေတဲ့ကောင်''

"အဲဒီရုပ်ကိုပြန်လုပ်ပေးရအောင် ငါ့မျက်နှာပေါ်မှာကြည့်စမ်း သေရာပါအမာရွတ်ကြီးထင်နေပြီ''

ထိုစကားကြောင့် ဝမ်ရိပေါ်အဲဒီလူကိုကြည့်မိတယ် မျက်နှာပေါ်က ကန့်လန့်ဖြတ်အစင်းကြီးဟာ တစ်ကယ်ကိုသေရာပါတော့မှာ။ စိတ်မကောင်းဖြစ်မိတာမို့ တောင်းပန်ရန်လှည့်မိတော့ ဖြောင့်လက်သီးတစ်လုံး မျက်နှာဆီဝင်လာတယ်။
အကျင့်ပါနေတဲ့ခန္တာကိုယ်ကြောင့် လွတ်ရုံလေး ရှောင်လိုက်နိုင်တယ်။ ပခုံးတစ်ဝှိုက်ဝေ့ဝဲကျနေတဲ့ ဆံပင်တွေကတော့ လက်သီးအရှိန်ကြောင့် ဖြာထွက်သွားတယ်။ ဒီလူတွေနဲ့စကားပြောရန် ဘယ်လိုမှ မဖြစ်နိုင်တာ သိလိုက်ရတဲ့အဆုံး အခန်းထောင့်လေးမှာ တိတ်တိတ်လေးသွားထိုင်နေလိုက်တော့တယ်။

ခုနကလွဲချော်သွားရတဲ့လူက တစ်ယောက်တည်း မလှုပ်ရှားရဲတော့တာမို့ လူစုရန်အချက်ပြလိုက်တယ်။ သူတို့အဖွဲ့လိုက်ကြီးကြား တစ်ယောက်ထဲရောက်လာတာတောင် ဂရုစိုက်ဟန်တစ်ချက်မှမရှိတဲ့ထိုလူကချဥ်စရာပင်။

ဒီလူဘယ်လောက်ပဲ အစွမ်းစရှိပါစေ အများနဲ့တစ်ယောက်တော့ ဘယ်လိုမှမနိုင်နိုင်ပါ။ သူတို့ကဆယ်ယောက် ထိုလူကတစ်ယောက်တည်းလေ ။
လူဆယ်ယောက်ဟာ သတိအနေအထားနဲ့ဝမ်ရိပေါ်အနားတ ဖြေးဖြေးတိုးကပ်လာတယ်။ သတ်ကွင်းကရန်ငြှိုးရန်စကို အပြင်မှာအုပ်စုဖွဲ့အနိုင်ကျင့်ရန် ကြိုးစားနေခြင်းပင်။ တစ်ကယ်ဆို သူတို့ဟာ အရှင်ရိစ်ရဲ့ ဂုဏ်ယူရတဲ့ အမှုထမ်းများသာ။
ဒီလူကိုရှုံးနိမ့်မိလို့ ကျွန်ဘဝသက်ဆင်းခဲ့ရတာ တရားခံကဒီလူအပြင်မရှိဘူး။
သူတို့တွေအနားတိုးကပ်လာတာကို မသိတာလားဘာလား ထိုလူကတော့ တွေဝေငေးမောနေတုန်း။ ထိုလူဘာဖြစ်နေလဲ သူတို့အလုပ်မဟုတ် သူတို့အလုပ်က ဒီလူကိုမှတ်လောက်သားလောက်အောင် ဆုံးမရန်ဖြစ်တယ်။
အခန်းထောင့်မှာ တွေတွေလေးထိုင်နေတဲ့ ဝမ်ရိပေါ်ကို ပုံမှန်ထက်အရပ်ရှည်လွန်းနေတဲ့လူက ဂုတ်ကမြှောက်ကာ လွင့်ပစ်လိုက်တယ်။ ထိုမျှနဲ့အားမရပဲ လက်သီးနဲ့ထိုး ဝိုင်းဝန်းကန်ကျောက်ကြပြန်တယ်။
ရိပေါ်ကတော့ တုပ်တုပ်မလှုပ် ပြန်လည်ခုခံခြင်းလည်းမရှိ လက်နဲ့တောင်မကာပါ။
နှုတ်ခမ်းထောင့်က သွေးတွေစီးကျလာတယ်။ ရှောင်းကျန့်ပစ်ပေါက်လိုက်တဲ့ ဒဏ်ကြောင့် ကွဲသွားတဲ့ခေါင်းကလည်း တစ်ဖန်ပြန်သွေးထွက်လာပြန်တယ်။ ဒါတွေအားလုံးကို ကြိတ်မှိတ်သည်းခံနေတယ်။

ဝံပုလွေတို့ရဲ့ဧကရာဇ် Where stories live. Discover now