အရှင်သြဂတ်စ်နဲ့ သူ့သူငယ်ချင်းအရှင်ဒါနန်တို့ ရေချိုးဆောင်အတူလာကြပြီး စကားစမြီပြောနေကြတယ်။ ရေနွေးငွေ့တွေကြားထဲမှာ မျက်လုံးတွေမှိတ်ကာ အေးအေးသက်သာအနားယူနေတဲ့ သြဂတ်စ်ကိုကြည့်ပြီး ရှန်းရင်ထဲမှာ ခံပြင်းနေမိတယ်။
သူ့အရှင်နှစ်ပါး ခရီးထွက်သွားတာ တစ်ရက်နဲ့တစ်ညရှိပြီ အရှင်ကအန္တာရာယ်တောထဲမှာ ဒုက္ခများနေသလောက် သူကဘာမှမကူညီနိုင်ပဲ ရန်သူကိုပြုစုခစားနေရတယ်။
စိုးရိမ်ပူပန်မှုတွေနဲ့ အသုံးမကျမှုတွေဟာ ရင်ထဲကိုအောကလီဆန်စွာ ပျို့တက်လာနေတယ်။ဝုန်း.
"ခင်ဗျား....ဘာလုပ်တာလဲ လွှတ်စမ်းပါ''
မျက်လုံးမှိတ်မှိန်းနေသူက တစ်ချက်လေးဖွင့်မကြည့်ပါပဲ ဆွဲချလိုက်တာမို့ ရှန်းမှာအလန့်တကြား ပြိုကျရတယ်။ ရှက်စိတ်နဲ့ဒေါသတို့ပေါင်းကာ ရုန်းပေမယ့် ရင်ခွင်ထဲမှာဖက်ကာ မလှုပ်နိုင်အောင်ချုပ်ထားခံလိုက်ရတယ်။
အပေါ်ပိုင်းဗလာကျင်းနေတဲ့ သြဂတ်စ်ရဲ့သန်မာတဲ့ခန္တာကိုယ်နဲ့ ထိစပ်နေရတဲ့သူမှာ ပူလောင်လို့လာတယ်။ ရသလောက်ခေါင်းငဲ့ရှောင်နေပေမယ့် မျက်နှာနဲ့လည်တိုင်ကို လိုက်လံနမ်းရှိုက်လာတဲ့ ထွက်သက်နွေးနွေးတွေကြောင့် လူဟာအယောင်ယောင်အမှားမှား။"မင်းမျက်လုံးစိမ်းလေးတွေက ဒီအတိုင်းလေးသိပ်လှနေပြီးသားပါ.....ဘာလို့ကိုယ့်ကို ဒေါသမျက်ဝန်းတွေနဲ့ စူးစိုက်ကြည့်နေရတာလဲ''
"ခင်ဗျား မျက်လုံးမှိတ်နေတာမဟုတ်ဘူးလား''
"မျက်လုံးဖွင့်မကြည့်လည်း မင်းရဲ့အသက်ရှုသံပြင်းပြင်းတွေက ရေနွေးငွေ့ထက်ပူလောင်နေတာ မသိဘူးလား....စိတ်လျှော့ထားလိုက် လာပါသွေးပူလေ့ကျင့်ခန်းလုပ်ရအောင်''
ရှန်းရဲ့အဝတ်တွေကို ဆွဲဖြဲပြီး သူ့ကိုယ်ပေါ်မှာရှိနေတဲ့ တစ်ခုတည်းသောအဝတ်ပိုင်းလေးကို လွှင့်ပစ်လိုက်တဲ့နောက် အရှင်ဒါနန်လည်း အလိုက်တသိထထွက်သွားတယ်။
"ခင်ဗျား....ခင်ဗျား.... လွှတ်နော်.... ကျုပ်မကြိုက်ဘူး''
"နှစ်ယောက်ထဲရှိနေချိန် ဘယ်လိုခေါ်ခေါ် ဘယ်လိုပြောပြောရပေမယ့် သူငယ်ချင်းရှေ့မှာ မင်းကိုယ့်ကိုအရှက်ခွဲလိုက်တာပဲကလေး...မင်းကိုသေချာလေးအပစ်ပေးဆုံးမမှရတော့မှာ''
YOU ARE READING
ဝံပုလွေတို့ရဲ့ဧကရာဇ်