Ep.13(zawgyi)

266 5 0
                                    

သူ့ရဲ့သားရဲတစ်ပိုင်းပုံစံကို သြဂတ်စ်တွေ့သွားပေပြီ။
အတတ်နိုင်ဆုံး သြဂတ်စ်ရှေ့မှာ မမြင်အောင်ထိန်းထားချင်ပေမယ့် နောက်ကျသွားပြီ။ ဘာကြောင့်မှန်းမသိ သြဂတ်စ်ဆီကပါ မကောင်းဆိုးဝါးလို ဆက်ဆံခံရမှာ ကြောက်နေမိတယ်။ မိန်းကလေးချီသလို ပွေ့ချီပေးလာတာကိုတောင် ရှက်စရာလို့မမြင်မိပဲ သက်တောင့်သက်သာ ဖြစ်လို့နေတယ်။ ညတိုင်းသူတို့ရဲ့ပတ်သက်မှုကြောင့် စိတ်ကရင်းနှီးလာတာများလား။ မဖြစ်သင့်ဘူး ငါကသူ့ရန်သူဆိုတာ သူမသိသေးလို့ပါ။ သိသွားရင် တုံ့ဆိုင်းမနေပဲ သေချာပေါက်သတ်ခံရမှာ။

"အမလေး ဘာဖြစ်လာတာလဲ အရှင်''

သြဂတ်စ်လက်ထဲမှာ ပွေ့ချီလာတဲ့ကိုယ်လေးဟာ ထုတ်ပိုးပေးထားတဲ့ ဝတ်ရုံဖြူမှာပါ သွေးတွေရွှဲလို့။

"အန်တိုနီ လက်ချက်အဖွား မကောင်းဆိုးဝါးဆိုပြီး....

သြဂတ်စ်ဆက်မပြောနိုင်ပါ။ သူ့ပါးစပ်ကပါ ကောင်လေးကို မကောင်းဆိုးဝါးလို့ ပြောမထွက်ရက်နိုင်။

"အမလေးလေး အပျော်အပါးနဲ့ မိန်းမလိုက်စားဖို့ပဲသိတဲ့သူက မိဖုရားမျက်နှာနဲ့ မောက်မာနေတာ ....တို့အိမ်ကလူကိုထိလိုက်တာပဲ အရှင် သူ့ကိုဘာမှမလုပ်လိုက်ဘူးလား''

မကောင်းဆိုးဝါးလေး တစ်နေ့ဒုက္ခပေးမယ့် ကောင်လေးလို့ အမြဲပြောပြီး ခုလိုဖြစ်လာတော့လည်း အဖွားမှာပူပန်နေတာများ အမေကြီးတစ်ယောက်လို။ အဖွားလည်း ရှန်းကိုစိတ်ပူပေးရတဲ့အချိန် ရှိလာသေးတာပဲ။

"နောက်များမှပေါ့ ''

သူ့ကလေးက ရဲမက်ဆယ်ယောက်လောက်ကို သတ်ပစ်လိုက်တာလည်း ရှိသေးတယ်လေ။ မဟုတ်ရင် ငြိမ်ခံနေပါ့မလား။ ဒါကိုတော့ အဖွားနာလာကို အသိပေးလို့ မဖြစ်ပေ။ သူမဆီကပါ မကောင်းဆိုးဝါးလို မမြင်စေချင်ပါ။

"သမားတော်ခေါ်ပါ အဖွား ''

အဖွားနာလာက သြဂတ်စ်ကို ပြန်ကြည့်တယ်။ ထပ်စကားမဆိုပဲ သမားတော်ခေါ်ဖို့ ထွက်သွားလိုက်တယ်။ အရှင့်အိမ်တော်တွေမှာ ကျွန်အတွက် သမားတော်ခေါ်ပေးရိုးထုံးစံမှ မရှိပဲ။ ဒီကောင်လေးဟာ အရှင့်အတွက် တစ်ခုခုတော့ တစ်ခုခုပဲ။

ဝံပုလွေတို့ရဲ့ဧကရာဇ် Where stories live. Discover now