[Unicode]
Chapter-29 (ယာဉ်မှူး ဂျက်စီကာ)
တုရှန်း အာကာသယာဉ်ပျံရလိုက်ပေမဲ့ သူမမောင်းတတ်ဘူး။ဒါပေမဲ့ ကံကောင်းတာက အခုငှါးထားတဲ့နေရာက ပုံမှန်ယာဉ်ပျံအငှားတွေနဲ့မတူဘဲ အာကာသယာဉ်ပျံနဲ့အတူ အယ်လ်ဖာ မိန်းကလေးတစ်ယောက်ကို ထည့်ပေးလိုက်ထားတာကြောင့် အဆင်ပြေသွားတယ်။
"ဟယ်လို ကျွန်မက ဂျက်စီကာ လု ပါ။ဂျက်စီကာလို့ပဲခေါ်နိုင်ပါတယ်။"
ထိုအယ်လ်ဖာမိန်းကလေးယာဉ်မှူးက ပင်လယ်ဓားပြဝတ်စုံ နပိုလီယွန် ဦးထုပ် ရွက်လှေစီးဘွတ်ဖိနပ်တို့ကိုဝတ်ဆင်ထားတယ်။သူမရဲ့ အသားအရေက လူမျိုးစပ်အသားအရေရှိပြီး မျက်နှာပုံစံက ကွဲကွဲပြားပြားမရှိပေမဲ့ မျက်လုံးအပြာရောင်ရှိပြီး ရွှေဝါရောင်ဆံပင်နဲ့ ပါးပေါ်မှာအစက်အပြောက်လေးတွေတော်တော်များများရှိနေတယ်။ဒါပေမဲ့ ဒီလိုပုံစံက ရုပ်ဆိုးနေတာမျိုးမဟုတ်ဘဲ အရပ်ကလည်း တုရှန်း ထက်ရှည်တာကြောင့် သူမပုံစံကတကယ့်ကို ကြမ်းတမ်းတဲ့ယာဉ်မှူးနဲ့တူနေတယ်။
"ကျွန်တော့် နာမည် တုရှန်း ပါ"
တုရှန်း သူမပုံစံနဲ့ပတ်သက်ပြီး သိပ်ပြီးစိတ်ဝင်မစားတာကြောင့် ယာဉ်ပေါ်မှာ ဝင်ထိုင်လိုက်ပြီးနောက် ထိုင်ခုံခါးပတ်ကို မြန်မြန်ဆန်ဆန်ပတ်လိုက်တယ်။
ဂျက်စီကာ တစ်ယောက် ဆေးလိပ်ကိုပင့်မရင်း ထိန်းချုပ်ခန်းထဲကိုဝင်သွားတယ်။ထိန်းချုပ်ခန်းရဲ့အကျယ်က အတော်လေးကျယ်တာကြောင့် တုရှန်း တစ်ယောက် သူမ သောက်နေဆဲ ဆေးလိပ်ငွေ့တွေက ယာဉ်ထဲ ဝဲပျံနေတာကိုမြင်နေရတယ်။
တုရှန်း သူ့မှာ ယာဉ်ပျံမောင်းနှင်လိုင်စင်မရှိပေမဲ့ ဒီလိုအပြုအမူမျိုးက တရားမဝင်ဘူးဆိုတာတော့ သူသိတယ်။
"မြန်မြန်လေးမောင်းပေးပါ"
သူမက ကျွမ်းကျင်သူဟုတ်မဟုတ် တုရှန်း ဆန်းစစ်ဖို့အထိစိတ်မဝင်စားအားပေ။
ဂျက်စီကာ မီးခိုးခေါင်းတိုင်ကို မြှင့်လိုက်ပြီး
"စိတ်မပူပါနဲ့ အိုမီပေါက်ရဲ့...ကျွန်မအမေက အာကာသယာဉ်ပျံပြိုင်ပွဲတိုင်းရဲ့ နှစ်တိုင်းချန်ပီယံလေ"
တုရှန်း မျက်မှောင်ကြုပ်လိုက်တယ်။ထိုပြိုင်ပွဲက ဘယ်လိုပွဲမျိုးလဲဆိုတာ သူသေချာမသိဘူး။ဒါပေမဲ့ ဂျက်စီကာ ထိုင်နေရင်းနဲ့ လီဗာကို ဖိလိုက်ချိန်မှာတော့ သူမပြောတဲ့ အာကာသယာဉ်ပျံပြိုင်ပွဲမျိုးဆိုတာ အပျော်တမ်းပြိုင်ပွဲမှန်း တုရှန်း နားလည်သွားတော့တယ်။
ယာဉ်ပျံ အကြမ်းပတမ်းမောင်းထွက်သွားတာနဲ့ တုရှန်း စပြီးအန်တော့တာပဲ။ ဒါပေမဲ့ ကံကောင်းတာက သူအခုထိ ဘာမှမစားရသေးတာပဲ။ဂျက်စီကာ က သီချင်းကိုကျယ်လောင်စွာဆိုနေပြီး နားထောင်လို့မကောင်းပေမဲ့ သူမကတော့ ပျော်ပျော်ရွှင်ရွှင်ဆိုနေဆဲပင်။
Star C ရဲ့ဆွဲအားကနေ ရုတ်ချဉ်းပျံထွက်လာပြီးနောက် ခဏအကြာ တုရှန်း နည်းနည်း အန်ချင်တာကနေသက်သာလာတယ်။ဒါပေမဲ့ သူအကောင်းမြင်တာ နည်းနည်းစောသွားတယ်။ဂျက်စီကာ တစ်ယောက် ဘယ်လမ်းကြောင်းကိုရွေးလိုက်လဲမသိ နေရာတိုင်းမှာ ဥက္ကာခဲပျံတွေရှိနေတယ်။ဥက္ကာခဲပျံတွေကိုအရှိန်နဲ့ ရှောင်ပျံထွက်ရင်း ဂျက်စီကာ ကတော့ တစ်ယောက်ယောက်နဲ့ စကားတွေပြောနေတယ်။တုရှန်း ကတော့ ကြောက်လွန်းလို့ သူ့နှလုံးသားတစ်ခုလုံးပြုတ်ကျတော့မတတ်ပင်။
အစက ယာဉ်ပျံရပြီးနောက်မှာတောင် သူ့စိတ်ထဲ ယန်ကျိ ပဲရှိပြီး သူ့အယ်လ်ဖာအဆင်ပြေနေရဲ့လားဆိုတာကိုပဲ စိုးရိမ်နေခဲ့ပေမဲ့ အခုတော့ တုရှန်း Star D ကို အန္တရာယ်ကင်းကင်းရောက်နိုင်ဖို့ပဲ စိတ်ထဲတွေးနေမိတော့တယ်။
"ဂျက် ....ဂျက်စီကာ မင်းဖြည်းဖြည်းမောင်းနိုင်မလား"
တုရှန်း နဖူးကချွေးတွေကိုသုတ်ရင်း မေးတော့ ဂျက်စီကာ က သူမရဲ့ နားကျပ်ကိုချွတ်ကာ
"အိုမီဂါပေါက် ငါတို့ဒီအထိကွေ့ပတ်ရောက်လာပြီးပြီလေ အရှိန်ကိုနည်းနည်းနှေးချလိုက်ရင် ယာဉ်ထဲမှာရှိတဲ့အောက်ဆီဂျင်က ငါတို့နှစ်ယောက်အတွက် မလောက်ဘဲဖြစ်သွားလိမ့်မယ်"
ဘာ..? တုရှန်း သူဘာတွေနဲ့ထပ်ကြုံရပြန်တာလဲ။တုရှန်း စကားပြောတာရပ်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်က မြင်ကွင်းကိုမြင်တော့ အရမ်းရှော့ရသွားတာကြောင့် တုရှန်း မျက်စိကိုသာပြန်မှိတ်ထားလိုက်ရတယ်။
အချိန်တစ်ခုစာကြာပြီးနောက် တုရှန်း လည်း ဂျက်စီကာ ရဲ့ မောင်းနူန်းအရှိန်နှေးလာတာကို သတိထားမိလိုက်တယ်။သူမျက်စိဖွင့်ကြည့်လိုက်တော့ သူတို့ ဥက္ကာခဲပျံအစိုင်အခဲအုံကြီးထဲက ထွက်လာနိုင်ပြီဆိုတာတွေ့လိုက်ရတယ်။
"ဘာလို့ အရှိန်လျော့လိုက်တာလဲ"
ဂျက်စီကာ မျက်နာပြင်စခရင်ကိုကြည့်ပြီး ပြောလာတယ်။
"ကြယ်စုပင်လယ်ဓားပြတွေ ရှိနေတယ်"
တုရှန်း လန့်သွားတယ်။သူတို့ Star D ကိုရောက်ဖို့နီးနေပြီ။ အဲ့ဒီ ပင်လယ်ဓားပြတွေကလည်း ယန်ကျိ ရှိနေတဲ့ဆေးရုံကို အနုကြမ်းဝင်ဆီးတဲ့ အုပ်စုနဲ့ တစ်ဖွဲ့တည်းပဲလား..?
"ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲ"
တုရှန်း မေးခွန်းကိုကြားတော့ ဂျက်စီကာ ပြုံးကာ ဆေးလိပ်ကိုချလိုက်ပြီး
"သူပဲ"
"ဟမ်"
တုရှန်း ဘာကိုဆိုလိုမှန်း နားမလည်ဘူး။အဲ့နောက် ယာဉ်ပျံရဲ့အရှိန်မြှင့်လိုက်တာကို တွေ့လိုက်ရတယ်။အဲ့မှာ သူတို့ယာဉ်ထက်ကြီးတဲ့ ကြယ်စုပင်လယ်ဓားပြယာဉ်ပျံ သုံးစီးရှိနေတယ်။ဂျက်စီကာ ဘယ်လိုမျိုးလုပ်လိုက်လဲတော့မသိဘူး သူတို့ယာဉ်ပျံကနေ အမြှောက်ဆန်တွေကို တစ်ဖက်က ပင်လယ်ဓားပြယာဉ်ပျံဆီ ပစ်လွှတ်လိုက်ချိန် တစ်ဖက်က ယာဉ်ပျံတွေထဲကတစ်ခု ပေါက်ကွဲသွားတယ်။
တုရှန်း ကြောင်အနေပြီး ဘာဆက်ပြောရမလဲမသိဘူးဖြစ်နေတယ်။သူ ဂျက်စီကာ ကိုကြည့်ပြီးတွေးနေမိတယ်။ဒီမိန်းကလေးက ဘယ်လိုလူမျိုးလဲ ပင်လယ်ဓားပြနဲ့ပက်ပင်းတွေ့နေတာတောင် မပြေးတဲ့အပြင် သူတို့ဘက်ကတောင် စတိုက်လိုက်သေးတယ်။
သူမဘက်က စတိုက်ခိုက်လာတာနဲ့ တစ်ဖက်ကပင်လယ်ဓားပြယာဉ်ပျံကလည်း ပြန်တိုက်ခိုက်လာတယ်။ဂျက်စီကာ က တစ်ဖက်ကပစ်ခတ်သမျှကို လွှတ်အောင်ရှောင်နိုင်တယ်။အဲ့ဒီအချိန် တစ်ဖက်က အကာအကွယ်တွေကိုဖွင့်လိုက်တာကြောင့် ဂျက်စီကာ အချက်ရေနည်းနည်းပစ်လိုက်ပေမဲ့ တစ်ဖက်ယာဉ်ပျံကတော့ အထိအခိုက်နည်းနည်းသာရှိတော့တယ်။
"fuck!!...ခွေးသူတောင်းစားတွေ သောက်ပင်လယ်ဓားပြတုတွေ"
ဂျက်စီကာ ဆီက ရေရွတ်သံကိုကြားလိုက်ရတော့ တုရှန်း တွေးမိသွားတယ်။ပင်လယ်ဓားပြတု ဟုတ်လား။ ဒါဆို ဒီလူတွေက ဘာလို့အယောင်ဆောင်ထားကြတာလဲ။
"ဂျက်စီကာ မင်းသူတို့ ဘယ်သူဆိုတာသိလို့လား"
တုရှန်း မေးလိုက်တယ်။ဂျက်စီကာ ရဲ့ အတိုက်အခိုက်ကျွမ်းကျင်မှုက သူ့ရဲ့စိတ်ပူပန်မှု တွေကို လျော့ကျစေတယ်။
ဂျက်စီကာ မျက်စိစောင်းကြည့်လာပြီး
"ကြည့်ရတာတော့ Star C ကလူတွေပဲ ပုံမှန်ရန်သူတွေနဲ့မတူဘူး"
သူမ ပြောလို့ပြီးတာနဲ့ လျှင်မြန်စွာယာဉ်ပျံကိုပျံထွက်လိုက်တယ်။အကြိမ်ရေများစွာတိုက်ပြီးတဲ့နောက်မှာ ဒုတိယမြောက်ယာဉ်ပျံလည်း ပေါက်ကွဲသွားပြီး နောက်ဆုံးယာဉ်ပျံတစ်စီးကတော့ ထွက်ပြေးသွားတယ်။
"ကံဆိုးတာပဲ...."
ဂျက်စီကာ ပွဲပြီးသွားတာနဲ့ နောက်ထက်ဆေးလိပ်တစ်လိပ်ကိုထက်ယူပြီး ရှိုက်ဖွာတော့တယ်။
တုရှန်း အသက်ကိုရှုထုတ်ရင်း တုန့်ဆိုင်းနေရင်းနဲ့ပဲ
"ဂျက်စီကာ ကျွန်တော်တစ်ခုလောက်မေးလို့ရလား။ တစ်ကယ်ပဲ မင်းကဘယ်သူလဲ"
ဂျက်စီကာ ခေါင်းကတစ်ဖက်ကိုလှည့်လာပြီး တုရှန်း ကိုကြည့်ကာ အားမလိုအားမရပြောလာတယ်။
"မင်း ငါ့အဝတ်အစားကိုမြင်တာနဲ့ ငါဘယ်သူမှန်းမပြောနိုင်ဘူးလား"
တုရှန်း သူမကို ခေါင်းအစခြေအဆုံးထက်ကြည့်လိုက်ပြီး မရဲတရဲနဲ့မေးလိုက်တယ်။
"ပင်လယ်ဓားပြ..?"
ဂျက်စီကာ ပြုံးစိစိနဲ့ ခေါင်းငြိမ့်ကာ ဂုဏ်ယူစွာပြောလာတယ်။
"မိုက်တယ်မလား ငါက ကိုယ်ယောင်ဖျောက်ပင်လယ်ဓားပြအဖွဲ့က ပထမဆုံးအဖွဲ့ဝင်ပဲ"
သူမစကားတွေက တုရှန်း လို သာမန်ဘဝနဲ့သာနေလာခဲ့တဲ့ လူအတွက် အိပ်မက်မက်နေသလိုခံစားရစေတယ်။သေချာပေါက် ကိုယ်ယောင်ဖျောက်ပင်လယ်ဓားပြအကြောင်း သူကြားဖူးပေမဲ့ လူကိုယ်တိုင်နဲ့တွေ့ခွင့်ရလိမ့်မယ်လို့ ထင်မထားဘူး။
"အဲ့အပေါင်ဆိုင်က မင်းနယ်မြေလား"
တုရှန်း ထက်မေးတော့ ဂျက်စီကာ ခေါင်းပြန်လှည့်လာပြီး သူမမျက်လုံးက နားလည်ရခက်တဲ့အကြည့်တွေနဲ့ ပြောလာတယ်။
"ကြင်ယာတော် အရမ်းသိချင်တိုင်းလည်း မကောင်းဘူး။မသိနိုင်ဘူးမဟုတ်လား..... အရေးမပါတာတွေထပ်ပြောနေရင် ကြင်ယာတော်ရဲ့ခင်ပွန်း ယန်ကျိ ကို ငါတို့က...."
ဂျက်စီကာ သူမလည်ပင်းကို ဖျက်သလိုပုံစံလုပ်ပြလာတယ်။
တုရှန်း ချက်ချင်းပဲ လိမ္မာတဲ့ကလေးတစ်ယောက်ကို ခေါင်းငြိမ့်ပြလိုက်ပြီး နောက်ထပ် ဘာမှထပ်မမေးရဲတော့တာကြောင့် ဂျက်စီကာ တစ်ယောက်မကျေမနပ်ဖြစ်သွားတယ်။ အခု သူမမှာ ဂုဏ်ယူရတဲ့အနိုင်ပွဲတွေအကြောင်းပြောဖို့ အများကြီးကျန်သေးတာကိုး....
နောက်ထပ် ခရီးစဉ်တောက်လျှောက်မှာတော့ ဂျက်စီကာ က သူတို့ပင်လယ်ဓားပြအဖွဲ့က အာကာသအဖွဲ့ထဲမှာ အားအကြီးဆုံးဖြစ်ကြောင်း၊ အခုရောက်နေတဲ့ဧရိယာကလည်း သူတို့နယ်မြေဖြစ်ကြောင်း၊ ဘယ်သူပဲဖြစ်ဖြစ် သူတို့ကိုနှောက်ယှက်ရင်သတ်ပစ်ကြောင်း၊သူတို့ရဲ့အောင်ပွဲတွေအကြောင်း စသဖြင့် ပြောပြလာတော့တယ်။
"ဒါဆို မင်းကဘာလို့ အပေါင်ဆိုင်ဖွင့်ချင်ရတာလဲ"
တုရှန်း တကယ်သိချင်နေမိတယ်။ သမာသမတ်ကျကျပြောရရင် ပင်လယ်ဓားပြဆိုတာ အာကာသယာဉ်တွေဆီက လုယက်ပြီးရှင်သန်ကြတာမလား။
ရေပက်မဝင်အောင်ပြောနေတဲ့ ဂျက်စီကာ က ခဏတော့ရပ်သွားတယ်။အဲ့နောက် သက်ပြင်းချကာ
"ကိုယ်ယောင်ပဲဖျောက်နေရတာ ဘယ်လောက်အထီးကျန်လိုက်သလဲ။ ပြိုင်ဘက်ဆိုလို့လည်း မရှိဘူးလေ။ငါတို့က အဲ့လိုဆိုလည်းအဆင်ပြေပေမဲ့ ပင်လယ်ဓားပြကလည်း အစားစားဖို့လိုတယ်မလား"
ဒါဘယ်လိုစကားကြီးလဲ...အဲ့လိုနဲ့ ဂျက်စီကာ အာကသယာဉ်ပျံကိုရပ်လိုက်ပြီး လမ်းလျှောက်ကာ တုရှန်း ရှေ့မှာလက်ကိုဖြန့်ပြလာတယ်။
"ဘောက်စူး.."
တုရှန်း ခဏတော့ကြောင်အနေပြီး တာမီနယ်ကိုထုတ်ကာ ဂျက်စီကာဆီ ပမာဏတခုအထိငွေကိုလွှဲပေးလိုက်တယ်။
"ကျွန်တော် တစ်ယောက်ယောက်ကိုရှာမတွေ့ခင်အထိ ကျွန်တော့်ကိုကာကွယ်ပေးဖို့ မင်းကိုငှားလို့ရမလား"
ဂျက်စီကာ တုန့်ဆိုင်းသွားတယ်။ဘော့စ်က သူတို့ကို ဓားပြလုပ်ရပ်တွေလုပ်ဖို့ခွင့်မပြုထားဘူး။ဒါပေမဲ့ အခုချိန်က သူမက တုရှန်း ကိုလိုက်ပို့ပြီးရင် ပြန်ဖို့ပဲကျန်တာမလား။ ဘာပဲဖြစ်ဖြစ် အရှုံးမရှိတာကြောင့် သူမသဘောတူလိုက်တယ်။
နာရီအတော်ကြာပြီးနောက်ဆုံးမှာတော့ သူတို့ Star D ကိုရောက်ခဲ့ပြီဖြစ်တယ်။ယာဉ်ပျံက နေရာအတော်ယူတာကြောင့် ဂျက်စီကာ တစ်ယောက် ယာဉ်ပျံကို မြေအောက်မှာရပ်ထားလိုက်တာကို တုရှန်း တွေ့လိုက်ရတယ်။
Star D က ပြည်သူတွေက အလင်းရောင်ကိုမကြိုက်ကြဘူး။ ဂြိုလ်တစ်ခုလုံးက နေ့မရှိဘဲ ညဘက်သာရှိတာကြောင့် မြေအောက်ခန်းရဲ့အပြင်ဘက်က ပိုပိုမဲမှောင်နေတယ်။ဂျက်စီကာ လူတစ်ယောက်ဆီ စာပို့ပြီးတဲ့နောက် တုရှန်း ရှိရာကိုလျှောက်လာတယ်။
"ဒီဆေးရုံက နျူထရွန်ဗုံး အမြှောက်ဆန် တို့နဲ့ နှစ်ခါတောင်အပစ်ခံထားရတယ်။မြေအောက်ခန်းက လူတွေအကုန် အသက်မရှိတော့ဘူး"
တာမီနယ်က မြင်ကွင်းတွေကို ပြန်ညှိ့ရင်း ဂျက်ဆီကာ ပြောလာတယ်။
တုရှန်း တစ်ယောက် အပျက်အဆီး အကျိုးအပဲ့တွေကိုကြည့်နေမိတယ်။သူ့ပါးစပ်ကိုလှုပ်ရှားမိရင်း သူ့မျက်လုံးတွေက ထိတ်လန့်မှုကြောင့် မျက်ရည်တွေစီးကျလာတယ်။ဒီလိုအခြေအနေမျိုးမှာ ယန်ကျိ အသက်ရှိပါတော့မလားဆိုတာ သူတွေးတောင်မတွေးရဲတော့ဘူး။
"ဒါပေမဲ့ သတင်းကောင်းတခုရှိတယ်။ မျိုးစပ်ရှာဖွေတဲ့ကိရိယာကနေ အလောင်းတွေကိုစစ်ကြည့်တော့ ယန်ကျိ ခန္ဓာကိုယ်နဲ့တူတာမတွေ့ဘူး"
တုရှန်း ခေါင်းငုတ်ကာ မျက်ရည်တွေကိုသုတ်ပြီး
"ကျွန်တော် ဆေးရုံထဲသွားကြည့်ချင်တယ်"
ဂျက်စီကာ ခေါင်းငြိမ့်လိုက်တယ်။နှစ်ယောက်သားရောက်လာတော့ ဆေးရုံတစ်ခုလုံးကို ချိတ်ပိတ်ထားကြတယ်။ ဘယ်သူ့ကိုမှ အပြင်ဘက်ကနေ ဝင်ခွင့်မပေးထားဘူးဖြစ်တယ်။တုရှန်း တစ်ဖက်လူကိုငွေပေးပြီးဝင်ချင်ပေမဲ့ တစ်ဖက်လူက ငွေကိုလည်းလက်မခံပေ။
ယမ်းငွေ့တွေကနေကျန်ခဲ့တဲ့ အငွေ့တွေကနေ တိုက်ခိုက်မှုက ဘယ်လောက်ထိပြင်းထန်လဲဆိုတာ သိနိုင်တယ်။ထိုကြောင့်စုံစမ်းစစ်ဆေးဖို့ကိုတောင် စက်ရုပ်တွေကိုသာလွှတ်ထားတာဖြစ်တယ်။
"မင်းဘာဆက်လုပ်ချင်လဲ"
ဂျက်စီကာ မေးလိုက်တယ်။
တုရှန်း ခေါင်းတစ်ခုလုံးမူးနောက်နေပြီး သူဒီမှာရှိနေနိုင်ဖို့ သူဘာမှမလုပ်နိုင်ဘူး။ဒါပေမဲ့လည်း ထွက်လည်းမသွားချင်ပြန်ဘူး။ ဒါကြောင့် သူ ယန်ကျိ တာမီနယ်ကို ထက်ဆက်သွယ်လိုက်တယ်။ထုံးစံအတိုင်း ထိုသူဆီကတုန့်ပြန်မှုရဖို့ မဖြစ်နိုင်ပေ။
အဆုံးမှာတော့ သူနဲ့ ဂျက်စီကာ ထွက်သွားကြပြီး Star D ရဲ့ အတည်ပြုရုံးခန်းမှာ စောင့်နေရုံပဲတတ်နိုင်တယ်။
သူတို့ထွက်သွားတာနဲ့ လူတစ်ယောက်က အစောင့်တစ်ယောက်နဲ့အတူထွက်လာတယ်။ထိုလူက လမ်းလျှောက်စက်ကိုဝတ်ဆင်ထားပြီး ထက်မြတ်တဲ့မျက်လုံးတစ်စုံရယ် တည်ကြည်တဲ့ရုပ်သွင်ရှိတယ်။
"မင်းသား ကျွန်တော်ကြင်ယာတော်ကိုထွက်ခွာဖို့ ပြောလိုက်ပါတယ်"
အစောင့်ကပြောလာတယ်။
ယန်ကျိ ခေါင်းငြိမ့်ကာ
"သတင်းထဲမှာ ငါအသက်ရှင်နေသေးကြောင်းကို မထုတ်ပြန်နဲ့ဦး"
ထိုကိစ္စနောက်ကွယ်ကကြိုးကိုင်သူကို သူတွေ့အောင်ရှာရမယ်။ အပြစ်မဲ့တဲ့ဆေးရုံကလူတွေရဲ့ သွေးကြွေးအတွက်ပေးဆပ်ရအောင်လုပ်မယ်။
အဲ့နေ့က ဒေါက်တာရဲ့ ကုထုံးအသစ်ကိုသူရခဲ့တယ်။ကုသခန်းက မြေအောက်အခန်းထဲမှာရှိပြီး လုံခြုံရေး တင်းကျပ်တဲ့ သုတေသနအခန်းထဲက ခွဲခန်းကုတင်ပေါ်သူလဲလျောင်းနေတုန်း ပေါက်ကွဲမှာပေါ်လာတာဖြစ်တယ်။
သူ့ရဲ့အခြေအနေကိုမပေါ်အောင် ကာကွယ်ထားမှုကြောင့် အဆုံးမှာသူဒဏ်ရာအနည်းငယ်သာရလိုက်တယ်။ဒါပေမဲ့ ထိုလူတွေက သူ့ကိုပစ်မှတ်ထားပြီးရောက်လာကြတာမှန်းသိပေမဲ့ ထိုသနားစရာပြည်သူတွေကတော့ ကြားထဲကပါသွားခဲ့ရတယ်။
ယန်ကျိ တုရှန်း ထွက်သွားရာလမ်းကြောင်းကိုကြည့်ပြီး သူ့နှလုံးသားထဲကနေ တောင်းပန်နေခဲ့တယ်။
အပေါင်ဆိုင်ရဲ့အပေါ်ထပ်အခန်းမှာ လောင်ထန်း အိပ်ရာကနေနိုးလာချိန် တုန်ဖန့်ရှောင် တစ်ယောက်ယောက်နဲ့စကားပြောနေတာကိုကြားလိုက်ရတယ်။
"သူ့ကိုကောင်းကောင်း ကာကွယ်ထားလိုက်။ ယန်ကျိ မင်းကိုကျေးဇူးဆပ်လိမ့်မယ်"
လောင်ထန်း အိပ်ယာပေါ်ကထလာပြီးမေးလိုက်တယ်။
"မင်းသားက အဆင်ပြေရဲ့လား"
တုန်ဖန့်ရှောင် တာမီနယ်ကိုချကာ လှည့်လာတယ်။ဖြစ်နိုင်တာက သူမနက်ကနိုးတည်းက ခေါင်းမဖြီးရသေးတာကြောင့်နေမယ်။ သူ့ဆံပင်ရှည်တွေက နည်းနည်းရှုပ်ပွနေတယ်။
"အင်း"
တုန်ဖန့်ရှောင်ပြန်ဖြေလာတယ်။
"ဒါဆို ဘာလို့ တုရှန်း ကိုမပြောပြတာလဲ"
တုန်ဖန့်ရှောင် သူ့မေးစေ့ကိုဆွဲကာ အေးစက်စက်နဲ့
"တစ်ခါတစ်လေကျရင် မင်းကဥာဏ်အရမ်းကောင်းပေမဲ့ အခုကျတော့ လုံးဝငတုံးလေးပါလား...ဟမ်...ငတုံးလေး"
လောင်ထန်း ထိုလူလက်ကိုပုတ်ထုတ်လိုက်တယ်။ဟုတ်တယ်။ တစ်ယောက်ယောက်က သူ့ကိုငတုံးလို့ခေါ်လာတာကို ဘယ်သူကကြိုက်မှာလဲ။ သူအဝတ်အစားတွေဝတ်လိုက်ပြီး ထွက်သွားဖို့ပြင်တယ်။ဘယ်လိုနေနေ ထိုလူနဲ့သူအတူရှိတိုင်း ကောင်းတာတခုမှမှမရှိတာ။
မမျှော်လင့်ထားဘဲ တုန်ဖန့်ရှောင် က သူ့ကိုနောက်ဖက်ကိုနေဖိကာ ခါးကိုသိုင်းဖက်လာပြီး သူ့လက်မောင်းထဲမှာဆွဲသွင်းထားတယ်။လောင်ထန်း ရပ်လိုက်ပြီး
"ငါမင်းနဲ့ ဘာသဘောတူထားတာရှိလို့လဲ။ ငါဘာမှမမှတ်မိတော့ဘူးနော်"
တုန်ဖန့်ရှောင် တစ်ခစ်ခစ်ရယ်ကာ
"အ..လိုက်တာကွာ"
လို့ပြောပြီးတာနဲ့ နောက်ဘက်နေ လောင်ထန်း ရဲ့လည်ပင်းကိုနမ်းလာတာမို့ လောင်ထန်း တုန်ယင်လာတယ်။
"ငါ့ကိုလွှတ်"
သူတကယ်ပဲစဉ်းစားမရဘူး တုန်ဖန့်ရှောင်က ဘာလို့ အိုမီဂါတစ်ယောက်ကိုမရှာဘဲ ဘီတာတစ်ယောက်ကို သိမ်းပိုက်ထားရတာလဲ။
တုန်ဖန့်ရှောင် စကားတခွန်းမှမဟပေ။သူ့လက်တွေက ဆေးတခုလိုမျိုး လောင်ထန်း ရဲ့ခန္ဓာကိုယ်ကိုထိသမျှက မီးလိုပူလောင်စေတာမို့ လောင်ထန်း ဒေါသတွေထွက်လာတယ်။
"ငါမင်းအပေါ် ဘာအကြွေးမှမတင်တော့ဘူးနော် တုန်ဖန့်ရှောင်"
လောင်ထန်း ထိုလူလက်ကိုဆွဲဖယ်ပလိုက်တယ်။
တုန်ဖန့်ရှောင် စိတ်ဝင်စားစရာပျောက်သွားတာမို့ သူ့ကိုလွှတ်ပေးလာတယ်။သူ့ရဲ့ ထိုင်ခုံပေါ်ပျင်းရိပျင်းတွဲပြန်ထိုင်ကာ ဆေးလိပ်သောက်နေတယ်။လောင်ထန်း သူ့အဝတ်တွေကို ပြန်ဖြန့်ကာ တုန်ဖန့်ရှောင် ဆေးလိပ်သောက်နေတာကိုကြည့်လိုက်ပြီးနောက်
သူတကယ်ပဲဒီအယ်လ်ဖာကိုနားမလည်နိုင်တော့ဘူး။အထူးသဖြင့် အရင်တစ်ခေါက်က ထိုလူ ဆေးလိပ်သောက်ကတည်းကပဲ။
"ဘာကြောင့် ခဗျားဒီလိုလုပ်တာလဲ"
လောင်ထန်း တုန်ဖန့်ရှောင် ရှေ့မတ်တပ်ရပ်ပြီးမေးလိုက်တယ်။
တုန်ဖန့်ရှောင် မျက်လွှာပင့်ကြည့်ကာ ပြန်ပြောတယ်။
"ကိုယ်ပင်ပန်းနေပြီ"
လောင်ထန်း သူ့ရင်ထဲကနေ နာကျင်မှုကိုခံစားလိုက်ရတယ်။လောင်ထန်း ထိုသူမေးခွန်းမေးလိုက်ပေမဲ့ သူ့ကိုယ်သူစကားပြန်ပြောနေရသလို ခံစားလိုက်ရတာမို့ ခဏလေးပြဆိုဆို ထိုခံစားချက်က တကယ်ဆိုးလွန်းတယ်။တကယ်ပဲ...သူနဲ့ တုန်ဖန့်ရှောင်တို့က အပေးအယူဆက်ဆံရေးပဲ အပေးအယူဆက်ဆံရေးလို့သာ လောင်ထန်း စိတ်ထဲတွေးလိုက်တော့တယ်။
အဲ့ဒီနောက် လောင်ထန်း ထွက်သွားတော့ တုန်ဖန့်ရှောင် မျက်လုံးတွေက တိမ်တွေလိုအုံဆိုင်းနေတယ်။သူတကယ်ပင်ပန်းနေပြီ။လောင်ထန်း ကသာ သူ့ပင်ပန်းမှုတွေထဲကနေ ဆွဲလှုပ်နိူးပေးနိုင်တယ်။ဒါကြောင့် သူ့ရဲ့အမွေဆက်ခံသူမွေးဖွားပေးမဲ့လူအဖြစ် လောင်ထန်း ကို ရွေးချယ်ခဲ့တာဖြစ်တယ်။
...........................
Translate by One_One
Paid Gp မှာ အစအဆုံးတင်လို့ပြီးပါပြီ။ အစအဆုံးဖတ်ချင်ရင် message box မှာ ဆက်သွယ်ပေးပါနော်❤️
[Zawgyi]
Chapter-29 (ယာဥ္မႉး ဂ်က္စီကာ)
တုရွန္း အာကာသယာဥ္ပ်ံရလိုက္ေပမဲ့ သူမေမာင္းတတ္ဘူး။ဒါေပမဲ့ ကံေကာင္းတာက အခုငွါးထားတဲ့ေနရာက ပုံမွန္ယာဥ္ပ်ံအငွားေတြနဲ႔မတူဘဲ အာကာသယာဥ္ပ်ံနဲ႔အတူ အယ္လ္ဖာ မိန္းကေလးတစ္ေယာက္ကို ထည့္ေပးလိုက္ထားတာေၾကာင့္ အဆင္ေျပသြားတယ္။
"ဟယ္လို ကြၽန္မက ဂ်က္စီကာ လု ပါ။ဂ်က္စီကာလို႔ပဲေခၚႏိုင္ပါတယ္။"
ထိုအယ္လ္ဖာမိန္းကေလးယာဥ္မႉးက ပင္လယ္ဓားျပဝတ္စုံ နပိုလီယြန္ ဦးထုပ္ ႐ြက္ေလွစီးဘြတ္ဖိနပ္တို႔ကိုဝတ္ဆင္ထားတယ္။သူမရဲ႕ အသားအေရက လူမ်ိဳးစပ္အသားအေရရွိၿပီး မ်က္ႏွာပုံစံက ကြဲကြဲျပားျပားမရွိေပမဲ့ မ်က္လုံးအျပာေရာင္ရွိၿပီး ေ႐ႊဝါေရာင္ဆံပင္နဲ႔ ပါးေပၚမွာအစက္အေျပာက္ေလးေတြေတာ္ေတာ္မ်ားမ်ားရွိေနတယ္။ဒါေပမဲ့ ဒီလိုပုံစံက ႐ုပ္ဆိုးေနတာမ်ိဳးမဟုတ္ဘဲ အရပ္ကလည္း တုရွန္း ထက္ရွည္တာေၾကာင့္ သူမပုံစံကတကယ့္ကို ၾကမ္းတမ္းတဲ့ယာဥ္မႉးနဲ႔တူေနတယ္။
"ကြၽန္ေတာ့္ နာမည္ တုရွန္း ပါ"
တုရွန္း သူမပုံစံနဲ႔ပတ္သက္ၿပီး သိပ္ၿပီးစိတ္ဝင္မစားတာေၾကာင့္ ယာဥ္ေပၚမွာ ဝင္ထိုင္လိုက္ၿပီးေနာက္ ထိုင္ခုံခါးပတ္ကို ျမန္ျမန္ဆန္ဆန္ပတ္လိုက္တယ္။
ဂ်က္စီကာ တစ္ေယာက္ ေဆးလိပ္ကိုပင့္မရင္း ထိန္းခ်ဳပ္ခန္းထဲကိုဝင္သြားတယ္။ထိန္းခ်ဳပ္ခန္းရဲ႕အက်ယ္က အေတာ္ေလးက်ယ္တာေၾကာင့္ တုရွန္း တစ္ေယာက္ သူမ ေသာက္ေနဆဲ ေဆးလိပ္ေငြ႕ေတြက ယာဥ္ထဲ ဝဲပ်ံေနတာကိုျမင္ေနရတယ္။
တုရွန္း သူ႔မွာ ယာဥ္ပ်ံေမာင္းႏွင္လိုင္စင္မရွိေပမဲ့ ဒီလိုအျပဳအမူမ်ိဳးက တရားမဝင္ဘူးဆိုတာေတာ့ သူသိတယ္။
"ျမန္ျမန္ေလးေမာင္းေပးပါ"
သူမက ကြၽမ္းက်င္သူဟုတ္မဟုတ္ တုရွန္း ဆန္းစစ္ဖို႔အထိစိတ္မဝင္စားအားေပ။
ဂ်က္စီကာ မီးခိုးေခါင္းတိုင္ကို ျမႇင့္လိုက္ၿပီး
"စိတ္မပူပါနဲ႔ အိုမီေပါက္ရဲ႕...ကြၽန္မအေမက အာကာသယာဥ္ပ်ံၿပိဳင္ပြဲတိုင္းရဲ႕ ႏွစ္တိုင္းခ်န္ပီယံေလ"
တုရွန္း မ်က္ေမွာင္ၾကဳပ္လိုက္တယ္။ထိုၿပိဳင္ပြဲက ဘယ္လိုပြဲမ်ိဳးလဲဆိုတာ သူေသခ်ာမသိဘူး။ဒါေပမဲ့ ဂ်က္စီကာ ထိုင္ေနရင္းနဲ႔ လီဗာကို ဖိလိုက္ခ်ိန္မွာေတာ့ သူမေျပာတဲ့ အာကာသယာဥ္ပ်ံၿပိဳင္ပြဲမ်ိဳးဆိုတာ အေပ်ာ္တမ္းၿပိဳင္ပြဲမွန္း တုရွန္း နားလည္သြားေတာ့တယ္။
ယာဥ္ပ်ံ အၾကမ္းပတမ္းေမာင္းထြက္သြားတာနဲ႔ တုရွန္း စၿပီးအန္ေတာ့တာပဲ။ ဒါေပမဲ့ ကံေကာင္းတာက သူအခုထိ ဘာမွမစားရေသးတာပဲ။ဂ်က္စီကာ က သီခ်င္းကိုက်ယ္ေလာင္စြာဆိုေနၿပီး နားေထာင္လို႔မေကာင္းေပမဲ့ သူမကေတာ့ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ဆိုေနဆဲပင္။
Star C ရဲ႕ဆြဲအားကေန ႐ုတ္ခ်ဥ္းပ်ံထြက္လာၿပီးေနာက္ ခဏအၾကာ တုရွန္း နည္းနည္း အန္ခ်င္တာကေနသက္သာလာတယ္။ဒါေပမဲ့ သူအေကာင္းျမင္တာ နည္းနည္းေစာသြားတယ္။ဂ်က္စီကာ တစ္ေယာက္ ဘယ္လမ္းေၾကာင္းကိုေ႐ြးလိုက္လဲမသိ ေနရာတိုင္းမွာ ဥကၠာခဲပ်ံေတြရွိေနတယ္။ဥကၠာခဲပ်ံေတြကိုအရွိန္နဲ႔ ေရွာင္ပ်ံထြက္ရင္း ဂ်က္စီကာ ကေတာ့ တစ္ေယာက္ေယာက္နဲ႔ စကားေတြေျပာေနတယ္။တုရွန္း ကေတာ့ ေၾကာက္လြန္းလို႔ သူ႔ႏွလုံးသားတစ္ခုလုံးျပဳတ္က်ေတာ့မတတ္ပင္။
အစက ယာဥ္ပ်ံရၿပီးေနာက္မွာေတာင္ သူ႔စိတ္ထဲ ယန္က်ိ ပဲရွိၿပီး သူ႔အယ္လ္ဖာအဆင္ေျပေနရဲ႕လားဆိုတာကိုပဲ စိုးရိမ္ေနခဲ့ေပမဲ့ အခုေတာ့ တုရွန္း Star D ကို အႏၲရာယ္ကင္းကင္းေရာက္ႏိုင္ဖို႔ပဲ စိတ္ထဲေတြးေနမိေတာ့တယ္။
"ဂ်က္ ....ဂ်က္စီကာ မင္းျဖည္းျဖည္းေမာင္းႏိုင္မလား"
တုရွန္း နဖူးကေခြၽးေတြကိုသုတ္ရင္း ေမးေတာ့ ဂ်က္စီကာ က သူမရဲ႕ နားက်ပ္ကိုခြၽတ္ကာ
"အိုမီဂါေပါက္ ငါတို႔ဒီအထိေကြ႕ပတ္ေရာက္လာၿပီးၿပီေလ အရွိန္ကိုနည္းနည္းေႏွးခ်လိုက္ရင္ ယာဥ္ထဲမွာရွိတဲ့ေအာက္ဆီဂ်င္က ငါတို႔ႏွစ္ေယာက္အတြက္ မေလာက္ဘဲျဖစ္သြားလိမ့္မယ္"
ဘာ..? တုရွန္း သူဘာေတြနဲ႔ထပ္ႀကဳံရျပန္တာလဲ။တုရွန္း စကားေျပာတာရပ္လိုက္ၿပီး ျပတင္းေပါက္အျပင္ဘက္က ျမင္ကြင္းကိုျမင္ေတာ့ အရမ္းေရွာ့ရသြားတာေၾကာင့္ တုရွန္း မ်က္စိကိုသာျပန္မွိတ္ထားလိုက္ရတယ္။
အခ်ိန္တစ္ခုစာၾကာၿပီးေနာက္ တုရွန္း လည္း ဂ်က္စီကာ ရဲ႕ ေမာင္းႏူန္းအရွိန္ေႏွးလာတာကို သတိထားမိလိုက္တယ္။သူမ်က္စိဖြင့္ၾကည့္လိုက္ေတာ့ သူတို႔ ဥကၠာခဲပ်ံအစိုင္အခဲအုံႀကီးထဲက ထြက္လာႏိုင္ၿပီဆိုတာေတြ႕လိုက္ရတယ္။
"ဘာလို႔ အရွိန္ေလ်ာ့လိုက္တာလဲ"
ဂ်က္စီကာ မ်က္နာျပင္စခရင္ကိုၾကည့္ၿပီး ေျပာလာတယ္။
"ၾကယ္စုပင္လယ္ဓားျပေတြ ရွိေနတယ္"
တုရွန္း လန္႔သြားတယ္။သူတို႔ Star D ကိုေရာက္ဖို႔နီးေနၿပီ။ အဲ့ဒီ ပင္လယ္ဓားျပေတြကလည္း ယန္က်ိ ရွိေနတဲ့ေဆး႐ုံကို အႏုၾကမ္းဝင္ဆီးတဲ့ အုပ္စုနဲ႔ တစ္ဖြဲ႕တည္းပဲလား..?
"ကြၽန္ေတာ္တို႔ဘာဆက္လုပ္ၾကမလဲ"
တုရွန္း ေမးခြန္းကိုၾကားေတာ့ ဂ်က္စီကာ ၿပဳံးကာ ေဆးလိပ္ကိုခ်လိုက္ၿပီး
"သူပဲ"
"ဟမ္"
တုရွန္း ဘာကိုဆိုလိုမွန္း နားမလည္ဘူး။အဲ့ေနာက္ ယာဥ္ပ်ံရဲ႕အရွိန္ျမႇင့္လိုက္တာကို ေတြ႕လိုက္ရတယ္။အဲ့မွာ သူတို႔ယာဥ္ထက္ႀကီးတဲ့ ၾကယ္စုပင္လယ္ဓားျပယာဥ္ပ်ံ သုံးစီးရွိေနတယ္။ဂ်က္စီကာ ဘယ္လိုမ်ိဳးလုပ္လိုက္လဲေတာ့မသိဘူး သူတို႔ယာဥ္ပ်ံကေန အေျမႇာက္ဆန္ေတြကို တစ္ဖက္က ပင္လယ္ဓားျပယာဥ္ပ်ံဆီ ပစ္လႊတ္လိုက္ခ်ိန္ တစ္ဖက္က ယာဥ္ပ်ံေတြထဲကတစ္ခု ေပါက္ကြဲသြားတယ္။
တုရွန္း ေၾကာင္အေနၿပီး ဘာဆက္ေျပာရမလဲမသိဘူးျဖစ္ေနတယ္။သူ ဂ်က္စီကာ ကိုၾကည့္ၿပီးေတြးေနမိတယ္။ဒီမိန္းကေလးက ဘယ္လိုလူမ်ိဳးလဲ ပင္လယ္ဓားျပနဲ႔ပက္ပင္းေတြ႕ေနတာေတာင္ မေျပးတဲ့အျပင္ သူတို႔ဘက္ကေတာင္ စတိုက္လိုက္ေသးတယ္။
သူမဘက္က စတိုက္ခိုက္လာတာနဲ႔ တစ္ဖက္ကပင္လယ္ဓားျပယာဥ္ပ်ံကလည္း ျပန္တိုက္ခိုက္လာတယ္။ဂ်က္စီကာ က တစ္ဖက္ကပစ္ခတ္သမွ်ကို လႊတ္ေအာင္ေရွာင္ႏိုင္တယ္။အဲ့ဒီအခ်ိန္ တစ္ဖက္က အကာအကြယ္ေတြကိုဖြင့္လိုက္တာေၾကာင့္ ဂ်က္စီကာ အခ်က္ေရနည္းနည္းပစ္လိုက္ေပမဲ့ တစ္ဖက္ယာဥ္ပ်ံကေတာ့ အထိအခိုက္နည္းနည္းသာရွိေတာ့တယ္။
"fuck!!...ေခြးသူေတာင္းစားေတြ ေသာက္ပင္လယ္ဓားျပတုေတြ"
ဂ်က္စီကာ ဆီက ေရ႐ြတ္သံကိုၾကားလိုက္ရေတာ့ တုရွန္း ေတြးမိသြားတယ္။ပင္လယ္ဓားျပတု ဟုတ္လား။ ဒါဆို ဒီလူေတြက ဘာလို႔အေယာင္ေဆာင္ထားၾကတာလဲ။
"ဂ်က္စီကာ မင္းသူတို႔ ဘယ္သူဆိုတာသိလို႔လား"
တုရွန္း ေမးလိုက္တယ္။ဂ်က္စီကာ ရဲ႕ အတိုက္အခိုက္ကြၽမ္းက်င္မႈက သူ႔ရဲ႕စိတ္ပူပန္မႈ ေတြကို ေလ်ာ့က်ေစတယ္။
ဂ်က္စီကာ မ်က္စိေစာင္းၾကည့္လာၿပီး
"ၾကည့္ရတာေတာ့ Star C ကလူေတြပဲ ပုံမွန္ရန္သူေတြနဲ႔မတူဘူး"
သူမ ေျပာလို႔ၿပီးတာနဲ႔ လွ်င္ျမန္စြာယာဥ္ပ်ံကိုပ်ံထြက္လိုက္တယ္။အႀကိမ္ေရမ်ားစြာတိုက္ၿပီးတဲ့ေနာက္မွာ ဒုတိယေျမာက္ယာဥ္ပ်ံလည္း ေပါက္ကြဲသြားၿပီး ေနာက္ဆုံးယာဥ္ပ်ံတစ္စီးကေတာ့ ထြက္ေျပးသြားတယ္။
"ကံဆိုးတာပဲ...."
ဂ်က္စီကာ ပြဲၿပီးသြားတာနဲ႔ ေနာက္ထက္ေဆးလိပ္တစ္လိပ္ကိုထက္ယူၿပီး ရႈိက္ဖြာေတာ့တယ္။
တုရွန္း အသက္ကိုရႈထုတ္ရင္း တုန္႔ဆိုင္းေနရင္းနဲ႔ပဲ
"ဂ်က္စီကာ ကြၽန္ေတာ္တစ္ခုေလာက္ေမးလို႔ရလား။ တစ္ကယ္ပဲ မင္းကဘယ္သူလဲ"
ဂ်က္စီကာ ေခါင္းကတစ္ဖက္ကိုလွည့္လာၿပီး တုရွန္း ကိုၾကည့္ကာ အားမလိုအားမရေျပာလာတယ္။
"မင္း ငါ့အဝတ္အစားကိုျမင္တာနဲ႔ ငါဘယ္သူမွန္းမေျပာႏိုင္ဘူးလား"
တုရွန္း သူမကို ေခါင္းအစေျခအဆုံးထက္ၾကည့္လိုက္ၿပီး မရဲတရဲနဲ႔ေမးလိုက္တယ္။
"ပင္လယ္ဓားျပ..?"
ဂ်က္စီကာ ၿပဳံးစိစိနဲ႔ ေခါင္းၿငိမ့္ကာ ဂုဏ္ယူစြာေျပာလာတယ္။
"မိုက္တယ္မလား ငါက ကိုယ္ေယာင္ေဖ်ာက္ပင္လယ္ဓားျပအဖြဲ႕က ပထမဆုံးအဖြဲ႕ဝင္ပဲ"
သူမစကားေတြက တုရွန္း လို သာမန္ဘဝနဲ႔သာေနလာခဲ့တဲ့ လူအတြက္ အိပ္မက္မက္ေနသလိုခံစားရေစတယ္။ေသခ်ာေပါက္ ကိုယ္ေယာင္ေဖ်ာက္ပင္လယ္ဓားျပအေၾကာင္း သူၾကားဖူးေပမဲ့ လူကိုယ္တိုင္နဲ႔ေတြ႕ခြင့္ရလိမ့္မယ္လို႔ ထင္မထားဘူး။
"အဲ့အေပါင္ဆိုင္က မင္းနယ္ေျမလား"
တုရွန္း ထက္ေမးေတာ့ ဂ်က္စီကာ ေခါင္းျပန္လွည့္လာၿပီး သူမမ်က္လုံးက နားလည္ရခက္တဲ့အၾကည့္ေတြနဲ႔ ေျပာလာတယ္။
"ၾကင္ယာေတာ္ အရမ္းသိခ်င္တိုင္းလည္း မေကာင္းဘူး။မသိႏိုင္ဘူးမဟုတ္လား..... အေရးမပါတာေတြထပ္ေျပာေနရင္ ၾကင္ယာေတာ္ရဲ႕ခင္ပြန္း ယန္က်ိ ကို ငါတို႔က...."
ဂ်က္စီကာ သူမလည္ပင္းကို ဖ်က္သလိုပုံစံလုပ္ျပလာတယ္။
တုရွန္း ခ်က္ခ်င္းပဲ လိမၼာတဲ့ကေလးတစ္ေယာက္ကို ေခါင္းၿငိမ့္ျပလိုက္ၿပီး ေနာက္ထပ္ ဘာမွထပ္မေမးရဲေတာ့တာေၾကာင့္ ဂ်က္စီကာ တစ္ေယာက္မေက်မနပ္ျဖစ္သြားတယ္။ အခု သူမမွာ ဂုဏ္ယူရတဲ့အႏိုင္ပြဲေတြအေၾကာင္းေျပာဖို႔ အမ်ားႀကီးက်န္ေသးတာကိုး....
ေနာက္ထပ္ ခရီးစဥ္ေတာက္ေလွ်ာက္မွာေတာ့ ဂ်က္စီကာ က သူတို႔ပင္လယ္ဓားျပအဖြဲ႕က အာကာသအဖြဲ႕ထဲမွာ အားအႀကီးဆုံးျဖစ္ေၾကာင္း၊ အခုေရာက္ေနတဲ့ဧရိယာကလည္း သူတို႔နယ္ေျမျဖစ္ေၾကာင္း၊ ဘယ္သူပဲျဖစ္ျဖစ္ သူတို႔ကိုေႏွာက္ယွက္ရင္သတ္ပစ္ေၾကာင္း၊သူတို႔ရဲ႕ေအာင္ပြဲေတြအေၾကာင္း စသျဖင့္ ေျပာျပလာေတာ့တယ္။
"ဒါဆို မင္းကဘာလို႔ အေပါင္ဆိုင္ဖြင့္ခ်င္ရတာလဲ"
တုရွန္း တကယ္သိခ်င္ေနမိတယ္။ သမာသမတ္က်က်ေျပာရရင္ ပင္လယ္ဓားျပဆိုတာ အာကာသယာဥ္ေတြဆီက လုယက္ၿပီးရွင္သန္ၾကတာမလား။
ေရပက္မဝင္ေအာင္ေျပာေနတဲ့ ဂ်က္စီကာ က ခဏေတာ့ရပ္သြားတယ္။အဲ့ေနာက္ သက္ျပင္းခ်ကာ
"ကိုယ္ေယာင္ပဲေဖ်ာက္ေနရတာ ဘယ္ေလာက္အထီးက်န္လိုက္သလဲ။ ၿပိဳင္ဘက္ဆိုလို႔လည္း မရွိဘူးေလ။ငါတို႔က အဲ့လိုဆိုလည္းအဆင္ေျပေပမဲ့ ပင္လယ္ဓားျပကလည္း အစားစားဖို႔လိုတယ္မလား"
ဒါဘယ္လိုစကားႀကီးလဲ...အဲ့လိုနဲ႔ ဂ်က္စီကာ အာကသယာဥ္ပ်ံကိုရပ္လိုက္ၿပီး လမ္းေလွ်ာက္ကာ တုရွန္း ေရွ႕မွာလက္ကိုျဖန္႔ျပလာတယ္။
"ေဘာက္စူး.."
တုရွန္း ခဏေတာ့ေၾကာင္အေနၿပီး တာမီနယ္ကိုထုတ္ကာ ဂ်က္စီကာဆီ ပမာဏတခုအထိေငြကိုလႊဲေပးလိုက္တယ္။
"ကြၽန္ေတာ္ တစ္ေယာက္ေယာက္ကိုရွာမေတြ႕ခင္အထိ ကြၽန္ေတာ့္ကိုကာကြယ္ေပးဖို႔ မင္းကိုငွားလို႔ရမလား"
ဂ်က္စီကာ တုန္႔ဆိုင္းသြားတယ္။ေဘာ့စ္က သူတို႔ကို ဓားျပလုပ္ရပ္ေတြလုပ္ဖို႔ခြင့္မျပဳထားဘူး။ဒါေပမဲ့ အခုခ်ိန္က သူမက တုရွန္း ကိုလိုက္ပို႔ၿပီးရင္ ျပန္ဖို႔ပဲက်န္တာမလား။ ဘာပဲျဖစ္ျဖစ္ အရႈံးမရွိတာေၾကာင့္ သူမသေဘာတူလိုက္တယ္။
နာရီအေတာ္ၾကာၿပီးေနာက္ဆုံးမွာေတာ့ သူတို႔ Star D ကိုေရာက္ခဲ့ၿပီျဖစ္တယ္။ယာဥ္ပ်ံက ေနရာအေတာ္ယူတာေၾကာင့္ ဂ်က္စီကာ တစ္ေယာက္ ယာဥ္ပ်ံကို ေျမေအာက္မွာရပ္ထားလိုက္တာကို တုရွန္း ေတြ႕လိုက္ရတယ္။
Star D က ျပည္သူေတြက အလင္းေရာင္ကိုမႀကိဳက္ၾကဘူး။ ၿဂိဳလ္တစ္ခုလုံးက ေန႔မရွိဘဲ ညဘက္သာရွိတာေၾကာင့္ ေျမေအာက္ခန္းရဲ႕အျပင္ဘက္က ပိုပိုမဲေမွာင္ေနတယ္။ဂ်က္စီကာ လူတစ္ေယာက္ဆီ စာပို႔ၿပီးတဲ့ေနာက္ တုရွန္း ရွိရာကိုေလွ်ာက္လာတယ္။
"ဒီေဆး႐ုံက န်ဴထ႐ြန္ဗုံး အေျမႇာက္ဆန္ တို႔နဲ႔ ႏွစ္ခါေတာင္အပစ္ခံထားရတယ္။ေျမေအာက္ခန္းက လူေတြအကုန္ အသက္မရွိေတာ့ဘူး"
တာမီနယ္က ျမင္ကြင္းေတြကို ျပန္ညႇိ႔ရင္း ဂ်က္ဆီကာ ေျပာလာတယ္။
တုရွန္း တစ္ေယာက္ အပ်က္အဆီး အက်ိဳးအပဲ့ေတြကိုၾကည့္ေနမိတယ္။သူ႔ပါးစပ္ကိုလႈပ္ရွားမိရင္း သူ႔မ်က္လုံးေတြက ထိတ္လန္႔မႈေၾကာင့္ မ်က္ရည္ေတြစီးက်လာတယ္။ဒီလိုအေျခအေနမ်ိဳးမွာ ယန္က်ိ အသက္ရွိပါေတာ့မလားဆိုတာ သူေတြးေတာင္မေတြးရဲေတာ့ဘူး။
"ဒါေပမဲ့ သတင္းေကာင္းတခုရွိတယ္။ မ်ိဳးစပ္ရွာေဖြတဲ့ကိရိယာကေန အေလာင္းေတြကိုစစ္ၾကည့္ေတာ့ ယန္က်ိ ခႏၶာကိုယ္နဲ႔တူတာမေတြ႕ဘူး"
တုရွန္း ေခါင္းငုတ္ကာ မ်က္ရည္ေတြကိုသုတ္ၿပီး
"ကြၽန္ေတာ္ ေဆး႐ုံထဲသြားၾကည့္ခ်င္တယ္"
ဂ်က္စီကာ ေခါင္းၿငိမ့္လိုက္တယ္။ႏွစ္ေယာက္သားေရာက္လာေတာ့ ေဆး႐ုံတစ္ခုလုံးကို ခ်ိတ္ပိတ္ထားၾကတယ္။ ဘယ္သူ႔ကိုမွ အျပင္ဘက္ကေန ဝင္ခြင့္မေပးထားဘူးျဖစ္တယ္။တုရွန္း တစ္ဖက္လူကိုေငြေပးၿပီးဝင္ခ်င္ေပမဲ့ တစ္ဖက္လူက ေငြကိုလည္းလက္မခံေပ။
ယမ္းေငြ႕ေတြကေနက်န္ခဲ့တဲ့ အေငြ႕ေတြကေန တိုက္ခိုက္မႈက ဘယ္ေလာက္ထိျပင္းထန္လဲဆိုတာ သိႏိုင္တယ္။ထိုေၾကာင့္စုံစမ္းစစ္ေဆးဖို႔ကိုေတာင္ စက္႐ုပ္ေတြကိုသာလႊတ္ထားတာျဖစ္တယ္။
"မင္းဘာဆက္လုပ္ခ်င္လဲ"
ဂ်က္စီကာ ေမးလိုက္တယ္။
တုရွန္း ေခါင္းတစ္ခုလုံးမူးေနာက္ေနၿပီး သူဒီမွာရွိေနႏိုင္ဖို႔ သူဘာမွမလုပ္ႏိုင္ဘူး။ဒါေပမဲ့လည္း ထြက္လည္းမသြားခ်င္ျပန္ဘူး။ ဒါေၾကာင့္ သူ ယန္က်ိ တာမီနယ္ကို ထက္ဆက္သြယ္လိုက္တယ္။ထုံးစံအတိုင္း ထိုသူဆီကတုန္႔ျပန္မႈရဖို႔ မျဖစ္ႏိုင္ေပ။
အဆုံးမွာေတာ့ သူနဲ႔ ဂ်က္စီကာ ထြက္သြားၾကၿပီး Star D ရဲ႕ အတည္ျပဳ႐ုံးခန္းမွာ ေစာင့္ေန႐ုံပဲတတ္ႏိုင္တယ္။
သူတို႔ထြက္သြားတာနဲ႔ လူတစ္ေယာက္က အေစာင့္တစ္ေယာက္နဲ႔အတူထြက္လာတယ္။ထိုလူက လမ္းေလွ်ာက္စက္ကိုဝတ္ဆင္ထားၿပီး ထက္ျမတ္တဲ့မ်က္လုံးတစ္စုံရယ္ တည္ၾကည္တဲ့႐ုပ္သြင္ရွိတယ္။
"မင္းသား ကြၽန္ေတာ္ၾကင္ယာေတာ္ကိုထြက္ခြာဖို႔ ေျပာလိုက္ပါတယ္"
အေစာင့္ကေျပာလာတယ္။
ယန္က်ိ ေခါင္းၿငိမ့္ကာ
"သတင္းထဲမွာ ငါအသက္ရွင္ေနေသးေၾကာင္းကို မထုတ္ျပန္နဲ႔ဦး"
ထိုကိစၥေနာက္ကြယ္ကႀကိဳးကိုင္သူကို သူေတြ႕ေအာင္ရွာရမယ္။ အျပစ္မဲ့တဲ့ေဆး႐ုံကလူေတြရဲ႕ ေသြးေႂကြးအတြက္ေပးဆပ္ရေအာင္လုပ္မယ္။
အဲ့ေန႔က ေဒါက္တာရဲ႕ ကုထုံးအသစ္ကိုသူရခဲ့တယ္။ကုသခန္းက ေျမေအာက္အခန္းထဲမွာရွိၿပီး လုံၿခဳံေရး တင္းက်ပ္တဲ့ သုေတသနအခန္းထဲက ခြဲခန္းကုတင္ေပၚသူလဲေလ်ာင္းေနတုန္း ေပါက္ကြဲမွာေပၚလာတာျဖစ္တယ္။
သူ႔ရဲ႕အေျခအေနကိုမေပၚေအာင္ ကာကြယ္ထားမႈေၾကာင့္ အဆုံးမွာသူဒဏ္ရာအနည္းငယ္သာရလိုက္တယ္။ဒါေပမဲ့ ထိုလူေတြက သူ႔ကိုပစ္မွတ္ထားၿပီးေရာက္လာၾကတာမွန္းသိေပမဲ့ ထိုသနားစရာျပည္သူေတြကေတာ့ ၾကားထဲကပါသြားခဲ့ရတယ္။
ယန္က်ိ တုရွန္း ထြက္သြားရာလမ္းေၾကာင္းကိုၾကည့္ၿပီး သူ႔ႏွလုံးသားထဲကေန ေတာင္းပန္ေနခဲ့တယ္။
အေပါင္ဆိုင္ရဲ႕အေပၚထပ္အခန္းမွာ ေလာင္ထန္း အိပ္ရာကေနႏိုးလာခ်ိန္ တုန္ဖန္႔ေရွာင္ တစ္ေယာက္ေယာက္နဲ႔စကားေျပာေနတာကိုၾကားလိုက္ရတယ္။
"သူ႔ကိုေကာင္းေကာင္း ကာကြယ္ထားလိုက္။ ယန္က်ိ မင္းကိုေက်းဇူးဆပ္လိမ့္မယ္"
ေလာင္ထန္း အိပ္ယာေပၚကထလာၿပီးေမးလိုက္တယ္။
"မင္းသားက အဆင္ေျပရဲ႕လား"
တုန္ဖန္႔ေရွာင္ တာမီနယ္ကိုခ်ကာ လွည့္လာတယ္။ျဖစ္ႏိုင္တာက သူမနက္ကႏိုးတည္းက ေခါင္းမၿဖီးရေသးတာေၾကာင့္ေနမယ္။ သူ႔ဆံပင္ရွည္ေတြက နည္းနည္းရႈပ္ပြေနတယ္။
"အင္း"
တုန္ဖန္႔ေရွာင္ျပန္ေျဖလာတယ္။
"ဒါဆို ဘာလို႔ တုရွန္း ကိုမေျပာျပတာလဲ"
တုန္ဖန္႔ေရွာင္ သူ႔ေမးေစ့ကိုဆြဲကာ ေအးစက္စက္နဲ႔
"တစ္ခါတစ္ေလက်ရင္ မင္းကဥာဏ္အရမ္းေကာင္းေပမဲ့ အခုက်ေတာ့ လုံးဝငတုံးေလးပါလား...ဟမ္...ငတုံးေလး"
ေလာင္ထန္း ထိုလူလက္ကိုပုတ္ထုတ္လိုက္တယ္။ဟုတ္တယ္။ တစ္ေယာက္ေယာက္က သူ႔ကိုငတုံးလို႔ေခၚလာတာကို ဘယ္သူကႀကိဳက္မွာလဲ။ သူအဝတ္အစားေတြဝတ္လိုက္ၿပီး ထြက္သြားဖို႔ျပင္တယ္။ဘယ္လိုေနေန ထိုလူနဲ႔သူအတူရွိတိုင္း ေကာင္းတာတခုမွမွမရွိတာ။
မေမွ်ာ္လင့္ထားဘဲ တုန္ဖန္႔ေရွာင္ က သူ႔ကိုေနာက္ဖက္ကိုေနဖိကာ ခါးကိုသိုင္းဖက္လာၿပီး သူ႔လက္ေမာင္းထဲမွာဆြဲသြင္းထားတယ္။ေလာင္ထန္း ရပ္လိုက္ၿပီး
"ငါမင္းနဲ႔ ဘာသေဘာတူထားတာရွိလို႔လဲ။ ငါဘာမွမမွတ္မိေတာ့ဘူးေနာ္"
တုန္ဖန္႔ေရွာင္ တစ္ခစ္ခစ္ရယ္ကာ
"အ..လိုက္တာကြာ"
လို႔ေျပာၿပီးတာနဲ႔ ေနာက္ဘက္ေန ေလာင္ထန္း ရဲ႕လည္ပင္းကိုနမ္းလာတာမို႔ ေလာင္ထန္း တုန္ယင္လာတယ္။
"ငါ့ကိုလႊတ္"
သူတကယ္ပဲစဥ္းစားမရဘူး တုန္ဖန္႔ေရွာင္က ဘာလို႔ အိုမီဂါတစ္ေယာက္ကိုမရွာဘဲ ဘီတာတစ္ေယာက္ကို သိမ္းပိုက္ထားရတာလဲ။
တုန္ဖန္႔ေရွာင္ စကားတခြန္းမွမဟေပ။သူ႔လက္ေတြက ေဆးတခုလိုမ်ိဳး ေလာင္ထန္း ရဲ႕ခႏၶာကိုယ္ကိုထိသမွ်က မီးလိုပူေလာင္ေစတာမို႔ ေလာင္ထန္း ေဒါသေတြထြက္လာတယ္။
"ငါမင္းအေပၚ ဘာအေႂကြးမွမတင္ေတာ့ဘူးေနာ္ တုန္ဖန္႔ေရွာင္"
ေလာင္ထန္း ထိုလူလက္ကိုဆြဲဖယ္ပလိုက္တယ္။
တုန္ဖန္႔ေရွာင္ စိတ္ဝင္စားစရာေပ်ာက္သြားတာမို႔ သူ႔ကိုလႊတ္ေပးလာတယ္။သူ႔ရဲ႕ ထိုင္ခုံေပၚပ်င္းရိပ်င္းတြဲျပန္ထိုင္ကာ ေဆးလိပ္ေသာက္ေနတယ္။ေလာင္ထန္း သူ႔အဝတ္ေတြကို ျပန္ျဖန္႔ကာ တုန္ဖန္႔ေရွာင္ ေဆးလိပ္ေသာက္ေနတာကိုၾကည့္လိုက္ၿပီးေနာက္
သူတကယ္ပဲဒီအယ္လ္ဖာကိုနားမလည္ႏိုင္ေတာ့ဘူး။အထူးသျဖင့္ အရင္တစ္ေခါက္က ထိုလူ ေဆးလိပ္ေသာက္ကတည္းကပဲ။
"ဘာေၾကာင့္ ခဗ်ားဒီလိုလုပ္တာလဲ"
ေလာင္ထန္း တုန္ဖန္႔ေရွာင္ ေရွ႕မတ္တပ္ရပ္ၿပီးေမးလိုက္တယ္။
တုန္ဖန္႔ေရွာင္ မ်က္လႊာပင့္ၾကည့္ကာ ျပန္ေျပာတယ္။
"ကိုယ္ပင္ပန္းေနၿပီ"
ေလာင္ထန္း သူ႔ရင္ထဲကေန နာက်င္မႈကိုခံစားလိုက္ရတယ္။ေလာင္ထန္း ထိုသူေမးခြန္းေမးလိုက္ေပမဲ့ သူ႔ကိုယ္သူစကားျပန္ေျပာေနရသလို ခံစားလိုက္ရတာမို႔ ခဏေလးျပဆိုဆို ထိုခံစားခ်က္က တကယ္ဆိုးလြန္းတယ္။တကယ္ပဲ...သူနဲ႔ တုန္ဖန႔္ေရွာင္တို႔က အေပးအယူဆက္ဆံေရးပဲ အေပးအယူဆက္ဆံေရးလို႔သာ ေလာင္ထန္း စိတ္ထဲေတြးလိုက္ေတာ့တယ္။
အဲ့ဒီေနာက္ ေလာင္ထန္း ထြက္သြားေတာ့ တုန္ဖန္႔ေရွာင္ မ်က္လုံးေတြက တိမ္ေတြလိုအုံဆိုင္းေနတယ္။သူတကယ္ပင္ပန္းေနၿပီ။ေလာင္ထန္း ကသာ သူ႔ပင္ပန္းမႈေတြထဲကေန ဆြဲလႈပ္ႏိူးေပးႏိုင္တယ္။ဒါေၾကာင့္ သူ႔ရဲ႕အေမြဆက္ခံသူေမြးဖြားေပးမဲ့လူအျဖစ္ ေလာင္ထန္း ကို ေ႐ြးခ်ယ္ခဲ့တာျဖစ္တယ္။
...........................
Translate by One_One
Paid Gp မွာ အစအဆုံးတင္လို႔ၿပီးပါၿပီ။ အစအဆုံးဖတ္ခ်င္ရင္ message box မွာ ဆက္သြယ္ေပးပါေနာ္❤️