နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

Por Lazy_Little_Meow

156K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... Más

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [83]

900 118 5
Por Lazy_Little_Meow

[Unicode]

အခန်း(၈၃)

“ဘော့စ်” ရွှီကျူးက ရုံးခန်းထဲသို့ ခေါင်းပြူကြည့်လိုက်သည်။ ချန်းရှီကွေ့က အပေါ်အင်္ကျီဝတ်ပြီး ထွက်သွားဖို့ ပြင်နေတာကို မြင်တော့ ရွှီကျူးက သူ့ကို ခေါ်လိုက်သည်။ “ခုနက ချွီလုပ်ငန်းစုဥက္ကဌရဲ့အတွင်းရေးမှူးက ဘော့စ်အတွက် မနက်ဖြန်ကော့တေးပါတီပွဲရဲ့ဖိတ်စာကို ‌ကိုယ်တိုင်လာပေးသွားတယ်..”

ချွီနှင့်ကျင်းမိသားစုက အမြဲတမ်း အဆင်မပြေခဲ့တာဖြစ်သည်။ ယခု ထောင်မင်ယနှင့်ကျင်းယွမ်ဖုန်း ကွာရှင်းလိုက်သည့်သတင်းပျံ့သွားခဲ့သဖြင့် ချွီမိသားစုက သူတို့သူဌေးဘက်လှည့်ပြီး ရင်းနှီးမှုယူရန် အစပျိုးလာ၏။ တခြားနည်းလမ်းဖြင့်ပြောရမည်ဆိုလျှင် ချွီမိသားစုက ကျင်းမိသားစုကို ရိုက်ချရန် အမြဲတမ်း နည်းမျိုးစုံသုံးကြိုးစားနေခဲ့တာဖြစ်သည်။

ချန်းရှီကွေ့က ဖိတ်ကြားလွှာကို တစ်ချက်ကြည့်လိုက်သည်။ အထဲမှာ ရေးထားသည့် အကြောင်းအရာအများစုကို လက်ရေးဖြင့်ရေးသားထားပြီး သခင်ကြီးချွီက လက်မှတ်ထိုးထားသည်။ အကယ်၍ ဖိတ်စာပို့လာသူက ချွီမိသားစုမှအငယ်တစ်ယောက်ဖြစ်ပါက ချန်းရှီကွေ့က အနှီဖိတ်ကြားလွှာအား အာရုံထဲထည့်ထားမှာမဟုတ်။ သို့သော် ဖိတ်ကြားလွှာကို သခင်ကြီးချွီက လက်မှတ်ထိုးထားသည့်အတွက် ဘာပဲဖြစ်နေပါစေ သူ့အနေနှင့် ယင်းဖိတ်ကြားလွှာကို လက်ခံရတော့မည်ပင်။

“သိပြီ” ချန်းရှီကွေ့ ခေါင်းညိတ်လိုက်ပြီး ဖိတ်ကြားလွှာကိုင်သွားရင်း ‌ဓာတ်လှေကားဆီလျှောက်သွားလိုက်သည်။

“အဖေ၊ ဒီတစ်ခေါက် ချန်းရှီကွေ့ တကယ် ပွဲတက်လာပါ့မလား?” ချွီယွမ်ပေါ်က သခင်ကြီးချွီ၏ ချန်းရှီကွေ့အား ကိုယ်တိုင်ကိုယ်ကျ ဖိတ်စာတစ်စောင်ရေးပို့သည့် လုပ်ရပ်ကို သိပ်ပြီးသဘောမတူချင်ပေ။ ချန်းရှီကွေ့က မည်မျှပင် အင်အားကြီးနေပါစေ၊ သူ့အဖေက စီနီယာဖြစ်၏။ ဘယ်လိုလုပ်ပြီး စီနီယာတစ်‌ယောက်က ဂျူနီယာကို ကိုယ်တိုင်ဖိတ်စာရေးပို့ရမှာလဲ? ချွီမိသားစုက ဩဇာတိက္ကမကြီး‌တဲ့ မိသားစုတစ်ခုလေ။ တကယ်လို့ လူတွေ ဒီအကြောင်းကြားသွားကြမယ်ဆိုရင် သူတို့ဂုဏ်သိက္ခာကို ဘယ်နားသွားထားရမှာလဲ?

“ယွမ်ပေါ်...သားက မာနကြီးတဲ့လူတစ်ယောက်ဆိုတာ အဖေသိတယ်၊ ပြီးတော့ အဲ့ဒီအချိန်ဖြုန်းနေတတ်တဲ့ ဒုတိယမျိုးဆက်သခင်လေးတွေထက် ပိုပြီးထူးချွန်တာကိုလည်း အဖေသိပါတယ်ကွာ။ ဒါပေမဲ့ သားက စိတ်ကြီးဝင်လွန်းတယ်..” အဖေချွီက ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။ “အဖေတို့က စီးပွားရေးသမားတွေ။ စီးပွားရေးသမားရယ်လို့ ဖြစ်လာပြီဆိုရင် သားအနေနဲ့ ဘယ်အချိန်မှာအမောက်ထောင်ရမယ်၊ ဘယ်အချိန်မှာ နှိမ့်နှိမ့်ချချနဲ့ ယဉ်ယဉ်ကျေးကျေးရှိရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိထားရမယ်။ ချန်းရှီကွေ့လို ယောက်ျားမျိုးက ချန်းမိသားစုမျိုးဆက်များစွာထဲမှာမှ အထူးချွန်ဆုံးလို့ ယူဆလို့ရတယ်။ သူ့မှာရှိတဲ့ တစ်ခုတည်းသော ပြစ်ချက်ဆိုလို့ အရေးမပါတဲ့သရုပ်ဆောင်တစ်ယောက်ကို စိတ်ဝင်စားမိတာလေးပဲ။ ချွီနဲ့ချန်းမိသားစုက သိပ်ပြီးအဆင်ပြေကြတာမဟုတ်တာကို သားက သူ့ကိုဖိတ်လိုက်မယ်ဆိုရင် သူလာမယ်လို့ ထင်သလား?”

ချွီယွမ်ပေါ်က ပြန်မဖြေဘဲ ခေါင်းငုံ့သွားသည်။

သူ့သားက သူ့စကားကိုခေါင်းထဲသွင်းလိုက်တာ မြင်တော့ အဖေချွီက ပြုံးပြီး စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ “လူဆိုတာ သူတို့ကျရှုံးတဲ့အချိန်မှ  သိက္ခာကျကြတာ။ တကယ်လို့ သူတို့အောင်မြင်သွားပြီဆိုရင် သူတို့က မီးစင်ကြည့်ကတတ်တယ်လို့ ပြောရမှာပဲ။ အခု ချန်းရှီကွေ့ရဲ့အဒေါ်နဲ့ ကျင်းယွမ်ဖုန်းတို့ ကွာရှင်းကြတော့မှာ...ပြီးတော့ ချန်းရှီကွေ့ကလည်း ဒီတလော ကျင်းမိသားစုရဲ့လုပ်ရပ်တွေကို ကျေနပ်နေတာမဟုတ်ဘူး။ ချန်းမိသားစုအကြိုက်တွေ့မယ့် ဒီအခွင့်အရေးကို အဖေတို့အသုံးမချလိုက်ဘူးဆိုရင် ပိန်းရာကျမှာပေါ့...”

ချွီယွမ်ပေါ်၏အဖေထံမှ စကားများက သူ့အား ကျင်းမိသားစုဒုတိယသား၏သမီးက ဖြစ်စေခဲ့သည့် အဖြစ်အပျက်ကို သတိရစေလိုက်သည်။ ချန်းရှီကွေ့၏ချစ်သူကောင်မလေးကလည်း ထိုကိစ္စတွင် ပါဝင်ပတ်သက်ခဲ့ပြီး အဆုံးမှာ ချန်းရှီကွေ့က ဖြေရှင်းဖို့ရန် ကိုယ်တိုင်ဝင်ပါခဲ့ရတာကို သူသတိရသွားသည်။ နောက်ပိုင်းတွင် ကျင်းမိသားစုက သူ့ကိုအကူအညီတောင်းခဲ့သော်ငြား သူကလိုက်လျောခြင်းမရှိခဲ့ပေ။ ထို့နောက် ရက်အနည်းငယ်အကြာ ထောင်မင်ယက ကွာရှင်းချင်လာ၏။ ချွီယွမ်ပေါ်က ကျင်းမိသားစု၏ ဇာတ်ထုပ်ကြီး ပြေကျလာတာကို မြင်တိုင်း သူတို့ထက် ပိုသာသလို ခံစားရလေ၏။

ကျင်းမိသားစု၏လုပ်ရပ်များက သူတို့၏ကျဆုံးခြင်းသို့သာ ဦးတည်သွားလိမ့်မည်။

အဖေချွီမှန်းတာ မှန်သွားခဲ့ပေသည်။ ခဏအကြာ ချန်းရှီကွေ့က သု့ကိုဖုန်းဆက်လာပြီး ပါတနာတစ်ယောက်နှင့်အတူ ပါတီပွဲတွင်ရှိနေမည်ဟု ဆိုလာ၏။

ဖုန်းပြောပြီးသွားတော့ အဖေချွီက ချွီယွမ်ပေါ်ကို ဝမ်းသာအားရကြည့်ပြီး ပြောလိုက်သည်။ “ယွမ်ပေါ်၊ ကြည့်ရတာ ကျင်းမိသားစုက ချန်းနဲ့ထောင်မိသားစုကို ရန်စလိုက်မိပြီထင်ပါရဲ့...” သူ့ညီမလေးနှင့် ငပျင်းကောင်ကျင်းဟုန်ခိုင်၏ လက်ထပ်ပွဲနှင့် နောက်ပိုင်းသူမဆီ ဖြစ်ပျက်ခဲ့သည့် ကိစ္စတွေကို ပြန်တွေးကြည့်တော့ အဖေချွီက စိတ်ပျက်မှုကိုသာ ခံစားလိုက်ရသည်။

ယခင်က ကျင်းဟုန်ခိုင်လုပ်ခဲ့သည့်ကိစ္စများက ချွီမိသားစုကို သိသိသာသာ လေးစားသမှုမရှိခြင်းပင်။ ဘယ်လိုလုပ်ပြီး သူတို့က ငြိမ်ခံနေရမှာလဲ?

ထိုညတွင် ချန်းရှီကွေ့နှင့်နဉ်ရှီတို့ ညစာစားဖို့အတူထိုင်နေရင်း ကော့တေးပါတီအကြောင်း စကားစပ်မိကြသည်။

နဉ်ရှီက ထိုအကြောင်းကြောင့် အခက်တွေ့သွားသည့်အလား နှုတ်ခမ်းဆူလိုက်၏။ “ဒါဆို မနက်ဖြန် ရှင် ကျွန်မနဲ့အတူ shopping ထွက်ပေးရမယ်..” ယောက်ျားတစ်ယောက်၏ မိန်းမတစ်ယောက်အပေါ် စိတ်ရှည်သည်းခံမှုက သူမနှင့်အတူဈေးဝယ်ထွက်ပေးချိန်နှင့် သူမမိတ်ကပ်ပြင်ပြီးဖို့ သူစောင့်ပေးရသည့်အချိန်များ၌ ထင်ဟပ်နေသော သူ၏သဘောထားမှ မြင်နိုင်ပေသည်။

“ဟုတ်ပြီလေ” ချန်းရှီကွေ့ ရုတ်တရက်ဆိုသလို နားလည်သွားသည်။ နဉ်ရှီ၏အလုပ်အကိုင်ကြောင့် နှစ်ယောက်အတူဈေးဝယ်ထွက်ရန် တစ်ခါမှ အခွင့်အရေးမရခဲ့ပေ။ ဤအကြောင်းတွေးမိတော့ နောက်နေ့ကို သူစောင့်မျှော်နေမိတော့သည်။

Shopping ထွက်ခြင်းက စုံတွဲတွေအတွက် ဆက်ဆံရေးတိုးတက်လာစေနိုင်သည့် နည်းလမ်းတစ်ခုဖြစ်သည်။ နဉ်ရှီက အိမ်မှမထွက်မီ နူးညံ့သည့်ပုံပေါက်စေမည့် make-up lookလေး ပြင်လိုက်ပြီး သူမ၏စကတ်အရောင်နှင့်လိုက်သည့် နက်ကတိုင်တစ်ခုအား ချန်းရှီကွေ့အတွက် သီးသန့်ရွေးပေးထားလိုက်သေးသည်။

“ဒီတစ်ခုဆိုရင်ရော?” နဉ်ရှီက လက်ဝတ်ရတနာစင်ထဲမှ လက်ကောက်တစ်ခုကိုရွေးထုတ်လိုက်ပေမယ့် သူမလက်ကောက်ဝတ်ပေါ်မှ ငွေလက်ကောက်ကိုတော့ ဘယ်တော့မှ မဖယ်ပေ။

ချန်းရှီကွေ့က သူမကို သေချာအကဲခတ်ပြီး ခေါင်းညိတ်လိုက်လေသည်။ သူတို့အချစ်ရေးကိုထုတ်ပြပြီးကတည်းက ချန်းရှီကွေ့ဟာ နဉ်ရှီကို အမြဲတမ်း လက်ဆောင်ပေါင်းစုံပေးလေ့ရှိသည်။ နဉ်ရှီကလည်း သူ့အတွက် ဝတ်စုံတွေ၊ အင်္ကျီလက်ကြယ်သီးများနှင့် နာရီများဝယ်ပေးရတာကို သဘောကျသူဖြစ်သည်။ ရွှီကျူးနှင့် ကျန်းချင်းယွင်နှစ်ယောက်လုံးကတော့ သူတို့ရိုသမျှ ထိုင်ကြည့်နေရသူ‌လေးတွေပင်။

ချန်းရှီကွေ့က ဒီလက်ကောက်ကို နဉ်ရှီအတွက် ပြီးခဲ့သည့်လက ဝယ်ပေးခဲ့တာဖြစ်သည်။ ၎င်းချိန်းကြိုးကပါးလျနေပေမယ့် နဉ်ရှီ၏လက်ကောက်ဝတ်ပေါ်တွင် အလွန်တရာကြည့်ကောင်းလေ၏။ သူခေါင်းငုံ့ပြီး နဉ်ရှီလက်ပေါ်က ချိန်းကြိုးကို ကူဖြေပေးလိုက်သည်။ သူ့လှုပ်ရှားမှုက အနည်းငယ်တော့ မသေမသပ်ဖြစ်နေပေသည်။ ကြီးကျယ်မြင့်မြတ်လှသော မစ္စတာချန်းက နဉ်ရှီကို လည်ဆွဲတွေ၊လက်ကောက်တွေ ကူဖြုတ်ပေးတိုင်း အခက်ခဲဆုံးအရာကိုလုပ်နေရသကဲ့သို့ အမြဲလိုလို ကိုးယိုးကားယားနိုင်သူကြီး ဖြစ်သွားတတ်လေသည်။

ချန်းလုပ်ငန်းစုက ဖက်ရှင်၊ ကျောက်မျက်ရတနာ၊ လျှပ်စစ်ပစ္စည်းများ၊ ဆေးဝါးဖြန့်ချိရေး၊ ဟိုတယ်နှင့် အိမ်‌ခြံမြေလုပ်ငန်းအပါအဝင် လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်လေ၏။ ချန်းရှီကွေ့ ကုမ္ပဏီကိုလွှဲယူပြီးနောက်တွင် သူတို့က မီဒီယာ၊ ဖျော်ဖြေရေးတို့နှင့် ဆက်စပ်သော လုပ်ငန်းများတွင်ပါ ရင်းနှီးမြှုပ်နှံလာခဲ့ကြသည်။ သူတို့၏စီးပွား‌ရေးလုပ်ငန်းများက မည်သည့်နေရာမဆိုရှိ‌‌နေပြီး လူတိုင်းက သူတို့ကို မနာလိုအားကျနေရ၏။

အချစ်ဝတ္ထုထဲမှာဆိုလျှင် ထိုသို့သောနောက်ခံနှင့်ယောက်ျားမျိုးက ကျိန်းသေပေါက် ခပ်မိုက်မိုက်အမျိုးသားဇာတ်လိုက်ဖြစ်ပြီး အမျိုးသမီးဇာတ်လိုက်နှင့် ဇာတ်ပို့များက သူ့အပေါ် မေတ္တာသက်ဝင်သွားကြမည်မှာ ဧကန်မုချပင်။ သို့ပေသိ အနှီခပ်မိုက်မိုက်ဇာတ်လိုက်ကြီးက ယခုချိန်တွင် အိတ်အမြောက်အမြားကို သယ်နေရသည့် အလုပ်သမားကြီး ဖြစ်လို့နေသည်။

“နာခံခြင်းတရားသုံးပါးနှင့်သူတော်ကောင်းတရားလေးပါး”၏ ယောက်ျားလေးဗားရှင်းတွင် ယောက်ျားတစ်‌ယောက်က မိန်းမတစ်ယောက်ကို အိတ်ကူသယ်ပေးရတာက မရှိမဖြစ်အရည်အချင်းတစ်ခုပင်။ ဤသည်မှာ သူ၏အဆင့်အတန်းနှင့်မသက်ဆိုင်ပေ မဟုတ်ရင်‌လည်း ကောင်လေးတစ်ယောက်က သူ့ကောင်မလေးကို မျက်နှာချိုသွေးတာ ဟုတ်သည်ဖြစ်‌စေ မဟုတ်သည်ဖြစ်စေ၊ ချန်းရှီကွေ့ အိတ်ကူသယ်ပေးချိန်မှာတော့ နဉ်ရှီကကျေနပ်သွားရ၏။ ယင်းက သူမကို လက်ဝတ်လက်စားတွေ လက်ဆောင်ပေးနေတာထက် ပို၍အဓိပ္ပာယ်ရှိလေသည်။

“မစ္စနဉ်၊ ဒီနားကပ်လေးက ရှင့်ရဲ့အသားအရေနဲ့ တော်တော်လေးလိုက်တယ်” အရောင်းဝန်ထမ်းက သိမ်မွေ့စွာ ပြောလိုက်သည်။ “ပြီး‌တော့ ဒီနားကပ်လေးက ကျွန်မတို့ဒီဇိုင်နာခေါင်းဆောင်ရဲ့ အသစ်ထွက်ထားတဲ့ limited edition လေးပါ။ မစ္စနဉ် စမ်းဝတ်ကြည့်ချင်လား?” အရောင်းဝန်ထမ်းက နဉ်ရှီကို မှတ်မိလေ၏။ သို့သော်လည်း သူမက ‌အိတ်အမြောက်အမြားကိုသယ်ပြီး နဉ်ရှီနောက်မှလိုက်လာသည့် အမျိုးသားဟာ သူတို့ကုမ္ပဏီ၏ဥက္ကဌဖြစ်နေတာကို မယုံကြည်ရဲဖြစ်နေရှာသည်။

သူမ၏စိတ်ထဲတွင် သူဌေးတစ်ယောက်က သူ့ကောင်မလေး ဈေးဝယ်ထွက်တာကို အဖော်ပြုပေးသည့်အခါ သူက သူ့ရဲ့အကန့်အသတ်မရှိ credit card ကို ထုတ်ပြီး  သူမစိတ်ဝင်စားသည့်အရာအားလုံးကို ဝယ်ပေးကာ အနက်ရောင်ဝတ်စုံဝတ်ထားသည့် ဘော်ဒီဂတ်တစ်သိုက်က အိတ်တွေသယ်ပေးလျက်ရှိမည် ဟု ထင်ခဲ့မိသည်။

သူမအနီးအနားကို လိုက်အကဲခတ်ကြည့်သည်။ သူတို့နောက်မှလိုက်လာသည့် ဘော်ဒီဂတ်နှစ်ယောက်ရှိပေမယ့် သူတို့ကြည့်ရသည်မှာ ဇာတ်ကားတွေထဲရှိ တောင့်တောင့်ကြီးရပ်နေပြီး အမူအရာမရှိသည့် ရုပ်ထုများအလား သရုပ်ဖော်ထားသည့် ဘော်ဒီဂတ်များနှင့်မတူဘဲ အေးအေးဆေးဆေးရှိပုံပေါက်နေ၏။

လူချမ်းသာ‌များ၏ကမ္ဘာက အမှန်ကို အဓိပ္ပာယ်ဖော်ရန်ခက်ခဲလှပေသည်။ သူမအနေနှင့် လုံးဝနားမလည်နိုင်ပါချေ။

နဉ်ရှီက အရောင်းဝန်ထမ်းအကြံပြုထားသည့် နားကပ်တစ်စုံကို ဝတ်ကြည့်လိုက်သည်။ ထို့နောက် အနားလှည့်ပြီး ချန်းရှီကွေ့ကို ပြလိုက်ကာ “ကြည့်ကောင်းလား?”

နဉ်ရှီ၏နားရွက်က ဖြူဖြူဖွေးဖွေးနှင့် ချစ်စရာကောင်းသည်မို့ စိန်နားကပ်က မီးရောင်အောက်တွင် အလွန်တရာမှင်သက်ဖွယ်ကောင်းနေ၏။ သို့သော် နားကပ်က သိမ်မွေ့ဟန်ပေါက်လွန်းသဖြင့် ပွဲတက်ဝတ်စုံ၏ညှို့ဓာတ်ကို မဖော်ဆောင်နိုင်ပေ။ ချန်းရှီကွေ့က သူ့လက်ထဲက ကြော်ငြာစာစောင်ကို လှန်လှောကြည့်လိုက်ပြီး ဒီဇိုင်းတစ်ခုပေါ် လက်ညှိုးထောက်လိုက်ကာ အရောင်းဝန်ထမ်းကို ညွှန်ကြားလိုက်သည်။ “ဒီတစ်စုံကို ပေးဝတ်ကြည့်လိုက်” ပြီးနောက် သူက နဉ်ရှီကို ပြောလိုက်သည်။ “ဒီတစ်စုံကလှတယ်၊ နေ့စဉ်သုံးအတွက် သင့်တော်တယ်”

ချန်းရှီ‌ကွေ့ သူမအတွက် နားကပ်ရွေးပေးသည့်အချိန် သူ့မျက်နှာထက် ထင်ဟပ်နေသည့် လေးနက်မှုကို နဉ်ရှီသဘောကျသည်။ သူမနားကပ်ကိုဖြုတ်ပြီး ဘူးထဲပြန်ထည့်ထားလိုက်ကာ သူမလက်ပေါ်မေးတင်ပြီး ပြောလိုက်သည်။ “ရှီကွေ့၊ ရှင်စကားချိုချိုလေးတွေ ပြောတဲ့နေရာမှာ ပိုတော်လာသလိုပဲရော..”

ချန်းရှီကွေ့ စိတ်ရှုပ်သွားရသည်။ သူဘယ်တုန်းက အဲ့လိုပြောမိလို့လဲ?

“ကိုယ် အမြဲတမ်း အမှန်အတိုင်းပဲပြောတာ။ ကိုယ် မင်းကို မလိမ်ခဲ့ဖူးပါဘူး..” ချန်းရှီကွေ့က လက်ကိုရှေ့ထုတ်ပြီး နဉ်ရှီ၏နားသီးကိုထိလိုက်သည်။ “မင်းရဲ့နားရွက်ကလှတော့ ဘာဝတ်ဝတ်ကြည့်လှနေမှာ..”

“အဲ့ဒါစကားချိုချိုပြောနေတာပဲမလား?” နဉ်ရှီကတခစ်ခစ်ရယ်လိုက်ရင်း ချန်းရှီကွေ့၏လက်ကိုကိုင်ကာ သူ့လက်ညှိုးကိုကလိနေတော့သည်။

အဆုံးတွင် နဉ်ရှီက နားကပ်နှစ်စုံနှင့် လည်ဆွဲတစ်ခုကို ဝယ်သွားခဲ့သည်။ ချန်းရှီကွေ့က ငွေရှင်းဖို့အတွက် သူ့ကတ်ကိုထုတ်လိုက်ချိန် မနာလိုနေသောအကြည့်များစွာက သူတို့ထံကျရောက်လာသည်။

“လက်စသတ်တော့ ‌သူဌေးကြီးဆိုရင်တောင် သူ့ကိုယ်ပိုင်မောလ်မှာဝယ်ရင် ပိုက်ဆံရှင်းရတာပဲ..“ တစ်နေ့လယ်လုံး ဈေးဝယ်ထွက်ပြီးနောက်တွင် အနှီစုံတွဲက ကဖေးဆိုင်ကောင်းကောင်းတစ်ခုတွင် တစ်ချက်နားလိုက်ကြသည်။ နဉ်ရှီက ကော်ဖီတစ်ငုံသောက်လိုက်သည်။ “ရှင်က လက်ကလေးရမ်းပြီး ကျွန်မကြိုက်တာယူသွားခိုင်းရုံပဲ လို့ ထင်လိုက်တာ”

“ကိုယ်အဲ့လိုလုပ်လိုက်ရင် ဝန်ထမ်းအတွက် နစ်နာသွားမှာပေါ့” ချန်းရှီကွေ့ ရှင်းပြလိုက်သည်။ “ငွေကြေးစာရင်းနဲ့ပတ်သက်ပြီး အပိုပြဿနာတွေတက်သွားလိမ့်မယ်။ ဒီနည်းလမ်းနဲ့ဆို ပိုအဆင်ပြေသွားတာပေါ့..”

သူတို့အတွဲ၏စကားဝိုင်းက တခြားသူတွေအတွက် ပျင်းစရာကောင်းနေနိုင်သည်။ သို့ပေမဲ့ ထိုစုံတွဲကတော့ သူတို့ကိုယ်ပိုင်ကမ္ဘာလေးထဲ နစ်မြောနေကြလေ၏။ နဉ်ရှီက  လွှမ်းမိုးတတ်သော CEO ဇာတ်လမ်းများရှိ ဇာတ်အိမ်အကြောင်းကို ရံဖန်ရံခါ‌ပြောလေ့ရှိပြီး ချန်းရှီကွေ့ကတော့ မျက်နှာကြီးမည်းမှောင်လာကာ ပြန်ဖြေဖို့မတတ်နိုင်ဖြစ်သွားတော့သည်။

သူ့ကောင်မလေးအူမြူးနေတာကို မြင်တော့ ချန်းရှီကွေ့က ညည်းညူရုံသာ တတ်နိုင်တော့သည်။ “ဒီဟာတွေက ဇာတ်‌လမ်းလိုအပ်ချက်တွေပဲလေ။ တကယ်လို့ ဝတ္ထုနဲ့ဒရာမာတွေက လက်တွေ့လောကနဲ့ လုံးဝဥဿုံ ထပ်တူကျနေမယ်ဆိုရင် ဘယ်သူက ဝတ္ထုတွေဖတ်ပြီး ဒရာမာ‌တွေကြည့်နေတော့မှာလဲ? ဒီဇာတ်ကြောင်းတွေက လက်တွေ့လောကကို မထင်ဟပ်စေနိုင်ပေမယ့်လည်း အနည်းအကျဥ်း သက်ရောက်မှုရှိတယ်ဆိုတော့ မဆိုးပါဘူး..”

နဉ်ရှီက သူ၏လေးလေးနက်နက်အကြည့်ကြောင့် မနေနိုင်ဘဲ ရယ်မိတော့သည်။ သူမ၏မျက်နှာထားတည်နေတတ်သော ကောင်လေးကို စရသည်မှာ ပျော်စရာကောင်းသည်ပင်။

“အစ်မလျန်၊ အဲ့ဒါ နဉ်ရှီနဲ့သူ့ချစ်သူ မဟုတ်လား?”

လျန်ချန်ယာက သူမလက်ထောက်၏စကားသံကိုကြားတော့ သူမပြောသည့်နေရာကို ကြည့်လိုက်သည်။ ထောင့်နားမှာထိုင်နေသည်က စုံတွဲနှစ်ယောက်ပင်။ ယောက်ျားလေးက ခန့်ညားသိမ်မွေ့ပြီး မိန်းကလေးကတော့ လှပပြီးဣန္ဒြေရှိလှ၏။ ထိုမြင်ကွင်းကို သရုပ်ဖော်ရန် “‌နတ်ဖက်သည့်စုံတွဲ” ဟူသော စကားစုကိုသာ တွေးမိကြလိမ့်မည်။

နဉ်ရှီမဟုတ်လို့ ဘယ်သူဖြစ်ရမလဲ?

လျန်ချန်ယာ၏ နဉ်ရှီအပေါ် ထားရှိသည့် ခံစားချက်တွေက အတန်ငယ်ရှုပ်‌ထွေးနေ၏။ လွန်ခဲ့သောနှစ်နှစ်က သူမဟာ “ကိုယ့်နှလုံးသားက မင်းကိုပဲတမ်းတနေမိတယ်” ဇာတ်ကားအတွက် အမျိုးသမီးဇာတ်လိုက်အဖြစ် သရုပ်ဆောင်ချိန် နဉ်ရှီက ဇာတ်ဝင်ခန်းအနည်းငယ်သာ သရုပ်ဆောင်ခဲ့ရ၏။ သူတို့နှစ်ယောက်လုံး အတူရိုက်ရသည့်အခန်းပင်မရှိ။ သို့သော် နှစ်နှစ်အတွင်းမှာပင် နဉ်ရှီက နာမည်ကြီးဒါရိုက်တာများနှင့် အလုပ်တွဲလုပ်ပြီး အဓိကဇာတ်ဆောင်နေရာတွင် သရုပ်ဆောင်ခွင့်ရခဲ့ရုံသာမက အောင်မြင်လှသည့် နိုင်ငံခြားရုပ်ရှင်ထုတ်လုပ်ရေးတွင်လည်း အရေးပါသောကဏ္ဍမှ ပါဝင်သရုပ်ဆောင်ခွင့် ရခဲ့သေးသည်။ သူမ၏အချစ်ရေးဘဝကတောင် မရေမတွက်နိုင်သောအမျိုးသမီးပေါင်းများစွာ၏ မနာလိုခြင်းကိုခံနေရလေ၏။ ကမ္ဘာပေါ်ရှိ အကောင်းဆုံးအရာအားလုံး သူမကိုပေးထားသလိုပင်။

အနုပညာလောက၌ နဉ်ရှီ၏ပထမဆုံးဆုကို လျန်ချန်ယာမှပေးအပ်ခဲ့ခြင်းဖြစ်သည်။ သို့ပေသိ နဉ်ရှီ၏အတိတ်ဇာတ်ကြောင်းကို သူမသိလိုက်ရချိန် သူမခံစားရသည့် မနာလိုမှုတွေက ‌ကွယ်ပျောက်သွားပြီး အနှီသရုပ်ဆောင်ငယ်လေးအတွက် ရင်နာသွားရသည်။

လူတချို့က ကောင်းကင်ဘုံမှ ကောင်းချီးပေးခံရပုံပေါက်ပေမယ့် သူမ ယခုလက်ရှိနေရာကို ရောက်ဖို့အတွက် ဘယ်လောက်တောင် နာကျင်ခံစားခဲ့ရလဲဆိုတာ ဘယ်သူသိမှာလဲ? လျန်ချန်ယာက နဉ်ရှီ၏ကံကောင်းခြင်းကို မနာလိုအားကျရုံသာတတ်နိုင်၏။

“ညီမတို့ သွားနှုတ်ဆက်သင့်လား?” လက်ထောက်က စိတ်လှုပ်ရှားနေ၏။ “သူ့ဘေးမှာရှိနေတာက ချန်းလုပ်ငန်းစုရဲ့ဥက္ကဌပဲ”

“သူက ချန်းလုပ်ငန်းစုရဲ့သူဌေးဆိုရင်တောင်မှ နဉ်ရှီရဲ့ချစ်‌သူဖြစ်နေတုန်းပဲလေ” လျန်ချန်ယာက သူမအကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ “အစ်မအဲ့ဒီကိုသွားပြီး တတိယမီးသီးသွားလုပ်မှာမဟုတ်ဘူး..” ဤစကားပြောပြီးတော့ သူမဖုန်းပေါ်တွင် notification တစ်ခုက ပေါ်လာ၏။

“မစ္စကျူးတစ်ယောက် ဆေးလက်ဝယ်ပိုင်ဆိုင်မှုအတွက် သံသယရှိသဖြင့် ဖမ်းဆီးခံထားရ..”

လျန်ချန်ယာက ထို notification ကို မြင်လိုက်ရချိန် စိတ်ပျက်စွာ ခေါင်းခါလိုက်သည်။ ကျူးမိုလီက သိသိသာသာကို ရေတိမ်နစ်သွားပြီပဲ။ မနှစ်က ကျူးမိုလီက ကျင်းဟုန်ခိုင်၏ထောက်ပံ့မှုအပေါ်မှီခိုပြီး အလွန်အမင်းမောက်မာခဲ့၏။ “အစစ်အမှန်” ဟူသည့် အသွင်အောက် သူမက celebrities ပေါင်းများစွာကို အနိုင်ကျင့်ခဲ့သည်။ ကြည့်ရတာ သူမမှာ ဒီလိုနေ့မျိုးမရှိခဲ့လောက်ဟု မတွေးခဲ့မိတာ ဖြစ်ကောင်းဖြစ်နိုင်သည်။

လက်ထောက်ကလည်း အလားတူnotificationကို လက်ခံရရှိခဲ့သည်။ သူမ ထိုစာကို ဖတ်ပြီးသွားတော့ တီးတိုးပြောလိုက်သည်။ “အစ်မလျန်၊ ညီမ ကောလာဟလကြားမိတာ ကျူးမိုလီအဖမ်းခံရတာနဲ့ပတ်သက်ပြီး ရဲကိုတိုင်လိုက်တဲ့သူက နဉ်ရှီတဲ့လေ...”

လျန်ချန်ယာ၏အမူအရာက အုံ့မှိုင်းသွားပြီး ပြောလိုက်သည်။ “ဒီအကြောင်း နောက်တစ်ခါ ဘယ်တော့မှ ထပ်မပြောမိစေနဲ့။ ကောလာဟလဆိုတာ မယုံရဘူး..”

“အို့” လက်ထောက်က လျန်ချန်ယာ၏မည်းမှောင်နေသော အမူအရာကိုမြင်တော့ ထိုအကြောင်းကို ထပ်မပြောရဲတော့ပေ။ သူမစား‌နေသည့်ကိတ်ကို တစ်ကိုက်ကိုက်လိုက်ပြီး ပြန်မော့ကြည့်လိုက်တော့ အစ်မလျန်မျက်နှာထက် ဖြတ်ပြေးသွားသည့် ပျော်ရွှင်မှုအရိပ်အယောင်ကို သူမတွေ့လိုက်ရသည်။

သူမ မသင်္ကာဖြစ်သွားပေမယ့် သိပ်မတွေးနေတော့ဘဲ ထိုကိစ္စကို မြန်မြန်ဆန်ဆန်ပင် မေ့သွားတော့သည်။

လျန်ချန်ယာက နဉ်ရှီထံ တမင်သက်သက် မသွားလိုက်ပေမယ့် နဉ်ရှီနှင့်ချန်းရှီကွေ့ ထွက်လာသည့်အချိန် လျန်ချန်ယာကို တွေ့သွားကြ၏။

“အစ်မလျန်၊ တိုက်ဆိုင်လိုက်တာ” နဉ်ရှီက လျန်ချန်ယာဆီ လမ်းလျှောက်သွားပြီး စကားစမြည်သွား‌ပြောလိုက်သည်။ လျန်ချန်ယာက သူမအပေါ် ဖော်ဖော်ရွေရွေရှိသဖြင့် အခြေအနေက တော်တော်လေး သဟဇာတဖြစ်လို့နေသည်။

သို့သော် နဉ်ရှီမထွက်သွားမီ လျန်ချန်ယာ၏ဖုန်းကမြည်လာပြီး စာတစ်စောင်က စခရင်ထက်တွင် ပေါ်လာ၏။ အကြည့်တစ်ချက်နဲ့တင် နဉ်ရှီက “ကျူးမိုလီ” ဆိုသည့် စာလုံးကို တွေ့လိုက်ရသည်။

လျန်ချန်ယာလည်း သတိထားမိလိုက်သည်။ သူမက တဒင်္ဂမျှ အံ့အားသင့်သွားပေမယ့် ပြုံးလိုက်ကာ စကားလမ်းကြောင်းလွှဲလိုက်သည်။ “တို့ကြားမိတာ မင်း နောက်တစ်ခါကျရင် ဆရာကျန်းရိမင်နဲ့အတူတွဲလုပ်ရမှာဆို။ ကွန်ဂရက်ကျူလေးရှင်းပါနော်..”

“ကျေးဇူးပါ” နဉ်ရှီ ခေါင်းညိတ်လိုက်သည်။ “အဲ့ဆို စကားဆက်ပြောလိုက်ကြပါအုံး၊ ကျွန်မအရင်သွားတော့မယ်..”

“ဂရုစိုက်အုံးနော်” နဉ်ရှီက ချန်းရှီကွေ့ဆီ ရောက်သည်အထိ လျှောက်သွားတာကို လျန်ချန်ယာကြည့်နေခဲ့သည်။ ချန်းရှီကွေ့က သူမလက်ကိုကိုင်လိုက်ပြီး နှစ်‌ယောက်သား လက်တွဲလျက် ကဖေးမှ ထွက်သွားတော့သည်။

“သူတို့ဆက်ဆံရေးက ကောင်းလိုက်တာနော်” လက်ထောက်က သက်ပြင်းချလိုက်သည်။ “ခုနက နဉ်ရှီ အစ်မကိုစကားပြောနေတုန်းက မစ္စတာချန်းရဲ့မျက်လုံးတွေက နဉ်ရှီဆီကနေ နည်းနည်းမှကိုမခွာတာ... ပြီးတော့ သူ့ရဲ့အပြုံးကလည်း လုံးဝကိုညင်သာနေတာကို ညီမသတိထားမိခဲ့တယ်..”

“အဲ့ဒါ ကောင်းတဲ့ကိစ္စမဟုတ်ဘူးလား?” လျန်ချန်ယာက ဖုန်းဖွင့်လိုက်သည်။ ဖျော်ဖြေရေးကုမ္ပဏီတစ်ခုမှ တက်လာသည့် မက်ဆေ့ခ်ျတစ်ခုပင်။ ကျူးမိုလီအကြောင်း ပြောထားတာ အနည်းငယ်ရှိသော်ငြား နဉ်ရှီရဲ့နာမည်ကိုတော့ ဘယ်သူမှထည့်မပြောထားပေ။

လျန်ချန်ယာက စိတ်ရှုပ်ခံပြီး ဆက်ဖတ်မနေတော့ပေ။ သူမဖုန်းပိတ်လိုက်ပြီး ကြက်သွေးရောင်နှုတ်ခမ်းက အပြုံးအဖြစ်ကွေးတက်သွားသည်။

ဤကား တစ်စုံတစ်ယောက်ကို မည်သည့်အခြေအနေမျိုးမှာမဆို မပစ်ပယ်ခဲ့ခြင်း၏ ရလဒ်ဖြစ်လေ၏။ သူမအတွက်လည်း သင်ခန်းစာတစ်ခုဖြစ်ပေ၏။
_____________

[Zawgyi]

အခန္း(၈၃)

“ေဘာ့စ္” ရႊီက်ူးက ရံုးခန္းထဲသို႔ ေခါင္းျပဴၾကၫ့္လိုက္သည္။ ခ်န္းရွီေကြ့က အေပၚအက်ႌဝတ္ၿပီး ထြက္သြားဖို႔ ျပင္ေနတာကို ျမင္ေတာ့ ရႊီက်ူးက သူ႔ကို ေခၚလိုက္သည္။ “ခုနက ခြၽီလုပ္ငန္းစုဥကၠဌရဲ့အတြင္းေရးမွဴးက ေဘာ့စ္အတြက္ မနက္ျဖန္ေကာ့ေတးပါတီပြဲရဲ့ဖိတ္စာကို ‌ကိုယ္တိုင္လာေပးသြားတယ္..”

ခြၽီႏွင့္က်င္းမိသားစုက အၿမဲတမ္း အဆင္မေျပခဲ့တာျဖစ္သည္။ ယခု ေထာင္မင္ယႏွင့္က်င္းယြမ္ဖုန္း ကြာရွင္းလိုက္သၫ့္သတင္းပ်ံ့သြားခဲ့သျဖင့္ ခြၽီမိသားစုက သူတို႔သူေဌးဘက္လွၫ့္ၿပီး ရင္းႏွီးမႈယူရန္ အစပ်ိဳးလာ၏။ တျခားနည္းလမ္းျဖင့္ေျပာရမည္ဆိုလ်ွင္ ခြၽီမိသားစုက က်င္းမိသားစုကို ရိုက္ခ်ရန္ အၿမဲတမ္း နည္းမ်ိဳးစံုသံုးႀကိဳးစားေနခဲ့တာျဖစ္သည္။

ခ်န္းရွီေကြ့က ဖိတ္ၾကားလႊာကို တစ္ခ်က္ၾကၫ့္လိုက္သည္။ အထဲမွာ ေရးထားသၫ့္ အေၾကာင္းအရာအမ်ားစုကို လက္ေရးျဖင့္ေရးသားထားၿပီး သခင္ႀကီးခြၽီက လက္မွတ္ထိုးထားသည္။ အကယ္၍ ဖိတ္စာပို႔လာသူက ခြၽီမိသားစုမွအငယ္တစ္ေယာက္ျဖစ္ပါက ခ်န္းရွီေကြ့က အႏွီဖိတ္ၾကားလႊာအား အာရံုထဲထၫ့္ထားမွာမဟုတ္။ သို႔ေသာ္ ဖိတ္ၾကားလႊာကို သခင္ႀကီးခြၽီက လက္မွတ္ထိုးထားသၫ့္အတြက္ ဘာပဲျဖစ္ေနပါေစ သူ႔အေနႏွင့္ ယင္းဖိတ္ၾကားလႊာကို လက္ခံရေတာ့မည္ပင္။

“သိၿပီ” ခ်န္းရွီေကြ့ ေခါင္းညိတ္လိုက္ၿပီး ဖိတ္ၾကားလႊာကိုင္သြားရင္း ‌ဓာတ္ေလွကားဆီေလ်ွာက္သြားလိုက္သည္။

“အေဖ၊ ဒီတစ္ေခါက္ ခ်န္းရွီေကြ့ တကယ္ ပြဲတက္လာပါ့မလား?” ခြၽီယြမ္ေပၚက သခင္ႀကီးခြၽီ၏ ခ်န္းရွီေကြ့အား ကိုယ္တိုင္ကိုယ္က် ဖိတ္စာတစ္ေစာင္ေရးပို႔သၫ့္ လုပ္ရပ္ကို သိပ္ၿပီးသေဘာမတူခ်င္ေပ။ ခ်န္းရွီေကြ့က မည္မ်ွပင္ အင္အားႀကီးေနပါေစ၊ သူ႔အေဖက စီနီယာျဖစ္၏။ ဘယ္လိုလုပ္ၿပီး စီနီယာတစ္‌ေယာက္က ဂ်ူနီယာကို ကိုယ္တိုင္ဖိတ္စာေရးပို႔ရမွာလဲ? ခြၽီမိသားစုက ဩဇာတိကၠမႀကီး‌တဲ့ မိသားစုတစ္ခုေလ။ တကယ္လို႔ လူေတြ ဒီအေၾကာင္းၾကားသြားၾကမယ္ဆိုရင္ သူတို႔ဂုဏ္သိကၡာကို ဘယ္နားသြားထားရမွာလဲ?

“ယြမ္ေပၚ...သားက မာနႀကီးတဲ့လူတစ္ေယာက္ဆိုတာ အေဖသိတယ္၊ ၿပီးေတာ့ အဲ့ဒီအခ်ိန္ျဖဳန္းေနတတ္တဲ့ ဒုတိယမ်ိဳးဆက္သခင္ေလးေတြထက္ ပိုၿပီးထူးခြၽန္တာကိုလည္း အေဖသိပါတယ္ကြာ။ ဒါေပမဲ့ သားက စိတ္ႀကီးဝင္လြန္းတယ္..” အေဖခြၽီက ေခါင္းခါၿပီး သက္ျပင္းခ်လိုက္သည္။ “အေဖတို႔က စီးပြားေရးသမားေတြ။ စီးပြားေရးသမားရယ္လို႔ ျဖစ္လာၿပီဆိုရင္ သားအေနနဲ႔ ဘယ္အခ်ိန္မွာအေမာက္ေထာင္ရမယ္၊ ဘယ္အခ်ိန္မွာ ႏိွမ့္ႏိွမ့္ခ်ခ်နဲ႔ ယဉ္ယဉ္ေက်းေက်းရိွရမယ္ဆိုတာကို ရွင္းရွင္းလင္းလင္းသိထားရမယ္။ ခ်န္းရွီေကြ့လို ေယာက္်ားမ်ိဳးက ခ်န္းမိသားစုမ်ိဳးဆက္မ်ားစြာထဲမွာမွ အထူးခြၽန္ဆံုးလို႔ ယူဆလို႔ရတယ္။ သူ႔မွာရိွတဲ့ တစ္ခုတည္းေသာ ျပစ္ခ်က္ဆိုလို႔ အေရးမပါတဲ့သရုပ္ေဆာင္တစ္ေယာက္ကို စိတ္ဝင္စားမိတာေလးပဲ။ ခြၽီနဲ႔ခ်န္းမိသားစုက သိပ္ၿပီးအဆင္ေျပၾကတာမဟုတ္တာကို သားက သူ႔ကိုဖိတ္လိုက္မယ္ဆိုရင္ သူလာမယ္လို႔ ထင္သလား?”

ခြၽီယြမ္ေပၚက ျပန္မေျဖဘဲ ေခါင္းငံု႔သြားသည္။

သူ႔သားက သူ႔စကားကိုေခါင္းထဲသြင္းလိုက္တာ ျမင္ေတာ့ အေဖခြၽီက ၿပံဳးၿပီး စိတ္ေက်နပ္စြာ ေခါင္းညိတ္လိုက္၏။ “လူဆိုတာ သူတို႔က်ရႈံးတဲ့အခ်ိန္မွ  သိကၡာက်ၾကတာ။ တကယ္လို႔ သူတို႔ေအာင္ျမင္သြားၿပီဆိုရင္ သူတို႔က မီးစင္ၾကၫ့္ကတတ္တယ္လို႔ ေျပာရမွာပဲ။ အခု ခ်န္းရွီေကြ့ရဲ့အေဒၚနဲ႔ က်င္းယြမ္ဖုန္းတို႔ ကြာရွင္းၾကေတာ့မွာ...ၿပီးေတာ့ ခ်န္းရွီေကြ့ကလည္း ဒီတေလာ က်င္းမိသားစုရဲ့လုပ္ရပ္ေတြကို ေက်နပ္ေနတာမဟုတ္ဘူး။ ခ်န္းမိသားစုအႀကိဳက္ေတြ့မယ့္ ဒီအခြင့္အေရးကို အေဖတို႔အသံုးမခ်လိုက္ဘူးဆိုရင္ ပိန္းရာက်မွာေပါ့...”

ခြၽီယြမ္ေပၚ၏အေဖထံမွ စကားမ်ားက သူ႔အား က်င္းမိသားစုဒုတိယသား၏သမီးက ျဖစ္ေစခဲ့သၫ့္ အျဖစ္အပ်က္ကို သတိရေစလိုက္သည္။ ခ်န္းရွီေကြ့၏ခ်စ္သူေကာင္မေလးကလည္း ထိုကိစၥတြင္ ပါဝင္ပတ္သက္ခဲ့ၿပီး အဆံုးမွာ ခ်န္းရွီေကြ့က ေျဖရွင္းဖို႔ရန္ ကိုယ္တိုင္ဝင္ပါခဲ့ရတာကို သူသတိရသြားသည္။ ေနာက္ပိုင္းတြင္ က်င္းမိသားစုက သူ႔ကိုအကူအညီေတာင္းခဲ့ေသာ္ျငား သူကလိုက္ေလ်ာျခင္းမရိွခဲ့ေပ။ ထို႔ေနာက္ ရက္အနည္းငယ္အၾကာ ေထာင္မင္ယက ကြာရွင္းခ်င္လာ၏။ ခြၽီယြမ္ေပၚက က်င္းမိသားစု၏ ဇာတ္ထုပ္ႀကီး ေျပက်လာတာကို ျမင္တိုင္း သူတို႔ထက္ ပိုသာသလို ခံစားရေလ၏။

က်င္းမိသားစု၏လုပ္ရပ္မ်ားက သူတို႔၏က်ဆံုးျခင္းသို႔သာ ဦးတည္သြားလိမ့္မည္။

အေဖခြၽီမွန္းတာ မွန္သြားခဲ့ေပသည္။ ခဏအၾကာ ခ်န္းရွီေကြ့က သု႔ကိုဖုန္းဆက္လာၿပီး ပါတနာတစ္ေယာက္ႏွင့္အတူ ပါတီပြဲတြင္ရိွေနမည္ဟု ဆိုလာ၏။

ဖုန္းေျပာၿပီးသြားေတာ့ အေဖခြၽီက ခြၽီယြမ္ေပၚကို ဝမ္းသာအားရၾကၫ့္ၿပီး ေျပာလိုက္သည္။ “ယြမ္ေပၚ၊ ၾကၫ့္ရတာ က်င္းမိသားစုက ခ်န္းနဲ႔ေထာင္မိသားစုကို ရန္စလိုက္မိၿပီထင္ပါရဲ့...” သူ႔ညီမေလးႏွင့္ ငပ်င္းေကာင္က်င္းဟုန္ခိုင္၏ လက္ထပ္ပြဲႏွင့္ ေနာက္ပိုင္းသူမဆီ ျဖစ္ပ်က္ခဲ့သၫ့္ ကိစၥေတြကို ျပန္ေတြးၾကၫ့္ေတာ့ အေဖခြၽီက စိတ္ပ်က္မႈကိုသာ ခံစားလိုက္ရသည္။

ယခင္က က်င္းဟုန္ခိုင္လုပ္ခဲ့သၫ့္ကိစၥမ်ားက ခြၽီမိသားစုကို သိသိသာသာ ေလးစားသမႈမရိျွခင္းပင္။ ဘယ္လိုလုပ္ၿပီး သူတို႔က ၿငိမ္ခံေနရမွာလဲ?

ထိုညတြင္ ခ်န္းရွီေကြ့ႏွင့္နဉ္ရွီတို႔ ညစာစားဖို႔အတူထိုင္ေနရင္း ေကာ့ေတးပါတီအေၾကာင္း စကားစပ္မိၾကသည္။

နဉ္ရွီက ထိုအေၾကာင္းေၾကာင့္ အခက္ေတြ့သြားသၫ့္အလား ႏႈတ္ခမ္းဆူလိုက္၏။ “ဒါဆို မနက္ျဖန္ ရွင္ ကြၽန္မနဲ႔အတူ shopping ထြက္ေပးရမယ္..” ေယာက္်ားတစ္ေယာက္၏ မိန္းမတစ္ေယာက္အေပၚ စိတ္ရွည္သည္းခံမႈက သူမႏွင့္အတူေဈးဝယ္ထြက္ေပးခ်ိန္ႏွင့္ သူမမိတ္ကပ္ျပင္ၿပီးဖို႔ သူေစာင့္ေပးရသၫ့္အခ်ိန္မ်ား၌ ထင္ဟပ္ေနေသာ သူ၏သေဘာထားမွ ျမင္ႏိုင္ေပသည္။

“ဟုတ္ၿပီေလ” ခ်န္းရွီေကြ့ ရုတ္တရက္ဆိုသလို နားလည္သြားသည္။ နဉ္ရွီ၏အလုပ္အကိုင္ေၾကာင့္ ႏွစ္ေယာက္အတူေဈးဝယ္ထြက္ရန္ တစ္ခါမွ အခြင့္အေရးမရခဲ့ေပ။ ဤအေၾကာင္းေတြးမိေတာ့ ေနာက္ေန့ကို သူေစာင့္ေမ်ွာ္ေနမိေတာ့သည္။

Shopping ထြက္ျခင္းက စံုတြဲေတြအတြက္ ဆက္ဆံေရးတိုးတက္လာေစႏိုင္သၫ့္ နည္းလမ္းတစ္ခုျဖစ္သည္။ နဉ္ရွီက အိမ္မွမထြက္မီ ႏူးညံ့သၫ့္ပံုေပါက္ေစမၫ့္ make-up lookေလး ျပင္လိုက္ၿပီး သူမ၏စကတ္အေရာင္ႏွင့္လိုက္သၫ့္ နက္ကတိုင္တစ္ခုအား ခ်န္းရွီေကြ့အတြက္ သီးသန႔္ေရြးေပးထားလိုက္ေသးသည္။

“ဒီတစ္ခုဆိုရင္ေရာ?” နဉ္ရွီက လက္ဝတ္ရတနာစင္ထဲမွ လက္ေကာက္တစ္ခုကိုေရြးထုတ္လိုက္ေပမယ့္ သူမလက္ေကာက္ဝတ္ေပၚမွ ေငြလက္ေကာက္ကိုေတာ့ ဘယ္ေတာ့မွ မဖယ္ေပ။

ခ်န္းရွီေကြ့က သူမကို ေသခ်ာအကဲခတ္ၿပီး ေခါင္းညိတ္လိုက္ေလသည္။ သူတို႔အခ်စ္ေရးကိုထုတ္ျပၿပီးကတည္းက ခ်န္းရွီေကြ့ဟာ နဉ္ရွီကို အၿမဲတမ္း လက္ေဆာင္ေပါင္းစံုေပးေလ့ရိွသည္။ နဉ္ရွီကလည္း သူ႔အတြက္ ဝတ္စံုေတြ၊ အက်ႌလက္ၾကယ္သီးမ်ားႏွင့္ နာရီမ်ားဝယ္ေပးရတာကို သေဘာက်သူျဖစ္သည္။ ရႊီက်ူးႏွင့္ က်န္းခ်င္းယြင္ႏွစ္ေယာက္လံုးကေတာ့ သူတို႔ရိုသမ်ွ ထိုင္ၾကၫ့္ေနရသူ‌ေလးေတြပင္။

ခ်န္းရွီေကြ့က ဒီလက္ေကာက္ကို နဉ္ရွီအတြက္ ၿပီးခဲ့သၫ့္လက ဝယ္ေပးခဲ့တာျဖစ္သည္။ ၄ခ်ိန္းႀကိဳးကပါးလ်ေနေပမယ့္ နဉ္ရွီ၏လက္ေကာက္ဝတ္ေပၚတြင္ အလြန္တရာၾကၫ့္ေကာင္းေလ၏။ သူေခါင္းငံု႔ၿပီး နဉ္ရွီလက္ေပၚက ခ်ိန္းႀကိဳးကို ကူေျဖေပးလိုက္သည္။ သူ႔လႈပ္ရွားမႈက အနည္းငယ္ေတာ့ မေသမသပ္ျဖစ္ေနေပသည္။ ႀကီးက်ယ္ျမင့္ျမတ္လွေသာ မစၥတာခ်န္းက နဉ္ရွီကို လည္ဆြဲေတြ၊လက္ေကာက္ေတြ ကူျဖဳတ္ေပးတိုင္း အခက္ခဲဆံုးအရာကိုလုပ္ေနရသကဲ့သို႔ အၿမဲလိုလို ကိုးယိုးကားယားႏိုင္သူႀကီး ျဖစ္သြားတတ္ေလသည္။

ခ်န္းလုပ္ငန္းစုက ဖက္ရွင္၊ ေက်ာက္မ်က္ရတနာ၊ လ်ွပ္စစ္ပစၥည္းမ်ား၊ ေဆးဝါးျဖန႔္ခ်ိေရး၊ ဟိုတယ္ႏွင့္ အိမ္‌ၿခံေျမလုပ္ငန္းအပါအဝင္ လုပ္ငန္းေပါင္းမ်ားစြာ လုပ္ကိုင္ေလ၏။ ခ်န္းရွီေကြ့ ကုမၸဏီကိုလႊဲယူၿပီးေနာက္တြင္ သူတို႔က မီဒီယာ၊ ေဖ်ာ္ေျဖေရးတို႔ႏွင့္ ဆက္စပ္ေသာ လုပ္ငန္းမ်ားတြင္ပါ ရင္းႏွီးျမႇဳပ္ႏွံလာခဲ့ၾကသည္။ သူတို႔၏စီးပြား‌ေရးလုပ္ငန္းမ်ားက မည္သၫ့္ေနရာမဆိုရိွ‌‌ေနၿပီး လူတိုင္းက သူတို႔ကို မနာလိုအားက်ေနရ၏။

အခ်စ္ဝတၴုထဲမွာဆိုလ်ွင္ ထိုသို႔ေသာေနာက္ခံႏွင့္ေယာက္်ားမ်ိဳးက က်ိန္းေသေပါက္ ခပ္မိုက္မိုက္အမ်ိဳးသားဇာတ္လိုက္ျဖစ္ၿပီး အမ်ိဳးသမီးဇာတ္လိုက္ႏွင့္ ဇာတ္ပို႔မ်ားက သူ႔အေပၚ ေမတၲာသက္ဝင္သြားၾကမည္မွာ ဧကန္မုခ်ပင္။ သို႔ေပသိ အႏွီခပ္မိုက္မိုက္ဇာတ္လိုက္ႀကီးက ယခုခ်ိန္တြင္ အိတ္အေျမာက္အျမားကို သယ္ေနရသၫ့္ အလုပ္သမားႀကီး ျဖစ္လို႔ေနသည္။

“နာခံျခင္းတရားသံုးပါးႏွင့္သူေတာ္ေကာင္းတရားေလးပါး”၏ ေယာက္်ားေလးဗားရွင္းတြင္ ေယာက္်ားတစ္‌ေယာက္က မိန္းမတစ္ေယာက္ကို အိတ္ကူသယ္ေပးရတာက မရိွမျဖစ္အရည္အခ်င္းတစ္ခုပင္။ ဤသည္မွာ သူ၏အဆင့္အတန္းႏွင့္မသက္ဆိုင္ေပ မဟုတ္ရင္‌လည္း ေကာင္ေလးတစ္ေယာက္က သူ႔ေကာင္မေလးကို မ်က္ႏွာခ်ိဳေသြးတာ ဟုတ္သည္ျဖစ္‌ေစ မဟုတ္သည္ျဖစ္ေစ၊ ခ်န္းရွီေကြ့ အိတ္ကူသယ္ေပးခ်ိန္မွာေတာ့ နဉ္ရွီကေက်နပ္သြားရ၏။ ယင္းက သူမကို လက္ဝတ္လက္စားေတြ လက္ေဆာင္ေပးေနတာထက္ ပို၍အဓိပၸာယ္ရိွေလသည္။

“မစၥနဉ္၊ ဒီနားကပ္ေလးက ရွင့္ရဲ့အသားအေရနဲ႔ ေတာ္ေတာ္ေလးလိုက္တယ္” အေရာင္းဝန္ထမ္းက သိမ္ေမြ့စြာ ေျပာလိုက္သည္။ “ၿပီး‌ေတာ့ ဒီနားကပ္ေလးက ကြၽန္မတို႔ဒီဇိုင္နာေခါင္းေဆာင္ရဲ့ အသစ္ထြက္ထားတဲ့ limited edition ေလးပါ။ မစၥနဉ္ စမ္းဝတ္ၾကၫ့္ခ်င္လား?” အေရာင္းဝန္ထမ္းက နဉ္ရွီကို မွတ္မိေလ၏။ သို႔ေသာ္လည္း သူမက ‌အိတ္အေျမာက္အျမားကိုသယ္ၿပီး နဉ္ရွီေနာက္မွလိုက္လာသၫ့္ အမ်ိဳးသားဟာ သူတို႔ကုမၸဏီ၏ဥကၠဌျဖစ္ေနတာကို မယံုၾကည္ရဲျဖစ္ေနရွာသည္။

သူမ၏စိတ္ထဲတြင္ သူေဌးတစ္ေယာက္က သူ႔ေကာင္မေလး ေဈးဝယ္ထြက္တာကို အေဖာ္ျပဳေပးသၫ့္အခါ သူက သူ႔ရဲ့အကန႔္အသတ္မရိွ credit card ကို ထုတ္ၿပီး  သူမစိတ္ဝင္စားသၫ့္အရာအားလံုးကို ဝယ္ေပးကာ အနက္ေရာင္ဝတ္စံုဝတ္ထားသည့္ ေဘာ္ဒီဂတ္တစ္သိုက္က အိတ္ေတြသယ္ေပးလ်က္ရိွမည္ ဟု ထင္ခဲ့မိသည္။

သူမအနီးအနားကို လိုက္အကဲခတ္ၾကၫ့္သည္။ သူတို႔ေနာက္မွလိုက္လာသၫ့္ ေဘာ္ဒီဂတ္ႏွစ္ေယာက္ရိွေပမယ့္ သူတို႔ၾကၫ့္ရသည္မွာ ဇာတ္ကားေတြထဲရိွ ေတာင့္ေတာင့္ႀကီးရပ္ေနၿပီး အမူအရာမရိွသၫ့္ ရုပ္ထုမ်ားအလား သရုပ္ေဖာ္ထားသၫ့္ ေဘာ္ဒီဂတ္မ်ားႏွင့္မတူဘဲ ေအးေအးေဆးေဆးရိွပံုေပါက္ေန၏။

လူခ်မ္းသာ‌မ်ား၏ကမ႓ာက အမွန္ကို အဓိပၸာယ္ေဖာ္ရန္ခက္ခဲလွေပသည္။ သူမအေနႏွင့္ လံုးဝနားမလည္ႏိုင္ပါေခ်။

နဉ္ရွီက အေရာင္းဝန္ထမ္းအႀကံျပဳထားသၫ့္ နားကပ္တစ္စံုကို ဝတ္ၾကၫ့္လိုက္သည္။ ထို႔ေနာက္ အနားလွၫ့္ၿပီး ခ်န္းရွီေကြ့ကို ျပလိုက္ကာ “ၾကၫ့္ေကာင္းလား?”

နဉ္ရွီ၏နားရြက္က ျဖဴျဖဴေဖြးေဖြးႏွင့္ ခ်စ္စရာေကာင္းသည္မို႔ စိန္နားကပ္က မီးေရာင္ေအာက္တြင္ အလြန္တရာမွင္သက္ဖြယ္ေကာင္းေန၏။ သို႔ေသာ္ နားကပ္က သိမ္ေမြ့ဟန္ေပါက္လြန္းသျဖင့္ ပြဲတက္ဝတ္စံု၏ၫွို႔ဓာတ္ကို မေဖာ္ေဆာင္ႏိုင္ေပ။ ခ်န္းရွီေကြ့က သူ႔လက္ထဲက ေၾကာ္ျငာစာေစာင္ကို လွန္ေလွာၾကၫ့္လိုက္ၿပီး ဒီဇိုင္းတစ္ခုေပၚ လက္ၫွိုးေထာက္လိုက္ကာ အေရာင္းဝန္ထမ္းကို ၫႊန္ၾကားလိုက္သည္။ “ဒီတစ္စံုကို ေပးဝတ္ၾကၫ့္လိုက္” ၿပီးေနာက္ သူက နဉ္ရွီကို ေျပာလိုက္သည္။ “ဒီတစ္စံုကလွတယ္၊ ေန့စဉ္သံုးအတြက္ သင့္ေတာ္တယ္”

ခ်န္းရွီ‌ေကြ့ သူမအတြက္ နားကပ္ေရြးေပးသၫ့္အခ်ိန္ သူ႔မ်က္ႏွာထက္ ထင္ဟပ္ေနသၫ့္ ေလးနက္မႈကို နဉ္ရွီသေဘာက်သည္။ သူမနားကပ္ကိုျဖဳတ္ၿပီး ဘူးထဲျပန္ထၫ့္ထားလိုက္ကာ သူမလက္ေပၚေမးတင္ၿပီး ေျပာလိုက္သည္။ “ရွီေကြ့၊ ရွင္စကားခ်ိဳခ်ိဳေလးေတြ ေျပာတဲ့ေနရာမွာ ပိုေတာ္လာသလိုပဲေရာ..”

ခ်န္းရွီေကြ့ စိတ္ရႈပ္သြားရသည္။ သူဘယ္တုန္းက အဲ့လိုေျပာမိလို႔လဲ?

“ကိုယ္ အၿမဲတမ္း အမွန္အတိုင္းပဲေျပာတာ။ ကိုယ္ မင္းကို မလိမ္ခဲ့ဖူးပါဘူး..” ခ်န္းရွီေကြ့က လက္ကိုေရ႔ွထုတ္ၿပီး နဉ္ရွီ၏နားသီးကိုထိလိုက္သည္။ “မင္းရဲ့နားရြက္ကလွေတာ့ ဘာဝတ္ဝတ္ၾကၫ့္လွေနမွာ..”

“အဲ့ဒါစကားခ်ိဳခ်ိဳေျပာေနတာပဲမလား?” နဉ္ရွီကတခစ္ခစ္ရယ္လိုက္ရင္း ခ်န္းရွီေကြ့၏လက္ကိုကိုင္ကာ သူ႔လက္ၫွိုးကိုကလိေနေတာ့သည္။

အဆံုးတြင္ နဉ္ရွီက နားကပ္ႏွစ္စံုႏွင့္ လည္ဆြဲတစ္ခုကို ဝယ္သြားခဲ့သည္။ ခ်န္းရွီေကြ့က ေငြရွင္းဖို႔အတြက္ သူ႔ကတ္ကိုထုတ္လိုက္ခ်ိန္ မနာလိုေနေသာအၾကၫ့္မ်ားစြာက သူတို႔ထံက်ေရာက္လာသည္။

“လက္စသတ္ေတာ့ ‌သူေဌးႀကီးဆိုရင္ေတာင္ သူ႔ကိုယ္ပိုင္ေမာလ္မွာဝယ္ရင္ ပိုက္ဆံရွင္းရတာပဲ..“ တစ္ေန့လယ္လံုး ေဈးဝယ္ထြက္ၿပီးေနာက္တြင္ အႏွီစံုတြဲက ကေဖးဆိုင္ေကာင္းေကာင္းတစ္ခုတြင္ တစ္ခ်က္နားလိုက္ၾကသည္။ နဉ္ရွီက ေကာ္ဖီတစ္ငံုေသာက္လိုက္သည္။ “ရွင္က လက္ကေလးရမ္းၿပီး ကြၽန္မႀကိဳက္တာယူသြားခိုင္းရံုပဲ လို႔ ထင္လိုက္တာ”

“ကိုယ္အဲ့လိုလုပ္လိုက္ရင္ ဝန္ထမ္းအတြက္ နစ္နာသြားမွာေပါ့” ခ်န္းရွီေကြ့ ရွင္းျပလိုက္သည္။ “ေငြေၾကးစာရင္းနဲ႔ပတ္သက္ၿပီး အပိုျပႆနာေတြတက္သြားလိမ့္မယ္။ ဒီနည္းလမ္းနဲ႔ဆို ပိုအဆင္ေျပသြားတာေပါ့..”

သူတို႔အတြဲ၏စကားဝိုင္းက တျခားသူေတြအတြက္ ပ်င္းစရာေကာင္းေနႏိုင္သည္။ သို႔ေပမဲ့ ထိုစံုတြဲကေတာ့ သူတို႔ကိုယ္ပိုင္ကမ႓ာေလးထဲ နစ္ေျမာေနၾကေလ၏။ နဉ္ရွီက  လႊမ္းမိုးတတ္ေသာ CEO ဇာတ္လမ္းမ်ားရိွ ဇာတ္အိမ္အေၾကာင္းကို ရံဖန္ရံခါ‌ေျပာေလ့ရိွၿပီး ခ်န္းရွီေကြ့ကေတာ့ မ်က္ႏွာႀကီးမည္းေမွာင္လာကာ ျပန္ေျဖဖို႔မတတ္ႏိုင္ျဖစ္သြားေတာ့သည္။

သူ႔ေကာင္မေလးအူျမဴးေနတာကို ျမင္ေတာ့ ခ်န္းရွီေကြ့က ညည္းၫူရံုသာ တတ္ႏိုင္ေတာ့သည္။ “ဒီဟာေတြက ဇာတ္‌လမ္းလိုအပ္ခ်က္ေတြပဲေလ။ တကယ္လို႔ ဝတၴုနဲ႔ဒရာမာေတြက လက္ေတြ့ေလာကနဲ႔ လံုးဝဥႆံု ထပ္တူက်ေနမယ္ဆိုရင္ ဘယ္သူက ဝတၴုေတြဖတ္ၿပီး ဒရာမာ‌ေတြၾကၫ့္ေနေတာ့မွာလဲ? ဒီဇာတ္ေၾကာင္းေတြက လက္ေတြ့ေလာကကို မထင္ဟပ္ေစႏိုင္ေပမယ့္လည္း အနည္းအက်ဥ္း သက္ေရာက္မႈရိွတယ္ဆိုေတာ့ မဆိုးပါဘူး..”

နဉ္ရွီက သူ၏ေလးေလးနက္နက္အၾကၫ့္ေၾကာင့္ မေနႏိုင္ဘဲ ရယ္မိေတာ့သည္။ သူမ၏မ်က္ႏွာထားတည္ေနတတ္ေသာ ေကာင္ေလးကို စရသည္မွာ ေပ်ာ္စရာေကာင္းသည္ပင္။

“အစ္မလ်န္၊ အဲ့ဒါ နဉ္ရွီနဲ႔သူ႔ခ်စ္သူ မဟုတ္လား?”

လ်န္ခ်န္ယာက သူမလက္ေထာက္၏စကားသံကိုၾကားေတာ့ သူမေျပာသၫ့္ေနရာကို ၾကၫ့္လိုက္သည္။ ေထာင့္နားမွာထိုင္ေနသည္က စံုတြဲႏွစ္ေယာက္ပင္။ ေယာက္်ားေလးက ခန႔္ညားသိမ္ေမြ့ၿပီး မိန္းကေလးကေတာ့ လွပၿပီးဣႁႏၵေရိွလွ၏။ ထိုျမင္ကြင္းကို သရုပ္ေဖာ္ရန္ “‌နတ္ဖက္သၫ့္စံုတြဲ” ဟူေသာ စကားစုကိုသာ ေတြးမိၾကလိမ့္မည္။

နဉ္ရွီမဟုတ္လို႔ ဘယ္သူျဖစ္ရမလဲ?

လ်န္ခ်န္ယာ၏ နဉ္ရွီအေပၚ ထားရိွသၫ့္ ခံစားခ်က္ေတြက အတန္ငယ္ရႈပ္‌ေထြးေန၏။ လြန္ခဲ့ေသာႏွစ္ႏွစ္က သူမဟာ “ကိုယ့္ႏွလံုးသားက မင္းကိုပဲတမ္းတေနမိတယ္” ဇာတ္ကားအတြက္ အမ်ိဳးသမီးဇာတ္လိုက္အျဖစ္ သရုပ္ေဆာင္ခ်ိန္ နဉ္ရွီက ဇာတ္ဝင္ခန္းအနည္းငယ္သာ သရုပ္ေဆာင္ခဲ့ရ၏။ သူတို႔ႏွစ္ေယာက္လံုး အတူရိုက္ရသၫ့္အခန္းပင္မရိွ။ သို႔ေသာ္ ႏွစ္ႏွစ္အတြင္းမွာပင္ နဉ္ရွီက နာမည္ႀကီးဒါရိုက္တာမ်ားႏွင့္ အလုပ္တြဲလုပ္ၿပီး အဓိကဇာတ္ေဆာင္ေနရာတြင္ သရုပ္ေဆာင္ခြင့္ရခဲ့ရံုသာမက ေအာင္ျမင္လွသၫ့္ ႏိုင္ငံျခားရုပ္ရွင္ထုတ္လုပ္ေရးတြင္လည္း အေရးပါေသာက႑မွ ပါဝင္သရုပ္ေဆာင္ခြင့္ ရခဲ့ေသးသည္။ သူမ၏အခ်စ္ေရးဘဝကေတာင္ မေရမတြက္ႏိုင္ေသာအမ်ိဳးသမီးေပါင္းမ်ားစြာ၏ မနာလိုျခင္းကိုခံေနရေလ၏။ ကမ႓ာေပၚရိွ အေကာင္းဆံုးအရာအားလံုး သူမကိုေပးထားသလိုပင္။

အႏုပညာေလာက၌ နဉ္ရွီ၏ပထမဆံုးဆုကို လ်န္ခ်န္ယာမွေပးအပ္ခဲ့ျခင္းျဖစ္သည္။ သို႔ေပသိ နဉ္ရွီ၏အတိတ္ဇာတ္ေၾကာင္းကို သူမသိလိုက္ရခ်ိန္ သူမခံစားရသၫ့္ မနာလိုမႈေတြက ‌ကြယ္ေပ်ာက္သြားၿပီး အႏွီသရုပ္ေဆာင္ငယ္ေလးအတြက္ ရင္နာသြားရသည္။

လူတခ်ိဳ႕က ေကာင္းကင္ဘံုမွ ေကာင္းခ်ီးေပးခံရပံုေပါက္ေပမယ့္ သူမ ယခုလက္ရိွေနရာကို ေရာက္ဖို႔အတြက္ ဘယ္ေလာက္ေတာင္ နာက်င္ခံစားခဲ့ရလဲဆိုတာ ဘယ္သူသိမွာလဲ? လ်န္ခ်န္ယာက နဉ္ရွီ၏ကံေကာင္းျခင္းကို မနာလိုအားက်ရံုသာတတ္ႏိုင္၏။

“ညီမတို႔ သြားႏႈတ္ဆက္သင့္လား?” လက္ေထာက္က စိတ္လႈပ္ရွားေန၏။ “သူ႔ေဘးမွာရိွေနတာက ခ်န္းလုပ္ငန္းစုရဲ့ဥကၠဌပဲ”

“သူက ခ်န္းလုပ္ငန္းစုရဲ့သူေဌးဆိုရင္ေတာင္မွ နဉ္ရွီရဲ့ခ်စ္‌သူျဖစ္ေနတုန္းပဲေလ” လ်န္ခ်န္ယာက သူမအၾကၫ့္ကို ျပန္ရုတ္သိမ္းလိုက္သည္။ “အစ္မအဲ့ဒီကိုသြားၿပီး တတိယမီးသီးသြားလုပ္မွာမဟုတ္ဘူး..” ဤစကားေျပာၿပီးေတာ့ သူမဖုန္းေပၚတြင္ notification တစ္ခုက ေပၚလာ၏။

“မစၥက်ူးတစ္ေယာက္ ေဆးလက္ဝယ္ပိုင္ဆိုင္မႈအတြက္ သံသယရိွသျဖင့္ ဖမ္းဆီးခံထားရ..”

လ်န္ခ်န္ယာက ထို notification ကို ျမင္လိုက္ရခ်ိန္ စိတ္ပ်က္စြာ ေခါင္းခါလိုက္သည္။ က်ူးမိုလီက သိသိသာသာကို ေရတိမ္နစ္သြားၿပီပဲ။ မႏွစ္က က်ူးမိုလီက က်င္းဟုန္ခိုင္၏ေထာက္ပံ့မႈအေပၚမွီခိုၿပီး အလြန္အမင္းေမာက္မာခဲ့၏။ “အစစ္အမွန္” ဟူသၫ့္ အသြင္ေအာက္ သူမက celebrities ေပါင္းမ်ားစြာကို အႏိုင္က်င့္ခဲ့သည္။ ၾကည့္ရတာ သူမမွာ ဒီလိုေန့မ်ိဳးမရိွခဲ့ေလာက္ဟု မေတြးခဲ့မိတာ ျဖစ္ေကာင္းျဖစ္ႏိုင္သည္။

လက္ေထာက္ကလည္း အလားတူnotificationကို လက္ခံရရိွခဲ့သည္။ သူမ ထိုစာကို ဖတ္ၿပီးသြားေတာ့ တီးတိုးေျပာလိုက္သည္။ “အစ္မလ်န္၊ ညီမ ေကာလာဟလၾကားမိတာ က်ူးမိုလီအဖမ္းခံရတာနဲ႔ပတ္သက္ၿပီး ရဲကိုတိုင္လိုက္တဲ့သူက နဉ္ရွီတဲ့ေလ...”

လ်န္ခ်န္ယာ၏အမူအရာက အံု႔မိႈင္းသြားၿပီး ေျပာလိုက္သည္။ “ဒီအေၾကာင္း ေနာက္တစ္ခါ ဘယ္ေတာ့မွ ထပ္မေျပာမိေစနဲ႔။ ေကာလာဟလဆိုတာ မယံုရဘူး..”

“အို႔” လက္ေထာက္က လ်န္ခ်န္ယာ၏မည္းေမွာင္ေနေသာ အမူအရာကိုျမင္ေတာ့ ထိုအေၾကာင္းကို ထပ္မေျပာရဲေတာ့ေပ။ သူမစား‌ေနသၫ့္ကိတ္ကို တစ္ကိုက္ကိုက္လိုက္ၿပီး ျပန္ေမာ့ၾကၫ့္လိုက္ေတာ့ အစ္မလ်န္မ်က္ႏွာထက္ ျဖတ္ေျပးသြားသၫ့္ ေပ်ာ္ရႊင္မႈအရိပ္အေယာင္ကို သူမေတြ့လိုက္ရသည္။

သူမ မသကၤာျဖစ္သြားေပမယ့္ သိပ္မေတြးေနေတာ့ဘဲ ထိုကိစၥကို ျမန္ျမန္ဆန္ဆန္ပင္ ေမ့သြားေတာ့သည္။

လ်န္ခ်န္ယာက နဉ္ရွီထံ တမင္သက္သက္ မသြားလိုက္ေပမယ့္ နဉ္ရွီႏွင့္ခ်န္းရွီေကြ့ ထြက္လာသၫ့္အခ်ိန္ လ်န္ခ်န္ယာကို ေတြ့သြားၾက၏။

“အစ္မလ်န္၊ တိုက္ဆိုင္လိုက္တာ” နဉ္ရွီက လ်န္ခ်န္ယာဆီ လမ္းေလ်ွာက္သြားၿပီး စကားစျမည္သြား‌ေျပာလိုက္သည္။ လ်န္ခ်န္ယာက သူမအေပၚ ေဖာ္ေဖာ္ေရြေရြရိွသျဖင့္ အေျခအေနက ေတာ္ေတာ္ေလး သဟဇာတျဖစ္လို႔ေနသည္။

သို႔ေသာ္ နဉ္ရွီမထြက္သြားမီ လ်န္ခ်န္ယာ၏ဖုန္းကျမည္လာၿပီး စာတစ္ေစာင္က စခရင္ထက္တြင္ ေပၚလာ၏။ အၾကၫ့္တစ္ခ်က္နဲ႔တင္ နဉ္ရွီက “က်ူးမိုလီ” ဆိုသၫ့္ စာလံုးကို ေတြ့လိုက္ရသည္။

လ်န္ခ်န္ယာလည္း သတိထားမိလိုက္သည္။ သူမက တဒဂၤမ်ွ အံ့အားသင့္သြားေပမယ့္ ၿပံဳးလိုက္ကာ စကားလမ္းေၾကာင္းလႊဲလိုက္သည္။ “တို႔ၾကားမိတာ မင္း ေနာက္တစ္ခါက်ရင္ ဆရာက်န္းရိမင္နဲ႔အတူတြဲလုပ္ရမွာဆို။ ကြန္ဂရက္က်ူေလးရွင္းပါေနာ္..”

“ေက်းဇူးပါ” နဉ္ရွီ ေခါင္းညိတ္လိုက္သည္။ “အဲ့ဆို စကားဆက္ေျပာလိုက္ၾကပါအံုး၊ ကြၽန္မအရင္သြားေတာ့မယ္..”

“ဂရုစိုက္အံုးေနာ္” နဉ္ရွီက ခ်န္းရွီေကြ့ဆီ ေရာက္သည္အထိ ေလ်ွာက္သြားတာကို လ်န္ခ်န္ယာၾကၫ့္ေနခဲ့သည္။ ခ်န္းရွီေကြ့က သူမလက္ကိုကိုင္လိုက္ၿပီး ႏွစ္‌ေယာက္သား လက္တြဲလ်က္ ကေဖးမွ ထြက္သြားေတာ့သည္။

“သူတို႔ဆက္ဆံေရးက ေကာင္းလိုက္တာေနာ္” လက္ေထာက္က သက္ျပင္းခ်လိုက္သည္။ “ခုနက နဉ္ရွီ အစ္မကိုစကားေျပာေနတုန္းက မစၥတာခ်န္းရဲ့မ်က္လံုးေတြက နဉ္ရွီဆီကေန နည္းနည္းမွကိုမခြာတာ... ၿပီးေတာ့ သူ႔ရဲ့အၿပံဳးကလည္း လံုးဝကိုညင္သာေနတာကို ညီမသတိထားမိခဲ့တယ္..”

“အဲ့ဒါ ေကာင္းတဲ့ကိစၥမဟုတ္ဘူးလား?” လ်န္ခ်န္ယာက ဖုန္းဖြင့္လိုက္သည္။ ေဖ်ာ္ေျဖေရးကုမၸဏီတစ္ခုမွ တက္လာသၫ့္ မက္ေဆ့ခ္်တစ္ခုပင္။ က်ူးမိုလီအေၾကာင္း ေျပာထားတာ အနည္းငယ္ရိွေသာ္ျငား နဉ္ရွီရဲ့နာမည္ကိုေတာ့ ဘယ္သူမွထၫ့္မေျပာထားေပ။

လ်န္ခ်န္ယာက စိတ္ရႈပ္ခံၿပီး ဆက္ဖတ္မေနေတာ့ေပ။ သူမဖုန္းပိတ္လိုက္ၿပီး ၾကက္ေသြးေရာင္ႏႈတ္ခမ္းက အၿပံဳးအျဖစ္ေကြးတက္သြားသည္။

ဤကား တစ္စံုတစ္ေယာက္ကို မည္သည့္အေျခအေနမ်ိဳးမွာမဆို မပစ္ပယ္ခဲ့ျခင္း၏ ရလဒ္ျဖစ္ေလ၏။ သူမအတြက္လည္း သင္ခန္းစာတစ္ခုျဖစ္ေပ၏။
_____________

Seguir leyendo

También te gustarán

226K 19.9K 54
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
107K 8.9K 153
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...
28.4K 2.8K 19
Genre-comedy,drama,josei,romance,school life,slice of life Chapters-98chapters+21extras I do not own this story.All credits go to original author.
235K 25.9K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...