နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

By Lazy_Little_Meow

157K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... More

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [82.2]

768 108 9
By Lazy_Little_Meow

Translated by Melinoe_Megami

[Unicode]

အပိုင်း (၈၂.၂)

ရဲမေက ကျူးမိုလီ၏ အခြေအနေကို သေချာအကဲခတ်လိုက်သည်။ သူမ၏ ဆံပင်များ ရှုပ်ပွနေပြီး မျက်နှာကလည်း မိတ်ကပ်ပင် မလိမ်းထားဘဲ ဝါကြန့်ကြန့်ဖြစ်နေသည်။ ထို့အပြင် ကြွေမွနေသည့် ညဝတ်အင်္ကျီကို ဝတ်ဆင်ထားပြီး အမူအရာက စိတ်မရှည်သလိုလို စိတ်လှုပ်ရှားနေသလိုလိုဖြင့် ဂနာမငြိမ် ဖြစ်နေသည်။ သူမကို တစ်ယောက်ယောက်က ချုပ်ကိုင်နေခြင်းများလားဟု ရဲမေက ကောက်ချက်ချလိုက်ပြီး ခါးမှ ဆက်သွယ်ရေးစက်ဖြင့် ရဲစခန်းသို့ အကူအညီ လှမ်းတောင်းလိုက်သည်။

လောလောဆယ် သူတို့ဘက်မှ လူအင်အားနှစ်ဦးသာ ရှိပြီး အိမ်ထဲတွင် တစ်ယောက်ယောက် ပုန်းအောင်းနေမလား မသေချာသေးသောကြောင့် သူတို့က အလျင်စလို မဝင်သွားရဲပေ။ သို့သော် ကျူးမိုလီ အသက်အန္တရာယ်မရှိကြောင်း သေချာစေရန်အတွက်လည်း ထွက်မသွားရဲခဲ့ပေ။ သို့ဖြစ်ရာ ကျူးမိုလီနှင့် စကားပြောရင်း အတတ်နိုင်ဆုံး အချိန်ဆွဲလိုက်ကြသည်။

အစပိုင်းတွင် ကျူးမိုလီက ဘာကိုမှ သတိမပြုမိခဲ့ပေ။ သို့သော် ရဲနှစ်ယောက်က သူမ၏အိမ်ရှေ့မှ ထွက်သွားရန် ဆန္ဒမရှိကြောင်း သတိပြုမိလိုက်သည်နှင့် သံသယဝင်လာတော့သည်။ “ရှင်တို့ ဘာလုပ်မလို့ ကြိုးစားနေတာလဲ..? ကျွန်မ အဆင်ပြေတယ်လို့ ပြောနေတယ်လေ.. အားအားယားယား စကားပြောနိုင်တဲ့အထိ ရှင်တို့ရဲတွေ အရမ်းအားနေကြတာလား..?”

ရဲနှစ်ယောက်လုံး Bodycam (ရင်ဘတ်တွင် တပ်ဆင်ထားသည့် ရဲအသုံးအဆောင် ကင်မရာအသေး) ကို ဖွင့်လိုက်ကြသည်။ ကျူးမိုလီ၏ စိတ်မရှည်သော လေသံကြောင့် သူတို့ မှားယွင်းသံသယဝင်မိတာလားဟု တွေးလာကြသည်။ ဧကန္တ ဤအနုပညာရှင်က တကယ်ကြီး  အဆင်ပြေနေခြင်းလော။

ကျူးမိုလီက သူတို့ကို အော်ငေါက်နေသော်လည်း ရဲနှစ်ယောက်က သူမကို ပြန်မပြောနိုင်ခဲ့ပေ။ သူတို့ လှည့်ထွက်တော့မည့်အချိန် အိမ်ထဲမှ အသံတစ်ခု ကြားလိုက်ရသည်။

ထိုအချိန်မှာတော့ ရဲသားလည်း သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။ ကျူးမိုလီကို အိမ်ထဲမှ ဆွဲထုတ်လိုက်ပြီး သူမ၏အနောက်မှ တံခါးကို ပိတ်ပစ်လိုက်သည်။ ပြီးနောက် ကျူးမိုလီကို ကာကွယ်ပေးရင်း တံခါးအနီးမှ ဆုတ်ခွာလာလိုက်သည်။

“ရှင်တို့ ဘာလုပ်တာလဲ..?” ကျူးမိုလီလည်း သူမ၏ ကိုယ်ပိုင်တိုက်ခန်းထဲမှ သူမကို ဆွဲထုတ်ပစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ “ရှင်တို့ကိုယ်ရှင်တို့ ရဲဆိုပြီး အပြင်လူတွေကို အကြမ်းဖက်လို့ရမယ်မထင်နဲ့.. ကျွန်မ ရှင်တို့ကို တိုင်ပစ်လိုက်လို့ရတယ်..”

“မစ်ကျူး.. ကျွန်တော်တို့လည်း ခင်ဗျားရဲ့ လုံခြုံရေးအတွက် လုပ်နေရတာပါ.. တစ်ခါအတိုင်ခံရတာနဲ့ ခင်ဗျားရဲ့ လုံခြုံရေးကို လဲလှယ်နိုင်မယ်ဆိုရင် ကျွန်တော်က အတိုင်ခံပြီး ဆက်လုပ်ဦးမှာပါပဲ..” ရဲသားက ရဲမေကို ကျူးမိုလီအား ကာကွယ်ထားရန် အချက်ပြလိုက်ပြီး တံခါးအနား တိုးကပ်သွားသည်။ သူက တံခါးပေါ် မျက်နှာအပ်ကာ အိမ်ထဲမှ လှုပ်ရှားမှုများကို နားထောင်ကြည့်လိုက်သည်။ သို့သော် ဘာအသံမှ ထပ်မကြားရတော့ပေ။

သူက နောက်လှည့်ကာ ကျူးမိုလီကို ကြည့်လိုက်သည်။ ကျူးမိုလီ၏ မျက်နှာက မည်းမှောင်နေသဖြင့် သူလည်း တောင်းပန်ရုံသာ တတ်နိုင်‌တော့သည်။ “မစ်ကျူး.. ကျွန်တော်တို့ နားလည်မှုလွဲသွားတာပါ.. ခင်ဗျား အနားယူနေတာကို အနှောင့်အယှက်ပေးမိတဲ့ အတွက် တကယ် စိတ်မကောင်းပါဘူး..”

“ရတယ်.. ရှင်တို့နဲ့ ထပ်မပတ်သက်ချင်တော့ဘူး..” ကျူးမိုလီက ရဲနှစ်ယောက်ကို အထင်သေးစွာ ကြည့်လိုက်ပြီးနောက် သော့ရှာကြည့်လိုက်သည်။ ထိုအခါမှ သူမက ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး သော့မယူလာမိမှန်း သတိရသွားသည်။

“ဒါ ဘာလဲ..?” ရဲမေက ကျူးမိုလီထံမှ ပြုတ်ကျသွားသော အဖြူရောင်အမှုန့်ထုပ်ကို သတိပြုမိသွားပြီး ကုန်းကောက်လိုက်သည်။

“ကျွန်မပစ္စည်းတွေကို လိုက်မထိနဲ့..!” ထိုအခြင်းအရာကို မြင်လိုက်ရသည့်အခခိုက် ကျူးမိုလီမှာ မျက်နှာပျက်ယွင်းသွားပြီး အထုပ်ကို ပြန်ဆွဲယူရန် ကြိုးစားလိုက်သည်။ သို့သော် ရဲမေက ဘေးလှည့်ကာ ကျူးမိုလီ၏လက်ကို ရှောင်တိမ်းလိုက်သည်။

ထိုအချိန်မှာပင် ရဲဌာနမှ အကူများ ရောက်လာခဲ့သည်။ လက်နက်အပြည့်တပ်ဆင်ထားသည့် ရဲလေးယောက် ရဲကားထဲမှ ထွက်လာသည်။ ရဲများ၏ လက်ထဲမှ သေနတ်ကို မြင်လိုက်သည်နှင့် ကျူးမိုလီက မသိစိတ်အရ ထွက်ပြေးရန်ပြင်သည်။ သို့သော် ရဲမေက သူမကို ဖမ်းဆွဲထားခဲ့သည်။

“မစ်ကျူး.. စိတ်မကောင်းပါဘူး.. ရဲစခန်းကို ကျွန်မတို့နဲ့အတူ လိုက်ခဲ့ရမယ်ထင်တယ်..” ရဲမေက ကျူးမိုလီ၏လက်ကို အနောက်ဘက်တွင် ချုပ်လိုက်ပြီး ဘာအကြောင်းပြချက်မှ ခွင့်မပြုတော့ဟန်ဖြင့် ရဲကားထဲ တွန်းထည့်လိုက်သည်။ ပတ်ဝန်းကျင်တွင် နေထိုင်သူများနှင့် တိုက်ခန်း၏ တာဝန်ရှိသူပင် ရဲကားထွက်ခွာသွားချိန်အထိ ဘာမှမတုံ့ပြန်နိုင်ခဲ့ပေ။

“ရဲလက်ထဲမှ အဖြူရောင်အမှုန့်ထုပ်က ဟိုဟာများ……”

“ငါကြားတာတော့ ဒီသရုပ်ဆောင်က ဇာတ်ကားမရိုက်ရတော့တာ အတော်ကြာပြီတဲ့.. ကြည့်ရတာ ဖိအားတွေများပြီး ပြန်လှည့်လို့မရတော့တဲ့ လမ်းကို လျှောက်သွားတဲ့ပုံပဲ..”

“ဒီလောကကြီးမှာ ဘယ်သူကများ စိတ်မပင်ပန်းရတာ ရှိလို့လဲ..? လူတိုင်း အဲ့တစ်ယောက်လို ဖြစ်နေလို့လား..? ပြီးတော့ သူက လူထုပုံရိပ်ပဲလေ.. လူငယ်တွေ အတုခိုးမှားကုန်တော့မှာပဲ..”

ထိုပတ်ဝန်းကျင်တွင် နေထိုင်သူများက ချမ်းသာသူများ ဖြစ်ကြ၏။ ထိုဖြစ်ရပ်က လူအများ၏ နားထဲသို့ လျင်မြန်စွာ ပြန့်နှံ့သွားပြီး မီဒီယာများလည်း သတင်းအစအန ရသွားသောကြောင့် ရဲစခန်းနှင့် ထိုအိမ်ရာသို့ အပြေးသွားတာ သတင်းယူကြတော့သည်။

“သူဌေး.. နဉ်ရှီက ခေါ်ထားတဲ့နေရာကို ရောက်မလာခဲ့ဘူး.. ကျူးမိုလီကို ရဲဖမ်းသွားပြီ..”

နီယွန်မီးအလင်းအောက်တွင် ထိုင်နေသော အမျိုးသားက ထိုသတင်းကို ကြားလိုက်ရချိန်တွင် စိတ်အေးလက်အေး မျက်ခုံးပင့်လိုက်ရင်း.. “ကောင်းပြီ..”

ဖုန်းချပြီးနောက် သူက သူ၏ဘေးတွင် ထိုင်နေသော ညီဖြစ်သူကို လှမ်းပြောလိုက်သည်။ “ကြည့်ရတာတော့ မင်းက သူ့အဖေ သေဆုံးမှုရဲ့ နောက်ကွယ်က တရားခံဆိုတာ နဉ်ရှီ မသိသေးတဲ့ပုံပဲ..”

နဉ်ရှီသာ ထိုအကြောင်းသိနေလျှင် ကျူးမိုလီ ဖုန်းဆက်လာချိန်တွင် အရေးသိပ်မထားဘဲ ရဲစခန်းသို့ ဖုန်းဆက်တိုင်ကြားရုံလောက် လုပ်လိမ့်မည်မဟုတ်ပေ။

“ဟုတ်လောက်မယ်.. သူ့လို မင်းသမီးတစ်ယောက်က ဘာသိမှာလဲ..?” ကျင်းဟုန်ခိုင်က မဲ့ပြုံးပြုံးလိုက်ရင်း.. “အစ်ကို.. ဒီကိစ္စကို စိတ်ပူနေမယ့်အစား မရီးကို စိတ်ပြောင်းအောင်လုပ်ဖို့ ဘာလို့ နည်းလမ်းမရှာတာလဲ..? အခုဆို ချန်းမိသားစုက ကျင်းမိသားစုနဲ့ အလုပ်တွဲမလုပ်ချင်တော့ ကျွန်တော် အရက်ထွက်သောက်ဖို့တောင် လူရှာမရတော့ဘူး..”

ကျင်းယွင်ဖုန်းက သူ၏ ညီဖြစ်သူကို စိတ်ပျက်လက်ပျက် စိုက်ကြည့်လိုက်သည်။ သူက မျက်မှောင်ကြုတ်ကာ “မင်ယက လွယ်လွယ်နဲ့ စိတ်ပြောင်းမှာ မဟုတ်ဘူး..”

“ကျင်းချန်ကရော.. သူ့အမေနောက် ပါသွားပြီလား..?” ကျင်းဟုန်ခိုင်က စီးကရက်ကို မီးညှိကာ ဘဝင်မကျသည့် လေသံဖြင့် ပြောလိုက်သည်။ “သူက ကျွန်တော်တို့ ကျင်းမိသားစုဝင်လေ.. ဘယ်လိုဖြစ်ပြီး ထောင်မိသားစုဆီ လိုက်သွားတာလဲ..?”

“နေစမ်းပါကွာ.. ငါဘာလုပ်ရမလဲ ငါသိတယ်..” ကျင်းယွမ်ဖုန်းက သူ၏ညီကို စိတ်မရှည်စွာ ကြည့်လိုက်သည်။ “ဆေးလိပ်သောက်ချင်ရင် အပြင်ထွက်သောက်..”

ကျင်းဟုန်ခိုင်က သူ့အစ်ကို၏ စကားကြောင့် စိတ်မဆိုးပေ။ အခန်းထဲမှ စိတ်အေးလက်အေး ထွက်သွားသည်။ တံခါးအပြင်သို့ ရောက်သည်နှင့် သူ၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး ကားသော့ကို လှည့်ကာ အပျော်ရှာရန် ထွက်သွားတော့သည်။

ကျူးမိုလီ အဖမ်းခံရပြီး သိပ်မကြာခင်မှာပင် မီဒီယာများက ကျူးမိုလီဟာ ဆေးလက်ဝယ်ပိုင်ဆိုင်ထားမှုဖြင့် အဖမ်းခံလိုက်ရကြောင်း တင်ကြတော့သည်။ တချို့သတင်းထောက်များဆိုလျှင် မျက်မြင်တွေ့လိုက်ရသည့် လူများထံသို့ ဆက်သွယ်ပြီး ဓာတ်ပုံရရန်ပင် ကြိုးစားခဲ့ကြသည်။

ဤသို့ဖြင့် ရဲမေထံမှ ဖိကပ်ဖမ်းချုပ်ခံထားရသော ကျူးမိုလီ၏ ဖြူဖျော့ဖျော့ ဖရိုဖရဲဖြစ်နေပုံကို လူတိုင်း မြင်သွားကြသည်။ အစက ကောလဟာလထင်ပြီး မယုံကြည်ခဲ့သော လူများပင် ကျူးမိုလီ အဖမ်းခံလိုက်ရကြောင်း ယုံကြည်သွားတော့သည်။ သို့သော် ဆေးလက်ဝယ်ပိုင်ဆိုင်မှုကြောင့် အဖမ်းခံရခြင်းဟုတ်မဟုတ် မသေချာသေးပေ။

ရဲစခန်းသို့ သည်အတိုင်းလေး ဖုန်းဆက်သတင်းပို့လိုက်ရုံဖြင့် ယခုလို အခြေအနေမျိုး ဖြစ်သွားလိမ့်မည်ဟု နဉ်ရှီပင် မမျှော်လင့်ထားခဲ့ချေ။ ကျူးမိုလီက ဆေးကို အိမ်မှာသိမ်းထားရဲသည်အထိ ရူးမိုက်လွန်းသည်။

ကျူးမိုလီက နဉ်ရှီ သူမကို ထောင်ချောက်ဆင်ခဲ့တာပါဟု ထွက်ဆိုခဲ့ပြီး ထိုကြောင့်သာ မဟုတ်လှျင် နဉ်ရှီလည်း ထိုဆေးမှုအကြောင်း သိဦးမည်မဟုတ်ပေ။ နဉ်ရှီသည္ ရဲစန်းသို့ သူမ၏အမှုအတွက် သွားရောက်ရန် ရက်ချိန်းရှိပြီးသားပင်။ သူမက လူထုပုံရိပ်ဖြစ်ပြီး ကျူးမိုလီ၏ စွပ်စွဲချက်က မခိုင်လုံသဖြင့် ရဲစခန်းက ထိုစွပ်စွဲချက်အတွက် နဉ်ရှီ၏အိမ်သို့ ရဲနှစ်ဦး သီးသန့်စေလွှတ်ကာ စာရွက်စာတမ်းများ ယူဆောင်ခိုင်းရင်း နဉ်ရှီ ရဲစခန်းသွားရသည့်အချိန် ပြဿနာမပေါ်အောင် စီစဉ်ပေးခဲ့သည်။

သူမ၏အိမ်သို့ ရဲဝန်ထမ်းများ တစ်ရက်တည်းတွင် နှစ်ကြိမ်ရောက်လာသဖြင့် နဉ်ရှီအတွက် တမူထူးခြားသည့် အတွေ့အကြုံတစ်ခု ဖြစ်ခဲ့သည်။ သို့သော် နဉ်ရှီက များများစားစား ဖြေရှင်းမလိုခဲ့ပေ။ ရဲဘက်မှ မေးမြန်းလာချိန်တွင် အရာအားလုံး ရှင်းရှင်းလင်းလင်း ဖြစ်စေခဲ့သည်။

‘ကျွန်မနဲ့ မစ်ကျူးက အနုပညာရှင်တွေပဲလေ.. ကျွန်မ တက်သစ်စလေးတုန်းက အလုပ်တူတူလုပ်ခဲ့ဖူးတယ်.. မစ်ကျူးက တစ်ခုခုကို မကျေမနပ်ဖြစ်နေပုံပဲ.. အဲ့ကတလည်းက ကျွန်မအပေါ် အမြင်မကြည်ဘူး..” နဉ်ရှီက ခြောက်ကပ်ကပ် ရယ်လိုက်ရင်း.. “သူ(မ) ကျွန်မကို ဘယ်လောက်ကြည့်မရဖြစ်နေလဲဆိုတာ ရှင်တို့လည်း အင်တာနက်ပေါ်ရှာကြည့်ရင် တွေ့ကြမှာပါ..”

ရဲဝန်ထမ်းက ခေါင်းညိတ်လိုက်သည်။ သူတို့အားလုံး ကျူးမိုလီ၏ ရိုင်းစိုင်းကြမ်းတမ်းသော အကျင့်စရိုက်နှင့် ဘယ်လောက်ဆိုးဝါးသလဲဆိုတာကို မျက်မြင်ကိုယ်တွေ့ မြင်ကြရပြီးသားပင်။ တစ်ဖက်တွင်တော့ နဉ်ရှီက နူးညံ့သိမ်မွေ့သည်။ သူမ တက်သစ်စအချိန်တွင် ကျူးမိုလီ၏ လက်အောက်၌ မည်မျှခံစားခဲ့ရလိမ့်မလဲ မည်သူမျှ တွေးမရတော့ပေ။

“ရိုးရိုးသားသားပြောရရင် ဒီနေ့ ကျွန်မကို ဖုန်းခေါ်လာတော့ ကျွန်မရဲ့စိတ်ထဲ အရမ်းထူးဆန်းနေလို ခံစားလိုက်ရတယ်.. အဲ့တာကြောင့် အသံဖမ်းထားခဲ့သေးတယ်..” နဉ်ရှီက ရဲသားနှစ်ဦးကို မချိပြုံးပြုံးပြလိုက်ရင်း.. “တကယ်ဆိုရင် ကျွန်မ အဲ့လိုမျိုး မလုပ်ထားသင့်ပါဘူး.. ဒါပေမဲ့ မစ်ကျူးက အမြဲတမ်း……. အမ်း အဲ့တာကြောင့် ကျွန်မလည်း ကြောက်တာနဲ့…”

ရဲဝန်ထမ်းက သူ နားလည်ကြောင်း ထပ်မံခေါင်းညိတ်ပြခိုက်သည်။ သူလည်း အနုပညာလောက၏ အရှုပ်အထွေးများကို ကြားခဲ့ဖူးသည်ဖြစ်ရာ နဉ်ရှီ သတိထားနေခြင်းက ပုံမှန်လုပ်ရပ်ပင်။ “မစ်နဉ် အဆင်ပြေမယ်ဆိုရင် ကျွန်တော်တို့ကို အသံဖိုင်ကော်ပီတစ်ခုလောက် ပေးလို့ရမလား..”

“ရပါတယ်..” နဉ်ရှီက တွန့်ဆုတ်ခြင်းမရှိဘဲ သူမ၏ဖုန်းကို အနားမှာရပ်နေသော ရဲမေထံ ကမ်းပေးလိုက်သည်။

ရဲမေက ဖုန်းကို မယူပေ။ ထိုအစား ပြုံးလိုက်ရင်း.. “မစ်နဉ်.. အသံဖိုင်ပို့ပေးရင် ရပါပြီ..”

မစ်နဉ်က အရမ်းသတိမဲ့တာပဲ။ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သူမရဲ့ဖုန်းကို ဘယ်လိုလုပ် လွယ်လင့်တကူ လွှဲပေးရတာလဲ..? အဲ့တာကြောင့် ကျူးမိုလီဆီက အနိုင်ကျင့်ခံရတာ..!

“အာ… ဆောရီး..” နဉ်ရှီက ဖုန်းကို လော့ခ်ဖွင့်ကာ အသံဖိုင်ကို ရှာဖွေလိုက်သည်။ ပြီးနောက် အသံဖိုင်ကို ရဲနှစ်ယောက်ရှေ့ ဖွင့်ပြလိုက်သည်။

ဖုန်းအသံဖိုင်ကို နားထောင်ပြီးနောက် ရဲနှစ်ယောက်လုံး နှလုံးခုန်မြန်သွားသည်။ ဤကား သာမန်ဆေးမှုတစ်ခု မဟုတ်တော့ချေ။ သို့နှင့် အသံဖိုင်ကို ကော်ပီယူပြီးနောက် နဉ်ရှီအား အသံဖိုင်မဖျက်ပစ်ရန်နှင့် ပြုပြင်ပြောင်းလဲခြင်း တစ်စုံတစ်ရာမလုပ်ရန် မှာကြားလိုက်ကြသည်။ နောင်တွင် တခြားလူများက အသံဖိုင်ကို အတုလုပ်ထားတာဆိုပြီး ပြောလာနိုင်၍ပင်။

နဉ်ရှီက မတုံ့မဆိုင်း ခေါင်းညိတ်ပြလိုက်သည်။

ရဲများ ပြန်သွားပြီးနောက် နဉ်ရှီက သူမသောက်ရန် ဝိုင်တစ်ခွက် ငှဲ့လိုက်သည်။ သူမ စိတ်ကြည်လင်နေသည်။ ဝိုင်တစ်ငုံ သောက်လိုက်ပြီးနောက် သူမ၏ မျက်နှာထက်ဝယ် ကျေနပ်ပြုံးတစ်ခု ထင်ဟပ်လာခဲ့လေ၏။ ကျူးမိုလီ ဖုန်းခေါ်လာတာကို ကျေးဇူးတင်ရတော့မည်။ ထိုဖုန်းကောလ်ကြောင့်သာ ရဲဘက်မှ သံသယများ တိုးများလာခြင်းပင်။

အမှန်တရားဟူသည် တစ်သက်လုံး ဖုံးကွယ်ထား၍မရ။ မည်သို့ ဖုံးကွယ်ထားပါစေ၊ လူအများ ရှာဖွေတူးဆွနေသရွေ့ တစ်နေ့နေ့တော့ ပေါ်ထွက်လာပေလိမ့်မည်။

…………………………………………

[Zawgyi]

အပိုင္း (၈၂.၂)

ရဲေမက က်ူးမိုလီ၏ အေျခအေနကို ေသခ်ာအကဲခတ္လိုက္သည္။ သူမ၏ ဆံပင္မ်ား ရႈပ္ပြေနၿပီး မ်က္ႏွာကလည္း မိတ္ကပ္ပင္ မလိမ္းထားဘဲ ဝါၾကန႔္ၾကန႔္ျဖစ္ေနသည္။ ထို႔အျပင္ ေႂကြမြေနသၫ့္ ညဝတ္အက်ႌကို ဝတ္ဆင္ထားၿပီး အမူအရာက စိတ္မရွည္သလိုလို စိတ္လႈပ္ရွားေနသလိုလိုျဖင့္ ဂနာမၿငိမ္ ျဖစ္ေနသည္။ သူမကို တစ္ေယာက္ေယာက္က ခ်ဳပ္ကိုင္ေနျခင္းမ်ားလားဟု ရဲေမက ေကာက္ခ်က္ခ်လိုက္ၿပီး ခါးမွ ဆက္သြယ္ေရးစက္ျဖင့္ ရဲစခန္းသို႔ အကူအညီ လွမ္းေတာင္းလိုက္သည္။

ေလာေလာဆယ္ သူတို႔ဘက္မွ လူအင္အားႏွစ္ဦးသာ ရိွၿပီး အိမ္ထဲတြင္ တစ္ေယာက္ေယာက္ ပုန္းေအာင္းေနမလား မေသခ်ာေသးေသာေၾကာင့္ သူတို႔က အလ်င္စလို မဝင္သြားရဲေပ။ သို႔ေသာ္ က်ူးမိုလီ အသက္အႏၲရာယ္မရိွေၾကာင္း ေသခ်ာေစရန္အတြက္လည္း ထြက္မသြားရဲခဲ့ေပ။ သို႔ျဖစ္ရာ က်ူးမိုလီႏွင့္ စကားေျပာရင္း အတတ္ႏိုင္ဆံုး အခ်ိန္ဆြဲလိုက္ၾကသည္။

အစပိုင္းတြင္ က်ူးမိုလီက ဘာကိုမွ သတိမျပဳမိခဲ့ေပ။ သို႔ေသာ္ ရဲႏွစ္ေယာက္က သူမ၏အိမ္ေရ႔ွမွ ထြက္သြားရန္ ဆႏၵမရိွေၾကာင္း သတိျပဳမိလိုက္သည္ႏွင့္ သံသယဝင္လာေတာ့သည္။ “ရွင္တို႔ ဘာလုပ္မလို႔ ႀကိဳးစားေနတာလဲ..? ကြၽန္မ အဆင္ေျပတယ္လို႔ ေျပာေနတယ္ေလ.. အားအားယားယား စကားေျပာႏိုင္တဲ့အထိ ရွင္တို႔ရဲေတြ အရမ္းအားေနၾကတာလား..?”

ရဲႏွစ္ေယာက္လံုး Bodycam (ရင္ဘတ္တြင္ တပ္ဆင္ထားသၫ့္ ရဲအသံုးအေဆာင္ ကင္မရာအေသး) ကို ဖြင့္လိုက္ၾကသည္။ က်ူးမိုလီ၏ စိတ္မရွည္ေသာ ေလသံေၾကာင့္ သူတို႔ မွားယြင္းသံသယဝင္မိတာလားဟု ေတြးလာၾကသည္။ ဧကႏၲ ဤအႏုပညာရွင္က တကယ္ႀကီး  အဆင္ေျပေနျခင္းေလာ။

က်ူးမိုလီက သူတို႔ကို ေအာ္ေငါက္ေနေသာ္လည္း ရဲႏွစ္ေယာက္က သူမကို ျပန္မေျပာႏိုင္ခဲ့ေပ။ သူတို႔ လွၫ့္ထြက္ေတာ့မၫ့္အခ်ိန္ အိမ္ထဲမွ အသံတစ္ခု ၾကားလိုက္ရသည္။

ထိုအခ်ိန္မွာေတာ့ ရဲသားလည္း သူ႔ကိုယ္သူ မထိန္းခ်ဳပ္ႏိုင္ေတာ့ေပ။ က်ူးမိုလီကို အိမ္ထဲမွ ဆြဲထုတ္လိုက္ၿပီး သူမ၏အေနာက္မွ တံခါးကို ပိတ္ပစ္လိုက္သည္။ ၿပီးေနာက္ က်ူးမိုလီကို ကာကြယ္ေပးရင္း တံခါးအနီးမွ ဆုတ္ခြာလာလိုက္သည္။

“ရွင္တို႔ ဘာလုပ္တာလဲ..?” က်ူးမိုလီလည္း သူမ၏ ကိုယ္ပိုင္တိုက္ခန္းထဲမွ သူမကို ဆြဲထုတ္ပစ္လိမ့္မည္ဟု မထင္ထားခဲ့ေပ။ “ရွင္တို႔ကိုယ္ရွင္တို႔ ရဲဆိုၿပီး အျပင္လူေတြကို အၾကမ္းဖက္လို႔ရမယ္မထင္နဲ႔.. ကြၽန္မ ရွင္တို႔ကို တိုင္ပစ္လိုက္လို႔ရတယ္..”

“မစ္က်ူး.. ကြၽန္ေတာ္တို႔လည္း ခင္ဗ်ားရဲ့ လံုၿခံဳေရးအတြက္ လုပ္ေနရတာပါ.. တစ္ခါအတိုင္ခံရတာနဲ႔ ခင္ဗ်ားရဲ့ လံုၿခံဳေရးကို လဲလွယ္ႏိုင္မယ္ဆိုရင္ ကြၽန္ေတာ္က အတိုင္ခံၿပီး ဆက္လုပ္ဦးမွာပါပဲ..” ရဲသားက ရဲေမကို က်ူးမိုလီအား ကာကြယ္ထားရန္ အခ်က္ျပလိုက္ၿပီး တံခါးအနား တိုးကပ္သြားသည္။ သူက တံခါးေပၚ မ်က္ႏွာအပ္ကာ အိမ္ထဲမွ လႈပ္ရွားမႈမ်ားကို နားေထာင္ၾကၫ့္လိုက္သည္။ သို႔ေသာ္ ဘာအသံမွ ထပ္မၾကားရေတာ့ေပ။

သူက ေနာက္လွၫ့္ကာ က်ူးမိုလီကို ၾကၫ့္လိုက္သည္။ က်ူးမိုလီ၏ မ်က္ႏွာက မည္းေမွာင္ေနသျဖင့္ သူလည္း ေတာင္းပန္ရံုသာ တတ္ႏိုင္‌ေတာ့သည္။ “မစ္က်ူး.. ကြၽန္ေတာ္တို႔ နားလည္မႈလြဲသြားတာပါ.. ခင္ဗ်ား အနားယူေနတာကို အေနွာင့္အယွက္ေပးမိတဲ့ အတြက္ တကယ္ စိတ္မေကာင္းပါဘူး..”

“ရတယ္.. ရွင္တို႔နဲ႔ ထပ္မပတ္သက္ခ်င္ေတာ့ဘူး..” က်ူးမိုလီက ရဲႏွစ္ေယာက္ကို အထင္ေသးစြာ ၾကၫ့္လိုက္ၿပီးေနာက္ ေသာ့ရွာၾကၫ့္လိုက္သည္။ ထိုအခါမွ သူမက ညအိပ္ဝတ္စံုကို ဝတ္ဆင္ထားၿပီး ေသာ့မယူလာမိမွန္း သတိရသြားသည္။

“ဒါ ဘာလဲ..?” ရဲေမက က်ူးမိုလီထံမွ ျပဳတ္က်သြားေသာ အျဖဴေရာင္အမႈန႔္ထုပ္ကို သတိျပဳမိသြားၿပီး ကုန္းေကာက္လိုက္သည္။

“ကြၽန္မပစၥည္းေတြကို လိုက္မထိနဲ႔..!” ထိုအျခင္းအရာကို ျမင္လိုက္ရသၫ့္အခခိုက္ က်ူးမိုလီမွာ မ်က္ႏွာပ်က္ယြင္းသြားၿပီး အထုပ္ကို ျပန္ဆြဲယူရန္ ႀကိဳးစားလိုက္သည္။ သို႔ေသာ္ ရဲေမက ေဘးလွၫ့္ကာ က်ူးမိုလီ၏လက္ကို ေရွာင္တိမ္းလိုက္သည္။

ထိုအခ်ိန္မွာပင္ ရဲဌာနမွ အကူမ်ား ေရာက္လာခဲ့သည္။ လက္နက္အျပၫ့္တပ္ဆင္ထားသၫ့္ ရဲေလးေယာက္ ရဲကားထဲမွ ထြက္လာသည္။ ရဲမ်ား၏ လက္ထဲမွ ေသနတ္ကို ျမင္လိုက္သည္ႏွင့္ က်ူးမိုလီက မသိစိတ္အရ ထြက္ေျပးရန္ျပင္သည္။ သို႔ေသာ္ ရဲေမက သူမကို ဖမ္းဆြဲထားခဲ့သည္။

“မစ္က်ူး.. စိတ္မေကာင္းပါဘူး.. ရဲစခန္းကို ကြၽန္မတို႔နဲ႔အတူ လိုက္ခဲ့ရမယ္ထင္တယ္..” ရဲေမက က်ူးမိုလီ၏လက္ကို အေနာက္ဘက္တြင္ ခ်ဳပ္လိုက္ၿပီး ဘာအေၾကာင္းျပခ်က္မွ ခြင့္မျပဳေတာ့ဟန္ျဖင့္ ရဲကားထဲ တြန္းထၫ့္လိုက္သည္။ ပတ္ဝန္းက်င္တြင္ ေနထိုင္သူမ်ားႏွင့္ တိုက္ခန္း၏ တာဝန္ရိွသူပင္ ရဲကားထြက္ခြာသြားခ်ိန္အထိ ဘာမွမတံု႔ျပန္ႏိုင္ခဲ့ေပ။

“ရဲလက္ထဲမွ အျဖဴေရာင္အမႈန႔္ထုပ္က ဟိုဟာမ်ား……”

“ငါၾကားတာေတာ့ ဒီသရုပ္ေဆာင္က ဇာတ္ကားမရိုက္ရေတာ့တာ အေတာ္ၾကာၿပီတဲ့.. ၾကၫ့္ရတာ ဖိအားေတြမ်ားၿပီး ျပန္လွၫ့္လို႔မရေတာ့တဲ့ လမ္းကို ေလ်ွာက္သြားတဲ့ပံုပဲ..”

“ဒီေလာကႀကီးမွာ ဘယ္သူကမ်ား စိတ္မပင္ပန္းရတာ ရိွလို႔လဲ..? လူတိုင္း အဲ့တစ္ေယာက္လို ျဖစ္ေနလို႔လား..? ၿပီးေတာ့ သူက လူထုပံုရိပ္ပဲေလ.. လူငယ္ေတြ အတုခိုးမွားကုန္ေတာ့မွာပဲ..”

ထိုပတ္ဝန္းက်င္တြင္ ေနထိုင္သူမ်ားက ခ်မ္းသာသူမ်ား ျဖစ္ၾက၏။ ထိုျဖစ္ရပ္က လူအမ်ား၏ နားထဲသို႔ လ်င္ျမန္စြာ ျပန႔္ႏွံ႔သြားၿပီး မီဒီယာမ်ားလည္း သတင္းအစအန ရသြားေသာေၾကာင့္ ရဲစခန္းႏွင့္ ထိုအိမ္ရာသို႔ အေျပးသြားတာ သတင္းယူၾကေတာ့သည္။

“သူေဌး.. နဉ္ရွီက ေခၚထားတဲ့ေနရာကို ေရာက္မလာခဲ့ဘူး.. က်ူးမိုလီကို ရဲဖမ္းသြားၿပီ..”

နီယြန္မီးအလင္းေအာက္တြင္ ထိုင္ေနေသာ အမ်ိဳးသားက ထိုသတင္းကို ၾကားလိုက္ရခ်ိန္တြင္ စိတ္ေအးလက္ေအး မ်က္ခံုးပင့္လိုက္ရင္း.. “ေကာင္းၿပီ..”

ဖုန္းခ်ၿပီးေနာက္ သူက သူ၏ေဘးတြင္ ထိုင္ေနေသာ ညီျဖစ္သူကို လွမ္းေျပာလိုက္သည္။ “ၾကၫ့္ရတာေတာ့ မင္းက သူ႔အေဖ ေသဆံုးမႈရဲ့ ေနာက္ကြယ္က တရားခံဆိုတာ နဉ္ရွီ မသိေသးတဲ့ပံုပဲ..”

နဉ္ရွီသာ ထိုအေၾကာင္းသိေနလ်ွင္ က်ူးမိုလီ ဖုန္းဆက္လာခ်ိန္တြင္ အေရးသိပ္မထားဘဲ ရဲစခန္းသို႔ ဖုန္းဆက္တိုင္ၾကားရံုေလာက္ လုပ္လိမ့္မည္မဟုတ္ေပ။

“ဟုတ္ေလာက္မယ္.. သူ႔လို မင္းသမီးတစ္ေယာက္က ဘာသိမွာလဲ..?” က်င္းဟုန္ခိုင္က မဲ့ၿပံဳးၿပံဳးလိုက္ရင္း.. “အစ္ကို.. ဒီကိစၥကို စိတ္ပူေနမယ့္အစား မရီးကို စိတ္ေျပာင္းေအာင္လုပ္ဖို႔ ဘာလို႔ နည္းလမ္းမရွာတာလဲ..? အခုဆို ခ်န္းမိသားစုက က်င္းမိသားစုနဲ႔ အလုပ္တြဲမလုပ္ခ်င္ေတာ့ ကြၽန္ေတာ္ အရက္ထြက္ေသာက္ဖို႔ေတာင္ လူရွာမရေတာ့ဘူး..”

က်င္းယြင္ဖုန္းက သူ၏ ညီျဖစ္သူကို စိတ္ပ်က္လက္ပ်က္ စိုက္ၾကၫ့္လိုက္သည္။ သူက မ်က္ေမွာင္ၾကဳတ္ကာ “မင္ယက လြယ္လြယ္နဲ႔ စိတ္ေျပာင္းမွာ မဟုတ္ဘူး..”

“က်င္းခ်န္ကေရာ.. သူ႔အေမေနာက္ ပါသြားၿပီလား..?” က်င္းဟုန္ခိုင္က စီးကရက္ကို မီးၫွိကာ ဘဝင္မက်သၫ့္ ေလသံျဖင့္ ေျပာလိုက္သည္။ “သူက ကြၽန္ေတာ္တို႔ က်င္းမိသားစုဝင္ေလ.. ဘယ္လိုျဖစ္ၿပီး ေထာင္မိသားစုဆီ လိုက္သြားတာလဲ..?”

“ေနစမ္းပါကြာ.. ငါဘာလုပ္ရမလဲ ငါသိတယ္..” က်င္းယြမ္ဖုန္းက သူ၏ညီကို စိတ္မရွည္စြာ ၾကၫ့္လိုက္သည္။ “ေဆးလိပ္ေသာက္ခ်င္ရင္ အျပင္ထြက္ေသာက္..”

က်င္းဟုန္ခိုင္က သူ႔အစ္ကို၏ စကားေၾကာင့္ စိတ္မဆိုးေပ။ အခန္းထဲမွ စိတ္ေအးလက္ေအး ထြက္သြားသည္။ တံခါးအျပင္သို႔ ေရာက္သည္ႏွင့္ သူ၏ ႏႈတ္ခမ္းမ်ား တြန႔္ေကြးသြားၿပီး ကားေသာ့ကို လွၫ့္ကာ အေပ်ာ္ရွာရန္ ထြက္သြားေတာ့သည္။

က်ူးမိုလီ အဖမ္းခံရၿပီး သိပ္မၾကာခင္မွာပင္ မီဒီယာမ်ားက က်ူးမိုလီဟာ ေဆးလက္ဝယ္ပိုင္ဆိုင္ထားမႈျဖင့္ အဖမ္းခံလိုက္ရေၾကာင္း တင္ၾကေတာ့သည္။ တခ်ိဳ႕သတင္းေထာက္မ်ားဆိုလ်ွင္ မ်က္ျမင္ေတြ့လိုက္ရသၫ့္ လူမ်ားထံသို႔ ဆက္သြယ္ၿပီး ဓာတ္ပံုရရန္ပင္ ႀကိဳးစားခဲ့ၾကသည္။

ဤသို႔ျဖင့္ ရဲေမထံမွ ဖိကပ္ဖမ္းခ်ဳပ္ခံထားရေသာ က်ူးမိုလီ၏ ျဖဴေဖ်ာ့ေဖ်ာ့ ဖရိုဖရဲျဖစ္ေနပံုကို လူတိုင္း ျမင္သြားၾကသည္။ အစက ေကာလဟာလထင္ၿပီး မယံုၾကည္ခဲ့ေသာ လူမ်ားပင္ က်ူးမိုလီ အဖမ္းခံလိုက္ရေၾကာင္း ယံုၾကည္သြားေတာ့သည္။ သို႔ေသာ္ ေဆးလက္ဝယ္ပိုင္ဆိုင္မႈေၾကာင့္ အဖမ္းခံရျခင္းဟုတ္မဟုတ္ မေသခ်ာေသးေပ။

ရဲစခန္းသို႔ သည္အတိုင္းေလး ဖုန္းဆက္သတင္းပို႔လိုက္ရံုျဖင့္ ယခုလို အေျခအေနမ်ိဳး ျဖစ္သြားလိမ့္မည္ဟု နဉ္ရွီပင္ မေမ်ွာ္လင့္ထားခဲ့ေခ်။ က်ူးမိုလီက ေဆးကို အိမ္မွာသိမ္းထားရဲသည္အထိ ရူးမိုက္လြန္းသည္။

က်ူးမိုလီက နဉ္ရွီ သူမကို ေထာင္ေခ်ာက္ဆင္ခဲ့တာပါဟု ထြက္ဆိုခဲ့ၿပီး ထိုေၾကာင့္သာ မဟုတ္လ်ွင္ နဉ္ရွီလည္း ထိုေဆးမႈအေၾကာင္း သိဦးမည္မဟုတ္ေပ။ နဉ္ရွီသည္ ရဲစန္းသို႔ သူမ၏အမႈအတြက္ သြားေရာက္ရန္ ရက္ခ်ိန္းရိွၿပီးသားပင္။ သူမက လူထုပံုရိပ္ျဖစ္ၿပီး က်ူးမိုလီ၏ စြပ္စြဲခ်က္က မခိုင္လံုသျဖင့္ ရဲစခန္းက ထိုစြပ္စြဲခ်က္အတြက္ နဉ္ရွီ၏အိမ္သို႔ ရဲႏွစ္ဦး သီးသန႔္ေစလႊတ္ကာ စာရြက္စာတမ္းမ်ား ယူေဆာင္ခိုင္းရင္း နဉ္ရွီ ရဲစခန္းသြားရသၫ့္အခ်ိန္ ျပႆနာမေပၚေအာင္ စီစဉ္ေပးခဲ့သည္။

သူမ၏အိမ္သို႔ ရဲဝန္ထမ္းမ်ား တစ္ရက္တည္းတြင္ ႏွစ္ႀကိမ္ေရာက္လာသျဖင့္ နဉ္ရွီအတြက္ တမူထူးျခားသၫ့္ အေတြ့အႀကံဳတစ္ခု ျဖစ္ခဲ့သည္။ သို႔ေသာ္ နဉ္ရွီက မ်ားမ်ားစားစား ေျဖရွင္းမလိုခဲ့ေပ။ ရဲဘက္မွ ေမးျမန္းလာခ်ိန္တြင္ အရာအားလံုး ရွင္းရွင္းလင္းလင္း ျဖစ္ေစခဲ့သည္။

‘ကြၽန္မနဲ႔ မစ္က်ူးက အႏုပညာရွင္ေတြပဲေလ.. ကြၽန္မ တက္သစ္စေလးတုန္းက အလုပ္တူတူလုပ္ခဲ့ဖူးတယ္.. မစ္က်ူးက တစ္ခုခုကို မေက်မနပ္ျဖစ္ေနပံုပဲ.. အဲ့ကတလည္းက ကြၽန္မအေပၚ အျမင္မၾကည္ဘူး..” နဉ္ရွီက ေျခာက္ကပ္ကပ္ ရယ္လိုက္ရင္း.. “သူ(မ) ကြၽန္မကို ဘယ္ေလာက္ၾကၫ့္မရျဖစ္ေနလဲဆိုတာ ရွင္တို႔လည္း အင္တာနက္ေပၚရွာၾကၫ့္ရင္ ေတြ့ၾကမွာပါ..”

ရဲဝန္ထမ္းက ေခါင္းညိတ္လိုက္သည္။ သူတို႔အားလံုး က်ူးမိုလီ၏ ရိုင္းစိုင္းၾကမ္းတမ္းေသာ အက်င့္စရိုက္ႏွင့္ ဘယ္ေလာက္ဆိုးဝါးသလဲဆိုတာကို မ်က္ျမင္ကိုယ္ေတြ့ ျမင္ၾကရၿပီးသားပင္။ တစ္ဖက္တြင္ေတာ့ နဉ္ရွီက ႏူးညံ့သိမ္ေမြ့သည္။ သူမ တက္သစ္စအခ်ိန္တြင္ က်ူးမိုလီ၏ လက္ေအာက္၌ မည္မ်ွခံစားခဲ့ရလိမ့္မလဲ မည္သူမ်ွ ေတြးမရေတာ့ေပ။

“ရိုးရိုးသားသားေျပာရရင္ ဒီေန့ ကြၽန္မကို ဖုန္းေခၚလာေတာ့ ကြၽန္မရဲ့စိတ္ထဲ အရမ္းထူးဆန္းေနလို ခံစားလိုက္ရတယ္.. အဲ့တာေၾကာင့္ အသံဖမ္းထားခဲ့ေသးတယ္..” နဉ္ရွီက ရဲသားႏွစ္ဦးကို မခ်ိၿပံဳးၿပံဳးျပလိုက္ရင္း.. “တကယ္ဆိုရင္ ကြၽန္မ အဲ့လိုမ်ိဳး မလုပ္ထားသင့္ပါဘူး.. ဒါေပမဲ့ မစ္က်ူးက အၿမဲတမ္း……. အမ္း အဲ့တာေၾကာင့္ ကြၽန္မလည္း ေၾကာက္တာနဲ႔…”

ရဲဝန္ထမ္းက သူ နားလည္ေၾကာင္း ထပ္မံေခါင္းညိတ္ျပခိုက္သည္။ သူလည္း အႏုပညာေလာက၏ အရႈပ္အေထြးမ်ားကို ၾကားခဲ့ဖူးသည္ျဖစ္ရာ နဉ္ရွီ သတိထားေနျခင္းက ပံုမွန္လုပ္ရပ္ပင္။ “မစ္နဉ္ အဆင္ေျပမယ္ဆိုရင္ ကြၽန္ေတာ္တို႔ကို အသံဖိုင္ေကာ္ပီတစ္ခုေလာက္ ေပးလို႔ရမလား..”

“ရပါတယ္..” နဉ္ရွီက တြန႔္ဆုတ္ျခင္းမရိွဘဲ သူမ၏ဖုန္းကို အနားမွာရပ္ေနေသာ ရဲေမထံ ကမ္းေပးလိုက္သည္။

ရဲေမက ဖုန္းကို မယူေပ။ ထိုအစား ၿပံဳးလိုက္ရင္း.. “မစ္နဉ္.. အသံဖိုင္ပို႔ေပးရင္ ရပါၿပီ..”

မစ္နဉ္က အရမ္းသတိမဲ့တာပဲ။ အႏုပညာရွင္တစ္ေယာက္ျဖစ္ၿပီး သူမရဲ့ဖုန္းကို ဘယ္လိုလုပ္ လြယ္လင့္တကူ လႊဲေပးရတာလဲ..? အဲ့တာေၾကာင့္ က်ူးမိုလီဆီက အႏိုင္က်င့္ခံရတာ..!

“အာ… ေဆာရီး..” နဉ္ရွီက ဖုန္းကို ေလာ့ခ္ဖြင့္ကာ အသံဖိုင္ကို ရွာေဖြလိုက္သည္။ ၿပီးေနာက္ အသံဖိုင္ကို ရဲႏွစ္ေယာက္ေရ႔ွ ဖြင့္ျပလိုက္သည္။

ဖုန္းအသံဖိုင္ကို နားေထာင္ၿပီးေနာက္ ရဲႏွစ္ေယာက္လံုး ႏွလံုးခုန္ျမန္သြားသည္။ ဤကား သာမန္ေဆးမႈတစ္ခု မဟုတ္ေတာ့ေခ်။ သို႔ႏွင့္ အသံဖိုင္ကို ေကာ္ပီယူၿပီးေနာက္ နဉ္ရွီအား အသံဖိုင္မဖ်က္ပစ္ရန္ႏွင့္ ျပဳျပင္ေျပာင္းလဲျခင္း တစ္စံုတစ္ရာမလုပ္ရန္ မွာၾကားလိုက္ၾကသည္။ ေနာင္တြင္ တျခားလူမ်ားက အသံဖိုင္ကို အတုလုပ္ထားတာဆိုၿပီး ေျပာလာႏိုင္၍ပင္။

နဉ္ရွီက မတံု႔မဆိုင္း ေခါင္းညိတ္ျပလိုက္သည္။

ရဲမ်ား ျပန္သြားၿပီးေနာက္ နဉ္ရွီက သူမေသာက္ရန္ ဝိုင္တစ္ခြက္ ငွဲ႔လိုက္သည္။ သူမ စိတ္ၾကည္လင္ေနသည္။ ဝိုင္တစ္ငံု ေသာက္လိုက္ၿပီးေနာက္ သူမ၏ မ်က္ႏွာထက္ဝယ္ ေက်နပ္ၿပံဳးတစ္ခု ထင္ဟပ္လာခဲ့ေလ၏။ က်ူးမိုလီ ဖုန္းေခၚလာတာကို ေက်းဇူးတင္ရေတာ့မည္။ ထိုဖုန္းေကာလ္ေၾကာင့္သာ ရဲဘက္မွ သံသယမ်ား တိုးမ်ားလာျခင္းပင္။

အမွန္တရားဟူသည္ တစ္သက္လံုး ဖံုးကြယ္ထား၍မရ။ မည္သို႔ ဖံုးကြယ္ထားပါေစ၊ လူအမ်ား ရွာေဖြတူးဆြေနသေရြ့ တစ္ေန့ေန့ေတာ့ ေပၚထြက္လာေပလိမ့္မည္။

…………………………………………

Continue Reading

You'll Also Like

226K 20K 54
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
125K 12.3K 199
book 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်
107K 8.9K 153
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...
28.4K 2.8K 19
Genre-comedy,drama,josei,romance,school life,slice of life Chapters-98chapters+21extras I do not own this story.All credits go to original author.