နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

By Lazy_Little_Meow

157K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... More

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [82.1]

817 108 0
By Lazy_Little_Meow

Translated by Melinoe_Megami

[Unicode]

အခန်း - (၈၂/၁)

ရဲစခန်းသို့ ဖုန်းခေါ်ပြီးချိန်တွင် နဉ်ရှီက အခြေအနေကို အတိုချုပ် ရှင်းပြလိုက်သည်။ သို့သော် အချက်အလက်အများကြီး မပြောပြဘဲ လုပ်ဖော်ကိုင်ဖက်တစ်ဦးက သူမဆီကို ရုတ်တရက် ဖုန်းခေါ်လာပြီး သူ့ကို တစ်စုံတစ်ယောက်က သတ်ချင်နေသည်ဟု ပြောလာကြောင်း ရိုးရိုးရှင်းရှင်း ပြောပြကာ ဖုန်းချလိုက်သည်။

တစ်ဖက်မှာလည်း ဖုန်းကိုင်သည့် ရဲဝန်ထမ်းသည် ထိုဖုန်းကောလ်ကို Prank call (နောက်ပြောင်ပြီး ဖုန်းခေါ်ခြင်း) ဟု ထင်ခဲ့သော်လည်း ထုံးစံအတိုင်း ဖုန်းခေါ်သူ၏ အချက်အလက်နှင့် နေရပ်လိပ်စာကို တည်ကြည်လေးနက်စွာ မေးခဲ့သည်။

ဖုန်းခေါ်သူက သူမကိုယ်သူမ ‘နဉ်ရှီ’ဟု ပြောလာပြီး အကူအညီတောင်းသူက ‘ကျူးမိုလီ’ ဖြစ်နိုင်သည်ဟု ကြားလိုက်ရသောအခါ ရဲဝန်ထမ်းလည်း ‘နာမည်လေး နောက်တစ်ခေါက်လောက် ပြန်ပြောပေးလို့ရမလား..?’ ဟူ၍ ပြန်မမေးဘဲ မနေနိုင်ခဲ့ပေ။

ဖုန်းခေါ်ဆိုသူက တိကျသေချာစွာ ပြန်ပြောလာချိန်မှာတော့ ရဲဝန်ထမ်းသည် နဉ်ရှီ တိုင်ကြားလာသော ဖုန်းနံပါတ်၏ အချက်အလက်များကို လျင်မြန်စွာ ရှာဖွေကြည့်လိုက်၏။ ဖုန်းနံပါတ်ကို မှတ်ပုံတင်ထားသူက ကျူးရှာ ဖြစ်နေသည်။ သို့သော် အနုပညာရှင်များက နာမည်အတု အသုံးပြုလေ့ရှိကြောင်း သတိရလိုက်သဖြင့် အချိန်မဆွဲရဲတော့ဘဲ ထိုအမှုကို ကျူးမိုလီနေသည့် ရပ်ကွက်၏ နယ်မြေရဲစခန်းသို့ ချက်ချင်း လွှဲပြောင်းပေးလိုက်တော့သည်။

“အချိန်နဲ့တပြေးညီ သတင်းပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. ကျေးဇူးပြုပြီး ဆက်သွယ်လို့ရအောင် လုပ်ထားပေးပါ.. တစ်ခုခုသိရတာနဲ့ ချက်ချင်း ပြန်ဆက်သွယ်ပေးပါ့မယ်..” ဖုန်းချပြီးနောက် ရဲဝန်ထမ်းမှာ သူမ၏ မျက်နှာကို လက်ဖြင့် မကာမိဘဲ မနေနိုင်ခဲ့ပေ။ နဉ်ရှီ၏ ဖုန်းကို တကယ်ကြီး လက်ခံရရှိခဲ့ကြောင်း သူမ ပြောပြလျှင် မည်သူ ယုံကြည်နိုင်မည်နည်း။

နဉ်ရှီသည် ဖုန်းခေါ်ပြီးနောက် ထိုကိစ္စနှင့်ပတ်သက်၍ စိတ်ထဲမထားတော့ပေ။ အကယ်၍ ကျူးမိုလီ တကယ်အန္တရာယ်ရှိနေလျှင် သူမ ရဲတိုင်ပေးလိုက်ပြီးဖြစ်၍ အကူအညီပေးလိုက်သည်ဟု ဆိုနိုင်သည်။ အကယ်၍ သူမကို ထောင်ချောက်ဆင်ချင်နေလျှင် ရဲများ ထိုနေရာသို့ သွားနေပြီဖြစ်၍ ပြဿနာတစ်ခု ကျိန်းသေပေါက် ဖြစ်သွားလိမ့်မည်။

နဉ်ရှီက Weibo ဖွင့်ကြည့်လိုက်သည်။ App System က သူမတွင် မဖတ်ရသေးသည့် မက်ဆေ့များနှင့် မှတ်ချက်ပေါင်း တစ်သောင်းမက ရှိနေပြီဖြစ်ကြောင်း အသိပေးလာခဲ့သည်။ မက်ဆေ့များကို ဖတ်ကြည့်လိုက်သောအခါ အများစုက သူမအတွက် စိုးရိမ်ပေးနေကြပြီး၊ အဆင်ပြေရဲ့လား.. နေကောင်းရဲ့လား မေးမြန်းထားကြသည်။ အမှုအခြေအနေတိုးတက်မှုကို စိုးရိမ်နေကြသူများပင် ရှိသေးသည်။

ထိုမက်ဆေ့များကို ဖတ်ရင်း နဉ်ရှီ ပြုံးလိုက်မိ၏။ သူမ၏ ပရိသတ်များက တကယ့်ကို ချစ်စရာကောင်းလွန်းသည်။

ထိုအကြောင်း တွေးနေစဉ်မှာပင် ကျန်းချင်းယွင်က ဖုန်းခေါ်လာသည်။ ထို့နောက် ကုမ္ပဏီတွင် သူမအတွက် လက်ဆောင်အမြောက်အမြား လက်ခံရရှိထားကြောင်း၊ သူ၏ ရုံးခန်းပင် လက်ဆောင်ထုပ်များဖြင့် ပြည့်နေပြီဖြစ်ကြောင်း ပြောပြလာ၏။ သူက ထိုလက်ဆောင်ထုပ်များကို သူမထံ ပို့ပေးရမလားဟူ၍ ဖုန်းဆက်မေးမြန်းလာခြင်းပင်။

“အဲတာဆို အစ်ကိုကျန်းကို အလုပ်ရှုပ်ရတော့မှာပဲ..” ဤနှစ်နှစ်အတွင်း ပရိသတ်များထံမှ လက်ဆောင်ပစ္စည်းများ မရေမတွက်နိုင်အောင် ရရှိခဲ့သည်။ သူမက တန်ဖိုးကြီးပစ္စည်းများကို ပြန်ပို့ပေးပြီး တချို့ပစ္စည်းများကို သိမ်းဆည်းထားသည်။ အများစုကိုမူ လှူဒါန်းပစ်လိုက်သည်။ သို့သော် ပရိသတ်များက သူတို့၏ လက်ဆောင်ပစ္စည်းကို သူတစ်ပါးအား ပေးပစ်လိုက်သည့်အပေါ် စိတ်မကွက်ကြပေ။ ထိုအစား စိတ်ထားကောင်းလိုက်တာ ဟူ၍ပင် ချီးမွမ်းခဲ့ကြသည်။

မိနစ်သုံးဆယ်ခန့် ကြာပြီးနောက် ကျန်းချင်းယွင်က လက်ဆောင်ပုံးကြီးများ သယ်ဆောင်ထားသော ဝန်ထမ်းနှစ်ယောက်နှင့်အတူ ရောက်ချလာခဲ့၏။ လက်ဆောင်ပစ္စည်းများက အစားအသောက်၊ အမှတ်တရပစ္စည်းလေးများနှင့် အခြေခံလူသုံးပစ္စည်းများပင်။

သို့သော် စားစရာပစ္စည်းဆိုလျှင် Anti-fan များ တစ်ခုခုလုပ်ထားမည်စိုး၍ ကျန်းချင်းယွင်က နဉ်ရှီကို စားခွင့်မပေးချေ။ ပုံမှန်အားဖြင့် တစ်ချက်သာ ပေးကြည့်ပြီး ပြန်ယူသွားတတ်သည်။

နဉ်ရှီက ဖုန်းကိုထုတ်ကာ လက်ဆောင်ပစ္စည်းပုံးများကို ဓာတ်ပုံရိုက်လိုက်သည်။ ပြီးနောက် ကျန်းချင်းယွင်နှင့် အလုပ်သမားနှစ်ယောက်အတွက် လက်ဖက်ရည် ဖျော်ပေးခဲ့သည်။ သို့သော် အလုပ်သမားများက ချက်ချင်း ပြန်သွားကြလေသည်။ နဉ်ရှီလည်း အလုပ်သမားများ ပြန်သွားသည်နှင့် ကျန်းချင်းယွင်ကို ကျူးမိုလီ ဖုန်းခေါ်သည့်အကြောင်း ပြောပြလိုက်သည်။

“မင်း မသွားလိုက်တာ ကံကောင်းလို့ပဲ..” ကျန်းချင်းယွင်က စိတ်သက်သာရာရသွားသလို သက်ပြင်းချလိုက်ကာ.. “ကျူးမိုလီကို သူ့ရဲ့ အေဂျင်စီက ဖယ်ထုတ်ပစ်လိုက်ပြီ.. ငါကြားတာတော့ ဟိုတလောက ကျင်းဟုန်ခိုင်ကိုတောင် သွားရှာခဲ့သေးတယ်တဲ့.. ဒါပေမဲ့ ကျင်းဟုန်ခိုင်က တွေ့ခွင့်မပေးခဲ့ဘူး..”

“ကျူးမိုလီက မလုပ်ခင် ကြိုမစဉ်းစားတတ်ဘူး.. ကျန်းဟုန်ခိုင်ဆို ပိုတောင်ဆိုးသေးတယ်..” နဉ်ရှီက မဲ့ပြုံးပြုံးလိုက်ရင်း.. “ကျူးမိုလီရဲ့ ကံဆိုးမှုကို ပြောပါဆိုရင် အသုံးမကျတဲ့ယောက်ျားနဲ့ တွဲခဲ့မိတာပဲ..”

ထိုလူကို နဉ်ရှီ တကယ်မနှစ်မြို့မှန်း သိနေသဖြင့် ကျန်းချင်းယွင်က အသံတိတ်ကာ နားထောင်နေလိုက်သည်။

သို့သော် နဉ်ရှီက အတင်းပြောရတာကို မကြိုက်သဖြင့် စကားလမ်းကြောင်း ပြောင်းလိုက်သည်။ : “အစ်ကိုကျန်း.. ဒီလက်ဆောင်တွေ ပို့ပေးချင်ရုံသပ်သပ် ရောက်လာတာလား..?”

“ပရိသတ်တွေရဲ့ လက်ဆောင်ပစ္စည်းတွေအပြင် ဖိတ်ကြားလွှာတချို့နဲ့ ဇာတ်ညွှန်းတွေလည်း ရထားသေးတယ်..” ကျန်းချင်ယွင်က သားရေအိတ်ထဲမှ စာရွက်အထပ်လိုက်ကြီး ထုတ်ယူလိုက်သည်။ ဇာတ်ညွှန်းနှင့် ဖိတ်ကြားလွှာအားလုံးသည် နာမည်ကြီး ထုတ်လုပ်ရေးဌာနများမှ ပေးပို့လာခြင်းပင်။

“လောလောဆယ် Variety Show တွေကို ငြင်းထားကြရအောင်.. ကျွန်မရဲ့ လက်ရှိအခြေအနေနဲ့ အဆင်မပြေဘူးလေ.” နဉ်ရှီက Variety Show ဖိတ်ကြာလွှာများကို ဘေးဖယ်ထားလိုက်သည်။ ဇာတ်ညွှန်းများထဲမှ ဇာတ်ညွှန်းတစ်ခုသည် အကျဉ်းချုပ်လေးဖြင့်ပင် သူမ၏ စိတ်ကို ဆွဲဆောင်နိုင်ခဲ့လေ၏။

ကိုယ်ပိုင်ဖန်တီးမှုဖြစ်သော်ငြား ဇာတ်ညွှန်းရေးသူက ဇာတ်ကွက်နိုင်နင်းပြီး ရိုးရှင်းသည့် ဇာတ်ကြောင်းလေးကို မြူးကြွနေအောင် ရေးသားထားသည်။ လူသားတို့၏ စိတ်အမှောင်ခြမ်းကို ဖော်ပြထားပြီး အနုပညာရသနှင့် ဟာသတချို့ ရောယှက်ကာ ရေးဖွဲ့ထားသော ဇာတ်လမ်းမျိုးပင်။ အဓိကဇာတ်လိုက်သည်  အသက်ခြောက်ဆယ်‌ကျော် မုဆိုးဖိုတစ်ဦးဖြစ်ပြီး ဇာတ်ကြောင်းတစ်ခုလုံးက ထိုလူအိုကြီးနှင့် သူ့ကလေးနှစ်ယောက်အကြောင်းကို ပုံဖော်ထားသည်။

ဇာတ်လမ်းတွင် လူအိုကြီးက အဓိကဇာတ်လိုက်ဖြစ်ပြီး သူ၏ သမီးက ဒုတိယဇာတ်လိုက်ဖြစ်သလို အမျိုးသမီးဇာတ်လိုက် ဟူ၍လည်း သတ်မှတ်နိုင်သည်။ လူအိုကြီး၏သားနှင့် အိမ်နီးချင်းများသည်လည်း အရေးပါသည့် ဇာတ်ကောင်များ ဖြစ်သည်။

“အမျိုးသားသရုပ်ဆောင်ကို ဆုံးဖြတ်ပြီးပြီလား..?” ဇာတ်လမ်းအရည်အသွေးနှင့် ဒါရိုက်တာ၏ ကျော်ဇောမှုကိုကြည့်ပြီး အမျိုးသားသရုပ်ဆောင်၏ သရုပ်ဆောင်စွမ်းရည်သာ ထိပ်တန်းအဆင့်ဆိုလျှင် ထိုရုပ်ရှင်က ကျိန်းသေ အောင်မြင်မှုရရှိမည် ဖြစ်ကြောင်း နဉ်ရှီ သိလိုက်သည်။

“အင်း.. နာမည်ကျော်သရုပ်ဆောင် မစ္စတာကျန်းရီမင်လေ..” ကျန်းချင်းယွင်ကိုယ်တိုင်လည်း နဉ်ရှီ ထိုဇာတ်ညွှန်းကို လက်ခံရန် မျှော်လင့်နေခဲ့သည်။ ကျန်းရီမင်က အဆိုတော်များလို မကျော်ကြားလျှင်ပင် သရုပ်ဆောင်အပိုင်းမှာတော့ အပြစ်ပြောစရာမရှိအောင် တော်သည်။ နဉ်ရှီသာ ထိုလူနှင့် ရုပ်ရှင်တွဲရိုက်နိုင်ခဲ့လျှင် သူမအတွက် ပညာသင်ယူနိုင်မည့် အတွေ့အကြုံကောင်းတစ်ခုဖြစ်မှာ သေချာသည်။

“မစ္စတာကျန်းလား..?!” ထိုစကားကို ကြားသည်နောက် နဉ်ရှီက ခေါင်းညိတ်လိုက်ကာ.. “အစ်ကိုကျန်း.. ရိုက်ကူးရေးအဖွဲ့ကို ပြန်ဆက်သွယ်ပြီး ကျွန်မ အဲ့ဇာတ်ကောင်နေရာကို လက်ခံချင်ကြောင်း ပြောပေးပါဦး..”

“မင်းလက်ခံမယ်ဆိုတာ သိသားပဲ..” ကျန်းချင်းယွင်က ပြုံးဖြဲဖြဲလုပ်ကာ ဖုန်းထုတ်လိုက်ပြီး ရိုက်ကူးရေးအဖွဲ့နှင့် ဆက်သွယ်လိုက်သည်။

နဉ်ရှီက ဇာတ်ညွှန်းအများအပြားရှေ့ချပြီး ရွေးချယ်နေစဉ်တွင် ကျူးမိုလီ၏ အခြေအနေက ဆန့်ကျင်ဘက် ဖြစ်နေလေ၏။

ဆံပင်စုတ်ဖွားဖြင့် ထောင့်နားတွင် ကပ်နေပြီး ပြတင်းပေါက်မှ တိုးဝင်လာသော အလင်းဖျော့ဖျော့ကို ငေးကြည့်နေခဲ့သည်။ ပြီးနောက် ဒူးပိုက်ပြီး မျက်နှာအုပ်ကာ ငိုကြွေးနေတော့သည်။

“ဒူ… ဒူ… ဒူ…”

ရုတ်တရက် နံဘေးမှ ဖုန်းမြည်လာသည်။ ကျူးမိုလီက လူသားစားမကောင်းဆိုးဝါးကို မြင်လိုက်ရသည့်ပမာ တယ်လီဖုန်းခွက်ကို ကြောက်လန့်တကြား ကြည့်နေခဲ့သည်။ သို့သော် ကျင်းဟုန်ခိုင်၏ ခြိမ်းခြောက်မှုကို ပြန်တွေးမိသည့်အခိုက် တယ်လီဖုန်းအနားသို့ အားတင်းကာ တိုးကပ်သွားရင်း အတုန်တုန်အယင်ယင်ဖြင့် ဖုန်းကိုင်လိုက်သည်။

“ဟယ်လို..”

“မစ်ကျူး..” တစ်ဖက်မှ စိမ်းသက်နေသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ “ကျုပ်ပြောထားတဲ့အတိုင်း ဖုန်းခေါ်ပြီးပြီလား..?”

ကျူးမိုလီက ဖြူရော်နေသည့် မျက်နှာဖြင့် ခေါင်းညိတ်လိုက်သည်။ ပြီးမှ တစ်ဖက်လူ သူမကို မမြင်နိုင်မှန်း သတိရသွားသဖြင့် ပြန်ဖြေလိုက်သည်။ “ဆက်ပြီးပါပြီ..”

“Recording ဖွင့်ပြ..”

ထိုအခါမှ သူမ၏ဖုန်းကို ထောင့်တစ်နေရာသို့ လွှင့်ပစ်လိုက်မိမှန်း ကျူးမိုလီ သတိရသွားသည်။ ကပျာကယာ ဖုန်းပြန်ဖွင့်လိုက်ပြီး ထိုလူအတွက် Recording  ဖွင့်ပြလိုက်သည်။

အသံသွင်းထားတာကို နားထောင်ပြီးနောက် အမည်မသိလူက အေးတိအေးစက် ပြောလာသည်။ “မစ်ကျူးက ဉာဏ်ကောင်းသားပဲ.. ဘာကိုပြောသင့်တယ်.. ဘာကိုမပြောသင့်ဘူးဆိုတာ နားလည်တယ်မလား..?”

“ကျွန်.. ကျွန်မ သိပါတယ်..” ကျူးမိုလီမှာ အော်ပင်မငိုရဲခဲ့ချေ။ မျက်နှာပေါ် စီးကျလာသော မျက်ရည်စက်များကို လက်ဖြင့် သုတ်လိုက်ရင်း.. “ကျွန်မ ဘယ်လိုလုပ်ပေးမှ အလွတ်ပေးမှာလဲ..?”

တစ်ဖက်မှလူက ကျူးမိုလီ၏ မေးခွန်းကို ဟာသတစ်ပုဒ် ကြားနေရသည့်နှယ် နှာမှုတ်လိုက်သည်။ “မစ်ကျူးကို ဉာဏ်ကောင်းတယ်လို့ ချီးမွမ်းနေရုံပဲရှိသေးတယ်.. ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး ဒီလောက်တုံးအတဲ့ မေးခွန်းမျိုး မေးနေရတာလဲ..?”

ထိုစကားကြောင့် ကျူးမိုလီခမျာ တုန်ယင်သွားရှာသည်။ သို့သော် သူမ အသံမထွက်ရဲခဲ့ပေ။ တယ်လီဖုန်းကို ဆုပ်ကိုင်ထားရင်း အသံတိတ် ငိုရှိုက်နေခဲ့သည်။

“အခု..” တစ်ဖက်လူက စိတ်မရှည်တော့ဟန်ဖြင့်.. “မြန်မြန်ထပြီး တံခါးဖွင့်လိုက်.. ငါစီစဉ်ထားတဲ့လူ ရောက်နေလောက်ပြီ.. နဉ်ရှီ ရောက်လာရင် အလိုက်သင့် သရုပ်ဆောင်နေ..”

ဖုန်းထဲမှ စကားသံကို ကြားသည်နှင့် ကျူးမိုလီမှာ ကြမ်းပြင်ပေါ်မှ ခက်ခက်ခဲခဲ ကုန်းထလိုက်၏။ ပြီးနောက် ဧည့်ခန်းကို ဖြတ်လျှောက်ကာ တံခါးဖွင့်လိုက်သည်။ ဦးထုပ်ဆောင်းထားသည့် ပစ္စည်းပို့သမားတစ်ဦးက သူမ၏လက်ထဲ လက်ဖဝါးသာသာခန့် ဘူးတစ်ဘူး ကမ်းပေးလာသည်။ ကျူးမိုလီက ထိုပစ္စည်းကို ကြောက်ကြောက်လန့်လန့်ဖြင့် ယူလိုက်သော်လည်း ပစ္စည်းလာပို့သူကို မော့မကြည့်ရဲခဲ့ပေ။ ထို့နောက် ကပျာကယာ တံခါးပြန်ပိတ်လိုက်သည်။

သူမက သေတ္တာဘူးကို ဖွင့်လိုက်ပြီး အထဲမှ အရုပ်လေးတစ်ရုပ်ကို ထုတ်ယူလိုက်သည်။ ပြီးနောက် Teddy Bear အရုပ်လေး၏ ဝမ်းဗိုက်ကို ဓားဖြင့်ဖွင့်ကာ အဖြူရောင်ပေါင်ဒါမှုန့်ကဲ့သို့ အထုပ်သေးသေးလေးတစ်ထုပ်ကို ထုတ်ယူလိုက်သည်။

ကျူးမိုလီက အထုပ်လေးကို အိပ်ကပ်ထဲ ကပျာကယာ ထည့်သိမ်းလိုက်ပြီး သေတ္တာဘူးခွံနှင့် အရုပ်ကို မီးဖိုချောင်အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်သည်။

၁၀ မိနစ်ခန့်ကြာပြီးနောက် တံခါးခေါက်သံနှင့်အတူ အမျိုးသမီးတစ်ယောက်၏ အသံခပ်တိုးတိုးကို ကြားလိုက်ရ၏။ ကျူးမိုလီ မျက်မှောင်ကြုတ်လိုက်သည်။

နဉ်ရှီက လက်ထောက်တစ်ယောက်ယောက်ကို ခေါ်လာတာများလား..? ဒါဆိုရင် သူ့လက်ထောက်ကိုလည်း……

ကျူးမိုလီက တံခါးကို တုံ့ဆိုင်းစွာ ဖွင့်လိုက်သည်။ တံခါးရှေ့တွင် မတ်တပ်ရပ်နေသူက နဉ်ရှီ မဟုတ်ခဲ့ပေ။ ထိုအစား ဝတ်စုံပြည့်ဝတ်ထားသည့် ရဲဝန်ထမ်းနှစ်ဦးနှင့် တိုက်ခန်းမှ တာဝန်ရှိသူတစ်ဦး ဖြစ်နေသည်။

မမျှော်လင့်ထားသည့် မြင်ကွင်းကြောင့် ကျူးမိုလီမှာ အံ့ဩသွားပြီး ထိုလူများကို စိုးတထိတ်ထိတ် ကြည့်ကာ.. “ဘာကိစ္စရှိလို့လဲ..?”

ရဲနှစ်ဦးက သူတို့၏ တံဆိပ်ကို ထုတ်ပြလာပြီး.. “မစ်ကျူး.. ကျွန်တော်တို့ ခင်ဗျား အန္တရာယ်ရှိနေတယ်ဆိုတဲ့ တိုင်ကြားချက်တစ်ခု လက်ခံရရှိထားလို့ပါ.. အဲ့တာကြောင့် လာရောက်စစ်ဆေးခြင်း ဖြစ်ပါတယ်..” ကျူးမိုလီ၏ အမူအရာက ထူးဆန်းနေသဖြင့် ရဲဝန်ထမ်းသည် စကားပြောနေရင်း သံသယဝင်လာခဲ့သည်။ “ခင်ဗျား အဆင်ပြေရဲ့လား..?”

“ကျွန်မ အဆင်ပြေပါတယ်..” ကျူးမိုလီက မျက်မှောင်ကြုတ်ကာ.. “ကျွန်မ အန္တရာယ်ရှိနေပါတယ်လို့ ဘယ်သူပြောလဲ..?” ပြီးခါမှ နဉ်ရှီ တိုင်ကြားလိုက်ခြင်းဖြစ်ကြောင်း သူမ နားလည်သွားခဲ့၏။ နဉ်ရှီက သူမပြောခဲ့သည့် လျှို့ဝှက်ချက်ကို ဂရုမစိုက်ဘဲ ရဲစခန်းကို ဖုန်းဆက်လိမ့်မည်ဟု ကျူးမိုလီမှာ မထင်ထားခဲ့ပေ။ စိတ်ထဲ ခံပြင်းဒေါသထွက်လာတော့သည်။

………………………………..

[Zawgyi]

အခန္း - (၈၂/၁)

ရဲစခန္းသို႔ ဖုန္းေခၚၿပီးခ်ိန္တြင္ နဉ္ရွီက အေျခအေနကို အတိုခ်ဳပ္ ရွင္းျပလိုက္သည္။ သို႔ေသာ္ အခ်က္အလက္အမ်ားႀကီး မေျပာျပဘဲ လုပ္ေဖာ္ကိုင္ဖက္တစ္ဦးက သူမဆီကို ရုတ္တရက္ ဖုန္းေခၚလာၿပီး သူ႔ကို တစ္စံုတစ္ေယာက္က သတ္ခ်င္ေနသည္ဟု ေျပာလာေၾကာင္း ရိုးရိုးရွင္းရွင္း ေျပာျပကာ ဖုန္းခ်လိုက္သည္။

တစ္ဖက္မွာလည္း ဖုန္းကိုင္သၫ့္ ရဲဝန္ထမ္းသည္ ထိုဖုန္းေကာလ္ကို Prank call (ေနာက္ေျပာင္ၿပီး ဖုန္းေခၚျခင္း) ဟု ထင္ခဲ့ေသာ္လည္း ထံုးစံအတိုင္း ဖုန္းေခၚသူ၏ အခ်က္အလက္ႏွင့္ ေနရပ္လိပ္စာကို တည္ၾကည္ေလးနက္စြာ ေမးခဲ့သည္။

ဖုန္းေခၚသူက သူမကိုယ္သူမ ‘နဉ္ရွီ’ဟု ေျပာလာၿပီး အကူအညီေတာင္းသူက ‘က်ူးမိုလီ’ ျဖစ္ႏိုင္သည္ဟု ၾကားလိုက္ရေသာအခါ ရဲဝန္ထမ္းလည္း ‘နာမည္ေလး ေနာက္တစ္ေခါက္ေလာက္ ျပန္ေျပာေပးလို႔ရမလား..?’ ဟူ၍ ျပန္မေမးဘဲ မေနႏိုင္ခဲ့ေပ။

ဖုန္းေခၚဆိုသူက တိက်ေသခ်ာစြာ ျပန္ေျပာလာခ်ိန္မွာေတာ့ ရဲဝန္ထမ္းသည္ နဉ္ရွီ တိုင္ၾကားလာေသာ ဖုန္းနံပါတ္၏ အခ်က္အလက္မ်ားကို လ်င္ျမန္စြာ ရွာေဖြၾကၫ့္လိုက္၏။ ဖုန္းနံပါတ္ကို မွတ္ပံုတင္ထားသူက က်ူးရွာ ျဖစ္ေနသည္။ သို႔ေသာ္ အႏုပညာရွင္မ်ားက နာမည္အတု အသံုးျပဳေလ့ရိွေၾကာင္း သတိရလိုက္သျဖင့္ အခ်ိန္မဆြဲရဲေတာ့ဘဲ ထိုအမႈကို က်ူးမိုလီေနသၫ့္ ရပ္ကြက္၏ နယ္ေျမရဲစခန္းသို႔ ခ်က္ခ်င္း လႊဲေျပာင္းေပးလိုက္ေတာ့သည္။

“အခ်ိန္နဲ႔တေျပးညီ သတင္းပို႔ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္.. ေက်းဇူးျပဳျပီး ဆက္သြယ္လို႔ရေအာင္ လုပ္ထားေပးပါ.. တစ္ခုခုသိရတာနဲ႔ ခ်က္ခ်င္း ျပန္ဆက္သြယ္ေပးပါ့မယ္..” ဖုန္းခ်ၿပီးေနာက္ ရဲဝန္ထမ္းမွာ သူမ၏ မ်က္ႏွာကို လက္ျဖင့္ မကာမိဘဲ မေနႏိုင္ခဲ့ေပ။ နဉ္ရွီ၏ ဖုန္းကို တကယ္ႀကီး လက္ခံရရိွခဲ့ေၾကာင္း သူမ ေျပာျပလ်ွင္ မည္သူ ယံုၾကည္ႏိုင္မည္နည္း။

နဉ္ရွီသည္ ဖုန္းေခၚၿပီးေနာက္ ထိုကိစၥႏွင့္ပတ္သက္၍ စိတ္ထဲမထားေတာ့ေပ။ အကယ္၍ က်ူးမိုလီ တကယ္အႏၲရာယ္ရိွေနလ်ွင္ သူမ ရဲတိုင္ေပးလိုက္ၿပီးျဖစ္၍ အကူအညီေပးလိုက္သည္ဟု ဆိုႏိုင္သည္။ အကယ္၍ သူမကို ေထာင္ေခ်ာက္ဆင္ခ်င္ေနလ်ွင္ ရဲမ်ား ထိုေနရာသို႔ သြားေနၿပီျဖစ္၍ ျပႆနာတစ္ခု က်ိန္းေသေပါက္ ျဖစ္သြားလိမ့္မည္။

နဉ္ရွီက Weibo ဖြင့္ၾကၫ့္လိုက္သည္။ App System က သူမတြင္ မဖတ္ရေသးသၫ့္ မက္ေဆ့မ်ားႏွင့္ မွတ္ခ်က္ေပါင္း တစ္ေသာင္းမက ရိွေနၿပီျဖစ္ေၾကာင္း အသိေပးလာခဲ့သည္။ မက္ေဆ့မ်ားကို ဖတ္ၾကၫ့္လိုက္ေသာအခါ အမ်ားစုက သူမအတြက္ စိုးရိမ္ေပးေနၾကၿပီး၊ အဆင္ေျပရဲ့လား.. ေနေကာင္းရဲ့လား ေမးျမန္းထားၾကသည္။ အမႈအေျခအေနတိုးတက္မႈကို စိုးရိမ္ေနၾကသူမ်ားပင္ ရိွေသးသည္။

ထိုမက္ေဆ့မ်ားကို ဖတ္ရင္း နဉ္ရွီ ၿပံဳးလိုက္မိ၏။ သူမ၏ ပရိသတ္မ်ားက တကယ့္ကို ခ်စ္စရာေကာင္းလြန္းသည္။

ထိုအေၾကာင္း ေတြးေနစဉ္မွာပင္ က်န္းခ်င္းယြင္က ဖုန္းေခၚလာသည္။ ထို႔ေနာက္ ကုမၸဏီတြင္ သူမအတြက္ လက္ေဆာင္အေျမာက္အျမား လက္ခံရရိွထားေၾကာင္း၊ သူ၏ ရံုးခန္းပင္ လက္ေဆာင္ထုပ္မ်ားျဖင့္ ျပၫ့္ေနၿပီျဖစ္ေၾကာင္း ေျပာျပလာ၏။ သူက ထိုလက္ေဆာင္ထုပ္မ်ားကို သူမထံ ပို႔ေပးရမလားဟူ၍ ဖုန္းဆက္ေမးျမန္းလာျခင္းပင္။

“အဲတာဆို အစ္ကိုက်န္းကို အလုပ္ရႈပ္ရေတာ့မွာပဲ..” ဤႏွစ္ႏွစ္အတြင္း ပရိသတ္မ်ားထံမွ လက္ေဆာင္ပစၥည္းမ်ား မေရမတြက္ႏိုင္ေအာင္ ရရိွခဲ့သည္။ သူမက တန္ဖိုးႀကီးပစၥည္းမ်ားကို ျပန္ပို႔ေပးၿပီး တခ်ိဳ႕ပစၥည္းမ်ားကို သိမ္းဆည္းထားသည္။ အမ်ားစုကိုမူ လႉဒါန္းပစ္လိုက္သည္။ သို႔ေသာ္ ပရိသတ္မ်ားက သူတို႔၏ လက္ေဆာင္ပစၥည္းကို သူတစ္ပါးအား ေပးပစ္လိုက္သၫ့္အေပၚ စိတ္မကြက္ၾကေပ။ ထိုအစား စိတ္ထားေကာင္းလိုက္တာ ဟူ၍ပင္ ခ်ီးမြမ္းခဲ့ၾကသည္။

မိနစ္သံုးဆယ္ခန႔္ ၾကာၿပီးေနာက္ က်န္းခ်င္းယြင္က လက္ေဆာင္ပံုးႀကီးမ်ား သယ္ေဆာင္ထားေသာ ဝန္ထမ္းႏွစ္ေယာက္ႏွင့္အတူ ေရာက္ခ်လာခဲ့၏။ လက္ေဆာင္ပစၥည္းမ်ားက အစားအေသာက္၊ အမွတ္တရပစၥည္းေလးမ်ားႏွင့္ အေျခခံလူသံုးပစၥည္းမ်ားပင္။

သို႔ေသာ္ စားစရာပစၥည္းဆိုလ်ွင္ Anti-fan မ်ား တစ္ခုခုလုပ္ထားမည္စိုး၍ က်န္းခ်င္းယြင္က နဉ္ရွီကို စားခြင့္မေပးေခ်။ ပံုမွန္အားျဖင့္ တစ္ခ်က္သာ ေပးၾကၫ့္ၿပီး ျပန္ယူသြားတတ္သည္။

နဉ္ရွီက ဖုန္းကိုထုတ္ကာ လက္ေဆာင္ပစၥည္းပံုးမ်ားကို ဓာတ္ပံုရိုက္လိုက္သည္။ ၿပီးေနာက္ က်န္းခ်င္းယြင္ႏွင့္ အလုပ္သမားႏွစ္ေယာက္အတြက္ လက္ဖက္ရည္ ေဖ်ာ္ေပးခဲ့သည္။ သို႔ေသာ္ အလုပ္သမားမ်ားက ခ်က္ခ်င္း ျပန္သြားၾကေလသည္။ နဉ္ရွီလည္း အလုပ္သမားမ်ား ျပန္သြားသည္ႏွင့္ က်န္းခ်င္းယြင္ကို က်ူးမိုလီ ဖုန္းေခၚသၫ့္အေၾကာင္း ေျပာျပလိုက္သည္။

“မင္း မသြားလိုက္တာ ကံေကာင္းလို႔ပဲ..” က်န္းခ်င္းယြင္က စိတ္သက္သာရာရသြားသလို သက္ျပင္းခ်လိုက္ကာ.. “က်ူးမိုလီကို သူ႔ရဲ့ ေအဂ်င္စီက ဖယ္ထုတ္ပစ္လိုက္ၿပီ.. ငါၾကားတာေတာ့ ဟိုတေလာက က်င္းဟုန္ခိုင္ကိုေတာင္ သြားရွာခဲ့ေသးတယ္တဲ့.. ဒါေပမဲ့ က်င္းဟုန္ခိုင္က ေတြ့ခြင့္မေပးခဲ့ဘူး..”

“က်ူးမိုလီက မလုပ္ခင္ ႀကိဳမစဉ္းစားတတ္ဘူး.. က်န္းဟုန္ခိုင္ဆို ပိုေတာင္ဆိုးေသးတယ္..” နဉ္ရွီက မဲ့ၿပံဳးၿပံဳးလိုက္ရင္း.. “က်ူးမိုလီရဲ့ ကံဆိုးမႈကို ေျပာပါဆိုရင္ အသံုးမက်တဲ့ေယာက္်ားနဲ႔ တြဲခဲ့မိတာပဲ..”

ထိုလူကို နဉ္ရွီ တကယ္မႏွစ္ၿမိဳ႔မွန္း သိေနသျဖင့္ က်န္းခ်င္းယြင္က အသံတိတ္ကာ နားေထာင္ေနလိုက္သည္။

သို႔ေသာ္ နဉ္ရွီက အတင္းေျပာရတာကို မႀကိဳက္သျဖင့္ စကားလမ္းေၾကာင္း ေျပာင္းလိုက္သည္။ : “အစ္ကိုက်န္း.. ဒီလက္ေဆာင္ေတြ ပို႔ေပးခ်င္ရံုသပ္သပ္ ေရာက္လာတာလား..?”

“ပရိသတ္ေတြရဲ့ လက္ေဆာင္ပစၥည္းေတြအျပင္ ဖိတ္ၾကားလႊာတခ်ိဳ႕နဲ႔ ဇာတ္ၫႊန္းေတြလည္း ရထားေသးတယ္..” က်န္းခ်င္ယြင္က သားေရအိတ္ထဲမွ စာရြက္အထပ္လိုက္ႀကီး ထုတ္ယူလိုက္သည္။ ဇာတ္ၫႊန္းႏွင့္ ဖိတ္ၾကားလႊာအားလံုးသည္ နာမည္ႀကီး ထုတ္လုပ္ေရးဌာနမ်ားမွ ေပးပို႔လာျခင္းပင္။

“ေလာေလာဆယ္ Variety Show ေတြကို ျငင္းထားၾကရေအာင္.. ကြၽန္မရဲ့ လက္ရိွအေျခအေနနဲ႔ အဆင္မေျပဘူးေလ.” နဉ္ရွီက Variety Show ဖိတ္ၾကာလႊာမ်ားကို ေဘးဖယ္ထားလိုက္သည္။ ဇာတ္ၫႊန္းမ်ားထဲမွ ဇာတ္ၫႊန္းတစ္ခုသည္ အက်ဉ္းခ်ဳပ္ေလးျဖင့္ပင္ သူမ၏ စိတ္ကို ဆြဲေဆာင္ႏိုင္ခဲ့ေလ၏။

ကိုယ္ပိုင္ဖန္တီးမႈျဖစ္ေသာ္ျငား ဇာတ္ၫႊန္းေရးသူက ဇာတ္ကြက္ႏိုင္နင္းၿပီး ရိုးရွင္းသၫ့္ ဇာတ္ေၾကာင္းေလးကို ျမဴးႂကြေနေအာင္ ေရးသားထားသည္။ လူသားတို႔၏ စိတ္အေမွာင္ျခမ္းကို ေဖာ္ျပထားၿပီး အႏုပညာရသႏွင့္ ဟာသတခ်ိဳ႕ ေရာယွက္ကာ ေရးဖြဲ႔ထားေသာ ဇာတ္လမ္းမ်ိဳးပင္။ အဓိကဇာတ္လိုက္သည္  အသက္ေျခာက္ဆယ္‌ေက်ာ္ မုဆိုးဖိုတစ္ဦးျဖစ္ၿပီး ဇာတ္ေၾကာင္းတစ္ခုလံုးက ထိုလူအိုႀကီးႏွင့္ သူ႔ကေလးႏွစ္ေယာက္အေၾကာင္းကို ပံုေဖာ္ထားသည္။

ဇာတ္လမ္းတြင္ လူအိုႀကီးက အဓိကဇာတ္လိုက္ျဖစ္ၿပီး သူ၏ သမီးက ဒုတိယဇာတ္လိုက္ျဖစ္သလို အမ်ိဳးသမီးဇာတ္လိုက္ ဟူ၍လည္း သတ္မွတ္ႏိုင္သည္။ လူအိုႀကီး၏သားႏွင့္ အိမ္နီးခ်င္းမ်ားသည္လည္း အေရးပါသၫ့္ ဇာတ္ေကာင္မ်ား ျဖစ္သည္။

“အမ်ိဳးသားသရုပ္ေဆာင္ကို ဆံုးျဖတ္ၿပီးၿပီလား..?” ဇာတ္လမ္းအရည္အေသြးႏွင့္ ဒါရိုက္တာ၏ ေက်ာ္ေဇာမႈကိုၾကၫ့္ၿပီး အမ်ိဳးသားသရုပ္ေဆာင္၏ သရုပ္ေဆာင္စြမ္းရည္သာ ထိပ္တန္းအဆင့္ဆိုလ်ွင္ ထိုရုပ္ရွင္က က်ိန္းေသ ေအာင္ျမင္မႈရရိွမည္ ျဖစ္ေၾကာင္း နဉ္ရွီ သိလိုက္သည္။

“အင္း.. နာမည္ေက်ာ္သရုပ္ေဆာင္ မစၥတာက်န္းရီမင္ေလ..” က်န္းခ်င္းယြင္ကိုယ္တိုင္လည္း နဉ္ရွီ ထိုဇာတ္ၫႊန္းကို လက္ခံရန္ ေမ်ွာ္လင့္ေနခဲ့သည္။ က်န္းရီမင္က အဆိုေတာ္မ်ားလို မေက်ာ္ၾကားလ်ွင္ပင္ သရုပ္ေဆာင္အပိုင္းမွာေတာ့ အျပစ္ေျပာစရာမရိွေအာင္ ေတာ္သည္။ နဉ္ရွီသာ ထိုလူႏွင့္ ရုပ္ရွင္တြဲရိုက္ႏိုင္ခဲ့လ်ွင္ သူမအတြက္ ပညာသင္ယူႏိုင္မၫ့္ အေတြ့အႀကံဳေကာင္းတစ္ခုျဖစ္မွာ ေသခ်ာသည္။

“မစၥတာက်န္းလား..?!” ထိုစကားကို ၾကားသည္ေနာက္ နဉ္ရွီက ေခါင္းညိတ္လိုက္ကာ.. “အစ္ကိုက်န္း.. ရိုက္ကူးေရးအဖြဲ႔ကို ျပန္ဆက္သြယ္ၿပီး ကြၽန္မ အဲ့ဇာတ္ေကာင္ေနရာကို လက္ခံခ်င္ေၾကာင္း ေျပာေပးပါဦး..”

“မင္းလက္ခံမယ္ဆိုတာ သိသားပဲ..” က်န္းခ်င္းယြင္က ၿပံဳးၿဖဲျဖဲလုပ္ကာ ဖုန္းထုတ္လိုက္ၿပီး ရိုက္ကူးေရးအဖြဲ႔ႏွင့္ ဆက္သြယ္လိုက္သည္။

နဉ္ရွီက ဇာတ္ၫႊန္းအမ်ားအျပားေရ႔ွခ်ၿပီး ေရြးခ်ယ္ေနစဉ္တြင္ က်ူးမိုလီ၏ အေျခအေနက ဆန႔္က်င္ဘက္ ျဖစ္ေနေလ၏။

ဆံပင္စုတ္ဖြားျဖင့္ ေထာင့္နားတြင္ ကပ္ေနၿပီး ျပတင္းေပါက္မွ တိုးဝင္လာေသာ အလင္းေဖ်ာ့ေဖ်ာ့ကို ေငးၾကၫ့္ေနခဲ့သည္။ ၿပီးေနာက္ ဒူးပိုက္ၿပီး မ်က္ႏွာအုပ္ကာ ငိုေႂကြးေနေတာ့သည္။

“ဒူ… ဒူ… ဒူ…”

ရုတ္တရက္ နံေဘးမွ ဖုန္းျမည္လာသည္။ က်ူးမိုလီက လူသားစားမေကာင္းဆိုးဝါးကို ျမင္လိုက္ရသၫ့္ပမာ တယ္လီဖုန္းခြက္ကို ေၾကာက္လန႔္တၾကား ၾကၫ့္ေနခဲ့သည္။ သို႔ေသာ္ က်င္းဟုန္ခိုင္၏ ၿခိမ္းေျခာက္မႈကို ျပန္ေတြးမိသၫ့္အခိုက္ တယ္လီဖုန္းအနားသို႔ အားတင္းကာ တိုးကပ္သြားရင္း အတုန္တုန္အယင္ယင္ျဖင့္ ဖုန္းကိုင္လိုက္သည္။

“ဟယ္လို..”

“မစ္က်ူး..” တစ္ဖက္မွ စိမ္းသက္ေနသၫ့္ အသံတစ္ခု ထြက္ေပၚလာ၏။ “က်ဳပ္ေျပာထားတဲ့အတိုင္း ဖုန္းေခၚၿပီးၿပီလား..?”

က်ူးမိုလီက ျဖဴေရာ္ေနသၫ့္ မ်က္ႏွာျဖင့္ ေခါင္းညိတ္လိုက္သည္။ ၿပီးမွ တစ္ဖက္လူ သူမကို မျမင္ႏိုင္မွန္း သတိရသြားသျဖင့္ ျပန္ေျဖလိုက္သည္။ “ဆက္ၿပီးပါၿပီ..”

“Recording ဖြင့္ျပ..”

ထိုအခါမွ သူမ၏ဖုန္းကို ေထာင့္တစ္ေနရာသို႔ လႊင့္ပစ္လိုက္မိမွန္း က်ူးမိုလီ သတိရသြားသည္။ ကပ်ာကယာ ဖုန္းျပန္ဖြင့္လိုက္ၿပီး ထိုလူအတြက္ Recording  ဖြင့္ျပလိုက္သည္။

အသံသြင္းထားတာကို နားေထာင္ၿပီးေနာက္ အမည္မသိလူက ေအးတိေအးစက္ ေျပာလာသည္။ “မစ္က်ူးက ဉာဏ္ေကာင္းသားပဲ.. ဘာကိုေျပာသင့္တယ္.. ဘာကိုမေျပာသင့္ဘူးဆိုတာ နားလည္တယ္မလား..?”

“ကြၽန္.. ကြၽန္မ သိပါတယ္..” က်ူးမိုလီမွာ ေအာ္ပင္မငိုရဲခဲ့ေခ်။ မ်က္ႏွာေပၚ စီးက်လာေသာ မ်က္ရည္စက္မ်ားကို လက္ျဖင့္ သုတ္လိုက္ရင္း.. “ကြၽန္မ ဘယ္လိုလုပ္ေပးမွ အလြတ္ေပးမွာလဲ..?”

တစ္ဖက္မွလူက က်ူးမိုလီ၏ ေမးခြန္းကို ဟာသတစ္ပုဒ္ ၾကားေနရသၫ့္ႏွယ္ ႏွာမႈတ္လိုက္သည္။ “မစ္က်ူးကို ဉာဏ္ေကာင္းတယ္လို႔ ခ်ီးမြမ္းေနရံုပဲရိွေသးတယ္.. ဘယ္လိုျဖစ္လို႔ ရုတ္တရက္ႀကီး ဒီေလာက္တံုးအတဲ့ ေမးခြန္းမ်ိဳး ေမးေနရတာလဲ..?”

ထိုစကားေၾကာင့္ က်ူးမိုလီခမ်ာ တုန္ယင္သြားရွာသည္။ သို႔ေသာ္ သူမ အသံမထြက္ရဲခဲ့ေပ။ တယ္လီဖုန္းကို ဆုပ္ကိုင္ထားရင္း အသံတိတ္ ငိုရိႈက္ေနခဲ့သည္။

“အခု..” တစ္ဖက္လူက စိတ္မရွည္ေတာ့ဟန္ျဖင့္.. “ျမန္ျမန္ထၿပီး တံခါးဖြင့္လိုက္.. ငါစီစဉ္ထားတဲ့လူ ေရာက္ေနေလာက္ၿပီ.. နဉ္ရွီ ေရာက္လာရင္ အလိုက္သင့္ သရုပ္ေဆာင္ေန..”

ဖုန္းထဲမွ စကားသံကို ၾကားသည္ႏွင့္ က်ူးမိုလီမွာ ၾကမ္းျပင္ေပၚမွ ခက္ခက္ခဲခဲ ကုန္းထလိုက္၏။ ၿပီးေနာက္ ဧၫ့္ခန္းကို ျဖတ္ေလ်ွာက္ကာ တံခါးဖြင့္လိုက္သည္။ ဦးထုပ္ေဆာင္းထားသၫ့္ ပစၥည္းပို႔သမားတစ္ဦးက သူမ၏လက္ထဲ လက္ဖဝါးသာသာခန႔္ ဘူးတစ္ဘူး ကမ္းေပးလာသည္။ က်ူးမိုလီက ထိုပစၥည္းကို ေၾကာက္ေၾကာက္လန႔္လန႔္ျဖင့္ ယူလိုက္ေသာ္လည္း ပစၥည္းလာပို႔သူကို ေမာ့မၾကၫ့္ရဲခဲ့ေပ။ ထို႔ေနာက္ ကပ်ာကယာ တံခါးျပန္ပိတ္လိုက္သည္။

သူမက ေသတၲာဘူးကို ဖြင့္လိုက္ၿပီး အထဲမွ အရုပ္ေလးတစ္ရုပ္ကို ထုတ္ယူလိုက္သည္။ ၿပီးေနာက္ Teddy Bear အရုပ္ေလး၏ ဝမ္းဗိုက္ကို ဓားျဖင့္ဖြင့္ကာ အျဖဴေရာင္ေပါင္ဒါမႈန႔္ကဲ့သို႔ အထုပ္ေသးေသးေလးတစ္ထုပ္ကို ထုတ္ယူလိုက္သည္။

က်ူးမိုလီက အထုပ္ေလးကို အိပ္ကပ္ထဲ ကပ်ာကယာ ထၫ့္သိမ္းလိုက္ၿပီး ေသတၲာဘူးခြံႏွင့္ အရုပ္ကို မီးဖိုေခ်ာင္အမိႈက္ပံုးထဲ လႊင့္ပစ္လိုက္သည္။

၁၀ မိနစ္ခန႔္ၾကာၿပီးေနာက္ တံခါးေခါက္သံႏွင့္အတူ အမ်ိဳးသမီးတစ္ေယာက္၏ အသံခပ္တိုးတိုးကို ၾကားလိုက္ရ၏။ က်ူးမိုလီ မ်က္ေမွာင္ၾကဳတ္လိုက္သည္။

နဉ္ရွီက လက္ေထာက္တစ္ေယာက္ေယာက္ကို ေခၚလာတာမ်ားလား..? ဒါဆိုရင္ သူ႔လက္ေထာက္ကိုလည္း……

က်ူးမိုလီက တံခါးကို တံု႔ဆိုင္းစြာ ဖြင့္လိုက္သည္။ တံခါးေရ႔ွတြင္ မတ္တပ္ရပ္ေနသူက နဉ္ရွီ မဟုတ္ခဲ့ေပ။ ထိုအစား ဝတ္စံုျပၫ့္ဝတ္ထားသၫ့္ ရဲဝန္ထမ္းႏွစ္ဦးႏွင့္ တိုက္ခန္းမွ တာဝန္ရိွသူတစ္ဦး ျဖစ္ေနသည္။

မေမ်ွာ္လင့္ထားသၫ့္ ျမင္ကြင္းေၾကာင့္ က်ူးမိုလီမွာ အံ့ဩသြားၿပီး ထိုလူမ်ားကို စိုးတထိတ္ထိတ္ ၾကၫ့္ကာ.. “ဘာကိစၥရိွလို႔လဲ..?”

ရဲႏွစ္ဦးက သူတို႔၏ တံဆိပ္ကို ထုတ္ျပလာၿပီး.. “မစ္က်ူး.. ကြၽန္ေတာ္တို႔ ခင္ဗ်ား အႏၲရာယ္ရိွေနတယ္ဆိုတဲ့ တိုင္ၾကားခ်က္တစ္ခု လက္ခံရရိွထားလို႔ပါ.. အဲ့တာေၾကာင့္ လာေရာက္စစ္ေဆးျခင္း ျဖစ္ပါတယ္..” က်ူးမိုလီ၏ အမူအရာက ထူးဆန္းေနသျဖင့္ ရဲဝန္ထမ္းသည္ စကားေျပာေနရင္း သံသယဝင္လာခဲ့သည္။ “ခင္ဗ်ား အဆင္ေျပရဲ့လား..?”

“ကြၽန္မ အဆင္ေျပပါတယ္..” က်ူးမိုလီက မ်က္ေမွာင္ၾကဳတ္ကာ.. “ကြၽန္မ အႏၲရာယ္ရိွေနပါတယ္လို႔ ဘယ္သူေျပာလဲ..?” ၿပီးခါမွ နဉ္ရွီ တိုင္ၾကားလိုက္ျခင္းျဖစ္ေၾကာင္း သူမ နားလည္သြားခဲ့၏။ နဉ္ရွီက သူမေျပာခဲ့သၫ့္ လ်ိႈ႔ဝွက္ခ်က္ကို ဂရုမစိုက္ဘဲ ရဲစခန္းကို ဖုန္းဆက္လိမ့္မည္ဟု က်ူးမိုလီမွာ မထင္ထားခဲ့ေပ။ စိတ္ထဲ ခံျပင္းေဒါသထြက္လာေတာ့သည္။

………………………………..

Continue Reading

You'll Also Like

125K 12.3K 199
book 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်
108K 9K 153
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...
280K 19.8K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^
1.5M 192K 157
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။