My Beautiful SPOUSE
By Yellowish_One
349K 25.4K 2.2K
ဆက္ကဘုံလျှန် (Sakka Bxon Hlxan) နေးလက်ျာ (Nayy Lattyar) (own creation) Starting Date ••• 24/9/2021 Ending Dat... More
သီချင်းများ/သီခ်င္းမ်ား
အပိုင်း - (၁)
အပိုင်း - (၁)
အပိုင်း - (၂)
အပိုင်း - (၂)
အပိုင်း - (၃)
အပိုင်း - (၃)
အပိုင်း - (၄)
အပိုင်း - (၄)
အပိုင်း - (၅)
အပိုင်း - (၅)
အပိုင်း - (၆)
အပိုင်း - (၆)
အပိုင်း - (၇)
အပိုင်း - (၇)
အပိုင်း - (၈)
အပိုင်း - (၈)
အပိုင်း - (၉)
အပိုင်း - (၉)
အပိုင်း - (၁၀)
အပိုင်း - (၁၀)
အပိုင်း - (၁၁)
အပိုင်း - (၁၁)
အပိုင်း - (၁၂)
အပိုင်း - (၁၂)
အပိုင်း - (၁၃)
အပိုင်း - (၁၃)
အပိုင်း - (၁၄)
အပိုင်း - (၁၄)
အပိုင်း - (၁၅)
အပိုင်း - (၁၆)
အပိုင်း - (၁၆)
အပိုင်း - (၁၇)
အပိုင်း - (၁၇)
အပိုင်း - (၁၈)
အပိုင်း - (၁၈)
အပိုင်း - (၁၉)
အပိုင်း - (၁၉)
အပိုင်း - (၂၀)
အပိုင်း - (၂၀)
အပိုင်း - (၂၁)
အပိုင်း - (၂၁)
အပိုင်း - (၂၂)
အပိုင်း - (၂၂)
အပိုင်း - (၂၃)
အပိုင်း - (၂၃)
အပိုင်း - (၂၄)
အပိုင်း - (၂၄)
အပိုင်း - (၂၅)
အပိုင်း - (၂၅)
အပိုင်း - (၂၆)
အပိုင်း - (၂၆)
အပိုင်း - (၂၇)
အပိုင်း - (၂၇)
အပိုင်း - (၂၈)
အပိုင်း - (၂၈)
အပိုင်း - (၂၉)
အပိုင်း - (၂၉)
အပိုင်း - (၃၀)
အပိုင်း - (၃၀)
အပိုင်း - (၃၁)
အပိုင်း - (၃၁)
အပိုင်း - (၃၂)
အပိုင်း - (၃၂)
အပိုင်း - (၃၃)
အပိုင်း - (၃၃)
အပိုင်း - (၃၄)
အပိုင်း - (၃၄)
အပိုင်း - (၃၅)
အပိုင်း - (၃၅)
အပိုင်း - (၃၆)
အပိုင်း - (၃၆)
အပိုင်း - (၃၇)
အပိုင်း - (၃၇)
အပိုင်း - (၃၈)
အပိုင်း - (၃၈)
အပိုင်း - (၃၉)
အပိုင်း - (၃၉)
အခပျြပို
အချပ်ပို
အပိုင်း - (၄၀)
အပိုင်း - (၄၀)
အပိုင်း - (၄၁)
အပိုင်း - (၄၁)
အပိုင်း - (၄၂)
အပိုင်း - (၄၂)
အပိုင်း - (၄၃)
အပိုင်း - (၄၃)
အပိုင်း - (၄၄)
အပိုင်း - (၁၅)
701 29 2
By Yellowish_One
အဘွားကိုလိုက်ပို့ပေးပြီးတော့ ကျွန်းကြီးရဲ့ဈေးတန်းထဲကလမ်းဘေးဆိုင်တစ်ဆိုင်မှာ နေးတို့မနက်စာ,စားဖြစ်ကြသည်။ ဒုဥက္ကဌလိုဘီလီယံနဲ့ချီပြီးချမ်းသာတဲ့သူဌေးလောင်းက လမ်းဘေးဆိုင်မှာ အဆင်ပြေပြေစားသောက်နေနိုင်တာမြင်ရတော့ နေးစိတ်ထဲက မသိမသာလေးစားမိသေးသည်။
" အန်တီ... ကိုယ့်ကိုနောက်တစ်ပွဲလောက် "
ရှမ်းခေါက်ဆွဲတစ်ပွဲကုန်လို့ နောက်တစ်ပွဲထပ်ယူဖို့ပြင်နေတဲ့ဒုဥက္ကဌကို နေးစားနေရင်းကနေ မော့ကြည့်မိသည်။
" ပေပွကုန်ပြီ... ကလေးလား.. ဟက်! "
ခေါက်ဆွဲမျှင်ကို တူနဲ့ညှပ်ပြီးပါးစပ်ထဲထည့်နေရင်းက မော့ကြည့်လာတဲ့နေးလက်ျာက မူကြိုကလေးလေးနဲ့တူနေသည်။ နှုတ်ခမ်းနားတစ်ဝိုက်မှာ ပေကျန်နေတဲ့ဆီတို့ကို တစ်ရှူးနဲ့သုတ်ပေးမိတော့ မျက်တောင်တဖြတ်ဖြတ်ခတ်ရင်း နောက်ယို့သွားသည်။
" ရ. ရတယ်... ကိုယ့်ဘာသာကိုယ်သုတ်ယူပါမယ် "
" မရှက်ပါနဲ့ လူလေးရယ်... ဒီကျွန်းကိုက ဟန်းနီးမွန်းထွက်တဲ့စုံတွဲတွေလာလည်တာများလို့ အရီးတို့ကရိုးနေပြီ... ပြီးတော့ လူလေးကမိန်းကလေးတွေရှုံးအောင်လှနေတဲ့ဟာကို မင်းယောက်ျားက တုန်နေအောင်ချစ်တာ မဆန်းပါဘူးကွယ် "
" ဗျာ!!... အဟွတ်... အဟွတ်... ကျွန်တော်တို့က... "
" သူကအဲ့လိုပဲ အရှက်အကြောက်အရမ်းကြီးတယ် "
" အမလေး... မရှက်နဲ့... မရှက်နဲ့... "
ဆိုင်ရှင်အဒေါ်ကြီးက ပြောချင်ရာပြောပြီး အနောက်ထဲဝင်သွားသည်။ ဘေးမှာရှိနေတဲ့ဒုဥက္ကဌကို အံကြိတ်ကာ မျက်မှောင်ကြုတ်ပြီးကြည့်မိတော့ နေးကိုကြည့်မနေပေမယ့် ပါးချိုင့်တစ်ဖက်ပေါ်လွင်အောင် ပြုံးလျက်။
စားသောက်ပြီးတော့ ရိုးရာအလှတွေများပြားလှတဲ့မာဝေနီကျွန်းဘက်ကို ခရီးဆက်ဖို့ပြင်သည်။
" မာဝေနီကျွန်းဘက်ကိုသွားမယ့်မော်တော်လားမသိ "
" ဟုတ်တယ်ဗျာ့... ဘယ်နှစ်ယောက်စီးမှာလဲ "
မော်တော်ဆိပ်မှာရပ်ထားတဲ့ မော်တော်တွေကိုတွေ့တော့ မော်တော်မောင်းသူဖြစ်ပုံရတဲ့လူကို သိလိုရာမေးပြီး နေး အနောက်ကို လှည့်ကြည့်လိုက်သည်။ မျက်နှာက ပြုံးတုံ့တုံ့နဲ့ အနားကိုရောက်လာတဲ့ ဒုဥက္ကဌကိုကြည့်ရင်း နေးနှာခေါင်းရှုံ့လိုက်သည်။
" နှစ်ယောက် "
မော်တော်မောင်းသမားက ခပ်သွက်သွက်ခေါင်းညိတ်ပြရင်း အနားက မော်တော်ပေါ်ကို လွှားခနဲခုန်တက်သွားသည်။
" လာ နေးလက်ျာ ... မော်တော်ပေါ်တက်မှာမလား . ကိုယ် ကိုင်ထားပေးမယ် "
" ရတယ် ... "
ဘောက်ဆတ်ဆတ်နဲ့ မော်တော်ပေါ်ခုန်တက်သွားတဲ့ အလှလေးက လျှန့်ကို အမြင်ကြည်ပုံမရသေးပါ။ လျှန်လည်း ခေါင်းအသာရမ်းကာ ရယ်လိုက်ရင်း အနောက်ကနေ မော်တော်ပေါ်ကို တက်လိုက်သည်။
မော်တော်ပေါ်မှာ လျှန်တို့နှစ်ယောက်ကလွဲ တခြားခရီးသည်လည်း မတွေ့မိပါ။ ကြည့်ရတာ စောသေးလို့ထင်သည်။
" နေး... "
လျှန် ခပ်တိုးတိုးခေါ်လိုက်တော့ မော်တော်ဦးပိုင်းမှာရပ်ရင်း လေညင်းခံနေသည့်အလှလေးက ခပ်စောင်းစောင်း လှည့်ကြည့်လာသည်။
" ဟုတ်ကဲ့ ဒုဥက္ကဌ "
ပြန်ထူးဖော်ရသေးတော့ လျှန် ကျေနပ်သွားသည်။ အနည်းဆုံးတော့ ဒုဥက္ကဌဆိုတဲ့အရှိန်ကြောင့် အဆုံးထိ လျစ်လျူရှုမခံရတော့ဘူးပေါ့လေ။
" ကိုယ် ဒီတိုင်းခေါ်လိုက်တာပါ "
ခေါင်းလေးညိတ်ပြတဲ့ နတ်ဘုရားငယ်က တစ်ဖက်ကို ပြန်လှည့်သွားသည်။ လျှန်ကတော့ ပန်းပုရုပ်လေးကို တမေ့တမော ငေးမောနေမိသည်။
အချိန်အနည်းငယ်ကြာတော့ လျှန်တို့စီးလာတဲ့ မော်တော်လေးက အရှိန်လျော့လာပြီး တစ်ဖက်ကမ်းကိုကပ်သည်။ ကျသင့်သလောက်ကို ခပ်သွက်သွက်ရှင်းပေးရင်း နှစ်ယောက်လုံး ကျွန်းရဲ့ အတွင်းပိုင်းကို ဆင်းလာခဲ့သည်။
ရိုးရာအငွေ့အသက်တွေ လွှမ်းခြုံလျက်ရှိပြီး ခရီးသွားတော်တော်များများ သဘောကျကြသည့် နေရာဖြစ်တာကြောင့် အခိုင်အမာဆောက်လုပ်ထားသည့် အပန်းဖြေနေရာနှင့် စားသောက်ဆိုင်တန်းတွေလည်း ရှိသည်။
ထူးဆန်းသည့်အချက်က အဆောက်အအုံတိုင်းသည် ခေတ်မီဆန်းပြားလှသည့်မဟုတ်။ ရှေးခေတ်ကျွန်းနေလူစုများ၏ ဗိသုကာလက်ရာများအတိုင်းသာတွေ့ရသည်။ ယဉ်ကျေးမှုအမွေအနှစ်ကိုထိန်းသိမ်းသောကျွန်းအဖြစ် နာမည်ကြီးသည်မှာ ထိုအချက်များကြောင့်ဖြစ်ပေလိမ့်မည်။
" ရွာထဲဝင်ကြည့်ကြမလား... နေးလက်ျာ "
" ဟုတ်ကဲ့ "
" ဈေးဆိုင်တန်းဘက်ကို လျှောက်ကြည့်ချင်လား နေးလက်ျာ "
" ဒုဥက္ကဌ သွားချင်ရင်သွားပါ "
မလှုပ်တလှုပ်နတ်ဘုရားလေးက သူ့ဆန္ဒအဓိက မဟုတ်ပဲ လျှန်ဘယ်သွားသွား နောက်ကလိုက်မည့်ပုံ။ အခုလိုလေးသာ နောက်ကလိုက်မည်ဆို လျှန်က လက်ဖဝါးနုနုလေးကိုဆွဲရင်း သံသရာအဆုံးထိသာ မနားတမ်းသွားပစ်လိုက်ချင်တော့သည်။
" သဘောကျရဲ့လား နေးလက်ျာ "
" ဟုတ်ကဲ့ "
အမှတ်တရပစ္စည်းတွေ ရောင်းတဲ့ဆိုင်တစ်ခုကိုရောက်တော့ အရောင်အသွေးစုံလင်ပြီး လှပသည့် ကမာခွံကို အောက်ခံထားလျက် ပြုလုပ်ထားသည့် ဖန်လုံးလေးကို နေးက သဘောတကျကြည့်နေသည်။ အထဲမှာ အုန်းပင်လေးတွေနှင့် ကျေးရွာလေးတစ်ခုကို ပုံစံငယ်ပြုလုပ်ထားတာကြောင့် ကြည့်ရတာ ကျွန်းပေါ်ကရွာလေးတစ်ခု ဖြစ်ပုံပေါ်သည်။
" ကိုယ်လက်ဆောင်ဝယ်ပေးမယ် "
" ကျွန်တော့်ဘာသာဝယ်ပါ့မယ် ဒုဥက္ကဌ "
အကြောတင်းလေးက အလုပ်နဲ့ပတ်သက်တာကလွဲလို့ လျှန့်ဆန္ဒမှန်သမျှကို အယူခံခွင့်မရှိ ခပ်ပြတ်ပြတ်ငြင်းပယ်သည်။ ချစ်နေမိတော့ အသည်းတယားယားနဲ့ ကြည့်နေရတာပဲ။
" ကိုယ်က စေတနာနဲ့ပါ "
နေး ဒုဥက္ကဌကို မသိမသာ မျက်စောင်းထိုးလိုက်သည်။ ရယ်သံနှောတဲ့အပြောကို စေတနာပါဆိုပြီး လာပြောနေသေးတယ်။ နောက်ဆုံးတော့လည်း ငြင်းပယ်ခွင့်မရှိတဲ့ အထက်လူကြီးအာဏာကြောင့် ဆူဆောင့်ဆောင့်နဲ့ လက်ခံခဲ့ရတာက နေးလက်ျာပင်ဖြစ်သည်။
ဒေသထွက်ရိုးရာမုန့်တွေကိုလည်း လျှောက်ပတ်မြည်းစမ်းကြရင်း အချိန်က လင့်လာပြီဖြစ်သည်။ လျှန့်လက်မှာပတ်ထားတဲ့နာရီကို တစ်ချက်ကြည့်ပြီး ဈေးသည်ကလေးငယ်တွေကြား ပြုံးပျော်နေသည့်နေးကို ငဲ့ကြည့်မိသည်။
စိတ်လိုလက်ရအပြုံးလေးတွေကို ငေးရရုံနဲ့တင် မလုံလောက်တာကြောင့် လျှန့်ဖုန်းကိုထုတ်ပြီး အမိအရ ခိုးရိုက်လိုက်သည်။ အလှတရားလေးက သိမ်းထားလည်း မြတ်နိုးတဲ့သူလက်ထဲတော့ တန်ဖိုးမလျော့ပါဘူးလေ။
ဝေါ!!! ... ဂျိမ်း ...!
" ဟင် ... "
နေသာနေရာကနေ ရုတ်တရက်ကြီး မှောင်မဲကာ ပြောင်းလဲသွားတဲ့ ရာသီဥတုကြောင့် လျှန် အံ့အားသင့်သွားသည်။ လေပြင်းတွေတိုက်ခတ်လာပြီး လွင့်စင်လာတဲ့သဲမှုန့်တွေကြောင့် မျက်လုံးပင်ကောင်းကောင်းမဖွင့်နိုင်တော့။
" ကျုပ်ထင်တယ်တော် ... လင်းကတည်းက ကျဲကျဲတောက်ပူနေတဲ့နေကြောင့် ပင်လယ်ထဲ မုန်တိုင်းရှိလောက်မယ်လို့ "
ဈေးရောင်းနေသည့် ကလေးငယ်တွေကလည်း ပြေးထွက်သွားပြီး အနားကဖြတ်သွားတဲ့ အမျိုးသမီးကြီးတစ်ယောက်ရဲ့စကားကြောင့် လျှန်ရော နေးပါ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိကြသည်။
" နေးလက်ျာ... လာ လာ . လေအရမ်းတိုက်နေပြီ... ကိုယ်တို့ဟိုဘက်သွားရအောင် "
လေပြင်းတာကြောင့် လွင့်စင်သွားမှာစိုးရိမ်စိတ်နဲ့ နေးရဲ့ခါးကို လျှန်က သိမ်းဖက်ပစ်လိုက်ရင်း စိတ်ချရမယ့်နေရာတစ်ခုကို ခပ်သွက်သွက်သွားရသည်။ ရာသီဥတုဆိုးရွားနေချိန်မလို့ နေးလက်ျာလည်း သတိထားမိပုံမရ။
" တည်းခိုဖို့နေရာတွေက ဘယ်နားမှာရှိလဲ ကိုယ်မသိဘူး နေးလက်ျာ "
" ဟင် ... "
" ကိုယ်တို့ ဒီဘက်ကနေ မြန်မြန်သွားရအောင်... စိတ်မပူပါနဲ့ ကိုယ်တို့ တည်းခိုစရာတော့ တွေ့မှာပါ... ဒီမှာ ကြာကြာနေရင် အပင်တွေကြောင့် ထိခိုက်မှာစိုးရတယ် "
ပြောရင်းဆိုရင်း ခပ်လှမ်းလှမ်းမှာရှိနေတဲ့အိမ်ကြီးဆီ နေးကို ခပ်သွက်သွက်ဆွဲခေါ်သွားတဲ့ ဒုဥက္ကဌနောက် နေးလည်း အမြန်လိုက်ရသည်။
ဒုန်း! ဒုန်း! ဒုန်း! ...
" အိမ်ရှင်တို့... အိမ်ရှင်တို့ခင်ဗျ "
ရာသီဥတုက ကြာလေပြင်းထန်လာလေမလို့ ဆက်သွားနေရင် အန္တရာယ်ဖြစ်မှာစိုးတာကြောင့် ခိုင်ခံ့ပြီးစိတ်ချရမည့်အိမ်တစ်အိမ်ကို အလောတကြီးခေါ်လာမိသည်။ လေပြင်းသံကြောင့် လျှန့်အသံက မကြားနိုင်လောက်ပေမယ့် တံခါးထုသံကိုတော့ အိမ်ရှင်တွေ ကြားလောက်ပါတယ်လေ။
ကျီ ...
ခပ်ကျဉ်းကျဉ်းလေးပွင့်လာတဲ့ သစ်သားတံခါးလေးက အထဲကနေလည်း အပြင်ဘက်က လေကြမ်းကြမ်းတွေကို တောင့်ခံထားပုံရပါသည်။
" ကိုယ်တို့က ဧည့်သည်တွေပါ... ရုတ်တရက်မုန်တိုင်းကြောင့် တည်းခိုဖို့ နေရာရှာမရသေးလို့ "
အထဲကလူက နားလည်သွားပုံရတာကြောင့် လူဝင်လို့ရမယ့်အနေအထားအထိ တံခါးကို ဖွင့်ပေးလာသည်။
" ကျေးဇူးတင်ပါတယ် "
လုံခြုံသည့်အိမ်ထဲ ရောက်လာသည့်တိုင် ဆုပ်ကိုင်ထားမိသည့် နေးရဲ့ခါးကို မလွှတ်ပေးမိသေးချေ။ အိမ်ရှင်က အဘွားအိုတစ်ယောက်ဖြစ်ပြီး လျှန့်ရဲ့ ကျေးဇူးတင်စကားကို လက်ခံသည့်အနေနဲ့ ခေါင်းသာညိတ်ပြသည်။
" အဝတ်အစားတွေ ရေစိုလာတာပဲ ... ထိုင်ကြဦး... အဘွားရဲ့သားအင်္ကျီတွေ လဲဖို့ ထုတ်ပေးမယ် "
အားနာပေမယ့် စိုရွှဲနေတဲ့ အဝတ်အစားတွေက မလဲလို့မဖြစ်သည်မို့ လျှန် ခေါင်းညိတ်လိုက်ရသည်။ ထိုင်ရမယ့်နေရာရောက်မှ ဆုပ်ကိုင်ထားမိသည့် ခါးသွယ်သွယ်လေးကို လွှတ်ပေးမိသည်။
" ဒီအတိုင်းဆို ကိုယ်တို့ ဒီနေ့တော့ ပြန်လို့ မရလောက်တော့ဘူး... နေးလက်ျာ "
" ကျွန်တော်လည်း အဲ့လိုတွေးမိပါတယ် "
ထုံးဖွဲ့ထားတဲ့ ဆံပင်ရှည်လေးတွေက မိုးရေစိုသွားတာမလို့ နတ်ဘုရားငယ်လေးကနေ မိုးမိထားတဲ့ ကြွက်ကလေးအသွင်ပြောင်းသွားသည်။ ကိုယ့်အတွေးနဲ့ကိုယ် သဘောတကျကြိတ်ရယ်မိသည်။ အိမ်ရှင်အဘွားက အဝတ်အစားတွေကိုင်ရင်း အနားရောက်လာတာကြောင့် ထိုင်နေရာကနေ ထရပ်လိုက်သည်။
" ကျေးဇူးပါ အဘွား... တလက်စတည်း စိတ်မရှိရင် ကျွန်တော်တို့ ဒီတစ်ညတော့ ခဏနေလို့ရမလား အဘွား "
" ကိစ္စမရှိဘူး "
ခပိပြတ်ပြတ်သာပြောပြီး လှည့်ထွက်သွားတဲ့အဘွားကို နေး အထပ်ထပ်ကျေးဇူးတင်မိသည်။ မျက်နှာမချို မဖော်ရွေပေမယ့် နေးတို့ကို ကူညီပေးထားတာပဲလေ။
" မနက်ကျရင်တော့ မုန်တိုင်းစဲလောက်မှာပါ "
" မစဲလည်း စိတ်မပူပါနဲ့... ကိုယ်နဲ့အတူရှိနေတာပဲ "
နေး ဒုဥက္ကဌကို ပေါ်တင်ပဲ မျက်စောင်းထိုးလိုက်သည်။ စကားက ဘာစကားကြီးလဲ။ ဒီလောက်ပြင်းထန်နေတဲ့ မုန်တိုင်းကို လေသံက မစဲစေချင်တဲ့ လေသံနဲ့။
ရိုးရာအင်္ကျီထူထူကြားမှာ နစ်နေတဲ့ နတ်ဘုရားငယ်က အခုတော့ မုန်ညင်းပန်းလေး မဟုတ်တော့ပဲ ခရင်မ်လုံးလေးလို ဖြစ်နေသည်။ လွင့်ကျလာတဲ့ မျက်စောင်းလေးက လျှန့်ကို ဘယ်အထိများ ရူးသွပ်စေချင်ပါသနည်း။
>>>>>>>>>>
နေစောင်းသည့်တိုင် အားပြင်းပြင်းတိုက်ခတ်နေသည့် မိုးသက်မုန်တိုင်းက စဲမသွားသေးပါ။ အိမ်လေးရဲ့ ဧည့်ခန်းထဲမှာ လျှန်နဲ့နေးလက်ျာတို့ မျက်နှာချင်းဆိုင်ထိုင်နေကြပြီး စကားလည်းမပြောဖြစ်ကြပါ။
" ဘာမှမစားရသေးဘူး မဟုတ်လား . ဒီမှာ ငါးဆန်ပြုတ်ပူပူလေး အရင်စားထားနှင့်ကြ... ခဏနေကျမှ ညစာဆက်စားကြပေါ့ "
" အာ.. တကူးတကကြီး အဘွားရယ်... ရပါတယ် "
လျှန်တို့ရှေ့ကို အငွေ့တထောင်းထောင်းနဲ့ စားချင့်စဖွယ် ငါးဆန်ပြုတ်နှစ်ခွက်ရောက်လာသည်။ ဘေးက ပန်းကန်သေးသေးလေးထဲမှာ ကြက်သွန်မြတ်ကလေးတွေကို သေသေချာချာ လှီးထည့်ထားပြီး ငရုတ်ကောင်းဘူးလေးပါ ပြင်ထားပေးသည်။
" စားလေ နေးလက်ျာ... ချမ်းနေတယ်မလား "
" ဟုတ်ကဲ့ ဒုဥက္ကဌ "
လျှန်ပြောလိုက်မှသာ ဆန်ပြုတ်ပန်းကန်လေးကို ငေးစိုက်ကြည့်နေတဲ့နေးလက်ျာက ယူစားသည်။
" ငရုတ်ကောင်းတွေ အများကြီးနဲ့... "
" ငရုတ်ကောင်းကြိုက်လို့ "
ဆန်ပြုတ်ပန်းကန်ထဲက ငရုတ်ကောင်းမှုန့်ကို အပုံလိုက်ခပ်စားနေတဲ့ နေးလက်ျာလေးကိုကြည့်ပြီး လျှန် သဘောတကျပြုံးရင်း ခေါင်းရမ်းမိသည်။ နှုတ်ခမ်းချွန်ချွန်လေးနဲ့ ပူနေတဲ့ ဆန်ပြုတ်ကိုမှုတ်ရင်း နည်းနည်းချင်းခပ်သောက်နေပုံကလည်း အကြည့်မလွှဲချင်စရာ။
" ဒီညတော့ အဆင်ပြေသလို အိပ်လိုက်ကြပေါ့... ဒီအိမ်မှာက အဘွားရဲ့သားအခန်းတစ်ခန်းပဲအပိုရှိလို့ ... အိပ်ရာပြင်ထားပေးတယ်... အိပ်ရတာနည်းနည်းတော့ကျဉ်းလိမ့်မယ်... သည်းခံကြ "
ညစာပြင်နေတဲ့အဘွားက မီးဖိုချောင်ထဲကနေ နေးတို့ကိုလှမ်းအော်ပြောသည်။ ဆန်ပြုတ်လည်း စားပြီးပြီဖြစ်တာကြောင့် နေးလည်း အလကား ထိုင်မနေချင်တာမလို့ ဒုဥက္ကဌရှေ့က ပန်းကန်တွေနဲ့ နေးရဲ့ ပန်းကန်ကိုပါ သိမ်းလိုက်သည်။
" ကိုယ်ကူပေးမယ်လေ နေးလက်ျာ "
" ရပါတယ်... ကျွန်တော်နိုင်ပါတယ်... ဒုဥက္ကဌ ထိုင်နေပါ "
" ကဲ... ပေးပါ "
နေးလက်ထဲက ပန်းကန်တွေကို အတင်းဆွဲယူသွားတဲ့ဒုဥက္ကဌက အဘွားရှိရာ မီးဖိုချောင်ထဲကို သယ်သွားသည်။ နေးလည်း အနောက်က အသာလိုက်သွားတော့ ဒုဥက္ကဌက အဘွားတားနေတဲ့ကြားက ပန်းကန်တွေကို ဆေးဖို့ပြင်နေသည်။
" နေးလက်ျာက အဘွားကို ညစာအတွက် ကူညီလိုက်နော် ... ကိုယ်ဆေးလိုက်မယ် "
" ဟုတ်ကဲ့ "
အဘွားက မကူဖို့ပြောပေမယ့် ဒီတိုင်းအလကားထိုင်နေဖို့ အားနာတာကြောင့် အနားမှာ လိုအပ်တာလေးတွေ ကူပေးဖြစ်သည်။ လူတစ်ယောက်လုပ်တာထက်စာရင် လူသုံးယောက်မလို့ အလုပ်က ခပ်မြန်မြန်ပြီးသွားသည်။
" နားကြတော့... ပင်ပန်းထားကြတယ်မလား... အဘွားလည်း ဘုရားရှိခိုးလိုက်ဦးမယ် "
" ဟုတ်ကဲ့ "
ညစာစားပြီးတဲ့အထိ မစဲသေးတဲ့ မုန်တိုင်းကြားမှာ နေးတို့လည်း မိုးရိပ်ကြောင့် တစ်နေကုန် နုံးခွေညောင်းညာနေပြီမလို့ အိပ်ရာဝင်ဖို့ ပြင်ကြသည်။ တစ်ယောက်အိပ်ကုတင်လေးကိုကြည့်ပြီး ယောက်ျားသားနှစ်ယောက် တိုးဝှေ့အိပ်ဖို့ အခက်တွေ့ရပေမယ့် အိပ်စရာမရှိတာထက်စာရင်တော့ တော်သေးသည်။
" နေးလက်ျာက အိပ်ရာပေါ်မှာအိပ်လိုက်ပါ... ကိုယ်က အောက်မှာစောင်ခင်းပြီး အိပ်လိုက်မယ် "
" ရ . ရပါတယ် ဒုဥက္ကဌ... ကြမ်းပြင်ကြီးမှာဘယ်ဖြစ်မလဲ... ရာသီဥတုကလည်းအေးနေတာ ... ဟို . ကျွန်တော်က အိပ်ရေးမကြမ်းပါဘူး ... ထောင့်ကပ်အိပ်လို့ရပါတယ် "
ခေါင်းလေးငုံ့ရင်း အိပ်ရေးမကြမ်းကြောင်း အယူခံဝင်နေတဲ့ နေးလက်ျာလေးက လျှန် ကြမ်းပြင်မှာအိပ်မှာကို အားနာနေကြောင်း နားလည်ပါသည်။ နေးလက်ျာလေးက အိပ်ရေးမကြမ်းပေမယ့် အိပ်ရေးကြမ်းချင်နေတာက သူကိုယ်တိုင်သာဖြစ်သည်။
ချစ်ရသူနဲ့ ကုတင်တစ်ခုထဲမှာ အတူတူရှိနေရတဲ့ခံစားချက်က ဘယ်လောက်ကြည်နူးစရာကောင်းတယ်ဆိုတာ ပြောစရာမလိုလောက်ပေမယ့် တစ်ဖက်သတ်ချစ်ရတဲ့သူအတွက်တော့ ဘယ်လောက်ခက်ခဲမှန်း မည်သူမှ သိနိုင်မယ်မထင်ပါ။
" အဟမ်း... အင်း ကောင်းပါပြီ... နေးလက်ျာက အတွင်းဘက်မှာအိပ်လိုက်ပါ "
" ဟုတ်ကဲ့ "
ကုတင်ပေါ်မှာ နှစ်ယောက်သား နေရာယူပြီးကြတော့ ဘာစကားမှမပြောဖြစ်။ နှစ်ယောက်စလုံး ရှင်းလင်းနေတဲ့ အပေါ်မျက်နှာကြတ်ကိုသာ ငေးကြည့်နေမိသည်။ နေးက မှိုစွဲနေတဲ့ မျက်နှာကြတ်ရဲ့ထောင့်တွေကိုငေးရင်း အိပ်ဖို့ကြိုးစားလိုက်သည်။ အပြင်မှာ လျှပ်စီးတွေပါလက်နေတာကြောင့် မီးပိတ်ထားတဲ့ အခန်းကျဉ်းလေးက လင်းလိုက်မှောင်လိုက်ဖြစ်နေပြီး မိုးသံတဝုန်းဝုန်းကိုပါ ကြားနေရသည်။
" နေးလက်ျာ... "
" ဟုတ်ကဲ့ "
" ချမ်းနေလား "
" ဟင့်အင်း "
" ချမ်းနေရင် ပြောနော်... "
" မချမ်းပါဘူး "
နှစ်ယောက်လုံး စောင်တစ်ထည်တည်းကို အတူတူခြုံထားကြပေမယ့် ခရင်မ်လုံးလေးသာ ချမ်းနေမယ်ဆို ထွေးဖက်ပေးချင်တဲ့စေတနာတွေ ယိုဖိတ်နေမိတော့သည်။ ခပ်ပြတ်ပြတ် နေးလက်ျာလေးရဲ့ အဖြေကြောင့် လျှန် နှုတ်ခမ်းတွန့်ရုံပြုံးလိုက်သည်။ ငြင်းဆန်မှုလေးကအစ ချစ်ဖို့ကောင်းလိုက်တာများ။
" နေးလက်ျာ ... "
" ... "
" နေး ... "
" ... "
" အိပ်သွား ... "
ခေါ်သံကို ပြန်မထူးတာကြောင့် လျှန် ပက်လက်လှန်အိပ်နေရာကနေ နေးလက်ျာဘက်ကို တစောင်းလှည့်လိုက်သည်။ လျှန့်ဘက်ကိုလှည့်ရင်း ခပ်ကွေးကွေးလေး အိပ်ပျော်နေတဲ့ နေးလက်ျာလေးက အတော်ပင်ပန်းနေပုံပါပဲ။ အိပ်ပျော်သွားလိုက်တာများ တစ်ခဏလေးအတွင်းမှာ။
" ချစ်ဖို့ကောင်းလိုက်တာ နေးလက်ျာကလေးက ... "
လက်တစ်ဖက်ကို အိပ်ပျော်နေတဲ့ နေးလက်ျာလေးဆီ တိုးကပ်သွားလိုက်ရင်း နှာခေါင်းချွန်ချွန်လေးကို ထိတွေ့လိုက်သည်။ လျှန့်မှာ အိပ်ပျော်နေတဲ့ ဒီအလှတရားလေးကိုလည်း မြတ်နိုးမိပြန်တာပဲ။ အိပ်မောကျနေတဲ့နေးလက်ျာကို တစိမ့်စိမ့်ကြည့်ရင်း လျှန် တီးတိုးညည်းဆိုမိသည်။
ဒီလိုညများ
တစ်ရာမကအောင်တွေ့ပါရစေ
ဒီလိုအခါပေါင်း
ထောင်သောင်းမကတွေ့ပါရစေ
သိန်းသန်းကုဋေ ညစဉ်ရက်ဆက်
အချစ်နဲ့တွေ့ပါရစေ
အင်္သချေ အင်္သချာညများ
ချစ်စကားဆိုပါရစေ...
ဒီတစ်ညတော့ အိပ်မပျော်နိုင်ပဲ အိပ်မောကျနေတဲ့ ညမွှေးပန်းကလေးကို ငေးရင်းသာ လျှန့်ရဲ့ တစ်ညတာအချိန်တွေ ကုန်ဆုံးရတော့မည်။
>>>>>>>>>>
ဆက်ရန်
Yellowish_One 💛
(၇-၉-၂၀၂၃)
Continue Reading
You'll Also Like
203K 9.4K 97
ပုပ္ပားမြေမှ စကားဝါ ပင်လုံးညှာ ရွှေရောင်ဝင်းလေတော့ ကြူသင်းစွာ မွှေးရနံ့ရယ်(ကွယ်) နှလုံးသားအထိ...စွဲ။ တစ်စုံတစ်ယောက်က ပုပ္ပားတောင်ကလပ်အမြင့်ကိုမေးခဲ့...
8.8K 808 31
318K 17.1K 53
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...
19.3K 1.3K 44
The contents of this story are written only with the writer's thoughts and ideas, and do not want to hurt or insult any person or society. Started da...