[Unicode]
အခန်း(၈၀)
ချန်းရှီကွေ့က သူ့ဘေးတွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော နဉ်ရှီကို ကြည့်လိုက်သည်။ သူက နဉ်ရှီလည်ပင်းအောက်မှာ ရောက်နေသည့် သူ့လက်မောင်းကို အသာလေးထုတ်လိုက်ပြီး အပေါ်အင်္ကျီဝတ်၍ ဝရန်တာဆီ လျှောက်သွားလိုက်သည်။
သူ့ဖုန်းမှာ missed callတွေ တသီကြီးနှင့် မက်ဆေ့ချ်အနည်းငယ်ဝင်ထား၏။ သူ့လက်တွေကို ဝရံတာလက်ရန်းပေါ်တင်ထားလိုက်ပြီး အမှောင်ယံညကောင်းကင်ကို တွေဝေမှင်သက်စွာ ကြည့်နေ၏။
နဉ်ရှီအိမ်ပြန်ရောက်လာတုန်းက သူတံခါးဖွင့်လိုက်သောအခိုက်တွင် သူလက်မခံနိုင်သောအရာကို နဉ်ရှီပြောလာမှာကို သူတကယ်စိုးရွံ့ခဲ့သည်။ နဉ်ရှီက သူမတောင်းပန်ပါတယ်လို့ ပြောလာချိန်တွင် သူမက သူ့ကိုထားရစ်ခဲ့တော့မည်ဟုပင် တွေးလိုက်မိသေးသည်။
သူဘာလို့ဆက်မမေးခဲ့လဲဆိုတာကို သူမမေးခဲ့သည်၊ သို့ပေမဲ့ သူမ,မသိတာက သူစတင်မေးမြန်းလိုက်သည်နှင့် ထွက်လာမည့်ရလဒ်က ယခုလို ဖြစ်မနေမှာကိုပင်။ အမှန်တရားဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ၎င်းက သူမကို သူ့အနားမှာရှိစေခြင်းထက် အရေးမကြီးပေ။
သူမက ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်နည်းထက် နူးနူးညံ့ညံ့ကိုင်တွယ်တာကို ပိုကြိုက်တတ်သည့်လူမှန်း ရှီရှီကိုယ်တိုင်ကပင် မသိတာဖြစ်လိမ့်မည်။ သူဒီကိစ္စနောက်ကိုဆက်လိုက်နေခဲ့မည်ဆိုလျှင် သူ၏စိုးရိမ်ကြောင့်ကြမှုက အခြေအနေကိုပိုဆိုးသွားစေနိုင်ပြီး သူတို့လမ်းခွဲရတာနှင့် အဆုံးသတ်သွားတာ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
နေ့ခင်းတုန်းက သူရဲစခန်းဆီအပြေးသွားခဲ့သေးသည်။ သူရောက်နေချိန်မှာ နဉ်ရှီမထွက်သွားရသေးပေ။ သူကားပေါ်မှာ အကြာကြီးထိုင်နေခဲ့ပြီး နဉ်ရှီစခန်းအပြင်ထွက်လာမှသာ ကားပြန်လှည့်ပြီးပြန်သွားခဲ့တာ ဖြစ်သည်။
ဤကမ္ဘာပေါ်တွင် နဉ်ရှီကို သူ့လောက် ဘယ်သူမှ ကောင်းကောင်းနားမလည်နိုင်ပါချေ။ သူမက စိတ်ထားနူးညံ့သူဖြစ်ပေမယ့် သူမအသည်းမာသည့်အချိန်လည်းရှိလေ၏။ သူနည်းလမ်းမှန်မှန်ကို ရွေးနိုင်သရွေ့ သူမ၏အနူးညံ့ဆုံးသောအစိတ်အပိုင်းကို ရှာတွေ့နိုင်ပြီး အဆုံးမှာ သူမနှလုံးသားထဲကို ဝင်ရောက်နိုင်လိမ့်မည်။
သူ့ဖုန်းက နောက်တစ်ဖန်မြည်လာပြန်သည်။ ချန်းရှီကွေ့ အနောက်လှည့်ပြီး အိပ်ပျော်နေသောနဉ်ရှီကို ကြည့်လိုက်သည်။ သူဖုန်းကိုင်လိုက်ပြီးတော့ လေသံတိုးတိုးနှင့်ပြောလိုက်သည်။ “အမေ၊ ဒီလောက်ညဉ့်နက်နေပြီကို၊ ဘာလို့မအိပ်သေးတာလဲ?”
“အမေ ဒီနေ့ခင်းတုန်းက အပြင်ထွက်တော့ ကော်ဖီနှစ်ခွက်လောက် သောက်လိုက်မိတယ်။ အဲ့ဒါနဲ့ အိပ်မရဖြစ်နေတာ...” ထောင်ဟွေ့ရွှယ်၏လေသံက တည်ငြိမ်နေပြီး သူမ၏အသံတွင် ညင်သာခြင်းနှင့်ချစ်ခြင်းတရားတို့က ပါဝင်နေသည်။ “နဉ်ရှီဘာဖြစ်နေလဲဆိုတာ အမေသိခဲ့ပြီးပြီ..”
ချန်းရှီကွေ့က တဒင်္ဂမျှတိတ်သွားပြီး အသံပြု၍ပြန်ဖြေသည်။
ချန်းရှီကွေ့က ထိုအကြောင်းကို ဆက်ပြောချင်စိတ်မရှိတာကို မြင်တော့ ထောင်ဟွေ့ရွှယ်ပြောလိုက်သည်။ “ကိစ္စကပေါ်သွားပြီဆိုမှတော့ အများကြီးတွေးမနေနဲ့တော့။ ဒီအချိန်မှာ သားအနေနဲ့ များများအနားယူပြီး သူမနဲ့အတူ ဒီထက်ပိုပြီး အချိန်ကုန်ဆုံးသင့်တယ်..“
“ကျွန်တော်သိပါတယ်..” ချန်းရှီကွေ့က နဉ်ရှီကိုလှည့်ကြည့်ကာ ပြောလိုက်သည်။ “နောက်ဆို ကော်ဖီအများကြီး မသောက်နဲ့တော့...”
“ဟုတ်ပါပြီရှင်၊ အမေကအိုနေပါပြီနော်၊ အမေ့ကို လိုက်ပြီး ဟိုပြောဒီပြောလုပ်နေစရာမလိုဘူး..” ထောင်ဟွေ့ရွှယ်က တခစ်ခစ်ရယ်ပြီးနောက် သက်ပြင်းထပ်ချပြန်သည်။ “ရှီကွေ့...အမေ သားရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ ဝင်စွက်ဖက်ချင်တာမဟုတ်ပါဘူးကွယ်၊ ဒါပေမဲ့ အမေလည်း မိန်းမသားတစ်ယောက်ပဲ။ အဲ့ဒါက မလွယ်ကူမှန်း အမေသိတာပေါ့။ အမေ နဉ်ရှီနဲ့ လူချင်းမတွေ့ရသေးဘူးဆိုပေမယ့် သူက အရမ်းကိုအံ့ဩစရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ဆိုတာ အမေပြောနိုင်တယ်။ အခုချိန်က သူ့အတွက် စိတ်အဆင်းရဲရဆုံးအချိန်ပဲ။ အပြင်မှာ ဘယ်လိုကောလာဟလတွေထွက်နေပါစေ၊ ဘယ်လိုအပျက်သဘောဆောင်တဲ့ အတင်းအဖျင်းတွေပျံ့နေပါစေ၊ သားရဲ့ရပ်တည်ချက်ကို သားရှင်းရှင်းလင်းလင်းသိနေရမယ်။ အဲ့အခါကျမှ သူ့ကိုကောင်းကောင်းဂရုစိုက်ပေးလိုက် ဟုတ်ပြီလား..”
“အမေ့သားက တခြားသူတွေရဲ့စကားကြောင့်နဲ့ ကိုယ့်ဘေးကလူတွေကို အနိုင်မကျင့်သင့်ဘူး။ အမေပြောတာ နားလည်လား?” ထောင်ဟွေ့ရွှယ်က သူမ၏ချွေးမလောင်းနှင့်ပတ်သက်၍ ကျေနပ်ကြောင်းမပြောလာသော်ငြား သူမသားအတွက် တောင်းဆိုချက်များအား အမေတစ်ယောက်အနေနှင့် သူမ၏အမြင်ကို ရှင်းရှင်းလင်းလင်းဖော်ပြခဲ့သည်။
ချစ်သူကောင်မလေးကိုပိုးပန်းရန်အတွက် အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့သူမှာ သူသာဖြစ်သည်။ ယခု သူမဒုက္ခရောက်နေချိန်ကျမှ အပြင်လူပြောစကားတွေကို သည်းညည်းမခံနိုင်ဘဲ သူမကိုလမ်းခွဲခဲ့မည်ဆိုလျှင်တော့ ၎င်းက ထောင်ဟွေ့ရွှယ်ခွင့်လွှတ်နိုင်မည့်အရာ မဟုတ်ပေ။
“အမေ့ရဲ့အနာဂတ်ချွေးမလောင်းကဖြင့် မိသားစုထဲလက်ထပ်မဝင်လာရသေးဘူးနော်၊ အမေက အခုထဲက သူ့ဘက်လိုက်နေပြီလားဗျာ?” ချန်းရှီကွေ့က စိတ်သက်သာရာရသွားလျက် လည်ချောင်းသံပါသော ရယ်သံနှင့်ရယ်လိုက်သည်။ ကံကောင်းသည်မှာ သူ့အမေက ဤအဖြစ်အပျက်ကြောင့် နဉ်ရှီကိုစိတ်မခုသွားဘဲ ထိုအစား သူက နဉ်ရှီကို စွန့်ပစ်သွားမှာကို စိုးရိမ်နေခဲ့ခြင်းပင်။
အခြားမိသားစုများတွင် ယောက္ခမက ချွေးမကို အခက်တွေ့အောင် လုပ်တတ်ကြသည်။ ထိုအစား အနာဂတ်မှာ သူ၏မိသားစုထဲရှိအဆင့်က အောက်ဆုံးမှာပင်ရှိရန် ဖြစ်တန်တော့သည်။
ထောင်ဟွေ့ရွှယ်က ဖုန်းချလိုက်ပြီးနောက်တွင် သက်ပြင်းဖွဖွလေးချလိုက်သည်။ သူမက ကုတင်ဘေးကဓာတ်ပုံကို လှည့်ကြည့်လိုက်သည်။ ပုံလေးက သူတို့မိသားစုသုံးယောက်၏ ဓာတ်ပုံပင်။ ပုံထဲတွင် ချန်းရှီကွေ့က ဆယ်ကျော်သက်အရွယ်လေးပဲရှိသေးကာ ပျော်ရွှင်စွာပြုံးရယ်နေ၏။
သို့သော် ထိုကားတိုက်မှုဖြစ်ပြီးချိန်မှစ၍ ချန်းရှီကွေ့က ထိုကဲ့သို့ နောက်တစ်ကြိမ် ထပ်မပြုံးလာတော့ပေ။ ကားတိုက်မှုက သူမ၏ခင်ပွန်းကိုခေါ်ထုတ်သွားခဲ့ရုံသာမက သူမသား၏ဖြူစင်မှုနှင့်ပျော်ရွှင်မှုကိုလည်း ယူသွားခဲ့လေ၏။
ထိုမိန်းမပျိုလေးအပေါ် သူမသား၏ရည်ရွယ်ချက်တွေကို သူမသတိမထားမိဘဲ ဘယ်ရှိမလဲ? သူဌေးကတော်တွေ သူတို့ရဲ့နောက်ကွယ်မှာ သူမအကြောင်းအတင်းပြောရုံမကလို့ တစ်စုံတစ်ယောက်က သူ့ရှေ့တည့်တည့်မှာ နဉ်ရှီ့အကြောင်းမကောင်းတာတွေ လာပြောရင်တောင်မှ ချန်းရှီကွေ့က သူမနားကနေထွက်သွားမှာ မဟုတ်ပေ။
ဝန်ခံရမည်ဆိုလျှင် သတင်းထွက်လာချိန်၌ သူမဝမ်းနည်းခဲ့ပါ၏။ သို့ပေမဲ့ သူမ ထိုအကြောင်းကိုတွေးကြည့်လေလေ အနှီမိန်းမငယ်လေး ခံစားခဲ့ရမည့် ခိုကိုးရာမဲ့မှုတွေ၊ရဲစွမ်းသတ္တိတွေကို သူမနားလည်လာလေလေပင်။ နဉ်ရှီလုပ်နိုင်ခဲ့သလို လူဘယ်နှယောက်ကများ တကယ်လုပ်နိုင်ခဲ့လို့လဲ?
မိခင်တစ်ယောက်၏ရှုထောင့်မှ ကြည့်ရသည်ရှိသော် သူမသားအား အလိမ္မာအိမ်ပါဇနီးလေးတစ်ယောက်ကို ရှာလာဖို့ ကျိန်းသေပေါက်မျှော်လင့်မိသော်လည်း အမျိုးသမီးတစ်ယောက်၏ရှုထောင့်မှ ကြည့်လျှင်တော့ သူမ နဉ်ရှီကို လေးစားသဘောကျမိပါ၏။
သို့သော်လည်း ဘယ်လိုထည့်သွင်းစဉ်းစားမှုကမှ သူမသား၏အကြိုက်ထက် အရေးမကြီးပေ။ သူမက စုံတွဲတွေကိုကွဲကွာစေသည့် ယောက္ခမဆိုးမဖြစ်လိုပေ။ လက်ရှိအခြေအနေနဲ့တင် သူမကျေနပ်ရပါ၏။ သူမသားလိုချင်တာရသွားပြီး သူမသဘောကျနှစ်ခြိုက်သည့် မိန်းကလေးက သူမချွေးမဖြစ်လာသရွေ့ တခြားဘယ်အရာကမှ အရေးမကြီးပါချေ။
============
နဉ်ရှီတစ်ယောက် အိပ်မက်ထဲရောက်နေသလို ခံစားလိုက်ရသည်။ အိပ်မက်ထဲတွင် သူမက အမှောင်ထဲ၌ လမ်းမတစ်ခုပေါ်လျှောက်နေ၏။ မိုးဖွဲဖွဲရွာနေပြီး သူမက လမ်းသွားလမ်းလာများနှင့်ပြည့်နှက်နေသော လမ်းဆုံလမ်းခွတွင်မတ်တပ်ရပ်နေ၏။ သို့သော် သူမဘယ်ကိုဦးတည်သွားရမလဲမသိ။
လူပေါင်းများစွာ သူမဘေးကဖြတ်သွားပေမယ့် ဘယ်သူမှ သူမကို မကြည့်လာသလို သူမဘေးမှာလည်း မရပ်လာကြပေ။
“Ding!”
ဘယ်အချိန်ကဖြစ်သွားလဲတော့ သူမ,မသိ၊ ရုတ်တရက်ကြီး သူမဘေးနားရှိလူတွေက ပျောက်ကွယ်သွားတော့၏။ ထိုအစား အနားမှာ ကားတွေက ဝန်းရံနေသည်။ သူမရှေ့လည်းတိုးမရသလို နောက်လည်းဆုတ်မရ၊ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေတော့သည်။
ကားမောင်းသမားတစ်ယောက်စီတိုင်းက သူမကိုထွက်သွားရန် လောဆော်နေကြသည်။ သူတို့က အဆက်မပြတ် ဟွန်းတီးနေပြီး ကားတွေက သူမနားကို ပိုလို့နီးကပ်စွာမောင်းလာကြတော့သည်။ အဆုံးတွင် သူမကို ကားများက တစ်မီတာအကျယ်ထက်နည်းသော စက်ဝိုင်းငယ်လောက်သာရှိသည်အထိ ဝိုင်းထားတော့သည်။
ရုတ်တရက်ဆိုသလို လူတစ်ယောက်က သူမလက်ကိုဆွဲကိုင်လိုက်သည်။ သူမပျံသန်းနေသလို ခံစားလိုက်ရပြီး ယာဉ်ကြောကြီးကိုထားခဲ့လျက် အဆုံးတွင် မြက်ခင်းပြင်တစ်နေရာ၌ ခြေချသွားတော့၏။
လေညင်းသွဲ့သွဲ့က သူတို့ကိုဖြတ်တိုက်သွားပြီး မြက်ခင်းရနံ့ဖျော့ဖျော့ကိုရလိုက်သလိုပင်။
“ရှီရှီ...”
သူမလှည့်ကြည့်လိုက်သည်။ ရှပ်အင်္ကျီဝတ်ထားသောယောက်ျားတစ်ယောက်က သူမကို အနောက်ကနေ ပွေ့ဖက်လာ၏။ ထိုသူက သူမကို အအေးဒဏ်ကတိုက်ခိုက်လာခြင်းမှ ကာကွယ်တားဆီးပေးနေသည့် နွေးထွေးသောမီးလုံးလေးတစ်လုံးလို ဖြစ်နေသော်ငြား သူမကိုတော့ မလောင်ကျွမ်းစေပေ။
“ရှီကွေ့...”
နဉ်ရှီမျက်လုံးဖွင့်လိုက်တော့ သူမကိုခြုံထားသော အပြာရောင်စောင်ကိုတွေ့လိုက်သည်။ ပြီးမှ ဒီအခန်းဟာ သူမအခန်းမဟုတ်ဘဲ master bedroom ဖြစ်နေကြောင်း သတိရသွားတော့သည်။
သူမထထိုင်လိုက်သည်။ ပြီးနောက် ရုတ်တရက်ဆိုသလို ရယ်ချင်စိတ်ကို အောင့်ထားရင်း အိပ်ရာထဲပြန်လှဲလိုက်ပါတော့သည်။
“ခေါင်းဆောင်လီ၊ ဒီနေရာဆိုတာ သေချာပါတယ်နော်?” အရာရှိစွန်းက သူ့အရှေ့မှ တန်ဖိုးကြီးမားသော ပန်းပုလက်ရာဂိတ်ဝကို ကြည့်လိုက်သည်။ ဂိတ်ဝ၏လမ်းကြောတစ်လျှောက်ကနေ မြက်ခင်းပြင်နှင့်ဥယျာဉ်ခြံတစ်ခြံကို သူမြင်လိုက်ရကာ ထိုနေရာတွင် ဥရောပစတိုင်အိမ်တစ်လုံးတည်ရှိနေ၏။
အိမ်ရာနယ်မြေ၏ဝင်ပေါက်ကနေ ဂိတ်ဝအထိ လမ်းလျှောက်ချိန်က မိနစ်အနည်းငယ်သာကြာသော်လည်း အရာရှိများက အိမ်ရာလုံခြုံရေးအစောင့်များ၏ ကင်းလှည့်ကားများနှင့်သွားတိုးမိ၏။ အရာရှိများက ယူနီဖောင်းဝတ်ထားသည့်တိုင် အကြိမ်အနည်းလောက်တော့ မေးမြန်းခံရသေးသည်။
“မစ္စနဉ်ရဲ့စာရင်းသွင်းထားတဲ့လိပ်စာက ဒီနေရာပဲ။ တံခါးဘဲလ်သွားတီးကြည့်လိုက်..” စစ်ဆေးရေးမှူးလီဟောင်က အသက်သုံးဆယ်ကျော်အရွယ် တောင့်တောင့်ဖြောင့်ဖြောင့် ယောက်ျားကြီးတစ်ယောက်ပင်။ သူ့မျက်နှာအမူအရာကတည်ငြိမ်နေပြီး စည်းကမ်းကြီးခြင်းဟူသော အငွေ့အသက်က သူ့ကိုဝန်းရံထားလေ၏။
ဤအရာရှိလေးယောက်အုပ်စုက ဤအမှုကိုစုံစမ်းရန်အလို့ငှာ ညတွင်းချင်းပင် စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်၏။ သူတို့ခမျာ လူမှုအသိုင်းအဝိုင်းထံမှ စိစိပေါက်ပေါက်မေးမြန်းခြင်းနှင့်ဖိအားကို ရင်ဆိုင်ရရုံသာမက အရင်တုန်းက သတ်သေမှုအခင်းဖြစ်ပွားရာနေရာမှ မျက်မြင်သက်သေများကိုလည်း ထွက်ဆိုချက်များရရှိစေရန် လိုက်ရှာရသေးသည်။ ကံကောင်းသည်မှာ အဆိုပါမျက်မြင်သက်သေများက ပူးပေါင်းဆောင်ရွက်မှုရှိကြခြင်းပင်။ သို့တိုင် အသုံးဝင်သည့်သက်သေက အနည်းအကျဉ်းပဲရှိသေးပြီး ထွက်ဆိုချက်အများစုက တရားရုံးတွင်သက်သေခံအဖြစ် အသုံးပြု၍မရသော်ငြား ကိုးကားအချက်အလက်များအဖြစ် သုံး၍ရသေးသည်။
တစ်မိနစ်ထက်နည်းသောအချိန်မှာပင် ကနုတ်ပန်းလက်ရာများနှင့်တံခါးဝက ဖြည်းဖြည်းချင်းပွင့်သွားလေသည်။ ခေါင်းဆောင်လီနှင့်သူ့အရာရှိများက အထဲဝင်သွားသောအခါ ကြယ်သီးဖြုတ်ထားသည့် မီးခိုးရောင်ဝတ်စုံကို နက်ကတိုင်မတပ်ဘဲ ဝတ်ဆင်ထားသည့် ယောက်ျားတစ်ယောက်က အိမ်ကြီးထဲမှ ထွက်လာတာကို မြင်လိုက်ရသည်။
သူတို့နှင့်အတူပါလာသည့် ရဲမေက သူတို့ဆီလျှောက်လာနေသည့်သူဟာ နဉ်ရှီ၏ချစ်သူ၊ ချန်းလုပ်ငန်းစု၏ခေါင်းဆောင် ချန်းရှီကွေ့ဖြစ်ကြောင်း ချက်ချင်းမှတ်မိသွားသည်။
“တွေ့ရတာဝမ်းသာပါတယ် မစ္စတာချန်း၊ ကျွန်တော်က တုန်းနန်ရဲဌာနရဲ့ မှုခင်းဆိုင်ရာ စစ်ဆေးရေးမှူးလီဟောင်ပါ။ မစ္စနဉ်အမှုရဲ့တာဝန်ခံဆိုလည်း ဟုတ်ပါတယ်..” ခေါင်းဆောင်လီက ချန်းရှီကွေ့နှင့် လက်ဆွဲနှုတ်ဆက်လိုက်ပြီး သက်သေစာရွက်စာတမ်းများကို ထုတ်လိုက်သည်။ “ဒီနေ့ ကျွန်တော် ဒီကိုရောက်လာတာက မစ္စနဉ်ရဲ့အမှုအကြောင်းကို ဒီထက်ပိုပြီးစုံစမ်းဖို့အတွက်ပါ။ သူအိမ်မှာရှိလားမသိဘူး?”
“ဒါ့ဖြင့် ကျွန်တော် ခင်ဗျားတို့ကို ဒုက္ခဖြစ်စေမိပါပြီ။ အထဲဝင်လာကြပါခင်ဗျ” ချန်းရှီကွေ့က သူတို့ကို အိမ်ထဲဝင်ရန် ဖိတ်လိုက်သည်။
အရာရှိစွန်းက အိမ်ထဲသို့ ဂရုတစိုက်ဝင်လိုက်သည်။ အနုစိတ်လှကာ ဇိမ်ခံပစ္စည်းများနှင့်ပြည့်နေသော အိမ်အတွင်းပိုင်းကို မြင်လိုက်ရသောအခါ သူ တိတ်တဆိတ် အသက်ပြင်းပြင်းရှုသွင်းလိုက်မိသည်။ သူဌေးတွေရဲ့ဧည့်ခန်းက သူ့တစ်အိမ်လုံးထက်ကို ကျယ်လှလေ၏။
“ဖိနပ်ချွတ်စရာမလိုပါဘူး၊ ဘယ်နေရာမဆို ဝင်ထိုင်လို့ရပါတယ်..” ချန်းရှီကွေ့က သစ်သီးပန်းကန်နှစ်ပန်းကန် ယူလာပြီး သူတို့အရှေ့ချထားလိုက်သည်။ ထို့နောက် သူတို့အတွက် လက်ဖက်ရည်သွားဖျော်ပေးပြီး ပြောလိုက်သည်။ “အရင်ထိုင်ထားနှင့်ပါအုံး...ကျွန်တော်သွားပြီး သူ့ကိုနှိုးလိုက်အုံးမယ်..”
ချန်းရှီကွေ့အပေါ်တက်သွားချိန်တွင် အရာရှိစွန်းက တီးတိုးပြောလိုက်သည်။ “မစ္စတာချန်းက လူကောင်းနဲ့တူတယ်နော်၊ ထောင်လွှားမောက်မာခြင်းမရှိဘူး...” သူတို့က ရဲအရာရှိများဖြစ်ကြသည့်အလျောက် စုံစမ်းစစ်ဆေးရေးတစ်လျှောက်တွင် လူတန်းစားပေါင်းစုံနှင့် ဆုံခဲ့ဖူးလေသည်။ ကျိုးကြောင်းဆီလျော်သည့်လူများရှိပေမယ့် သူတို့ကိုမလေးစားသည့် ကြီးနိုင်ငယ်ညှဉ်းတွေလည်း ရှိတတ်ကြသည်။ အရင်တုန်းက သူတို့ကိုင်ရသည့်အမှုများတွင် သူဌေးများပါလာပြီဆိုလျှင်တော့ ထိုသူများက ဖော်ရွေပြကြလိမ့်မည်။ သို့သော် တကယ်တမ်းက ထိုသူဌေးများက သူတို့ကိုအမှန်ပင် အလေးမထားကြပေ။ သူတို့အတွက် တကူးတက လက်ဖက်ရည်ဖျော်ပေးသူ တစ်ယောက်မှမရှိခဲ့ဖူးပေ။
“မဟုတ်ရင် နဉ်ရှီက သူ့ကိုကြိုက်ပါ့မလားဟယ်?” ရဲမေလေးက သူမ၏မှတ်စုစာအုပ်ကို ထုတ်လိုက်ပြီး ဒူးပေါ်တင်ထားလိုက်သည်။ “မစ္စတာချန်းတစ်ယောက် နဉ်ရှီကိုပိုးပန်းဖို့ လုံ့လအများကြီးထုတ်ခဲ့ရတယ်လို့ ကောလာဟလတွေထွက်ခဲ့တာ နင်မသိဘူးလား?”
“မစ္စတာချန်းလို ချမ်းသာတဲ့ ယောက်ျားလေးတောင်မှ မိန်းကလေးတစ်ယောက်ကို ပိုးပန်းဖို့ ဇွဲလုံ့လအများကြီးစိုက်ထုတ်ခဲ့ရတာကို တွေးကြည့်ရင်...” အရာရှိစွန်းက ညည်းညူလိုက်သည်။ “ယောက်ျားလေးတစ်ယောက်ဖြစ်ရတာ တကယ်ကိုမလွယ်ဘူးပဲ..”
ရဲမေလေးက သူ့ကို အမှုအရာမပေါ်လွင်စေဘဲ လှောင်လိုက်ကာ သူနှင့်စိတ်ရှုပ်ခံပြီး ငြင်းမနေတော့ပေ။
“တော်ကြတော့” အရာရှိလီက သူတို့နှစ်ယောက်ကြားက အရေမရအဖတ်မရစကားဝိုင်းကို ဖြတ်တောက်လိုက်သည်။ “ကိုယ့်ပုံရိပ် ကိုယ်ထိန်းကြ” သူ့ဘေးမှာ ထိုင်နေသူက စကားတစ်ခွန်းမှဟမလာသေးသည့် ဖြူဖြူပိန်ပိန်အရာရှိပင်ဖြစ်၏။ သူကအရာရှိလီ၏စကားကို ကြားတော့ ရယ်လိုက်ပြီး သူ့မျက်မှန်ကို နှာရိုးထက် ပင့်တင်လိုက်သည်။ “သူတို့ idolကိုတွေ့ရတော့မှာဆိုတော့ စိတ်လှုပ်ရှားနေကြတာလေ...”
အရာရှိစွန်းနှင့်ရဲမေနှစ်ယောက်စလုံး စကားတစ်ခွန်းပင်မဟရဲတော့ပေ။ ပြီးမှ အရာရှိစွန်းက ထိုလူကိုကြည့်ပြီး မှတ်ချက်ချလိုက်သည်။ “အစ်ကိုလျိုကတော့ ပြောလိုက်ရင် ကွက်တိကျနေတာပဲ..”
အရာရှိလျိုကပြုံးလိုက်ပေမယ့် အပေါ်ထပ်ကဆင်းလာသည့် ခြေသံတွေကိုကြားတော့ ချက်ချင်းပြန်တည်သွားတော့သည်။
အရာရှိစွန်းကမော့ကြည့်လိုက်တော့ ထသွားထလာဝတ်စုံဝတ်ထားပြီး မျက်နှာပြောင်နဲ့ဆင်းလာသော နဉ်ရှီကိုတွေ့လိုက်ရသည်။ အရာရှိစွန်းတစ်ယောက် စကားတစ်ခွန်းဟဖို့ အခွင့်အရေးပင်မရလိုက်၊ နဉ်ရှီက အရင်စကားစပြောလာခဲ့သည်။ “စောင့်ဆိုင်းစေမိလို့ တောင်းပန်ပါတယ်ရှင်..”
“ရပါတယ်...မစ္စနဉ်၊ ကျွန်တော်တို့လည်း ဒီကို သတိမပေးဘဲ လာလိုက်မိတာကိုး..” ခေါင်းဆောင်လီက မတ်တပ်ရပ်ပြီး နဉ်ရှီအား သူ့လုပ်ဖော်ကိုင်ဖက်များအားလုံးနှင့် မိတ်ဆက်ပေးပြီး ပြောလိုက်သည်။ “မစ္စနဉ်၊ မင်းစီစဥ်ထားတဲ့သက်သေတွေအားလုံး တော်တော်လေးကိုအသုံးဝင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် မင်းကိုထပ်မေးချင်တဲ့ အချက်အလက်တချို့တော့ရှိတယ်။ ကျွန်တော်မေးချင်တာကို မစ္စနဉ် သဘောတူနိုင်မလားမသိဘူး?”
နစ်နာသူများ၏မိသားစုများအား သူတို့အရင်ကခံစားခဲ့ရသည့် နာကျင်မှုကို ပြန်တွေးစေခြင်းသည်လည်း အကြင်နာမဲ့မှုတစ်ရပ်ပင်ဖြစ်ချေ၏။ သို့ပေသိ စုံစမ်းစစ်ဆေးရေး ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် မေးဖို့လိုသည့် အချို့မေးခွန်းများကလည်း ရှိသေးသည်။ ဒီလိုအချိန်မျိုးဆို သူတို့လည်းမတတ်နိုင်ကြပါချေ။
“ကိစ္စမရှိပါဘူး၊ အားမနာတမ်းမေးလို့ရပါတယ်...” နဉ်ရှီက ဖြစ်ညှစ်ပြုံးလိုက်ပြီး အနားမှာရှိတဲ့ ဆိုဖာပေါ်ထိုင်လိုက်သည်။ ချန်းရှီကွေ့က သူမဘေးနားလာထိုင်ပြီး သူမက သူ့လက်ကိုတင်းတင်းဆုပ်ကိုင်ထားလိုက်၏။
အရာရှိလျိုက အနှီစုံတွဲ၏တွဲလက်တစ်စုံကို မြင်လိုက်သည်။ ပြီးနောက် သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်လေ၏။
ခေါင်းဆောင်လီက သူ့လက်ထဲကဖိုင်တစ်ခုကို လှန်လှောကြည့်လိုက်သည်။ “မစ္စနဉ်ခင်ဗျ၊ မင်းရဲ့အိမ်နီးချင်းပြောပုံအရ ဒီမှုခင်းဖြစ်တုန်းက အခင်းဖြစ်ပွားရာနေရာမှာ မင်းရှိနေခဲ့တယ်ဆို?”
___________
Meow's Note: ဒီထဲမှာ မြောင်ပြန်တဲ့ ကျိုလေးတို့ကို ဖတ်တဲ့သူတွေရှိနေရင် မြောင့် wall ထဲက conversation ထဲ ဝင်ကြည့်ပေးကြပါနော်။ တင်ထားတာကြာနေပြီဆိုပေမယ့် မတွေ့ကြမှာစိုးလို့ပါ။ တစ်လက်စတည်း မေးချင်တာလေးရှိလို့ပေါ့နော်။ ကျိုလေးကို ဆယ်လပိုင်း ကိုယ်ပြန်စတဲ့အချိန်မှ ပြန်ပြီးသလောက်တင်ပေးရမလား။ ဒီကြားထဲ ပြီးရင်ပြီးသလို လာတင်ပေးရမလား။ ဒါလေးတော့ ဖြေပေးသွားကြပါနော်။
___________
[Zawgyi]
အခန္း(၈၀)
ခ်န္းရွီေကြ့က သူ႔ေဘးတြင္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနေသာ နဉ္ရွီကို ၾကၫ့္လိုက္သည္။ သူက နဉ္ရွီလည္ပင္းေအာက္မွာ ေရာက္ေနသၫ့္ သူ႔လက္ေမာင္းကို အသာေလးထုတ္လိုက္ၿပီး အေပၚအက်ႌဝတ္၍ ဝရန္တာဆီ ေလ်ွာက္သြားလိုက္သည္။
သူ႔ဖုန္းမွာ missed callေတြ တသီႀကီးႏွင့္ မက္ေဆ့ခ်္အနည္းငယ္ဝင္ထား၏။ သူ႔လက္ေတြကို ဝရံတာလက္ရန္းေပၚတင္ထားလိုက္ၿပီး အေမွာင္ယံညေကာင္းကင္ကို ေတြေဝမွင္သက္စြာ ၾကၫ့္ေန၏။
နဉ္ရွီအိမ္ျပန္ေရာက္လာတုန္းက သူတံခါးဖြင့္လိုက္ေသာအခိုက္တြင္ သူလက္မခံႏိုင္ေသာအရာကို နဉ္ရွီေျပာလာမွာကို သူတကယ္စိုးရြံ႔ခဲ့သည္။ နဉ္ရွီက သူမေတာင္းပန္ပါတယ္လို႔ ေျပာလာခ်ိန္တြင္ သူမက သူ႔ကိုထားရစ္ခဲ့ေတာ့မည္ဟုပင္ ေတြးလိုက္မိေသးသည္။
သူဘာလို႔ဆက္မေမးခဲ့လဲဆိုတာကို သူမေမးခဲ့သည္၊ သို႔ေပမဲ့ သူမ,မသိတာက သူစတင္ေမးျမန္းလိုက္သည္ႏွင့္ ထြက္လာမၫ့္ရလဒ္က ယခုလို ျဖစ္မေနမွာကိုပင္။ အမွန္တရားဟုတ္သည္ျဖစ္ေစ မဟုတ္သည္ျဖစ္ေစ ၄က သူမကို သူ႔အနားမွာရိွေစျခင္းထက္ အေရးမႀကီးေပ။
သူမက ၾကမ္းၾကမ္းတမ္းတမ္းကိုင္တြယ္နည္းထက္ ႏူးႏူးညံ့ညံ့ကိုင္တြယ္တာကို ပိုႀကိဳက္တတ္သၫ့္လူမွန္း ရွီရွီကိုယ္တိုင္ကပင္ မသိတာျဖစ္လိမ့္မည္။ သူဒီကိစၥေနာက္ကိုဆက္လိုက္ေနခဲ့မည္ဆိုလ်ွင္ သူ၏စိုးရိမ္ေၾကာင့္ၾကမႈက အေျခအေနကိုပိုဆိုးသြားေစႏိုင္ၿပီး သူတို႔လမ္းခြဲရတာႏွင့္ အဆံုးသတ္သြားတာ ျဖစ္ေကာင္းျဖစ္ႏိုင္ေပသည္။
ေန့ခင္းတုန္းက သူရဲစခန္းဆီအေျပးသြားခဲ့ေသးသည္။ သူေရာက္ေနခ်ိန္မွာ နဉ္ရွီမထြက္သြားရေသးေပ။ သူကားေပၚမွာ အၾကာႀကီးထိုင္ေနခဲ့ၿပီး နဉ္ရွီစခန္းအျပင္ထြက္လာမွသာ ကားျပန္လွၫ့္ၿပီးျပန္သြားခဲ့တာ ျဖစ္သည္။
ဤကမ႓ာေပၚတြင္ နဉ္ရွီကို သူ႔ေလာက္ ဘယ္သူမွ ေကာင္းေကာင္းနားမလည္ႏိုင္ပါေခ်။ သူမက စိတ္ထားႏူးညံ့သူျဖစ္ေပမယ့္ သူမအသည္းမာသၫ့္အခ်ိန္လည္းရိွေလ၏။ သူနည္းလမ္းမွန္မွန္ကို ေရြးႏိုင္သေရြ့ သူမ၏အႏူးညံ့ဆံုးေသာအစိတ္အပိုင္းကို ရွာေတြ့ႏိုင္ၿပီး အဆံုးမွာ သူမႏွလံုးသားထဲကို ဝင္ေရာက္ႏိုင္လိမ့္မည္။
သူ႔ဖုန္းက ေနာက္တစ္ဖန္ျမည္လာျပန္သည္။ ခ်န္းရွီေကြ့ အေနာက္လွၫ့္ၿပီး အိပ္ေပ်ာ္ေနေသာနဉ္ရွီကို ၾကၫ့္လိုက္သည္။ သူဖုန္းကိုင္လိုက္ၿပီးေတာ့ ေလသံတိုးတိုးႏွင့္ေျပာလိုက္သည္။ “အေမ၊ ဒီေလာက္ညၪ့္နက္ေနၿပီကို၊ ဘာလို႔မအိပ္ေသးတာလဲ?”
“အေမ ဒီေန့ခင္းတုန္းက အျပင္ထြက္ေတာ့ ေကာ္ဖီႏွစ္ခြက္ေလာက္ ေသာက္လိုက္မိတယ္။ အဲ့ဒါနဲ႔ အိပ္မရျဖစ္ေနတာ...” ေထာင္ေဟြ့ရႊယ္၏ေလသံက တည္ၿငိမ္ေနၿပီး သူမ၏အသံတြင္ ညင္သာျခင္းႏွင့္ခ်စ္ျခင္းတရားတို႔က ပါဝင္ေနသည္။ “နဉ္ရွီဘာျဖစ္ေနလဲဆိုတာ အေမသိခဲ့ၿပီးၿပီ..”
ခ်န္းရွီေကြ့က တဒဂၤမ်ွတိတ္သြားၿပီး အသံျပဳ၍ျပန္ေျဖသည္။
ခ်န္းရွီေကြ့က ထိုအေၾကာင္းကို ဆက္ေျပာခ်င္စိတ္မရိွတာကို ျမင္ေတာ့ ေထာင္ေဟြ့ရႊယ္ေျပာလိုက္သည္။ “ကိစၥကေပၚသြားၿပီဆိုမွေတာ့ အမ်ားႀကီးေတြးမေနနဲ႔ေတာ့။ ဒီအခ်ိန္မွာ သားအေနနဲ႔ မ်ားမ်ားအနားယူၿပီး သူမနဲ႔အတူ ဒီထက္ပိုၿပီး အခ်ိန္ကုန္ဆံုးသင့္တယ္..“
“ကြၽန္ေတာ္သိပါတယ္..” ခ်န္းရွီေကြ့က နဉ္ရွီကိုလွၫ့္ၾကၫ့္ကာ ေျပာလိုက္သည္။ “ေနာက္ဆို ေကာ္ဖီအမ်ားႀကီး မေသာက္နဲ႔ေတာ့...”
“ဟုတ္ပါၿပီရွင္၊ အေမကအိုေနပါၿပီေနာ္၊ အေမ့ကို လိုက္ၿပီး ဟိုေျပာဒီေျပာလုပ္ေနစရာမလိုဘူး..” ေထာင္ေဟြ့ရႊယ္က တခစ္ခစ္ရယ္ၿပီးေနာက္ သက္ျပင္းထပ္ခ်ျပန္သည္။ “ရွီေကြ့...အေမ သားရဲ့ကိုယ္ေရးကိုယ္တာကိစၥေတြမွာ ဝင္စြက္ဖက္ခ်င္တာမဟုတ္ပါဘူးကြယ္၊ ဒါေပမဲ့ အေမလည္း မိန္းမသားတစ္ေယာက္ပဲ။ အဲ့ဒါက မလြယ္ကူမွန္း အေမသိတာေပါ့။ အေမ နဉ္ရွီနဲ႔ လူခ်င္းမေတြ့ရေသးဘူးဆိုေပမယ့္ သူက အရမ္းကိုအံ့ဩစရာေကာင္းတဲ့ မိန္းကေလးတစ္ေယာက္ဆိုတာ အေမေျပာႏိုင္တယ္။ အခုခ်ိန္က သူ႔အတြက္ စိတ္အဆင္းရဲရဆံုးအခ်ိန္ပဲ။ အျပင္မွာ ဘယ္လိုေကာလာဟလေတြထြက္ေနပါေစ၊ ဘယ္လိုအပ်က္သေဘာေဆာင္တဲ့ အတင္းအဖ်င္းေတြပ်ံ့ေနပါေစ၊ သားရဲ့ရပ္တည္ခ်က္ကို သားရွင္းရွင္းလင္းလင္းသိေနရမယ္။ အဲ့အခါက်မွ သူ႔ကိုေကာင္းေကာင္းဂရုစိုက္ေပးလိုက္ ဟုတ္ၿပီလား..”
“အေမ့သားက တျခားသူေတြရဲ့စကားေၾကာင့္နဲ႔ ကိုယ့္ေဘးကလူေတြကို အႏိုင္မက်င့္သင့္ဘူး။ အေမေျပာတာ နားလည္လား?” ေထာင္ေဟြ့ရႊယ္က သူမ၏ေခြၽးမေလာင္းႏွင့္ပတ္သက္၍ ေက်နပ္ေၾကာင္းမေျပာလာေသာ္ျငား သူမသားအတြက္ ေတာင္းဆိုခ်က္မ်ားအား အေမတစ္ေယာက္အေနႏွင့္ သူမ၏အျမင္ကို ရွင္းရွင္းလင္းလင္းေဖာ္ျပခဲ့သည္။
ခ်စ္သူေကာင္မေလးကိုပိုးပန္းရန္အတြက္ အားသြန္ခြန္စိုက္ႀကိဳးပမ္းခဲ့သူမွာ သူသာျဖစ္သည္။ ယခု သူမဒုကၡေရာက္ေနခ်ိန္က်မွ အျပင္လူေျပာစကားေတြကို သည္းညည္းမခံႏိုင္ဘဲ သူမကိုလမ္းခြဲခဲ့မည္ဆိုလ်ွင္ေတာ့ ၄က ေထာင္ေဟြ့ရႊယ္ခြင့္လႊတ္ႏိုင္မၫ့္အရာ မဟုတ္ေပ။
“အေမ့ရဲ့အနာဂတ္ေခြၽးမေလာင္းကျဖင့္ မိသားစုထဲလက္ထပ္မဝင္လာရေသးဘူးေနာ္၊ အေမက အခုထဲက သူ႔ဘက္လိုက္ေနၿပီလားဗ်ာ?” ခ်န္းရွီေကြ့က စိတ္သက္သာရာရသြားလ်က္ လည္ေခ်ာင္းသံပါေသာ ရယ္သံႏွင့္ရယ္လိုက္သည္။ ကံေကာင္းသည္မွာ သူ႔အေမက ဤအျဖစ္အပ်က္ေၾကာင့္ နဉ္ရွီကိုစိတ္မခုသြားဘဲ ထိုအစား သူက နဉ္ရွီကို စြန႔္ပစ္သြားမွာကို စိုးရိမ္ေနခဲ့ျခင္းပင္။
အျခားမိသားစုမ်ားတြင္ ေယာကၡမက ေခြၽးမကို အခက္ေတြ့ေအာင္ လုပ္တတ္ၾကသည္။ ထိုအစား အနာဂတ္မွာ သူ၏မိသားစုထဲရိွအဆင့္က ေအာက္ဆံုးမွာပင္ရိွရန္ ျဖစ္တန္ေတာ့သည္။
ေထာင္ေဟြ့ရႊယ္က ဖုန္းခ်လိုက္ၿပီးေနာက္တြင္ သက္ျပင္းဖြဖြေလးခ်လိုက္သည္။ သူမက ကုတင္ေဘးကဓာတ္ပံုကို လွၫ့္ၾကၫ့္လိုက္သည္။ ပံုေလးက သူတို႔မိသားစုသံုးေယာက္၏ ဓာတ္ပံုပင္။ ပံုထဲတြင္ ခ်န္းရွီေကြ့က ဆယ္ေက်ာ္သက္အရြယ္ေလးပဲရိွေသးကာ ေပ်ာ္ရႊင္စြာၿပံဳးရယ္ေန၏။
သို႔ေသာ္ ထိုကားတိုက္မႈျဖစ္ၿပီးခ်ိန္မွစ၍ ခ်န္းရွီေကြ့က ထိုကဲ့သို႔ ေနာက္တစ္ႀကိမ္ ထပ္မၿပံဳးလာေတာ့ေပ။ ကားတိုက္မႈက သူမ၏ခင္ပြန္းကိုေခၚထုတ္သြားခဲ့ရံုသာမက သူမသား၏ျဖဴစင္မႈႏွင့္ေပ်ာ္ရႊင္မႈကိုလည္း ယူသြားခဲ့ေလ၏။
ထိုမိန္းမပ်ိဳေလးအေပၚ သူမသား၏ရည္ရြယ္ခ်က္ေတြကို သူမသတိမထားမိဘဲ ဘယ္ရိွမလဲ? သူေဌးကေတာ္ေတြ သူတို႔ရဲ့ေနာက္ကြယ္မွာ သူမအေၾကာင္းအတင္းေျပာရံုမကလို႔ တစ္စံုတစ္ေယာက္က သူ႔ေရ႔ွတၫ့္တၫ့္မွာ နဉ္ရွီ႔အေၾကာင္းမေကာင္းတာေတြ လာေျပာရင္ေတာင္မွ ခ်န္းရွီေကြ့က သူမနားကေနထြက္သြားမွာ မဟုတ္ေပ။
ဝန္ခံရမည္ဆိုလ်ွင္ သတင္းထြက္လာခ်ိန္၌ သူမဝမ္းနည္းခဲ့ပါ၏။ သို႔ေပမဲ့ သူမ ထိုအေၾကာင္းကိုေတြးၾကၫ့္ေလေလ အႏွီမိန္းမငယ္ေလး ခံစားခဲ့ရမၫ့္ ခိုကိုးရာမဲ့မႈေတြ၊ရဲစြမ္းသတၲိေတြကို သူမနားလည္လာေလေလပင္။ နဉ္ရွီလုပ္ႏိုင္ခဲ့သလို လူဘယ္ႏွေယာက္ကမ်ား တကယ္လုပ္ႏိုင္ခဲ့လို႔လဲ?
မိခင္တစ္ေယာက္၏ရႈေထာင့္မွ ၾကၫ့္ရသည္ရိွေသာ္ သူမသားအား အလိမၼာအိမ္ပါဇနီးေလးတစ္ေယာက္ကို ရွာလာဖို႔ က်ိန္းေသေပါက္ေမ်ွာ္လင့္မိေသာ္လည္း အမ်ိဳးသမီးတစ္ေယာက္၏ရႈေထာင့္မွ ၾကၫ့္လ်ွင္ေတာ့ သူမ နဉ္ရွီကို ေလးစားသေဘာက်မိပါ၏။
သို႔ေသာ္လည္း ဘယ္လိုထၫ့္သြင္းစဉ္းစားမႈကမွ သူမသား၏အႀကိဳက္ထက္ အေရးမႀကီးေပ။ သူမက စံုတြဲေတြကိုကြဲကြာေစသၫ့္ ေယာကၡမဆိုးမျဖစ္လိုေပ။ လက္ရိွအေျခအေနနဲ႔တင္ သူမေက်နပ္ရပါ၏။ သူမသားလိုခ်င္တာရသြားၿပီး သူမသေဘာက်ႏွစ္ၿခိဳက္သၫ့္ မိန္းကေလးက သူမေခြၽးမျဖစ္လာသေရြ့ တျခားဘယ္အရာကမွ အေရးမႀကီးပါေခ်။
============
နဉ္ရွီတစ္ေယာက္ အိပ္မက္ထဲေရာက္ေနသလို ခံစားလိုက္ရသည္။ အိပ္မက္ထဲတြင္ သူမက အေမွာင္ထဲ၌ လမ္းမတစ္ခုေပၚေလ်ွာက္ေန၏။ မိုးဖြဲဖြဲရြာေနၿပီး သူမက လမ္းသြားလမ္းလာမ်ားႏွင့္ျပၫ့္ႏွက္ေနေသာ လမ္းဆံုလမ္းခြတြင္မတ္တပ္ရပ္ေန၏။ သို႔ေသာ္ သူမဘယ္ကိုဦးတည္သြားရမလဲမသိ။
လူေပါင္းမ်ားစြာ သူမေဘးကျဖတ္သြားေပမယ့္ ဘယ္သူမွ သူမကို မၾကၫ့္လာသလို သူမေဘးမွာလည္း မရပ္လာၾကေပ။
“Ding!”
ဘယ္အခ်ိန္ကျဖစ္သြားလဲေတာ့ သူမ,မသိ၊ ရုတ္တရက္ႀကီး သူမေဘးနားရိွလူေတြက ေပ်ာက္ကြယ္သြားေတာ့၏။ ထိုအစား အနားမွာ ကားေတြက ဝန္းရံေနသည္။ သူမေရ႔ွလည္းတိုးမရသလို ေနာက္လည္းဆုတ္မရ၊ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိ ျဖစ္ေနေတာ့သည္။
ကားေမာင္းသမားတစ္ေယာက္စီတိုင္းက သူမကိုထြက္သြားရန္ ေလာေဆာ္ေနၾကသည္။ သူတို႔က အဆက္မျပတ္ ဟြန္းတီးေနၿပီး ကားေတြက သူမနားကို ပိုလို႔နီးကပ္စြာေမာင္းလာၾကေတာ့သည္။ အဆံုးတြင္ သူမကို ကားမ်ားက တစ္မီတာအက်ယ္ထက္နည္းေသာ စက္ဝိုင္းငယ္ေလာက္သာရိွသည္အထိ ဝိုင္းထားေတာ့သည္။
ရုတ္တရက္ဆိုသလို လူတစ္ေယာက္က သူမလက္ကိုဆြဲကိုင္လိုက္သည္။ သူမပ်ံသန္းေနသလို ခံစားလိုက္ရၿပီး ယာဉ္ေၾကာႀကီးကိုထားခဲ့လ်က္ အဆံုးတြင္ ျမက္ခင္းျပင္တစ္ေနရာ၌ ေျခခ်သြားေတာ့၏။
ေလညင္းသြဲ႔သြဲ႔က သူတို႔ကိုျဖတ္တိုက္သြားၿပီး ျမက္ခင္းရနံ႔ေဖ်ာ့ေဖ်ာ့ကိုရလိုက္သလိုပင္။
“ရွီရွီ...”
သူမလွၫ့္ၾကၫ့္လိုက္သည္။ ရွပ္အက်ႌဝတ္ထားေသာေယာက္်ားတစ္ေယာက္က သူမကို အေနာက္ကေန ေပြ့ဖက္လာ၏။ ထိုသူက သူမကို အေအးဒဏ္ကတိုက္ခိုက္လာျခင္းမွ ကာကြယ္တားဆီးေပးေနသၫ့္ ေနြးေထြးေသာမီးလံုးေလးတစ္လံုးလို ျဖစ္ေနေသာ္ျငား သူမကိုေတာ့ မေလာင္ကြၽမ္းေစေပ။
“ရွီေကြ့...”
နဉ္ရွီမ်က္လံုးဖြင့္လိုက္ေတာ့ သူမကိုၿခံဳထားေသာ အျပာေရာင္ေစာင္ကိုေတြ့လိုက္သည္။ ၿပီးမွ ဒီအခန္းဟာ သူမအခန္းမဟုတ္ဘဲ master bedroom ျဖစ္ေနေၾကာင္း သတိရသြားေတာ့သည္။
သူမထထိုင္လိုက္သည္။ ၿပီးေနာက္ ရုတ္တရက္ဆိုသလို ရယ္ခ်င္စိတ္ကို ေအာင့္ထားရင္း အိပ္ရာထဲျပန္လွဲလိုက္ပါေတာ့သည္။
“ေခါင္းေဆာင္လီ၊ ဒီေနရာဆိုတာ ေသခ်ာပါတယ္ေနာ္?” အရာရိွစြန္းက သူ႔အေရ႔ွမွ တန္ဖိုးႀကီးမားေသာ ပန္းပုလက္ရာဂိတ္ဝကို ၾကၫ့္လိုက္သည္။ ဂိတ္ဝ၏လမ္းေၾကာတစ္ေလ်ွာက္ကေန ျမက္ခင္းျပင္ႏွင့္ဥယ်ာဉ္ၿခံတစ္ၿခံကို သူျမင္လိုက္ရကာ ထိုေနရာတြင္ ဥေရာပစတိုင္အိမ္တစ္လံုးတည္ရိွေန၏။
အိမ္ရာနယ္ေျမ၏ဝင္ေပါက္ကေန ဂိတ္ဝအထိ လမ္းေလ်ွာက္ခ်ိန္က မိနစ္အနည္းငယ္သာၾကာေသာ္လည္း အရာရိွမ်ားက အိမ္ရာလံုၿခံဳေရးအေစာင့္မ်ား၏ ကင္းလွၫ့္ကားမ်ားႏွင့္သြားတိုးမိ၏။ အရာရိွမ်ားက ယူနီေဖာင္းဝတ္ထားသၫ့္တိုင္ အႀကိမ္အနည္းေလာက္ေတာ့ ေမးျမန္းခံရေသးသည္။
“မစၥနဉ္ရဲ့စာရင္းသြင္းထားတဲ့လိပ္စာက ဒီေနရာပဲ။ တံခါးဘဲလ္သြားတီးၾကၫ့္လိုက္..” စစ္ေဆးေရးမွဴးလီေဟာင္က အသက္သံုးဆယ္ေက်ာ္အရြယ္ ေတာင့္ေတာင့္ေျဖာင့္ေျဖာင့္ ေယာက္်ားႀကီးတစ္ေယာက္ပင္။ သူ႔မ်က္ႏွာအမူအရာကတည္ၿငိမ္ေနၿပီး စည္းကမ္းႀကီးျခင္းဟူေသာ အေငြ့အသက္က သူ႔ကိုဝန္းရံထားေလ၏။
ဤအရာရိွေလးေယာက္အုပ္စုက ဤအမႈကိုစံုစမ္းရန္အလို႔ငွာ ညတြင္းခ်င္းပင္ စစ္ေဆးေရးအဖြဲ႔ ဖြဲ႔စည္းလိုက္၏။ သူတို႔ခမ်ာ လူမႈအသိုင္းအဝိုင္းထံမွ စိစိေပါက္ေပါက္ေမးျမန္းျခင္းႏွင့္ဖိအားကို ရင္ဆိုင္ရရံုသာမက အရင္တုန္းက သတ္ေသမႈအခင္းျဖစ္ပြားရာေနရာမွ မ်က္ျမင္သက္ေသမ်ားကိုလည္း ထြက္ဆိုခ်က္မ်ားရရိွေစရန္ လိုက္ရွာရေသးသည္။ ကံေကာင္းသည္မွာ အဆိုပါမ်က္ျမင္သက္ေသမ်ားက ပူးေပါင္းေဆာင္ရြက္မႈရိွၾကျခင္းပင္။ သို႔တိုင္ အသံုးဝင္သၫ့္သက္ေသက အနည္းအက်ဉ္းပဲရိွေသးၿပီး ထြက္ဆိုခ်က္အမ်ားစုက တရားရံုးတြင္သက္ေသခံအျဖစ္ အသံုးျပဳ၍မရေသာ္ျငား ကိုးကားအခ်က္အလက္မ်ားအျဖစ္ သံုး၍ရေသးသည္။
တစ္မိနစ္ထက္နည္းေသာအခ်ိန္မွာပင္ ကႏုတ္ပန္းလက္ရာမ်ားႏွင့္တံခါးဝက ျဖည္းျဖည္းခ်င္းပြင့္သြားေလသည္။ ေခါင္းေဆာင္လီႏွင့္သူ႔အရာရိွမ်ားက အထဲဝင္သြားေသာအခါ ၾကယ္သီးျဖဳတ္ထားသည့္ မီးခိုးေရာင္ဝတ္စံုကို နက္ကတိုင္မတပ္ဘဲ ဝတ္ဆင္ထားသၫ့္ ေယာက္်ားတစ္ေယာက္က အိမ္ႀကီးထဲမွ ထြက္လာတာကို ျမင္လိုက္ရသည္။
သူတို႔ႏွင့္အတူပါလာသၫ့္ ရဲေမက သူတို႔ဆီေလ်ွာက္လာေနသၫ့္သူဟာ နဉ္ရွီ၏ခ်စ္သူ၊ ခ်န္းလုပ္ငန္းစု၏ေခါင္းေဆာင္ ခ်န္းရွီေကြ့ျဖစ္ေၾကာင္း ခ်က္ခ်င္းမွတ္မိသြားသည္။
“ေတြ့ရတာဝမ္းသာပါတယ္ မစၥတာခ်န္း၊ ကြၽန္ေတာ္က တုန္းနန္ရဲဌာနရဲ့ မႈခင္းဆိုင္ရာ စစ္ေဆးေရးမွဴးလီေဟာင္ပါ။ မစၥနဉ္အမႈရဲ့တာဝန္ခံဆိုလည္း ဟုတ္ပါတယ္..” ေခါင္းေဆာင္လီက ခ်န္းရွီေကြ့ႏွင့္ လက္ဆြဲႏႈတ္ဆက္လိုက္ၿပီး သက္ေသစာရြက္စာတမ္းမ်ားကို ထုတ္လိုက္သည္။ “ဒီေန့ ကြၽန္ေတာ္ ဒီကိုေရာက္လာတာက မစၥနဉ္ရဲ့အမႈအေၾကာင္းကို ဒီထက္ပိုၿပီးစံုစမ္းဖို႔အတြက္ပါ။ သူအိမ္မွာရိွလားမသိဘူး?”
“ဒါ့ျဖင့္ ကြၽန္ေတာ္ ခင္ဗ်ားတို႔ကို ဒုကၡျဖစ္ေစမိပါၿပီ။ အထဲဝင္လာၾကပါခင္ဗ်” ခ်န္းရွီေကြ့က သူတို႔ကို အိမ္ထဲဝင္ရန္ ဖိတ္လိုက္သည္။
အရာရိွစြန္းက အိမ္ထဲသို႔ ဂရုတစိုက္ဝင္လိုက္သည္။ အႏုစိတ္လွကာ ဇိမ္ခံပစၥည္းမ်ားႏွင့္ျပၫ့္ေနေသာ အိမ္အတြင္းပိုင္းကို ျမင္လိုက္ရေသာအခါ သူ တိတ္တဆိတ္ အသက္ျပင္းျပင္းရႈသြင္းလိုက္မိသည္။ သူေဌးေတြရဲ့ဧၫ့္ခန္းက သူ႔တစ္အိမ္လံုးထက္ကို က်ယ္လွေလ၏။
“ဖိနပ္ခြၽတ္စရာမလိုပါဘူး၊ ဘယ္ေနရာမဆို ဝင္ထိုင္လို႔ရပါတယ္..” ခ်န္းရွီေကြ့က သစ္သီးပန္းကန္ႏွစ္ပန္းကန္ ယူလာၿပီး သူတို႔အေရ႔ွခ်ထားလိုက္သည္။ ထို႔ေနာက္ သူတို႔အတြက္ လက္ဖက္ရည္သြားေဖ်ာ္ေပးၿပီး ေျပာလိုက္သည္။ “အရင္ထိုင္ထားႏွင့္ပါအံုး...ကြၽန္ေတာ္သြားၿပီး သူ႔ကိုႏိႈးလိုက္အံုးမယ္..”
ခ်န္းရွီေကြ့အေပၚတက္သြားခ်ိန္တြင္ အရာရိွစြန္းက တီးတိုးေျပာလိုက္သည္။ “မစၥတာခ်န္းက လူေကာင္းနဲ႔တူတယ္ေနာ္၊ ေထာင္လႊားေမာက္မာျခင္းမရိွဘူး...” သူတို႔က ရဲအရာရိွမ်ားျဖစ္ၾကသၫ့္အေလ်ာက္ စံုစမ္းစစ္ေဆးေရးတစ္ေလ်ွာက္တြင္ လူတန္းစားေပါင္းစံုႏွင့္ ဆံုခဲ့ဖူးေလသည္။ က်ိဳးေၾကာင္းဆီေလ်ာ္သၫ့္လူမ်ားရိွေပမယ့္ သူတို႔ကိုမေလးစားသၫ့္ ႀကီးႏိုင္ငယ္ၫွဉ္းေတြလည္း ရိွတတ္ၾကသည္။ အရင္တုန္းက သူတို႔ကိုင္ရသၫ့္အမႈမ်ားတြင္ သူေဌးမ်ားပါလာၿပီဆိုလ်ွင္ေတာ့ ထိုသူမ်ားက ေဖာ္ေရျြပၾကလိမ့္မည္။ သို႔ေသာ္ တကယ္တမ္းက ထိုသူေဌးမ်ားက သူတို႔ကိုအမွန္ပင္ အေလးမထားၾကေပ။ သူတို႔အတြက္ တကူးတက လက္ဖက္ရည္ေဖ်ာ္ေပးသူ တစ္ေယာက္မွမရိွခဲ့ဖူးေပ။
“မဟုတ္ရင္ နဉ္ရွီက သူ႔ကိုႀကိဳက္ပါ့မလားဟယ္?” ရဲေမေလးက သူမ၏မွတ္စုစာအုပ္ကို ထုတ္လိုက္ၿပီး ဒူးေပၚတင္ထားလိုက္သည္။ “မစၥတာခ်န္းတစ္ေယာက္ နဉ္ရွီကိုပိုးပန္းဖို႔ လံု႔လအမ်ားႀကီးထုတ္ခဲ့ရတယ္လို႔ ေကာလာဟလေတြထြက္ခဲ့တာ နင္မသိဘူးလား?”
“မစၥတာခ်န္းလို ခ်မ္းသာတဲ့ ေယာက္်ားေလးေတာင္မွ မိန္းကေလးတစ္ေယာက္ကို ပိုးပန္းဖို႔ ဇြဲလံု႔လအမ်ားႀကီးစိုက္ထုတ္ခဲ့ရတာကို ေတြးၾကၫ့္ရင္...” အရာရိွစြန္းက ညည္းၫူလိုက္သည္။ “ေယာက္်ားေလးတစ္ေယာက္ျဖစ္ရတာ တကယ္ကိုမလြယ္ဘူးပဲ..”
ရဲေမေလးက သူ႔ကို အမႈအရာမေပၚလြင္ေစဘဲ ေလွာင္လိုက္ကာ သူႏွင့္စိတ္ရႈပ္ခံၿပီး ျငင္းမေနေတာ့ေပ။
“ေတာ္ၾကေတာ့” အရာရိွလီက သူတို႔ႏွစ္ေယာက္ၾကားက အေရမရအဖတ္မရစကားဝိုင္းကို ျဖတ္ေတာက္လိုက္သည္။ “ကိုယ့္ပံုရိပ္ ကိုယ္ထိန္းၾက” သူ႔ေဘးမွာ ထိုင္ေနသူက စကားတစ္ခြန္းမွဟမလာေသးသည့္ ျဖဴျဖဴပိန္ပိန္အရာရိွပင္ျဖစ္၏။ သူကအရာရိွလီ၏စကားကို ၾကားေတာ့ ရယ္လိုက္ၿပီး သူ႔မ်က္မွန္ကို ႏွာရိုးထက္ ပင့္တင္လိုက္သည္။ “သူတို႔ idolကိုေတြ့ရေတာ့မွာဆိုေတာ့ စိတ္လႈပ္ရွားေနၾကတာေလ...”
အရာရိွစြန္းႏွင့္ရဲေမႏွစ္ေယာက္စလံုး စကားတစ္ခြန္းပင္မဟရဲေတာ့ေပ။ ၿပီးမွ အရာရိွစြန္းက ထိုလူကိုၾကၫ့္ၿပီး မွတ္ခ်က္ခ်လိုက္သည္။ “အစ္ကိုလ်ိဳကေတာ့ ေျပာလိုက္ရင္ ကြက္တိက်ေနတာပဲ..”
အရာရိွလ်ိဳကၿပံဳးလိုက္ေပမယ့္ အေပၚထပ္ကဆင္းလာသၫ့္ ေျခသံေတြကိုၾကားေတာ့ ခ်က္ခ်င္းျပန္တည္သြားေတာ့သည္။
အရာရိွစြန္းကေမာ့ၾကၫ့္လိုက္ေတာ့ ထသြားထလာဝတ္စံုဝတ္ထားၿပီး မ်က္ႏွာေျပာင္နဲ႔ဆင္းလာေသာ နဉ္ရွီကိုေတြ့လိုက္ရသည္။ အရာရိွစြန္းတစ္ေယာက္ စကားတစ္ခြန္းဟဖို႔ အခြင့္အေရးပင္မရလိုက္၊ နဉ္ရွီက အရင္စကားစေျပာလာခဲ့သည္။ “ေစာင့္ဆိုင္းေစမိလို႔ ေတာင္းပန္ပါတယ္ရွင္..”
“ရပါတယ္...မစၥနဉ္၊ ကြၽန္ေတာ္တို႔လည္း ဒီကို သတိမေပးဘဲ လာလိုက္မိတာကိုး..” ေခါင္းေဆာင္လီက မတ္တပ္ရပ္ၿပီး နဉ္ရွီအား သူ႔လုပ္ေဖာ္ကိုင္ဖက္မ်ားအားလံုးႏွင့္ မိတ္ဆက္ေပးၿပီး ေျပာလိုက္သည္။ “မစၥနဉ္၊ မင္းစီစဥ္ထားတဲ့သက္ေသေတြအားလံုး ေတာ္ေတာ္ေလးကိုအသံုးဝင္ပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္ မင္းကိုထပ္ေမးခ်င္တဲ့ အခ်က္အလက္တခ်ိဳ႕ေတာ့ရိွတယ္။ ကြၽန္ေတာ္ေမးခ်င္တာကို မစၥနဉ္ သေဘာတူႏိုင္မလားမသိဘူး?”
နစ္နာသူမ်ား၏မိသားစုမ်ားအား သူတို႔အရင္ကခံစားခဲ့ရသၫ့္ နာက်င္မႈကို ျပန္ေတြးေစျခင္းသည္လည္း အၾကင္နာမဲ့မႈတစ္ရပ္ပင္ျဖစ္ေခ်၏။ သို႔ေပသိ စံုစမ္းစစ္ေဆးေရး ဆက္လက္လုပ္ေဆာင္ႏိုင္ရန္အတြက္ ေမးဖို႔လိုသည့္ အခ်ိဳ႕ေမးခြန္းမ်ားကလည္း ရိွေသးသည္။ ဒီလိုအခ်ိန္မ်ိဳးဆို သူတို႔လည္းမတတ္ႏိုင္ၾကပါေခ်။
“ကိစၥမရိွပါဘူး၊ အားမနာတမ္းေမးလို႔ရပါတယ္...” နဉ္ရွီက ျဖစ္ၫွစ္ၿပံဳးလိုက္ၿပီး အနားမွာရိွတဲ့ ဆိုဖာေပၚထိုင္လိုက္သည္။ ခ်န္းရွီေကြ့က သူမေဘးနားလာထိုင္ၿပီး သူမက သူ႔လက္ကိုတင္းတင္းဆုပ္ကိုင္ထားလိုက္၏။
အရာရိွလ်ိဳက အႏွီစံုတြဲ၏တြဲလက္တစ္စံုကို ျမင္လိုက္သည္။ ၿပီးေနာက္ သူ႔အၾကၫ့္ကို ျပန္ရုတ္သိမ္းလိုက္ေလ၏။
ေခါင္းေဆာင္လီက သူ႔လက္ထဲကဖိုင္တစ္ခုကို လွန္ေလွာၾကၫ့္လိုက္သည္။ “မစၥနဉ္ခင္ဗ်၊ မင္းရဲ့အိမ္နီးခ်င္းေျပာပံုအရ ဒီမႈခင္းျဖစ္တုန္းက အခင္းျဖစ္ပြားရာေနရာမွာ မင္းရိွေနခဲ့တယ္ဆို?”
___________
Meow's Note: ဒီထဲမွာ ေျမာင္ျပန္တဲ့ က်ိဳေလးတို႔ကို ဖတ္တဲ့သူေတြရိွေနရင္ ေျမာင့္ wall ထဲက conversation ထဲ ဝင္ၾကၫ့္ေပးၾကပါေနာ္။ တင္ထားတာၾကာေနၿပီဆိုေပမယ့္ မေတြ့ၾကမွာစိုးလို႔ပါ။ တစ္လက္စတည္း ေမးခ်င္တာေလးရိွလို႔ေပါ့ေနာ္။ က်ိဳေလးကို ဆယ္လပိုင္း ကိုယ္ျပန္စတဲ့အခ်ိန္မွ ျပန္ၿပီးသေလာက္တင္ေပးရမလား။ ဒီၾကားထဲ ၿပီးရင္ၿပီးသလို လာတင္ေပးရမလား။ ဒါေလးေတာ့ ေျဖေပးသြားၾကပါေနာ္။
___________