My Beautiful SPOUSE

By Yellowish_One

334K 24.7K 2.2K

ဆက္ကဘုံလျှန် (Sakka Bxon Hlxan) နေးလက်ျာ (Nayy Lattyar) (own creation) Starting Date ••• 24/9/2021 Ending Dat... More

သီချင်းများ/သီခ်င္းမ်ား
အပိုင်း - (၁)
အပိုင္း - (၁)
အပိုင်း - (၂)
အပိုင္း - (၂)
အပိုင်း - (၃)
အပိုင္း - (၃)
အပိုင်း - (၄)
အပိုင္း - (၄)
အပိုင်း - (၅)
အပိုင္း - (၅)
အပိုင်း - (၆)
အပိုင္း - (၆)
အပိုင်း - (၇)
အပိုင္း - (၇)
အပိုင်း - (၈)
အပိုင္း - (၈)
အပိုင်း - (၉)
အပိုင္း - (၉)
အပိုင်း - (၁၀)
အပိုင္း - (၁၀)
အပိုင်း - (၁၁)
အပိုင္း - (၁၁)
အပိုင်း - (၁၂)
အပိုင္း - (၁၂)
အပိုင်း - (၁၃)
အပိုင္း - (၁၃)
အပိုင်း - (၁၄)
အပိုင္း - (၁၄)
အပိုင်း - (၁၅)
အပိုင္း - (၁၅)
အပိုင်း - (၁၆)
အပိုင္း - (၁၆)
အပိုင်း - (၁၇)
အပိုင်း - (၁၇)
အပိုင်း - (၁၈)
အပိုငျး - (၁၉)
အပိုင်း - (၁၉)
အပိုငျး - (၂၀)
အပိုင်း - (၂၀)
အပိုငျး - (၂၁)
အပိုင်း - (၂၁)
အပိုငျး - (၂၂)
အပိုင်း - (၂၂)
အပိုငျး - (၂၃)
အပိုင်း - (၂၃)
အပိုငျး - (၂၄)
အပိုင်း - (၂၄)
အပိုငျး - (၂၅)
အပိုင်း - (၂၅)
အပိုငျး - (၂၆)
အပိုင်း - (၂၆)
အပိုငျး - (၂၇)
အပိုင်း - (၂၇)
အပိုငျး - (၂၈)
အပိုင်း - (၂၈)
အပိုငျး - (၂၉)
အပိုင်း - (၂၉)
အပိုငျး - (၃၀)
အပိုင်း - (၃၀)
အပိုငျး - (၃၁)
အပိုင်း - (၃၁)
အပိုငျး - (၃၂)
အပိုင်း - (၃၂)
အပိုငျး - (၃၃)
အပိုင်း - (၃၃)
အပိုငျး - (၃၄)
အပိုင်း - (၃၄)
အပိုငျး - (၃၅)
အပိုင်း - (၃၅)
အပိုငျး - (၃၆)
အပိုင်း - (၃၆)
အပိုငျး - (၃၇)
အပိုင်း - (၃၇)
အပိုငျး - (၃၈)
အပိုင်း - (၃၈)
အပိုငျး - (၃၉)
အပိုင်း - (၃၉)
အခပျြပို
အချပ်ပို
အပိုငျး - (၄၀)
အပိုင်း - (၄၀)
အပိုငျး - (၄၁)
အပိုင်း - (၄၁)
အပိုငျး - (၄၂)
အပိုင်း - (၄၂)
အပိုငျး - (၄၃)
အပိုင်း - (၄၃)

အပိုင်း - (၁၈)

4.4K 436 33
By Yellowish_One

မေ့မြောနေသည့် နေးနေးကို ဘုန်းခန့်ပိုင် ငေးကြည့်နေမိသည်။ ခဏကြာတော့ မေ့မြောနေရာကနေ အနည်းငယ်လူးလွန့်လာတဲ့ နေးနေးကြောင့် ဘုန်းခန့်ပိုင် ထိုင်နေရာကနေ မတ်ခနဲဖြစ်သွားသည်။

ဆေးအရှိန်ကြောင့် ခေါင်းကိုက်နေပုံရတဲ့ နေးနေးက မျက်လုံးတွေကိုဖိမှိတ်ကာ မျက်မှောင်ကြုတ်ထားသည်။ လက်ချောင်းလေးတွေနဲ့ နားထင်ကို ဖိနှိပ်နေတာကြောင့် ဘုန်းခန့်ပိုင် စိတ်ပူသွားရသည်။

" နေး . နေးနေး... အဆင်ပြေရဲ့လား... ခေါင်းအရမ်းကိုက်နေလို့လား "

သူ့ပယောဂမကင်းတာကြောင့် မသက်မသာဖြစ်နေပုံရတဲ့နေးနေးကိုကြည့်ရင်း ဘုန်းခန့်ပိုင် စိတ်ပူလာရသည်။ ပခုံးလေးကို အသာအယာ ဆုပ်ကိုင်ယမ်းခါရင်းမေးတော့ အခုမှ သေသေချာချာ သတိဝင်လာပုံရတဲ့ နေးနေးက ဆတ်ခနဲ ထထိုင်သည်။

" ကို . ကိုခန့် ... "

" အင်း နေးနေး... ကိုခန့်လေ "

" ကျွန်တော်ဘယ်ရောက်နေတာလဲ ကိုခန့် ... အခု ဘယ်ရောက်နေတာလဲ "

အခြေအနေကို အနည်းငယ် ရိပ်မိသွားပုံရတဲ့ နေးနေးက ဖင်ထိုင်လျက်သားလေး ကုတင်ခေါင်းရင်းဆီ တိုးကပ်သွားသည်။ ဘုန်းခန့်ပိုင်က ကုတင်နားကို တိုးကပ်သွားလေလေ နေနေးက ကုတင်ခေါင်းရင်းကို ရွှေ့သွားလေဖြစ်သည်။

" ဒါ ကိုခန့်ရဲ့အပန်းဖြေအိမ်ပဲ... ကိုခန့်တို့ သေချာစကားပြောဖို့လိုတယ် နေးနေး "

ထွက်ပြေးဖို့အရိပ်အခြေကြည့်နေတဲ့ နေးနေးကြောင့် ဘုန်းခန့်ပိုင်လည်း ကုတင်တစ်ဖက်ကိုသွားရင်း တံခါးဝကိုကျောပေးကာ နေးနေးရှေ့ကနေ ပိတ်ထားလိုက်သည်။

" ကျွန်တော့်ကို ဒီလိုမလုပ်ပါနဲ့ ကိုခန့် ... ကျွန်တော်မကြိုက်ဘူး "

" ကိုယ့်ကို စိတ်ဆိုးမပြေသေးဘူးလား နေးနေး "

" ကိုခန့်ကို ကျွန်တော်စိတ်ဆိုးနေတာ မဟုတ်ဘူး "

နေးစကားအဆုံး သက်ပြင်းချကာ ကုတင်အဖျားကို ဝင်ထိုင်လိုက်တဲ့ ကိုခန့်က နေးရဲ့ လက်ဖျားတွေကို အုပ်ကိုင်လာသည်။ ဆတ်ခနဲရုန်းလိုက်တာကြောင့် ကိုခန့် မျက်နှာပျက်သွားတာ မြင်လိုက်ပေမယ့် နေးမျက်နှာလွှဲလိုက်သည်။

" ကိုယ့်ကို မျက်နှာမလွှဲနဲ့ နေးနေး... ကိုယ်ပြောတာ နားထောင် "

အကြည့်လွှဲထားဆဲဖြစ်တဲ့ နေးနေးက ဘုန်းခန့်ပိုင် ပြောသမျှကို အရေးမစိုက်ပဲ တုံဏှိဘာဝေ။

" ကိုခန့်တို့ အခုလိုမျိုး ကတောက်ကဆတွေဖြစ်နေတာ ဟိုကောင် ဆက္ကဘုံလျှန်.. မင်းရဲ့ ဒုဥက္ကဌဆိုတဲ့ကောင်ကြောင့်ပဲ နေးနေး "

" မဆိုင်တဲ့လူကို ဆွဲမထည့်နဲ့... ကိုခန့် "

ဆတ်ခနဲ လှည့်ကြည့်လာတဲ့ မျက်လုံးတောက်တောက်လေးတွေက စူးရဲနေသည်။ ဒေါသထွက်နေတဲ့ ကြောင်ရိုင်းလေးတွေလိုမျိုး။ ဘုန်းခန့်ပိုင် စိတ်ထဲကနေ ဟားတိုက်ရယ်လိုက်မိသည်။ သူ့ကိုမမြင်ချင်လို့ မျက်နှာလွှဲထားတဲ့သူက ဟိုကောင့်နာမည်ကြားရုံနဲ့ သူ့ကိုခပ်စိမ်းစိမ်းလာသည်။ အထိမခံနိုင် ဖြစ်နေတယ်ပေါ့လေ။

" မယုံဘူးမလား နေးနေး... ကိုခန့်ပြောနေတာတွေက အကုန်အမှန်ပဲ "

" အဓိပ္ပာယ်မရှိတာတွေ ပြောမနေပါနဲ့ ကိုခန့် ... ကျွန်တော်တို့ကိစ္စမှာ မဆိုင်တဲ့လူကို ဆွဲထည့်ဖို့မလိုဘူးလို့ ခုနကလည်း ပြောပြီးသားလေ "

" အဟက် . မဆိုင်ဘူးတဲ့လား ... ကုမ္ပဏီပရောဂျက်တွေ ကိုယ်တို့နဲ့တွဲလုပ်ဖြစ်တာတွေက တိုက်ဆိုင်မှုလို့ ထင်နေတာလား နေးနေး "

ဘုန်းခန့်ပိုင်အမေးကို နေးနေးက ဘာမှပြန်မဖြေပဲ စိုက်ကြည့်နေသည်။

" ကိုခန့်နဲ့ နေးနေးနဲ့က ချစ်သူတွေဆိုတာ သူသိနေတယ် နေးနေး... မင်းကို လိုချင်တပ်မက်လွန်းလို့ အဲ့ကောင်က ကိုယ်တို့ပြဿနာဖြစ်အောင် ဖန်တီးနေတာ... တမင်သက်သက် စောက်ကျင့်ယုတ်နေတာ "

" ဘာဆိုင်လို့လဲ ကိုခန့် "

နေးစကားကို မထင်မှတ်ထားပုံရတဲ့ ကိုခန့်က ပြန်မဖြေနိုင်ပဲ မျက်လုံးတွေက တောင်ပြေးမြောက်ပြေး ဖြစ်ကုန်သည်။

" သူက ကျွန်တော်နဲ့ ကိုခန့်နဲ့က ချစ်သူဖြစ်နေလို့ တမင်လုပ်တယ်ဆိုရင်တောင် သူ့ကို ကျွန်တော့်ဘက်က လက်ခံမှဖြစ်တာ ကိုခန့် "

" နေးနေး... မဟုတ် "

" ကျွန်တော်ပြောမယ် ကိုခန့်... ကျွန်တော်နဲ့ကိုခန့်ရဲ့ဆက်ဆံရေးက အစောကြီးကတည်းက ပြစ်ချက်တွေချည်းပဲ... ကျွန်တော်က ချစ်တဲ့စိတ်တစ်ခုတည်းက ကိုခန့်ကို ဖာထေးပြီး တွေးပေးနေလို့သာ ဒီလိုအခြေအနေထိ ရောက်လာတာ "

" ..... "

" အခုအချိန်မှာ ကိုခန့်အပေါ်ဖြစ်နေတဲ့ ကျွန်တော့်ခံစားချက်တွေက ဒုဥက္ကဌနဲ့ လုံးဝမဆိုင်ဘူး ကိုခန့်... အဲ့တာကြောင့် ကျွန်တော့်ကို စကားပြောဖို့ ဒီကိုခေါ်လာတာဆို အခုချက်ချင်း အိမ်ပြန်ပို့ပေးပါ... နောက်ကျနေရင် လေးလေးစိတ်ပူနေလိမ့်မယ် "

နေးရဲ့စကားအဆုံး ထိုင်နေရာကနေ ကုတင်အောက်ကိုဆင်းလိုက်သည်။ နေးနဲ့အတူ ဆတ်ခနဲ ထရပ်လာတဲ့ကိုခန့်က နေးကို သွားခွင့်မပေးပဲ အရှေ့ကနေ ပိတ်ရပ်သည်။

" ကိုခန့် စကားပြောဖို့ ခေါ်လာတာမဟုတ်ဘူး နေးနေး... နေးနေးကို ကိုခန့် ခိုးပြေးလာတာ "

" ဘာ ...! ဘာပြောတယ် ကိုခန့် "

ခပ်ကျယ်ကျယ်မေးခွန်းနဲ့အတူ အဆုံးမှာ ဘုန်းခန့်ပိုင်ရဲ့ ရင်ဘတ်က အားနဲ့ဆောင့်တွန်းခြင်း ခံလိုက်ရသည်။ ဒေါသအရှိန်ကြောင့် နီလိုက်ပြာလိုက် ဖြစ်နေတဲ့ မျက်နှာဖွေးဖွေးလေးက ဘုန်းခန့်ပိုင်အတွက် ငေးမောချင်စရာ။ ဒီကြွေရုပ်ကလေးကို သူဘယ်လောက်ရူးသွပ်ခဲ့ရလဲ။

" အခုပြန်ပို့ပေး ကိုခန့်... ကိုခန့် ခိုးပြေးချင်တိုင်း ခိုးပြေး၊ ခေါ်ချင်တိုင်း ခေါ်လာရအောင် ကျွန်တော်က အရုပ်မဟုတ်ဘူး "

" ငြိမ်ငြိမ်နေစမ်း နေးလက်ျာ ...! တိတ်စမ်း "

နေးလက်မောင်းနှစ်ဖက်ကို အားနဲ့ဆုပ်ကိုင်ကာ အော်ဟစ်လာတဲ့ ကိုခန့်က ရင်ဘတ်တွေ နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး အသက်ရှူသံတွေကလည်း ပြင်းထန်နေသည်။

" ကိုခန့်တို့နှစ်ယောက်ကြားမှာ လွဲချော်နေသမျှ၊ အဆင်မပြေဖြစ်နေသမျှကို အခုညှိနှိုင်းဖို့ လုပ်နေတာလေ နေးနေး ... အရင်က နေးနေးအပေါ် ကိုခန့် အများကြီးမှားခဲ့တယ် . ဟုတ်တယ် ... နေးနေးခံစားချက်တွေကို ကိုယ် ထည့်မတွေးပေးခဲ့ဘူး... ကိုယ်ဝန်ခံတယ် နေးနေး ... အခု ကိုခန့်ဘက်က ပြင်ဆင်ပြီး ညှိနှိုင်းဖို့ လုပ်နေတဲ့အချိန်ကျမှ နေးနေးက ဘယလို့ အဝေးပြေးချင်နေရတာလဲ "

ဒေါသတကြီးနဲ့ နေးရဲ့ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်လှုပ်ရမ်းရင်း မေးနေတာကြောင့် ထုံးဖွဲ့ထားတဲ့ နေးနေးရဲ့ ဆံပင်တွေက အနည်းငယ်ပုံပျက်ပြီး ပြေကျလာသည်။ ဆံပင်တချို့တဝက်က မျက်ရည်တွေကြောင့် စိုလူးနေသည့် ပါးပြင်လေးပေါ်မှာ ကပ်ညှိနေပြီး ငိုထားလို့ရဲနေတဲ့ မျက်လုံးရဲရဲလေးတွေက ဘုန်းခန့်ပိုင်ကို စိုက်ကြည့်လာသည်။

" အခုလိုခိုးပြေးလာတာ ကိုခန့် ညှိနှိုင်းမယ်ဆိုတဲ့ နည်းလမ်းလား ကိုခန့် ... ဒါက ဖြေရှင်းတဲ့နည်းလမ်းမဟုတ်ဘူး "

" ဟာကွာ မသိဘူးကွာ ... "

နေးလက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်ထားရင်း မျက်နှာချင်းဆိုင် စကားပြောနေရာကနေ ကိုခန့်က နေးကို ကုတင်ပေါ် အရှိန်နဲ့ ပြန်တွန်းချသည်။ ထိုင်လျက်သားလေး ပြုတ်ကျသွားတဲ့နေးက ကြမ်းပြင်ကိုသာ စိုက်ကြည့်နေမိသည်။

" အကောင်းဆုံးဖြေရှင်းရမယ့် နည်းလမ်းက ဘာလဲဆိုတာ ကိုခန့်လည်း မသိတော့ဘူး နေးနေး ... ဒါပေမယ့် ဒီလိုလုပ်လိုက်ရင် မင်းကိုလည်း အပိုင်ရမယ်... မင်းရဲ့ ဒုဥက္ကဌဆိုတဲ့ အကောင်ကိုလည်း ကိုယ်နိုင်မယ် . ပြီးတော့ ဒယ်ဒီ့ရဲ့လောင်းရိပ်အောက်ကနေလည်း လွတ်မယ် ... နေးနေးသာ ကိုယ့်ဘေးမှာ ရှိနေပေးမယ်ဆို ဒယ်ဒီလည်း မနှောင့်ယှက်နိုင်အောင် ကိုခန့်ကြိုးစားမှာ... ကိုခန့်တို့ ဒီကထွက်သွားကြမယ်နော် နေးနေး "

" ဟင့်အင်း ကိုခန့်... ကျွန်တော်လက်မခံဘူး... ကိုခန့် ဒီလိုသာဆက်လုပ်နေရင် ကျွန်တော်တို့ကြားက အခြေအနေက ဒီထက်ပိုဆိုးသွားဖို့ပဲရှိတယ် "

" ဘာ ...! နေးနေး ပြန်ပြောစမ်း... ဘာလဲ မင်းနဲ့ဟိုကောင်က မုန်တိုင်းအကြောင်းပြပြီး ဘယ်သူမှမသိအောင် ဖြစ်ချင်တိုင်းဖြစ်ခဲ့ကြလို့ ကိုယ့်ကို ဒီလောက်ခါးခါးသီးသီးဖြစ်သွားတာလား "

ခွပ်!

" ကိုခန့်...!!! ခင်ဗျား ကျွန်တော့်ကိုယ်ကျင့်တရားနဲ့သိက္ခါကို မစော်ကားနဲ့..!! "

နေးဘဝမှာ ပထမဆုံးအကြိမ် တစ်ပါးသူကို ကိုယ်ထိလက်ရောက်ကျူးလွန်မိခြင်းဖြစ်သည်။ ရှက်စိတ်နှင့်ဒေါသစိတ်အတူပေါင်းပြီး မသိစိတ်၏လှုံ့ဆော်မှုက ကိုခန့်ပါးစောင်းထက်ကို ကျရောက်သွားသည်။

ထင်မှတ်မထားတဲ့ တုံ့ပြန်မှုကြောင့် ကိုခန့်က ကုတင်ပေါ်မှာရှိနေတဲ့နေးကို အားနဲ့ဆောင့်တွန်းချလိုက်သည်။ ပက်လက်ဖြစ်သွားတော့ အပေါ်ကနေ အုပ်မိုးပြီး လက်ကောက်ဝတ်နှစ်ဖက်ကို ဖိချုပ်လာသည်။

" ကိုယ် မင်းကို တန်ဖိုးထားပြီး မသိမ်းပိုက်သေးလို့ ကိုယ့်ကိုဒီလိုတုံ့ပြန်လိုက်တာလား... နေးနေး "

အသိစိတ်ပျောက်နေတဲ့လူတစ်ယောက်လို နေးကို စိုက်ကြည့်ရင်း ကိုခန့်က ခပ်ပြုံးပြုံးမေးနေတာမလို့ နေးတစ်ကိုယ်လုံး ကြောက်လန့်စိတ်က တရိပ်ရိပ်တိုးလို့လာသည်။

" မလုပ်နဲ့ ကိုခန့်... ကျွန်တော်မကြိုက်ဘူး... ဖယ်ပေး ကျွန်တော်အပေါ်က "

လက်နှစ်ဖက်ကို ဖိချုပ်ခံထားရတာကိုလည်း အတင်းရုန်းသလို ခန္ဓာကိုယ်ကိုပါ တွန့်လိမ်လို့ ရသလောက်ရုန်းသည်။ ကိုခန့်က နေးတစ်ကိုယ်လုံးကို တက်ခွပြီး အပေါ်ကဖိထားတာကြောင့် ရုန်းကန်ရတာ ထင်သလောက်တော့ မလွယ်ကူပါ။

" ကိုခန့်တို့အတူ ပျော်ပျော်နေကြမယ်လေ နေးနေးရယ်... ဘာလို့ငြင်းဆန်နေတာလဲ "

ကိုခန့်က ပြောရင်းဆိုရင်း နေးနေးလည်ပင်းတွေကို အတင်းတိုးဝှေ့နမ်းလာသည်။

" ဖယ်လို့ ကျွန်တော်ပြောနေတယ်နော် ကိုခန့် "

" အဟက်! ဒီအခြေအနေထိ ရောက်လာမှတော့ လက်လွှတ်စရာလား နေးနေး "

" ကျွန်တော်တောင်းပန်ပါတယ် ကိုခန့်ရယ် မလုပ်ပါနဲ့ "

" မရုန်းစမ်းနဲ့ နေးနေး... ငြိမ်ငြိမ်နေ "

ဘုန်းခန့်ပိုင်အော်လိုက်တော့ အတန်းရုန်းကန်နေတဲ့ နေးနေးက ငြိမ်ကျသွားပြီး မျက်ရည်တွေနဲ့ စိုက်ကြည့်လာသည်။

" လိမ္မာရဲ့သားနဲ့ နေးနေးရယ် ... ကိုခန့်က နေးနေးကို အနိုင်မကျင့်ချင်ပါဘူး . မဆိုးနဲ့တော့နော် နေးနေး "

ကိုခန့်က ခုနကထက်စာရင် နေးနေးကို ဖိချုပ်ထားတဲ့ အင်အားတွေက လျော့ကျသွားပြီမလို့ အနီးအနားကို ဝေ့ဝဲကြည့်လိုက်သည်။

" တစ်လျှောက်လုံး မနမ်းခဲ့ရတဲ့ နေးနေးနှုတ်ခမ်းကို ဒီနေ့တော့ နမ်းခွင့်ရတော့မယ် . အဟား ...ဟား  "

နေးမျက်နှာနားကို အတင်းတိုးကပ်လာတဲ့ ကိုခန့်ကြောင့် နေးနေး မျက်နှာလွှဲပစ်လိုက်တော့ နေးရဲ့မေးစေ့ကို လက်နဲ့ချုပ်ထားရင်း ပါးပြင်တွေကို အတင်းတိုးဖိနမ်းလာသည်။

ခွမ်း ...!

" အ ...! နေးနေး . မင်း ...! "

ကိုခန့်က သူ့ခေါင်းသူကိုင်ရင်း တစ်ဖက်ကို လဲကျသွားသည်။ နေးလက်ထဲမှာတော့ အားကုန်လွှဲရိုက်လိုက်တဲ့ အရှိန်ကြောင့် ကွဲနေတဲ့ ပန်းအိုးတစ်လုံးရှိနေသည်။ နေး ဒီလိုလုပ်မယ်လို့ ထင်ထားပုံမရတဲ့ကိုခန့်က ကွဲသွားတဲ့ခေါင်းကို ဖိကိုင်ထားရင်း နေးကိုတစ်လှည့် လက်ထဲက ပန်းအိုးကိုတစ်လှည့် ကြည့်နေသည်။

" ကျွန်တော့်ကို ဇွတ်မလုပ်နဲ့လို့ ပြောနေတယ်လေ ကိုခန့် ... အနားကပ်မလာနဲ့ . ကျွန်တော် ထပ်မလုပ်ရဲဘူး မထင်နဲ့ "

နေး ခပ်သွက်သွက်ပင် ကုတင်ပေါ်ကနေဆင်းပြီး တံခါးနားကို ပြေးသွားလိုက်သည်။

" မသွားရဘူး နေးနေး..."

" ဟင့်အင်း... ကိုခန့် လွှတ် ...! "

အနားကိုပြေးလာပြီး လက်တစ်ဖက်ကို အတင်းလာဆွဲတဲ့ ကိုခန့်ကို နေး အားကုန်သုံးပြီး တွန်းထုတ်ပစ်လိုက်သည်။ ဒီတစ်ခါကတော့ ခေါင်းကို အရိုက်ခံရတဲ့အရှိန်ကြောင့် အားနည်းနေပုံရတဲ့ ကိုခန့်က ကြမ်းပြင်ပေါ် ဖင်ထိုင်လျက်သွား ပြုတ်ကျသွားသည်။

" မင်းထွက်သွားလို့ မရဘူး နေးနေး ... ကိုယ် ဒီအတိုင်း မလွှတ်ပေးဘူး "

နေး အပြင်ဘက်ကနေ တံခါးကို ဆောင့်ပိတ်ပစ်လိုက်သည်။ အပြင်ကနေ သော့ခတ်လို့မရပေမယ့် အနည်းဆုံးတော့ ချက်ချင်း အနောက်ကနေ လိုက်မလာနိုင်အောင် တားမြစ်ရုံဖြစ်သည်။ အခန်းထဲက ကိုခန့်ရဲ့ ဒေါသတကြီး ခပ်ကျယ်ကျယ်အော်သံသဲ့သဲ့ကို ကြားလိုက်ရပေမယ့် နေး လှေကားတစ်လျှောက် ပြေးဆင်းလာခဲ့သည်။

ခြံပြင်ထိရောက်အောင် အားကုန်ပြေးထွက်လာရင်း တွေ့ကရာလမ်းမပေါ်ကို မိုင်ကုန်ပြေးမိသည်။ ကိုခန့်နဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ရင်း ဖရိုဖရဲဖြစ်သွားတဲ့ ကော်ဖီညိုရောင် အင်္ကျီလေးကို ပြန်ပြင်ရင်း ပြေးနေတဲ့ခြေလှမ်းအရှိန်တွေကိုလည်း မရပ်တန့်မိပါ။

" လေးလေး...ဂရင်း... နေးနေးကို ကယ်ပါဦး "

အဆက်မပြတ်စီးကျလာတဲ့ မျက်ရည်တွေကိုလည်း မသုတ်မိတော့ပါ။ လူပြတ်လပ်ပြီး အသွားအလာမရှိတဲ့ လမ်းမကြီးပေါ်ပြေးရင်း ဘယ်ရောက်နေမှန်းလည်း မသိ။ ကိုယ်လွတ်ရုန်းကာပြေးလာသည်ကြောင့် ဖုန်းလည်းဘယ်မှာရှိနေမှန်းမသိ၊ နေးမှာ အခက်တွေ့နေရသည်။

အတော်ဝေးဝေး ပြေးလာပြီး အနောက်က ဘယ်သူမှလိုက်မလာတော့ဘူးဆိုမှသာ နေး ပြေးနေတဲ့ ခြေလှမ်းအရှိန်တွေကိုရပ်ရင်း အပင်ကြီးတစ်ပင်အောက်မှာ ဝင်ထိုင်လိုက်သည်။ ဖြတ်သွားဖြတ်လာ ကားတစ်စီးလောက်တော့ နေးနေးကို မြင်ကောင်းပါရဲ့လေ။

>>>>>>>>>>

" ဘုန်းခန့်ပိုင် ...! မင်းဘာတွေလုပ်နေတာလဲ "

သွေးထွက်နေတဲ့နားထင်ကို အဝတ်စတစ်ခုနဲ့ ဖိအုပ်ထားရင်း ထွက်ပြေးသွားတဲ့ နေးနေးနောက်လိုက်ဖို့ အိမ်ရှေ့ထွက်လာတုန်း အနားကိုရောက်လာတဲ့ ပါပါးကြောင့် ခြေလှမ်းတွေ တုံ့ခနဲဖြစ်သွားသည်။

" ပြောစမ်း ဟေ့ကောင်... မင်းဘာတွေလုပ်နေတာလဲဆိုတာ... ခုနက ခြံထဲကနေ ထွက်ပြေးသွားတာ နေးလက်ျာဆိုတဲ့ ကောင်လေးမဟုတ်လား "

" ကျွန်တော် နေးနေးကို ခိုးပြေးလာတာ ပါပါး... ကျွန်တော် နေးနေးကိုပဲ လက်ထပ်မှာ "

" ဟေ့ကောင် ...! "

ခွပ် ...!

မျက်နှာပေါ်ကိုကျလာတဲ့ လက်သီးတစ်ချက်ကြောင့် ဘုန်းခန့်ပိုင် မတ်တပ်ရပ်နေရာကနေ တစ်ချက်ယိုင်သွားသည်။

" ခေါင်းကဒဏ်ရာကလည်း အဲ့ကောင်လေးလုပ်တာပဲမလား... မင်းဘာတွေမွှန်နေတာလဲ ဘုန်းခန့်ပိုင်... မင်းကို ဒီလောက်ထိတောင်မှ လုပ်သွားတဲ့လူကို "

" နေးနေးမကြိုက်တာကို ကျွန်တော်လုပ်မိလို့... အဲ့တာ နေးနေးအပြစ်မဟုတ်ပါဘူး... ပါပါး ဖယ်ပေးပါ... နေးနေး ထွက်ပြေးသွားတယ်... အနောက်ကနေ ကျွန်တော်လိုက်သွားမှဖြစ်မယ် "

" တောက် ...! ဒီခွေးကောင်ကတော့ ဒီလောက်ပြောနေတာတောင်... ဟိုကောင်တွေ ဒီကောင့်ကို အခုချက်ချင်း ကားပေါ်ဆွဲခေါ်လာခဲ့ "

ပါပါးအမိန့်ကြောင့် အနောက်ကပါလာတဲ့ လူနှစ်ယောက်က ဘုန်းခန့်ပိုင်အနားကိုရောက်လာပြီး လက်မောင်းတစ်ဖက်တစ်ချက်ဆီကို ဆွဲချုပ်ကာ ကားပေါ်အတင်းဆွဲတင်တော့သည်။ ရုန်းနေပေမယ့် ဒဏ်ရာလည်းရထားပြီး နှစ်ယောက်အားကိုလည်း မယှဉ်သာတာကြောင့် ပါပါးကားပေါ်ကို အလွယ်တကူပါသွားရသည်။

" စောက်ရူးထနေတာတွေ ရပ်တော့ ဘုန်းခန့်ပိုင်... မင်းဘာသာမင်း ထမင်းလွတ်ဟင်းလွတ် စောက်ရူးထနေတာက အရေးမကြီးဘူး... နေးလက်ျာဆိုတဲ့ကောင်သာ ရဲတိုင်လိုက်ရင် မင်းနဲ့တင်မပြီးဘူး... ငါပါသိက္ခာကျမှာ ဘုန်းခန့်ပိုင်... အဲ့တာ မင်း နားလည်လား "

" ..... "

" အခုချက်ချင်း သုန်သုန်နဲ့အတူတူ လန်ဒန်ကိုသွားတော့... ငါအကုန်စီစဉ်ထားပြီးပြီ "

" ကျွန်တော်လက်မခံနိုင်ဘူး ပါပါး... သုန်သုန့်ကို ကျွန်တော်မချစ်ဘူး... ညီမလေးတစ်ယောက်လိုပဲ "

ဘုန်းခန့်ပိုင်ရဲ့ အဖြေစကားကြောင့် ဒယ်ဒီက ကားရှေ့ခန်းကနေ ခပ်ရွဲ့ရွဲ့ပြုံးရင်း လှည့်ကြည့်သည်။

" မင်း ချစ်ဖို့မလိုဘူး... မင်းကို ငါမွေးထားတာပါ ဘုန်းခန့်ပိုင်... ငါ့စကားကို နားထောင်ရင် ကောင်းမယ်... မင်းချစ်တဲ့ကောင်လေးကို ဘာမှမဖြစ်စေချင်ဘူးဆိုရင်ပေါ့ "

ဘာမှမပြောနိုင်တော့တဲ့ ဘုန်းခန့်ပိုင်ကို ပါပါးက နားလည်လားဆိုတဲ့ သဘောနဲ့ မျက်ခုံးပင့်ပြရင်း အရှေ့ကို ပြန်လှည့်သွားသည်။

" နေးနေးကို ထပ်ပြီးထိခိုက်အောင်မလုပ်ပါနဲ့ "

စကားတစ်ခွန်းတည်းဆိုပေမယ့် ထိုစကားသည် ဘုန်းခန့်ပိုင်အတွက် အရာရာသာဖြစ်သည်။

>>>>>>>>>>

မိနစ်အချို့ကုန်လွန်ပြီးနောက် နေးလည်း အတော်အသင့်အဆင်ပြေလာပြီမို့ အပင်အောက်ကနေထွက်လာပြီး လမ်းဆက်လျှောက်သည်။ ဘုန်းခန့်ပိုင်၏အရိပ်အယောင်ကိုလည်း မတွေ့ရသည်ကြောင့် အနည်းငယ်စိတ်သက်သာရာရနေသည်။

ညမှောင်နေပြီဖြစ်တဲ့အပြင် မြို့စွန်ဘက်လိုနေရာမျိုးကိုရောက်နေသည်ကြောင့် အသွားအလာမှာ အတော်ပြတ်လပ်သည်။ ပင်ပန်းနွမ်းနယ်လွန်းလို့ ဖြစ်နိုင်ရင်ခြေတစ်လှမ်းတောင် မလှမ်းချင်တော့ပါ။ ခပ်ဝေးဝေးမှ မီးရောင်ပျပျလေးမြင်ရသည်ကြောင့် နေး အားတက်သွားသည်။ ကားကြုံလိုက်စီးခွင့်လေးရပါစေ။

တရိပ်ရိပ်နဲ့မောင်းလာတဲ့ကားကို နေး မြင်သာအောင် လမ်းဘေးနားမှာရပ်ပြီး လက်နှစ်ဖက်ကို ဝှေ့ယမ်းပြလိုက်သည်။ ပုံမှန်နှုန်းနဲ့မောင်းနှင်လာတဲ့ကားလေးက နေးအနားကိုရောက်ခါနီးမှ အရှိန်ပိုမြန်လာသလိုပင်။

နီးကပ်လာလေ စူးရှတောက်ပလာလေဖြစ်လာတဲ့ကားမီးရောင်ကြောင့် ဦးနှောက်၏တုံ့ပြန်နိုင်စွမ်းတို့က ချက်ချင်းမလုပ်ဆောင်နိုင်။ ထိုနေရာ၌ပင် ကျောက်ချထားသလို ရပ်တန့်နေမိသည်။ အသိနှင့်သတိပြန်ကပ်လာချိန်မှာတော့ မိမိဆီဦးတည်လာတဲ့ကားနဲ့ ဝေးသထက်ဝေးအောင် ရှိသမျှအားကုန်သုံးရင်း ထွက်ပြေးမိတော့သည်။

" လေးလေး... ကယ်ပါဦး!!... ဂရင်းရေ!! "

ဒါကသူ့ရဲ့နောက်ဆုံးအချိန်ပဲလား။ စိတ်ဆောင်သော်လည်း မပါနိုင်သောကိုယ်ကြောင့် ခွေယိုင်လဲကျသွားရင်း လမ်းဘေးကုန်းစောင်းတစ်လျှောက် လိမ့်ကျသွားတော့သည်။

ကိုကို... ကျွန်တော် ကြောက်တယ် ~~~

>>>>>>>>>>

ဆက်ရန်
Yellowish_One 💛
(၁၇-၉-၂၀၂၃)

Continue Reading

You'll Also Like

103K 7.2K 14
ညီအစ်ကိုနှစ်ယောက်ကြားကသံယောဇဉ်လေးကိုရေးထားတာပါ
44K 4.4K 10
My Sister's Friend or My Husband ကုိ အရင်ဖတ်ဖို့ လိုပါမယ် ✌
3M 262K 48
!အမှန်တော့ မင်းက ကိုယ်အမြဲတမ်း အမှတ်တရ သိမ်းထားချင်မိတဲ့ အစိမ်းရောင် ပျော်ရွှင်ခြင်းလေးပါ... Oct9.2021 !အ...
68.6K 3.9K 27
"မောင့်နာမည် ချမ်းမြေ့မောင်ပါ ဟန်ချီရဲ့စိတ်ရောကိုယ်ရောနှစ်ပါးစလုံးကိုရွှင်လန်းချမ်းမြေ့စေမယ့်ချမ်းမြေ့မောင်ပါခင်ဗျာ... ဟဲဟဲ" //ချမ်းမြေ့မောင် "ဒီမျက်...