နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

Bởi Lazy_Little_Meow

157K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... Xem Thêm

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [79]

834 125 6
Bởi Lazy_Little_Meow

Translated by Melinoe_Megami

[Unicode]

အခန်း - (၇၉)

ညနေခင်း ဓာတ်ပုံရိုက်ကွင်းသည် ရှောရှောရှူရှူ ပြီးဆုံးသွားခဲ့သည်။ ကင်မရာရှေ့ ကိုယ်ဟန်အမျိုးမျိုး လုပ်ပေးနေသော နဉ်ရှီကို ကြည့်ရင်း ကျန်းချင်းယွင်မှာ စိတ်မသက်မသာ ဖြစ်လာသည်။

ယနေ့ 5 နာရီခွဲသည်နှင့် နဉ်ရှီ၏ သတင်းကြာင့် မုန်တိုင်းထန်တော့မည်ဆိုတာ သူ သိသည်။ အရာအားလုံး ပြီးဆုံးသွားချိန်တွင် ဤအနုပညာလောကထဲ နဉ်ရှီ ဆက်နေပါဦးမလား သိချင်လာမိ၏။

သူ နဉ်ရှီနှင့် စာချုပ်ချုပ်ခဲ့စဉ်က အမျိုးသမီးအနုပညာရှင်တစ်ဦးကို နိုင်ငံတကာတန်းဝင် ကျော်ကြားလာသည်အထိ မြေတောင်မြှောက်ပေးချင်ခဲ့သည်။ သို့သော် အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်လာခါမှ ထိုမင်းသမီးက သူမဟာ သရုပ်ဆောင်ဝါသနာပါ၍ အနုပညာလောကထဲ ဝင်ရောက်လာခြင်းမဟုတ်ဘဲ ကျော်ကြားမှုကို လိုချင်၍သာ ဝင်ရောက်လာခြင်းဟု ထုတ်ပြောလာသည်။

ထိုအကြောင်း ပြန်တွေးနေမိရင်း ကျန်းချင်းယွင်တစ်ယောက် သူ့ကိုယ်သူသာ ပြုံးလိုက်မိသည်။ တကယ်တော့ နဉ်ရှီ သူ့ကို အစကတည်းက မလိမ်ညာခဲ့ပေ။ သူမက အောင်မြင်မှုနှင့် ပိုက်ဆံအတွက် အနုပညာလောကထဲ ရောက်ရှိလာခြင်းဖြစ်ကြောင်း သူ့ကို တစ်ခါပြောဖူးသည်။ ထိုစဉ်က သူ၏စိတ်ထဲတွင် နဉ်ရှီ နောက်ပြောင်နေတာဟူ၍ ထင်မှတ်လိုက်ပြီး လုံးဝအတည်မယူခဲ့မိပေ။

လောကတွင် မည်သည့်အနုပညာရှင်ကများ ကျော်ကြားမှုနှင့် ကြွယ်ဝချမ်းသာမှုကို မလိုချင်ဘဲနေမည်နည်း။ သရုပ်ဆောင်ရတာကို ကြိုက်နှစ်သက်နေသရွေ့ မအောင်မြင်စရာ အကြောင်းမရှိပေ။

သို့သော် နဉ်ရှီကရော... တကယ်ပဲ အနုပညာအလုပ်ကို နှစ်သက်ခဲ့ပါ၏လော။

"နဉ်လောင်ရှီး.. ပင်ပန်းသွားပြီ.." ရိုက်ကွင်းပြီးနောက် ကင်မရာမန်းက နဉ်ရှီကို ပြုံးပြကာ.. "ကင်မရာရှေ့က နဉ်လောင်ရှီးရဲ့ ပို့စ်တွေက အရမ်းမိုက်တာပဲ.."

"ရှင်တို့ သေချာညွှန်ကြားပေးလို့ပါ.." နဉ်ရှီက နှိမ့်ချစွာပြုံးရင်း ရိုက်ကွင်းအဖွဲ့သားများကို နှုတ်ဆက်ကာ ကျန်းချင်းယွင်နှင့် ပြန်သွားလေသည်။

"ဒီမင်းသမီးက ဖော်ရွေသားပဲနော်.." ရိုက်ကွင်းအဖွဲ့သားများက ပစ္စည်းသိမ်းရင်း ဘယ်သရုပ်ဆောင်က သဘောကောင်းတာ၊ ဘယ်သရုပ်ဆောင်ကတော့ မာနကြီးလိုက်တာ စသည်ဖြင့် အတင်းတုပ်နေကြတော့သည်။ ပုံမှန်အားဖြင့် နာမည်ကျော် မင်းသား၊ မင်းသမီးများသည် EQ မြင့်ပြီး သူတို့အပေါ် နွေးထွေးဖော်ရွေကြသော်လည်း ယခုမှ နာမည်ကြီးလာသော လူသစ်များကတော့ ထောင်လွှားတတ်ကြသည်။

"အဲ့လိုမနေတတ်ရင် ဘယ်လိုလုပ် အောင်မြင်လာမှာလဲ..? သူ(မ)မှာ A-list သရုပ်ဆောင်သူငယ်ချင်းတွေ တစ်သီကြီး ရှိရုံတင်မကဘူး.. ချန်းရှီကွေ့လို လူကိုတောင် လက်ထဲချုပ်ကို်ငထားတာလေ.." မိတ်ကပ်ဆရာက မျက်ခုံးပင့်ကာ.. "ဒီလောကထဲမှာ သူ့(မ)လို အရမ်းကံကောင်းတဲ့လူမျိုး ဘယ်နှစ်ယောက်ရှိလို့လဲ..?"

ကျန်လူများလည်း သူမ၏ စကားက အဓိပ္ပါယ်ရှိတယ်လို့ ခံစားလိုက်ရပြီး ထိုအကြောင်း စိတ်အားထက်သန်စွာ ဆက်လက် အတင်းတုပ်ကြတော့သည်။

"ဘယ်ကိုသွားမှာလဲ..?" ကျန်းချင်းယွင်က စတီယာရင်ကို လက်တစ်ဖက်တင်ပြီး ကျန်တစ်ဖက်ဖြင့် နဉ်ရှီထံ ဖုန်းကမ်းပေးသည်။ "ဓာတ်ပုံရိုက်နေတုန်း မစ္စတာချန်း ဖုန်းခေါ်နေတာ အကြိမ်မနည်းဘူး.."

နဉ်ရှီ ဖုန်းကို ယူကြည့်လိုက်သောအခါ Missed Call 21 ခု တွေ့လိုက်ရ၏။ သူမက နှုတ်ခမ်းတင်းတင်း စေ့လိုက်မိရင်း ကျန်းချင်းယွင်ကို လှမ်းပြောလိုက်သည်။ : "သူ့ဆီ သွားမယ်.."

'သူ' ဆိုသည့်စကားက 'ချန်းရှီကွေ့'ကို ဆိုလိုမှန်း ကျန်းချင်းယွင် နားလည်လိုက်သည်။ ထို့ကြောင့် ဘာမှထပ်မမေးတော့ဘဲ ကားလမ်းကြောင်း ပြောင်းလိုက်သည်။ လမ်းတစ်လျှောက်လုံး ကျန်းချင်းယွင်က နဉ်ရှီကို စကားစမပြောခဲ့သလို နဉ်ရှီကလည်း ကားပြတင်းကိုမှီရင်း အပြင်ဘက်ရှုခင်းများကို ခံစားချက်မဲ့စွာ ငေးမောကြည့်နေခဲ့သည်။

နာရီဝက်ခန့်ကြာပြီးနောက် ကျန်းချင်းယွင်သည် ကားရပ်လိုက်ပြီး နဉ်ရှီဘက်လှည့်ကာ.. "ရောက်ပြီ.."

"ကျေးဇူး အစ်ကိုကျန်း.." နဉ်ရှီက ကားတံခါးဖွင့်ကာ အပြင်ထွက်လိုက်သည်။ ထို့နောက် ကျန်းချင်းယွင် ထိုင်နေသည့် ကားပြတင်းနား ခေါင်းငုံ့လိုက်ရင်း.. "အစ်ကိုကျန်း.. လတ်တလော အလုပ်သစ် လက်မခံနဲ့ဦးနော်.. သတင်းထွက်ပြီး အခြေအနေကို စောင့်ကြည့်ကြတာပေါ့.."

ကျန်းချင်းယွင်သည် ကြောင်အ,သွားပြီးမှ ချက်ချင်းဆိုသလို နဉ်ရှီ၏ ရည်ရွယ်ချက်ကို နားလည်သွားခဲ့သည်။ ထို့ကြောင့် ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။

ကျန်းချင်းယွင် ထွက်သွားပြီးနောက် နဉ်ရှီလည်း သူမ၏ အနောက်ဘက်ရှိ သံတံခါးမကြီးကို လှည့်ကြည့်လိုက်၏။ အိတ်ထဲမှ သော့ကတ်ထုတ်ကာ ဂိတ်တံခါးဖွင့်လိုက်သည်။

အိမ်အကြီးကြီး မဟုတ်သဖြင့် ခြံဝင်းက သိပ်မကျယ်ပေ။ သို့ဖြစ်ရာ ခြေလှမ်းအနည်းငယ်အတွင်း အိမ်ရှေ့တံခါးရှေ့သို့ ရောက်သွားသည်။ နဉ်ရှီ တံခါးဖွင့်ရန် လက်လှမ်းလိုက်စဉ်မှာပင် တံခါးက ကလစ်ခနဲ မြည်သံနှင့်အတူ အတွင်းဘက်မှ ပွင့်လာခဲ့သည်။

နဉ်ရှီသည် တံခါးနောက်မှလူကို မော့ကြည့်လိုက်ပြီးမှ မသိစိတ်အရ အကြည့်လွှဲကာ လက်ကို ပြန်ရုတ်လိုက်မိသည်။

စိတ်ထဲတွင် အနည်းဆုံးတော့ ချန်းရှီကွေ့ သူမကို မေးခွန်းထုတ်လာလိမ့်မည်ဟု ထင်မြင်ခဲ့သော်ငြား ချန်းရှီကွေ့က ဘာမှမပြောဘဲ သည်အတိုင်းလေးသာ ငေးကြည့်နေခဲ့၏။ သို့သော် သူ၏ မျက်ဝန်းနက်နက်ထဲမှ စိတ်ခံစားချက်များကိုမူ ခန့်မှန်းရခက်လှသည်။

"ကျွန်မ...."

ထိုအခိုက် ချန်းရှီကွေ့က သူမကို ရင်ခွင်ထဲဆွဲသွင်းလိုက်သဖြင့် နဉ်ရှီမျာ ဘာမှဆက်မပြောနိုင်တော့ပေ။ အဆုံးမှာတော့ စကားနှစ်လုံးသာ ပြောလိုက်မိသည်။ "ကျွန်မ တောင်းပန်ပါတယ်.."

သူမက သူ၏ ချစ်သူကောင်မလေးအနေဖြင့် အလွန်ဆိုးဝါးသည့် လုပ်ရပ်တစ်ခုကို လုပ်လိုက်မိခြင်းပင်။ သူမသာ ချန်းရှီကွေ့ဆိုလျှင် သူမလို ချစ်သူကောင်မ‌လေးကို သည်းမခံနိုင်လောက်ဟု တွေးလိုက်မိသည်။

ချန်းရှီကွေ့က စကားတစ်ခွန်းမျှ မဆိုခဲ့ပေ။ ပျောက်ဆုံးသွားသော ရတနာလေးတစ်ခု ပြန်ရလိုက်သလိုမျိုး နဉ်ရှီကိုသာ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားခဲ့၏။

"ရှီရှီ.." ချန်းရှီကွေ့၏ အသံက ပုံမှန်ထက် အက်ရှနေလေသည်။ သူမလေးကို အတော်ကြာသည်အထိ ကြင်နာစွာ ထွေးပိုက်ထားပြီးနောက် ပြန်လွှတ်ပေးလိုက်ရင်း.. "လာ.. ပင်ပန်းလာမှာပဲ.. ကိုယ် ညစာအတွက် မင်းအကြိုက်ဆုံး ဝက်နံရိုးဟင်း ချက်ထားပေးတယ်.."

ပြီးနောက် ချန်းရှီကွေ့က နဉ်ရှီ၏ သွယ်လျပျော့ပျောင်းသော လက်ချောင်းလေးများကို မြတ်နိုးစွာ ဆုပ်ကိုင်လိုက်သည်။ မည်သည့်နေ့ရက်မဆို ပျက်ကွက်ခြင်းမရှိ။

နဉ်ရှီလည်း ချန်းရှီကွေ့နောက် လိုက်ပါသွားသည်။ အိမ်ထဲရောက်သည်နှင့် ဒေါက်ဖိနပ်ချွတ်ကာ အိမ်တွင်းစီးဖိနပ် ပြောင်းစီးလိုက်သည်။

ချန်းရှီကွေ့က နဉ်ရှီ၏လက်ကို လွှတ်ပေးပြီး သူမကို ပြုံးပြလာရင်း.. "ဒီမှာ အရင်ထိုင်ပြီး TV ကြည့်နှင့်ဦးနော်.."

မီးဖိုချောင်ထဲ အပြေးသွားသည့် ချန်းရှီကွေ့ကို ငေးကြည့်နေပြီးနောက် နဉ်ရှီက သူမ၏အိတ်ကို ဆိုဖာပေါ် ပစ်တင်လိုက်ရင်း ပင်ပန်းနွမ်းလျစွာ လဲလျောင်းလိုက်သည်။ TV ရီမုတ်ကို ကော်ဖီစားပွဲပေါ်တွင် တင်ထားသဖြင့် လွယ်လင့်တကူ လှမ်းယူနိုင်သည်။

သူမ TV ဖွင့်ကြည့်လိုက်သောအခါ ထင်သည့်အတိုင်းပင် ကျောင်းဟုန်၏ ရုပ်သံဌာနမှ သူမအကြောင်း ထုတ်လွှင့်နေလေပြီ။ TV Screen ညာဘက်အပေါ်ထောင့်မှ 'အထူးသတင်း' ဟူသည့် ခေါင်းစီးကို တွေ့လိုက်ရချိန်ဝယ် နဉ်ရှီလည်း အားပါးတရ ရယ်မောလိုက်မိသည်။

သတင်းဌာနများသည် အမြဲတစေ အလွန်အကျူး ဖော်ပြတတ်ကြပြီး ကျောင်းဟုန်၏ ရုပ်သံဌာနသည်လည်း ခြွင်းချက်မဟုတ်ခဲ့ပေ။ သတင်းအကြောင်းအရာက သိပ်မရှင်းလင်းပါသော်ငြား သူမအကြောင်း ဖော်ပြနေခြင်းမှန်း နဉ်ရှီ သိလိုက်သည်။

သူမက သတင်းဆက်နားထောင်ရန် စိတ်ကူးမရှိသဖြင့် တခြားချန်နယ်တစ်ခု ပြောင်းလိုက်သည်။ ထိုအခါ 'သုံးဘဝ သုံးရောင်ခြယ်' ရုပ်ရှင် Trailer ထုတ်လွင့်နေကြောင်း မြင်လိုက်ရလေသည်။ ထိုအခါမှ Tomato Station က ရုပ်ရှင်မူပိုင်ခွင့် ဝယ်ယူထားပြီး လာမည့်တနင်္လာနေ့များတွင် လူကြည့်အများဆုံး အချိန်၌ ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သတိရသွားသည်။

မီးဖိုချောင်တံခါး ပွင့်ဟလာသည်။ ချန်းရှီကွေ့က အငွေ့တထောင်းထောင်းထနေသည့် ကြွေထည်ပန်းကန်လုံးတစ်လုံးကို သယ်ယူလာပြီး နဉ်ရှီ TV ကြည့်နေသည်ကို မြင်သောအခါ ပန်းကန်လုံးကို စားပွဲပေါ် တင်လိုက်ရင်း လှမ်းပြောခဲ့သည်။ "ရှီရှီ.. လက်သွားဆေးတော့.. ထမင်းစားကြမယ်.."

နဉ်ရှီလည်း ရီမုတ်ကို အောက်ချလိုက်ပြီး မီးဖိုချောင်ထဲ လျှောက်သွားသောအခါ ပေါင်းအိုးထဲမှ ပေါင်းပြီးသားကဏန်းများ ထုတ်ယူနေသော ချန်းရှီကွေ့ကို တွေ့လိုက်ရသည်။ သူ၏မျက်နှာပေါ် အငွေ့များ ဖြတ်ပြေးသွားချိန်တွင် အေးစက်စက်မျက်နှာက နွေးထွေးသွားသယောင် ထင်မှတ်ရသည်။

ဘေစင်မှရေက အတော်လေး အေးစိမ့်နေလေ၏။ နဉ်ရှီ လက်ဆေးရန် လက်လှမ်းလိုက်ချိန်တွင် လက်တစ်ဖက်က ရေပိုက်ခေါင်းကို တခြားတစ်ဖက်သို့ ဆွဲလှည့်လိုက်သည်။ "မိန်းကလေးတွေ လက်ဆေးရင် ရေအေးမသုံးသင့်ဘူး.. ခန္ဓာကိုယ်အတွက် မကောင်းဘူး.."

သိပ်မကြာလိုက် ရေအေးများက ပူနွေးလာခဲ့သည်။ နဉ်ရှီသည် ရေပိုက်ခေါင်းကို တစ်ခဏ ငေးကြည့်နေပြီးမှ ရေပိတ်လိုက်သည်။

"ရှီကွေ့.." နဉ်ရှီက Branded ရှပ်အင်္ကျီဝတ်ထားပါလျက် အေပရွတ်ထပ်ဝတ်ကာ ဟင်းချက်နေသော အမျိုးသားကို လှည့်ကြည့်လိုက်သည်။ "ရှင် ကျွန်မကို မေးချင်တာတစ်ခုခု မရှိဘူးလား..?"

ချန်းရှီကွေ့က ကိုင်ထားသည့် ဟင်းပန်းကန်လုံးကို အောက်ချလိုက်ပြီး ရေစိုနေသည့် လက်ကို အခြောက်ခံကာ သူမလေး၏ နဖူးကို ထိတွေ့လိုက်သည်။ "ရှီရှီ.. ကိုယ်တို့က ချစ်သူတွေလေ.."

နဉ်ရှီက ဘာမှပြန်မပြောဘဲ သူ့ကိုသာ ငေးကြည့်နေခဲ့သည်။

သူမလေးကို ကြည့်ပြီး ချန်းရှီကွေ့က ခပ်သောသော ရယ်လိုက်သည်။ နဉ်ရှီ၏ ခေါင်းမာတတ်ဟန်လေး၊ မလိုမကျဖြစ်ပြီး စိတ်ကောက်နေဟန်လေးကို ကြုံတောင့်ကြုံခဲ မြင်တွေ့ဖူးခြင်းပင်။ သူမက ပုံမှန်အချိန်များဆိုလျှင် တည်ငြိမ်လေးနက်ပြီး 'နဉ်ရှီက အချိန်တိုင်း တည်ငြိမ်နေတာပဲ' ဟူ၍ပင်‌ အပြောခံရလောက်သည်။ လက်စသတ်တော့ သူမလေးက သူ၏ အရှေ့မှာသာ မရင့်ကျက်သည့် သူမ၏ တခြားပုံစံကို ဖော်ပြတတ်ခြင်း ဖြစ်နေသည်။

ချန်းရှီကွေ့က နဉ်ရှီကို ဘေးမှထိုင်ခုံတွင် ဝင်ထိုင်စေလိုက်ပြီး သူ၏ နှာခေါင်းကို အသာဖျစ်ညှစ်လိုက်သည်။ "ဘာမှ မေးစရာမရှိပါဘူးကွာ.. မင်း အဆင်ပြေပြေနဲ့ ကိုယ့်ဘေးနားရှိနေသရွေ့ မင်းဘာပဲလုပ်လုပ် ကိုယ် အားပေးထောက်ပံ့နေမှာ.."

"တကယ်လို့ ကျွန်မရဲ့ လုပ်ရပ်ကြောင့် အုတ်အော်သောင်းနင်းဖြစ်ကုန်ပြီး ရှင့်နောက်ကွယ်မှာ ရှင့်ကို ဝေဖန်ပြစ်တင်ကြရင်တောင်လား..?" နဉ်ရှီက သူ၏လက်ချောင်းကို ဆွဲဖမ်းလိုက်ကာ နှာခေါင်းညှစ်ခွင့် မပေးခဲ့ချေ။ "ရှင်တို့လို သူဌေးတွေက နာမည်ဂုဏ်သတင်း ထိခိုက်မှာကို အကြောက်ဆုံးမဟုတ်ဘူးလား..?"

"ကိုယ်အတွက်တော့ နာမည်ဂုဏ်သတင်းမကလို့ ဘာပဲဖြစ်ဖြစ်.. မင်းလောက် အရေးမပါဘူး.." နဉ်ရှီက သူ၏လက်ကို ဆွဲဖမ်းလိုက်သဖြင့် ချန်းရှီကွေ့မှာ နှမြောတသ ဖြစ်နေတော့သည်။ "ကိုယ့်ကို အပြင်လူတွေ ဘာပြောနေကြလဲ သိလား..?"

နဉ်ရှီက သိချင်စိတ်အပြည့်ဖြင့် ချန်းရှီကွေ့ကို မော့ကြည့်လိုက်သည်။

ချန်းရှီကွေ့က နူးညံ့စွာ ပြုံးလိုက်ရင်း.. "ပြောကြတာတော့ ကိုယ်က အလှလေးကို ပိုင်ဆိုင်နိုင်ဖို့အတွက် မိန်းကလေးတစ်ယောက်လို စိတ်ပျော့ညံ့လာပြီး မီးဖိုချောင်ထဲမှာပဲ အချိန်ကုန်နေတယ်တဲ့.." ချန်းရှီကွေ့က နဉ်ရှီ မျက်မှောင်ကြုတ်သွားတာကို မြင်ပြီး ရင်ခွင်ထဲ ဆွဲသွင်းကာ ထွေးပွေ့ထားလိုက်သည်။ "အဲ့လိုမျိုးလျှောက်ပြောနေတဲ့ လူတွေက သူတို့ဘဝမှာ ချစ်မြတ်နိုးပေးရမယ့် မိန်းကလေး မရှိလို့ဘဲ ဖြစ်ရမယ်.. ဒါမှမဟုတ်ရင် တစ်ကိုယ်ကောင်းဆန်လို့ပဲ.. ကိုယ်က သူတို့ပြောတာတွေကို ဘာလို့ ဂရုစိုက်နေရမှာလဲ..? ပြီးတော့ မီးဖိုချောင်အလုပ်ကို မိန်းကလေးပဲ လုပ်ရမယ်လို့ ဘယ်သူပြောလဲ..? မိန်းကလေးနဲ့ ယောက်ျားလေး တန်းတူအခွင့်အရေး ရှိသင့်တယ်လေ.. ဟုတ်တယ်မလား..?"

နဉ်ရှီမှာ ချန်းရှိကွေ့ ထိုသို့ပြောလာမည်ဟု မထင်ထားသဖြင့် အံ့အားသင့်သွားရ၏။ ထို့နောက် မထိန်းနိုင်အောင် ရယ်မောလိုက်မိသည်။

အားပါးတရ ရယ်မောပြီးနောက် နဉ်ရှီက ချန်းရှီကွေ့၏ လည်ပင်းကို ဖက်တွယ်ကာ.. "ရှီကွေ့.. ကျေးဇူးတင်ပါတယ်.."

ချန်းရှီကွေ့က သူမ၏ ကျောပြင်ကို ခပ်ဖွဖွပုတ်ပေးရင်း.. "ကိုယ့်ကို တကယ်ကျေးဇူးတင်ရင် ဒီနေ့ည မင်း ကိုယ့်ကို ဘယ်လိုပြန်ပေးဆပ်နိုင်လဲဆိုတာ ဆွေးနွေးကြတာပေါ့.."

နဉ်ရှီတစ်ယောက် စိတ်ထဲ တွေးလိုက်မိသည်။ 'ဪ.. ဘယ်လောက်ပဲ ဖြောင့်မတ်တဲ့ ယောက်ျားဖြစ်ပါစေ.. ညစ်တီးညစ်ပတ် ပြောတတ်တဲ့ အချိန်လည်း ရှိပါသေးလား..!'

"နဉ်ရှီအမေရဲ့ သတ်သေမှုအကြောင်း : လူသတ်မှုလို သံသယရှိတာကြောင့် နဉ်ရှီကိုယ်တိုင် သက်သေတွေနဲ့တကွ ရဲစခန်းမှာ အမှုဖွင့်လိုက်ပြီ.."

ထိုသတင်း ထွက်ပေါ်လာသည်နှင့် အကုန်လုံး ပွက်ပွက်ညံကုန်တော့၏။ လတ်တလော နာမည်ကြီးနေသည့် နဉ်ရှီက အမှုကြီးတစ်ခုနှင့် ဆက်စပ်နေသဖြင့် ပျင်းရိငြီးငွေ့နေသော လူထုကြီးလည်း အတင်းတုပ်စရာ ခေါင်းစဉ်တစ်ခုရသွားပြီး အကုန်လုံး ထိုကိစ္စအပေါ် စိတ်ဝင်စားနေကြတော့သည်။

လူငယ်အတော်များများက အမျိုးမျိုးသော လျှို့ဝှက်ကြံစည်မှုများ၊ သံသယဝင်စရာ သဲလွန်စများအကြောင်း တင်ကြရင်း သူတို့ကိုယ်သူတို့ ရှားလော့ဟုမ်း ဝင်ပူးနေသလို လုပ်နေကြတော့သည်။

သို့သော် နဉ်ရှီ၏ ရုပ်ရှင်အသစ်ဖြစ်သော 'သုံးဘဝ သုံးရောင်ခြယ်'ကို Tomato Station တွင် ထုတ်လွှင့်တော့မှာ ဖြစ်သည့်အတွက် နဉ်ရှီ သို့မဟုတ် ထုတ်လုပ်ရေးအဖွဲ့က မီဒီယာမှာ လူသိများလာအောင် ဤနည်းလမ်းသုံးကာ လုပ်ယူနေခြင်းဟု သံသယဝင်သူများလည်း ရှိနေလေသည်။ မည်သို့ဆိုစေ ယုတ္တိရှိရှိ တွေးတောကြည့်လျှင် မည်သည့်အနုပညာရှင်ကများ နာမည်ကျော်ကြားဖို့ရာအတွက် ထိုသို့သော ရှုပ်ထွေးပွေလီနေသည့် အမှုကိစ္စမျိုးတွင် ကိုယ်တိုင် အမှုဖွင့်ကာ ပါဝင်ချင်မည်နည်း။

နဉ်ရှီအတွက် ယခုလိုနာမည်ကြီးလာရန် မလွယ်ကူခဲ့ပေ။ ထို့အပြင် 'The Unrivalled 2' ၏ ကျော်ကြားမှုကို အသုံးချကာ နိုင်ငံတကာ ရုပ်ရှင်ဈေးကွက်အထိ ထိုးဖောက်ဝင်ရောက်နိုင်မည့် အခွင့်အရေးလည်း ရှိနေသေး၏။ သို့သော်ငြား ဤအမှုကိစ္စ ပေါ်ထွက်လာခြင်းက သူမ၏ အလုပ်ကို ထိခိုက်စေမည်မှာ မလွဲမသွေပင်။ နဉ်ရှီသာ ဉာဏ်ကောင်းလျှင် ယခုလို အရေးကြီးလွန်းသော အချိန်ကာလမျိုး၌ ရဲစခန်းသို့သွားပြီး အမှုဖွင့်မည်မဟုတ်ပေ။ အမှုကိစ္စကလည်း လွန်ခဲ့သော ၈ နှစ်ခန့်က အမှုဖြစ်နေသည်။

လူပေါင်းများစွာက ထိုသို့ ထင်မြင်နေကြသည်။ သို့သော် နဉ်ရှီ၏ နည်းလမ်းက တရားလွန်လွန်းသည်၊ ကွယ်လွန်သွားသည့် မိခင်ဖြစ်သူကို လှေကားထစ်အဖြစ် အသုံးချနေသည်ဟု ထင်မြင်နေကြသူတချို့လည်း ရှိနေသေးသည်။

နဉ်ရှီက ဒီလိုတွေလုပ်ပြီး သူ့ကိုယ်သူ ပြန်ထိခိုက်စေမှာ မကြောက်ဘူးလား..?

သို့နှင့် ထိုကိစ္စနာမည်ကြီးသွားပြီး သိပ်မကြာခင်မှာပင် တုန်းနန်ရဲဌာနက Weibo ‌‌ပေါ်၌ 'နဉ်'မျိုးနွယ် နိုင်ငံသားတစ်ဦးက အမှုတိုင်ကြားခဲ့ပြီး ရဲစခန်းဌာနမှ ထိုအမှုကို လက်ခံလိုက်ပြီဖြစ်ကြောင်း ပို့စ်တင်လာသည်။ ထို့နောက်တွင်မူ ရဲဌာနမှ အလေးအနက်ထားကာ စစ်ဆေးနေပြီး လွန်ခဲ့သော ရှစ်နှစ်ခန့်က သတ်သေမှုကို ရှာဖွေစုံစမ်းရန် ပြင်ဆင်နေကြောင်း ပါရှိသည်။

အနှီပို့စ်တွင် အချက်အလက်အများကြီး မပါဝင်သော်ငြား မျိုးရိုးနာမည် 'နဉ်'နှင့် လွန်ခဲ့သော ရှစ်နှစ်ခန့်ကအမှု ဟူသည့် စကားလုံးများက နဉ်ရှီ၏ အမှုအကြောင်း အတည်ပြုလိုက်သလိုပင်။ ထိုအမှုက အစစ်အမှန် ဖြစ်နေသည်။

လက်စသတ်တော့ နဉ်ရှီက နာမည်ကြီးလာအောင် သတင်းလွှင့်နေတာမဟုတ်ဘဲ တကယ့်အမှု ဖြစ်နေတာကိုး..!

ထိုပို့စ်တက်လာသည်နှင့် အနုပညာလောကတစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားရသည်။ နဉ်ရှီနှင့် ရင်းနှီးခင်မင်သော တချို့အနုပညာရှင်များက Weibo ပေါ်တွင် အမှုမှန်အမြန်ဆုံးပေါ်ပေါက်ပါစေ ဟူ၍ နဉ်ရှီဘက်မှ ရပ်တည်ကြောင်း ဖော်ပြကြလေသည်။

သို့နှင့် အမှုအပေါ် လူစိတ်ဝင်စားမှု ပိုမိုများပြားလာခဲ့၏။ ရဲဌာန၏ စုံစမ်းစစ်ဆေးချက်အရ မျက်မြင်သက်သေအများအပြား ရှိလာနိုင်သည်။ လွန်ခဲ့သောရှစ်နှစ်ခန့်က အမှုအတွက် စုံစမ်းခဲ့ဖူးသော်ငြား သာမန်လူများသည် လူသေမှုထဲ ပါဝင်ပက်သက်မိမှာ စိုးရိမ်ပြီး ဘာမှသိပ်မပြောခဲ့ကြပေ။ သို့သော် ဤတစ်ကြိမ်တော့ အတိုင်းထက်အလွန် ပူးပေါင်းပါဝင်ပေးကြသည်။

စုံစမ်းစစ်ဆေးမှု ဆက်လုပ်လေ၊ သံသယဝင်စရာ အချက်အလက်များ ပေါ်ထွက်လာလေပင်။ လက်ဆုပ်လက်ကိုင်ပြစရာ သက်သေမျိုး မရှိသေးပါသော်ငြား သေဆုံးသူ၏ အိမ်နီးချင်းများက သူမဟာ သူမ၏သမီးလေးကို အလွန်ချစ်ပြီး စဉ်းစားတွေးခေါ်တတ်သည့် အမျိုးသမီးဖြစ်ကြောင်း ထွက်ဆိုကြသည်။ သမီးဖြစ်သူကို ဖူးဖူးမှုတ် ချစ်မြတ်နိုးသူက ထိုသမီးငယ်လေးကို လောကကြီးထဲ တစ်ယောက်တည်း ချန်ထားရစ်ပြီး သတ်သေသွားသဖြင့် သူတို့ပင် မယုံကြည်နိုင်အောင် ဖြစ်ခဲ့ကြကြောင်း ပြောလာကြသည်။

......................................

[Zawgyi]

အခန္း - (၇၉)

ညေနခင္း ဓာတ္ပံုရိုက္ကြင္းသည္ ေရွာေရွာရႉရႉ ၿပီးဆံုးသြားခဲ့သည္။ ကင္မရာေရ႔ွ ကိုယ္ဟန္အမ်ိဳးမ်ိဳး လုပ္ေပးေနေသာ နဉ္ရွီကို ၾကၫ့္ရင္း က်န္းခ်င္းယြင္မွာ စိတ္မသက္မသာ ျဖစ္လာသည္။

ယေန့ 5 နာရီခြဲသည္ႏွင့္ နဉ္ရွီ၏ သတင္းၾကာင့္ မုန္တိုင္းထန္ေတာ့မည္ဆိုတာ သူ သိသည္။ အရာအားလံုး ၿပီးဆံုးသြားခ်ိန္တြင္ ဤအႏုပညာေလာကထဲ နဉ္ရွီ ဆက္ေနပါဦးမလား သိခ်င္လာမိ၏။

သူ နဉ္ရွီႏွင့္ စာခ်ဳပ္ခ်ဳပ္ခဲ့စဉ္က အမ်ိဳးသမီးအႏုပညာရွင္တစ္ဦးကို ႏိုင္ငံတကာတန္းဝင္ ေက်ာ္ၾကားလာသည္အထိ ေျမေတာင္ေျမႇာက္ေပးခ်င္ခဲ့သည္။ သို႔ေသာ္ ေအာင္ျမင္မႈလမ္းေၾကာင္းေပၚ ေရာက္လာခါမွ ထိုမင္းသမီးက သူမဟာ သရုပ္ေဆာင္ဝါသနာပါ၍ အႏုပညာေလာကထဲ ဝင္ေရာက္လာျခင္းမဟုတ္ဘဲ ေက်ာ္ၾကားမႈကို လိုခ်င္၍သာ ဝင္ေရာက္လာျခင္းဟု ထုတ္ေျပာလာသည္။

ထိုအေၾကာင္း ျပန္ေတြးေနမိရင္း က်န္းခ်င္းယြင္တစ္ေယာက္ သူ႔ကိုယ္သူသာ ၿပံဳးလိုက္မိသည္။ တကယ္ေတာ့ နဉ္ရွီ သူ႔ကို အစကတည္းက မလိမ္ညာခဲ့ေပ။ သူမက ေအာင္ျမင္မႈႏွင့္ ပိုက္ဆံအတြက္ အႏုပညာေလာကထဲ ေရာက္ရိွလာျခင္းျဖစ္ေၾကာင္း သူ႔ကို တစ္ခါေျပာဖူးသည္။ ထိုစဉ္က သူ၏စိတ္ထဲတြင္ နဉ္ရွီ ေနာက္ေျပာင္ေနတာဟူ၍ ထင္မွတ္လိုက္ၿပီး လံုးဝအတည္မယူခဲ့မိေပ။

ေလာကတြင္ မည္သၫ့္အႏုပညာရွင္ကမ်ား ေက်ာ္ၾကားမႈႏွင့္ ႂကြယ္ဝခ်မ္းသာမႈကို မလိုခ်င္ဘဲေနမည္နည္း။ သရုပ္ေဆာင္ရတာကို ႀကိဳက္ႏွစ္သက္ေနသေရြ့ မေအာင္ျမင္စရာ အေၾကာင္းမရိွေပ။

သို႔ေသာ္ နဉ္ရွီကေရာ... တကယ္ပဲ အႏုပညာအလုပ္ကို ႏွစ္သက္ခဲ့ပါ၏ေလာ။

"နဉ္ေလာင္ရွီး.. ပင္ပန္းသြားၿပီ.." ရိုက္ကြင္းၿပီးေနာက္ ကင္မရာမန္းက နဉ္ရွီကို ၿပံဳးျပကာ.. "ကင္မရာေရ႔ွက နဉ္ေလာင္ရွီးရဲ့ ပို႔စ္ေတြက အရမ္းမိုက္တာပဲ.."

"ရွင္တို႔ ေသခ်ာၫႊန္ၾကားေပးလို႔ပါ.." နဉ္ရွီက ႏိွမ့္ခ်စြာၿပံဳးရင္း ရိုက္ကြင္းအဖြဲ႔သားမ်ားကို ႏႈတ္ဆက္ကာ က်န္းခ်င္းယြင္ႏွင့္ ျပန္သြားေလသည္။

"ဒီမင္းသမီးက ေဖာ္ေရြသားပဲေနာ္.." ရိုက္ကြင္းအဖြဲ႔သားမ်ားက ပစၥည္းသိမ္းရင္း ဘယ္သရုပ္ေဆာင္က သေဘာေကာင္းတာ၊ ဘယ္သရုပ္ေဆာင္ကေတာ့ မာနႀကီးလိုက္တာ စသည္ျဖင့္ အတင္းတုပ္ေနၾကေတာ့သည္။ ပံုမွန္အားျဖင့္ နာမည္ေက်ာ္ မင္းသား၊ မင္းသမီးမ်ားသည္ EQ ျမင့္ၿပီး သူတို႔အေပၚ ေနြးေထြးေဖာ္ေရြၾကေသာ္လည္း ယခုမွ နာမည္ႀကီးလာေသာ လူသစ္မ်ားကေတာ့ ေထာင္လႊားတတ္ၾကသည္။

"အဲ့လိုမေနတတ္ရင္ ဘယ္လိုလုပ္ ေအာင္ျမင္လာမွာလဲ..? သူ(မ)မွာ A-list သရုပ္ေဆာင္သူငယ္ခ်င္းေတြ တစ္သီႀကီး ရိွရံုတင္မကဘူး.. ခ်န္းရွီေကြ့လို လူကိုေတာင္ လက္ထဲခ်ဳပ္ကို္ငထားတာေလ.." မိတ္ကပ္ဆရာက မ်က္ခံုးပင့္ကာ.. "ဒီေလာကထဲမွာ သူ႔(မ)လို အရမ္းကံေကာင္းတဲ့လူမ်ိဳး ဘယ္ႏွစ္ေယာက္ရိွလို႔လဲ..?"

က်န္လူမ်ားလည္း သူမ၏ စကားက အဓိပၸါယ္ရိွတယ္လို႔ ခံစားလိုက္ရၿပီး ထိုအေၾကာင္း စိတ္အားထက္သန္စြာ ဆက္လက္ အတင္းတုပ္ၾကေတာ့သည္။

"ဘယ္ကိုသြားမွာလဲ..?" က်န္းခ်င္းယြင္က စတီယာရင္ကို လက္တစ္ဖက္တင္ၿပီး က်န္တစ္ဖက္ျဖင့္ နဉ္ရွီထံ ဖုန္းကမ္းေပးသည္။ "ဓာတ္ပံုရိုက္ေနတုန္း မစၥတာခ်န္း ဖုန္းေခၚေနတာ အႀကိမ္မနည္းဘူး.."

နဉ္ရွီ ဖုန္းကို ယူၾကၫ့္လိုက္ေသာအခါ Missed Call 21 ခု ေတြ့လိုက္ရ၏။ သူမက ႏႈတ္ခမ္းတင္းတင္း ေစ့လိုက္မိရင္း က်န္းခ်င္းယြင္ကို လွမ္းေျပာလိုက္သည္။ : "သူ႔ဆီ သြားမယ္.."

'သူ' ဆိုသၫ့္စကားက 'ခ်န္းရွီေကြ့'ကို ဆိုလိုမွန္း က်န္းခ်င္းယြင္ နားလည္လိုက္သည္။ ထို႔ေၾကာင့္ ဘာမွထပ္မေမးေတာ့ဘဲ ကားလမ္းေၾကာင္း ေျပာင္းလိုက္သည္။ လမ္းတစ္ေလ်ွာက္လံုး က်န္းခ်င္းယြင္က နဉ္ရွီကို စကားစမေျပာခဲ့သလို နဉ္ရွီကလည္း ကားျပတင္းကိုမွီရင္း အျပင္ဘက္ရႈခင္းမ်ားကို ခံစားခ်က္မဲ့စြာ ေငးေမာၾကၫ့္ေနခဲ့သည္။

နာရီဝက္ခန႔္ၾကာၿပီးေနာက္ က်န္းခ်င္းယြင္သည္ ကားရပ္လိုက္ၿပီး နဉ္ရွီဘက္လွၫ့္ကာ.. "ေရာက္ၿပီ.."

"ေက်းဇူး အစ္ကိုက်န္း.." နဉ္ရွီက ကားတံခါးဖြင့္ကာ အျပင္ထြက္လိုက္သည္။ ထို႔ေနာက္ က်န္းခ်င္းယြင္ ထိုင္ေနသၫ့္ ကားျပတင္းနား ေခါင္းငံု႔လိုက္ရင္း.. "အစ္ကိုက်န္း.. လတ္တေလာ အလုပ္သစ္ လက္မခံနဲ႔ဦးေနာ္.. သတင္းထြက္ၿပီး အေျခအေနကို ေစာင့္ၾကၫ့္ၾကတာေပါ့.."

က်န္းခ်င္းယြင္သည္ ေၾကာင္အ,သြားၿပီးမွ ခ်က္ခ်င္းဆိုသလို နဉ္ရွီ၏ ရည္ရြယ္ခ်က္ကို နားလည္သြားခဲ့သည္။ ထို႔ေၾကာင့္ ၿပံဳးကာ ေခါင္းညိတ္ျပလိုက္သည္။

က်န္းခ်င္းယြင္ ထြက္သြားၿပီးေနာက္ နဉ္ရွီလည္း သူမ၏ အေနာက္ဘက္ရိွ သံတံခါးမႀကီးကို လွၫ့္ၾကၫ့္လိုက္၏။ အိတ္ထဲမွ ေသာ့ကတ္ထုတ္ကာ ဂိတ္တံခါးဖြင့္လိုက္သည္။

အိမ္အႀကီးႀကီး မဟုတ္သျဖင့္ ၿခံဝင္းက သိပ္မက်ယ္ေပ။ သို႔ျဖစ္ရာ ေျခလွမ္းအနည္းငယ္အတြင္း အိမ္ေရ႔ွတံခါးေရ႔ွသို႔ ေရာက္သြားသည္။ နဉ္ရွီ တံခါးဖြင့္ရန္ လက္လွမ္းလိုက္စဉ္မွာပင္ တံခါးက ကလစ္ခနဲ ျမည္သံႏွင့္အတူ အတြင္းဘက္မွ ပြင့္လာခဲ့သည္။

နဉ္ရွီသည္ တံခါးေနာက္မွလူကို ေမာ့ၾကၫ့္လိုက္ၿပီးမွ မသိစိတ္အရ အၾကၫ့္လႊဲကာ လက္ကို ျပန္ရုတ္လိုက္မိသည္။

စိတ္ထဲတြင္ အနည္းဆံုးေတာ့ ခ်န္းရွီေကြ့ သူမကို ေမးခြန္းထုတ္လာလိမ့္မည္ဟု ထင္ျမင္ခဲ့ေသာ္ျငား ခ်န္းရွီေကြ့က ဘာမွမေျပာဘဲ သည္အတိုင္းေလးသာ ေငးၾကၫ့္ေနခဲ့၏။ သို႔ေသာ္ သူ၏ မ်က္ဝန္းနက္နက္ထဲမွ စိတ္ခံစားခ်က္မ်ားကိုမူ ခန႔္မွန္းရခက္လွသည္။

"ကြၽန္မ...."

ထိုအခိုက္ ခ်န္းရွီေကြ့က သူမကို ရင္ခြင္ထဲဆြဲသြင္းလိုက္သျဖင့္ နဉ္ရွီမ်ာ ဘာမွဆက္မေျပာႏိုင္ေတာ့ေပ။ အဆံုးမွာေတာ့ စကားႏွစ္လံုးသာ ေျပာလိုက္မိသည္။ "ကြၽန္မ ေတာင္းပန္ပါတယ္.."

သူမက သူ၏ ခ်စ္သူေကာင္မေလးအေနျဖင့္ အလြန္ဆိုးဝါးသၫ့္ လုပ္ရပ္တစ္ခုကို လုပ္လိုက္မိျခင္းပင္။ သူမသာ ခ်န္းရွီေကြ့ဆိုလ်ွင္ သူမလို ခ်စ္သူေကာင္မ‌ေလးကို သည္းမခံႏိုင္ေလာက္ဟု ေတြးလိုက္မိသည္။

ခ်န္းရွီေကြ့က စကားတစ္ခြန္းမ်ွ မဆိုခဲ့ေပ။ ေပ်ာက္ဆံုးသြားေသာ ရတနာေလးတစ္ခု ျပန္ရလိုက္သလိုမ်ိဳး နဉ္ရွီကိုသာ တင္းတင္းက်ပ္က်ပ္ ေပြ့ဖက္ထားခဲ့၏။

"ရွီရွီ.." ခ်န္းရွီေကြ့၏ အသံက ပံုမွန္ထက္ အက္ရွေနေလသည္။ သူမေလးကို အေတာ္ၾကာသည္အထိ ၾကင္နာစြာ ေထြးပိုက္ထားၿပီးေနာက္ ျပန္လႊတ္ေပးလိုက္ရင္း.. "လာ.. ပင္ပန္းလာမွာပဲ.. ကိုယ္ ညစာအတြက္ မင္းအႀကိဳက္ဆံုး ဝက္နံရိုးဟင္း ခ်က္ထားေပးတယ္.."

ၿပီးေနာက္ ခ်န္းရွီေကြ့က နဉ္ရွီ၏ သြယ္လ်ေပ်ာ့ေပ်ာင္းေသာ လက္ေခ်ာင္းေလးမ်ားကို ျမတ္ႏိုးစြာ ဆုပ္ကိုင္လိုက္သည္။ မည္သၫ့္ေန့ရက္မဆို ပ်က္ကြက္ျခင္းမရိွ။

နဉ္ရွီလည္း ခ်န္းရွီေကြ့ေနာက္ လိုက္ပါသြားသည္။ အိမ္ထဲေရာက္သည္ႏွင့္ ေဒါက္ဖိနပ္ခြၽတ္ကာ အိမ္တြင္းစီးဖိနပ္ ေျပာင္းစီးလိုက္သည္။

ခ်န္းရွီေကြ့က နဉ္ရွီ၏လက္ကို လႊတ္ေပးၿပီး သူမကို ၿပံဳးျပလာရင္း.. "ဒီမွာ အရင္ထိုင္ၿပီး TV ၾကၫ့္ႏွင့္ဦးေနာ္.."

မီးဖိုေခ်ာင္ထဲ အေျပးသြားသၫ့္ ခ်န္းရွီေကြ့ကို ေငးၾကၫ့္ေနၿပီးေနာက္ နဉ္ရွီက သူမ၏အိတ္ကို ဆိုဖာေပၚ ပစ္တင္လိုက္ရင္း ပင္ပန္းႏြမ္းလ်စြာ လဲေလ်ာင္းလိုက္သည္။ TV ရီမုတ္ကို ေကာ္ဖီစားပြဲေပၚတြင္ တင္ထားသျဖင့္ လြယ္လင့္တကူ လွမ္းယူႏိုင္သည္။

သူမ TV ဖြင့္ၾကၫ့္လိုက္ေသာအခါ ထင္သၫ့္အတိုင္းပင္ ေက်ာင္းဟုန္၏ ရုပ္သံဌာနမွ သူမအေၾကာင္း ထုတ္လႊင့္ေနေလၿပီ။ TV Screen ညာဘက္အေပၚေထာင့္မွ 'အထူးသတင္း' ဟူသၫ့္ ေခါင္းစီးကို ေတြ့လိုက္ရခ်ိန္ဝယ္ နဉ္ရွီလည္း အားပါးတရ ရယ္ေမာလိုက္မိသည္။

သတင္းဌာနမ်ားသည္ အၿမဲတေစ အလြန္အက်ူး ေဖာ္ျပတတ္ၾကၿပီး ေက်ာင္းဟုန္၏ ရုပ္သံဌာနသည္လည္း ႁခြင္းခ်က္မဟုတ္ခဲ့ေပ။ သတင္းအေၾကာင္းအရာက သိပ္မရွင္းလင္းပါေသာ္ျငား သူမအေၾကာင္း ေဖာ္ျပေနျခင္းမွန္း နဉ္ရွီ သိလိုက္သည္။

သူမက သတင္းဆက္နားေထာင္ရန္ စိတ္ကူးမရိွသျဖင့္ တျခားခ်န္နယ္တစ္ခု ေျပာင္းလိုက္သည္။ ထိုအခါ 'သံုးဘဝ သံုးေရာင္ျခယ္' ရုပ္ရွင္ Trailer ထုတ္လြင့္ေနေၾကာင္း ျမင္လိုက္ရေလသည္။ ထိုအခါမွ Tomato Station က ရုပ္ရွင္မူပိုင္ခြင့္ ဝယ္ယူထားၿပီး လာမၫ့္တနလၤာေန့မ်ားတြင္ လူၾကၫ့္အမ်ားဆံုး အခ်ိန္၌ ထုတ္လႊင့္ျပသမည္ျဖစ္ေၾကာင္း သတိရသြားသည္။

မီးဖိုေခ်ာင္တံခါး ပြင့္ဟလာသည္။ ခ်န္းရွီေကြ့က အေငြ့တေထာင္းေထာင္းထေနသၫ့္ ေႂကြထည္ပန္းကန္လံုးတစ္လံုးကို သယ္ယူလာၿပီး နဉ္ရွီ TV ၾကၫ့္ေနသည္ကို ျမင္ေသာအခါ ပန္းကန္လံုးကို စားပြဲေပၚ တင္လိုက္ရင္း လွမ္းေျပာခဲ့သည္။ "ရွီရွီ.. လက္သြားေဆးေတာ့.. ထမင္းစားၾကမယ္.."

နဉ္ရွီလည္း ရီမုတ္ကို ေအာက္ခ်လိုက္ၿပီး မီးဖိုေခ်ာင္ထဲ ေလ်ွာက္သြားေသာအခါ ေပါင္းအိုးထဲမွ ေပါင္းၿပီးသားကဏန္းမ်ား ထုတ္ယူေနေသာ ခ်န္းရွီေကြ့ကို ေတြ့လိုက္ရသည္။ သူ၏မ်က္ႏွာေပၚ အေငြ့မ်ား ျဖတ္ေျပးသြားခ်ိန္တြင္ ေအးစက္စက္မ်က္ႏွာက ေနြးေထြးသြားသေယာင္ ထင္မွတ္ရသည္။

ေဘစင္မွေရက အေတာ္ေလး ေအးစိမ့္ေနေလ၏။ နဉ္ရွီ လက္ေဆးရန္ လက္လွမ္းလိုက္ခ်ိန္တြင္ လက္တစ္ဖက္က ေရပိုက္ေခါင္းကို တျခားတစ္ဖက္သို႔ ဆြဲလွၫ့္လိုက္သည္။ "မိန္းကေလးေတြ လက္ေဆးရင္ ေရေအးမသံုးသင့္ဘူး.. ခႏၶာကိုယ္အတြက္ မေကာင္းဘူး.."

သိပ္မၾကာလိုက္ ေရေအးမ်ားက ပူေနြးလာခဲ့သည္။ နဉ္ရွီသည္ ေရပိုက္ေခါင္းကို တစ္ခဏ ေငးၾကၫ့္ေနၿပီးမွ ေရပိတ္လိုက္သည္။

"ရွီေကြ့.." နဉ္ရွီက Branded ရွပ္အက်ႌဝတ္ထားပါလ်က္ ေအပရြတ္ထပ္ဝတ္ကာ ဟင္းခ်က္ေနေသာ အမ်ိဳးသားကို လွၫ့္ၾကၫ့္လိုက္သည္။ "ရွင္ ကြၽန္မကို ေမးခ်င္တာတစ္ခုခု မရိွဘူးလား..?"

ခ်န္းရွီေကြ့က ကိုင္ထားသၫ့္ ဟင္းပန္းကန္လံုးကို ေအာက္ခ်လိုက္ၿပီး ေရစိုေနသၫ့္ လက္ကို အေျခာက္ခံကာ သူမေလး၏ နဖူးကို ထိေတြ့လိုက္သည္။ "ရွီရွီ.. ကိုယ္တို႔က ခ်စ္သူေတြေလ.."

နဉ္ရွီက ဘာမျွပန္မေျပာဘဲ သူ႔ကိုသာ ေငးၾကၫ့္ေနခဲ့သည္။

သူမေလးကို ၾကၫ့္ၿပီး ခ်န္းရွီေကြ့က ခပ္ေသာေသာ ရယ္လိုက္သည္။ နဉ္ရွီ၏ ေခါင္းမာတတ္ဟန္ေလး၊ မလိုမက်ျဖစ္ၿပီး စိတ္ေကာက္ေနဟန္ေလးကို ႀကံဳေတာင့္ႀကံဳခဲ ျမင္ေတြ့ဖူးျခင္းပင္။ သူမက ပံုမွန္အခ်ိန္မ်ားဆိုလ်ွင္ တည္ၿငိမ္ေလးနက္ၿပီး 'နဉ္ရွီက အခ်ိန္တိုင္း တည္ၿငိမ္ေနတာပဲ' ဟူ၍ပင္‌ အေျပာခံရေလာက္သည္။ လက္စသတ္ေတာ့ သူမေလးက သူ၏ အေရ႔ွမွာသာ မရင့္က်က္သၫ့္ သူမ၏ တျခားပံုစံကို ေဖာ္ျပတတ္ျခင္း ျဖစ္ေနသည္။

ခ်န္းရွီေကြ့က နဉ္ရွီကို ေဘးမွထိုင္ခံုတြင္ ဝင္ထိုင္ေစလိုက္ၿပီး သူ၏ ႏွာေခါင္းကို အသာဖ်စ္ၫွစ္လိုက္သည္။ "ဘာမွ ေမးစရာမရိွပါဘူးကြာ.. မင္း အဆင္ေျပျပေနဲ႔ ကိုယ့္ေဘးနားရိွေနသေရြ့ မင္းဘာပဲလုပ္လုပ္ ကိုယ္ အားေပးေထာက္ပံ့ေနမွာ.."

"တကယ္လို႔ ကြၽန္မရဲ့ လုပ္ရပ္ေၾကာင့္ အုတ္ေအာ္ေသာင္းနင္းျဖစ္ကုန္ၿပီး ရွင့္ေနာက္ကြယ္မွာ ရွင့္ကို ေဝဖန္ျပစ္တင္ၾကရင္ေတာင္လား..?" နဉ္ရွီက သူ၏လက္ေခ်ာင္းကို ဆြဲဖမ္းလိုက္ကာ ႏွာေခါင္းၫွစ္ခြင့္ မေပးခဲ့ေခ်။ "ရွင္တို႔လို သူေဌးေတြက နာမည္ဂုဏ္သတင္း ထိခိုက္မွာကို အေၾကာက္ဆံုးမဟုတ္ဘူးလား..?"

"ကိုယ္အတြက္ေတာ့ နာမည္ဂုဏ္သတင္းမကလို႔ ဘာပဲျဖစ္ျဖစ္.. မင္းေလာက္ အေရးမပါဘူး.." နဉ္ရွီက သူ၏လက္ကို ဆြဲဖမ္းလိုက္သျဖင့္ ခ်န္းရွီေကြ့မွာ ႏွေျမာတသ ျဖစ္ေနေတာ့သည္။ "ကိုယ့္ကို အျပင္လူေတြ ဘာေျပာေနၾကလဲ သိလား..?"

နဉ္ရွီက သိခ်င္စိတ္အျပၫ့္ျဖင့္ ခ်န္းရွီေကြ့ကို ေမာ့ၾကၫ့္လိုက္သည္။

ခ်န္းရွီေကြ့က ႏူးညံ့စြာ ၿပံဳးလိုက္ရင္း.. "ေျပာၾကတာေတာ့ ကိုယ္က အလွေလးကို ပိုင္ဆိုင္ႏိုင္ဖို႔အတြက္ မိန္းကေလးတစ္ေယာက္လို စိတ္ေပ်ာ့ညံ့လာၿပီး မီးဖိုေခ်ာင္ထဲမွာပဲ အခ်ိန္ကုန္ေနတယ္တဲ့.." ခ်န္းရွီေကြ့က နဉ္ရွီ မ်က္ေမွာင္ၾကဳတ္သြားတာကို ျမင္ၿပီး ရင္ခြင္ထဲ ဆြဲသြင္းကာ ေထြးေပြ့ထားလိုက္သည္။ "အဲ့လိုမ်ိဳးေလ်ွာက္ေျပာေနတဲ့ လူေတြက သူတို႔ဘဝမွာ ခ်စ္ျမတ္ႏိုးေပးရမယ့္ မိန္းကေလး မရိွလို႔ဘဲ ျဖစ္ရမယ္.. ဒါမွမဟုတ္ရင္ တစ္ကိုယ္ေကာင္းဆန္လို႔ပဲ.. ကိုယ္က သူတို႔ေျပာတာေတြကို ဘာလို႔ ဂရုစိုက္ေနရမွာလဲ..? ၿပီးေတာ့ မီးဖိုေခ်ာင္အလုပ္ကို မိန္းကေလးပဲ လုပ္ရမယ္လို႔ ဘယ္သူေျပာလဲ..? မိန္းကေလးနဲ႔ ေယာက္်ားေလး တန္းတူအခြင့္အေရး ရိွသင့္တယ္ေလ.. ဟုတ္တယ္မလား..?"

နဉ္ရွီမွာ ခ်န္းရိွေကြ့ ထိုသို႔ေျပာလာမည္ဟု မထင္ထားသျဖင့္ အံ့အားသင့္သြားရ၏။ ထို႔ေနာက္ မထိန္းႏိုင္ေအာင္ ရယ္ေမာလိုက္မိသည္။

အားပါးတရ ရယ္ေမာၿပီးေနာက္ နဉ္ရွီက ခ်န္းရွီေကြ့၏ လည္ပင္းကို ဖက္တြယ္ကာ.. "ရွီေကြ့.. ေက်းဇူးတင္ပါတယ္.."

ခ်န္းရွီေကြ့က သူမ၏ ေက်ာျပင္ကို ခပ္ဖြဖြပုတ္ေပးရင္း.. "ကိုယ့္ကို တကယ္ေက်းဇူးတင္ရင္ ဒီေန့ည မင္း ကိုယ့္ကို ဘယ္လိုျပန္ေပးဆပ္ႏိုင္လဲဆိုတာ ေဆြးေနြးၾကတာေပါ့.."

နဉ္ရွီတစ္ေယာက္ စိတ္ထဲ ေတြးလိုက္မိသည္။ 'ဪ.. ဘယ္ေလာက္ပဲ ေျဖာင့္မတ္တဲ့ ေယာက္်ားျဖစ္ပါေစ.. ညစ္တီးညစ္ပတ္ ေျပာတတ္တဲ့ အခ်ိန္လည္း ရိွပါေသးလား..!'

"နဉ္ရွီအေမရဲ့ သတ္ေသမႈအေၾကာင္း : လူသတ္မႈလို သံသယရိွတာေၾကာင့္ နဉ္ရွီကိုယ္တိုင္ သက္ေသေတြနဲ႔တကြ ရဲစခန္းမွာ အမႈဖြင့္လိုက္ၿပီ.."

ထိုသတင္း ထြက္ေပၚလာသည္ႏွင့္ အကုန္လံုး ပြက္ပြက္ညံကုန္ေတာ့၏။ လတ္တေလာ နာမည္ႀကီးေနသၫ့္ နဉ္ရွီက အမႈႀကီးတစ္ခုႏွင့္ ဆက္စပ္ေနသျဖင့္ ပ်င္းရိၿငီးေငြ့ေနေသာ လူထုႀကီးလည္း အတင္းတုပ္စရာ ေခါင္းစဉ္တစ္ခုရသြားၿပီး အကုန္လံုး ထိုကိစၥအေပၚ စိတ္ဝင္စားေနၾကေတာ့သည္။

လူငယ္အေတာ္မ်ားမ်ားက အမ်ိဳးမ်ိဳးေသာ လ်ိႈ႔ဝွက္ႀကံစည္မႈမ်ား၊ သံသယဝင္စရာ သဲလြန္စမ်ားအေၾကာင္း တင္ၾကရင္း သူတို႔ကိုယ္သူတို႔ ရွားေလာ့ဟုမ္း ဝင္ပူးေနသလို လုပ္ေနၾကေတာ့သည္။

သို႔ေသာ္ နဉ္ရွီ၏ ရုပ္ရွင္အသစ္ျဖစ္ေသာ 'သံုးဘဝ သံုးေရာင္ျခယ္'ကို Tomato Station တြင္ ထုတ္လႊင့္ေတာ့မွာ ျဖစ္သၫ့္အတြက္ နဉ္ရွီ သို႔မဟုတ္ ထုတ္လုပ္ေရးအဖြဲ႔က မီဒီယာမွာ လူသိမ်ားလာေအာင္ ဤနည္းလမ္းသံုးကာ လုပ္ယူေနျခင္းဟု သံသယဝင္သူမ်ားလည္း ရိွေနေလသည္။ မည္သို႔ဆိုေစ ယုတၲိရိွရိွ ေတြးေတာၾကည့္လ်ွင္ မည္သၫ့္အႏုပညာရွင္ကမ်ား နာမည္ေက်ာ္ၾကားဖို႔ရာအတြက္ ထိုသို႔ေသာ ရႈပ္ေထြးေပြလီေနသၫ့္ အမႈကိစၥမ်ိဳးတြင္ ကိုယ္တိုင္ အမႈဖြင့္ကာ ပါဝင္ခ်င္မည္နည္း။

နဉ္ရွီအတြက္ ယခုလိုနာမည္ႀကီးလာရန္ မလြယ္ကူခဲ့ေပ။ ထို႔အျပင္ 'The Unrivalled 2' ၏ ေက်ာ္ၾကားမႈကို အသံုးခ်ကာ ႏိုင္ငံတကာ ရုပ္ရွင္ေဈးကြက္အထိ ထိုးေဖာက္ဝင္ေရာက္ႏိုင္မၫ့္ အခြင့္အေရးလည္း ရိွေနေသး၏။ သို႔ေသာ္ျငား ဤအမႈကိစၥ ေပၚထြက္လာျခင္းက သူမ၏ အလုပ္ကို ထိခိုက္ေစမည္မွာ မလြဲမေသြပင္။ နဉ္ရွီသာ ဉာဏ္ေကာင္းလ်ွင္ ယခုလို အေရးႀကီးလြန္းေသာ အခ်ိန္ကာလမ်ိဳး၌ ရဲစခန္းသို႔သြားၿပီး အမႈဖြင့္မည္မဟုတ္ေပ။ အမႈကိစၥကလည္း လြန္ခဲ့ေသာ ၈ ႏွစ္ခန႔္က အမႈျဖစ္ေနသည္။

လူေပါင္းမ်ားစြာက ထိုသို႔ ထင္ျမင္ေနၾကသည္။ သို႔ေသာ္ နဉ္ရွီ၏ နည္းလမ္းက တရားလြန္လြန္းသည္၊ ကြယ္လြန္သြားသၫ့္ မိခင္ျဖစ္သူကို ေလွကားထစ္အျဖစ္ အသံုးခ်ေနသည္ဟု ထင္ျမင္ေနၾကသူတခ်ိဳ႕လည္း ရိွေနေသးသည္။

နဉ္ရွီက ဒီလိုေတြလုပ္ၿပီး သူ႔ကိုယ္သူ ျပန္ထိခိုက္ေစမွာ မေၾကာက္ဘူးလား..?

သို႔ႏွင့္ ထိုကိစၥနာမည္ႀကီးသြားၿပီး သိပ္မၾကာခင္မွာပင္ တုန္းနန္ရဲဌာနက Weibo ‌‌ေပၚ၌ 'နဉ္'မ်ိဳးႏြယ္ ႏိုင္ငံသားတစ္ဦးက အမႈတိုင္ၾကားခဲ့ၿပီး ရဲစခန္းဌာနမွ ထိုအမႈကို လက္ခံလိုက္ၿပီျဖစ္ေၾကာင္း ပို႔စ္တင္လာသည္။ ထို႔ေနာက္တြင္မူ ရဲဌာနမွ အေလးအနက္ထားကာ စစ္ေဆးေနၿပီး လြန္ခဲ့ေသာ ရွစ္ႏွစ္ခန႔္က သတ္ေသမႈကို ရွာေဖြစံုစမ္းရန္ ျပင္ဆင္ေနေၾကာင္း ပါရိွသည္။

အႏွီပို႔စ္တြင္ အခ်က္အလက္အမ်ားႀကီး မပါဝင္ေသာ္ျငား မ်ိဳးရိုးနာမည္ 'နဉ္'ႏွင့္ လြန္ခဲ့ေသာ ရွစ္ႏွစ္ခန႔္ကအမႈ ဟူသၫ့္ စကားလံုးမ်ားက နဉ္ရွီ၏ အမႈအေၾကာင္း အတည္ျပဳလိုက္သလိုပင္။ ထိုအမႈက အစစ္အမွန္ ျဖစ္ေနသည္။

လက္စသတ္ေတာ့ နဉ္ရွီက နာမည္ႀကီးလာေအာင္ သတင္းလႊင့္ေနတာမဟုတ္ဘဲ တကယ့္အမႈ ျဖစ္ေနတာကိုး..!

ထိုပို႔စ္တက္လာသည္ႏွင့္ အႏုပညာေလာကတစ္ခုလံုး အုတ္အုတ္က်က္က်က္ ျဖစ္သြားရသည္။ နဉ္ရွီႏွင့္ ရင္းႏွီးခင္မင္ေသာ တခ်ိဳ႕အႏုပညာရွင္မ်ားက Weibo ေပၚတြင္ အမႈမွန္အျမန္ဆံုးေပၚေပါက္ပါေစ ဟူ၍ နဉ္ရွီဘက္မွ ရပ္တည္ေၾကာင္း ေဖာ္ျပၾကေလသည္။

သို႔ႏွင့္ အမႈအေပၚ လူစိတ္ဝင္စားမႈ ပိုမိုမ်ားျပားလာခဲ့၏။ ရဲဌာန၏ စံုစမ္းစစ္ေဆးခ်က္အရ မ်က္ျမင္သက္ေသအမ်ားအျပား ရိွလာႏိုင္သည္။ လြန္ခဲ့ေသာရွစ္ႏွစ္ခန႔္က အမႈအတြက္ စံုစမ္းခဲ့ဖူးေသာ္ျငား သာမန္လူမ်ားသည္ လူေသမႈထဲ ပါဝင္ပက္သက္မိမွာ စိုးရိမ္ၿပီး ဘာမွသိပ္မေျပာခဲ့ၾကေပ။ သို႔ေသာ္ ဤတစ္ႀကိမ္ေတာ့ အတိုင္းထက္အလြန္ ပူးေပါင္းပါဝင္ေပးၾကသည္။

စံုစမ္းစစ္ေဆးမႈ ဆက္လုပ္ေလ၊ သံသယဝင္စရာ အခ်က္အလက္မ်ား ေပၚထြက္လာေလပင္။ လက္ဆုပ္လက္ကိုင္ျပစရာ သက္ေသမ်ိဳး မရိွေသးပါေသာ္ျငား ေသဆံုးသူ၏ အိမ္နီးခ်င္းမ်ားက သူမဟာ သူမ၏သမီးေလးကို အလြန္ခ်စ္ၿပီး စဉ္းစားေတြးေခၚတတ္သၫ့္ အမ်ိဳးသမီးျဖစ္ေၾကာင္း ထြက္ဆိုၾကသည္။ သမီးျဖစ္သူကို ဖူးဖူးမႈတ္ ခ်စ္ျမတ္ႏိုးသူက ထိုသမီးငယ္ေလးကို ေလာကႀကီးထဲ တစ္ေယာက္တည္း ခ်န္ထားရစ္ၿပီး သတ္ေသသြားသျဖင့္ သူတို႔ပင္ မယံုၾကည္ႏိုင္ေအာင္ ျဖစ္ခဲ့ၾကေၾကာင္း ေျပာလာၾကသည္။

......................................

Đọc tiếp

Bạn Cũng Sẽ Thích

125K 12.3K 199
book 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်
1.5M 191K 157
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
235K 25.9K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
279K 19.8K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^