နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

By Lazy_Little_Meow

155K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... More

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [78]

820 110 4
By Lazy_Little_Meow

Translated by Melinoe_Megami

[Unicode]

အခန်း - (၇၈)

ကျန်းချင်းယွင်က ရိုက်ကူးရေးရပ်ရန် ပြောလာချိန်တွင် ‘အင်တာဗျူးတော့ သွားပါပြီ’ဟူ၍ ကျောင်းဟုန် တွေးလိုက်မိသည်။

အနုပညာရှင်တစ်ယောက် နာမည်ကြီးလာသည်နှင့် ဆွေမျိုးသားချင်းများ စွပ်စွဲပြောဆိုတတ်သည်မှာ မထူးဆန်းတော့ပါချေ။ ဆွေမျိုးများ၏ အမြင်တွင် အနုပညာရှင်တစ်ယောက် နာမည်ကြီးလာခြင်းက ချမ်းသာကြွယ်ဝလာခြင်းနှင့် ထပ်တူကျနေသည်။ သို့ဖြစ်ရာ အနုပညာရှင်များ ချမ်းသာကြွယ်ဝလာလျှင် သူတို့၏ ဆွေမျိုးများကို အဘယ်ကြောင့် မကူညီနိုင်ရသနည်း။

ထို့ကြောင့် အနုပညာရှင်အများစုလည်း လူမြင်ကောင်းအောင် ထိုသို့သော ဆွေမျိုးများကို ပေးကမ်းရန်သာ တတ်နိုင်တော့သည်။ နဉ်ရှီကဲ့သို့ အပြစ်ပြောခံနေမည့်အစား တုံ့ပြန်ဖြေရှင်းတတ်သူက တကယ့်ကို ရှားပါးလွန်းပေသည်။

နဉ်ရှီက သတင်းထူးသတင်းဦးလေး မလိုချင်ဘူးလားဟု မေးလိုက်ချိန် ကျောင်းဟုန်၏ ပထမဆုံးတုံ့ပြန်မှုကား စိုးရိမ်မှုပင် ဖြစ်၏။ နဉ်ရှီပေးလာမည့် သတင်းက ပြဿာနာအကြီးကြီး ဖြစ်လာလိမ့်မည်ဟု ခံစားနေရလေသည်။ သို့သော် သတင်းလောကတွင် သတင်းကြောင့် ပွဲအကြီးကြီးဖြစ်တာက ပြဿနာမဟုတ်၊ ရေးစရာသတင်းမရှိမှာသာ ကြောက်ရသည်။ သို့နှင့် သူမလည်း ကင်မရာမန်းနှင့် အကြည့်ချင်းဖလှယ်ကာ နဉ်ရှီကို ခေါင်းညိတ်ပြလိုက်သည်။

“လက်ဆောင်ကြီးကြီးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. မစ်နဉ်..”

နဉ်ရှီ၏ မျက်နှာပေါ်တွင် အပြုံးလွင့်ပြယ်နေချေပြီ။ သူမက တစ်ခဏအသံတိတ်နေပြီးနောက် ပြောလာခဲ့သည်။

“ကျွန်မအမေရဲ့ သေဆုံးမှုက သတ်သေမှုမဟုတ်ဘူးလို့ သံသယရှိတယ်..”

ကျောင်းဟုန်ခမျာ လက်ထဲမှကော်ဖီခွက်ပင် ပြုတ်ကျလုမတတ် ဖြစ်သွားရသည်။ ယင်းကား သတင်းဦးသတင်းထူးကြီး မဟုတ်တော့၊ သတိကြီးကြီးထားသင့်သည့် အမှုကိစ္စဖြစ်နေသည်။ သူမ၏စိတ်ထဲ သတင်းတင်ရန်ပင် ကြောက်လာမိသည်အထိ။

“အဲ့တုန်းက ကျွန်မက အရမ်းငယ်သေးတယ်.. ရုတ်တရက်ပေါ်လာတဲ့ အဖေ့ရဲ့ သေတမ်းစာနဲ့ အမွေလွှဲပြောင်းစာကြောင့် အမေ အတော်ကြာအောင် ဒေါသထွက်နေခဲ့တာ.. ဘယ်တုန်းကမှ စိတ်ဓာတ်ကျနေတဲ့ အမူအရာမျိုး မရှိခဲ့ဖူးဘူး..” နဉ်ရှီက ကော်ဖီခွက်ကို ဖြည်းညင်းစွာ မွှေလိုက်သည်။ ဇွန်းနှင့် ကော်ဖီခွက်တိုက်မိသည့် အသံခပ်တိုးတိုးက ရင်ထိတ်ချောက်ချားဖွယ်။ “မစ်ကျောင်း အလုပ်အားရင် ကျွန်မနဲ့အတူ ရဲစခန်းလိုက်ခဲ့လို့ရပါတယ်..”

ကျောင်းဟုန်က အထစ်ထစ်အငေါ့ငေါ့ဖြင့်.. “ရဲ… ရဲစခန်းကို..? ဘာလုပ်မလို့လဲ..?”

“သံသယရှိနေမှာတော့ ရဲစခန်းမှာ အမှုဖွင့်ရမယ်လေ..” နဉ်ရှီက ဇွန်းကို ကော်ဖီခွက်အစွန်းနှင့် အသာထိခတ်လိုက်ရင်း ရေစစ်ကာ ဖယ်ထုတ်လိုက်သည်။ “အခုချိန်မှ အမှုမဖွင့်ရင် ဥပဒေအရ အချိန်ကန့်သတ်ချက် လွန်သွားလိမ့်မယ်.. ကျွန်မ အမှုဖွင့်နေတဲ့အချိန် မစ်ကျောင်း မှတ်တမ်းယူထားနိုင်ရင် အုတ်အော်သောင်းနင်းဖြစ်စေမယ့် သတင်းတစ်ပုဒ် ဖြစ်မလာနိုင်ဘူးလား..?”

ကျောင်းဟုန်က ကျန်းချင်းယွင်ကို လှည့်ကြည့်လိုက်မိသည်။ ထိုအခါ ကျန်းချင်းယွင်လည်း သူမလို ထိတ်လန့်သွားကြောင်း တွေ့လိုက်ရလေသည်။ သူလည်း ကြိုမသိထားတာ သိသာနေသည်။

သတင်းထောက်သက်တမ်း ရှည်ကြာပြီဖြစ်၍ ထိုသတင်းက မည်မျှအရေးကြီးကြောင်း ကျောင်းဟုန် နားလည်လိုက်၏။ ထို့ကြောင့် သူမလည်း အံတင်းတင်းကြိတ်ကာ သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။

“အစကတော့ တရုတ်နှစ်သစ်ကူးပြီးတဲ့အချိန်ထိ စောင့်ဦးမလို့ပဲ.. ဒါပေမဲ့ ကျွန်မရဲ့ ဆွေမျိုးတွေက မစောင့်နိုင်တော့ဘူးလေ.. အဲ့တော့ ကျွန်မလည်း ဒီကိစ္စကို အစပြန်ဖော်ရတော့မှာပေါ့..” နဉ်ရှီက မတ်တပ်ရပ်ကာ ကျန်းချင်းယွင်ကို လှည့်ကြည့်လိုက်သည်။ “အစ်ကိုကျန်း.. ညီမ တောင်းပန်ပါတယ်..”

ဤပြဿနာက ကျို့ကျီအပေါ် သက်ရောက်မှုရှိလာနိုင်မှန်း သူမ သိသည်။ သို့သော် သူမကိုယ်သူမ နာမည်ကြီးလာအောင် မကြိုးစားခဲ့လျှင် ရဲစခန်းသို့ သက်သေမည်မျှယူသွားပါစေ၊ ထိုအမှုကို အလေးအနက်ထားကြမည် မဟုတ်ပေ။

ထိုစဉ်က သူမသည် အသက်ဆယ့်ခုနစ်နှစ်သာ ရှိသေးသည်။ ထိုဆွေမျိုးများကြားမှ ရုန်းထွက်နိုင်ရန် သူမအဖေ၏ အဓိကပိုင်ဆိုင်မှုများနှင့် သူမအတွက် ချန်ရစ်ခဲ့သော အိမ်ကိုပင် ပေးခဲ့ရသည်။ ယခုလိုနေ့မျိုး ရောက်လာနိုင်ရန်အတွက် အရာအားလုံး ပေးဆပ်ခဲ့ရလေသည်။

အသက်ဆယ့်ခုနစ်နှစ်တွင် မိဘနှစ်ပါးကို ဆုံးရှုံးလိုက်ရသဖြင့် သူမ၏အဒေါ်က တရားဝင်အုပ်ထိန်းသူ ဖြစ်လာခဲ့သည်။ ထိုအဒေါ်ထံမှ နိုင်ငံခြားထွက်ခွင့် တောင်းခံနိုင်ရန် ပိုင်ဆိုင်မှုအားလုံး လက်လျော့လိုက်ရခြင်းပင်။ ကံကောင်းထောက်မစွာဖြင့် သူမ၏အဒေါ်က လူစိတ်မဲ့အောင် မဆိုးရွားခဲ့ပေ။ ထို့ကြောင့် နိုင်ငံခြားထွက်သွားချိန်တွင် ငွေကြေးအနည်းငယ် ကျန်ရစ်ခဲ့သေးသည်။

သူမ၏အဖေကို ဝင်တိုက်ခဲ့သူက သူများကားမောင်းပေးရသည့် ဒရိုက်ဘာတစ်ဦးပင်။ နောက်ပိုင်း အမူအကျင့်ကောင်းသဖြင့် ထောင်ထဲတွင် ဆယ်နှစ်ကြာအောင် မနေလိုက်ရပေ။ သူမကို ဝေခွဲမရဖြစ်စေခဲ့သည့် အချက်ကား ထိုဒရိုက်ဘာသည် သူမအား အလွန်များပြားသည့် နစ်နာကြေးငွေများ ပေးချင်နေခြင်းပင်။ သာမန်ဒရိုက်ဘာတစ်ဦးက ငွေအများကြီး ထုတ်ပေးလာနိုင်ခြင်း၊ အဘယ်ကြောင့် မည်သူမျှ သံသယမဝင်ကြသနည်း။

တရားစီရင်ချက်ချပြီးချိန်တွင် သူမ၏အမေက ထိုစီရင်ချက်ကို မယုံကြည်ခဲ့ပေ။ သူမက အယူခံတင်သွင်းကာ သတင်းထောက် တစ်ဦးနှင့်ပင် ဆက်သွယ်ခဲ့ပြီး ထိုဒရိုက်ဘာက တရားခံအစစ်မဟုတ်နိုင်ကြောင်း သူမ၏သံသယကို ဖော်ထုတ်ခဲ့သည်။

သို့သော် ရက်အနည်းငယ်ကြာပြီနောက် သူမ၏အမေက အဆောက်အအုံပေါ်မှ ခုန်ချသတ်သေသွားပြီး သတင်းထောက်လည်း လုံးဝပေါ်မလာတော့ချေ။ ထိုစဉ်က သက်ရှိထင်ရှားရှိသေးသော အဘွားဖြစ်သူက နဉ်ရှီအစား ညှိနှိုင်းငွေများလက်ခံကာ အယူခံတင်သွင်းမှုကို ရုတ်သိမ်းပစ်လိုက်သည်။

နိုင်ငံခြားရောက်ပြီးနောက် သူမသာ ထိုအချိန်သို့ ပြန်သွားနိုင်ခဲ့လျှင်၊ သို့တည်းမဟုတ် ထိုအမှုကို လူအများ စိတ်ဝင်စားခဲ့လျှင် ရလဒ်ကွဲပြားသွားနိုင်သည်ဟု တွေးလာမိသည်။

ကျောင်းဟုန်သည် ကားထဲဝင်ထိုင်လိုက်ပြီး စာရွက်စာတမ်းအိတ်ကို မျက်နှာသေဖြင့် ကိုင်ထားသော နဉ်ရှီအား လှည့်ကြည့်လိုက်သည်။ ပြီးနောက် တုံ့ဆိုင်းစွာ မေးလိုက်မိသည်။ “နဉ်ရှီ.. တကယ်လုပ်မလို့လား..?”

ထိုအမှုသည် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်၏။ ဥပဒေအရ အချိန်ကန့်သတ်ချက် မကျော်လွန်သေးသည့်တိုင် သက်သေမလုံလောက်တော့ပေ။ အဆုံး၌ ဘာမှပြောင်းလဲမှုမရှိဘဲ သည်အတိုင်းပြီးဆုံးသွားတာမျိုး ဖြစ်သွားနိုင်သည်။

“အရင်တုန်းက ဘာမှမတတ်နိုင်ခဲ့ပေမယ့် အခု ကျွန်မ လုပ်နိုင်ပြီလေ..” နဉ်ရှီက ကားပြတင်းအပြင်သို့ ငေးကြည့်နေရင်း.. “ခက်ခဲရင်တောင် ဘယ်လိုလုပ် ဒီအတိုင်း လက်လျော့နိုင်မှာလဲ..?”

နဉ်ရှီ၏ စကားများကို နားထောင်ပြီးနောက် ကျောင်းဟုန် အသံတိတ်နေခဲ့လေသည်။ နဉ်ရှီသည် လက်ရှိအချိန်တွင် တရုတ်ပြည်၏ နာမည်အကျော်ကြားဆုံး ရုပ်ရှင်မင်းသမီးများထဲမှ တစ်ယောက် ဖြစ်နေသော်ငြား သူမ၏ ဘဝဇာတ်ကြောင်းကိုတော့ သတင်းထောက်အများစု အမှတ်ရနေဆဲပင်။

သူမ ငယ်ရွယ်စဉ်က စာတော်သည့် ကျောင်းသူတစ်ဦး ဖြစ်ခဲ့သည်။ သို့သော် ကျောင်းတွင်းအနိုင်ကျင့်ခံရမှုကြောင့် မမျှော်လင့်ထားသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့၏။ ထိုအဖြစ်ကြောင့် သူမ၏ မိဘနှစ်ပါးကို ရှေ့ဆင့်နောက်ဆင့် ဆုံးရှုံးလိုက်ရပြီး အသက်ပြည့်သည်နှင့် နိုင်ငံခြားထွက်သွားခဲ့သည်။ နောက်ပိုင်းတွင်မူ နတ်ဘုရားမတစ်ပါးနှယ် အောင်မြင်ကျော်ကြားလာပြီး အမျိုးသမီးတိုင်း လိုချင်မက်မောရသည့် ချစ်သူကောင်လေးကို ပိုင်ဆိုင်နိုင်ခဲ့သည်။ ထိုအဖြစ်က စိတ်ဝင်စားဖွယ် ဇာတ်ကြောင်းတစ်ခုဟု ထင်မြင်ရသော်ငြား ထိုအချိန်ကာလတစ်ခုလုံးကို ကျော်လွှားနိုင်ရန်အတွက် မည်မျှနာကျင်ခံစားခဲ့ရမလဲဆိုတာ နဉ်ရှီတစ်ဦးတည်းသာ သိပေလိမ့်မည်။

“နဉ်ရှီ.. ဘာလို့ အနုပညာလောကထဲ ဝင်လာခဲ့တာလဲ..?” ကျန်းချင်းယွင်တစ်ယောက် သူ နဉ်ရှီကို လုံးလုံးလျားလျား မသိသေးကြောင်း ရုတ်ချည်းဆိုသလို နားလည်သွားခဲ့သည်။

နဉ်ရှီက သူ၏မေးခွန်းကို တည့်မဖြေခဲ့ပေ။ “လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ကျွန်မ ပြန်လာခဲ့သေးတယ်.. ပြီးတော့ အမှုဖွင့်ဖို့ ကြိုးစားခဲ့ပေမယ့် သက်သေမခိုင်လုံဘူးဆိုပြီး အမှုတင်မရခဲ့ဘူး..”

ထိုစကားကြောင့် ကျန်းချင်းယွင်လည်း ကျောင်းဟုန်ကဲ့သို့ အသံတိတ်သွား၏။

လွန်ခဲ့သောခြောက်နှစ်က နဉ်ရှီသည် အသက် ၁၉ နှစ်သာ ရှိဦးပေမည်။ သူသိထားသလောက် ထိုအချိန်က နဉ်ရှီဘဝ၏ အခက်ခဲဆုံး အချိန်ကာလပင်။

အသက် ၁၉ နှစ်အရွယ် မိန်းမငယ်လေးတစ်ဦး၊ မတော်တဆဖြစ်ရပ်ကြောင့် ဖခင်ကို ဆုံးရှုံးလိုက်ရပြီး သူမ၏ မိခင်သည်လည်း စိတ်ကျရောဂါဖြင့် ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့သည်။ သို့ဖြစ်ရာ သူမ၏မိခင်က အသတ်ခံရတာဖြစ်ကြောင်း သက်သေမပြနိုင်ဘဲ အမှုဖွင့်လာသောအခါ မည်သူက ယုံကြည်ပေးမည်နည်း။

ကျန်းချင်းယွင်၏ စိတ်ထဲ မွန်းကျပ်လာသလို ခံစားလိုက်ရသည်။ ထိုခံစားချက်က အနုပညာလောကကို နဉ်ရှီ ဝင်ရောက်လာခြင်းက သရုပ်ဆောင်ဖြစ်ချင်လို့ မဟုတ်ကြောင်း သိလိုက်ရ၍လော၊ နဉ်ရှီ၏ ဘဝအတွေ့အကြုံကြောင့် စိတ်မကောင်းဖြစ်မိခြင်းလော၊ ဝေခွဲမရခဲ့ချေ။

နှစ်ခုလုံးပေါင်းပြီး မွန်းကျပ်လာတာ ဖြစ်နိုင်လောက်သည်။ သို့သော် သူကိုယ်တိုင်လည်း မသေချာပါချေ။

ထို့အပြင် နဉ်ရှီ၏ လက်ထဲတွင် စာအိတ်ထူထူတစ်အိတ်လည်း ရှိနေသေးသည်။ ဤနှစ်များထဲ ထိုသက်သေများ စုစည်းနိုင်ဖို့ရာအတွက် သူမ မည်မျှအထိ အားစိုက်ထုတ်ခဲ့ရမည်နည်း။

ကျန်းချင်းယွင်က ကားကို ရဲစခန်းရှေ့တွင် ရပ်ပေးလိုက်သည်။ နဉ်ရှီလည်း ဖုန်းထုတ်ကာ ချန်းရှီကွေ့ထံ ဖုန်းဆက်လိုက်သည်။ တစ်ဖက်က ဖုန်းကို ချက်ချင်းကိုင်ခဲ့လေသည်။

“ရှီကွေ့..” နဉ်ရှီသည် ရဲစခန်းအပေါ်မှ အလံကို လှမ်းကြည့်လိုက်မိရင်း.. “ကျွန်မ ဆုံးဖြတ်ချက်ချလိုက်ပြီ.. အစကတော့ နှစ်သစ်ကူးပြီးမှ စိတ်မချမ်းမြေ့စရာကိစ္စတွေကို ပြန်ဖော်မလို့ပဲ..”

နောက်နှစ်လအတွင်း နှစ်သစ်ကူးပွဲတော် ရှိပေသည်။ ပွဲတော်မကျင်းပဖြစ်တာ ကြာပြီဖြစ်၍ ကနဦးတွင် နဉ်ရှီက ချန်းရှီကွေ့နှင့်အတူ နှစ်သစ်ကူးကို နွေးနွေးထွေးထွေး ဖြတ်သန်းလိုခဲ့သည်။

သို့သော် ကိစ္စများက စီစဉ်ထားသလိုမျိုး ဖြစ်မလာတော့ပေ။ ရဲစခန်းထဲ ခြေလှမ်းချလိုက်သည်နှင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်ကို သူမ နားလည်ထားပြီးသားပင်။ ချန်းမိသားစု၏ အဆင့်အတန်းအရ သူမလိုမိန်းမတစ်ယောက်ကို မိသားစုထဲ အဘယ်သို့ လက်ခံနိုင်မည်နည်း။

မည်သို့ဆိုစေ နာကျင်ခံစားရမည့် ပြဿနာများကတော့ ရှိလာပေဦးမည်။

“ရှီရှီ.. မင်းဘယ်မှာလဲ..?” နဉ်ရှီ၏ စကားအသွားအလာက ထူးဆန်းနေမှန်း ချန်းရှီကွေ့ သတိပြုမိလိုက်၏။ ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး အလုပ်အမှုဆောင်များကို အစည်းအဝေးခန်းထဲ ချန်ထားရစ်ကာ အပြင်သို့ ထွက်သွားတော့သည်။ “ရှီရှီ..?”

“ကျွန်မ ရဲစခန်းရှေ့မှာ..” နဉ်ရှီ အားတင်းကာ ပြုံးလိုက်သည်။ သို့သော် ကျောင်းဟုန်အဖို့ သူမ အားတင်းပြုံးနေမှန်း ခံစားသိနေသည်။

“ရှီရှီ…” ချန်းရှီကွေ့မှာ ဘာတွေဖြစ်ပျက်နေမှန်း သဘောပေါက်သွားသဖြင့် ဖုန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်မိသည်။ “မင်း ဘာပဲလုပ်လုပ် ကိုယ် မင်းရဲ့အနားမှာ ရှိနေပေးမှာပါ..”

“ကျေးဇူးတင်ပါတယ်..” နဉ်ရှီသည် ခေါင်းမော့လိုက်ရင်း.. “ရှီကွေ့.. ကျေးဇူးတင်ပါတယ်..”

ထို့နောက် ဖုန်းချကာ မျက်လုံးမှိတ်လိုက်သည်။ သူမ မျက်လုံးပြန်ဖွင့်ချိန်မှာတော့ မျက်ဝန်းအစုံက ပင်လယ်ပြင်ကြီးသဖွယ် တည်ငြိမ်နေတော့သည်။ “အစ်မကျောင်း.. Record စယူလို့ရပါပြီ..”

ကျောင်းဟုန်က စိုးရိမ်တကြီး အကဲခတ်လိုက်ရင်း.. “အဆင်ပြေရဲ့လား..?”

“အဆင်ပြေပါတယ်.. ကျေးဇူး..”

ထို့နောက် နဉ်ရှီသည် အိတ်ထဲမှ နေကာမျက်မှန်ထုတ်ကာ ဝတ်ဆင်လိုက်ပြီး ကားထဲမှ ထွက်လာလိုက်သည်။

သူမ၏ ခြေလှမ်းတိုင်းက အရမ်းမမြန်သော်လည်း တည်ငြိမ်လှသည်။ သူမ၏ နောက်ကျောပြင်ကိုကြည့်ရင်း နဉ်ရှီအား ကျို့ကျီဥက္ကဋ္ဌနှင့် ပေးတွေ့ရန် ခေါ်လာခဲ့သည့်အချိန်ကို ကျန်းချင်းယွင် ရုတ်ချည်း သတိရသွား၏။ ထိုစဉ်က နဉ်ရှီ၏ ခြေလှမ်းသည် ယခုလို တည်ငြိမ်နေပြီး ခြေတစ်လှမ်းချင်းစီက သူ၏နှလုံးအိမ်ကို ရိုက်ခတ်နိုင်ခဲ့သည်။

တုန်းနန်မြို့ရဲစခန်း၏ စခန်းမှူးသည် ယခုလေးတင် အမှုကြီးတစ်ခု ဖြေရှင်းနိုင်ခဲ့ပြီး တရားခံအားလုံးကို ဖမ်းဆီးအရေးယူကာ နစ်နာသူများကို နှစ်သိမ့်ပေးနိုင်ခဲ့သဖြင့် စိတ်ကြည်လင်နေခဲ့သည်။

သို့သော် လွန်ခဲ့သောရှစ်နှစ်ခန့်က သတ်သေမှုအဖြစ် သတ်မှတ်ခဲ့သော အမှုတစ်ခုအတွက် နစ်နာသူ၏ မိသားစုဘက်မှ သက်သေများယူကာ အမှုလာဖွင့်ကြောင်း သတင်းရလိုက်သဖြင့် ချက်ချင်းဆိုသလို စိတ်ထိုင်းမှိုင်းသွားရပြန်သည်။

“လွန်ခဲ့တဲ့ရှစ်နှစ်က သတ်သေမှု..?!” စခန်းမှူးကြီး မျက်နှာရှုံ့မဲ့သွားသည်။ ထိုသို့သော အမှုဟောင်းများက ပြန်လည်စစ်ဆေးရန် အလွန်ခက်ခဲ၏။ “ကိုယ့်ကိုယ်ကို သတ်သေတာမဟုတ်မှန်း အမှုဖွင့်သူမှာ သက်သေပါလာလား..?”

ရဲဝန်ထမ်းက ခေါင်းညိတ်ကာ.. “သက်သေတွေအရ အမှုရဲ့ တချို့အပိုင်းတွေက သံသယဝင်စရာကောင်းနေတယ်..”

ထိုစကားကြားသည်နှင့် စခန်းမှူးက တစ်ခဏတွေးကြည့်ပြီး အံတင်းတင်းကြိတ်ကာ ပြောလာသည်။ “သံသယဝင်စရာတွေ ရှိနေမှတော့ ငါတို့ စစ်ဆေးကြည့်ရမယ်..” စုံစမ်းစစ်ဆေးရန် မည်မျှခက်ခဲနေပါစေ၊ အနည်းဆုံးတော့ ကြိုးစားကြည့်ရမည်။ သို့မှသာ သူတို့ဝတ်ဆင်ထားသည့် ယူနီဖောင်းနှင့် ထိုက်တန်ပေလိမ့်မည်။

“အမှုလာဖွင့်တဲ့လူ စခန်းမှာ ရှိသေးလား..? အမှုအကြောင်း အသေးစိတ် စကားပြောကြည့်ရမယ်..” စခန်းမှူးက ထိုင်ခုံမှထကာ (ရဲ)ဦးထုပ် ဆောင်းလိုက်သည်။

စခန်းမှူးက အမိန့်ထုတ်ပြီးဖြစ်၍ ရဲဝန်ထမ်းများမှာ ဘာမှထပ်မပြောနိုင်ခဲ့ပေ။ အမှုလာဖွင့်သူက နာမည်ကျော်မင်းသမီး ဖြစ်ကြောင်းကိုလည်း မပြောလိုက်ရချေ။

ရုံးခန်းထဲမှ ထွက်လာချိန်တွင် ရဲဝန်ထမ်းအားလုံး မျက်နှာအမူအရာ ထူးဆန်းနေကြောင်း စခန်းမှူးလည်း သတိပြုမိလိုက်သည်။ သူက မျက်မှောင်ကြုတ်ကာ သူ့နောက်မှ ရဲဝန်ထမ်းကို မေးလိုက်သည်။ “အမှုဖွင့်တဲ့လူ ဘယ်မှာလဲ..?”

ရဲဝန်ထမ်းက ခပ်တိုးတိုး ပြောလာသည်။ “အစ်မဝမ်ရဲ့ ရုံးခန်းထဲမှာ..”

စခန်းမှူးသည် အစ်မဝမ်၏ ရုံးခန်းတံခါးကို တွန်းဖွင့်လိုက်သည်နှင့် အစ်မဝမ်၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော နေကာမျက်မှန်တပ်ထားပြီး အလွန်စတိုင်ကျသည့် အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။ နစ်နာသူမိသားစုဝင်နှင့် မတူပါဘဲ စတိုင်လစ်တစ်ဦးသဖွယ် ထင်မှတ်ရသဖြင့် သူ့မှာ အံ့အားသင့်သွားရသည်။

အစ်မဝမ်က စခန်းမှူးကို မြင်သည်နှင့် သက်ပြင်းချလိုက်ရင်း မတ်တပ်ရပ်ကာ ပြောလိုက်သည်။ “စခန်းမှူး.. ဒီဘက်က အမှုသည် နဉ်ရှီပါ..”

နဉ်ရှီက မျက်မှန်ချွတ်လိုက်သည်။

စခန်းမှူးသည် သူမ၏ မျက်ဝန်းထောင့်များ နီရဲနေသည်ကို သတိပြုမိလိုက်သည်။ သူက အနားသို့လျှောက်သွားကာ လက်ဆွဲနှုတ်ဆက်လိုက်သည်။ “Hi.. မစ်နဉ်..”

စခန်းမှူး၏ တည်ငြိမ်နေပုံကိုကြည့်ရင်း ရဲဝန်ထမ်းများမှာ သူတို့စခန်းမှူး နဉ်ရှီကို လုံးဝမသိတာလားဟူ၍ သံသယဝင်လာကြ၏။

“Hi..” နဉ်ရှီသည် စခန်းမှူးက တိကျပြတ်သားသော လူတစ်ယောက်ဖြစ်ကြောင်း သတိပြုမိလိုက်သည်နှင့် သူမ၏ အမှုအကြောင်း နောက်တစ်ကြိမ် ရှင်းပြလိုက်သည်။

“မစ်နဉ် တင်ပြလာတဲ့ သက်သေက တကယ့်ကို အရေးကြီးတာပဲ.. ဒါနဲ့ ဘာလို့ နှစ်တွေအများကြီးကြာမှ အမှုလာဖွင့်တာလဲ..? ဒီလိုအမှုမျိုးက….” အမှုတစ်ခုက အချိန်ကြာသွားလေ၊ စုံစမ်းစစ်ဆေးရန် ခက်ခဲလေဖြစ်ကြောင်း စခန်းမှူးမှာ ပြောမထွက်ခဲ့ပေ။ ယခုတော့ နစ်နာသူဟာ အသတ်ခံရခြင်းဖြစ်ကြောင်း သူတို့ အတည်ပြုနိုင်ခဲ့လျှင်ပင် လူသတ်သမားကို ရှာဖွေဖော်ထုတ်ရန် မလွယ်ကူတော့ပေ။

“လွန်ခဲ့တဲ့ခြောက်နှစ်လောက်က ကျွန်မ အဖွင့်ဖွင့်ဖို့ ကြိုးစားကြည့်ဖူးပါတယ်.. ဒါပေမဲ့ သက်သေမလုံလောက်လို့ အမှုဖွင့်မရခဲ့ဘူး..” စခန်းမှူး၏ ဆိုလိုရင်းကို နဉ်ရှီ နားလည်သည်။ သူမက ပါးစပ်ကို လက်ဖြင့်အုပ်လိုက်ရင်း.. “ဒီအမှုက အရမ်းခက်ခဲနိုင်မှန်း ကျွန်မ သိပါတယ်.. ဒါပေမဲ့……”

ထိုသို့ပြောရင်း ရှိုက်သံထွက်လာခဲ့သည်။ ပြီးနောက် သူမက စခန်းမှူးထံ လေးလေးနက်နက် ဦးညွှတ်လိုက်လေသည်။

နဉ်ရှီ၏ အမှုအကြောင်း မှတ်တမ်းယူနေသော ရဲဝန်ထမ်းသည် ထိုမြင်ကွင်းကိုကြည့်ရင်း ဝမ်းနည်းလာခဲ့၏။ သူက နတ်ဘုရားမ၏ ပရိသတ်တစ်ဦးပင်။ နတ်ဘုရားမလေးကို ယခုလိုအခြေအနေမျိုးဖြင့် မြင်တွေ့လိုက်ရာ အဘယ်သို့ စိတ်မကောင်းမဖြစ်ဘဲ နေနိုင်မည်နည်း။

“စိတ်အေးအေးထားပါ.. မစ်နဉ် စိတ်မပျက်ရအောင် ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားပြီး တစ်ခုမကျန် စစ်ဆေးပေးပါ့မယ်..” စခန်းမှူးသည် နဉ်ရှီ၏ ဦးညွှတ်မှုကို ကပျာကယာ ရှောင်တိမ်းလိုက်ရင်း တိတ်တခိုး သက်ပြင်းချလိုက်သည်။

သေဆုံးသွားသော မိခင်ဖြစ်သူအတွက် သက်သေရှာဖွေရန် နှစ်ပေါင်းများစွာ အချိန်ယူစိတ်နှစ်ထားသော ဤမိန်းမငယ်လေး၊ သူမ၏ မိဘကျေးဇူးသိတတ်မှုမှာ ချီးကျူးဖွယ်ရာပင်။

နဉ်ရှီ ပြန်သွားတော့မှ မှတ်တမ်းယူနေသော ရဲဝန်ထမ်းလည်း စခန်းမှူးဘက်လှည့်ကာ မေးလိုက်သည်။

“စခန်းမှူး.. နဉ်ရှီကို မသိဘူးလား..?”

“ဘယ်သူမို့လဲ..?”

“လက်ရှိနာမည်အကြီးဆုံး သရုပ်ဆောင်လေ.. ပြည်တွင်းမှာတင်မကဘူး ပြည်ပမှာပါ ပရိသတ်တွေ အများကြီး ရှိတယ်.. အမှုဖွင့်လိုက်တာနဲ့ ဒီအမှုကို လူတိုင်း စိတ်ဝင်စားလာကြမှာ.. ကျွန်တော်တို့စခန်းတော့ ဖိအားတွေအများကြီး……..” ရဲဝန်ထမ်းက စကားဆုံးအောင် ဆက်မပြောခဲ့ပေ။

စခန်းမှူးကြီး ငြိမ်ကျသွားသည်။ အတော်ကြာအောင် အသံတိတ်နေပြီးမှ ပြန်ပြောလာခဲ့သည်။ “သူ(မ)က ဘယ်သူပဲဖြစ်ဖြစ် ဒီနေရာမှာတော့ နစ်နာသူရဲ့ မိသားစုဝင်ပဲ.. သရုပ်ဆောင်မဟုတ်တော့ဘူး..”

ရဲစခန်းထဲမှ နဉ်ရှီ ထွက်လာသည်နှင့် ကျန်းချင်းယွင်ရော၊ ကျောင်းဟုန်ပါ နဉ်ရှီအနားကို အပြေးသွားလိုက်သည်။ ရဲစခန်းထဲ အမှုနှင့်မသက်ဆိုင်သူ ဝင်ခွင့်မရှိသဖြင့် သူတို့နှစ်ဦး အပြင်မှာ စောင့်နေရခြင်းပင်။

နဉ်ရှီ၏ လက်ထဲတွင် စာအိတ်အထူကြီး မရှိတော့မှန်း ကျန်းချင်းယွင် သတိပြုမိသွားသည်။ ထို့ကြောင့် သူက မေးလိုက်သည်။ “ဘယ်လိုဖြစ်သွားလဲ..?”

“အမှုကို စစ်ဆေးကြဦးမှာ.. အမှုဖွင့်နိုင်ဖို့ များပါတယ်..” နဉ်ရှီက နားထင်ကို ပွတ်လိုက်ရင်း.. “သွားကြရအောင်..”

“ဘယ်ကိုလဲ..?”

“ညနေကျရင် မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ကွင်း ရှိတယ်မဟုတ်ဘူးလား..?”

ကျန်းချင်းယွင်က မျက်မှောင်ကြုတ်ကာ.. “ဒါပေမဲ့…”

ဒီအခြေအနေကြီးနဲ့ ရိုက်ကွင်း သွားဦးမလို့လား..?

“ညီမ အဆင်ပြေပါတယ်.. စိတ်မပူနဲ့..” နဉ်ရှီက အသာပြုံးလိုက်ရင်း.. “အလုပ်လက်ခံထားမှတော့ ဘယ်လိုလုပ် ကတိဖျက်လို့ရမလဲ..?”

ထို့နောက် ကျောင်းဟုန်ဘက်လှည့်ကာ.. “အစ်မကျောင်း.. ကျွန်မမှတ်မိသလောက်ဆို အစ်မတို့ရုပ်သံဌာနမှာ ညနေ 5 နာရီဆိုရင် အနုပညာသတင်း လွှင့်တယ်မလား..?”

ကျောင်းဟုန်က ခေါင်းညိတ်ပြလိုက်သည်။

နဉ်ရှီက ပြုံးကာ.. ‘အဲ့တာဆိုရင် ကျေးဇူးပြုပြီး ဒီသတင်းကို ဒီနေ့ညနေ ၅ နာရီခွဲမှာ ထုတ်လွှင့်ပေးပါနော်..”

……………………………….

[Zawgyi]

အခန္း - (၇၈)

က်န္းခ်င္းယြင္က ရိုက္ကူးေရးရပ္ရန္ ေျပာလာခ်ိန္တြင္ ‘အင္တာဗ်ူးေတာ့ သြားပါၿပီ’ဟူ၍ ေက်ာင္းဟုန္ ေတြးလိုက္မိသည္။

အႏုပညာရွင္တစ္ေယာက္ နာမည္ႀကီးလာသည္ႏွင့္ ေဆြမ်ိဳးသားခ်င္းမ်ား စြပ္စြဲေျပာဆိုတတ္သည္မွာ မထူးဆန္းေတာ့ပါေခ်။ ေဆြမ်ိဳးမ်ား၏ အျမင္တြင္ အႏုပညာရွင္တစ္ေယာက္ နာမည္ႀကီးလာျခင္းက ခ်မ္းသာႂကြယ္ဝလာျခင္းႏွင့္ ထပ္တူက်ေနသည္။ သို႔ျဖစ္ရာ အႏုပညာရွင္မ်ား ခ်မ္းသာႂကြယ္ဝလာလ်ွင္ သူတို႔၏ ေဆြမ်ိဳးမ်ားကို အဘယ္ေၾကာင့္ မကူညီႏိုင္ရသနည္း။

ထို႔ေၾကာင့္ အႏုပညာရွင္အမ်ားစုလည္း လူျမင္ေကာင္းေအာင္ ထိုသို႔ေသာ ေဆြမ်ိဳးမ်ားကို ေပးကမ္းရန္သာ တတ္ႏိုင္ေတာ့သည္။ နဉ္ရွီကဲ့သို႔ အျပစ္ေျပာခံေနမၫ့္အစား တံု႔ျပန္ေျဖရွင္းတတ္သူက တကယ့္ကို ရွားပါးလြန္းေပသည္။

နဉ္ရွီက သတင္းထူးသတင္းဦးေလး မလိုခ်င္ဘူးလားဟု ေမးလိုက္ခ်ိန္ ေက်ာင္းဟုန္၏ ပထမဆံုးတံု႔ျပန္မႈကား စိုးရိမ္မႈပင္ ျဖစ္၏။ နဉ္ရွီေပးလာမၫ့္ သတင္းက ျပႆာနာအႀကီးႀကီး ျဖစ္လာလိမ့္မည္ဟု ခံစားေနရေလသည္။ သို႔ေသာ္ သတင္းေလာကတြင္ သတင္းေၾကာင့္ ပြဲအႀကီးႀကီးျဖစ္တာက ျပႆနာမဟုတ္၊ ေရးစရာသတင္းမရိွမွာသာ ေၾကာက္ရသည္။ သို႔ႏွင့္ သူမလည္း ကင္မရာမန္းႏွင့္ အၾကၫ့္ခ်င္းဖလွယ္ကာ နဉ္ရွီကို ေခါင္းညိတ္ျပလိုက္သည္။

“လက္ေဆာင္ႀကီးႀကီးေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္.. မစ္နဉ္..”

နဉ္ရွီ၏ မ်က္ႏွာေပၚတြင္ အၿပံဳးလြင့္ျပယ္ေနေခ်ၿပီ။ သူမက တစ္ခဏအသံတိတ္ေနၿပီးေနာက္ ေျပာလာခဲ့သည္။

“ကြၽန္မအေမရဲ့ ေသဆံုးမႈက သတ္ေသမႈမဟုတ္ဘူးလို႔ သံသယရိွတယ္..”

ေက်ာင္းဟုန္ခမ်ာ လက္ထဲမွေကာ္ဖီခြက္ပင္ ျပဳတ္က်လုမတတ္ ျဖစ္သြားရသည္။ ယင္းကား သတင္းဦးသတင္းထူးႀကီး မဟုတ္ေတာ့၊ သတိႀကီးႀကီးထားသင့္သၫ့္ အမႈကိစၥျဖစ္ေနသည္။ သူမ၏စိတ္ထဲ သတင္းတင္ရန္ပင္ ေၾကာက္လာမိသည္အထိ။

“အဲ့တုန္းက ကြၽန္မက အရမ္းငယ္ေသးတယ္.. ရုတ္တရက္ေပၚလာတဲ့ အေဖ့ရဲ့ ေသတမ္းစာနဲ႔ အေမြလႊဲေျပာင္းစာေၾကာင့္ အေမ အေတာ္ၾကာေအာင္ ေဒါသထြက္ေနခဲ့တာ.. ဘယ္တုန္းကမွ စိတ္ဓာတ္က်ေနတဲ့ အမူအရာမ်ိဳး မရိွခဲ့ဖူးဘူး..” နဉ္ရွီက ေကာ္ဖီခြက္ကို ျဖည္းညင္းစြာ ေမႊလိုက္သည္။ ဇြန္းႏွင့္ ေကာ္ဖီခြက္တိုက္မိသၫ့္ အသံခပ္တိုးတိုးက ရင္ထိတ္ေခ်ာက္ခ်ားဖြယ္။ “မစ္ေက်ာင္း အလုပ္အားရင္ ကြၽန္မနဲ႔အတူ ရဲစခန္းလိုက္ခဲ့လို႔ရပါတယ္..”

ေက်ာင္းဟုန္က အထစ္ထစ္အေငါ့ေငါ့ျဖင့္.. “ရဲ… ရဲစခန္းကို..? ဘာလုပ္မလို႔လဲ..?”

“သံသယရိွေနမွာေတာ့ ရဲစခန္းမွာ အမႈဖြင့္ရမယ္ေလ..” နဉ္ရွီက ဇြန္းကို ေကာ္ဖီခြက္အစြန္းႏွင့္ အသာထိခတ္လိုက္ရင္း ေရစစ္ကာ ဖယ္ထုတ္လိုက္သည္။ “အခုခ်ိန္မွ အမႈမဖြင့္ရင္ ဥပေဒအရ အခ်ိန္ကန႔္သတ္ခ်က္ လြန္သြားလိမ့္မယ္.. ကြၽန္မ အမႈဖြင့္ေနတဲ့အခ်ိန္ မစ္ေက်ာင္း မွတ္တမ္းယူထားႏိုင္ရင္ အုတ္ေအာ္ေသာင္းနင္းျဖစ္ေစမယ့္ သတင္းတစ္ပုဒ္ ျဖစ္မလာႏိုင္ဘူးလား..?”

ေက်ာင္းဟုန္က က်န္းခ်င္းယြင္ကို လွၫ့္ၾကၫ့္လိုက္မိသည္။ ထိုအခါ က်န္းခ်င္းယြင္လည္း သူမလို ထိတ္လန႔္သြားေၾကာင္း ေတြ့လိုက္ရေလသည္။ သူလည္း ႀကိဳမသိထားတာ သိသာေနသည္။

သတင္းေထာက္သက္တမ္း ရွည္ၾကာၿပီျဖစ္၍ ထိုသတင္းက မည္မ်ွအေရးႀကီးေၾကာင္း ေက်ာင္းဟုန္ နားလည္လိုက္၏။ ထို႔ေၾကာင့္ သူမလည္း အံတင္းတင္းႀကိတ္ကာ သေဘာတူေၾကာင္း ေခါင္းညိတ္ျပလိုက္သည္။

“အစကေတာ့ တရုတ္ႏွစ္သစ္ကူးၿပီးတဲ့အခ်ိန္ထိ ေစာင့္ဦးမလို႔ပဲ.. ဒါေပမဲ့ ကြၽန္မရဲ့ ေဆြမ်ိဳးေတြက မေစာင့္ႏိုင္ေတာ့ဘူးေလ.. အဲ့ေတာ့ ကြၽန္မလည္း ဒီကိစၥကို အစျပန္ေဖာ္ရေတာ့မွာေပါ့..” နဉ္ရွီက မတ္တပ္ရပ္ကာ က်န္းခ်င္းယြင္ကို လွၫ့္ၾကၫ့္လိုက္သည္။ “အစ္ကိုက်န္း.. ညီမ ေတာင္းပန္ပါတယ္..”

ဤျပႆနာက က်ိဳ႕က်ီအေပၚ သက္ေရာက္မႈရိွလာႏိုင္မွန္း သူမ သိသည္။ သို႔ေသာ္ သူမကိုယ္သူမ နာမည္ႀကီးလာေအာင္ မႀကိဳးစားခဲ့လ်ွင္ ရဲစခန္းသို႔ သက္ေသမည္မ်ွယူသြားပါေစ၊ ထိုအမႈကို အေလးအနက္ထားၾကမည္ မဟုတ္ေပ။

ထိုစဉ္က သူမသည္ အသက္ဆယ့္ခုနစ္ႏွစ္သာ ရိွေသးသည္။ ထိုေဆြမ်ိဳးမ်ားၾကားမွ ရုန္းထြက္ႏိုင္ရန္ သူမအေဖ၏ အဓိကပိုင္ဆိုင္မႈမ်ားႏွင့္ သူမအတြက္ ခ်န္ရစ္ခဲ့ေသာ အိမ္ကိုပင္ ေပးခဲ့ရသည္။ ယခုလိုေန့မ်ိဳး ေရာက္လာႏိုင္ရန္အတြက္ အရာအားလံုး ေပးဆပ္ခဲ့ရေလသည္။

အသက္ဆယ့္ခုနစ္ႏွစ္တြင္ မိဘႏွစ္ပါးကို ဆံုးရႈံးလိုက္ရသျဖင့္ သူမ၏အေဒၚက တရားဝင္အုပ္ထိန္းသူ ျဖစ္လာခဲ့သည္။ ထိုအေဒၚထံမွ ႏိုင္ငံျခားထြက္ခြင့္ ေတာင္းခံႏိုင္ရန္ ပိုင္ဆိုင္မႈအားလံုး လက္ေလ်ာ့လိုက္ရျခင္းပင္။ ကံေကာင္းေထာက္မစြာျဖင့္ သူမ၏အေဒၚက လူစိတ္မဲ့ေအာင္ မဆိုးရြားခဲ့ေပ။ ထို႔ေၾကာင့္ ႏိုင္ငံျခားထြက္သြားခ်ိန္တြင္ ေငြေၾကးအနည္းငယ္ က်န္ရစ္ခဲ့ေသးသည္။

သူမ၏အေဖကို ဝင္တိုက္ခဲ့သူက သူမ်ားကားေမာင္းေပးရသၫ့္ ဒရိုက္ဘာတစ္ဦးပင္။ ေနာက္ပိုင္း အမူအက်င့္ေကာင္းသျဖင့္ ေထာင္ထဲတြင္ ဆယ္ႏွစ္ၾကာေအာင္ မေနလိုက္ရေပ။ သူမကို ေဝခြဲမရျဖစ္ေစခဲ့သၫ့္ အခ်က္ကား ထိုဒရိုက္ဘာသည္ သူမအား အလြန္မ်ားျပားသၫ့္ နစ္နာေၾကးေငြမ်ား ေပးခ်င္ေနျခင္းပင္။ သာမန္ဒရိုက္ဘာတစ္ဦးက ေငြအမ်ားႀကီး ထုတ္ေပးလာႏိုင္ျခင္း၊ အဘယ္ေၾကာင့္ မည္သူမ်ွ သံသယမဝင္ၾကသနည္း။

တရားစီရင္ခ်က္ခ်ၿပီးခ်ိန္တြင္ သူမ၏အေမက ထိုစီရင္ခ်က္ကို မယံုၾကည္ခဲ့ေပ။ သူမက အယူခံတင္သြင္းကာ သတင္းေထာက္ တစ္ဦးႏွင့္ပင္ ဆက္သြယ္ခဲ့ၿပီး ထိုဒရိုက္ဘာက တရားခံအစစ္မဟုတ္ႏိုင္ေၾကာင္း သူမ၏သံသယကို ေဖာ္ထုတ္ခဲ့သည္။

သို႔ေသာ္ ရက္အနည္းငယ္ၾကာၿပီေနာက္ သူမ၏အေမက အေဆာက္အအံုေပၚမွ ခုန္ခ်သတ္ေသသြားၿပီး သတင္းေထာက္လည္း လံုးဝေပၚမလာေတာ့ေခ်။ ထိုစဉ္က သက္ရိွထင္ရွားရိွေသးေသာ အဘြားျဖစ္သူက နဉ္ရွီအစား ၫွိႏိႈင္းေငြမ်ားလက္ခံကာ အယူခံတင္သြင္းမႈကို ရုတ္သိမ္းပစ္လိုက္သည္။

ႏိုင္ငံျခားေရာက္ၿပီးေနာက္ သူမသာ ထိုအခ်ိန္သို႔ ျပန္သြားႏိုင္ခဲ့လ်ွင္၊ သို႔တည္းမဟုတ္ ထိုအမႈကို လူအမ်ား စိတ္ဝင္စားခဲ့လ်ွင္ ရလဒ္ကြဲျပားသြားႏိုင္သည္ဟု ေတြးလာမိသည္။

ေက်ာင္းဟုန္သည္ ကားထဲဝင္ထိုင္လိုက္ၿပီး စာရြက္စာတမ္းအိတ္ကို မ်က္ႏွာေသျဖင့္ ကိုင္ထားေသာ နဉ္ရွီအား လွၫ့္ၾကၫ့္လိုက္သည္။ ၿပီးေနာက္ တံု႔ဆိုင္းစြာ ေမးလိုက္မိသည္။ “နဉ္ရွီ.. တကယ္လုပ္မလို႔လား..?”

ထိုအမႈသည္ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ခဲ့ၿပီျဖစ္၏။ ဥပေဒအရ အခ်ိန္ကန႔္သတ္ခ်က္ မေက်ာ္လြန္ေသးသၫ့္တိုင္ သက္ေသမလံုေလာက္ေတာ့ေပ။ အဆံုး၌ ဘာမွေျပာင္းလဲမႈမရိွဘဲ သည္အတိုင္းၿပီးဆံုးသြားတာမ်ိဳး ျဖစ္သြားႏိုင္သည္။

“အရင္တုန္းက ဘာမွမတတ္ႏိုင္ခဲ့ေပမယ့္ အခု ကြၽန္မ လုပ္ႏိုင္ၿပီေလ..” နဉ္ရွီက ကားျပတင္းအျပင္သို႔ ေငးၾကၫ့္ေနရင္း.. “ခက္ခဲရင္ေတာင္ ဘယ္လိုလုပ္ ဒီအတိုင္း လက္ေလ်ာ့ႏိုင္မွာလဲ..?”

နဉ္ရွီ၏ စကားမ်ားကို နားေထာင္ၿပီးေနာက္ ေက်ာင္းဟုန္ အသံတိတ္ေနခဲ့ေလသည္။ နဉ္ရွီသည္ လက္ရိွအခ်ိန္တြင္ တရုတ္ျပည္၏ နာမည္အေက်ာ္ၾကားဆံုး ရုပ္ရွင္မင္းသမီးမ်ားထဲမွ တစ္ေယာက္ ျဖစ္ေနေသာ္ျငား သူမ၏ ဘဝဇာတ္ေၾကာင္းကိုေတာ့ သတင္းေထာက္အမ်ားစု အမွတ္ရေနဆဲပင္။

သူမ ငယ္ရြယ္စဉ္က စာေတာ္သၫ့္ ေက်ာင္းသူတစ္ဦး ျဖစ္ခဲ့သည္။ သို႔ေသာ္ ေက်ာင္းတြင္းအႏိုင္က်င့္ခံရမႈေၾကာင့္ မေမ်ွာ္လင့္ထားသၫ့္ ျဖစ္ရပ္တစ္ခု ျဖစ္ပြားခဲ့၏။ ထိုအျဖစ္ေၾကာင့္ သူမ၏ မိဘႏွစ္ပါးကို ေရ႔ွဆင့္ေနာက္ဆင့္ ဆံုးရႈံးလိုက္ရၿပီး အသက္ျပၫ့္သည္ႏွင့္ ႏိုင္ငံျခားထြက္သြားခဲ့သည္။ ေနာက္ပိုင္းတြင္မူ နတ္ဘုရားမတစ္ပါးႏွယ္ ေအာင္ျမင္ေက်ာ္ၾကားလာၿပီး အမ်ိဳးသမီးတိုင္း လိုခ်င္မက္ေမာရသၫ့္ ခ်စ္သူေကာင္ေလးကို ပိုင္ဆိုင္ႏိုင္ခဲ့သည္။ ထိုအျဖစ္က စိတ္ဝင္စားဖြယ္ ဇာတ္ေၾကာင္းတစ္ခုဟု ထင္ျမင္ရေသာ္ျငား ထိုအခ်ိန္ကာလတစ္ခုလံုးကို ေက်ာ္လႊားႏိုင္ရန္အတြက္ မည္မ်ွနာက်င္ခံစားခဲ့ရမလဲဆိုတာ နဉ္ရွီတစ္ဦးတည္းသာ သိေပလိမ့္မည္။

“နဉ္ရွီ.. ဘာလို႔ အႏုပညာေလာကထဲ ဝင္လာခဲ့တာလဲ..?” က်န္းခ်င္းယြင္တစ္ေယာက္ သူ နဉ္ရွီကို လံုးလံုးလ်ားလ်ား မသိေသးေၾကာင္း ရုတ္ခ်ည္းဆိုသလို နားလည္သြားခဲ့သည္။

နဉ္ရွီက သူ၏ေမးခြန္းကို တၫ့္မေျဖခဲ့ေပ။ “လြန္ခဲ့တဲ့ ေျခာက္ႏွစ္ေလာက္က ကြၽန္မ ျပန္လာခဲ့ေသးတယ္.. ၿပီးေတာ့ အမႈဖြင့္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ သက္ေသမခိုင္လံုဘူးဆိုၿပီး အမႈတင္မရခဲ့ဘူး..”

ထိုစကားေၾကာင့္ က်န္းခ်င္းယြင္လည္း ေက်ာင္းဟုန္ကဲ့သို႔ အသံတိတ္သြား၏။

လြန္ခဲ့ေသာေျခာက္ႏွစ္က နဉ္ရွီသည္ အသက္ ၁၉ ႏွစ္သာ ရိွဦးေပမည္။ သူသိထားသေလာက္ ထိုအခ်ိန္က နဉ္ရွီဘဝ၏ အခက္ခဲဆံုး အခ်ိန္ကာလပင္။

အသက္ ၁၉ ႏွစ္အရြယ္ မိန္းမငယ္ေလးတစ္ဦး၊ မေတာ္တဆျဖစ္ရပ္ေၾကာင့္ ဖခင္ကို ဆံုးရႈံးလိုက္ရၿပီး သူမ၏ မိခင္သည္လည္း စိတ္က်ေရာဂါျဖင့္ ကိုယ့္ကိုယ္ကို သတ္ေသသြားခဲ့သည္။ သို႔ျဖစ္ရာ သူမ၏မိခင္က အသတ္ခံရတာျဖစ္ေၾကာင္း သက္ေသမျပႏိုင္ဘဲ အမႈဖြင့္လာေသာအခါ မည္သူက ယံုၾကည္ေပးမည္နည္း။

က်န္းခ်င္းယြင္၏ စိတ္ထဲ မြန္းက်ပ္လာသလို ခံစားလိုက္ရသည္။ ထိုခံစားခ်က္က အႏုပညာေလာကကို နဉ္ရွီ ဝင္ေရာက္လာျခင္းက သရုပ္ေဆာင္ျဖစ္ခ်င္လို႔ မဟုတ္ေၾကာင္း သိလိုက္ရ၍ေလာ၊ နဉ္ရွီ၏ ဘဝအေတြ့အႀကံဳေၾကာင့္ စိတ္မေကာင္းျဖစ္မိျခင္းေလာ၊ ေဝခြဲမရခဲ့ေခ်။

ႏွစ္ခုလံုးေပါင္းၿပီး မြန္းက်ပ္လာတာ ျဖစ္ႏိုင္ေလာက္သည္။ သို႔ေသာ္ သူကိုယ္တိုင္လည္း မေသခ်ာပါေခ်။

ထို႔အျပင္ နဉ္ရွီ၏ လက္ထဲတြင္ စာအိတ္ထူထူတစ္အိတ္လည္း ရိွေနေသးသည္။ ဤႏွစ္မ်ားထဲ ထိုသက္ေသမ်ား စုစည္းႏိုင္ဖို႔ရာအတြက္ သူမ မည္မ်ွအထိ အားစိုက္ထုတ္ခဲ့ရမည္နည္း။

က်န္းခ်င္းယြင္က ကားကို ရဲစခန္းေရ႔ွတြင္ ရပ္ေပးလိုက္သည္။ နဉ္ရွီလည္း ဖုန္းထုတ္ကာ ခ်န္းရွီေကြ့ထံ ဖုန္းဆက္လိုက္သည္။ တစ္ဖက္က ဖုန္းကို ခ်က္ခ်င္းကိုင္ခဲ့ေလသည္။

“ရွီေကြ့..” နဉ္ရွီသည္ ရဲစခန္းအေပၚမွ အလံကို လွမ္းၾကၫ့္လိုက္မိရင္း.. “ကြၽန္မ ဆံုးျဖတ္ခ်က္ခ်လိုက္ၿပီ.. အစကေတာ့ ႏွစ္သစ္ကူးၿပီးမွ စိတ္မခ်မ္းေျမ့စရာကိစၥေတြကို ျပန္ေဖာ္မလို႔ပဲ..”

ေနာက္ႏွစ္လအတြင္း ႏွစ္သစ္ကူးပြဲေတာ္ ရိွေပသည္။ ပြဲေတာ္မက်င္းပျဖစ္တာ ၾကာၿပီျဖစ္၍ ကနဦးတြင္ နဉ္ရွီက ခ်န္းရွီေကြ့ႏွင့္အတူ ႏွစ္သစ္ကူးကို ေနြးေနြးေထြးေထြး ျဖတ္သန္းလိုခဲ့သည္။

သို႔ေသာ္ ကိစၥမ်ားက စီစဉ္ထားသလိုမ်ိဳး ျဖစ္မလာေတာ့ေပ။ ရဲစခန္းထဲ ေျခလွမ္းခ်လိုက္သည္ႏွင့္ ျဖစ္ေပၚလာႏိုင္သၫ့္ အက်ိဳးဆက္ကို သူမ နားလည္ထားၿပီးသားပင္။ ခ်န္းမိသားစု၏ အဆင့္အတန္းအရ သူမလိုမိန္းမတစ္ေယာက္ကို မိသားစုထဲ အဘယ္သို႔ လက္ခံႏိုင္မည္နည္း။

မည္သို႔ဆိုေစ နာက်င္ခံစားရမၫ့္ ျပႆနာမ်ားကေတာ့ ရိွလာေပဦးမည္။

“ရွီရွီ.. မင္းဘယ္မွာလဲ..?” နဉ္ရွီ၏ စကားအသြားအလာက ထူးဆန္းေနမွန္း ခ်န္းရွီေကြ့ သတိျပဳမိလိုက္၏။ ခ်က္ခ်င္း မတ္တပ္ရပ္လိုက္ၿပီး အလုပ္အမႈေဆာင္မ်ားကို အစည္းအေဝးခန္းထဲ ခ်န္ထားရစ္ကာ အျပင္သို႔ ထြက္သြားေတာ့သည္။ “ရွီရွီ..?”

“ကြၽန္မ ရဲစခန္းေရ႔ွမွာ..” နဉ္ရွီ အားတင္းကာ ၿပံဳးလိုက္သည္။ သို႔ေသာ္ ေက်ာင္းဟုန္အဖို႔ သူမ အားတင္းၿပံဳးေနမွန္း ခံစားသိေနသည္။

“ရွီရွီ…” ခ်န္းရွီေကြ့မွာ ဘာေတျြဖစ္ပ်က္ေနမွန္း သေဘာေပါက္သြားသျဖင့္ ဖုန္းကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္လိုက္မိသည္။ “မင္း ဘာပဲလုပ္လုပ္ ကိုယ္ မင္းရဲ့အနားမွာ ရိွေနေပးမွာပါ..”

“ေက်းဇူးတင္ပါတယ္..” နဉ္ရွီသည္ ေခါင္းေမာ့လိုက္ရင္း.. “ရွီေကြ့.. ေက်းဇူးတင္ပါတယ္..”

ထို႔ေနာက္ ဖုန္းခ်ကာ မ်က္လံုးမိွတ္လိုက္သည္။ သူမ မ်က္လံုးျပန္ဖြင့္ခ်ိန္မွာေတာ့ မ်က္ဝန္းအစံုက ပင္လယ္ျပင္ႀကီးသဖြယ္ တည္ၿငိမ္ေနေတာ့သည္။ “အစ္မေက်ာင္း.. Record စယူလို႔ရပါၿပီ..”

ေက်ာင္းဟုန္က စိုးရိမ္တႀကီး အကဲခတ္လိုက္ရင္း.. “အဆင္ေျပရဲ့လား..?”

“အဆင္ေျပပါတယ္.. ေက်းဇူး..”

ထို႔ေနာက္ နဉ္ရွီသည္ အိတ္ထဲမွ ေနကာမ်က္မွန္ထုတ္ကာ ဝတ္ဆင္လိုက္ၿပီး ကားထဲမွ ထြက္လာလိုက္သည္။

သူမ၏ ေျခလွမ္းတိုင္းက အရမ္းမျမန္ေသာ္လည္း တည္ၿငိမ္လွသည္။ သူမ၏ ေနာက္ေက်ာျပင္ကိုၾကၫ့္ရင္း နဉ္ရွီအား က်ိဳ႕က်ီဥကၠ႒ႏွင့္ ေပးေတြ့ရန္ ေခၚလာခဲ့သၫ့္အခ်ိန္ကို က်န္းခ်င္းယြင္ ရုတ္ခ်ည္း သတိရသြား၏။ ထိုစဉ္က နဉ္ရွီ၏ ေျခလွမ္းသည္ ယခုလို တည္ၿငိမ္ေနၿပီး ေျခတစ္လွမ္းခ်င္းစီက သူ၏ႏွလံုးအိမ္ကို ရိုက္ခတ္ႏိုင္ခဲ့သည္။

တုန္းနန္ၿမိဳ႔ရဲစခန္း၏ စခန္းမွဴးသည္ ယခုေလးတင္ အမႈႀကီးတစ္ခု ေျဖရွင္းႏိုင္ခဲ့ၿပီး တရားခံအားလံုးကို ဖမ္းဆီးအေရးယူကာ နစ္နာသူမ်ားကို ႏွစ္သိမ့္ေပးႏိုင္ခဲ့သျဖင့္ စိတ္ၾကည္လင္ေနခဲ့သည္။

သို႔ေသာ္ လြန္ခဲ့ေသာရွစ္ႏွစ္ခန႔္က သတ္ေသမႈအျဖစ္ သတ္မွတ္ခဲ့ေသာ အမႈတစ္ခုအတြက္ နစ္နာသူ၏ မိသားစုဘက္မွ သက္ေသမ်ားယူကာ အမႈလာဖြင့္ေၾကာင္း သတင္းရလိုက္သျဖင့္ ခ်က္ခ်င္းဆိုသလို စိတ္ထိုင္းမိႈင္းသြားရျပန္သည္။

“လြန္ခဲ့တဲ့ရွစ္ႏွစ္က သတ္ေသမႈ..?!” စခန္းမွဴးႀကီး မ်က္ႏွာရႈံ႔မဲ့သြားသည္။ ထိုသို႔ေသာ အမႈေဟာင္းမ်ားက ျပန္လည္စစ္ေဆးရန္ အလြန္ခက္ခဲ၏။ “ကိုယ့္ကိုယ္ကို သတ္ေသတာမဟုတ္မွန္း အမႈဖြင့္သူမွာ သက္ေသပါလာလား..?”

ရဲဝန္ထမ္းက ေခါင္းညိတ္ကာ.. “သက္ေသေတြအရ အမႈရဲ့ တခ်ိဳ႕အပိုင္းေတြက သံသယဝင္စရာေကာင္းေနတယ္..”

ထိုစကားၾကားသည္ႏွင့္ စခန္းမွဴးက တစ္ခဏေတြးၾကၫ့္ၿပီး အံတင္းတင္းႀကိတ္ကာ ေျပာလာသည္။ “သံသယဝင္စရာေတြ ရိွေနမွေတာ့ ငါတို႔ စစ္ေဆးၾကၫ့္ရမယ္..” စံုစမ္းစစ္ေဆးရန္ မည္မ်ွခက္ခဲေနပါေစ၊ အနည္းဆံုးေတာ့ ႀကိဳးစားၾကၫ့္ရမည္။ သို႔မွသာ သူတို႔ဝတ္ဆင္ထားသၫ့္ ယူနီေဖာင္းႏွင့္ ထိုက္တန္ေပလိမ့္မည္။

“အမႈလာဖြင့္တဲ့လူ စခန္းမွာ ရိွေသးလား..? အမႈအေၾကာင္း အေသးစိတ္ စကားေျပာၾကၫ့္ရမယ္..” စခန္းမွဴးက ထိုင္ခံုမွထကာ (ရဲ)ဦးထုပ္ ေဆာင္းလိုက္သည္။

စခန္းမွဴးက အမိန႔္ထုတ္ၿပီးျဖစ္၍ ရဲဝန္ထမ္းမ်ားမွာ ဘာမွထပ္မေျပာႏိုင္ခဲ့ေပ။ အမႈလာဖြင့္သူက နာမည္ေက်ာ္မင္းသမီး ျဖစ္ေၾကာင္းကိုလည္း မေျပာလိုက္ရေခ်။

ရံုးခန္းထဲမွ ထြက္လာခ်ိန္တြင္ ရဲဝန္ထမ္းအားလံုး မ်က္ႏွာအမူအရာ ထူးဆန္းေနေၾကာင္း စခန္းမွဴးလည္း သတိျပဳမိလိုက္သည္။ သူက မ်က္ေမွာင္ၾကဳတ္ကာ သူ႔ေနာက္မွ ရဲဝန္ထမ္းကို ေမးလိုက္သည္။ “အမႈဖြင့္တဲ့လူ ဘယ္မွာလဲ..?”

ရဲဝန္ထမ္းက ခပ္တိုးတိုး ေျပာလာသည္။ “အစ္မဝမ္ရဲ့ ရံုးခန္းထဲမွာ..”

စခန္းမွဴးသည္ အစ္မဝမ္၏ ရံုးခန္းတံခါးကို တြန္းဖြင့္လိုက္သည္ႏွင့္ အစ္မဝမ္၏ မ်က္ႏွာခ်င္းဆိုင္တြင္ ထိုင္ေနေသာ ေနကာမ်က္မွန္တပ္ထားၿပီး အလြန္စတိုင္က်သၫ့္ အမ်ိဳးသမီးတစ္ဦးကို ျမင္လိုက္ရသည္။ နစ္နာသူမိသားစုဝင္ႏွင့္ မတူပါဘဲ စတိုင္လစ္တစ္ဦးသဖြယ္ ထင္မွတ္ရသျဖင့္ သူ႔မွာ အံ့အားသင့္သြားရသည္။

အစ္မဝမ္က စခန္းမွဴးကို ျမင္သည္ႏွင့္ သက္ျပင္းခ်လိုက္ရင္း မတ္တပ္ရပ္ကာ ေျပာလိုက္သည္။ “စခန္းမွဴး.. ဒီဘက္က အမႈသည္ နဉ္ရွီပါ..”

နဉ္ရွီက မ်က္မွန္ခြၽတ္လိုက္သည္။

စခန္းမွဴးသည္ သူမ၏ မ်က္ဝန္းေထာင့္မ်ား နီရဲေနသည္ကို သတိျပဳမိလိုက္သည္။ သူက အနားသို႔ေလ်ွာက္သြားကာ လက္ဆြဲႏႈတ္ဆက္လိုက္သည္။ “Hi.. မစ္နဉ္..”

စခန္းမွဴး၏ တည္ၿငိမ္ေနပံုကိုၾကၫ့္ရင္း ရဲဝန္ထမ္းမ်ားမွာ သူတို႔စခန္းမွဴး နဉ္ရွီကို လံုးဝမသိတာလားဟူ၍ သံသယဝင္လာၾက၏။

“Hi..” နဉ္ရွီသည္ စခန္းမွဴးက တိက်ျပတ္သားေသာ လူတစ္ေယာက္ျဖစ္ေၾကာင္း သတိျပဳမိလိုက္သည္ႏွင့္ သူမ၏ အမႈအေၾကာင္း ေနာက္တစ္ႀကိမ္ ရွင္းျပလိုက္သည္။

“မစ္နဉ္ တင္ျပလာတဲ့ သက္ေသက တကယ့္ကို အေရးႀကီးတာပဲ.. ဒါနဲ႔ ဘာလို႔ ႏွစ္ေတြအမ်ားႀကီးၾကာမွ အမႈလာဖြင့္တာလဲ..? ဒီလိုအမႈမ်ိဳးက….” အမႈတစ္ခုက အခ်ိန္ၾကာသြားေလ၊ စံုစမ္းစစ္ေဆးရန္ ခက္ခဲေလျဖစ္ေၾကာင္း စခန္းမွဴးမွာ ေျပာမထြက္ခဲ့ေပ။ ယခုေတာ့ နစ္နာသူဟာ အသတ္ခံရျခင္းျဖစ္ေၾကာင္း သူတို႔ အတည္ျပဳႏိုင္ခဲ့လ်ွင္ပင္ လူသတ္သမားကို ရွာေဖြေဖာ္ထုတ္ရန္ မလြယ္ကူေတာ့ေပ။

“လြန္ခဲ့တဲ့ေျခာက္ႏွစ္ေလာက္က ကြၽန္မ အဖြင့္ဖြင့္ဖို႔ ႀကိဳးစားၾကၫ့္ဖူးပါတယ္.. ဒါေပမဲ့ သက္ေသမလံုေလာက္လို႔ အမႈဖြင့္မရခဲ့ဘူး..” စခန္းမွဴး၏ ဆိုလိုရင္းကို နဉ္ရွီ နားလည္သည္။ သူမက ပါးစပ္ကို လက္ျဖင့္အုပ္လိုက္ရင္း.. “ဒီအမႈက အရမ္းခက္ခဲႏိုင္မွန္း ကြၽန္မ သိပါတယ္.. ဒါေပမဲ့……”

ထိုသို႔ေျပာရင္း ရိႈက္သံထြက္လာခဲ့သည္။ ၿပီးေနာက္ သူမက စခန္းမွဴးထံ ေလးေလးနက္နက္ ဦးၫႊတ္လိုက္ေလသည္။

နဉ္ရွီ၏ အမႈအေၾကာင္း မွတ္တမ္းယူေနေသာ ရဲဝန္ထမ္းသည္ ထိုျမင္ကြင္းကိုၾကၫ့္ရင္း ဝမ္းနည္းလာခဲ့၏။ သူက နတ္ဘုရားမ၏ ပရိသတ္တစ္ဦးပင္။ နတ္ဘုရားမေလးကို ယခုလိုအေျခအေနမ်ိဳးျဖင့္ ျမင္ေတြ့လိုက္ရာ အဘယ္သို႔ စိတ္မေကာင္းမျဖစ္ဘဲ ေနႏိုင္မည္နည္း။

“စိတ္ေအးေအးထားပါ.. မစ္နဉ္ စိတ္မပ်က္ရေအာင္ ကြၽန္ေတာ္တို႔ အေကာင္းဆံုး ႀကိဳးစားၿပီး တစ္ခုမက်န္ စစ္ေဆးေပးပါ့မယ္..” စခန္းမွဴးသည္ နဉ္ရွီ၏ ဦးၫႊတ္မႈကို ကပ်ာကယာ ေရွာင္တိမ္းလိုက္ရင္း တိတ္တခိုး သက္ျပင္းခ်လိုက္သည္။

ေသဆံုးသြားေသာ မိခင္ျဖစ္သူအတြက္ သက္ေသရွာေဖြရန္ ႏွစ္ေပါင္းမ်ားစြာ အခ်ိန္ယူစိတ္ႏွစ္ထားေသာ ဤမိန္းမငယ္ေလး၊ သူမ၏ မိဘေက်းဇူးသိတတ္မႈမွာ ခ်ီးက်ူးဖြယ္ရာပင္။

နဉ္ရွီ ျပန္သြားေတာ့မွ မွတ္တမ္းယူေနေသာ ရဲဝန္ထမ္းလည္း စခန္းမွဴးဘက္လွၫ့္ကာ ေမးလိုက္သည္။

“စခန္းမွဴး.. နဉ္ရွီကို မသိဘူးလား..?”

“ဘယ္သူမို႔လဲ..?”

“လက္ရိွနာမည္အႀကီးဆံုး သရုပ္ေဆာင္ေလ.. ျပည္တြင္းမွာတင္မကဘူး ျပည္ပမွာပါ ပရိသတ္ေတြ အမ်ားႀကီး ရိွတယ္.. အမႈဖြင့္လိုက္တာနဲ႔ ဒီအမႈကို လူတိုင္း စိတ္ဝင္စားလာၾကမွာ.. ကြၽန္ေတာ္တို႔စခန္းေတာ့ ဖိအားေတြအမ်ားႀကီး……..” ရဲဝန္ထမ္းက စကားဆံုးေအာင္ ဆက္မေျပာခဲ့ေပ။

စခန္းမွဴးႀကီး ၿငိမ္က်သြားသည္။ အေတာ္ၾကာေအာင္ အသံတိတ္ေနၿပီးမွ ျပန္ေျပာလာခဲ့သည္။ “သူ(မ)က ဘယ္သူပဲျဖစ္ျဖစ္ ဒီေနရာမွာေတာ့ နစ္နာသူရဲ့ မိသားစုဝင္ပဲ.. သရုပ္ေဆာင္မဟုတ္ေတာ့ဘူး..”

ရဲစခန္းထဲမွ နဉ္ရွီ ထြက္လာသည္ႏွင့္ က်န္းခ်င္းယြင္ေရာ၊ ေက်ာင္းဟုန္ပါ နဉ္ရွီအနားကို အေျပးသြားလိုက္သည္။ ရဲစခန္းထဲ အမႈႏွင့္မသက္ဆိုင္သူ ဝင္ခြင့္မရိွသျဖင့္ သူတို႔ႏွစ္ဦး အျပင္မွာ ေစာင့္ေနရျခင္းပင္။

နဉ္ရွီ၏ လက္ထဲတြင္ စာအိတ္အထူႀကီး မရိွေတာ့မွန္း က်န္းခ်င္းယြင္ သတိျပဳမိသြားသည္။ ထို႔ေၾကာင့္ သူက ေမးလိုက္သည္။ “ဘယ္လိုျဖစ္သြားလဲ..?”

“အမႈကို စစ္ေဆးၾကဦးမွာ.. အမႈဖြင့္ႏိုင္ဖို႔ မ်ားပါတယ္..” နဉ္ရွီက နားထင္ကို ပြတ္လိုက္ရင္း.. “သြားၾကရေအာင္..”

“ဘယ္ကိုလဲ..?”

“ညေနက်ရင္ မဂၢဇင္းအတြက္ ဓာတ္ပံုရိုက္ကြင္း ရိွတယ္မဟုတ္ဘူးလား..?”

က်န္းခ်င္းယြင္က မ်က္ေမွာင္ၾကဳတ္ကာ.. “ဒါေပမဲ့…”

ဒီအေျခအေနႀကီးနဲ႔ ရိုက္ကြင္း သြားဦးမလို႔လား..?

“ညီမ အဆင္ေျပပါတယ္.. စိတ္မပူနဲ႔..” နဉ္ရွီက အသာၿပံဳးလိုက္ရင္း.. “အလုပ္လက္ခံထားမွေတာ့ ဘယ္လိုလုပ္ ကတိဖ်က္လို႔ရမလဲ..?”

ထို႔ေနာက္ ေက်ာင္းဟုန္ဘက္လွၫ့္ကာ.. “အစ္မေက်ာင္း.. ကြၽန္မမွတ္မိသေလာက္ဆို အစ္မတို႔ရုပ္သံဌာနမွာ ညေန 5 နာရီဆိုရင္ အႏုပညာသတင္း လႊင့္တယ္မလား..?”

ေက်ာင္းဟုန္က ေခါင္းညိတ္ျပလိုက္သည္။

နဉ္ရွီက ၿပံဳးကာ.. ‘အဲ့တာဆိုရင္ ေက်းဇူးျပဳျပီး ဒီသတင္းကို ဒီေန့ညေန ၅ နာရီခြဲမွာ ထုတ္လႊင့္ေပးပါေနာ္..”

……………………………….

Continue Reading

You'll Also Like

278K 19.7K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^
63.2K 3.7K 90
Title The eunuch is pregnant Type Web Novel (CN) Genre Adult Comedy Fantasy Gender Bender Historical Josei Mature Romance Author(s) Zui Meng Qing Ku...
168K 21.6K 58
အမြှောက်စာဇတ်ကောင်ထဲကို ကူးပြောင်းလာရင်သူမဘာလုပ်သင့်လဲ? သူမပထမဆုံးလုပ်မှာကတော့ မူလကိုယ်ဆီမှာတင်နေတဲ့အကြွေးတွေအကုန်လုံးကို ပျော်ပျော်ကြီး ပြန်ဆပ်မည်။ ...