နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

By Lazy_Little_Meow

157K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... More

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [77]

868 122 4
By Lazy_Little_Meow

[Unicode]

အခန်း(၇၇)

“မင်းပုံစံကြည့်ရတာ ဒီနေ့စိတ်ကောင်းဝင်နေတဲ့ပုံပဲ” နောက်တစ်‌နေ့နံနက် ကျန်းချင်းယွင်‌တစ်ယောက် နဉ်ရှီကို သွားခေါ်သောအခါဝယ် သူမ၏နှင်းဆီသွေးရောင်ထနေသော ပါးမို့မို့လေးများနှင့် ပျော်ရွှင်နေသောအမူအရာကို သတိထားမိလိုက်သည်။ “တစ်ခုခုကောင်းတာများ ဖြစ်ခဲ့လို့လား?”

နဉ်ရှီက မျက်ခုံးပင့်လိုက်သည်။ “အစ်ကိုကျန်းတစ်ယောက်ကတော့လေ တော်တော်လေးစပ်စုတတ်လာတာပဲ..”

နဉ်ရှီ၏မှတ်ချက်နောက်ကွယ်က ဆိုလိုရင်းကို ကျန်းချင်းယွင်က ချက်ချင်းနားလည်လိုက်သည်။ သူကရှေ့ကိုလှည့်ပြီး ပြည်သူ့ရုပ်မြင်သံကြားဌာနဆီကို ဦးတည်မောင်းသွားတော့သည်။

“ဒီနေ့ အစ်ကို မင်းအတွက် လက်ခံထားပေးတဲ့ show က rating အမြင့်ကြီးတော့မဟုတ်လောက်ဘူး၊ ဒါပေမဲ့  ဒီ showက သူ့ဟာနဲ့သူတော့ ကျော်ကြားတယ်၊ ပြီးတော့ အစီအစဉ်တင်ဆက်သူက နိုင်ငံပိုင်ရုပ်သံဌာနရဲ့ ထိပ်တန်းcelebrityပဲ..” ကျန်းချင်းယွင်က တန့်သွားသည်။ “ဒီနယ်ပယ်မှာ ဖော်ရွေပျူငှာတဲ့လူတွေအများကြီးရှိပေမယ့် သူတို့ မင်းအပေါ်ကောင်းပေးတယ်ဆိုတာကြောင့်နဲ့ အောက်ခြေမလွတ်သွားစေနဲ့..”

နဉ်ရှီခေါင်းညိတ်လိုက်သည်။

နဉ်ရှီက အဆောက်အအုံထဲ လမ်းလျှောက်ဝင်သွားပြီး ရုပ်သံဌာနမှဝန်ထမ်းကို နှုတ်ခွန်းဆက်လိုက်ပြီး ဓာတ်လှေကားထဲသို့ ဝင်သွားလိုက်၏။

ဓာတ်လှေကားတံခါးပိတ်မသွားမီ တခြားအုပ်စုက ဝင်လာကြ၏။ လူအုပ်ကိုဦးဆောင်လာသူက နေကာမျက်မှန်တစ်စုံဝတ်ဆင်ထားသည်။ သူ့နောက်မှ လက်ထောက်များစွာ လိုက်လာကြသည်ကို ကြည့်ရပုံထောက် သူဟာ အရေးပါအရာရောက်သောပုဂ္ဂိုလ်တစ်ယောက် ဖြစ်လိမ့်မည်။

“မစ္စနဉ်...မစ္စတာကျန်း...တိုက်ဆိုင်လိုက်တာ” နေကာမျက်မှန်ဝတ်ထားသော လူရွယ်ဘေးတွင် ရပ်နေသော ကလန်ကလားလူကြီးက သူတို့ကိုသတိထားမိသွားကာ ချက်ချင်းပင် ဖော်ရွေပျူငှာသောပုံပေါက်သွားတော့သည်။ နေကာမျက်မှန်ဝတ်ထားသောလူရွယ်ပင် အထူးတလည် မျက်မှန်ချွတ်လာခဲ့သည်။

ထိုလူရွယ်၏မျက်နှာပေါ်လွင်သွားတော့ နဉ်ရှီက တဖြည်းဖြည်းမှတ်မိသွားသည်။ သူမက ထိုလူကို အရင်နှုတ်ဆက်စကားဆိုလိုက်သည်။ “အစ်ကိုကော်၊ တွေ့ရတာဝမ်းသာပါတယ်...”

နဉ်ရှီက ကော်ကျစ်ဟုခေါ်သည့် အနှီသရုပ်ဆောင်နှင့် ဆုံခဲပေသည်။ ဆုံမိသည့်တစ်ကြိမ်ကလည်း “ကံကောင်းခြင်းတွေ ရောက်လာခဲ့ပြီ” ၏ ရိုက်ကူးရေးမတိုင်မီကပင်။ ထိုစဉ်က ကော်ကျစ်သည် သူမ၏ကျော်ကြားမှုဟာ လုံလုံလောက်လောက်မမြင့်မားသေးဟု ခံစားရသဖြင့် လင်ရှုကျဲနှင့်စာချုပ်ချုပ်ဆိုရန် အချိန်ဆွဲနေခဲ့သည်။ ကော်ကျစ်က သူ၏လုပ်ရပ်တွေနောက်ကွယ်က အကြောင်းအရင်းကိုမဖော်ပြခဲ့သော်လည်း နောက်ဆုံးတွင် ရိုက်ကူးရေးအဖွဲ့က ဖျော်ဖြေရေးနယ်ပယ်ရှိ လင်ရှုကျဲ၏အဆက်အသွယ်များမှတစ်ဆင့် သိရှိသွားခဲ့သည်။

“မစ္စနဉ်” ကော်ကျစ်က နဉ်ရှီကို တွေ့လိုက်ရစဉ် သူဟာ မဆိုသလောက်လေး အပြစ်ရှိစိတ်ဝင်သွားရှာလေ၏။ ယခင်က သူသည် နဉ်ရှီအား နာမည်ကျော်စောမှုသိပ်မရှိသောကြောင့် အထင်သေးခဲ့ပြီး ထို‌အကြောင်းကြောင့်ပင် “ကံကောင်းခြင်းတွေ ရောက်လာခဲ့ပြီ”အဖွဲ့မှ ဖိတ်ကြားချက်ကို ထပ်တလဲလဲငြင်းပယ်ခဲ့ရခြင်းဖြစ်သည်။ ဤသတင်းက နဉ်ရှီ၏နားထဲရောက်သွားသလားတော့ သူမသိပေ။ နဉ်ရှီက ချန်းရှီကွေ့ရဲ့ကောင်မလေးဖြစ်ပြီး The Unrivalled 2 မှာတောင် အရေးကြီးဇာတ်ကောင်နေရာက သရုပ်ဆောင်ခဲ့မှန်း သူသိခဲ့ပါက “ကံကောင်းခြင်းတွေ ရောက်လာခဲ့ပြီ”၏ ဖိတ်ကြားချက်ကို မလွဲဧကန် ငြင်းပယ်ခဲ့မည်မဟုတ်ပေ။ ယခုတော့ ကသိကအောက်အခြေအနေကြီး ဖြစ်နေရလေပြီ။

ကံကောင်းထောက်မစွာနှင့် သူတို့ဓာတ်လှေကားတွင် အချိန်အကြာကြီး ကုန်ဆုံးစရာမလိုပေ။ ကော်ကျစ်က ဓာတ်လှေကားထဲမှ ထွက်လာလိုက်သည်။ ဓာတ်လှေကားတံခါးပိတ်သွားသည်နှင့် သူ့မန်နေဂျာကို ဒေါသတကြီး အော်ဟစ်တော့သည်။ “နဉ်ရှီ ဒီနေ့ ရုပ်သံဌာနမှာ ရိုက်ကူးရေးရှိတဲ့အကြောင်း ဘာလို့ ငါ့ကိုမပြောခဲ့တာလဲ?”

မန်နေဂျာက ခါးသီးစွာ ပြုံးလိုက်သည်။ “နိုင်ငံပိုင်ရုပ်သံဌာနက ကြီးလွန်းတော့ ဘယ်အနုပညာရှင်က ဘယ်showမှာ ဝင်ရိုက်မလဲဆိုတာကို ငါဘယ်လိုသွားသိမှာလဲ?”

ကော်ကျစ်က မပျော်မရွှင် အသံပြုလိုက်ပေမယ့် ထိုကိစ္စကို ထပ်မေးမနေတော့ပေ။

“ကော်ကျစ်၊ ဒီလူက...” ကျန်းချင်းယွင်က ခေါင်းမော့၍ ဓာတ်လှေကားထဲမှCCTVကို မော့ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းလှုပ်ရှားပုံကို CCTVက မှတ်တမ်းမတင်နိုင်စေရန် ကိုယ်ကိုကိုင်းလိုက်သည်။ “စက်ဆုပ်စရာကောင်းတဲ့လူပဲ။ သူ့သရုပ်ဆောင်အရည်အချင်းက မဆိုးလှပေမယ့် စရိုက်ကတော့...။ သူ့ကိုယ်ပိုင်ဘဝက တော်တော်လေးရှုပ်ထွေးတယ်..”

“သူကလက်ထပ်ပြီးသားမလား?” နဉ်ရှီကမျက်မှောင်ကြုတ်လိုက်ကာ ကျန်းချင်းယွင်ပြောတာကို နားလည်သွား၏။

“သူ့ရဲ့အရှုပ်တော်ပုံတွေက နောက်ဆုံး သူ့ကို ဆွဲချသွားမှာ။ မင်း သူနဲ့ ခပ်ကွာကွာနေသင့်တယ် ပြီးတော့ ဖြစ်နိုင်ရင် သူနဲ့တစ်နေရာတည်း အတူမရှိမိစေနဲ့။ တကယ်လို့ သူ့ကိုယ်ရေးကိုယ်တာကိစ္စ ပေါက်ကြားသွားရင် မင်းက ဘာအပြစ်မှမရှိတဲ့ ဖြတ်လျှောက်ဆိုရင်တောင်မှ  အဲ့ကိစ္စထဲမဆီမဆိုင်ပါသွားလိမ့်မယ်”

သတင်းထောက်များ၌ ပုံလေးတစ်ပုံတည်းကနေ ရယ်စရာအကောင်းဆုံးဇာတ်လမ်းအဖြစ်
တီထွင်ဖန်တီးနိုင်သည့် အံ့ဖွယ်စွမ်းရည်မျိုးကတော့ အမြဲရှိနေတတ်၏။ ဝမ်းနည်းစရာကောင်းသည်မှာ လူတော်တော်များများ ဒီလိုဇာတ်လမ်းမျိုးကို ယုံနေကြတာပင်။

“ညီမ မကန်း‌နေပါဘူး” နဉ်ရှီက သူမ၏မေးစေ့ကို ပွတ်လိုက်သည်။ “ညီမမှာ အရမ်းတော်တဲ့ကောင်လေးတစ်ယောက် ရှိနေပြီးသားဟာ... အိမ်ထောင်သည်တစ်ယောက်ကို မျက်လုံးထဲထည့်နေစရာလား?”

ကျန်းချင်းယွင်က စိတ်ထဲမှာတွေးလိုက်သည်။ ငါ ဒီလိုခွေးစာမျိုးတော့ မစားချင်ဘူးလို့!

နိုင်ငံပိုင်ရုပ်သံဌာနအတွက် ဇာတ်လမ်းရိုက်ကူးတာ နှစ်နာရီခန့်ကြာသွားသည်။ ကျန်းချင်းယွင်ညွှန်းဆိုခဲ့သည့်အတိုင်းပင် အစီအစဉ်တင်ဆက်သူက အလွန်တရာဥပဓိရုပ်ကောင်းလေ၏။ နဉ်ရှီမပြန်ခင် Weibo ပေါ်တွင် အချင်းချင်း follow ခဲ့ကြသေးသည်။

သို့ပေမဲ့ အစီအစဉ်တင်ဆက်သူရဲ့Weibo account ဟာ ပို့စ်အသစ်မတင်တော့သည်မှာ နှစ်ဝက်နီးပါးလောက်ရှိပြီဖြစ်ကြောင်း နဉ်ရှီတစ်ယောက် ထွက်လာမှသာ သိလိုက်ရတော့သည်။

“ဟာသပဲ” နဉ်ရှီက သူမ၏ဖုန်းကို ပိုက်ဆံအိတ်ထဲ ပြန်ထည့်လိုက်သည်။ သူမ၏အမူအရာက မှန်းဆရခက်နေ၏။

ကျန်းချင်းယွင်က သူမစကားကို ပြန်မချေပနေတော့ပေ။

နှစ်ယောက်သား အဆောက်အအုံထဲမှ ထွက်လာစဉ်မှာပင် သူတို့ဆီလျှောက်လာနေသည့် ရင်းနှီးပုံရသောအမျိုးသားတစ်ယောက်ကို နဉ်ရှီက တွေ့လိုက်သည်။ သူမကားထဲမဝင်ရသေးခင်မှာပင် ထိုသူကသူမကိုခေါ်လိုက်သည်။

“မစ္စနဉ်”

နဉ်ရှီအနောက်လှည့်၍ ထိုလူကိုကြည့်လိုက်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “မစ္စတာချန်း?”

နဉ်ရှီက သူ့ကိုနာမည်တပ်ခေါ်လိုက်တော့ ချန်း*ချီယန်က ပြုံးသွား၏။ “မစ္စနဉ်ရဲ့မျက်လုံးတွေက တကယ်စူးရှတာပဲ။ ကျွန်တော် ခင်ဗျားကို ကော်ဖီတစ်ခွက် ဝယ်တိုက်ခွင့်ရနိုင်မလား မသိဘူး?”

နဉ်ရှီ ကောင်းကင်ကိုမော့ကြည့်လိုက်သည်။ “အခုက နောက်ကျနေပြီမို့ အားနာပေမယ့် ရှင့်ရဲ့ဖိတ်ကြားချက်ကို ငြင်းပါရစေရှင်..”

“မစ္စနဉ်က အလုပ်များတဲ့လူမှန်း ကျွန်တော်သိပါတယ်၊ ကျွန်တော်အချိန်အများကြီး မယူပါဘူး၊ မိနစ်သုံးဆယ်လောက်ပါပဲ၊ ကျွန်တော့်ကိုမျက်နှာသာပေးတဲ့အနေနဲ့ ဒီတောင်းဆိုချက်ကိုတော့ သဘောတူပေးပါဗျာ...” ချန်း*ချီယန်က ရိုရိုကျိုးကျိုးပြုမူနေပေမယ့် သူ့မှာဖုံးကွယ်ထားသော ရည်ရွယ်ချက်ရှိမှန်း နဉ်ရှီပြောနိုင်သည်။

နဉ်ရှီက သူ့စကားတွေကိုကြားတော့ အမှုမဲ့အမှတ်မဲ့ ရယ်လိုက်၏။ “မစ္စတာချန်း*ရဲ့စကားတွေက တော်တော်လေး ထူးဆန်းတယ်‌နော်။ ရှင့်ရဲ့မျက်နှာက ကော်ဖီတစ်ခွက်ပဲတန်တာလား?”

ချန်း*ချီယန်၏မျက်နှာထားက ရွံ့တွံ့တွံ့ဖြစ်သွား၏။ “မိန်းကလေးနဉ်က တကယ်ကို ကွာခြားတာပဲ။ ခင်ဗျားရဲ့စကားတွေက တည့်တိုးဆန်လိုက်ပုံများ...”

“ကျွန်မကို ဒီလိုချီးကျူးတဲ့လူတွေထဲမှာ ရှင်ကပထမဆုံးတော့မဟုတ်လောက်ဘူး ဒါပေမဲ့ နောက်ဆုံးလည်း မဟုတ်ဘူး..” နဉ်ရှီက သူဘာလုပ်ဖို့ကြံနေလဲဆိုတာကို သိပေသည်။ ချန်း*ချီယန်က သူမနှင့်ချန်း*ယီကျွင်း ကတောက်ကဆဖြစ်ထားတယ်ဆိုတာကို သိသွား၍ဖြစ်လိမ့်မည်။ ထိုအတွက်ကြောင့် နဉ်ရှီကို ချန်း*ယီကျွင်းနှင့်ဆန့်ကျင်၍ သူ့ဆီသိမ်းသွင်းချင်နေခြင်းဖြစ်သည်။

ဒါပေမဲ့ သူမက ဘာကြောင့် ဒီလိုလုပ်ရမှာလဲ? မသိရင် သူမကပဲ ငတုံးကျလို့...။

“နဉ်ရှီ...” ချန်း*ယီကျွင်းက ထောင့်တစ်နေရာမှ သူမဆီလျှောက်လာ၏။ နဉ်ရှီကို သူ့အဖေ၏တရားမဝင်သားနှင့်အတူ တွေ့လိုက်ရချိန် သူ့အမူအရာက ပြောင်းလဲသွားတော့သည်။

“မင်း သူ့ကို ဘယ်လိုလုပ်ပြီး သိနေတာလဲ?” အခုတလော ချန်း*ယီကျွင်း၏ဘဝက ကမောက်ကမအခြေအနေထဲ ကျရောက်နေပေမယ့် နဉ်ရှီနှင့်ချန်း*ချီယန်နှစ်ယောက် အဆက်အသွယ်ရှိနေမည်ဟု သူတစ်ခါမှမထင်ထားခဲ့ပေ။

နဉ်ရှီက သူကပဲ မတရားခံ‌ခဲ့ရသလို လုပ်ပြနေသော ချန်း*ယီကျွင်းကို အေးစက်စက်သာ စိုက်ကြည့်လိုက်သည်။ စိတ်ထဲမှာတော့ ဒီညီအစ်ကိုနှစ်ယောက်က တကယ့်ကိုပုံမှန်မဟုတ် ဟု ခံစားလိုက်ရသည်။ တစ်ယောက်က သွေးနားထင်ရောက်နေပြီး တစ်ယောက်ကကျ ထူးထူးဆန်းဆန်းအရာအားလုံးကို စိတ်ကူးယဉ်တဲ့နေရာမှာ ကျွမ်းကျင်လို့နေသည်။

နဉ်ရှီက သူတို့ကို ဆက်ပြီး သည်းညည်းမခံနိုင်တော့ရာ ကားထဲဝင်ပြီး ကျန်းချင်းယွင်ကို ပြောလိုက်သည်။ “သွားရအောင်”

“မင်းသွားလို့မရဘူး!” ချန်း*ယီကျွင်းက တံခါးကိုဆုပ်ကိုင်လိုက်သည်။ သူ့အကြည့်တွေက ‌နဉ်ရှီအပေါ် ဒေါသနှင့်စိတ်ပျက်မှုအပြည့်။ “နဉ်ရှီ...ငါ မင်းကို ဒီလိုလူစားမျိုးဖြစ်မယ်လို့ မထင်ထားခဲ့ဘူး၊ ငါဝန်ခံပါတယ်...ငါ အရင်က အမှားတွေလုပ်ခဲ့တယ်၊ မင်း ငါ့ကို ကြိုက်နေတယ်လို့ စစ်ချီထင်သွားအောင် လုပ်ခဲ့မိတယ်၊ ဒါပေမဲ့ ငါ မင်းကို နှစ်ပေါင်းများစွာ ရှာနေခဲ့ရတာက အရင်ကလုပ်ခဲ့တဲ့အမှားတွေကို ပြန်ပြီးဖာထေးချင်လို့ပဲ။ ပြီးတော့ မင်း ငါ့ကို ဘယ်လောက်ပဲမုန်းနေပါစေ အငယ်အနှောင်းတစ်ယောက်ရဲ့ တရားမဝင်သားနဲ့တော့ မပတ်သက်သင့်ဘူးလေ..”

နဉ်ရှီက စိတ်တိုရမယ့်အစား ရယ်သာရယ်လိုက်သည်။ “နောက်ဆုံးတော့ အမှန်အတိုင်း ဝန်ခံလာပြီပေါ့။ ဒါပေမဲ့လည်း အခုချိန်မှ ဒီစကားတွေလာပြောနေတာ ရယ်စရာကောင်းတယ်လို့ မထင်ဘူးလား? နင့်ကိုယ်နင် ဘာထင်နေလဲ? ငါက နင့်မိသားစုထဲက လူတွေနဲ့ ဘာလို့ပတ်သက်ချင်ရမှာလဲ?”

“နင် အရင်ကလည်း တော်တော်လေးကို မောက်မာခဲ့တာ။ ဒီလောက်နှစ်တွေကြာပြီးတာတောင်မှ နင့်ရဲ့ဒီအကျင့်ဆိုးကို မပြောင်းလဲနိုင်သေးဘူး” နဉ်ရှီက ချန်း*ယီကျွင်း၏လက်ကို ကားပြတင်းပေါက်ကနေ ဖယ်လိုက်သည်။ “သွားကြမယ်!”

ကျန်းချင်းယွင်က ကားလီဗာထိုးပြီး မောင်းထွက်သွားလေ၏။ ညီအစ်ကိုနှစ်ယောက် သူတို့နောက်ဆက်မလိုက်လာကြောင်း သေချာအတည်ပြုပြီးမှ ကျန်းချင်းယွင်က မှတ်ချက်ချလိုက်၏။ “ဒီနေ့က ဘာနေ့လဲမသိ? ဘာလို့ ဒီညီအစ်ကိုနှစ်ယောက်က အကြောင်းအရင်းမရှိ နိုင်ငံပိုင်ရုပ်သံဌာနကို ရောက်လာပါလိမ့်?”

နဉ်ရှီက အေးစက်စက်ပြုံးလိုက်သည်။ “ဘာကိစ္စ လိုက်ဂရုစိုက်နေရမှာလဲ?”

နဉ်ရှီ၏မပျော်မရွှင်မျက်နှာထားကို သတိထားမိလိုက်သော ကျန်းချင်းယွင်က သူမ သူတို့အကြောင်းကို ဆက်မပြောချင်မှန်း သိလိုက်တာကြောင့် စကားလမ်းကြောင်းပြောင်းလိုက်သည်။ “ဒီနေ့ခင်းကျရင် magazine photoshoot တစ်ခု ရိုက်ဖို့ရှိမယ်၊ အိမ်အရင်ပြန်ပြီး နေ့လည်စာစားချင်လား?”

“ဟင့်အင်း၊ ဒီနေ့ ရှီကွေ့က ဗီလာကို ပြန်သွားမှာ...” နဉ်ရှီက သူမအိတ်ထဲမှ မှန်တစ်ချပ် ထုတ်လိုက်ပြီး မှန်ထဲက သူမပုံရိပ်ကို ကြည့်လိုက်သည်။ သူမမိတ်ကပ်က အကောင်းပကတိရှိနေသေးတာ သေချာမှ သူမဆက်ပြော၏။ “ပြီးခဲ့တဲ့နှစ်ရက်က ညီမကို အင်တာဗျူးချင်တယ်ဆိုတဲ့ အစ်ကိုကျန်းရဲ့အတန်းဖော် သတင်းထောက်တစ်‌ယောက်ရှိတယ်လို့ ပြောခဲ့တယ်မလား? သူ့ကိုမေးကြည့်လိုက်လေ... ညီမတို့ ဒီနေ့ခင်းပိုင်း အင်တာဗျူးလုပ်လို့ရတယ်...”

“ဟုတ်ပြီ...ငါ သူ့ကို အခုဖုန်းခေါ်လိုက်မယ်” ကျန်းချင်းယွင်က ကားပါကင်ထိုးလိုက်ပြီး ဖုန်းခေါ်သည်။ ပြီးနောက် သူကနဉ်ရှီဘက်လှည့်ပြီး မေးလိုက်သည်။ “ကျောင်းဟုန်နဲ့ ကဖေးဆိုင်တစ်ဆိုင်မှာတွေ့ဖို့ အစ်ကိုစီစဉ်ထားပေးတယ်၊ မင်းအတွက် အဆင်ပြေပါ့မလား?”

“အဆင်ပြေတယ်၊ အဲ့မှာကော်ဖီသောက်လိုက်မယ် ပြီးရင်နေ့လည်စာစားလို့ရပြီ” နဉ်ရှီက ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။ “အချိန်ကိုက်ပဲ”

“မင်း အစားအစာအကြောင်းပဲ တွေးနေတာရပ်ပေးလို့ရမလား?” ကျန်းချင်းယွင်က နောက်တစ်ဖန် ကားစက်နှိုးလိုက်သည်။ “မင်းကို မစ္စတာချန်း ဘယ်လောက်ထိကျွေးထားလဲတော့မသိဘူး၊ ဒါပေမဲ့ ပြီးခဲ့တဲ့လတွေထဲ သုံးပေါင်နီးပါးလောက် ဝိတ်တက်လာတယ်နော်..”

နဉ်ရှီက မှန်အဖုံးကိုပိတ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်၏။ “လူဆိုတာ ပူပင်မှုတွေကနေ ကင်းလွတ်သွားရင် ဝိတ်တက်လာတတ်တယ်ဆိုတဲ့စကားကို အစ်ကိုမကြားဖူးဘူးလား..?”

“အစ်ကိုက အဲ့စကားကို ကြားပဲကြားဖူးတာ၊ ဒါပေမဲ့ မျက်မြင်မတွေ့ဖူးဘူးလေ။ အခုတော့ နဖူးတွေ့ဒူးတွေ့ကြုံလိုက်ရပြီ” ကျန်းချင်းယွင်က နဉ်ရှီကို ကားနောက်ကြည့်မှန်ကနေ ကြည့်လိုက်သည်။ “ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်ကဆို မင်းတော်တော်လေးကို ပိန်ညောင်နေတာ။ အခုမှပဲ ပိုကြည့်ကောင်းသွားတော့တယ်”

နဉ်ရှီက ကြိတ်၍ ပြုံးလိုက်သည်။

ကျောင်းဟုန်နှင့်ကျန်းချင်းယွင်က အထက်တန်းကျောင်းတုန်းက အတန်းဖော်တွေပင်။ ကျောင်းတုန်းကတော့ သူတို့ကသိကျွမ်းရုံလေးဆိုပေမယ့် သူတို့အလုပ်၏သဘောတရားအရ လျင်မြန်စွာ သူငယ်ချင်းကောင်းများ ဖြစ်လာကြတော့သည်။

နဉ်ရှီက သူမ၏အင်တာဗျူးကို လက်ခံရန် ဆန္ဒရှိကြောင်း ကျန်းချင်းယွင် သူမကိုပြောပြလာသည့်အချိန် သူမလုပ်နေသမျှအရာအားလုံး ပစ်ထားခဲ့ကာ ဗီဒီယိုရိုက်ကူးရေးသမားနှင့်အတူ ထွက်သွားတော့သည်။

“အစ်မဟုန်တစ်ယောက် ဘယ်နာမည်ကြီး celebrity ကို ဖိတ်လိုက်နိုင်တာပါလိမ့်နော်...အစ်မကို ပြုံးရွှင်နေအောင် လုပ်နိုင်တဲ့အထိဆိုတော့..?” ကျောင်းဟုန်က အလောတကြီးပျာယာခတ်နေတာကို လုပ်ဖော်ကိုင်ဖက်တစ်ယောက်က မြင်တော့ စပ်စပ်စုစုနှင့် မေးလိုက်သည်။

အခြားလုပ်ဖော်ကိုင်ဖက်က ခေါင်းခါပြီး တီးတိုးပြောလိုက်၏။ “ငါကြားတာတော့ ဒီတလော သူ ဘာမှများများစားစား မလုပ်ဖြစ်ဘူးတဲ့လေ၊ အဲ့ဒါကြောင့် သူ့ကို သူဌေးက နည်းနည်းစိတ်ပျက်လာပြီတဲ့...”

ထိုကောလာဟလကို တခြားသူတွေက ကြားသိလိုက်ရသည်နှင့် သူတို့ဘာမှမကြားခဲ့ရသလို ဟန်ဆောင်ကာ သူတို့ထိုင်ခုံဆီ ပြန်တွန့်ဝင်သွားကြသည်။ အလုပ်ခွင်၌ လုပ်ဖော်ကိုင်ဖက်အကြောင်း အတင်းပြောခြင်းဟာ ရူးမိုက်သောလုပ်ရပ်တစ်ခုပင်။

နံရံတွေမှာ နားရှိသည်။ သူတို့ဒုက္ခမရောက်ချင်ပါက ပါးစပ်ကိုထိန်းထားတာ ပို၍ကောင်းပေသည်။

ကျောင်းဟုန်က ကဖေးကို နာရီဝက်နီးပါးနောက်ကျပြီးမှ ရောက်လာ၏။ လမ်းမှာကားပိတ်နေသဖြင့် မျှော်မှန်းထားသည်ထက် ဆယ်မိနစ်နောက်ကျ၍ ရောက်လာရ၏။ ထို့ကြောင့် သူမနဉ်ရှီကိုတွေ့သည်နှင့် တောင်းပန်စကား အခါခါပြောတော့သည်။

“ဘာမှမဖြစ်ပါဘူး” နဉ်ရှီက ကျောင်းဟုန်နှင့်ကင်မရာမန်းအတွက် ကော်ဖီမှာပေးလိုက်သည်။ ပြီးနောက် ကျောင်းဟုန်ကို ပြောလိုက်၏။ “ဒီနားမှာ တော်‌တော်ဆိုးဆိုးကို ကားပိတ်မှန်း ကျွန်မသိပါတယ်”

ကျောင်းဟုန်က စိတ်သက်သာရာရစွာ သက်မချလိုက်သည်။ နဉ်ရှီ၏လက်ရှိအဆင့်အတန်းက ကွဲပြားပေသည်။ သူမနောက်ကျသွားတာကြောင့်နဲ့ ကျန်းချင်းယွင်ကို ပြဿနာမတက်စေချင်‌ပါ။

ကော်ဖီကို လျင်မြန်စွာ တည်ခင်းပေးလာ၏။ ကျန်းချင်းယွင်က ဘေးကစားပွဲမှာထိုင်နေစဉ် ကင်မရာမန်းက နဉ်‌ရှီထံသို့ ကင်မရာမှန်ဘီလူးနှင့်ချိန်လိုက်သည်။

“စိတ်မပူပါနဲ့၊ ပြီးတာနဲ့ interview ကို ပြန်editပြီး ချင်းယွင်ဆီ ပို့ပေးလိုက်ပါမယ်။ မစ္စနဥ်က တည်းဖြတ်ထားတာကို သဘောကျတယ်ဆိုရင် ရုပ်သံဌာနဆီ လွှဲပေးလိုက်ပါမယ်...” Celebrity တွေနှင့် ဆက်ဆံရေးကောင်းတစ်ခုတည်ဆောက်ဖို့ အရေးကြီးမှန်း ကျောင်းဟုန်သိသည်။ အွန်လိုင်းဖျော်ဖြေရေးလုပ်ငန်း တိုးပွားလာသည်နှင့်အမျှ ရုပ်သံဌာနမှထုတ်လွှင့်သည့် အနုပညာသတင်းများက လူကြိုက်နည်းလာသည်။ လွန်ခဲ့သောနှစ်အနည်းငယ်လောက်က ကျောင်းဟုန်ဟာ အဖိုးတန်သတင်းအစီရင်ခံစာများ ဆက်လက်ထုတ်လုပ်နိုင်ခဲ့သေး၏။ သို့သော် အွန်လိုင်းသတင်းများလောက် လိုက်လျောညီထွေမရှိဘဲ တသမတ်အချိန်ဇယားအတိုင်း ထုတ်လွှင့်မှုများကြောင့် ratingကျလာကာ ရုပ်သံဌာနမှ အလေးထားခံရခြင်းမရှိတော့ပေ။

ကျောင်းဟုန်၏မေးခွန်းများက သစ်ဆန်းပြီး ပရိယာယ်မများပေ။ သို့ဖြစ်ရာ အင်တာဗျူးက ချောချောမွေ့မွေ့ပင် ရှေ့ဆက်သွားလေ၏။

“အခုဆို The Unrivalled 2က အရမ်းကိုအောင်မြင်ကျော်ကြားနေပြီး ကမ္ဘာတစ်ဝှမ်းလုံးကပရိသတ်တွေကလည်း မင်းကိုသတိထားမိလာပြီပေါ့နော်။ အနာဂတ်မှာ ဒီလိုမျိုးထုတ်လုပ်ရေးအကြီးစားတွေ ရိုက်ကြည့်အုံးမှာလား?”

“တကယ်လို့ အခွင့်အရေးတစ်ခုရှိခဲ့မယ်ဆိုရင် ကျွန်မစဉ်းစားကြည့်ပါ့မယ်..” နဉ်ရှီပြုံးလိုက်သည်။ “ပရိုဂျူဆာ‌တွေက ကျွန်မရဲ့အရင်အလုပ်တွေကနေ ရခဲ့တဲ့ ပြည်တွင်းအားပေးမှုတွေကို မြင်ရင်တော့ ကျွန်မနဲ့တွဲလုပ်ဖို့ စဉ်းစားကောင်းစဉ်းစားနိုင်တယ်‌ပေါ့နော်။ ပြောရမယ်ဆို လူထုအင်အားဆိုတာ အမြဲရှိနေတတ်တာပဲလေ..”

ဤအဖြေက ပြည်တွင်းပရိသတ်များအတွက် ရိုကျိုးနှိမ့်ချပြီး စိတ်ကျေနပ်ဖွယ်ရာတုံ့ပြန်ချက်ပါပင်။ ကျောင်းဟုန်က ပြန်ပြုံးပြလိုက်သည်။ “မစ္စနဥ်ရဲ့အလုပ်ကိစ္စအကြောင်း ‌ဆွေးနွေးပြီးပြီဆိုတော့ ကိုယ်ပိုင်ဘဝအကြောင်း ပြောဖို့လည်း မဖြစ်မနေလိုတယ်ပေါ့နော်။ အခုတလော မစ္စနဉ် လက်ထပ်တော့မယ်ဆိုတဲ့ ကောလာဟလတွေထွက်နေတယ်၊ အဲ့ဒီသတင်းက အမှန်ပဲလား?”

နဉ်ရှီပြန်ဖြေတော့မည့်အချိန်မှာပဲ ကျန်းချင်းယွင်၏ဖုန်းကမြည်လာခဲ့သည်။

ဖုန်းကိုင်ပြီးနောက်တွင် ကျန်းချင်းယွင်၏အမူအရာက ခက်ထန်သွား၏။ သူက ကျောင်းဟုန်ဘက်လှည့်ပြီး ပြောလိုက်သည်။ “ကျောင်းဟုန်၊ ရိုက်ကူးတာကို ခဏရပ်ထားလိုက်”

ကျောင်းဟုန်က ကင်မရာအား မှတ်တမ်းတင်နေတာကိုရပ်နားရန် အချက်ပြလိုက်သည်။

ကင်မရာမန်းက ကင်မရာကိုပိတ်လိုက်ချိန်မှသာ ကျန်းချင်းယွင်ကစကားစသည်။ “ခုနလေးတင် မင်းရဲ့ဆွေမျိုးအကြီးအကဲဆိုပြီး ကွန်ပလိန်းတက်နေတဲ့လူက အင်တာဗျူးဖြေဖို့လက်ခံပြီး မင်းပြည်ပထွက်သွားတုန်းက ဆွေမျိုးတွေကို တစ်ခါမှဂရုမစိုက်ပေးခဲ့တာမို့ မင်းကိုစိတ်ပျက်မိတယ်ဆိုပြီး ပြောခဲ့တယ်တဲ့...”

“ဒါ့ဖြင့် သူတို့ဆက်ပြီး စိတ်ပျက်နေပါ‌စေ” နဉ်ရှီက ဒီလိုအမှိုက်သရိုက်ဆန်သည့်သတင်းမျိုးနှင့် စိတ်နောက်မခံနိုင်ပေ။ “ညီမရဲ့ အဖေဘက်ကအဘိုးအဘွားရော အမေဘက်ကအဘိုးအဘွားရော ဆုံးသွားကြပြီ။ တကယ်လို့ တခြားအမျိုးတွေက သူတို့ရဲ့ဝါကြီးမှုကို အသုံးချပြီး ညီမရဲ့လူကြီးသူမအပေါ် ရိုသေသိတတ်မှုကို မေးခွန်းလာထုတ်ရဲရင်တော့ ညီမနဲ့ အဲ့ဒီအကြောင်းပြောဖို့ တန်ရဲ့လားဆိုတာ အရင်တွေးကြည့်သင့်တယ်...”

“အဲ့ဒီကိစ္စက မင်းရဲ့ကျော်ကြားမှုကို ထိခိုက်လာမှာစိုးမိတယ်..” ကျန်းချင်းယွင် သက်ပြင်းချလိုက်သည်။

“သူတို့ကြိုက်သလို ပြောကြပါစေ။ ညီမက အခု ‌နာမည်နည်းနည်းရလာပြီး ချမ်းသာတဲ့ကောင်လေးတစ်ယောက် ရှာထားနိုင်တော့ သူတို့က ညီမဆီက အကျိုးအမြတ်လိုချင်နေကြတာပဲမလား?” နဉ်ရှီက ငေါ့ရယ် ရယ်လိုက်သည်။ “ညီမက celebrity တစ်ယောက်ဖြစ်နေလို့ ဒီကိစ္စအကြီးအကျယ်ဖြစ်သွားမှာကို ကြောက်လိမ့်မယ်လို့ သူတို့ကထင်ကြတယ်ပေါ့? အဲ့လိုပဲထင်ကြပါစေ!”

ကျန်းချင်းယွင်ဟာ နဉ်ရှီ၏လေသံကနေ ထိုလူတွေကို ဘာအကျိုးအမြတ်မှ ရခွင့်ပေးမည်မဟုတ်ကြောင်း တန်းသိလိုက်သည်။ သူထပ်မေးလိုက်၏။ ”ဒါဆို ဒီကိစ္စကို ဘယ်လိုလုပ်ဖို့စီစဉ်ထားလဲ?”

“ဘာမှလုပ်စရာမလိုဘူး” နဉ်ရှီက ကျောင်းဟုန်ဘက် လှည့်လိုက်သည်။ “အစ်မကျောင်းက ဒီမှာရှိနေတာဆိုတော့ ကျွန်မအနေနဲ့ သတင်းကြီးကြီးတစ်ခု ကမ်းလှမ်းမယ်ဆိုရင်ရော ဘယ်လိုလဲ?”
____________
‌Meow's Note: နောက်ကျသွားလို့ တကယ်ဆောရီးပါရှင်။ ကြားထဲမှာ နေမကောင်းဖြစ်သွားတာရော နေပြန်ကောင်းတော့ စာပိပြီး ဘာသာပြန်တဲ့ဘက် မလှည့်နိုင်တာရောကြောင့် အခုမှပေါ်လာရတာပါရှင်။ တမင်သက်သက် ပစ်ထားတာမဟုတ်ဘူးနော်။
_____________

[Zawgyi]

အခန္း(၇၇)

“မင္းပံုစံၾကၫ့္ရတာ ဒီေန့စိတ္ေကာင္းဝင္ေနတဲ့ပံုပဲ” ေနာက္တစ္‌ေန့နံနက္ က်န္းခ်င္းယြင္‌တစ္ေယာက္ နဉ္ရွီကို သြားေခၚေသာအခါဝယ္ သူမ၏ႏွင္းဆီေသြးေရာင္ထေနေသာ ပါးမို႔မို႔ေလးမ်ားႏွင့္ ေပ်ာ္ရႊင္ေနေသာအမူအရာကို သတိထားမိလိုက္သည္။ “တစ္ခုခုေကာင္းတာမ်ား ျဖစ္ခဲ့လို႔လား?”

နဉ္ရွီက မ်က္ခံုးပင့္လိုက္သည္။ “အစ္ကိုက်န္းတစ္ေယာက္ကေတာ့ေလ ေတာ္ေတာ္ေလးစပ္စုတတ္လာတာပဲ..”

နဉ္ရွီ၏မွတ္ခ်က္ေနာက္ကြယ္က ဆိုလိုရင္းကို က်န္းခ်င္းယြင္က ခ်က္ခ်င္းနားလည္လိုက္သည္။ သူကေရ႔ွကိုလွၫ့္ၿပီး ျပည္သူ႔ရုပ္ျမင္သံၾကားဌာနဆီကို ဦးတည္ေမာင္းသြားေတာ့သည္။

“ဒီေန့ အစ္ကို မင္းအတြက္ လက္ခံထားေပးတဲ့ show က rating အျမင့္ႀကီးေတာ့မဟုတ္ေလာက္ဘူး၊ ဒါေပမဲ့  ဒီ showက သူ႔ဟာနဲ႔သူေတာ့ ေက်ာ္ၾကားတယ္၊ ၿပီးေတာ့ အစီအစဉ္တင္ဆက္သူက ႏိုင္ငံပိုင္ရုပ္သံဌာနရဲ့ ထိပ္တန္းcelebrityပဲ..” က်န္းခ်င္းယြင္က တန႔္သြားသည္။ “ဒီနယ္ပယ္မွာ ေဖာ္ေရြပ်ူငွာတဲ့လူေတြအမ်ားႀကီးရိွေပမယ့္ သူတို႔ မင္းအေပၚေကာင္းေပးတယ္ဆိုတာေၾကာင့္နဲ႔ ေအာက္ေျခမလြတ္သြားေစနဲ႔..”

နဉ္ရွီေခါင္းညိတ္လိုက္သည္။

နဉ္ရွီက အေဆာက္အအံုထဲ လမ္းေလ်ွာက္ဝင္သြားၿပီး ရုပ္သံဌာနမွဝန္ထမ္းကို ႏႈတ္ခြန္းဆက္လိုက္ၿပီး ဓာတ္ေလွကားထဲသို႔ ဝင္သြားလိုက္၏။

ဓာတ္ေလွကားတံခါးပိတ္မသြားမီ တျခားအုပ္စုက ဝင္လာၾက၏။ လူအုပ္ကိုဦးေဆာင္လာသူက ေနကာမ်က္မွန္တစ္စံုဝတ္ဆင္ထားသည္။ သူ႔ေနာက္မွ လက္ေထာက္မ်ားစြာ လိုက္လာၾကသည္ကို ၾကၫ့္ရပံုေထာက္ သူဟာ အေရးပါအရာေရာက္ေသာပုဂၢိုလ္တစ္ေယာက္ ျဖစ္လိမ့္မည္။

“မစၥနဉ္...မစၥတာက်န္း...တိုက္ဆိုင္လိုက္တာ” ေနကာမ်က္မွန္ဝတ္ထားေသာ လူရြယ္ေဘးတြင္ ရပ္ေနေသာ ကလန္ကလားလူႀကီးက သူတို႔ကိုသတိထားမိသြားကာ ခ်က္ခ်င္းပင္ ေဖာ္ေရြပ်ူငွာေသာပံုေပါက္သြားေတာ့သည္။ ေနကာမ်က္မွန္ဝတ္ထားေသာလူရြယ္ပင္ အထူးတလည္ မ်က္မွန္ခြၽတ္လာခဲ့သည္။

ထိုလူရြယ္၏မ်က္ႏွာေပၚလြင္သြားေတာ့ နဉ္ရွီက တျဖည္းျဖည္းမွတ္မိသြားသည္။ သူမက ထိုလူကို အရင္ႏႈတ္ဆက္စကားဆိုလိုက္သည္။ “အစ္ကိုေကာ္၊ ေတြ့ရတာဝမ္းသာပါတယ္...”

နဉ္ရွီက ေကာ္က်စ္ဟုေခၚသၫ့္ အႏွီသရုပ္ေဆာင္ႏွင့္ ဆံုခဲေပသည္။ ဆံုမိသၫ့္တစ္ႀကိမ္ကလည္း “ကံေကာင္းျခင္းေတြ ေရာက္လာခဲ့ၿပီ” ၏ ရိုက္ကူးေရးမတိုင္မီကပင္။ ထိုစဉ္က ေကာ္က်စ္သည္ သူမ၏ေက်ာ္ၾကားမႈဟာ လံုလံုေလာက္ေလာက္မျမင့္မားေသးဟု ခံစားရသျဖင့္ လင္ရႈက်ဲႏွင့္စာခ်ဳပ္ခ်ဳပ္ဆိုရန္ အခ်ိန္ဆြဲေနခဲ့သည္။ ေကာ္က်စ္က သူ၏လုပ္ရပ္ေတြေနာက္ကြယ္က အေၾကာင္းအရင္းကိုမေဖာ္ျပခဲ့ေသာ္လည္း ေနာက္ဆံုးတြင္ ရိုက္ကူးေရးအဖြဲ႔က ေဖ်ာ္ေျဖေရးနယ္ပယ္ရိွ လင္ရႈက်ဲ၏အဆက္အသြယ္မ်ားမွတစ္ဆင့္ သိရိွသြားခဲ့သည္။

“မစၥနဉ္” ေကာ္က်စ္က နဉ္ရွီကို ေတြ့လိုက္ရစဉ္ သူဟာ မဆိုသေလာက္ေလး အျပစ္ရိွစိတ္ဝင္သြားရွာေလ၏။ ယခင္က သူသည္ နဉ္ရွီအား နာမည္ေက်ာ္ေစာမႈသိပ္မရိွေသာေၾကာင့္ အထင္ေသးခဲ့ၿပီး ထို‌အေၾကာင္းေၾကာင့္ပင္ “ကံေကာင္းျခင္းေတြ ေရာက္လာခဲ့ၿပီ”အဖြဲ႔မွ ဖိတ္ၾကားခ်က္ကို ထပ္တလဲလဲျငင္းပယ္ခဲ့ရျခင္းျဖစ္သည္။ ဤသတင္းက နဉ္ရွီ၏နားထဲေရာက္သြားသလားေတာ့ သူမသိေပ။ နဉ္ရွီက ခ်န္းရွီေကြ့ရဲ့ေကာင္မေလးျဖစ္ၿပီး The Unrivalled 2 မွာေတာင္ အေရးႀကီးဇာတ္ေကာင္ေနရာက သရုပ္ေဆာင္ခဲ့မွန္း သူသိခဲ့ပါက “ကံေကာင္းျခင္းေတြ ေရာက္လာခဲ့ၿပီ”၏ ဖိတ္ၾကားခ်က္ကို မလြဲဧကန္ ျငင္းပယ္ခဲ့မည္မဟုတ္ေပ။ ယခုေတာ့ ကသိကေအာက္အေျခအေနႀကီး ျဖစ္ေနရေလၿပီ။

ကံေကာင္းေထာက္မစြာႏွင့္ သူတို႔ဓာတ္ေလွကားတြင္ အခ်ိန္အၾကာႀကီး ကုန္ဆံုးစရာမလိုေပ။ ေကာ္က်စ္က ဓာတ္ေလွကားထဲမွ ထြက္လာလိုက္သည္။ ဓာတ္ေလွကားတံခါးပိတ္သြားသည္ႏွင့္ သူ႔မန္ေနဂ်ာကို ေဒါသတႀကီး ေအာ္ဟစ္ေတာ့သည္။ “နဉ္ရွီ ဒီေန့ ရုပ္သံဌာနမွာ ရိုက္ကူးေရးရိွတဲ့အေၾကာင္း ဘာလို႔ ငါ့ကိုမေျပာခဲ့တာလဲ?”

မန္ေနဂ်ာက ခါးသီးစြာ ၿပံဳးလိုက္သည္။ “ႏိုင္ငံပိုင္ရုပ္သံဌာနက ႀကီးလြန္းေတာ့ ဘယ္အႏုပညာရွင္က ဘယ္showမွာ ဝင္ရိုက္မလဲဆိုတာကို ငါဘယ္လိုသြားသိမွာလဲ?”

ေကာ္က်စ္က မေပ်ာ္မရႊင္ အသံျပဳလိုက္ေပမယ့္ ထိုကိစၥကို ထပ္ေမးမေနေတာ့ေပ။

“ေကာ္က်စ္၊ ဒီလူက...” က်န္းခ်င္းယြင္က ေခါင္းေမာ့၍ ဓာတ္ေလွကားထဲမွCCTVကို ေမာ့ၾကၫ့္လိုက္ၿပီး သူ႔ႏႈတ္ခမ္းလႈပ္ရွားပံုကို CCTVက မွတ္တမ္းမတင္ႏိုင္ေစရန္ ကိုယ္ကိုကိုင္းလိုက္သည္။ “စက္ဆုပ္စရာေကာင္းတဲ့လူပဲ။ သူ႔သရုပ္ေဆာင္အရည္အခ်င္းက မဆိုးလွေပမယ့္ စရိုက္ကေတာ့...။ သူ႔ကိုယ္ပိုင္ဘဝက ေတာ္ေတာ္ေလးရႈပ္ေထြးတယ္..”

“သူကလက္ထပ္ၿပီးသားမလား?” နဉ္ရွီကမ်က္ေမွာင္ၾကဳတ္လိုက္ကာ က်န္းခ်င္းယြင္ေျပာတာကို နားလည္သြား၏။

“သူ႔ရဲ့အရႈပ္ေတာ္ပံုေတြက ေနာက္ဆံုး သူ႔ကို ဆြဲခ်သြားမွာ။ မင္း သူနဲ႔ ခပ္ကြာကြာေနသင့္တယ္ ၿပီးေတာ့ ျဖစ္ႏိုင္ရင္ သူနဲ႔တစ္ေနရာတည္း အတူမရိွမိေစနဲ႔။ တကယ္လို႔ သူ႔ကိုယ္ေရးကိုယ္တာကိစၥ ေပါက္ၾကားသြားရင္ မင္းက ဘာအျပစ္မွမရိွတဲ့ ျဖတ္ေလ်ွာက္ဆိုရင္ေတာင္မွ  အဲ့ကိစၥထဲမဆီမဆိုင္ပါသြားလိမ့္မယ္”

သတင္းေထာက္မ်ား၌ ပံုေလးတစ္ပံုတည္းကေန ရယ္စရာအေကာင္းဆံုးဇာတ္လမ္းအျဖစ္
တီထြင္ဖန္တီးႏိုင္သၫ့္ အံ့ဖြယ္စြမ္းရည္မ်ိဳးကေတာ့ အၿမဲရိွေနတတ္၏။ ဝမ္းနည္းစရာေကာင္းသည္မွာ လူေတာ္ေတာ္မ်ားမ်ား ဒီလိုဇာတ္လမ္းမ်ိဳးကို ယံုေနၾကတာပင္။

“ညီမ မကန္း‌ေနပါဘူး” နဉ္ရွီက သူမ၏ေမးေစ့ကို ပြတ္လိုက္သည္။ “ညီမမွာ အရမ္းေတာ္တဲ့ေကာင္ေလးတစ္ေယာက္ ရိွေနၿပီးသားဟာ... အိမ္ေထာင္သည္တစ္ေယာက္ကို မ်က္လံုးထဲထၫ့္ေနစရာလား?”

က်န္းခ်င္းယြင္က စိတ္ထဲမွာေတြးလိုက္သည္။ ငါ ဒီလိုေခြးစာမ်ိဳးေတာ့ မစားခ်င္ဘူးလို႔!

ႏိုင္ငံပိုင္ရုပ္သံဌာနအတြက္ ဇာတ္လမ္းရိုက္ကူးတာ ႏွစ္နာရီခန႔္ၾကာသြားသည္။ က်န္းခ်င္းယြင္ၫႊန္းဆိုခဲ့သၫ့္အတိုင္းပင္ အစီအစဉ္တင္ဆက္သူက အလြန္တရာဥပဓိရုပ္ေကာင္းေလ၏။ နဉ္ရွီမျပန္ခင္ Weibo ေပၚတြင္ အခ်င္းခ်င္း follow ခဲ့ၾကေသးသည္။

သို႔ေပမဲ့ အစီအစဉ္တင္ဆက္သူရဲ့Weibo account ဟာ ပို႔စ္အသစ္မတင္ေတာ့သည္မွာ ႏွစ္ဝက္နီးပါးေလာက္ရိွၿပီျဖစ္ေၾကာင္း နဉ္ရွီတစ္ေယာက္ ထြက္လာမွသာ သိလိုက္ရေတာ့သည္။

“ဟာသပဲ” နဉ္ရွီက သူမ၏ဖုန္းကို ပိုက္ဆံအိတ္ထဲ ျပန္ထၫ့္လိုက္သည္။ သူမ၏အမူအရာက မွန္းဆရခက္ေန၏။

က်န္းခ်င္းယြင္က သူမစကားကို ျပန္မေခ်ပေနေတာ့ေပ။

ႏွစ္ေယာက္သား အေဆာက္အအံုထဲမွ ထြက္လာစဉ္မွာပင္ သူတို႔ဆီေလ်ွာက္လာေနသၫ့္ ရင္းႏွီးပံုရေသာအမ်ိဳးသားတစ္ေယာက္ကို နဉ္ရွီက ေတြ့လိုက္သည္။ သူမကားထဲမဝင္ရေသးခင္မွာပင္ ထိုသူကသူမကိုေခၚလိုက္သည္။

“မစၥနဉ္”

နဉ္ရွီအေနာက္လွၫ့္၍ ထိုလူကိုၾကၫ့္လိုက္ကာ ျဖည္းျဖည္းခ်င္း ေျပာလိုက္သည္။ “မစၥတာခ်န္း?”

နဉ္ရွီက သူ႔ကိုနာမည္တပ္ေခၚလိုက္ေတာ့ ခ်န္း*ခ်ီယန္က ၿပံဳးသြား၏။ “မစၥနဉ္ရဲ့မ်က္လံုးေတြက တကယ္စူးရွတာပဲ။ ကြၽန္ေတာ္ ခင္ဗ်ားကို ေကာ္ဖီတစ္ခြက္ ဝယ္တိုက္ခြင့္ရႏိုင္မလား မသိဘူး?”

နဉ္ရွီ ေကာင္းကင္ကိုေမာ့ၾကၫ့္လိုက္သည္။ “အခုက ေနာက္က်ေနၿပီမို႔ အားနာေပမယ့္ ရွင့္ရဲ့ဖိတ္ၾကားခ်က္ကို ျငင္းပါရေစရွင္..”

“မစၥနဉ္က အလုပ္မ်ားတဲ့လူမွန္း ကြၽန္ေတာ္သိပါတယ္၊ ကြၽန္ေတာ္အခ်ိန္အမ်ားႀကီး မယူပါဘူး၊ မိနစ္သံုးဆယ္ေလာက္ပါပဲ၊ ကြၽန္ေတာ့္ကိုမ်က္ႏွာသာေပးတဲ့အေနနဲ႔ ဒီေတာင္းဆိုခ်က္ကိုေတာ့ သေဘာတူေပးပါဗ်ာ...” ခ်န္း*ခ်ီယန္က ရိုရိုက်ိဳးက်ိဳးျပဳမူေနေပမယ့္ သူ႔မွာဖံုးကြယ္ထားေသာ ရည္ရြယ္ခ်က္ရိွမွန္း နဉ္ရွီေျပာႏိုင္သည္။

နဉ္ရွီက သူ႔စကားေတြကိုၾကားေတာ့ အမႈမဲ့အမွတ္မဲ့ ရယ္လိုက္၏။ “မစၥတာခ်န္း*ရဲ့စကားေတြက ေတာ္ေတာ္ေလး ထူးဆန္းတယ္‌ေနာ္။ ရွင့္ရဲ့မ်က္ႏွာက ေကာ္ဖီတစ္ခြက္ပဲတန္တာလား?”

ခ်န္း*ခ်ီယန္၏မ်က္ႏွာထားက ရြံ႔တြံ႔တြံ႔ျဖစ္သြား၏။ “မိန္းကေလးနဉ္က တကယ္ကို ကြာျခားတာပဲ။ ခင္ဗ်ားရဲ့စကားေတြက တၫ့္တိုးဆန္လိုက္ပံုမ်ား...”

“ကြၽန္မကို ဒီလိုခ်ီးက်ူးတဲ့လူေတြထဲမွာ ရွင္ကပထမဆံုးေတာ့မဟုတ္ေလာက္ဘူး ဒါေပမဲ့ ေနာက္ဆံုးလည္း မဟုတ္ဘူး..” နဉ္ရွီက သူဘာလုပ္ဖို႔ႀကံေနလဲဆိုတာကို သိေပသည္။ ခ်န္း*ခ်ီယန္က သူမႏွင့္ခ်န္း*ယီကြၽင္း ကေတာက္ကဆျဖစ္ထားတယ္ဆိုတာကို သိသြား၍ျဖစ္လိမ့္မည္။ ထိုအတြက္ေၾကာင့္ နဉ္ရွီကို ခ်န္း*ယီကြၽင္းႏွင့္ဆန႔္က်င္၍ သူ႔ဆီသိမ္းသြင္းခ်င္ေနျခင္းျဖစ္သည္။

ဒါေပမဲ့ သူမက ဘာေၾကာင့္ ဒီလိုလုပ္ရမွာလဲ? မသိရင္ သူမကပဲ ငတံုးက်လို႔...။

“နဉ္ရွီ...” ခ်န္း*ယီကြၽင္းက ေထာင့္တစ္ေနရာမွ သူမဆီေလ်ွာက္လာ၏။ နဉ္ရွီကို သူ႔အေဖ၏တရားမဝင္သားႏွင့္အတူ ေတြ့လိုက္ရခ်ိန္ သူ႔အမူအရာက ေျပာင္းလဲသြားေတာ့သည္။

“မင္း သူ႔ကို ဘယ္လိုလုပ္ၿပီး သိေနတာလဲ?” အခုတေလာ ခ်န္း*ယီကြၽင္း၏ဘဝက ကေမာက္ကမအေျခအေနထဲ က်ေရာက္ေနေပမယ့္ နဉ္ရွီႏွင့္ခ်န္း*ခ်ီယန္ႏွစ္ေယာက္ အဆက္အသြယ္ရိွေနမည္ဟု သူတစ္ခါမွမထင္ထားခဲ့ေပ။

နဉ္ရွီက သူကပဲ မတရားခံ‌ခဲ့ရသလို လုပ္ျပေနေသာ ခ်န္း*ယီကြၽင္းကို ေအးစက္စက္သာ စိုက္ၾကၫ့္လိုက္သည္။ စိတ္ထဲမွာေတာ့ ဒီညီအစ္ကိုႏွစ္ေယာက္က တကယ့္ကိုပံုမွန္မဟုတ္ ဟု ခံစားလိုက္ရသည္။ တစ္ေယာက္က ေသြးနားထင္ေရာက္ေနၿပီး တစ္ေယာက္ကက် ထူးထူးဆန္းဆန္းအရာအားလံုးကို စိတ္ကူးယဉ္တဲ့ေနရာမွာ ကြၽမ္းက်င္လို႔ေနသည္။

နဉ္ရွီက သူတို႔ကို ဆက္ၿပီး သည္းညည္းမခံႏိုင္ေတာ့ရာ ကားထဲဝင္ၿပီး က်န္းခ်င္းယြင္ကို ေျပာလိုက္သည္။ “သြားရေအာင္”

“မင္းသြားလို႔မရဘူး!” ခ်န္း*ယီကြၽင္းက တံခါးကိုဆုပ္ကိုင္လိုက္သည္။ သူ႔အၾကၫ့္ေတြက ‌နဉ္ရွီအေပၚ ေဒါသႏွင့္စိတ္ပ်က္မႈအျပၫ့္။ “နဉ္ရွီ...ငါ မင္းကို ဒီလိုလူစားမ်ိဳးျဖစ္မယ္လို႔ မထင္ထားခဲ့ဘူး၊ ငါဝန္ခံပါတယ္...ငါ အရင္က အမွားေတြလုပ္ခဲ့တယ္၊ မင္း ငါ့ကို ႀကိဳက္ေနတယ္လို႔ စစ္ခ်ီထင္သြားေအာင္ လုပ္ခဲ့မိတယ္၊ ဒါေပမဲ့ ငါ မင္းကို ႏွစ္ေပါင္းမ်ားစြာ ရွာေနခဲ့ရတာက အရင္ကလုပ္ခဲ့တဲ့အမွားေတြကို ျပန္ၿပီးဖာေထးခ်င္လို႔ပဲ။ ၿပီးေတာ့ မင္း ငါ့ကို ဘယ္ေလာက္ပဲမုန္းေနပါေစ အငယ္အေနွာင္းတစ္ေယာက္ရဲ့ တရားမဝင္သားနဲ႔ေတာ့ မပတ္သက္သင့္ဘူးေလ..”

နဉ္ရွီက စိတ္တိုရမယ့္အစား ရယ္သာရယ္လိုက္သည္။ “ေနာက္ဆံုးေတာ့ အမွန္အတိုင္း ဝန္ခံလာၿပီေပါ့။ ဒါေပမဲ့လည္း အခုခ်ိန္မွ ဒီစကားေတြလာေျပာေနတာ ရယ္စရာေကာင္းတယ္လို႔ မထင္ဘူးလား? နင့္ကိုယ္နင္ ဘာထင္ေနလဲ? ငါက နင့္မိသားစုထဲက လူေတြနဲ႔ ဘာလို႔ပတ္သက္ခ်င္ရမွာလဲ?”

“နင္ အရင္ကလည္း ေတာ္ေတာ္ေလးကို ေမာက္မာခဲ့တာ။ ဒီေလာက္ႏွစ္ေတြၾကာၿပီးတာေတာင္မွ နင့္ရဲ့ဒီအက်င့္ဆိုးကို မေျပာင္းလဲႏိုင္ေသးဘူး” နဉ္ရွီက ခ်န္း*ယီကြၽင္း၏လက္ကို ကားျပတင္းေပါက္ကေန ဖယ္လိုက္သည္။ “သြားၾကမယ္!”

က်န္းခ်င္းယြင္က ကားလီဗာထိုးၿပီး ေမာင္းထြက္သြားေလ၏။ ညီအစ္ကိုႏွစ္ေယာက္ သူတို႔ေနာက္ဆက္မလိုက္လာေၾကာင္း ေသခ်ာအတည္ျပဳျပီးမွ က်န္းခ်င္းယြင္က မွတ္ခ်က္ခ်လိုက္၏။ “ဒီေန့က ဘာေန့လဲမသိ? ဘာလို႔ ဒီညီအစ္ကိုႏွစ္ေယာက္က အေၾကာင္းအရင္းမရိွ ႏိုင္ငံပိုင္ရုပ္သံဌာနကို ေရာက္လာပါလိမ့္?”

နဉ္ရွီက ေအးစက္စက္ၿပံဳးလိုက္သည္။ “ဘာကိစၥ လိုက္ဂရုစိုက္ေနရမွာလဲ?”

နဉ္ရွီ၏မေပ်ာ္မရႊင္မ်က္ႏွာထားကို သတိထားမိလိုက္ေသာ က်န္းခ်င္းယြင္က သူမ သူတို႔အေၾကာင္းကို ဆက္မေျပာခ်င္မွန္း သိလိုက္တာေၾကာင့္ စကားလမ္းေၾကာင္းေျပာင္းလိုက္သည္။ “ဒီေန့ခင္းက်ရင္ magazine photoshoot တစ္ခု ရိုက္ဖို႔ရိွမယ္၊ အိမ္အရင္ျပန္ၿပီး ေန့လည္စာစားခ်င္လား?”

“ဟင့္အင္း၊ ဒီေန့ ရွီေကြ့က ဗီလာကို ျပန္သြားမွာ...” နဉ္ရွီက သူမအိတ္ထဲမွ မွန္တစ္ခ်ပ္ ထုတ္လိုက္ၿပီး မွန္ထဲက သူမပံုရိပ္ကို ၾကၫ့္လိုက္သည္။ သူမမိတ္ကပ္က အေကာင္းပကတိရိွေနေသးတာ ေသခ်ာမွ သူမဆက္ေျပာ၏။ “ၿပီးခဲ့တဲ့ႏွစ္ရက္က ညီမကို အင္တာဗ်ူးခ်င္တယ္ဆိုတဲ့ အစ္ကိုက်န္းရဲ့အတန္းေဖာ္ သတင္းေထာက္တစ္‌ေယာက္ရိွတယ္လို႔ ေျပာခဲ့တယ္မလား? သူ႔ကိုေမးၾကၫ့္လိုက္ေလ... ညီမတို႔ ဒီေန့ခင္းပိုင္း အင္တာဗ်ူးလုပ္လို႔ရတယ္...”

“ဟုတ္ၿပီ...ငါ သူ႔ကို အခုဖုန္းေခၚလိုက္မယ္” က်န္းခ်င္းယြင္က ကားပါကင္ထိုးလိုက္ၿပီး ဖုန္းေခၚသည္။ ၿပီးေနာက္ သူကနဉ္ရွီဘက္လွၫ့္ၿပီး ေမးလိုက္သည္။ “ေက်ာင္းဟုန္နဲ႔ ကေဖးဆိုင္တစ္ဆိုင္မွာေတြ့ဖို႔ အစ္ကိုစီစဉ္ထားေပးတယ္၊ မင္းအတြက္ အဆင္ေျပပါ့မလား?”

“အဆင္ေျပတယ္၊ အဲ့မွာေကာ္ဖီေသာက္လိုက္မယ္ ၿပီးရင္ေန့လည္စာစားလို႔ရၿပီ” နဉ္ရွီက ေခါင္းတညိတ္ညိတ္လုပ္လိုက္သည္။ “အခ်ိန္ကိုက္ပဲ”

“မင္း အစားအစာအေၾကာင္းပဲ ေတြးေနတာရပ္ေပးလို႔ရမလား?” က်န္းခ်င္းယြင္က ေနာက္တစ္ဖန္ ကားစက္ႏိႈးလိုက္သည္။ “မင္းကို မစၥတာခ်န္း ဘယ္ေလာက္ထိေကြၽးထားလဲေတာ့မသိဘူး၊ ဒါေပမဲ့ ၿပီးခဲ့တဲ့လေတြထဲ သံုးေပါင္နီးပါးေလာက္ ဝိတ္တက္လာတယ္ေနာ္..”

နဉ္ရွီက မွန္အဖံုးကိုပိတ္လိုက္ၿပီး မ်က္ေမွာင္ၾကဳတ္လိုက္၏။ “လူဆိုတာ ပူပင္မႈေတြကေန ကင္းလြတ္သြားရင္ ဝိတ္တက္လာတတ္တယ္ဆိုတဲ့စကားကို အစ္ကိုမၾကားဖူးဘူးလား..?”

“အစ္ကိုက အဲ့စကားကို ၾကားပဲၾကားဖူးတာ၊ ဒါေပမဲ့ မ်က္ျမင္မေတြ့ဖူးဘူးေလ။ အခုေတာ့ နဖူးေတြ့ဒူးေတြ့ႀကံဳလိုက္ရၿပီ” က်န္းခ်င္းယြင္က နဉ္ရွီကို ကားေနာက္ၾကၫ့္မွန္ကေန ၾကၫ့္လိုက္သည္။ “ဒါေပမဲ့ ၿပီးခဲ့တဲ့ႏွစ္ကဆို မင္းေတာ္ေတာ္ေလးကို ပိန္ေညာင္ေနတာ။ အခုမွပဲ ပိုၾကၫ့္ေကာင္းသြားေတာ့တယ္”

နဉ္ရွီက ႀကိတ္၍ ၿပံဳးလိုက္သည္။

ေက်ာင္းဟုန္ႏွင့္က်န္းခ်င္းယြင္က အထက္တန္းေက်ာင္းတုန္းက အတန္းေဖာ္ေတြပင္။ ေက်ာင္းတုန္းကေတာ့ သူတို႔ကသိကြၽမ္းရံုေလးဆိုေပမယ့္ သူတို႔အလုပ္၏သေဘာတရားအရ လ်င္ျမန္စြာ သူငယ္ခ်င္းေကာင္းမ်ား ျဖစ္လာၾကေတာ့သည္။

နဉ္ရွီက သူမ၏အင္တာဗ်ူးကို လက္ခံရန္ ဆႏၵရိွေၾကာင္း က်န္းခ်င္းယြင္ သူမကိုေျပာျပလာသၫ့္အခ်ိန္ သူမလုပ္ေနသမ်ွအရာအားလံုး ပစ္ထားခဲ့ကာ ဗီဒီယိုရိုက္ကူးေရးသမားႏွင့္အတူ ထြက္သြားေတာ့သည္။

“အစ္မဟုန္တစ္ေယာက္ ဘယ္နာမည္ႀကီး celebrity ကို ဖိတ္လိုက္ႏိုင္တာပါလိမ့္ေနာ္...အစ္မကို ၿပံဳးရႊင္ေနေအာင္ လုပ္ႏိုင္တဲ့အထိဆိုေတာ့..?” ေက်ာင္းဟုန္က အေလာတႀကီးပ်ာယာခတ္ေနတာကို လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္က ျမင္ေတာ့ စပ္စပ္စုစုႏွင့္ ေမးလိုက္သည္။

အျခားလုပ္ေဖာ္ကိုင္ဖက္က ေခါင္းခါၿပီး တီးတိုးေျပာလိုက္၏။ “ငါၾကားတာေတာ့ ဒီတေလာ သူ ဘာမွမ်ားမ်ားစားစား မလုပ္ျဖစ္ဘူးတဲ့ေလ၊ အဲ့ဒါေၾကာင့္ သူ႔ကို သူေဌးက နည္းနည္းစိတ္ပ်က္လာၿပီတဲ့...”

ထိုေကာလာဟလကို တျခားသူေတြက ၾကားသိလိုက္ရသည္ႏွင့္ သူတို႔ဘာမွမၾကားခဲ့ရသလို ဟန္ေဆာင္ကာ သူတို႔ထိုင္ခံုဆီ ျပန္တြန႔္ဝင္သြားၾကသည္။ အလုပ္ခြင္၌ လုပ္ေဖာ္ကိုင္ဖက္အေၾကာင္း အတင္းေျပာျခင္းဟာ ရူးမိုက္ေသာလုပ္ရပ္တစ္ခုပင္။

နံရံေတြမွာ နားရိွသည္။ သူတို႔ဒုကၡမေရာက္ခ်င္ပါက ပါးစပ္ကိုထိန္းထားတာ ပို၍ေကာင္းေပသည္။

ေက်ာင္းဟုန္က ကေဖးကို နာရီဝက္နီးပါးေနာက္က်ၿပီးမွ ေရာက္လာ၏။ လမ္းမွာကားပိတ္ေနသျဖင့္ ေမ်ွာ္မွန္းထားသည္ထက္ ဆယ္မိနစ္ေနာက္က်၍ ေရာက္လာရ၏။ ထို႔ေၾကာင့္ သူမနဉ္ရွီကိုေတြ့သည္ႏွင့္ ေတာင္းပန္စကား အခါခါေျပာေတာ့သည္။

“ဘာမွမျဖစ္ပါဘူး” နဉ္ရွီက ေက်ာင္းဟုန္ႏွင့္ကင္မရာမန္းအတြက္ ေကာ္ဖီမွာေပးလိုက္သည္။ ၿပီးေနာက္ ေက်ာင္းဟုန္ကို ေျပာလိုက္၏။ “ဒီနားမွာ ေတာ္‌ေတာ္ဆိုးဆိုးကို ကားပိတ္မွန္း ကြၽန္မသိပါတယ္”

ေက်ာင္းဟုန္က စိတ္သက္သာရာရစြာ သက္မခ်လိုက္သည္။ နဉ္ရွီ၏လက္ရိွအဆင့္အတန္းက ကြဲျပားေပသည္။ သူမေနာက္က်သြားတာေၾကာင့္နဲ႔ က်န္းခ်င္းယြင္ကို ျပႆနာမတက္ေစခ်င္‌ပါ။

ေကာ္ဖီကို လ်င္ျမန္စြာ တည္ခင္းေပးလာ၏။ က်န္းခ်င္းယြင္က ေဘးကစားပြဲမွာထိုင္ေနစဉ္ ကင္မရာမန္းက နဉ္‌ရွီထံသို႔ ကင္မရာမွန္ဘီလူးႏွင့္ခ်ိန္လိုက္သည္။

“စိတ္မပူပါနဲ႔၊ ၿပီးတာနဲ႔ interview ကို ျပန္editၿပီး ခ်င္းယြင္ဆီ ပို႔ေပးလိုက္ပါမယ္။ မစၥနဥ္က တည္းျဖတ္ထားတာကို သေဘာက်တယ္ဆိုရင္ ရုပ္သံဌာနဆီ လႊဲေပးလိုက္ပါမယ္...” Celebrity ေတြႏွင့္ ဆက္ဆံေရးေကာင္းတစ္ခုတည္ေဆာက္ဖို႔ အေရးႀကီးမွန္း ေက်ာင္းဟုန္သိသည္။ အြန္လိုင္းေဖ်ာ္ေျဖေရးလုပ္ငန္း တိုးပြားလာသည္ႏွင့္အမ်ွ ရုပ္သံဌာနမွထုတ္လႊင့္သၫ့္ အႏုပညာသတင္းမ်ားက လူႀကိဳက္နည္းလာသည္။ လြန္ခဲ့ေသာႏွစ္အနည္းငယ္ေလာက္က ေက်ာင္းဟုန္ဟာ အဖိုးတန္သတင္းအစီရင္ခံစာမ်ား ဆက္လက္ထုတ္လုပ္ႏိုင္ခဲ့ေသး၏။ သို႔ေသာ္ အြန္လိုင္းသတင္းမ်ားေလာက္ လိုက္ေလ်ာညီေထြမရိွဘဲ တသမတ္အခ်ိန္ဇယားအတိုင္း ထုတ္လႊင့္မႈမ်ားေၾကာင့္ ratingက်လာကာ ရုပ္သံဌာနမွ အေလးထားခံရျခင္းမရိွေတာ့ေပ။

ေက်ာင္းဟုန္၏ေမးခြန္းမ်ားက သစ္ဆန္းၿပီး ပရိယာယ္မမ်ားေပ။ သို႔ျဖစ္ရာ အင္တာဗ်ူးက ေခ်ာေခ်ာေမြ့ေမြ့ပင္ ေရ႔ွဆက္သြားေလ၏။

“အခုဆို The Unrivalled 2က အရမ္းကိုေအာင္ျမင္ေက်ာ္ၾကားေနၿပီး ကမ႓ာတစ္ဝွမ္းလံုးကပရိသတ္ေတြကလည္း မင္းကိုသတိထားမိလာၿပီေပါ့ေနာ္။ အနာဂတ္မွာ ဒီလိုမ်ိဳးထုတ္လုပ္ေရးအႀကီးစားေတြ ရိုက္ၾကၫ့္အံုးမွာလား?”

“တကယ္လို႔ အခြင့္အေရးတစ္ခုရိွခဲ့မယ္ဆိုရင္ ကြၽန္မစဉ္းစားၾကၫ့္ပါ့မယ္..” နဉ္ရွီၿပံဳးလိုက္သည္။ “ပရိုဂ်ူဆာ‌ေတြက ကြၽန္မရဲ့အရင္အလုပ္ေတြကေန ရခဲ့တဲ့ ျပည္တြင္းအားေပးမႈေတြကို ျမင္ရင္ေတာ့ ကြၽန္မနဲ႔တြဲလုပ္ဖို႔ စဉ္းစားေကာင္းစဉ္းစားႏိုင္တယ္‌ေပါ့ေနာ္။ ေျပာရမယ္ဆို လူထုအင္အားဆိုတာ အၿမဲရိွေနတတ္တာပဲေလ..”

ဤအေျဖက ျပည္တြင္းပရိသတ္မ်ားအတြက္ ရိုက်ိဳးႏိွမ့္ခ်ၿပီး စိတ္ေက်နပ္ဖြယ္ရာတံု႔ျပန္ခ်က္ပါပင္။ ေက်ာင္းဟုန္က ျပန္ၿပံဳးျပလိုက္သည္။ “မစၥနဥ္ရဲ့အလုပ္ကိစၥအေၾကာင္း ‌ေဆြးေနြးၿပီးၿပီဆိုေတာ့ ကိုယ္ပိုင္ဘဝအေၾကာင္း ေျပာဖို႔လည္း မျဖစ္မေနလိုတယ္ေပါ့ေနာ္။ အခုတေလာ မစၥနဉ္ လက္ထပ္ေတာ့မယ္ဆိုတဲ့ ေကာလာဟလေတြထြက္ေနတယ္၊ အဲ့ဒီသတင္းက အမွန္ပဲလား?”

နဉ္ရွီျပန္ေျဖေတာ့မၫ့္အခ်ိန္မွာပဲ က်န္းခ်င္းယြင္၏ဖုန္းကျမည္လာခဲ့သည္။

ဖုန္းကိုင္ၿပီးေနာက္တြင္ က်န္းခ်င္းယြင္၏အမူအရာက ခက္ထန္သြား၏။ သူက ေက်ာင္းဟုန္ဘက္လွၫ့္ၿပီး ေျပာလိုက္သည္။ “ေက်ာင္းဟုန္၊ ရိုက္ကူးတာကို ခဏရပ္ထားလိုက္”

ေက်ာင္းဟုန္က ကင္မရာအား မွတ္တမ္းတင္ေနတာကိုရပ္နားရန္ အခ်က္ျပလိုက္သည္။

ကင္မရာမန္းက ကင္မရာကိုပိတ္လိုက္ခ်ိန္မွသာ က်န္းခ်င္းယြင္ကစကားစသည္။ “ခုနေလးတင္ မင္းရဲ့ေဆြမ်ိဳးအႀကီးအကဲဆိုၿပီး ကြန္ပလိန္းတက္ေနတဲ့လူက အင္တာဗ်ူးေျဖဖို႔လက္ခံၿပီး မင္းျပည္ပထြက္သြားတုန္းက ေဆြမ်ိဳးေတြကို တစ္ခါမွဂရုမစိုက္ေပးခဲ့တာမို႔ မင္းကိုစိတ္ပ်က္မိတယ္ဆိုၿပီး ေျပာခဲ့တယ္တဲ့...”

“ဒါ့ျဖင့္ သူတို႔ဆက္ၿပီး စိတ္ပ်က္ေနပါ‌ေစ” နဉ္ရွီက ဒီလိုအမိႈက္သရိုက္ဆန္သၫ့္သတင္းမ်ိဳးႏွင့္ စိတ္ေနာက္မခံႏိုင္ေပ။ “ညီမရဲ့ အေဖဘက္ကအဘိုးအဘြားေရာ အေမဘက္ကအဘိုးအဘြားေရာ ဆံုးသြားၾကၿပီ။ တကယ္လို႔ တျခားအမ်ိဳးေတြက သူတို႔ရဲ့ဝါႀကီးမႈကို အသံုးခ်ၿပီး ညီမရဲ့လူႀကီးသူမအေပၚ ရိုေသသိတတ္မႈကို ေမးခြန္းလာထုတ္ရဲရင္ေတာ့ ညီမနဲ႔ အဲ့ဒီအေၾကာင္းေျပာဖို႔ တန္ရဲ့လားဆိုတာ အရင္ေတြးၾကည့္သင့္တယ္...”

“အဲ့ဒီကိစၥက မင္းရဲ့ေက်ာ္ၾကားမႈကို ထိခိုက္လာမွာစိုးမိတယ္..” က်န္းခ်င္းယြင္ သက္ျပင္းခ်လိုက္သည္။

“သူတို႔ႀကိဳက္သလို ေျပာၾကပါေစ။ ညီမက အခု ‌နာမည္နည္းနည္းရလာၿပီး ခ်မ္းသာတဲ့ေကာင္ေလးတစ္ေယာက္ ရွာထားႏိုင္ေတာ့ သူတို႔က ညီမဆီက အက်ိဳးအျမတ္လိုခ်င္ေနၾကတာပဲမလား?” နဉ္ရွီက ေငါ့ရယ္ ရယ္လိုက္သည္။ “ညီမက celebrity တစ္ေယာက္ျဖစ္ေနလို႔ ဒီကိစၥအႀကီးအက်ယ္ျဖစ္သြားမွာကို ေၾကာက္လိမ့္မယ္လို႔ သူတို႔ကထင္ၾကတယ္ေပါ့? အဲ့လိုပဲထင္ၾကပါေစ!”

က်န္းခ်င္းယြင္ဟာ နဉ္ရွီ၏ေလသံကေန ထိုလူေတြကို ဘာအက်ိဳးအျမတ္မွ ရခြင့္ေပးမည္မဟုတ္ေၾကာင္း တန္းသိလိုက္သည္။ သူထပ္ေမးလိုက္၏။ ”ဒါဆို ဒီကိစၥကို ဘယ္လိုလုပ္ဖို႔စီစဉ္ထားလဲ?”

“ဘာမွလုပ္စရာမလိုဘူး” နဉ္ရွီက ေက်ာင္းဟုန္ဘက္ လွၫ့္လိုက္သည္။ “အစ္မေက်ာင္းက ဒီမွာရိွေနတာဆိုေတာ့ ကြၽန္မအေနနဲ႔ သတင္းႀကီးႀကီးတစ္ခု ကမ္းလွမ္းမယ္ဆိုရင္ေရာ ဘယ္လိုလဲ?”
____________
‌Meow's Note: ေနာက္က်သြားလို႔ တကယ္ေဆာရီးပါရွင္။ ၾကားထဲမွာ ေနမေကာင္းျဖစ္သြားတာေရာ ေနျပန္ေကာင္းေတာ့ စာပိၿပီး ဘာသာျပန္တဲ့ဘက္ မလွၫ့္ႏိုင္တာေရာေၾကာင့္ အခုမွေပၚလာရတာပါရွင္။ တမင္သက္သက္ ပစ္ထားတာမဟုတ္ဘူးေနာ္။
_____________

Continue Reading

You'll Also Like

1.5M 191K 157
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
107K 8.9K 153
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...
279K 19.8K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^
125K 12.3K 199
book 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်