နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

By Lazy_Little_Meow

168K 17K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... More

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [76.1]

915 124 2
By Lazy_Little_Meow

Translated by Melinoe_Megami

[Unicode]

အခန်း - (၇၆/၁)

‘The Unrivalled 2’ အတွက် ပရိုမိုးရှင်းပွဲက တကယ့်ကို အောင်မြင်ခဲ့သည်။ ရုပ်ရှင်ရုံကြီးများတွင် စတင်ပြသချိန်မှစ၍ တစ်နေ့တာအတွက် ပွဲပြသချိန်ပေါင်းများစွာ စီစဉ်ခဲ့ရပြီး ထိုင်ခုံဝယ်ယူမှုနှုန်းကလည်း ဆက်လက်မြင့်တက်နေလေ၏။ တချို့ပရိသတ်များဆိုလျှင် နေ့လည်ခင်းထဲက ရုပ်ရှင်ရုံရောက်လာသော်လည်း ညပိုင်းလက်မှတ်သာ ဝယ်ယူနိုင်ကြသဖြင့် ကွန်ပလိန်းတက်လာကြတော့သည်။

ရုပ်ရှင်ထဲတွင် နဉ်ရှီက တရုတ်ပြည်သူ့ရဲအဖြစ် သရုပ်ဆောင်ထားသည်။ ထိုရဲမေလေးသည် ဉာဏ်ကောင်းထက်မြက်ရုံသာမက အဓိကဇာတ်လိုက်၏ အဖွဲ့အတွက် အရေးကြီးသော တွဲဖက်တစ်ယောက်လည်း ဖြစ်၏။ တရုတ်ပရိသတ်များကို ဆွဲဆောင်နိုင်ရန် အတွက် ထိုဇာတ်ကောင်ကို ဖန်တီးခဲ့သော်ငြား ဇာတ်ကောင်၏သရုပ်က အတော်လေး ဆွဲဆောင်မှုရှိသည်။ ထို့အပြင် နဉ်ရှီသည် ကိုယ်အလေးချိန်တိုးအောင် ကြိုးစားလေ့ကျင့်ပြီး ရိုက်ကူးခဲ့သဖြင့် အစ်မကြီးတစ်ယောက်၏ အရှိန်အဝါမျိုး ထုတ်လွှတ်နေပြီး ပရိသတ်မိန်းမငယ်လေးများကို ဆွဲဆောင်နိုင်ခဲ့လေသည်။ သူတို့၏ နှလုံးသားနုနုလေးများကို ရင်ခုန်သံမြန်လာအောင် ပြုစားနိုင်ခဲ့သေလည်။

ဇာတ်လမ်းအဆုံးတွင် ဇာတ်လိုက်မင်းသမီး၏ မခွဲခွာချင်သော အကြည့်အောက် အမိနယ်မြေပြန်သွားသော တရုတ်ရဲမေအလှလေးသည် သေနတ်ပစ်စကေးနှင့် ကားမောင်းစွမ်းရည်ကို ဖော်ပြသွားသေး၏။ ဤသဘောကား အကယ်၍ နောက်ဆက်တွဲဇာတ်လမ်း ဆက်ထွက်ခဲ့သော်ရှိသော် နဉ်ရှီ၏ ရဲမေဇာတ်ကောင် ပြန်လည်ပါဝင်လာဦးမည်ဟု ဆိုလိုနေခြင်းပင်။

နိုင်ငံတကာရုပ်ရှင်တွင် အရေးကြီးဇာတ်ကောင်အဖြစ် ပါဝင်နိုင်ခဲ့ပြီး ထိုဇာတ်ကောင်ကလည်း လူစိတ်ဝင်စားမှု များပြားနေသဖြင့် ပြည်တွင်းတွင် နဉ်ရှီ၏ အနုပညာကြေးက တဟုန်ထိုး မြင့်တက်သွားခဲ့သည်။

အထူးသဖြင့် ‘The Unrivalled 2’ က တရုတ်ပြည်၏ Box Office တွင် RMB 900 million အထိ မြင့်တက်သွားခဲ့ရာ ပြည်တွင်းရင်းနှီးမြှုပ်နှံသူများပင် မနာလိုဖြစ်ကြရသည်အထိ။ ‘The Unrivalled 2’ က 3D ရုပ်ရှင်ဖြစ်ပြီး သာမာန်ရုပ်ရှင်များထက် လက်မှတ်ဈေးများသည်။ သို့တိုင် Box Office တွင် တစ်ပတ်အတွင်း ဤမျှအောင်မြင်မှုရခဲ့သဖြင့် လူတိုင်း လက်ဖျားခါသွားရသည်။

သတင်းထောက်များသည် သူ့နိုင်ငံသူပြန်သွားပြီဖြစ်သည့် နိုင်ငံခြားသားသရုပ်ဆောင်များကို အင်တာဗျူးရန် မဖြစ်နိုင်တော့သော်လည်း နဉ်ရှီကတော့ နိုင်ငံထဲတွင် ရှိနေသေးသည်။ သို့ဖြစ်ရာ သတင်းထောက်များလည်း သတင်းတင်ရန် ခေါင်းစဉ်ရှာနေကြပြီး ရုပ်ရှင်ထဲပါဝင်ခဲ့သည့် သရုပ်ဆောင်တစ်ဦးကို အင်တာဗျူးနိုင်ခဲ့သဖြင့် ဂုဏ်ယူနေကြတော့သည်။

တကယ်တမ်းတွင် ရုပ်ရှင်ဇာတ်ကွက်က သိပ်မထူးဆန်းပါချေ။ သို့သော် ဒါရိုက်တာက ရင်ခုန်စိတ်လှုပ်ရှားဖွယ် တိုက်ကွက်များ၊ ကားပြိုင်မောင်းပုံများဖြင့် ဇာတ်လမ်း၏အရှိန်ကို ဆွဲခေါ်သွားလေ၏။ တည်းဖြတ်သည့်အဖွဲ့ကလည်း Effect များသုံးကာ ဇာတ်လမ်းကို မြှင့်တင်နိုင်ခဲ့သဖြင့် ထိုရုပ်ရှင်သည် Box Office တွင် မျှော်လင့်ထားသည့်အတိုင်း ရလဒ်ကောင်းများစွာ ရရှိခဲ့သည်။ သို့သော် လူတိုင်းမထင်ထားသည်ကား နဉ်ရှီကဲ့သို့ တရုတ်မင်းသမီးတစ်ဦးကို အရေးကြီးဇာတ်ကောင်တစ်ခု ပေးအပ်ခဲ့ခြင်းပင်။ ရုပ်ရှင်ထဲမှ တရုတ်ရဲမေသည် ထက်မြက်ရုံသာမက တိုက်ခိုက်ရာတွင်လည်း အလွန်တော်သည်။ ထို့အပြင် ထိုဇာတ်ကောင်သည် ဇာတ်လိုက်များ၏ အရှိန်အဝါအောက် ဖုံးလွှမ်းခြင်းမခံရပေ။ နိုင်ငံခြားရုပ်ရှင်များတွင် ဤအတိုင်းအတာထိ နေရာပေးထားခြင်းက အတော်လေး ရှားပါးပေသည်။

ဤနှစ်များတွင် နိုင်ငံခြားရုပ်ရှင်တော်တော်များများ၌ တရုတ်ဈေးကွက်ကို ဆွဲဆောင်နိုင်ရန်အလို့ငှာ တရုတ်လူမျိုး၊ သို့မဟုတ် အာရှလူမျိုးများ ပါဝင်လာတတ်သည်။ သို့သော် ထိုသရုပ်ဆောင်များသည် ရုပ်လေးကြည့်ကောင်းရုံမှလွဲ၍ တရုတ်ပြည်နှင့် ဘာမှမပက်သက်ပါချေ။ တရုတ်လူမျိုးများအတွက် သူတို့၏ရုပ်ရည်၊ အကျင့်စရိုက်နှင့် လုံးဝမသက်ဆိုင်သည့် တရုတ်ကိုယ်စားပြု သရုပ်ဆောင်များကို ကြည့်ရှုရန် ငြီးငွေ့နေပြီဖြစ်သည်။

နောက်ဆုံးတော့ ယုံကြည်ရလောက်သည့် ရုပ်ရှင်တစ်ခု ထွက်လာချေပြီ။ တရုတ်ပရိသတ်များလည်း ရုံပြည့်ရုံလျှံ အားပေးခဲ့ကြပြီး ရုပ်ရှင်ထဲတွင် နဉ်ရှီ၏ သရုပ်ဆောင်ချက်က အပြစ်ပြောစရာမရှိအောင် ကောင်းမွန်လွန်းသဖြင့် ထိုမှ ပရိသတ်များစွာ ရရှိခဲ့လေသည်။

တရုတ်နိုင်ငံတွင် နှစ်ထောင်ချီအထွန့်ရှည်ခဲ့သော ရာဇဝင်မှတ်တမ်းများ၊ ယဉ်ကျေးမှုများ ထိန်းသိမ်းထားဆဲပင်။ နဉ်ရှီ၏ ဇာတ်ကောင်သည် တရုတ်နိုင်ငံအကြောင်း ထပ်တလဲလဲ မပြောခဲ့သော်ငြား သူမ၏ လှုပ်ရှားမှုတိုင်း၊ အပြောအဆိုတိုင်းက ကြည်ရှုသူပရိသတ်များကို ထိုရဲမေလေးမွေးဖွားခဲ့သည့် နိုင်ငံ၏ လျှို့ဝှက်ဆန်းကြယ်ပုံ၊ အင်အားကြီးပုံများ ခံစားရစေသည်။ မဟုတ်လျှင် ဤမျှအရည်အချင်းရှိသည့် အမျိုးသမီးလေးကို အဘယ်သို့ မွေးထုတ်ပေးနိုင်မည်နည်း။

နဉ်ရှီ၏ သရုပ်ဆောင်ပုံက နိုင်ငံအတွက် ဂုဏ်ယူစရာဖြစ်ခဲ့လေသည်။ တချို့ပရိသတ်များဆိုလျှင် နဉ်ရှီ၏ ဇာတ်ကောင်က အတော်လေး လျှို့ဝှက်သည်ဟု ထင်မြင်သွားကြသည်။ နဉ်ရှီက ရုပ်ရှင်ရိုက်ရန် ကြိုတင်ပြင်ဆင်မှုများစွာ လုပ်ခဲ့ပေလိမ့်မည်၊ မဟုတ်လျှင် ယောက်ျား၊ မိန်းမ၊ ပရိသတ်အားလုံးကို ဖမ်းစားနိုင်သည်အထိ ဤမျှဩဇာတိက္ကမ ပြည့်စုံနေလိမ့်မည်မဟုတ်ပေ။

‘The Unrivalled 2’ကို ထုတ်လွှင့်ပြသနေဆဲဖြစ်ပြီး သတင်းထောက်များ၊ ရုပ်ရှင်ဝေဖန်သူများစွာက နဉ်ရှီ၏ သရုပ်ဆောင်ကျွမ်းကျင်မှုကို ချီးကျူးခဲ့ကြသည်။ ချီးကျူးစကားများကြောင့် လေပေါ်မြောက်တက်နိုင်လျှင် နဉ်ရှီတော့ စကြာဝဠာပြင်ပထိ ရောက်လောက်ချေပြီ။

တကယ်တော့ ပြည်တွင်းဝေဖန်သူများသာ နဉ်ရှီကို မှတ်ချက်ကောင်းပေးကြသည်မဟုတ်၊ နိုင်ငံခြားပရိသတ်များကလည်း နဉ်ရှီ၏ ဇာတ်ကောင်ကို သတိထားမိကြပြီး သူမ၏ သရုပ်ဆောင်ပီပြင်မှုကို ချီးကျူးနေကြ၏။ သူမကို ချီးကျူးစကားပြောနိုင်ရန်အတွက် Weibo Account ဖွင့်လိုက်သည့် နိုင်ငံခြားသားပရိသတ်များပင် ရှိလာခဲ့သည်။

ဤကာလများတွင် အရမ်းအလုပ်ရှုပ်ရသည်က နဉ်ရှီမဟုတ်၊ သူမ၏ မန်နေဂျာဖြစ်သူ ကျန်းချင်းယွင်သာ။ ရက်ပိုင်းအတွင်း ဖုန်းကောလ်များ မရေမတွက်နိုင်အောင် လက်ခံခဲ့ရသည်။ ပရိုဂျူဆာအများအပြားက သူတို့၏ ထုတ်လုပ်ရေးတွင် နဉ်ရှီပါဝင်လာအောင် ကြိုးစားနေကြပြီး အနုပညာကြေးအတွက်လည်း စိတ်ကြိုက်ညှိနှိုင်းပေးချင်နေကြလေသည်။

Show တစ်ခုဆိုလျှင် နဉ်ရှီအား အထူးဧည့်သည်အနေဖြင့် ပေါ်လာပေးရန် တစ်မိနစ်လျှင် RMB 40,000 နှုန်းပေးကာ ကမ်းလှမ်းခဲ့သည်။ သို့သော် ထို Show က ဧည့်သည်သရုပ်ဆောင်များကို ကောလာဟလများထွက်အောင် လုပ်တတ်သည်ဟု နာမည်ဆိုးတွင်နေသဖြင့် ကမ်းလှမ်းချက်က မည်မျှဆွဲဆောင်မှုရှိနေပါစေ၊ ကျန်းချင်းယွင်သည် ဆင်ခြင်တုံတရားရှိရှိဖြင့် ငြင်းဆန်ပစ်လိုက်သည်။

လက်ရှိအချိန်တွင် နဉ်ရှီက နာမည်အကြီးဆုံး အမျိုးသမီးသရုပ်ဆောင်ဖြစ်နေမှန်း သူသိသည်။ ထိုသို့ဖြစ်လာလေ သူတို့အနေဖြင့် ပိုမိုသတိထားသင့်လေပင်။ စန်းတင်ရန်နှင့် ပိုက်ဆံတစ်ခုတည်းကိုကြည့်ပြီး ကမ်းလှမ်းချက်များ၊ ကြော်ငြားများ အလျင်စလို လက်ခံလိုက်လျှင် နဉ်ရှီအတွက် ဆိုးကျိုးဖြစ်လာနိုင်သည်။

ထို့အပြင် အမြင့်ရောက်နေချိန်တွင် အဆင့်အတန်းနှင့် လိုက်လျောညီစွာ နေထိုင်တတ်ရန်လည်း လိုအပ်ပါသေး၏။ မဟုတ်လျှင် နဉ်ရှီအပေါ် အလေးအနက်မထားဘဲ နေကြလိမ့်မည်။ ဒါပေါ့၊ လောလောဆယ် နဉ်ရှီကိုယ်တိုင်ကလည်း ပိုက်ဆံမလိုအပ်ပေ။

ကျင်းချန်းယွင်သည် နဉ်ရှီအား ကူညီကာ ကမ္ဘာကျော်ကုမ္ပဏီတစ်ခုနှင့် အာဆီယံနိုင်ငံများအတွင်း ကြော်ငြာပေးရန် စာချုပ်တစ်ခု ညှိနှိုင်းချုပ်ဆိုပေးခဲ့သည်။ တခြားကမ္ဘာကျော် Brand နှစ်ခုနှင့်လည်း စာချုပ်ချုပ်ဆိုရန် ညှိနှိုင်းလျက်ရှိသည်။ သို့သော် တစ်ဖက်လူက သူ့ထက်ပိုပြီး စိတ်အားထက်သန်နေသဖြင့် ကျန်းချင်းယွင်လည်း စိုးရိမ်မနေတော့ပေ။

ကြော်ငြာစာချုပ်တစ်ခု၏ တန်ဖိုးပမာဏနောက်မှ စွမ်းပကားကို လျော့မတွက်သင့်ပေ။ အနုပညာလောကတွင် သရုပ်ဆောင်တစ်ယောက် နာမည်ကြီးလာရန် ခက်ခဲသော်ငြား နာမည်ကျသွားရန်တော့ အလွန်လွယ်ကူလေသည်။

ဥပမာဆိုရလျှင် ဒေါ်လာနှစ်သန်းတန်ဖိုးရှိသည့် ကြော်ငြာစာချုပ်နှစ်ခု ရှိသည်ဆိုပါစို့။ တစ်ခုက အိမ်သာနှင့် သန့်ရှင်းရေးပစ္စည်းများ ကြော်ငြာပေးရန်ဖြစ်ပြီး ကျန်တစ်ခုက ဇိမ်ခံပစ္စည်းကို ကြော်ငြာပေးရမည်ဆိုလျှင် လူအများ၏အမြင်၌ ထိုကမ်းလှမ်းချက်နှစ်ခုကို ညီတူမျှတူ မြင်နိုင်ပါဦးမည်လော။

အနုပညာလောကတွင် ကြော်ငြာပစ္စည်း၏ အဆင့်အတန်းက သရုပ်ဆောင်တစ်ဦး၏ တခြားသော ဂုဏ်ပုဒ်တစ်ခုပင် ဖြစ်သည်။ ထို့ကြောင့် အနုပညာရှင်များစွာက ဖက်ရှင်ပစ္စည်းများ၏ Brand Ambassador ဖြစ်အောင် တတ်စွမ်းသမျှ ကြိုးစားနေကြလေသည်။

ထို့အပြင် နဉ်ရှီ၏ ကျော်ကြားမှုက တဟုန်ထိုး မြင့်တက်လာပြီး သတင်းထောက်များသည် နဉ်ရှီအကြောင်း သတင်းရှာမရသဖြင့် ကူကယ်ရာမဲ့နေကြတော့၏။ တချို့သတ္တိကောင်းသော သတင်းထောက်များဆိုလျှင် ချန်းလုပ်ငန်းစုရှေ့ တဲထိုးပြီး သွားနေရမလားပင် စဉ်းစားလာကြချေပြီ။

နဉ်ရှီကို အင်တာဗျူးလို့မရသဖြင့် သူမ၏ ချစ်သူကောင်လေးကို အင်တာဗျူးရန် ကြိုးစားလာခဲ့သည်။

“ဘော့စ်.. ဒီနေ့ လေအရမ်းတိုက်တယ်နော်..” သတင်းထောက်တစ်ဦးက အင်္ကျီထဲ ဇက်ပုဝင်သွားပြီး အပြင်ထပ်အင်္ကျီကို ခပ်တင်းတင်း ဆွဲစေ့လိုက်သည်။ သို့သော် သူ၏အမူအရာက အတော်လေး သံသယဝင်စရာကောင်းနေသဖြင့် ကုမ္ပဏီဝင်ပေါက်မှ လုံခြုံရေးများက သူ့ကို တစ်ချက်တစ်ချက် လှည့်ကြည့်လာကြတော့သည်။

……………………………………………….

[Zawgyi]

အခန္း - (၇၆/၁)

‘The Unrivalled 2’ အတြက္ ပရိုမိုးရွင္းပြဲက တကယ့္ကို ေအာင္ျမင္ခဲ့သည္။ ရုပ္ရွင္ရံုႀကီးမ်ားတြင္ စတင္ျပသခ်ိန္မွစ၍ တစ္ေန့တာအတြက္ ပြဲျပသခ်ိန္ေပါင္းမ်ားစြာ စီစဉ္ခဲ့ရၿပီး ထိုင္ခံုဝယ္ယူမႈႏႈန္းကလည္း ဆက္လက္ျမင့္တက္ေနေလ၏။ တခ်ိဳ႕ပရိသတ္မ်ားဆိုလ်ွင္ ေန့လည္ခင္းထဲက ရုပ္ရွင္ရံုေရာက္လာေသာ္လည္း ညပိုင္းလက္မွတ္သာ ဝယ္ယူႏိုင္ၾကသျဖင့္ ကြန္ပလိန္းတက္လာၾကေတာ့သည္။

ရုပ္ရွင္ထဲတြင္ နဉ္ရွီက တရုတ္ျပည္သူ႔ရဲအျဖစ္ သရုပ္ေဆာင္ထားသည္။ ထိုရဲေမေလးသည္ ဉာဏ္ေကာင္းထက္ျမက္ရံုသာမက အဓိကဇာတ္လိုက္၏ အဖြဲ႔အတြက္ အေရးႀကီးေသာ တြဲဖက္တစ္ေယာက္လည္း ျဖစ္၏။ တရုတ္ပရိသတ္မ်ားကို ဆြဲေဆာင္ႏိုင္ရန္ အတြက္ ထိုဇာတ္ေကာင္ကို ဖန္တီးခဲ့ေသာ္ျငား ဇာတ္ေကာင္၏သရုပ္က အေတာ္ေလး ဆြဲေဆာင္မႈရိွသည္။ ထို႔အျပင္ နဉ္ရွီသည္ ကိုယ္အေလးခ်ိန္တိုးေအာင္ ႀကိဳးစားေလ့က်င့္ၿပီး ရိုက္ကူးခဲ့သျဖင့္ အစ္မႀကီးတစ္ေယာက္၏ အရိွန္အဝါမ်ိဳး ထုတ္လႊတ္ေနၿပီး ပရိသတ္မိန္းမငယ္ေလးမ်ားကို ဆြဲေဆာင္ႏိုင္ခဲ့ေလသည္။ သူတို႔၏ ႏွလံုးသားႏုႏုေလးမ်ားကို ရင္ခုန္သံျမန္လာေအာင္ ျပဳစားႏိုင္ခဲ့ေသလည္။

ဇာတ္လမ္းအဆံုးတြင္ ဇာတ္လိုက္မင္းသမီး၏ မခြဲခြာခ်င္ေသာ အၾကၫ့္ေအာက္ အမိနယ္ေျမျပန္သြားေသာ တရုတ္ရဲေမအလွေလးသည္ ေသနတ္ပစ္စေကးႏွင့္ ကားေမာင္းစြမ္းရည္ကို ေဖာ္ျပသြားေသး၏။ ဤသေဘာကား အကယ္၍ ေနာက္ဆက္တြဲဇာတ္လမ္း ဆက္ထြက္ခဲ့ေသာ္ရိွေသာ္ နဉ္ရွီ၏ ရဲေမဇာတ္ေကာင္ ျပန္လည္ပါဝင္လာဦးမည္ဟု ဆိုလိုေနျခင္းပင္။

ႏိုင္ငံတကာရုပ္ရွင္တြင္ အေရးႀကီးဇာတ္ေကာင္အျဖစ္ ပါဝင္ႏိုင္ခဲ့ၿပီး ထိုဇာတ္ေကာင္ကလည္း လူစိတ္ဝင္စားမႈ မ်ားျပားေနသျဖင့္ ျပည္တြင္းတြင္ နဉ္ရွီ၏ အႏုပညာေၾကးက တဟုန္ထိုး ျမင့္တက္သြားခဲ့သည္။

အထူးသျဖင့္ ‘The Unrivalled 2’ က တရုတ္ျပည္၏ Box Office တြင္ RMB 900 million အထိ ျမင့္တက္သြားခဲ့ရာ ျပည္တြင္းရင္းႏွီးျမႇဳပ္ႏွံသူမ်ားပင္ မနာလိုျဖစ္ၾကရသည္အထိ။ ‘The Unrivalled 2’ က 3D ရုပ္ရွင္ျဖစ္ၿပီး သာမာန္ရုပ္ရွင္မ်ားထက္ လက္မွတ္ေဈးမ်ားသည္။ သို႔တိုင္ Box Office တြင္ တစ္ပတ္အတြင္း ဤမ်ွေအာင္ျမင္မႈရခဲ့သျဖင့္ လူတိုင္း လက္ဖ်ားခါသြားရသည္။

သတင္းေထာက္မ်ားသည္ သူ႔ႏိုင္ငံသူျပန္သြားၿပီျဖစ္သၫ့္ ႏိုင္ငံျခားသားသရုပ္ေဆာင္မ်ားကို အင္တာဗ်ူးရန္ မျဖစ္ႏိုင္ေတာ့ေသာ္လည္း နဉ္ရွီကေတာ့ ႏိုင္ငံထဲတြင္ ရိွေနေသးသည္။ သို႔ျဖစ္ရာ သတင္းေထာက္မ်ားလည္း သတင္းတင္ရန္ ေခါင္းစဉ္ရွာေနၾကၿပီး ရုပ္ရွင္ထဲပါဝင္ခဲ့သၫ့္ သရုပ္ေဆာင္တစ္ဦးကို အင္တာဗ်ူးႏိုင္ခဲ့သျဖင့္ ဂုဏ္ယူေနၾကေတာ့သည္။

တကယ္တမ္းတြင္ ရုပ္ရွင္ဇာတ္ကြက္က သိပ္မထူးဆန္းပါေခ်။ သို႔ေသာ္ ဒါရိုက္တာက ရင္ခုန္စိတ္လႈပ္ရွားဖြယ္ တိုက္ကြက္မ်ား၊ ကားၿပိဳင္ေမာင္းပံုမ်ားျဖင့္ ဇာတ္လမ္း၏အရိွန္ကို ဆြဲေခၚသြားေလ၏။ တည္းျဖတ္သၫ့္အဖြဲ႔ကလည္း Effect မ်ားသံုးကာ ဇာတ္လမ္းကို ျမႇင့္တင္ႏိုင္ခဲ့သျဖင့္ ထိုရုပ္ရွင္သည္ Box Office တြင္ ေမ်ွာ္လင့္ထားသၫ့္အတိုင္း ရလဒ္ေကာင္းမ်ားစြာ ရရိွခဲ့သည္။ သို႔ေသာ္ လူတိုင္းမထင္ထားသည္ကား နဉ္ရွီကဲ့သို႔ တရုတ္မင္းသမီးတစ္ဦးကို အေရးႀကီးဇာတ္ေကာင္တစ္ခု ေပးအပ္ခဲ့ျခင္းပင္။ ရုပ္ရွင္ထဲမွ တရုတ္ရဲေမသည္ ထက္ျမက္ရံုသာမက တိုက္ခိုက္ရာတြင္လည္း အလြန္ေတာ္သည္။ ထို႔အျပင္ ထိုဇာတ္ေကာင္သည္ ဇာတ္လိုက္မ်ား၏ အရိွန္အဝါေအာက္ ဖံုးလႊမ္းျခင္းမခံရေပ။ ႏိုင္ငံျခားရုပ္ရွင္မ်ားတြင္ ဤအတိုင္းအတာထိ ေနရာေပးထားျခင္းက အေတာ္ေလး ရွားပါးေပသည္။

ဤႏွစ္မ်ားတြင္ ႏိုင္ငံျခားရုပ္ရွင္ေတာ္ေတာ္မ်ားမ်ား၌ တရုတ္ေဈးကြက္ကို ဆြဲေဆာင္ႏိုင္ရန္အလို႔ငွာ တရုတ္လူမ်ိဳး၊ သို႔မဟုတ္ အာရွလူမ်ိဳးမ်ား ပါဝင္လာတတ္သည္။ သို႔ေသာ္ ထိုသရုပ္ေဆာင္မ်ားသည္ ရုပ္ေလးၾကၫ့္ေကာင္းရံုမွလြဲ၍ တရုတ္ျပည္ႏွင့္ ဘာမွမပက္သက္ပါေခ်။ တရုတ္လူမ်ိဳးမ်ားအတြက္ သူတို႔၏ရုပ္ရည္၊ အက်င့္စရိုက္ႏွင့္ လံုးဝမသက္ဆိုင္သၫ့္ တရုတ္ကိုယ္စားျပဳ သရုပ္ေဆာင္မ်ားကို ၾကၫ့္ရႈရန္ ၿငီးေငြ့ေနၿပီျဖစ္သည္။

ေနာက္ဆံုးေတာ့ ယံုၾကည္ရေလာက္သၫ့္ ရုပ္ရွင္တစ္ခု ထြက္လာေခ်ၿပီ။ တရုတ္ပရိသတ္မ်ားလည္း ရံုျပၫ့္ရံုလ်ွံ အားေပးခဲ့ၾကၿပီး ရုပ္ရွင္ထဲတြင္ နဉ္ရွီ၏ သရုပ္ေဆာင္ခ်က္က အျပစ္ေျပာစရာမရိွေအာင္ ေကာင္းမြန္လြန္းသျဖင့္ ထိုမွ ပရိသတ္မ်ားစြာ ရရိွခဲ့ေလသည္။

တရုတ္ႏိုင္ငံတြင္ ႏွစ္ေထာင္ခ်ီအထြန႔္ရွည္ခဲ့ေသာ ရာဇဝင္မွတ္တမ္းမ်ား၊ ယဉ္ေက်းမႈမ်ား ထိန္းသိမ္းထားဆဲပင္။ နဉ္ရွီ၏ ဇာတ္ေကာင္သည္ တရုတ္ႏိုင္ငံအေၾကာင္း ထပ္တလဲလဲ မေျပာခဲ့ေသာ္ျငား သူမ၏ လႈပ္ရွားမႈတိုင္း၊ အေျပာအဆိုတိုင္းက ၾကည္ရႈသူပရိသတ္မ်ားကို ထိုရဲေမေလးေမြးဖြားခဲ့သၫ့္ ႏိုင္ငံ၏ လ်ိႈ႔ဝွက္ဆန္းၾကယ္ပံု၊ အင္အားႀကီးပံုမ်ား ခံစားရေစသည္။ မဟုတ္လ်ွင္ ဤမ်ွအရည္အခ်င္းရိွသၫ့္ အမ်ိဳးသမီးေလးကို အဘယ္သို႔ ေမြးထုတ္ေပးႏိုင္မည္နည္း။

နဉ္ရွီ၏ သရုပ္ေဆာင္ပံုက ႏိုင္ငံအတြက္ ဂုဏ္ယူစရာျဖစ္ခဲ့ေလသည္။ တခ်ိဳ႕ပရိသတ္မ်ားဆိုလ်ွင္ နဉ္ရွီ၏ ဇာတ္ေကာင္က အေတာ္ေလး လ်ိႈ႔ဝွက္သည္ဟု ထင္ျမင္သြားၾကသည္။ နဉ္ရွီက ရုပ္ရွင္ရိုက္ရန္ ႀကိဳတင္ျပင္ဆင္မႈမ်ားစြာ လုပ္ခဲ့ေပလိမ့္မည္၊ မဟုတ္လ်ွင္ ေယာက္်ား၊ မိန္းမ၊ ပရိသတ္အားလံုးကို ဖမ္းစားႏိုင္သည္အထိ ဤမ်ွဩဇာတိကၠမ ျပၫ့္စံုေနလိမ့္မည္မဟုတ္ေပ။

‘The Unrivalled 2’ကို ထုတ္လႊင့္ျပသေနဆဲျဖစ္ၿပီး သတင္းေထာက္မ်ား၊ ရုပ္ရွင္ေဝဖန္သူမ်ားစြာက နဉ္ရွီ၏ သရုပ္ေဆာင္ကြၽမ္းက်င္မႈကို ခ်ီးက်ူးခဲ့ၾကသည္။ ခ်ီးက်ူးစကားမ်ားေၾကာင့္ ေလေပၚေျမာက္တက္ႏိုင္လ်ွင္ နဉ္ရွီေတာ့ စၾကာဝဠာျပင္ပထိ ေရာက္ေလာက္ေခ်ၿပီ။

တကယ္ေတာ့ ျပည္တြင္းေဝဖန္သူမ်ားသာ နဉ္ရွီကို မွတ္ခ်က္ေကာင္းေပးၾကသည္မဟုတ္၊ ႏိုင္ငံျခားပရိသတ္မ်ားကလည္း နဉ္ရွီ၏ ဇာတ္ေကာင္ကို သတိထားမိၾကၿပီး သူမ၏ သရုပ္ေဆာင္ပီျပင္မႈကို ခ်ီးက်ူးေနၾက၏။ သူမကို ခ်ီးက်ူးစကားေျပာႏိုင္ရန္အတြက္ Weibo Account ဖြင့္လိုက္သၫ့္ ႏိုင္ငံျခားသားပရိသတ္မ်ားပင္ ရိွလာခဲ့သည္။

ဤကာလမ်ားတြင္ အရမ္းအလုပ္ရႈပ္ရသည္က နဉ္ရွီမဟုတ္၊ သူမ၏ မန္ေနဂ်ာျဖစ္သူ က်န္းခ်င္းယြင္သာ။ ရက္ပိုင္းအတြင္း ဖုန္းေကာလ္မ်ား မေရမတြက္ႏိုင္ေအာင္ လက္ခံခဲ့ရသည္။ ပရိုဂ်ူဆာအမ်ားအျပားက သူတို႔၏ ထုတ္လုပ္ေရးတြင္ နဉ္ရွီပါဝင္လာေအာင္ ႀကိဳးစားေနၾကၿပီး အႏုပညာေၾကးအတြက္လည္း စိတ္ႀကိဳက္ၫွိႏိႈင္းေပးခ်င္ေနၾကေလသည္။

Show တစ္ခုဆိုလ်ွင္ နဉ္ရွီအား အထူးဧၫ့္သည္အေနျဖင့္ ေပၚလာေပးရန္ တစ္မိနစ္လ်ွင္ RMB 40,000 ႏႈန္းေပးကာ ကမ္းလွမ္းခဲ့သည္။ သို႔ေသာ္ ထို Show က ဧၫ့္သည္သရုပ္ေဆာင္မ်ားကို ေကာလာဟလမ်ားထြက္ေအာင္ လုပ္တတ္သည္ဟု နာမည္ဆိုးတြင္ေနသျဖင့္ ကမ္းလွမ္းခ်က္က မည္မ်ွဆြဲေဆာင္မႈရိွေနပါေစ၊ က်န္းခ်င္းယြင္သည္ ဆင္ျခင္တံုတရားရိွရိျွဖင့္ ျငင္းဆန္ပစ္လိုက္သည္။

လက္ရိွအခ်ိန္တြင္ နဉ္ရွီက နာမည္အႀကီးဆံုး အမ်ိဳးသမီးသရုပ္ေဆာင္ျဖစ္ေနမွန္း သူသိသည္။ ထိုသို႔ျဖစ္လာေလ သူတို႔အေနျဖင့္ ပိုမိုသတိထားသင့္ေလပင္။ စန္းတင္ရန္ႏွင့္ ပိုက္ဆံတစ္ခုတည္းကိုၾကၫ့္ၿပီး ကမ္းလွမ္းခ်က္မ်ား၊ ေၾကာ္ျငားမ်ား အလ်င္စလို လက္ခံလိုက္လ်ွင္ နဉ္ရွီအတြက္ ဆိုးက်ိဳးျဖစ္လာႏိုင္သည္။

ထို႔အျပင္ အျမင့္ေရာက္ေနခ်ိန္တြင္ အဆင့္အတန္းႏွင့္ လိုက္ေလ်ာညီစြာ ေနထိုင္တတ္ရန္လည္း လိုအပ္ပါေသး၏။ မဟုတ္လ်ွင္ နဉ္ရွီအေပၚ အေလးအနက္မထားဘဲ ေနၾကလိမ့္မည္။ ဒါေပါ့၊ ေလာေလာဆယ္ နဉ္ရွီကိုယ္တိုင္ကလည္း ပိုက္ဆံမလိုအပ္ေပ။

က်င္းခ်န္းယြင္သည္ နဉ္ရွီအား ကူညီကာ ကမ႓ာေက်ာ္ကုမၸဏီတစ္ခုႏွင့္ အာဆီယံႏိုင္ငံမ်ားအတြင္း ေၾကာ္ျငာေပးရန္ စာခ်ဳပ္တစ္ခု ၫွိႏိႈင္းခ်ဳပ္ဆိုေပးခဲ့သည္။ တျခားကမ႓ာေက်ာ္ Brand ႏွစ္ခုႏွင့္လည္း စာခ်ဳပ္ခ်ဳပ္ဆိုရန္ ၫွိႏိႈင္းလ်က္ရိွသည္။ သို႔ေသာ္ တစ္ဖက္လူက သူ႔ထက္ပိုၿပီး စိတ္အားထက္သန္ေနသျဖင့္ က်န္းခ်င္းယြင္လည္း စိုးရိမ္မေနေတာ့ေပ။

ေၾကာ္ျငာစာခ်ဳပ္တစ္ခု၏ တန္ဖိုးပမာဏေနာက္မွ စြမ္းပကားကို ေလ်ာ့မတြက္သင့္ေပ။ အႏုပညာေလာကတြင္ သရုပ္ေဆာင္တစ္ေယာက္ နာမည္ႀကီးလာရန္ ခက္ခဲေသာ္ျငား နာမည္က်သြားရန္ေတာ့ အလြန္လြယ္ကူေလသည္။

ဥပမာဆိုရလ်ွင္ ေဒၚလာႏွစ္သန္းတန္ဖိုးရိွသၫ့္ ေၾကာ္ျငာစာခ်ဳပ္ႏွစ္ခု ရိွသည္ဆိုပါစို႔။ တစ္ခုက အိမ္သာႏွင့္ သန႔္ရွင္းေရးပစၥည္းမ်ား ေၾကာ္ျငာေပးရန္ျဖစ္ၿပီး က်န္တစ္ခုက ဇိမ္ခံပစၥည္းကို ေၾကာ္ျငာေပးရမည္ဆိုလ်ွင္ လူအမ်ား၏အျမင္၌ ထိုကမ္းလွမ္းခ်က္ႏွစ္ခုကို ညီတူမ်ွတူ ျမင္ႏိုင္ပါဦးမည္ေလာ။

အႏုပညာေလာကတြင္ ေၾကာ္ျငာပစၥည္း၏ အဆင့္အတန္းက သရုပ္ေဆာင္တစ္ဦး၏ တျခားေသာ ဂုဏ္ပုဒ္တစ္ခုပင္ ျဖစ္သည္။ ထို႔ေၾကာင့္ အႏုပညာရွင္မ်ားစြာက ဖက္ရွင္ပစၥည္းမ်ား၏ Brand Ambassador ျဖစ္ေအာင္ တတ္စြမ္းသမ်ွ ႀကိဳးစားေနၾကေလသည္။

ထို႔အျပင္ နဉ္ရွီ၏ ေက်ာ္ၾကားမႈက တဟုန္ထိုး ျမင့္တက္လာၿပီး သတင္းေထာက္မ်ားသည္ နဉ္ရွီအေၾကာင္း သတင္းရွာမရသျဖင့္ ကူကယ္ရာမဲ့ေနၾကေတာ့၏။ တခ်ိဳ႕သတၲိေကာင္းေသာ သတင္းေထာက္မ်ားဆိုလ်ွင္ ခ်န္းလုပ္ငန္းစုေရ႔ွ တဲထိုးၿပီး သြားေနရမလားပင္ စဉ္းစားလာၾကေခ်ၿပီ။

နဉ္ရွီကို အင္တာဗ်ူးလို႔မရသျဖင့္ သူမ၏ ခ်စ္သူေကာင္ေလးကို အင္တာဗ်ူးရန္ ႀကိဳးစားလာခဲ့သည္။

“ေဘာ့စ္.. ဒီေန့ ေလအရမ္းတိုက္တယ္ေနာ္..” သတင္းေထာက္တစ္ဦးက အက်ႌထဲ ဇက္ပုဝင္သြားၿပီး အျပင္ထပ္အက်ႌကို ခပ္တင္းတင္း ဆြဲေစ့လိုက္သည္။ သို႔ေသာ္ သူ၏အမူအရာက အေတာ္ေလး သံသယဝင္စရာေကာင္းေနသျဖင့္ ကုမၸဏီဝင္ေပါက္မွ လံုၿခံဳေရးမ်ားက သူ႔ကို တစ္ခ်က္တစ္ခ်က္ လွၫ့္ၾကၫ့္လာၾကေတာ့သည္။

……………………………………………….

Continue Reading

You'll Also Like

246K 27.7K 78
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
805K 32.1K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
1.5M 68.5K 38
"Hahh." A deep sigh escaped Namae's mouth as soon as she realized that she got transmigrated inside that crazy book she just read earlier. The story...