နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

By Lazy_Little_Meow

157K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... More

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [75.1]

892 118 3
By Lazy_Little_Meow

Translated by Melinoe_Megami

[Unicode]

အခန်း - (၇၅/၁)

(TN : ဆွေစဉ်မျိုးဆက် မေ့နေကြမှာစိုးလို့။ ချန်းရှီကွေ့ရဲ့ အမေနာမည်က ထောင်ဟွေ့ရွယ်ပါ။ ကျင်းချန်ရဲ့ အမေ ထောင်မင်ယက ထောင်ဟွေ့ရွှယ်ရဲ့ ညီမဖြစ်ပြီး ကျင်းယွမ်ဖုန်းရဲ့ ဇနီးပါ။ ကျင်းရီရဲ့အဖေ ကျင်းဟုန်ခိုင်ကတော့ ကျင်းယွမ်ဖုန်းရဲ့ညီပါ။)

ကျင်းချန်၏ စကားကြောင့် ချန်းရှီကွေ့ မျက်မှောင်ကြုတ်လိုက်သည်။ “ဘယ်လိုဖြစ်ကြတာလဲ..?”

ချန်းရှီကွေ့ မေးလိုက်သောအခါ ကျင်းချန်၏ မျက်နှာက စိတ်ရှုပ်ထွေးသွားဟန်။ အတော်ကြာ အသံတိတ်နေသည့်တိုင် ဘာမှမပြောဘဲ ခေါင်းခါနေခဲ့သည်။ “သူတို့ဆက်ဆံရေးက အဆုံးသတ်သွားပြီ.. ဒီနှစ်တွေမှာ တစ်ယောက်နဲ့တစ်ယောက် သည်းခံချင်စိတ်တောင် မရှိကြတော့ဘူး.. ကျွန်တော် ဒီနေ့လာတာက အမေ အကူအညီတောင်းခိုင်းလိုက်လို့ပါ..”

လက်ထပ်သက်တမ်း နှစ် ၃၀ နီးပါး ရှိနေပြီဖြစ်သည့် လင်မယားအနေဖြင့် နှစ်ဦးပိုင်ဝယ်ထားသည့် ပိုင်ဆိုင်မှုများစွာ ရှိနေသည်။ သို့ဖြစ်ရာ သူတို့နှစ်ဦး ကွာရှင်းကြလျှင် အနှီပိုင်ဆိုင်မှုများအတွက် အချေအတင်ဖြစ်ကြမည်မှာ မလွဲဧကန်ပင်။

ကျင်းချန်၏ အမေသည် သူမကြောင့် သူမ၏မိဘအိမ် မျက်နှာငယ်ရသလို ခံစားနေရသဖြင့် အကူအညီတောင်းရန် ရှက်ရွံ့နေလေသည်။ သို့သော် ကျင်းချန်ကတော့ သူ့အမေ ဘာမှမရဘဲ ကွာရှင်းရမည်ကို ထိုင်မကြည့်နေနိုင်ပေ။ သူမက ကျင်းမိသားစုအတွက် နှစ်ပေါင်းများစွာ အချိန်ရောလူပါ မြှုပ်နှံခဲ့ရသည်မဟုတ်ပါလား။

ထို့ကြောင့် အစ်ကိုချန်းက သူ၏ အကောင်းဆုံးရွေးချယ်မှုပင်။

ထိုအခိုက် ခြေသံတချို့ ထွက်ပေါ်လာသည်။

ကျင်းချန် လှည့်ကြည့်လိုက်သောအခါ လှေကားရင်းတွင် ဘာမှမပြောဘဲ မတ်တပ်ရပ်နေသော နဉ်ရှီကို မြင်လိုက်ရ၏။ သူမက မျက်နှာပြောင်လေးဖြင့် အရောင်ဖျော့ဖျော့ ဂါဝန်ရှည်တစ်ထည်ကို ဝတ်ဆင်ထားသည်။

သူမ၏ ကြည်လင်အေးချမ်းသော မျက်နှာကိုကြည့်ပြီး ကျင်းချန်မှာ မျက်နှာချင်းမဆိုင်ရဲတော့ပေ။

“ရှီရှီ..” နဉ်ရှီ အပေါ်ထပ်မှ ဆင်းလာသည်ကို မြင်သောအခါ ချန်းရှီကွေ့က ပြုံးလိုက်သည်။ “နေ့လည်စာအတွက် တစ်ခုခုစားချင်တာ ရှိလား..?”

နဉ်ရှီက ကျင်းချန်ကို တစ်ချက်သာဝေ့ကြည့်ပြီး ချန်းရှီကွေ့ဘက် အကြည့်ရောက်သွားသည်နှင့် သူမ၏ မျက်နှာလေးက ရွှင်မြူးလာသည်။ “ဘာဖြစ်ဖြစ် အဆင်ပြေတယ်.. မနက်စာစားတာ နောက်ကျသွားလို့ လောလောဆယ် ဗိုက်မဆာသေးဘူး..”

ချန်းရှီကွေ့က ခေါင်းညိတ်ကာ.. “ဟုတ်ပါပြီ.. ကိုယ် ဒီနားက စားသောက်ဆိုင်ကနေ မင်းကြိုက်တတ်တဲ့ ဟင်းတချို့ မှာထားတယ်.. တခြားစားချင်တာ မရှိတော့ရင် ခဏနေကျ အဲ့ဟင်းတွေပဲ လာပို့ခိုင်းလိုက်တော့မယ်..”

“ကောင်းပါပြီ..” နဉ်ရှီက မီးဖိုချောင်ထဲ ဝင်သွားပြီး ရေတစ်ခွက်ငှဲ့လိုက်သည်။ ပြီးနောက် ကျင်းချန်ကို ဖော်ရွေပျူငှာစွာ ခေါင်းညိတ်ပြလိုက်ပြီး.. “ရှင်တို့ စကားပြောနေတာကို မနှောင့်ယှက်တော့ဘူးနော်.. အပေါ်တက်နှင့်တော့မယ်..”

သူမက အပေါ်တက်ရန် ပြင်လိုက်သည်။ သို့သော် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ချန်းရှီကွေ့ဘက် လှည့်ကြည့်ကာ.. “Hart နဲ့ Juliana ကို ထမင်းအတူစားဖို့ ချိန်းထားတယ်.. အဲ့တာ လိုက်ခဲ့ဦးနော်..”

ချန်းရှီကွေ့က မတုံ့မဆိုင်း ခေါင်းညိတ်ပြလိုက်သည်။

နဉ်ရှီ၏ နှုတ်ခမ်းပါးများ လှပစွာ တွန့်ကွေးသွားပြီး အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။ သူမက ကျင်းချန်ကို ဝေ့ကြည့်လိုက်သော်လည်း ဘာမှပြောခဲ့ပေ။ စာကြည့်ခန်းသို့ ပြန်တက်သွားသည်။

သူတို့၏ ဆက်ဆံရေးက ဤသို့ဖြစ်လာလိမ့်မည်ဟု ကျင်းချန်မှာ လုံးဝမထင်ထားခဲ့ပေ။ အတော်ကြာအောင် ငေးကြောင်နေပြီးမှ ပြောလာသည်။ “အစ်ကိုချန်းနဲ့ သူ(မ)နဲ့ တကယ့်ကို အဆင်ပြေနေတာပဲ..”

မျက်မြင်တွေ့မှ ယုံကြည်နိုင်တော့သည်။ ချန်းရှီကွေ့နှင့် နဉ်ရှီတို့ ဤမျှအဆင်ပြေနေလိမ့်မည်ဟု သူ တကယ့်ကို မထင်ထားခဲ့ပေ။

ကျင်းမိသားစုထဲသို့ ချန်ကျန်းကျန်း လက်ထပ်ဝင်ရောက်လာစဉ်က သူမသည် ကိုယ့်ကိုယ်ကိုသာ အားကိုးခဲ့ရသည်။ စကားတစ်ခွန်း ပြောတိုင်း ဆင်ခြင်နေရသည်။ ဆန့်ကျင်ဘက်အနေဖြင့် နဉ်ရှီကတော့ ချန်းရှီကွေ့အား ချန်းလုပ်ငန်းစုကြီး၏ ပဲ့ကိုင်ရှင်ဟု မသတ်မှတ်ဘဲ သာမာန်ယောက်ျားလိုသာ သဘောထားသဖြင့် အရမ်းကို သက်သောင့်သက်သာ ရှိနေလေသည်။

ချန်းရှီကွေ့က ကျင်းချန်၏ စကားကို လျစ်လျူရှုကာ တည့်တိုးမေးလိုက်သည်။ “ဒေါ်လေးက ကွာရှင်းဖို့ စိတ်ပိုင်းဖြတ်ပြီးပြီလား..?”

နဉ်ရှီအကြောင်း စကားဖလှယ်ချင်ဟန်မတူသော ချန်းရှီကွေ့ကြောင့် ကျင်းချန်လည်း ထိုကိစ္စနှင့်ပတ်သက်ပြီး ဆက်မပြောတော့ပေ။ “မနေ့ညက အမေ ကျင်းအိမ်တော်ကနေ ထွက်သွားပြီ.. အရင်ကလည်း…….”

တစ်ခဏရပ်သွားပြီးမှ ဆက်ပြောလာသည်။ “ဒီနှစ်တွေထဲ သူတို့နှစ်ယောက် အမြဲတမ်း စကားများနေကြတာ.. လင်မယားသံယောဇဉ်လည်း မရှိကြတော့ဘူး.. ဒီတစ်ခေါက်တော့ အမေက တကယ်ကွာရှင်းဖို့ စိတ်ပိုင်းဖြတ်လိုက်ပုံရတယ်.. အဲ့တာကြောင့် ကျွန်တော် အစ်ကိုချန်းကို အကူအညီလာတောင်းတာပါ..”

ချန်းရှီကွေ့က လက်ဖက်ရည်ခွက်ကို မြှောက်ကာ တစ်ငုံသောက်လိုက်သည်။ ထို့နောက် ကျင်းချန်ကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။ “တရားဥပဒေအရ သွားချင်တာလား.. ဒါမှမဟုတ် တခြားနည်းလမ်း သုံးချင်လား..?”

ကျင်းချန်က ခါးသက်သက် ရယ်မောလိုက်ရင်း.. “ဒီကိစ္စပေါက်ကြားသွားတာနဲ့ တစ်လောကလုံး သိသွားမှာပဲလေ.. တခြားနည်းလမ်းတွေ မသုံးဘဲ တရားဥပဒေအတိုင်း သွားနိုင်ရင် အကောင်းဆုံးပဲ..”

“ငါနားလည်ပြီ.. ဒေါ်လေးအတွက် အကောင်းဆုံးရှေ့နေအဖွဲ့ စီစဉ်ပေးမယ်..” ချန်းရှီကွေ့က ထပ်မံခေါင်းညိတ်ကာ.. “အိမ်ပြန်ရောက်ရင် ဒေါ်လေးကို ဒီအတိုင်းပြောလိုက်.. ထောင်မိသားစုနဲ့ ချန်းမိသားစုက ဒေါ်လေး အနိုင်ကျင့်ခံရမှာကို ဒီအတိုင်း ထိုင်ကြည့်နေမှာမဟုတ်ဘူးလို့..”

“ကျေးဇူးတင်ပါတယ် အစ်ကိုချန်း..” ကျင်းချန်က မတ်တပ်ရပ်ကာ ချန်းရှီကွေ့ကို ကျေးဇူးတင်လိုက်သည်။ “ကျွန်တော် အရင်တုန်းက စိတ်လိုက်မာန်ပါ လုပ်ခဲ့မိတာတွေ ရှိတယ်.. အဲ့တာကြောင့် တစ်ခုခု အမှားလုပ်ခဲ့မိရင် တောင်းပန်ပါတယ်..”

သူ ငယ်ငယ်လေးထဲက အဖေဖြစ်သူက အနားမှာ သိပ်မရှိခဲ့ပေ။ အမေက သူ့ကို သင်ကြားရေးတွင် ကြီးကြပ်ခဲ့သော်လည်း နောက်ပိုင်း သူမ,မျှော်လင့်ထားသလောက် မဖြစ်လာသဖြင့် စိတ်ပျက်သွားခဲ့သည်။ သို့သော် ယခုလိုအခြေအနေမျိုးတွင် သားဖြစ်သည့် သူကပါ သူမကို ပစ်ပယ်ထားလျှင် မည်သူကများ သူမဘက်မှာ ရပ်တည်ပေးဦးမည်နည်း။

“မင်း အဲ့လိုတွေးမိရင်ပဲ အဆင်ပြေပါပြီ..” ချန်းရှီကွေ့က လက်ဖက်ရည်ခွက်ကို ချကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ “မင်းရဲ့ အမှားတွေကို ဖြည်းဖြည်းချင်း ပြုပြင်သွားလို့ရတယ်.. ဒေါ်လေးကို စိတ်ပျက်ရအောင် မလုပ်နဲ့တော့..”

“ကျွန်တော် ကြိုးစားပါ့မယ်..”

ကျင်းချန်သည် ခေါင်းညိတ်လိုက်ရင်း အတိတ်အကြောင်းများ ပြန်တွေးမိသဖြင့် အံကြိတ်လိုက်၏။ တကယ်တော့ သူ့အဖေနှင့် အမေ ကွာရှင်းလိုက်တာက ကောင်းသည့်ကိစ္စပင်။ ဤနှစ်များထဲ သူ့အဖေ၏ လုပ်ရပ်များကြောင့် စိတ်ပျက်ရွံရှာမိသည်။

ထိုအခိုက် စားသောက်ဆိုင်မှ အစားအသောက်များ လာပို့ပေးသည်။ ချန်းရှီကွေ့က ကျင်းချန်ဘက်လှည့်ကာ.. “နေ့လည်စာ တစ်ခါတည်းစားသွားလေ.. ထမင်းစားပွဲမှာ ထိုင်စောင့်နေဦး.. ရှီရှီ့ကို သွားခေါ်လိုက်ဦးမယ်..”

ကျင်းချန်က ခေါင်းညိတ်လိုက်သည်။ သူ ဤအခွင့်အရေးကို အသုံးပြုပြီး နဉ်ရှီကိုလည်း တောင်းပန်ချင်သည်။

နဉ်ရှီက စာအုပ်ကို စာအုပ်စင်ပေါ် ပြန်တင်ထားလိုက်သည်။ အာဏာရှင် CEO ကြီးဝတ္ထုသည် သိပ်ပြီး စိတ်ဝင်စားစရာ မကောင်းသော်လည်း ဖတ်ရင်းဖတ်ရင်း အသားကျလာသည်။

ချန်းရှီကွေ့က စာကြည့်ခန်းတံခါးကို ခေါက်လိုက်သည်။ “ရှီရှီ.. နေ့လည်စာစားကြရအောင်..”

“လာပြီ..” နဉ်ရှီက ချန်းရှီကွေ့ကို လှည့်ကြည့်လိုက်သည်။ ပြီးနောက် တောက်ပစွာ ပြုံးလိုက်ရင်း ထိုအမျိုးသားထံသို့ အပြေးသွားတော့သည်။

သူတို့နှစ်ဦး အောက်ဆင်းလာသောအခါ ကျင်းချန်က ထမင်းစားပွဲတွင် ထိုင်စောင့်နေလေသည်။ နဉ်ရှီက ကျင်းချန်ကို အကဲခတ်လိုက်သည်။ ပုံမှန်အားဖြင့် မောက်မာထောင်လွှားလွန်းသော ထိုကောင်လေးသည် ယခုအချိန်မှာတော့ မာန်မာန လုံးဝမရှိတော့ဘဲ တခြားလူတစ်ယောက်လို ဖြစ်နေသည်။

“နဉ်ကျဲ..” ကျင်းချန်က ခပ်တိုးတိုး ခေါ်သည်။

နဉ်ရှီက သူ့ကို စောင်းငဲ့ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

သူမ၏ တုံ့ပြန်ပုံကို မြင်မှ ကျင်းချန်လည်း စိတ်သက်သာရာ ရသွားသည်။ အစကတော့ သူ၏ စိတ်ထဲတွင် နဉ်ရှီက ဤအခွင့်အရေးကို အသုံးချပြီး သူ့ကို လှောင်ပြောင်လိမ့်မည်ဟု ထင်မှတ်ခဲ့၏။ သို့သော် သူမက ထိုသို့မလုပ်ခဲ့ပေ။

ဆိတ်ငြိမ်စွာပင် နေ့လည်စာ စားလိုက်ကြသည်။ ထမင်းစားပြီးခါနီးတွင် ကျင်းချန်က နဉ်ရှီဘက်သို့ ဖန်ခွက်မြှောက်လိုက်ကာ.. “နဉ်ကျဲ.. ကျွန်တော် ရူးရူးနှမ်းနှမ်းနဲ့ လျှောက်လုပ်မိခဲ့တဲ့ အပြုအမူတွေအတွက် တောင်းပန်ပါတယ်..”

နဉ်ရှီက ထမင်းစားတူကိုချကာ အပြုံးလေးဖြင့် ဖန်ခွက်ပြန်မြှောက်လိုက်သည်။ “အသက်အရွယ်အရဆို ရှင်က ကျွန်မထက် လပိုင်းလောက် ပိုကြီးပါလိမ့်မယ်.. ဒါပေမဲ့ ရှီကွေ့နဲ့ ပတ်သက်နေတာဆိုတော့ အစ်မလို့ခေါ်တာ လက်ခံလိုက်ပါ့မယ်.. အရင်တုန်းက ကိစ္စတွေအတွက်တော့…… အထက်တန်းလွှာတွေက ကျွန်မတို့လို အနုပညာရှင်တွေကို အထင်သေးတတ်တာ ပုံမှန်ပါပဲ.. အဲ့ကိစ္စနဲ့ပတ်သက်ပြီး တကယ်ကို စိတ်ထဲမထားပါဘူး.. ရှင် ကျွန်မကို ပြဿနာရှာတိုင်း ကျွန်မကလည်း စကားနဲ့ ပြန်ချေပခဲ့တာဆိုတော့ ဘာပဲပြောပြော ထိခိုက်နစ်နာတယ်ရယ်လို့ မရှိပါဘူးလေ..”

ကျင်းချန် ခြောက်ကပ်ကပ် ရယ်မောလိုက်မိသည်။

နဉ်ရှီက တကယ့်ကို တည့်တိုးဆန်တာပဲ..!

……………………………………………………….

[Zawgyi]

အခန္း - (၇၅/၁)

(TN : ေဆြစဉ္မ်ိဳးဆက္ ေမ့ေနၾကမွာစိုးလို႔။ ခ်န္းရွီေကြ့ရဲ့ အေမနာမည္က ေထာင္ေဟြ့ရြယ္ပါ။ က်င္းခ်န္ရဲ့ အေမ ေထာင္မင္ယက ေထာင္ေဟြ့ရႊယ္ရဲ့ ညီမျဖစ္ၿပီး က်င္းယြမ္ဖုန္းရဲ့ ဇနီးပါ။ က်င္းရီရဲ့အေဖ က်င္းဟုန္ခိုင္ကေတာ့ က်င္းယြမ္ဖုန္းရဲ့ညီပါ။)

က်င္းခ်န္၏ စကားေၾကာင့္ ခ်န္းရွီေကြ့ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ “ဘယ္လိုျဖစ္ၾကတာလဲ..?”

ခ်န္းရွီေကြ့ ေမးလိုက္ေသာအခါ က်င္းခ်န္၏ မ်က္ႏွာက စိတ္ရႈပ္ေထြးသြားဟန္။ အေတာ္ၾကာ အသံတိတ္ေနသၫ့္တိုင္ ဘာမွမေျပာဘဲ ေခါင္းခါေနခဲ့သည္။ “သူတို႔ဆက္ဆံေရးက အဆံုးသတ္သြားၿပီ.. ဒီႏွစ္ေတြမွာ တစ္ေယာက္နဲ႔တစ္ေယာက္ သည္းခံခ်င္စိတ္ေတာင္ မရိွၾကေတာ့ဘူး.. ကြၽန္ေတာ္ ဒီေန့လာတာက အေမ အကူအညီေတာင္းခိုင္းလိုက္လို႔ပါ..”

လက္ထပ္သက္တမ္း ႏွစ္ ၃၀ နီးပါး ရိွေနၿပီျဖစ္သၫ့္ လင္မယားအေနျဖင့္ ႏွစ္ဦးပိုင္ဝယ္ထားသၫ့္ ပိုင္ဆိုင္မႈမ်ားစြာ ရိွေနသည္။ သို႔ျဖစ္ရာ သူတို႔ႏွစ္ဦး ကြာရွင္းၾကလ်ွင္ အႏွီပိုင္ဆိုင္မႈမ်ားအတြက္ အေခ်အတင္ျဖစ္ၾကမည္မွာ မလြဲဧကန္ပင္။

က်င္းခ်န္၏ အေမသည္ သူမေၾကာင့္ သူမ၏မိဘအိမ္ မ်က္ႏွာငယ္ရသလို ခံစားေနရသျဖင့္ အကူအညီေတာင္းရန္ ရွက္ရြံ႔ေနေလသည္။ သို႔ေသာ္ က်င္းခ်န္ကေတာ့ သူ႔အေမ ဘာမွမရဘဲ ကြာရွင္းရမည္ကို ထိုင္မၾကၫ့္ေနႏိုင္ေပ။ သူမက က်င္းမိသားစုအတြက္ ႏွစ္ေပါင္းမ်ားစြာ အခ်ိန္ေရာလူပါ ျမႇဳပ္ႏွံခဲ့ရသည္မဟုတ္ပါလား။

ထို႔ေၾကာင့္ အစ္ကိုခ်န္းက သူ၏ အေကာင္းဆံုးေရြးခ်ယ္မႈပင္။

ထိုအခိုက္ ေျခသံတခ်ိဳ႕ ထြက္ေပၚလာသည္။

က်င္းခ်န္ လွၫ့္ၾကၫ့္လိုက္ေသာအခါ ေလွကားရင္းတြင္ ဘာမွမေျပာဘဲ မတ္တပ္ရပ္ေနေသာ နဉ္ရွီကို ျမင္လိုက္ရ၏။ သူမက မ်က္ႏွာေျပာင္ေလးျဖင့္ အေရာင္ေဖ်ာ့ေဖ်ာ့ ဂါဝန္ရွည္တစ္ထည္ကို ဝတ္ဆင္ထားသည္။

သူမ၏ ၾကည္လင္ေအးခ်မ္းေသာ မ်က္ႏွာကိုၾကၫ့္ၿပီး က်င္းခ်န္မွာ မ်က္ႏွာခ်င္းမဆိုင္ရဲေတာ့ေပ။

“ရွီရွီ..” နဉ္ရွီ အေပၚထပ္မွ ဆင္းလာသည္ကို ျမင္ေသာအခါ ခ်န္းရွီေကြ့က ၿပံဳးလိုက္သည္။ “ေန့လည္စာအတြက္ တစ္ခုခုစားခ်င္တာ ရိွလား..?”

နဉ္ရွီက က်င္းခ်န္ကို တစ္ခ်က္သာေဝ့ၾကၫ့္ၿပီး ခ်န္းရွီေကြ့ဘက္ အၾကၫ့္ေရာက္သြားသည္ႏွင့္ သူမ၏ မ်က္ႏွာေလးက ရႊင္ျမဴးလာသည္။ “ဘာျဖစ္ျဖစ္ အဆင္ေျပတယ္.. မနက္စာစားတာ ေနာက္က်သြားလို႔ ေလာေလာဆယ္ ဗိုက္မဆာေသးဘူး..”

ခ်န္းရွီေကြ့က ေခါင္းညိတ္ကာ.. “ဟုတ္ပါၿပီ.. ကိုယ္ ဒီနားက စားေသာက္ဆိုင္ကေန မင္းႀကိဳက္တတ္တဲ့ ဟင္းတခ်ိဳ႕ မွာထားတယ္.. တျခားစားခ်င္တာ မရိွေတာ့ရင္ ခဏေနက် အဲ့ဟင္းေတြပဲ လာပို႔ခိုင္းလိုက္ေတာ့မယ္..”

“ေကာင္းပါၿပီ..” နဉ္ရွီက မီးဖိုေခ်ာင္ထဲ ဝင္သြားၿပီး ေရတစ္ခြက္ငွဲ႔လိုက္သည္။ ၿပီးေနာက္ က်င္းခ်န္ကို ေဖာ္ေရြပ်ူငွာစြာ ေခါင္းညိတ္ျပလိုက္ၿပီး.. “ရွင္တို႔ စကားေျပာေနတာကို မေနွာင့္ယွက္ေတာ့ဘူးေနာ္.. အေပၚတက္ႏွင့္ေတာ့မယ္..”

သူမက အေပၚတက္ရန္ ျပင္လိုက္သည္။ သို႔ေသာ္ ေျခလွမ္းအနည္းငယ္ လွမ္းၿပီးေနာက္ တစ္စံုတစ္ခုကို သတိရသြားဟန္ျဖင့္ ခ်န္းရွီေကြ့ဘက္ လွၫ့္ၾကၫ့္ကာ.. “Hart နဲ႔ Juliana ကို ထမင္းအတူစားဖို႔ ခ်ိန္းထားတယ္.. အဲ့တာ လိုက္ခဲ့ဦးေနာ္..”

ခ်န္းရွီေကြ့က မတံု႔မဆိုင္း ေခါင္းညိတ္ျပလိုက္သည္။

နဉ္ရွီ၏ ႏႈတ္ခမ္းပါးမ်ား လွပစြာ တြန႔္ေကြးသြားၿပီး အၿပံဳးတစ္ခု ျဖစ္တည္လာခဲ့သည္။ သူမက က်င္းခ်န္ကို ေဝ့ၾကၫ့္လိုက္ေသာ္လည္း ဘာမွေျပာခဲ့ေပ။ စာၾကၫ့္ခန္းသို႔ ျပန္တက္သြားသည္။

သူတို႔၏ ဆက္ဆံေရးက ဤသို႔ျဖစ္လာလိမ့္မည္ဟု က်င္းခ်န္မွာ လံုးဝမထင္ထားခဲ့ေပ။ အေတာ္ၾကာေအာင္ ေငးေၾကာင္ေနၿပီးမွ ေျပာလာသည္။ “အစ္ကိုခ်န္းနဲ႔ သူ(မ)နဲ႔ တကယ့္ကို အဆင္ေျပေနတာပဲ..”

မ်က္ျမင္ေတြ့မွ ယံုၾကည္ႏိုင္ေတာ့သည္။ ခ်န္းရွီေကြ့ႏွင့္ နဉ္ရွီတို႔ ဤမ်ွအဆင္ေျပေနလိမ့္မည္ဟု သူ တကယ့္ကို မထင္ထားခဲ့ေပ။

က်င္းမိသားစုထဲသို႔ ခ်န္က်န္းက်န္း လက္ထပ္ဝင္ေရာက္လာစဉ္က သူမသည္ ကိုယ့္ကိုယ္ကိုသာ အားကိုးခဲ့ရသည္။ စကားတစ္ခြန္း ေျပာတိုင္း ဆင္ျခင္ေနရသည္။ ဆန႔္က်င္ဘက္အေနျဖင့္ နဉ္ရွီကေတာ့ ခ်န္းရွီေကြ့အား ခ်န္းလုပ္ငန္းစုႀကီး၏ ပဲ့ကိုင္ရွင္ဟု မသတ္မွတ္ဘဲ သာမာန္ေယာက္်ားလိုသာ သေဘာထားသျဖင့္ အရမ္းကို သက္ေသာင့္သက္သာ ရိွေနေလသည္။

ခ်န္းရွီေကြ့က က်င္းခ်န္၏ စကားကို လ်စ္လ်ူရႈကာ တၫ့္တိုးေမးလိုက္သည္။ “ေဒၚေလးက ကြာရွင္းဖို႔ စိတ္ပိုင္းျဖတ္ၿပီးၿပီလား..?”

နဉ္ရွီအေၾကာင္း စကားဖလွယ္ခ်င္ဟန္မတူေသာ ခ်န္းရွီေကြ့ေၾကာင့္ က်င္းခ်န္လည္း ထိုကိစၥႏွင့္ပတ္သက္ၿပီး ဆက္မေျပာေတာ့ေပ။ “မေန့ညက အေမ က်င္းအိမ္ေတာ္ကေန ထြက္သြားၿပီ.. အရင္ကလည္း…….”

တစ္ခဏရပ္သြားၿပီးမွ ဆက္ေျပာလာသည္။ “ဒီႏွစ္ေတြထဲ သူတို႔ႏွစ္ေယာက္ အၿမဲတမ္း စကားမ်ားေနၾကတာ.. လင္မယားသံေယာဇဉ္လည္း မရိွၾကေတာ့ဘူး.. ဒီတစ္ေခါက္ေတာ့ အေမက တကယ္ကြာရွင္းဖို႔ စိတ္ပိုင္းျဖတ္လိုက္ပံုရတယ္.. အဲ့တာေၾကာင့္ ကြၽန္ေတာ္ အစ္ကိုခ်န္းကို အကူအညီလာေတာင္းတာပါ..”

ခ်န္းရွီေကြ့က လက္ဖက္ရည္ခြက္ကို ေျမႇာက္ကာ တစ္ငံုေသာက္လိုက္သည္။ ထို႔ေနာက္ က်င္းခ်န္ကို ၾကၫ့္ၿပီး ေခါင္းညိတ္ျပလိုက္သည္။ “တရားဥပေဒအရ သြားခ်င္တာလား.. ဒါမွမဟုတ္ တျခားနည္းလမ္း သံုးခ်င္လား..?”

က်င္းခ်န္က ခါးသက္သက္ ရယ္ေမာလိုက္ရင္း.. “ဒီကိစၥေပါက္ၾကားသြားတာနဲ႔ တစ္ေလာကလံုး သိသြားမွာပဲေလ.. တျခားနည္းလမ္းေတြ မသံုးဘဲ တရားဥပေဒအတိုင္း သြားႏိုင္ရင္ အေကာင္းဆံုးပဲ..”

“ငါနားလည္ၿပီ.. ေဒၚေလးအတြက္ အေကာင္းဆံုးေရ႔ွေနအဖြဲ႔ စီစဉ္ေပးမယ္..” ခ်န္းရွီေကြ့က ထပ္မံေခါင္းညိတ္ကာ.. “အိမ္ျပန္ေရာက္ရင္ ေဒၚေလးကို ဒီအတိုင္းေျပာလိုက္.. ေထာင္မိသားစုနဲ႔ ခ်န္းမိသားစုက ေဒၚေလး အႏိုင္က်င့္ခံရမွာကို ဒီအတိုင္း ထိုင္ၾကၫ့္ေနမွာမဟုတ္ဘူးလို႔..”

“ေက်းဇူးတင္ပါတယ္ အစ္ကိုခ်န္း..” က်င္းခ်န္က မတ္တပ္ရပ္ကာ ခ်န္းရွီေကြ့ကို ေက်းဇူးတင္လိုက္သည္။ “ကြၽန္ေတာ္ အရင္တုန္းက စိတ္လိုက္မာန္ပါ လုပ္ခဲ့မိတာေတြ ရိွတယ္.. အဲ့တာေၾကာင့္ တစ္ခုခု အမွားလုပ္ခဲ့မိရင္ ေတာင္းပန္ပါတယ္..”

သူ ငယ္ငယ္ေလးထဲက အေဖျဖစ္သူက အနားမွာ သိပ္မရိွခဲ့ေပ။ အေမက သူ႔ကို သင္ၾကားေရးတြင္ ႀကီးၾကပ္ခဲ့ေသာ္လည္း ေနာက္ပိုင္း သူမ,ေမ်ွာ္လင့္ထားသေလာက္ မျဖစ္လာသျဖင့္ စိတ္ပ်က္သြားခဲ့သည္။ သို႔ေသာ္ ယခုလိုအေျခအေနမ်ိဳးတြင္ သားျဖစ္သၫ့္ သူကပါ သူမကို ပစ္ပယ္ထားလ်ွင္ မည္သူကမ်ား သူမဘက္မွာ ရပ္တည္ေပးဦးမည္နည္း။

“မင္း အဲ့လိုေတြးမိရင္ပဲ အဆင္ေျပပါၿပီ..” ခ်န္းရွီေကြ့က လက္ဖက္ရည္ခြက္ကို ခ်ကာ တည္တည္ၿငိမ္ၿငိမ္ ေျပာလိုက္သည္။ “မင္းရဲ့ အမွားေတြကို ျဖည္းျဖည္းခ်င္း ျပဳျပင္သြားလို႔ရတယ္.. ေဒၚေလးကို စိတ္ပ်က္ရေအာင္ မလုပ္နဲ႔ေတာ့..”

“ကြၽန္ေတာ္ ႀကိဳးစားပါ့မယ္..”

က်င္းခ်န္သည္ ေခါင္းညိတ္လိုက္ရင္း အတိတ္အေၾကာင္းမ်ား ျပန္ေတြးမိသျဖင့္ အံႀကိတ္လိုက္၏။ တကယ္ေတာ့ သူ႔အေဖႏွင့္ အေမ ကြာရွင္းလိုက္တာက ေကာင္းသၫ့္ကိစၥပင္။ ဤႏွစ္မ်ားထဲ သူ႔အေဖ၏ လုပ္ရပ္မ်ားေၾကာင့္ စိတ္ပ်က္ရြံရွာမိသည္။

ထိုအခိုက္ စားေသာက္ဆိုင္မွ အစားအေသာက္မ်ား လာပို႔ေပးသည္။ ခ်န္းရွီေကြ့က က်င္းခ်န္ဘက္လွၫ့္ကာ.. “ေန့လည္စာ တစ္ခါတည္းစားသြားေလ.. ထမင္းစားပြဲမွာ ထိုင္ေစာင့္ေနၪီး.. ရွီရွီ႔ကို သြားေခၚလိုက္ဦးမယ္..”

က်င္းခ်န္က ေခါင္းညိတ္လိုက္သည္။ သူ ဤအခြင့္အေရးကို အသံုးျပဳျပီး နဉ္ရွီကိုလည္း ေတာင္းပန္ခ်င္သည္။

နဉ္ရွီက စာအုပ္ကို စာအုပ္စင္ေပၚ ျပန္တင္ထားလိုက္သည္။ အာဏာရွင္ CEO ႀကီးဝတၴုသည္ သိပ္ၿပီး စိတ္ဝင္စားစရာ မေကာင္းေသာ္လည္း ဖတ္ရင္းဖတ္ရင္း အသားက်လာသည္။

ခ်န္းရွီေကြ့က စာၾကၫ့္ခန္းတံခါးကို ေခါက္လိုက္သည္။ “ရွီရွီ.. ေန့လည္စာစားၾကရေအာင္..”

“လာၿပီ..” နဉ္ရွီက ခ်န္းရွီေကြ့ကို လွၫ့္ၾကၫ့္လိုက္သည္။ ၿပီးေနာက္ ေတာက္ပစြာ ၿပံဳးလိုက္ရင္း ထိုအမ်ိဳးသားထံသို႔ အေျပးသြားေတာ့သည္။

သူတို႔ႏွစ္ဦး ေအာက္ဆင္းလာေသာအခါ က်င္းခ်န္က ထမင္းစားပြဲတြင္ ထိုင္ေစာင့္ေနေလသည္။ နဉ္ရွီက က်င္းခ်န္ကို အကဲခတ္လိုက္သည္။ ပံုမွန္အားျဖင့္ ေမာက္မာေထာင္လႊားလြန္းေသာ ထိုေကာင္ေလးသည္ ယခုအခ်ိန္မွာေတာ့ မာန္မာန လံုးဝမရိွေတာ့ဘဲ တျခားလူတစ္ေယာက္လို ျဖစ္ေနသည္။

“နဉ္က်ဲ..” က်င္းခ်န္က ခပ္တိုးတိုး ေခၚသည္။

နဉ္ရွီက သူ႔ကို ေစာင္းငဲ့ၾကၫ့္ကာ ေခါင္းညိတ္ျပလိုက္သည္။

သူမ၏ တံု႔ျပန္ပံုကို ျမင္မွ က်င္းခ်န္လည္း စိတ္သက္သာရာ ရသြားသည္။ အစကေတာ့ သူ၏ စိတ္ထဲတြင္ နဉ္ရွီက ဤအခြင့္အေရးကို အသံုးခ်ၿပီး သူ႔ကို ေလွာင္ေျပာင္လိမ့္မည္ဟု ထင္မွတ္ခဲ့၏။ သို႔ေသာ္ သူမက ထိုသို႔မလုပ္ခဲ့ေပ။

ဆိတ္ၿငိမ္စြာပင္ ေန့လည္စာ စားလိုက္ၾကသည္။ ထမင္းစားၿပီးခါနီးတြင္ က်င္းခ်န္က နဉ္ရွီဘက္သို႔ ဖန္ခြက္ေျမႇာက္လိုက္ကာ.. “နဉ္က်ဲ.. ကြၽန္ေတာ္ ရူးရူးႏွမ္းႏွမ္းနဲ႔ ေလ်ွာက္လုပ္မိခဲ့တဲ့ အျပဳအမူေတြအတြက္ ေတာင္းပန္ပါတယ္..”

နဉ္ရွီက ထမင္းစားတူကိုခ်ကာ အၿပံဳးေလးျဖင့္ ဖန္ခြက္ျပန္ေျမႇာက္လိုက္သည္။ “အသက္အရြယ္အရဆို ရွင္က ကြၽန္မထက္ လပိုင္းေလာက္ ပိုႀကီးပါလိမ့္မယ္.. ဒါေပမဲ့ ရွီေကြ့နဲ႔ ပတ္သက္ေနတာဆိုေတာ့ အစ္မလို႔ေခၚတာ လက္ခံလိုက္ပါ့မယ္.. အရင္တုန္းက ကိစၥေတြအတြက္ေတာ့…… အထက္တန္းလႊာေတြက ကြၽန္မတို႔လို အႏုပညာရွင္ေတြကို အထင္ေသးတတ္တာ ပံုမွန္ပါပဲ.. အဲ့ကိစၥနဲ႔ပတ္သက္ၿပီး တကယ္ကို စိတ္ထဲမထားပါဘူး.. ရွင္ ကြၽန္မကို ျပႆနာရွာတိုင္း ကြၽန္မကလည္း စကားနဲ႔ ျပန္ေခ်ပခဲ့တာဆိုေတာ့ ဘာပဲေျပာေျပာ ထိခိုက္နစ္နာတယ္ရယ္လို႔ မရိွပါဘူးေလ..”

က်င္းခ်န္ ေျခာက္ကပ္ကပ္ ရယ္ေမာလိုက္မိသည္။

နဉ္ရွီက တကယ့္ကို တၫ့္တိုးဆန္တာပဲ..!

……………………………………………………….

Continue Reading

You'll Also Like

1.5M 192K 157
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
28.4K 2.8K 19
Genre-comedy,drama,josei,romance,school life,slice of life Chapters-98chapters+21extras I do not own this story.All credits go to original author.
239K 26K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
126K 12.3K 199
book 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်