system 091

By TeeKo0

1.1M 121K 5.8K

wang yibo 💞 xiao zhan [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပါ] ^^^^^^^^^^^ ^^^^ [ေက်းဇူးျပဳၿပီးအုန္းသီးကိုေလးစားပ... More

intro
(1.1)Arc 1
Character introduction
(1.2)
(1.3)
(1.4)
(1.5)
(1.6)
(1.7)
(1.8)
(1.9)
(1.10)
(1.11)
(1.12)
(1.13)
(1.14)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.5)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.12)
(2.13)
(2.14)
(2.15)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Arc(3)
Character introduction
(3.1)
(3.2)
(3.3)
(3.4)
(3.5)
(3.6)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.16)
(3.17)
(3.18)
(3.19)
(3.20)End....
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.8)
(4.9)
(4.10)
(4.11)
(4.12)
(4.13)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
(4.19)End....
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.12)
(5.13)
(5.14)
(5.15)
(5.16)
(5.17)
(5.18)
(5.19)
(5.20)
(5.21)
(5.22)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.4)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.10)
(6.11)
(6.12)
(6.13)
(6.14)
(6.15)
(6.16)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.3)
(7.4)
(7.5)
(7.6)
(7.7)
(7.8)
(7.9)
(7.10)
(7.11)
(7.12)
(7.13)
(7.14)
(7.15)
(7.16)
(7.17)
(7.18)
(7.19)
(7.20)
(7.21)End....
Arc(1.16) [Return]
(1.17) [Return]
(1.18) [Return]
(1.19) [Return]
(1.20) [Return]
(1.21) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.26) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.2)
(8.3)
Book ခွဲခြင်း

(8.1)

3.5K 471 31
By TeeKo0

Unicode

Omega တွေကထိခိုက်လွယ်ပြီး Alpha၊ Beta တွေကဲ့သို့ကြမ်းတမ်းသည့်အလုပ်ကို အမှန်တကယ်လုပ်ကိုင်နိုင်သူရှားပါးသည်။ မူလ ရှဲ့ယန်က အသက် ၁၇နှစ်သာရှိသေးပြီး အထက်တန်းဒုတိယနှစ်ကျောင်းသားတစ်ဦးသာဖြစ်သည်။ မူလကိုယ်မှာ Omega တစ်ဦးဖြစ်တာကြောင့် Omega အများစုနည်းတူအချက်အပြုတ်အတန်းကိုစာရင်းသွင်းထား၏။

"ရှဲ့ယန်....ဘာတွေကြောင်နေတာလဲ"

ရှောင်ကျန့်ဘေးက ခပ်ချောချောကောင်လေးတစ်ယောက်က သူ့ပုခုံးကိုပုတ်ရင်းပြောသည်။ ရှောင်ကျန့်ထိုလူငယ်ကိုအကဲခတ်လိုက်သည်။ သူ့နာမည်က ဟယ်စုန့်နန် လို့ခေါ်ပြီး မူလရှဲ့ယန်၏တစ်ဦးတည်းသောသူငယ်ချင်းကောင်းတစ်ယောက်ဖြစ်သည်။ အကယ်၍ ဟယ်စုန့်နန်သာ မတော်တဆမှုတစ်ခုကြောင့်စောစီးစွာသေဆုံးသွား၍မဟုတ်ပါက ရှဲ့ယန်ခံစားခဲ့ရသည့်အခြေအနေဆိုးမှ မဖြစ်မနေဆွဲထုတ်ကူညီပေလိမ့်မည်။

ဟယ်စုန့်နန်က Beta တစ်ဦးဖြစ်ပေမယ့် ငယ်ရွယ်တတ်ကြွသည့် လူငယ်တစ်ဦးအဖြစ်သတ်မှတ်နိုင်သည်။ သူက မူလရှဲ့ယန်ကိုတအားတွယ်တာပြီး အချက်အပြုတ် classကိုတောင် တုံ့ဆိုင်းခြင်းမရှိပဲ ရှဲ့ယန်နဲ့အတူ စာရင်းပေးခဲ့လေသည်။

ရှောင်ကျန့်က ဟယ်စုန့်နန်ကိုပြုံးရုံပြုံးပြလိုက်ပြီး ခေါင်းခါပြလိုက်သည်။ ဟယ်စုန့်နန် က ရှောင်ကျန့်ကိုကြည့်ပြီး အနည်းငယ်ကြောင်သွားဟန်ပေါ်၏။ သူက ရူးကြောင်ကြောင်အပြုံးမျိုးဖြင့်အနားကပ်ရင်းတီးတိုးပြောသည်။

"အရင်တုန်းက မင်းပြုံးရင်ဒီလောက်လှမှန်းမသိခဲ့ဘူး"

ရှောင်ကျန့် : "....."

ရှောင်ကျန့်ဘာပြောရမှန်းမသိဖြစ်သွားသည်။ ထိုအချိန်တွင် မီးဖိုရှေ့တွင်ရပ်နေသည့်နည်းပြဆရာမ ထံမှ အသံထွက်လာသည်။

"ဆရာမ ချက်ပြခဲ့တဲ့လုပ်ပုံလုပ်နည်းအဆင့်ဆင့်ကို သေသေချာချာကြည့်ထားကြတယ်မဟုတ်လား....ကဲ....အခုမင်းတို့အလှည့်ပဲ"

အခန်းထဲက Omega၊ Beta ကျောင်းသား၊ကျောင်းသူတွေဟာ ချက်ချင်းအလုပ်များကုန်ကြသည်။ ဟင်းတစ်ပွဲချက်ရာ၌ နှစ်ယောက်တစ်ဖွဲ့လုပ်ကိုင်ရတာကြောင့် ရှောင်ကျန့်နဲ့ ဟယ်စုန့်နန်က တစ်ဖွဲ့တည်းသွားကျသည်။ ဟယ်စုန့်နန်က အနည်းငယ်စိတ်လှုပ်ရှားနေပုံဖြင့် ရှောင်ကျန့်ကိုပြောသည်။

"ဒီတစ်ခေါက် ငါ့လက်ရည်တိုးတတ်လာပြီဆိုတာပြောရဲတယ်....အနည်းဆုံးတော့ အရင်ချိန်တွေလို အိုးပေါက်ကွဲတာမျိုး မဖြစ်လောက်ပါဘူး...."

"....."

ရှောင်ကျန့်ဟာ သက်ပြင်းအသာချလိုက်ရင်း ဟယ်စုန့်နန်၏ပုခုံးကိုခပ်သာသာပုတ်လိုက်သည်။ သူ့ပါးစပ်ကိုဖွင့်ဟလိုက်ပြီးနောက် သာယာငြိမ့်ညောင်းသည့်ခပ်သာသာအသံလေးတစ်ခုက ကပ်ပါလာသည်။

"မင်းဘေးဖယ်နေလိုက်တာပိုကောင်းလိမ့်မယ်ထင်တယ်"

ဟယ်စုန့်နန်၏တတ်ကြွနေသည့်မျက်နှာလေးမှာ ချက်ချင်းညှိုးငယ်သွားသည်။

"ဒါ...ဒါပေမယ့် ငါလည်းမင်းကိုကူချင်တယ်လေ..."

"ကောင်းပြီ....ဒါဆို ကြက်သွန်ခွာပေး"

စက္ကန့်အနည်းငယ်ကြာပြီးနောက်တွင်။

ရှောင်ကျန့်ဟာ ကြက်သွန်ခွာနေသည့် ဟယ်စုန့်နန်ကိုပါးစပ်အဟောင်းသားဖြင့်ကြည့်နေလေသည်။ အခန်းထဲက တစ်ခြားသော Omega နဲ့ Beta တွေတောင် ဟယ်စုန့်နန်၏အဖြစ်ကိုကြည့်ရင်းတစ်ခစ်ခစ်ခိုးရယ်နေကြ၏။

လက်ထဲတွင်ကြက်သွန်နီတစ်လုံးနှင့် ဓားတစ်ချောင်းကိုကိုင်ရင်း ဂရုတစိုက် နွှာနေသည့်ဟယ်စုန့်နန်၏ မျက်လုံးထဲကနေ မျက်ရည်တွေပိုးပိုးပေါက်ပေါက်စီးကျနေသည်။ ရေတာတမံကျိုးသလိုမျက်ရည်စီးကြောင်းကြီးကိုကြည့်ရင်း ရှောင်ကျန့်ဟာ သူ့ကိုယ်သူ ဟယ်စုန့်နန်ကိုအတင်းအဓမ္မ ခိုင်းစေနေသည့်လူဆိုးကြီးလိုခံစားလိုက်ရသည်။

"တောင်းပန်ပါတယ်...ငါ.....ကြက်သွန်က အရမ်းမွှန်လွန်းတယ်....ဝူး....."

ရှောင်ကျန့် : "....."

နောက်ဆုံးတွင် ရှောင်ကျန့်မှာ ဟယ်စုန့်နန်၏ကြက်သွန်မွှန်လို့ကျတဲ့မျက်ရည်တွေကိုမကြည့်ရက်နိုင်တော့တာကြောင့် ဝက်သားနှပ်ကိုသူကိုယ်တိုင်ဒိုင်ခံချက်ဖို့ဆုံးဖြတ်လိုက်သည်။

ရှောင်ကျန့်ရဲ့လက်ကအရမ်းမြန်သည်။ ထိပ်တန်းအဆင့်ကျွမ်းကျင်စားဖိုမှုးလိုမျိုး အသီးအရွက်တွေကို ခပ်သာသာဖြတ်တောက်သွားပြီး ဝက်သားနှပ်ချက်သည့်ဟန်ပန်မှာ အရမ်းမိုက်လွန်းတာကြောင့် ဆရာမ အပါအဝင် တစ်ခြားသောကျောင်းသား၊ကျောင်းသူတွေအားလုံးရှောင်ကျန့်နား ဝိုင်းအုံလာကြသည်။

အသစ်အဆန်းကိုအခုမှ စတင်မြင်ဖူးသည့် ကလေးတွေလိုမျိုး ဟယ်စုန့်နန် နှင့် တစ်ခန်းလုံးဟာ ရှောင်ကျန့်ပြုလုပ်သမျှအရာအားလုံးကိုမျက်တောင်မခတ်တမ်းကြည့်နေရင်း တစ်ချက်တစ်ချက် လက်ခုပ်ထတီးတတ်သေးသည်။

ဝက်သားနှပ်ကထွက်ပေါ်လာသည့်အနံ့မှာတစ်ခန်းလုံးပျံ့နှံ့သွားပြီးနောက်ဆရာမ အပါအဝင်တစ်ခန်းလုံး သားရည်ကျလာကြသည်။ အခန်းထဲကOmega တွေ၏ pheromone ကနေတစ်ဆင့်ဆာလောင်သည့်ခံစားချက်တွေမှာ မသိမသာပျံ့လွင့်လာသည်။ အားလုံးပြီးစီးသွားသည့်အခါတွင် ရှောင်ကျန့်ဟာ ဝက်သားနှပ်ကိုပန်းကန်ထဲထည့်ရင်း အကဲဖြတ်ပေးမည့်ဆရာမဆီ ယူသွားပေးလိုက်သည်။ ဟယ်စုန့်နန်နှင့် ကျောင်းသား၊ကျောင်းသူတွေ၏မျက်လုံးအတွင်း၌ မနာလိုသည့်ခံစားချက်တွေပြည့်နှက်သွားသည်။

မူလက အဓိကသင်ကြားပေးသူဖြစ်ခဲ့သည့် Beta နည်းပြဆရာမဟာ ဒီလက်ရာကိုအကဲခတ်ခွင့်ရသည့်သူမရဲ့ကံကို ထိုင်ကန်တော့ချင်သွားသည်။ ဆရာမတစ်ယောက်၏ဟန်ပန်ကိုထိန်းသိမ်းလိုက်ရင်း ဝက်သားနှပ်အတုံးသေးသေးကို တူဖြင့်ယူ၍ ပါးစပ်ထဲထည့်လိုက်သည်။ သူမမျက်လုံးတစ်ခုလုံးပြာဝေသွားပြီး အရသာခံဘုတစ်ခုလုံးအသက်ဝင်လာသည်ဟုတောင် ထင်ယောင်ထင်မှားဖြစ်သွားမိ၏။

အချက်အပြုတ်နည်းပြ ဆရာမဖြစ်သူဟာ ချက်ချင်းမျက်နှာအမူအရာပြောင်းသွားပြီးတစ်ခြားသူတွေ သူမဆီကလုယူသွားမည်ကိုစိုးရိမ်နေသလိုမျိုး ဝက်သားတစ်တုံးပြီးတစ်တုံးသူမပါးစပ်ထဲထိုးသိပ်ထည့်လာသည်။ နောက်ဆုံးတောင့်ခံနိုင်စွမ်းမရှိတော့သည့် Omega ကျောင်းသားတစ်ယောက်ဟာ မကျေနပ်သည့်လေသံဖြင့် ထပြောလာသည်။

"ဆရာမ တစ်ယောက်တည်းမစားနဲ့လေဗျာ....ကျွန်တော်တို့လဲမြည်းချင်တယ်လို့!"

ကျောင်းသားတစ်ယောက်၏ စတင်မှုကလူတိုင်းဆီကူးစပ်သွားပြီး ဆူညံသည့်အသံအမျိုးမျိုးထွက်ပေါ်လာသည်။ နည်းပြဆရာမ ကမကျေနပ်စွာဟောက်လိုက်သည်။

"ဝက်သားနှပ်က နည်းနည်းလေး....မင်းတို့အများကြီး ဘယ်လိုခွဲဝေပြီးစားမလဲ...."

ဆရာမနှင့်ကျောင်းသားတွေစကားများနေတုန်း လက်တစ်ဖက်က ဝက်သားနှပ်ပန်းကန်နားတိုးကပ်လာသည်။ မျက်စိလျှင်သည့်ဆရာမက တရားခံလက်ကိုဖတ်ကနဲပိတ်ရိုက်လိုက်သည်။

"ဟမ့်....ငါ့ဝက်သားနှပ်ကိုလာလုဖို့မကြိုးစားနဲ့!"

လက်ပိုင်ရှင်ဖြစ်သူ ဟယ်စုန့်နန်၏မျက်နှာမှာငိုမဲ့မဲ့ဖြစ်သွားရှာသည်။ အဖြစ်အပျက်အားလုံးကိုဘေးနားက ရပ်ကြည့်နေသည့်ရှောင်ကျန့်ဟာအနည်းငယ်ရယ်စရာကောင်းသလိုခံစားလိုက်ရသည်။ ဝက်သားနှပ်လေးတစ်ပန်းကန်က ဒီလောက်ထိဖြစ်သွားတာလား။

****************
********

ကျောင်းဆင်းချိန်၊ အထက်တန်းကျောင်းအရှေ့တည့်တည့် သစ်ပင်ကြီးအောက်တွင် ဈေးကြီးအနက်ရောင်ကားတစီးရပ်တန့်ထားသည်။ ကျောင်းဝန်းထဲကထွက်လာသည့်ကျောင်းသားတိုင်းလိုလို ထိုအနက်ရောင်ကားကိုမှီပြီးရပ်နေသည့် လူတစ်ယောက်ကို ခဏခဏလှည့်မကြည့်ပဲမနေနိုင်ပါချေ။

ထိုသူကတိတိကျကျပြောရရင် အလယ်တန်းကျောင်းဝတ်စုံကိုဝတ်ဆင်ထားသည့် ၁၄၊ ၁၅ နှစ်အရွယ် ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဖြစ်သည်။ သူက သက်တူရွယ်တူတွေထက် သိသိသာသာအရပ်ပိုမြင့်ပြီး အလယ်တန်းကျောင်းဝတ်စုံက ငယ်ရွယ်ပေမယ့် ပြီးပြည့်စုံသောခန္ဓာကိုယ်ထက်တွင်ကွက်တိကျနေသည်။

ဆယ်ကျော်သက်ကောင်လေး၏မျက်ဝန်းတွေမှာသူ့ရဲ့လက်ရှိအသက်အရွယ်နဲ့မလိုက်ဖက်စွာ ရင့်ကျက်တည်ငြိမ်လွန်းနေပြီး အရမ်းအေးစက်လွန်းသည်။ အထူးခြားဆုံးအချက်ကတော့ သူကအရမ်းချောလွန်းနေသည်။ ငယ်ရွယ်လွန်းသေးတာကြောင့်ပါးနှစ်ဖက်မှာအနည်းငယ်ဖောင်းနေသေးပြီး ကလေးအဆီအနည်းငယ်ရှိနေသေးသော်လည်းပဲ ကြီးလာခဲ့ရင်ဘယ်လောက်တောင်ဆွဲဆောင်မှုရှိပြီး ယောက်ျား၊မိန်းမ မရွေး ရူးသွပ်သွားနိုင်မည်မှာသေချာသည်။

Omega တော်တော်များများက ဆယ်ကျော်သက်ကောင်လေးကို နီရဲရဲပါးလေးတွေဖြင့်လှမ်းကြည့်နေကြသော်လည်းပဲ အနီးသို့မသွားရဲကြချေ။ ဘာကြောင့်ဆို ကောင်လေးကအရမ်းငယ်လွန်းသေးပြီး သူ့ခန္ဓာကိုယ်တွင် မသိမသာထုတ်လွှင့်နေသည့် Alpha pheromone တွေရစ်ဝဲနေ၏။ ဘယ်သူမဆို ဒီဆယ်ကျော်သက်လေးက အပြည့်အဝအရွယ်မရောက်သေးသည့် အင်အားကြီး Alpha တစ်ယောက်ဆိုတာပြောနိုင်သည်။

ရှဲ့ချုံရန်က ဘေးပတ်ဝန်းကျင်ကအမျိုးမျိုးသောအကြည့်တွေကိုဂရုမစိုက်ပေ။ သူ့အတွေးထဲတွင် ပြန်လည်မွေးဖွားလာသည့်အကြောင်းကိစ္စတွေသာပြည့်နှက်နေသည်။

ရှဲ့ယန်နဲ့ ကွေ့ထန်ယဲ့တို့နှစ်ယောက်၏လက်ချက်ဖြင့် နာကျည်းမှုအပြည့်ဖြင့်သေဆုံးခဲ့ရပြီးနောက် အမှောင်ထဲတွင် သူလမ်းပျောက်နေခဲ့သည်။ ရုတ်တရတ်ပေါ်လာသည့်အလင်းတန်းမှိန်မှိန်လေးတစ်ခုနောက်သို့လိုက်လာရင်း သူမျက်လုံးပြန်ဖွင့်ချိန်၌ အလယ်တန်းတတ်ခဲ့တုန်းက စာသင်ခန်းဆီပြန်ရောက်နေကြောင်းတွေ့လိုက်ရသည်။ သူ့နောက်ကျောကိုဓားနဲ့ထိုးခဲ့သည့် ဟွေ့ထန်ယဲ့တောင် သူ့ဘေးခုံတွင်ငယ်ရွယ်သည့်ပုံစံဖြင့်ရှိနေခဲ့၏။

ထိုတစ်ခဏ သူ့အမုန်းတရားတွေမထိန်းနိုင်လုဆဲဆဲဖြစ်သွားပေမယ့် နှစ်ပေါင်းများစွာရှင်သန်ခဲ့ပြီးသည့် ရှဲ့ချုံရန်ဟာစက္ကန့်ပိုင်းအတွင်းမှာတင် ကိုယ့်ခံစားချက်ကိုယ်ထိန်းချုပ်လိုက်နိုင်ခဲ့သည်။ သူပြန်လည်မွေးဖွားလာသည့် ဖြစ်ရပ်မှန်ကိုလက်ခံဖို့ အချိန်အနည်းငယ်ပေးလိုက်ရပေမယ့် ရှဲ့ချုံရန်ဟာ အငြှိုးကြီးစွာ အပြုံးခပ်ဖျော့ဖျော့ဖော်ပြလိုက်သည်။

သူ့မှာဒုတိယအခွင့်အရေးရှိမှတော့ သူငယ်ချင်းကောင်းနဲ့ချစ်လှစွာသောအစ်ကိုဖြစ်သူကိုဘာကြောင့်လွှတ်ပေးရမှာလဲ။ သူတို့နှစ်ဦးတွေ့ဆုံမည်ကို သူတားဆီးရန်အစီအစဥ်မရှိပေ။ ဖြစ်နိုင်ရင်မြန်မြန်တွေ့အောင် သူကိုယ်တိုင်စီစဥ်ပေးအုံးမည်။

ရှဲ့ချုံရန်က သွေးအေးစွာပြုံးသည်။ ထိုအချိန်၌ မည်သည့်နေရာက လေလွင့်လာမှန်းမသိသည့် ပန်းဆီရောင်နှင်းဆီပွင့်ချပ်တစ်ချပ်က ရှဲ့ချုံရန်၏ ညာဘက်မျက်ခွံပေါ်သို့လာတင်သည်။ စိတ်ရှုပ်စွာကျစ်တစ်ချက်သပ်လိုက်ရင်း မျက်ခွံပေါ်က ပွင့်ချပ်ကိုလက်နှစ်ချောင်းအသုံးပြု၍ ဖယ်ရှားဟန်ပြုသည်။

ညင်သာနူးညံ့သည့်လေတစ်ချက်ဝေ့ဝဲတိုက်ခပ်သွားပြီးနောက် ရှဲ့ချုံရန်ဟာ သူဖယ်ရှားလိုက်တဲ့ပွင့်ချပ်အနောက်ကနေ အခုမှကျောင်းထဲကထွက်လာသည့် ပုံရိပ်လေးတစ်ခုကိုတွေ့လိုက်ရသည်။ ရှဲ့ချုံရန်၏မျက်ဆံနက်ထဲတွင် ကမ္ဘာကြီးတစ်ခုလုံး၌ ထိုသူတစ်ယောက်တည်းသာတည်ရှိနေသလိုမျိုး အနှီးသေးသေးသွယ်သွယ်ပုံရိပ်လေးတစ်ခုသာထင်ဟပ်နေသည်။

ညင်သာသည့်လေပြေတစ်ချက်က ထိုပုံရိပ်လေး၏ နူးညံ့ပျော့ပြောင်းသည့် ဆံနွယ်နက်နက်လေးတွေကိုလှုပ်ရှားသွားစေသည်။ ခပ်အုပ်အုပ်ဆံနွယ်တွေကြားက ဝိုင်းစက်လှပသည့်မျက်လုံးလေးတစ်စုံမှာ ပြာလဲ့လဲ့တောက်ပနေ၏။ သစ်ပင်ကြားထဲကတိုးထွက်လာသည့်နေရောင်အစက်အပျောက်တွေက လူငယ်လေး၏ ဖြူဖွေးတောက်ပလွန်းသည့်နို့နှစ်ရောင်အသားအရည်ထက်တွင် တင်ကျန်၊ထိတွေ့နေသည်က ရှဲ့ချုံရန်ကိုထူးဆန်းသည့်မနာလိုစိတ်ပြင်းပြင်း ခံစားသွားရစေသည်။

လူငယ်လေးက လှပသည်ထက်ပိုပြီး ပြီးပြည့်စုံလွန်းသည်။ လူအုပ်ထဲမှာမထင်မရှားရပ်နေရင်တောင် အရာအားလုံး၏အလည်ဗဟိုသို့ဆွဲဆောင်နိုင်သည်အထိ အရမ်းတောက်ပလွန်းနေသည်။ ဘေးပတ်ဝန်းကျင်က Alpha၊ Beta၊ Omega အမျိုးအစားမရွေး လူတိုင်းက လူငယ်၏ လှပမှုနဲ့သန့်စင်သည့်အရှိန်အဝါတွင် ဆွဲဆောင်ခံလိုက်ရသလိုမျိုးငေးကြည့်နေကြ၏။

ရှောင်ကျန့်ဟာ သူ့ဘေးကတစ်တွတ်တွတ်စကားများနေသည့် ဟယ်စုန့်နန်ကို ခေါင်းသာငြှိမ့်ရင်းတုံ့ပြန်ရုံသာတတ်နိုင်သည်။ ဟယ်စုန့်နန်က အရမ်းစကားများလွန်းပေမယ့် ရှောင်ကျန့်ကစိတ်ပျက်သည်ဟုတော့မခံစားရပေ။ ကျောင်းပြင်ထွက်သည့်လမ်းတွင် ရှောင်ကျန့်ကိုနှုတ်ဆက်သည့်လူတွေတော်တော်များ၏။ အချက်အပြုတ် classက Omega တစ်စုက ရှောင်ကျန့်နားလျှောက်လာပြီး ရှောင်ကျန့်ကို ဟင်းချက်နည်းသင်ပေးဖို့ရန် မျက်လုံးလေးတစ်လက်လက်ဖြင့်တောင်းဆိုလာသည်။

သူတို့အားလုံး ရှောင်ကျန့်ရဲ့ဟင်းချက်လက်ရာမှာဆွဲဆောင်ခံလိုက်ရပြီး idol တစ်ယောက်ကိုတွေ့ရသလိုမျိုးပြုမူလာကြသည်။ ရှောင်ကျန့်က ခပ်ဖွဖွသာပြုံးရင်း ခေါင်းငြှိမ့်တုံ့ပြန်လိုက်ပေမယ့် သူ့အပြုံးကလှပလွန်းတာကြောင့် Omega လေးတွေမှာ မျက်နှာတစ်ခုလုံးနီရဲတွတ်ကုန်ကြသည်။

Omega လေးတွေ ရှက်ကိုးရှက်ကန်းဖြင့်ပြေးထွက်သွားပြီးနောက် ရှောင်ကျန့်ဟာ ဟယ်စုန့်နန်နှင့်လမ်းခွဲလိုက်ရင်း ကျောင်းပေါက်ဝတွင် အိမ်ကလာကြိုမည့်ကားကိုရှာဖွေလိုက်သည်။ သစ်ပင်ကြီးအောက်က အနက်ရောင်ကားတစ်စီးနဲ့အတူ အတော်လေးချောသည့် အလယ်တန်းကျောင်းသားလေးတစ်ယောက်က သူ့ကိုကြောင်ကြည့်နေသည်ကို တွေ့လိုက်ရ၏။ ရှောင်ကျန့်ဟာ သူ့မှတ်ဥာဏ်တွေထဲကနေတစ်ဆင့် ထိုသူမှာ မူလကိုယ်၏ သွေးသားမတော်စပ်သည့်ညီဖြစ်သူ ရှဲ့ချုံရန်၊ တစ်နည်းအားဖြင့် ပြန်လည်မွေးဖွားလာသည့် အဓိကဇာတ်လိုက်ဖြစ်ကြောင်းသိလိုက်ရသည်။

ရှဲ့ချုံရန်ဟာ တစ်ကိုယ်လုံးတောင့်ခဲနေပြီး ရှောင်ကျန့်ကိုမျက်တောင်မခတ်တမ်းစိုက်ကြည့်နေဆဲပင်။ ရှောင်ကျန့်တောင်အနည်းငယ် ထူးဆန်းသွားသည်။ သူ့ကိုမုန်းလွန်းလို့ စိတ်ထဲမှာဘယ်လိုသတ်ရင်ကောင်းမလဲဆိုပြီး အတွေးများနေတာများလား။

ရှောင်ကျန့် သူ့ခေါင်းထဲကအတွေးတွေကိုချက်ချင်းဖယ်ထုတ်လိုက်သည်။ ရှဲ့ချုံရန်မှာဒီလိုအတွေးမျိုးရှိနေရင်တောင် ထူးမှမထူးဆန်းတာ။ တစ်ဖက်လူနေရာမှာခံစားခဲ့ရတဲ့လူက သူသာဆိုရင်လည်း ဒီ့ထက်ပိုပြီး လက်စားချေစိတ်နဲ့မုန်းတီးမှု ပိုမိုပြင်းထန်နေပေလိမ့်မည်။

ရှဲ့ချုံရန်က အသက်၁၄နှစ်သာရှိသေးပေမယ့် အသက်၁၇နှစ်အရွယ် ရှဲ့ယန်ထက် အနည်းငယ်ပို၍အရပ်မြင့်သည်။ ရှောင်ကျန့်ဟာ ရှဲ့ချုံရန်ရှေ့မတ်တပ်သွားရပ်လိုက်ပြီးနောက် သူ့ကိုမျက်တောင်မခတ်တမ်းအိပ်မက်လွင့်သလို ပြူးကြောင်ကြောင်စိုက်ကြည့်နေသည့် ဇာတ်လိုက်အား သူ့ရဲ့ပြာလဲ့လဲ့မျက်လုံးလေးတွေကိုချစ်စဖွယ်ကောင်းစွာပြူးကျယ်ပြ၍ ခေါင်းလေးစောင်းပြလိုက်သည်။

ရှဲ့ချုံရန်၏မျက်လုံးထဲတွင် ရှောင်ကျန့်ရဲ့လည်ပင်းသားဖြူဖြူလေးတစ်ဖက်ကို ထင်းကနဲမြင်လိုက်ရ၏။ ဇာတ်လိုက်၏အာဒံပန်းသီးမှာအထက်အောက် ရွေ့လျားသွားပြီး ရဲတွတ်လာသည့်မျက်နှာကို လက်ဖဝါးနှစ်ဖက်ဖြင့် အုပ်ကာလိုက်မိသည်။ ရှဲ့ချုံရန်၏ ရင်ဘတ်တစ်ခုလုံးမှာ ထိန်းချုပ်မရအောင် ဝုန်းဒိုင်းကြဲခုန်ပေါက်လာသည်။

ရှောင်ကျန့်ခေါင်းသေးသေးလေးထက်တွင် ????အတန်းလိုက်ပေါ်ပေါက်လာခဲ့သည်။ ဒီဇာတ်လိုက်က သူ့မျက်နှာကိုလုံးဝမမြင်ချင်နိုင်လေကာ်အောင်မုန်းတီးနေတာလား။ ကောင်းပြီလေ။ မင်းမမြင်ချင်မှတော့ ငါကအနီးကပ်ပိုပြီးပြပေးရုံပေါ့။

ဇာတ်လိုက်ကိုရွဲ့ချင်စိတ်များနေသည့် ရှောင်ကျန့်ဟာ သူ့ရဲ့ပြာလဲ့လဲ့မျက်လုံးလေးတွေကိုပိုမိုပြူးကျယ်ပြလိုက်ပြီး သူ့မျက်နှာကို ရှဲ့ချုံရန်၏မျက်နှာနားသို့ပိုမိုတိုးကပ်ပြလိုက်သည်။

ရှဲ့ချုံရန်၏ လက်ဖဝါးတွေမှာစိတ်လှုပ်ရှားမှုကြောင့် တစ်ဆတ်ဆတ်တုန်ခါလာပြီး သူ့နှာခေါင်းထဲသို့ ရှောင်ကျန့်ခန္ဓာကိုယ်ကထွက်ပေါ်လာသည့် စွဲမက်စရာ အနံ့သင်းသင်းလေးကတိုးဝင်လာ၏။ ဒါက Omega pheromone နံ့ဖြစ်မှန်း သူသိလိုက်သည်။ ရှောင်ကျန့်ကြောင့် ရူးသွပ်လုမတတ်စိတ်လှုပ်ရှားနေသည့် ရှဲ့ချုံရန်ဟာ မူလကိုယ်၏ pheromone ရနံ့နှင့် ရှောင်ကျန့်ရဲ့ pheromone ရနံ့မှာ ကွာခြားနေမှန်းသတိမထားမိလိုက်ပေ။

ရှဲ့ချုံရန်ဟာ အနောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ပြီး လက်ချောင်းတွေကြားထဲကနေ ရှောင်ကျန့်မျက်နှာလေးကိုခိုးကြည့်လာသည်။ ပြီးနောက် အသံတိုးတိုးလေးထွက်လာ၏။

"ကော...ကော....."

ရှောင်ကျန့်ဟာ ဇာတ်လိုက်ကိုစိတ်တိုင်းကျရန်စပြီးသွားပြီးနောက် ကျေနပ်စွာ ပြုံးလိုက်ပြီး ပုခုံးကိုခပ်သာသာပုတ်ရင်းပြောလိုက်သည်။

"ကောကိုစောင့်နေတာမဟုတ်လား....ကားထဲဝင်ရအောင်လေ"

ရှောင်ကျန့်က အရင်ဦးစွာ ကားထဲဝင်ထိုင်လိုက်သည်။ ကားပြင်တွင်ကျန်ခဲ့သည့် ရှဲ့ချုံရန်ဟာ အခုန်မြန်လွန်းသည့်ရင်ဘတ်ကိုတင်းတင်းကြပ်ကြပ်ဖိထားရင်း ရှောင်ကျန့်ရဲ့ကျေနပ်ပြုံးသေးသေးလေးက သူ့မျက်လုံးထဲတွင် စွဲကျန်ရစ်နေခဲ့သည်။ သူ့ရင်ဘတ်တစ်ခုလုံးပြောမပြတတ်နိုင်လောက်သည့် ယားယံမှုတစ်ရပ်ကိုခံစားလိုက်ရသည်။ သူ့ဘဝမှာပထမဦးဆုံးအကြိမ်အဖြစ် သူ့အစ်ကိုရှဲ့ယန်က ဖော်ပြမတတ်နိုင်လောက်အောင်လှပလွန်းသည်ဟု ခံစားလိုက်ရသည်။ ၎င်းကို ယခုချိန်ထိ အခုန်မြန်နေသေးသည့် သူ့ဘယ်ဘက်ရင်ဘတ်ခြမ်းထဲက နှလုံးသားတစ်စုံမှာ သက်သေပြနေခဲ့၏။

________________________________________________________

Zawgyi

Omega ေတြကထိခိုက္လြယ္ၿပီး Alpha၊ Beta ေတြကဲ့သို႔ၾကမ္းတမ္းသည့္အလုပ္ကို အမွန္တကယ္လုပ္ကိုင္နိုင္သူရွားပါးသည္။ မူလ ရွဲ႕ယန္က အသက္ ၁၇ႏွစ္သာရွိေသးၿပီး အထက္တန္းဒုတိယႏွစ္ေက်ာင္းသားတစ္ဦးသာျဖစ္သည္။ မူလကိုယ္မွာ Omega တစ္ဦးျဖစ္တာေၾကာင့္ Omega အမ်ားစုနည္းတူအခ်က္အျပဳတ္အတန္းကိုစာရင္းသြင္းထား၏။

"ရွဲ႕ယန္....ဘာေတြေၾကာင္ေနတာလဲ"

ေရွာင္က်န့္ေဘးက ခပ္ေခ်ာေခ်ာေကာင္ေလးတစ္ေယာက္က သူ႕ပုခုံးကိုပုတ္ရင္းေျပာသည္။ ေရွာင္က်န့္ထိုလူငယ္ကိုအကဲခတ္လိုက္သည္။ သူ႕နာမည္က ဟယ္စုန့္နန္ လို႔ေခၚၿပီး မူလရွဲ႕ယန္၏တစ္ဦးတည္းေသာသူငယ္ခ်င္းေကာင္းတစ္ေယာက္ျဖစ္သည္။ အကယ္၍ ဟယ္စုန့္နန္သာ မေတာ္တဆမႈတစ္ခုေၾကာင့္ေစာစီးစြာေသဆုံးသြား၍မဟုတ္ပါက ရွဲ႕ယန္ခံစားခဲ့ရသည့္အေျခအေနဆိုးမွ မျဖစ္မေနဆြဲထုတ္ကူညီေပလိမ့္မည္။

ဟယ္စုန့္နန္က Beta တစ္ဦးျဖစ္ေပမယ့္ ငယ္႐ြယ္တတ္ႂကြသည့္ လူငယ္တစ္ဦးအျဖစ္သတ္မွတ္နိုင္သည္။ သူက မူလရွဲ႕ယန္ကိုတအားတြယ္တာၿပီး အခ်က္အျပဳတ္ classကိုေတာင္ တုံ႕ဆိုင္းျခင္းမရွိပဲ ရွဲ႕ယန္နဲ႕အတူ စာရင္းေပးခဲ့ေလသည္။

ေရွာင္က်န့္က ဟယ္စုန့္နန္ကိုၿပဳံး႐ုံၿပဳံးျပလိုက္ၿပီး ေခါင္းခါျပလိုက္သည္။ ဟယ္စုန့္နန္ က ေရွာင္က်န့္ကိုၾကည့္ၿပီး အနည္းငယ္ေၾကာင္သြားဟန္ေပၚ၏။ သူက ႐ူးေၾကာင္ေၾကာင္အၿပဳံးမ်ိဳးျဖင့္အနားကပ္ရင္းတီးတိုးေျပာသည္။

"အရင္တုန္းက မင္းၿပဳံးရင္ဒီေလာက္လွမွန္းမသိခဲ့ဘူး"

ေရွာင္က်န့္ : "....."

ေရွာင္က်န့္ဘာေျပာရမွန္းမသိျဖစ္သြားသည္။ ထိုအခ်ိန္တြင္ မီးဖိုေရွ႕တြင္ရပ္ေနသည့္နည္းျပဆရာမ ထံမွ အသံထြက္လာသည္။

"ဆရာမ ခ်က္ျပခဲ့တဲ့လုပ္ပုံလုပ္နည္းအဆင့္ဆင့္ကို ေသေသခ်ာခ်ာၾကည့္ထားၾကတယ္မဟုတ္လား....ကဲ....အခုမင္းတို႔အလွည့္ပဲ"

အခန္းထဲက Omega၊ Beta ေက်ာင္းသား၊ေက်ာင္းသူေတြဟာ ခ်က္ခ်င္းအလုပ္မ်ားကုန္ၾကသည္။ ဟင္းတစ္ပြဲခ်က္ရာ၌ ႏွစ္ေယာက္တစ္ဖြဲ႕လုပ္ကိုင္ရတာေၾကာင့္ ေရွာင္က်န့္နဲ႕ ဟယ္စုန့္နန္က တစ္ဖြဲ႕တည္းသြားက်သည္။ ဟယ္စုန့္နန္က အနည္းငယ္စိတ္လႈပ္ရွားေနပုံျဖင့္ ေရွာင္က်န့္ကိုေျပာသည္။

"ဒီတစ္ေခါက္ ငါ့လက္ရည္တိုးတတ္လာၿပီဆိုတာေျပာရဲတယ္....အနည္းဆုံးေတာ့ အရင္ခ်ိန္ေတြလို အိုးေပါက္ကြဲတာမ်ိဳး မျဖစ္ေလာက္ပါဘူး...."

"....."

ေရွာင္က်န့္ဟာ သက္ျပင္းအသာခ်လိဳက္ရင္း ဟယ္စုန့္နန္၏ပုခုံးကိုခပ္သာသာပုတ္လိုက္သည္။ သူ႕ပါးစပ္ကိုဖြင့္ဟလိုက္ၿပီးေနာက္ သာယာၿငိမ့္ေညာင္းသည့္ခပ္သာသာအသံေလးတစ္ခုက ကပ္ပါလာသည္။

"မင္းေဘးဖယ္ေနလိုက္တာပိုေကာင္းလိမ့္မယ္ထင္တယ္"

ဟယ္စုန့္နန္၏တတ္ႂကြေနသည့္မ်က္ႏွာေလးမွာ ခ်က္ခ်င္းညွိုးငယ္သြားသည္။

"ဒါ...ဒါေပမယ့္ ငါလည္းမင္းကိုကူခ်င္တယ္ေလ..."

"ေကာင္းၿပီ....ဒါဆို ၾကက္သြန္ခြာေပး"

စကၠန့္အနည္းငယ္ၾကာၿပီးေနာက္တြင္။

ေရွာင္က်န့္ဟာ ၾကက္သြန္ခြာေနသည့္ ဟယ္စုန့္နန္ကိုပါးစပ္အေဟာင္းသားျဖင့္ၾကည့္ေနေလသည္။ အခန္းထဲက တစ္ျခားေသာ Omega နဲ႕ Beta ေတြေတာင္ ဟယ္စုန့္နန္၏အျဖစ္ကိုၾကည့္ရင္းတစ္ခစ္ခစ္ခိုးရယ္ေနၾက၏။

လက္ထဲတြင္ၾကက္သြန္နီတစ္လုံးႏွင့္ ဓားတစ္ေခ်ာင္းကိုကိုင္ရင္း ဂ႐ုတစိုက္ ႏႊာေနသည့္ဟယ္စုန့္နန္၏ မ်က္လုံးထဲကေန မ်က္ရည္ေတြပိုးပိုးေပါက္ေပါက္စီးက်ေနသည္။ ေရတာတမံက်ိဳးသလိုမ်က္ရည္စီးေၾကာင္းႀကီးကိုၾကည့္ရင္း ေရွာင္က်န့္ဟာ သူ႕ကိုယ္သူ ဟယ္စုန့္နန္ကိုအတင္းအဓမၼ ခိုင္းေစေနသည့္လူဆိုးႀကီးလိုခံစားလိုက္ရသည္။

"ေတာင္းပန္ပါတယ္...ငါ.....ၾကက္သြန္က အရမ္းမႊန္လြန္းတယ္....ဝူး....."

ေရွာင္က်န့္ : "....."

ေနာက္ဆုံးတြင္ ေရွာင္က်န့္မွာ ဟယ္စုန့္နန္၏ၾကက္သြန္မႊန္လို႔က်တဲ့မ်က္ရည္ေတြကိုမၾကည့္ရက္နိုင္ေတာ့တာေၾကာင့္ ဝက္သားႏွပ္ကိုသူကိုယ္တိုင္ဒိုင္ခံခ်က္ဖို႔ဆုံးျဖတ္လိုက္သည္။

ေရွာင္က်န့္ရဲ႕လက္ကအရမ္းျမန္သည္။ ထိပ္တန္းအဆင့္ကြၽမ္းက်င္စားဖိုမႈးလိုမ်ိဳး အသီးအ႐ြက္ေတြကို ခပ္သာသာျဖတ္ေတာက္သြားၿပီး ဝက္သားႏွပ္ခ်က္သည့္ဟန္ပန္မွာ အရမ္းမိုက္လြန္းတာေၾကာင့္ ဆရာမ အပါအဝင္ တစ္ျခားေသာေက်ာင္းသား၊ေက်ာင္းသူေတြအားလုံးေရွာင္က်န့္နား ဝိုင္းအုံလာၾကသည္။

အသစ္အဆန္းကိုအခုမွ စတင္ျမင္ဖူးသည့္ ကေလးေတြလိုမ်ိဳး ဟယ္စုန့္နန္ ႏွင့္ တစ္ခန္းလုံးဟာ ေရွာင္က်န့္ျပဳလုပ္သမွ်အရာအားလုံးကိုမ်က္ေတာင္မခတ္တမ္းၾကည့္ေနရင္း တစ္ခ်က္တစ္ခ်က္ လက္ခုပ္ထတီးတတ္ေသးသည္။

ဝက္သားႏွပ္ကထြက္ေပၚလာသည့္အနံ႕မွာတစ္ခန္းလုံးပ်ံ့ႏွံ႕သြားၿပီးေနာက္ဆရာမ အပါအဝင္တစ္ခန္းလုံး သားရည္က်လာၾကသည္။ အခန္းထဲကOmega ေတြ၏ pheromone ကေနတစ္ဆင့္ဆာေလာင္သည့္ခံစားခ်က္ေတြမွာ မသိမသာပ်ံ့လြင့္လာသည္။ အားလုံးၿပီးစီးသြားသည့္အခါတြင္ ေရွာင္က်န့္ဟာ ဝက္သားႏွပ္ကိုပန္းကန္ထဲထည့္ရင္း အကဲျဖတ္ေပးမည့္ဆရာမဆီ ယူသြားေပးလိုက္သည္။ ဟယ္စုန့္နန္ႏွင့္ ေက်ာင္းသား၊ေက်ာင္းသူေတြ၏မ်က္လုံးအတြင္း၌ မနာလိုသည့္ခံစားခ်က္ေတြျပည့္ႏွက္သြားသည္။

မူလက အဓိကသင္ၾကားေပးသူျဖစ္ခဲ့သည့္ Beta နည္းျပဆရာမဟာ ဒီလက္ရာကိုအကဲခတ္ခြင့္ရသည့္သူမရဲ႕ကံကို ထိုင္ကန္ေတာ့ခ်င္သြားသည္။ ဆရာမတစ္ေယာက္၏ဟန္ပန္ကိုထိန္းသိမ္းလိုက္ရင္း ဝက္သားႏွပ္အတုံးေသးေသးကို တူျဖင့္ယူ၍ ပါးစပ္ထဲထည့္လိုက္သည္။ သူမမ်က္လုံးတစ္ခုလုံးျပာေဝသြားၿပီး အရသာခံဘုတစ္ခုလုံးအသက္ဝင္လာသည္ဟုေတာင္ ထင္ေယာင္ထင္မွားျဖစ္သြားမိ၏။

အခ်က္အျပဳတ္နည္းျပ ဆရာမျဖစ္သူဟာ ခ်က္ခ်င္းမ်က္ႏွာအမူအရာေျပာင္းသြားၿပီးတစ္ျခားသူေတြ သူမဆီကလုယူသြားမည္ကိုစိုးရိမ္ေနသလိုမ်ိဳး ဝက္သားတစ္တုံးၿပီးတစ္တုံးသူမပါးစပ္ထဲထိုးသိပ္ထည့္လာသည္။ ေနာက္ဆုံးေတာင့္ခံနိုင္စြမ္းမရွိေတာ့သည့္ Omega ေက်ာင္းသားတစ္ေယာက္ဟာ မေက်နပ္သည့္ေလသံျဖင့္ ထေျပာလာသည္။

"ဆရာမ တစ္ေယာက္တည္းမစားနဲ႕ေလဗ်ာ....ကြၽန္ေတာ္တို႔လဲျမည္းခ်င္တယ္လို႔!"

ေက်ာင္းသားတစ္ေယာက္၏ စတင္မႈကလူတိုင္းဆီကူးစပ္သြားၿပီး ဆူညံသည့္အသံအမ်ိဳးမ်ိဳးထြက္ေပၚလာသည္။ နည္းျပဆရာမ ကမေက်နပ္စြာေဟာက္လိုက္သည္။

"ဝက္သားႏွပ္က နည္းနည္းေလး....မင္းတို႔အမ်ားႀကီး ဘယ္လိုခြဲေဝၿပီးစားမလဲ...."

ဆရာမႏွင့္ေက်ာင္းသားေတြစကားမ်ားေနတုန္း လက္တစ္ဖက္က ဝက္သားႏွပ္ပန္းကန္နားတိုးကပ္လာသည္။ မ်က္စိလွ်င္သည့္ဆရာမက တရားခံလက္ကိုဖတ္ကနဲပိတ္ရိုက္လိုက္သည္။

"ဟမ့္....ငါ့ဝက္သားႏွပ္ကိုလာလုဖို႔မႀကိဳးစားနဲ႕!"

လက္ပိုင္ရွင္ျဖစ္သူ ဟယ္စုန့္နန္၏မ်က္ႏွာမွာငိုမဲ့မဲ့ျဖစ္သြားရွာသည္။ အျဖစ္အပ်က္အားလုံးကိုေဘးနားက ရပ္ၾကည့္ေနသည့္ေရွာင္က်န့္ဟာအနည္းငယ္ရယ္စရာေကာင္းသလိုခံစားလိုက္ရသည္။ ဝက္သားႏွပ္ေလးတစ္ပန္းကန္က ဒီေလာက္ထိျဖစ္သြားတာလား။

****************
********

ေက်ာင္းဆင္းခ်ိန္၊ အထက္တန္းေက်ာင္းအေရွ႕တည့္တည့္ သစ္ပင္ႀကီးေအာက္တြင္ ေဈးႀကီးအနက္ေရာင္ကားတစီးရပ္တန့္ထားသည္။ ေက်ာင္းဝန္းထဲကထြက္လာသည့္ေက်ာင္းသားတိုင္းလိုလို ထိုအနက္ေရာင္ကားကိုမွီၿပီးရပ္ေနသည့္ လူတစ္ေယာက္ကို ခဏခဏလွည့္မၾကည့္ပဲမေနနိုင္ပါေခ်။

ထိုသူကတိတိက်က်ေျပာရရင္ အလယ္တန္းေက်ာင္းဝတ္စုံကိုဝတ္ဆင္ထားသည့္ ၁၄၊ ၁၅ ႏွစ္အ႐ြယ္ ဆယ္ေက်ာ္သက္ေကာင္ေလးတစ္ေယာက္ျဖစ္သည္။ သူက သက္တူ႐ြယ္တူေတြထက္ သိသိသာသာအရပ္ပိုျမင့္ၿပီး အလယ္တန္းေက်ာင္းဝတ္စုံက ငယ္႐ြယ္ေပမယ့္ ၿပီးျပည့္စုံေသာခႏၶာကိုယ္ထက္တြင္ကြက္တိက်ေနသည္။

ဆယ္ေက်ာ္သက္ေကာင္ေလး၏မ်က္ဝန္းေတြမွာသူ႕ရဲ႕လက္ရွိအသက္အ႐ြယ္နဲ႕မလိုက္ဖက္စြာ ရင့္က်က္တည္ၿငိမ္လြန္းေနၿပီး အရမ္းေအးစက္လြန္းသည္။ အထူးျခားဆုံးအခ်က္ကေတာ့ သူကအရမ္းေခ်ာလြန္းေနသည္။ ငယ္႐ြယ္လြန္းေသးတာေၾကာင့္ပါးႏွစ္ဖက္မွာအနည္းငယ္ေဖာင္းေနေသးၿပီး ကေလးအဆီအနည္းငယ္ရွိေနေသးေသာ္လည္းပဲ ႀကီးလာခဲ့ရင္ဘယ္ေလာက္ေတာင္ဆြဲေဆာင္မႈရွိၿပီး ေယာက္်ား၊မိန္းမ မေ႐ြး ႐ူးသြပ္သြားနိုင္မည္မွာေသခ်ာသည္။

Omega ေတာ္ေတာ္မ်ားမ်ားက ဆယ္ေက်ာ္သက္ေကာင္ေလးကို နီရဲရဲပါးေလးေတြျဖင့္လွမ္းၾကည့္ေနၾကေသာ္လည္းပဲ အနီးသို႔မသြားရဲၾကေခ်။ ဘာေၾကာင့္ဆို ေကာင္ေလးကအရမ္းငယ္လြန္းေသးၿပီး သူ႕ခႏၶာကိုယ္တြင္ မသိမသာထုတ္လႊင့္ေနသည့္ Alpha pheromone ေတြရစ္ဝဲေန၏။ ဘယ္သူမဆို ဒီဆယ္ေက်ာ္သက္ေလးက အျပည့္အဝအ႐ြယ္မေရာက္ေသးသည့္ အင္အားႀကီး Alpha တစ္ေယာက္ဆိုတာေျပာနိုင္သည္။

ရွဲ႕ခ်ဳံရန္က ေဘးပတ္ဝန္းက်င္ကအမ်ိဳးမ်ိဳးေသာအၾကည့္ေတြကိုဂ႐ုမစိုက္ေပ။ သူ႕အေတြးထဲတြင္ ျပန္လည္ေမြးဖြားလာသည့္အေၾကာင္းကိစၥေတြသာျပည့္ႏွက္ေနသည္။

ရွဲ႕ယန္နဲ႕ ေကြ႕ထန္ယဲ့တို႔ႏွစ္ေယာက္၏လက္ခ်က္ျဖင့္ နာက်ည္းမႈအျပည့္ျဖင့္ေသဆုံးခဲ့ရၿပီးေနာက္ အေမွာင္ထဲတြင္ သူလမ္းေပ်ာက္ေနခဲ့သည္။ ႐ုတ္တရတ္ေပၚလာသည့္အလင္းတန္းမွိန္မွိန္ေလးတစ္ခုေနာက္သို႔လိုက္လာရင္း သူမ်က္လုံးျပန္ဖြင့္ခ်ိန္၌ အလယ္တန္းတတ္ခဲ့တုန္းက စာသင္ခန္းဆီျပန္ေရာက္ေနေၾကာင္းေတြ႕လိုက္ရသည္။ သူ႕ေနာက္ေက်ာကိုဓားနဲ႕ထိုးခဲ့သည့္ ေဟြ႕ထန္ယဲ့ေတာင္ သူ႕ေဘးခုံတြင္ငယ္႐ြယ္သည့္ပုံစံျဖင့္ရွိေနခဲ့၏။

ထိုတစ္ခဏ သူ႕အမုန္းတရားေတြမထိန္းနိုင္လုဆဲဆဲျဖစ္သြားေပမယ့္ ႏွစ္ေပါင္းမ်ားစြာရွင္သန္ခဲ့ၿပီးသည့္ ရွဲ႕ခ်ဳံရန္ဟာစကၠန့္ပိုင္းအတြင္းမွာတင္ ကိုယ့္ခံစားခ်က္ကိုယ္ထိန္းခ်ဳပ္လိုက္နိုင္ခဲ့သည္။ သူျပန္လည္ေမြးဖြားလာသည့္ ျဖစ္ရပ္မွန္ကိုလက္ခံဖို႔ အခ်ိန္အနည္းငယ္ေပးလိုက္ရေပမယ့္ ရွဲ႕ခ်ဳံရန္ဟာ အျငႇိုးႀကီးစြာ အၿပဳံးခပ္ေဖ်ာ့ေဖ်ာ့ေဖာ္ျပလိုက္သည္။

သူ႕မွာဒုတိယအခြင့္အေရးရွိမွေတာ့ သူငယ္ခ်င္းေကာင္းနဲ႕ခ်စ္လွစြာေသာအစ္ကိုျဖစ္သူကိုဘာေၾကာင့္လႊတ္ေပးရမွာလဲ။ သူတို႔ႏွစ္ဦးေတြ႕ဆုံမည္ကို သူတားဆီးရန္အစီအစဥ္မရွိေပ။ ျဖစ္နိုင္ရင္ျမန္ျမန္ေတြ႕ေအာင္ သူကိုယ္တိုင္စီစဥ္ေပးအုံးမည္။

ရွဲ႕ခ်ဳံရန္က ေသြးေအးစြာၿပဳံးသည္။ ထိုအခ်ိန္၌ မည္သည့္ေနရာက ေလလြင့္လာမွန္းမသိသည့္ ပန္းဆီေရာင္ႏွင္းဆီပြင့္ခ်ပ္တစ္ခ်ပ္က ရွဲ႕ခ်ဳံရန္၏ ညာဘက္မ်က္ခြံေပၚသို႔လာတင္သည္။ စိတ္ရႈပ္စြာက်စ္တစ္ခ်က္သပ္လိုက္ရင္း မ်က္ခြံေပၚက ပြင့္ခ်ပ္ကိုလက္ႏွစ္ေခ်ာင္းအသုံးျပဳ၍ ဖယ္ရွားဟန္ျပဳသည္။

ညင္သာႏူးညံ့သည့္ေလတစ္ခ်က္ေဝ့ဝဲတိုက္ခပ္သြားၿပီးေနာက္ ရွဲ႕ခ်ဳံရန္ဟာ သူဖယ္ရွားလိုက္တဲ့ပြင့္ခ်ပ္အေနာက္ကေန အခုမွေက်ာင္းထဲကထြက္လာသည့္ ပုံရိပ္ေလးတစ္ခုကိုေတြ႕လိုက္ရသည္။ ရွဲ႕ခ်ဳံရန္၏မ်က္ဆံနက္ထဲတြင္ ကမၻာႀကီးတစ္ခုလုံး၌ ထိုသူတစ္ေယာက္တည္းသာတည္ရွိေနသလိုမ်ိဳး အႏွီးေသးေသးသြယ္သြယ္ပုံရိပ္ေလးတစ္ခုသာထင္ဟပ္ေနသည္။

ညင္သာသည့္ေလေျပတစ္ခ်က္က ထိုပုံရိပ္ေလး၏ ႏူးညံ့ေပ်ာ့ေျပာင္းသည့္ ဆံႏြယ္နက္နက္ေလးေတြကိုလႈပ္ရွားသြားေစသည္။ ခပ္အုပ္အုပ္ဆံႏြယ္ေတြၾကားက ဝိုင္းစက္လွပသည့္မ်က္လုံးေလးတစ္စုံမွာ ျပာလဲ့လဲ့ေတာက္ပေန၏။ သစ္ပင္ၾကားထဲကတိုးထြက္လာသည့္ေနေရာင္အစက္အေပ်ာက္ေတြက လူငယ္ေလး၏ ျဖဴေဖြးေတာက္ပလြန္းသည့္နို႔ႏွစ္ေရာင္အသားအရည္ထက္တြင္ တင္က်န္၊ထိေတြ႕ေနသည္က ရွဲ႕ခ်ဳံရန္ကိုထူးဆန္းသည့္မနာလိုစိတ္ျပင္းျပင္း ခံစားသြားရေစသည္။

လူငယ္ေလးက လွပသည္ထက္ပိုၿပီး ၿပီးျပည့္စုံလြန္းသည္။ လူအုပ္ထဲမွာမထင္မရွားရပ္ေနရင္ေတာင္ အရာအားလုံး၏အလည္ဗဟိုသို႔ဆြဲေဆာင္နိုင္သည္အထိ အရမ္းေတာက္ပလြန္းေနသည္။ ေဘးပတ္ဝန္းက်င္က Alpha၊ Beta၊ Omega အမ်ိဳးအစားမေ႐ြး လူတိုင္းက လူငယ္၏ လွပမႈနဲ႕သန့္စင္သည့္အရွိန္အဝါတြင္ ဆြဲေဆာင္ခံလိုက္ရသလိုမ်ိဳးေငးၾကည့္ေနၾက၏။

ေရွာင္က်န့္ဟာ သူ႕ေဘးကတစ္တြတ္တြတ္စကားမ်ားေနသည့္ ဟယ္စုန့္နန္ကို ေခါင္းသာျငႇိမ့္ရင္းတုံ႕ျပန္႐ုံသာတတ္နိုင္သည္။ ဟယ္စုန့္နန္က အရမ္းစကားမ်ားလြန္းေပမယ့္ ေရွာင္က်န့္ကစိတ္ပ်က္သည္ဟုေတာ့မခံစားရေပ။ ေက်ာင္းျပင္ထြက္သည့္လမ္းတြင္ ေရွာင္က်န့္ကိုႏႈတ္ဆက္သည့္လူေတြေတာ္ေတာ္မ်ား၏။ အခ်က္အျပဳတ္ classက Omega တစ္စုက ေရွာင္က်န့္နားေလွ်ာက္လာၿပီး ေရွာင္က်န့္ကို ဟင္းခ်က္နည္းသင္ေပးဖို႔ရန္ မ်က္လုံးေလးတစ္လက္လက္ျဖင့္ေတာင္းဆိုလာသည္။

သူတို႔အားလုံး ေရွာင္က်န့္ရဲ႕ဟင္းခ်က္လက္ရာမွာဆြဲေဆာင္ခံလိုက္ရၿပီး idol တစ္ေယာက္ကိုေတြ႕ရသလိုမ်ိဳးျပဳမူလာၾကသည္။ ေရွာင္က်န့္က ခပ္ဖြဖြသာၿပဳံးရင္း ေခါင္းျငႇိမ့္တုံ႕ျပန္လိုက္ေပမယ့္ သူ႕အၿပဳံးကလွပလြန္းတာေၾကာင့္ Omega ေလးေတြမွာ မ်က္ႏွာတစ္ခုလုံးနီရဲတြတ္ကုန္ၾကသည္။

Omega ေလးေတြ ရွက္ကိုးရွက္ကန္းျဖင့္ေျပးထြက္သြားၿပီးေနာက္ ေရွာင္က်န့္ဟာ ဟယ္စုန့္နန္ႏွင့္လမ္းခြဲလိုက္ရင္း ေက်ာင္းေပါက္ဝတြင္ အိမ္ကလာႀကိဳမည့္ကားကိုရွာေဖြလိုက္သည္။ သစ္ပင္ႀကီးေအာက္က အနက္ေရာင္ကားတစ္စီးနဲ႕အတူ အေတာ္ေလးေခ်ာသည့္ အလယ္တန္းေက်ာင္းသားေလးတစ္ေယာက္က သူ႕ကိုေၾကာင္ၾကည့္ေနသည္ကို ေတြ႕လိုက္ရ၏။ ေရွာင္က်န့္ဟာ သူ႕မွတ္ဥာဏ္ေတြထဲကေနတစ္ဆင့္ ထိုသူမွာ မူလကိုယ္၏ ေသြးသားမေတာ္စပ္သည့္ညီျဖစ္သူ ရွဲ႕ခ်ဳံရန္၊ တစ္နည္းအားျဖင့္ ျပန္လည္ေမြးဖြားလာသည့္ အဓိကဇာတ္လိုက္ျဖစ္ေၾကာင္းသိလိုက္ရသည္။

ရွဲ႕ခ်ဳံရန္ဟာ တစ္ကိုယ္လုံးေတာင့္ခဲေနၿပီး ေရွာင္က်န့္ကိုမ်က္ေတာင္မခတ္တမ္းစိုက္ၾကည့္ေနဆဲပင္။ ေရွာင္က်န့္ေတာင္အနည္းငယ္ ထူးဆန္းသြားသည္။ သူ႕ကိုမုန္းလြန္းလို႔ စိတ္ထဲမွာဘယ္လိုသတ္ရင္ေကာင္းမလဲဆိုၿပီး အေတြးမ်ားေနတာမ်ားလား။

ေရွာင္က်န့္ သူ႕ေခါင္းထဲကအေတြးေတြကိုခ်က္ခ်င္းဖယ္ထုတ္လိုက္သည္။ ရွဲ႕ခ်ဳံရန္မွာဒီလိုအေတြးမ်ိဳးရွိေနရင္ေတာင္ ထူးမွမထူးဆန္းတာ။ တစ္ဖက္လူေနရာမွာခံစားခဲ့ရတဲ့လူက သူသာဆိုရင္လည္း ဒီ့ထက္ပိုၿပီး လက္စားေခ်စိတ္နဲ႕မုန္းတီးမႈ ပိုမိုျပင္းထန္ေနေပလိမ့္မည္။

ရွဲ႕ခ်ဳံရန္က အသက္၁၄ႏွစ္သာရွိေသးေပမယ့္ အသက္၁၇ႏွစ္အ႐ြယ္ ရွဲ႕ယန္ထက္ အနည္းငယ္ပို၍အရပ္ျမင့္သည္။ ေရွာင္က်န့္ဟာ ရွဲ႕ခ်ဳံရန္ေရွ႕မတ္တပ္သြားရပ္လိုက္ၿပီးေနာက္ သူ႕ကိုမ်က္ေတာင္မခတ္တမ္းအိပ္မက္လြင့္သလို ျပဴးေၾကာင္ေၾကာင္စိုက္ၾကည့္ေနသည့္ ဇာတ္လိုက္အား သူ႕ရဲ႕ျပာလဲ့လဲ့မ်က္လုံးေလးေတြကိုခ်စ္စဖြယ္ေကာင္းစြာျပဴးက်ယ္ျပ၍ ေခါင္းေလးေစာင္းျပလိုက္သည္။

ရွဲ႕ခ်ဳံရန္၏မ်က္လုံးထဲတြင္ ေရွာင္က်န့္ရဲ႕လည္ပင္းသားျဖဴျဖဴေလးတစ္ဖက္ကို ထင္းကနဲျမင္လိုက္ရ၏။ ဇာတ္လိုက္၏အာဒံပန္းသီးမွာအထက္ေအာက္ ေ႐ြ႕လ်ားသြားၿပီး ရဲတြတ္လာသည့္မ်က္ႏွာကို လက္ဖဝါးႏွစ္ဖက္ျဖင့္ အုပ္ကာလိုက္မိသည္။ ရွဲ႕ခ်ဳံရန္၏ ရင္ဘတ္တစ္ခုလုံးမွာ ထိန္းခ်ဳပ္မရေအာင္ ဝုန္းဒိုင္းႀကဲခုန္ေပါက္လာသည္။

ေရွာင္က်န့္ေခါင္းေသးေသးေလးထက္တြင္ ????အတန္းလိုက္ေပၚေပါက္လာခဲ့သည္။ ဒီဇာတ္လိုက္က သူ႕မ်က္ႏွာကိုလုံးဝမျမင္ခ်င္နိုင္ေလကာ္ေအာင္မုန္းတီးေနတာလား။ ေကာင္းၿပီေလ။ မင္းမျမင္ခ်င္မွေတာ့ ငါကအနီးကပ္ပိုၿပီးျပေပး႐ုံေပါ့။

ဇာတ္လိုက္ကို႐ြဲ႕ခ်င္စိတ္မ်ားေနသည့္ ေရွာင္က်န့္ဟာ သူ႕ရဲ႕ျပာလဲ့လဲ့မ်က္လုံးေလးေတြကိုပိုမိုျပဴးက်ယ္ျပလိုက္ၿပီး သူ႕မ်က္ႏွာကို ရွဲ႕ခ်ဳံရန္၏မ်က္ႏွာနားသို႔ပိုမိုတိုးကပ္ျပလိုက္သည္။

ရွဲ႕ခ်ဳံရန္၏ လက္ဖဝါးေတြမွာစိတ္လႈပ္ရွားမႈေၾကာင့္ တစ္ဆတ္ဆတ္တုန္ခါလာၿပီး သူ႕ႏွာေခါင္းထဲသို႔ ေရွာင္က်န့္ခႏၶာကိုယ္ကထြက္ေပၚလာသည့္ စြဲမက္စရာ အနံ႕သင္းသင္းေလးကတိုးဝင္လာ၏။ ဒါက Omega pheromone နံ႕ျဖစ္မွန္း သူသိလိုက္သည္။ ေရွာင္က်န့္ေၾကာင့္ ႐ူးသြပ္လုမတတ္စိတ္လႈပ္ရွားေနသည့္ ရွဲ႕ခ်ဳံရန္ဟာ မူလကိုယ္၏ pheromone ရနံ႕ႏွင့္ ေရွာင္က်န့္ရဲ႕ pheromone ရနံ႕မွာ ကြာျခားေနမွန္းသတိမထားမိလိုက္ေပ။

ရွဲ႕ခ်ဳံရန္ဟာ အေနာက္သို႔ေျခတစ္လွမ္းဆုတ္လိုက္ၿပီး လက္ေခ်ာင္းေတြၾကားထဲကေန ေရွာင္က်န့္မ်က္ႏွာေလးကိုခိုးၾကည့္လာသည္။ ၿပီးေနာက္ အသံတိုးတိုးေလးထြက္လာ၏။

"ေကာ...ေကာ....."

ေရွာင္က်န့္ဟာ ဇာတ္လိုက္ကိုစိတ္တိုင္းက်ရန္စၿပီးသြားၿပီးေနာက္ ေက်နပ္စြာ ၿပဳံးလိုက္ၿပီး ပုခုံးကိုခပ္သာသာပုတ္ရင္းေျပာလိုက္သည္။

"ေကာကိုေစာင့္ေနတာမဟုတ္လား....ကားထဲဝင္ရေအာင္ေလ"

ေရွာင္က်န့္က အရင္ဦးစြာ ကားထဲဝင္ထိုင္လိုက္သည္။ ကားျပင္တြင္က်န္ခဲ့သည့္ ရွဲ႕ခ်ဳံရန္ဟာ အခုန္ျမန္လြန္းသည့္ရင္ဘတ္ကိုတင္းတင္းၾကပ္ၾကပ္ဖိထားရင္း ေရွာင္က်န့္ရဲ႕ေက်နပ္ၿပဳံးေသးေသးေလးက သူ႕မ်က္လုံးထဲတြင္ စြဲက်န္ရစ္ေနခဲ့သည္။ သူ႕ရင္ဘတ္တစ္ခုလုံးေျပာမျပတတ္နိုင္ေလာက္သည့္ ယားယံမႈတစ္ရပ္ကိုခံစားလိုက္ရသည္။ သူ႕ဘဝမွာပထမဦးဆုံးအႀကိမ္အျဖစ္ သူ႕အစ္ကိုရွဲ႕ယန္က ေဖာ္ျပမတတ္နိုင္ေလာက္ေအာင္လွပလြန္းသည္ဟု ခံစားလိုက္ရသည္။ ၎ကို ယခုခ်ိန္ထိ အခုန္ျမန္ေနေသးသည့္ သူ႕ဘယ္ဘက္ရင္ဘတ္ျခမ္းထဲက ႏွလုံးသားတစ္စုံမွာ သက္ေသျပေနခဲ့၏။

________________________________________________________

Continue Reading

You'll Also Like

4.7M 525K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
33.8K 4.2K 19
All the little things. ©® Helen_Fighter_Hnin Edits are mine unless stated otherwise. Some drabbles are inspired by random prompts from other social m...
291K 7.3K 75
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
42.6K 4.2K 25
[ host လုပ်ရမှာက တာဝန်ထမ်းဆောင်တဲ့ ကမ္ဘာက ဇာတ်လိုက်မ ကံကြမ္မာကို ခိုးယူပြီး host က ဇာတ်လိုက်မဖြစ်ဖို့ပဲ.. ] ' ဒါကြီးက ခက်နေသလားလို့ ' [ ကျနော် ကူညီမှ...