နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

By Lazy_Little_Meow

190K 18.4K 941

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... More

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [74.1]

1.1K 125 4
By Lazy_Little_Meow

[Unicode]

Translated by Melinoe_Megami

အခန်း - (၇၄/၁)

S မြို့တော်သို့ လေကြောင်းခရီးဖြင့် အချိန်ခဏသာ ကြာ၏။ S မြို့တော်၏ လေဆိပ်သို့ ရောက်သည်နှင့် ‘Tomato Station’ မှ ဝန်ထမ်းတစ်ယောက် လာကြိုပေးသည်။

‘Joyous Gathering’ သည် ‘Tomato Station’ ၏ နာမည်အကြီးဆုံး Variety Show ဖြစ်သည်။ ထို Show သည် ထိပ်တန်းသရုပ်ဆောင်များ၊ အနားယူသွားသော ပုဂ္ဂိုလ်ကြီးများ၊ နာမည်ကျော် Variety Show များပင် မဖိတ်ကြားနိုင်သော အနုပညာရှင်များကို အမြဲတစေ ဖိတ်ကြားနိုင်သဖြင့် ပရိသတ်များ အံ့ဩခဲ့ရသည်ချည်း။ ‘Tomato Station’ သည် ထိုသို့သော လူသိများထင်ရှားသည့် ဧည့်သည်တော်များကို ဖိတ်ခေါ်နိုင်စွမ်း ရှိပေသည်။

(TN : ‘Joyous Gathering’ က ‘ပျော်ရွှယ်ဖွယ်ရာ တွေ့ဆုံပွဲ’လို့ အဓိပ္ပါယ်ရပါတယ်။ ‘Tomato Station’ ကတော့ ‘ခရမ်းချဉ်သီး ရုပ်သံဌာန’ ပေါ့။ Variety Show က ရသစုံလင်ရှိုးလို့ပဲ ပြောရမလား။ အတော်များများက TV အစီအစဉ်တွေနဲ့ ရင်းနှီးပြီးသားဆိုတော့ မြန်မာလိုပြန်ရင် စိမ်းသက်နေလို့ ‘Eng’ လိုပဲ ရေးပေးထားပါတယ်နော်။)

‘The Unrivalled 2’ ၏ အဓိကဇာတ်လိုက်နှစ်ဦးသည် ကမ္ဘာကျော်သရုပ်ဆောင်များ ဖြစ်သည့်အားလျော်စွာ ပရိသတ်အင်အား ကြီးမား၏။ ထို့ကြောင့် ရုပ်သံဌာန၏ ဝန်ထမ်းသည် အတော်လေး အလေးထားကာ ကြိုဆိုပေးခဲ့သည်။

“ဒါရိုက်တာ.. ‘The Unrivalled 2’ ကို သွားကြိုတဲ့ ကျုပ်တို့ဝန်ထမ်း ပြောတာတော့ ချန်းရှီကွေ့ပါ ပါလာတယ်တဲ့..”

Show ၏ ပရိုဂျူဆာက သတင်းရရချင်း ဒါရိုက်တာထံ ချက်ချင်း ဖုန်းဆက်တော့သည်။ တိုက်ဆိုင်စွာဖြင့် ‘Joyous Gathering’၏ အဓိကစပွန်ဆာသည် ချန်းလုပ်ငန်းစုအောက်မှ လုပ်ငန်းခွဲတစ်ခု ဖြစ်နေသည်။ သို့ဖြစ်ရာ သရုပ်ဆောင်များနှင့်အတူ ချန်းရှီကွေ့ လိုက်ပါလာကြောင်း သတင်းကြားလိုက်သည်နှင့် ဒါရိုက်တာလည်း ရှော့ရသွားခဲ့သည်။ “ဘာလို့ လိုက်လာတာလဲ..?”

ထိုသို့ပြောပြီးမှ မလုံမလဲ ပြုံးလိုက်ရင်း သူ့မေးခွန်းသူ ပြန်ဖြေလိုက်သည်။ “ကြည့်ရတာ နဉ်ရှီကို တကယ်ချစ်တဲ့ပုံပဲ..”

အနုပညာလောကတွင် ‘သမီးရည်းစားဆက်ဆံရေး’ အမျိုးအစားများစွာ ရှိပေ၏။ ‘ဒီနေ့တွဲပြီး နောက်နေ့ပြတ်မလား၊ ဒီနေ့တင် မိန်းကလေးဘက်က နောက်တစ်ယောက် ပြောင်းကြိုက်မလား၊ နောက်တစ်ရက်ဆို ကောင်လေးက ကောင်မလေးအပေါ် ဖောက်ပြန်မှာလား၊’ စသည်ဖြင့် အချိန်နှင့်တပြေးညီ အတင်းအဖျင်းများစွာ ပေါ်ထွက်နေတတ်ပြီး ပွဲကြည့်ပရိသတ်များကို အဖွဲ့ကွဲအောင်၊ တစ်ဖက်နှင့်တစ်ဖက် အငြင်းပွားကြအောင် ဖန်တီးနေလေသည်။ အဆုံးမှာတော့ အဓိကဇာတ်လိုက်နှစ်ဦးက အတင်းအဖျင်းများကြား ပရိသတ်တိုးပြီး နာမည်ကျော်ကြားလာကာ ကြော်ငြာများ၊ ရုပ်ရှင်များမှ ကမ်းလှမ်းခံရတော့သည်။

ထို့ကြောင့် နဉ်ရှီနှင့် ချန်းရှီကွေ့တို့ တွဲနေကြောင်း သတင်းထွက်လာသောအခါ ဒါရိုက်တာက အတည်မထင်ဘဲ အနှေးနှင့်အမြန် ပြတ်ကြမှာပဲဟု တွေးထင်နေခဲ့သည်။

သို့သော် လက်ရှိအခြေအနေက သူထင်ထားသလိုမဟုတ်ဘဲ နဉ်ရှီအပေါ် ချန်းရှီကွေ့၏ ခံစားချက်က…..

‘ဒါတောင် အချစ်မဟုတ်သေးရင် ကမ္ဘာပေါ်မှာ အချစ်စစ်ဆိုတာ လုံးဝရှားပါးသွားပြီ..’ ဟူ၍သာ ပြောနိုင်တော့သည်။

“ရုပ်သံဌာနကို ရောက်လာပြီလား..?” ဒါရိုက်တာက အပေါ်ထပ်ဝတ်ကာ ဖုန်းထဲမှ ပရိုဂျူဆာကို လှမ်းပြောလိုက်သည်။ “ဝန်ထမ်းတွေ သူ့ကို ကောင်းကောင်း ကြိုဆိုထားရဲ့လားမသိဘူး.. ကျုပ် အောက်ဆင်းကြည့်ဦးမှပဲ..”

ချန်းရှီကွေ့ ယခုလိုရောက်လာရန် အလွန်ခဲယဉ်းသည်လေ။

ဖုန်းချပြီးနောက် သူက တိုင်ကပ်နာရီကို လှမ်းကြည့်လိုက်သည်။ လက်ရှိအချိန်ကား 5:30 PM… သူတို့အတွက် တစ်ခုခုစားရန် ဦးစွာစီစဉ်ပေးသင့်သည့် အချိန်ပင်။ ဒါရိုက်တာက ထိုသို့တွေးလိုက်ရင်း သူ၏ လက်ထောက်ကို ဟိုတယ်တစ်ခု၌ ညစာ စီစဉ်ခိုင်းလိုက်သည်။ ပြီးနောက် ‘The Unrivalled 2’ သရုပ်ဆောင်များကို သွားကြိုနေသည့် ဝန်ထမ်းအား ဆက်သွယ်ကာ ဟိုတယ်သို့ ပို့ဆောင်စေလိုက်သည်။

နဉ်ရှီသည် S မြို့တော်သို့ အကြိမ်အနည်းငယ်သာ ရောက်ဖူး၏။ အလုပ်ကိစ္စကြောင့် ရောက်လာသည်မှလွဲ၍ ဤသို့ ပျားပန်းခတ်မျှ စည်ကားလွန်းသော မြို့ကြီးကို မလည်ပတ်ဖူးပေ။

“မစ်နဉ်.. မစ္စတာချန်း.. အဖွဲ့က  ညစာစားဖို့ နေရာစီစဉ်ပေးထားပါတယ်.. အဆင်ပြေမယ်ဆိုရင် ရိုက်ကူးရေးမစခင် ညစာအရင်စားနှင့်မလား..?” ဒါရိုက်တာဘေးတွင် ထိုင်နေသည့် ဝန်ထမ်းက ဖော်ရွေပျူငှာသည့် အပြုံးဖြင့် နဉ်ရှီ၊ ချန်းရှီကွေ့နှင့် ကျန်းချင်းယွင်တို့ကို လှည့်ကြည့်လာသည်။

ချန်းရှီကွေ့က နဉ်ရှီကိုသာ လှည့်ကြည့်လိုက်ပြီး ဘာမှမပြောခဲ့ပေ။ နဉ်ရှီက အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်ကာ.. “အဲ့တာဆိုရင် ရှင်တို့ကိုပဲ အလုပ်ရှုပ်ရတော့မှာပေါ့..”

လွန်ခဲ့သည်နှစ်က နဉ်ရှီသည် ‘Tomato Station’ ၏ တခြားအစီအစဉ်အတွက် ရောက်လာခဲ့ဖူး၏။ ထိုစဉ်က ယခုလိုမျိုး မဟုတ်ခဲ့ပေ။ အတော်လေး ကသိုက်ကရိုက် နိုင်ခဲ့သည်။ ထမင်းကို တစ်လုပ်နှစ်လုပ်သာ အမြန်စားခဲ့ရပြီး နာမည်ကြီးသရုပ်ဆောင် ရောက်လာသည်နှင့် ဝန်ထမ်းများက နဉ်ရှီကို ချက်ချင်းဆွဲခေါ်ကာ မိတ်ကပ်ပြင်ပေးသည်။ ထို့နောက် ရိုက်ကွင်းနေရာသို့ တန်းသွားခဲ့ရသည်။

သို့သော် နဉ်ရှီ မအံ့ဩမိပေ။ ဤကား အနုပညာလောက၏ လုပ်ရိုးလုပ်စဉ်မျှသာ ဖြစ်သည်။ သူမ၏ အဆင့်အတန်း မြင့်မားလာလေ၊ ကောင်းကောင်း ဆက်ဆံခံရလေပင်။ ဝန်ထမ်းများကိုလည်း အပြစ်တင်၍မရ။ သူတို့ကိုယ်တိုင်လည်း ကူကယ်ရာမဲ့နေလိမ့်မည်။

စီစဉ်ထားသော ဟင်းလျာများသည် ဧည့်သည်များ၏ ခံတွင်းနှင့် ကိုက်ညီအောင် စီစဉ်ထားပုံရ၏။ သာမာန်ဆန်ကာ ရိုးရှင်းသည်။ နဉ်ရှီလည်း စားချင်စိတ်သိပ်မရှိသဖြင့် တစ်လုပ်နှစ်လုပ်စားပြီးနောက် တူပြန်ချထားလိုက်သည်။

ချန်းရှီကွေ့က ဤသည်ကို သတိထားမိသွားပြီး ပန်းသီးဖျော်ရည်တစ်ခွက် ကမ်းပေးကာ ခပ်တိုးတိုးလေး ပြောလာသည်။ “နည်းနည်း စားထားနှင့်နော်.. အလုပ်ပြီးမှ တခြားတစ်ခုခု သွားစားကြမယ်..”

ဒါရိုက်တာက နဉ်ရှီ သိပ်မစားတာကို သတိထားမိသွားပြီး စိုးရိမ်တကြီးလေသံဖြင့် ကပျာကယာ မေးလာသည်။ “မစ်နဉ် စားလို့အဆင်ပြေရဲ့လား..? ခံတွင်းမတွေ့ဘူးလား..?”

“သူ(မ) ဒီနေ့ အအေးနည်းနည်းမိသွားလို့ပါ.. အဲ့တာကြောင့် ကျုပ် တကူးတက လိုက်လာခဲ့တာ..” ချန်းရှီကွေ့က နဉ်ရှီ၏ ထမင်းပန်းကန်ထဲသို့ မျှစ်ဆားစိမ်တစ်ပိုင်း ထည့်ပေးလိုက်သည်။ ပြီးနောက် ဒါရိုက်တာဘက်လှည့်ကာ အားတုံ့အားနာ ပြုံးပြလိုက်သည်။

“အဆင်ပြေပါတယ်..” နဉ်ရှီက ဒါရိုက်တာကို ပြုံးပြလိုက်ရင်း.. “အိမ်က ထွက်မလာခင် ဆေးသောက်ခဲ့တယ်.. အခု အတော်လေး သက်သာနေပါပြီ..”

Show ၏ စံချိန်စံညွှန်းနှင့် ကိုက်ညီစေရန်အလို့ငှာ နဉ်ရှီသည် မိတ်ကပ်လိမ်းပြီး သူမ၏ တာဝန်ကို လုပ်ဆောင်ရပေဦးမည်။ သူမသာ ယခုအချိန် အနားယူလိုက်လျှင် ရိုက်ကူးနေစဉ်အတွင်း အစီအစဉ်မှူးများ အခက်အခဲ ကြုံရလိမ့်မည်။

ဟင်းလျာများက နဉ်ရှီအကြိုက် မဟုတ်သော်လည်း တခြားသော အဖွဲ့သားများကတော့ ခံတွင်းတွေ့ဟန်တူ၏။ Juliana ပင် Diet လုပ်ရမှန်း မေ့သွားပြီး အားပါးတရ စားသောက်ခဲ့သည်။ အားလုံး စားသောက်ပြီးနောက် Juliana က နဉ်ရှီကို နောင်တရဟန်ဖြင့် လှည့်ကြည့်ကာ..

“ဒါတွေအားလုံး ဒီဟင်းတွေကြောင့်.. တရုတ်အစားအစာတွေက အရမ်းကောင်းလွန်းလို့ စားမိသွားတာ..”

နဉ်ရှီက ပခုံးတွန့်လိုက်ရင်း.. “ငါတို့နိုင်ငံရဲ့ အစားအသောက်တွေကို ချီးမွမ်းတယ်လို့ပဲ သဘောထားလိုက်ပါ့မယ်..”

“ပြီးရော..” Juliana က ဗိုက်ကို ပွတ်လိုက်ရင်း.. “အစားအသောက်ရှေ့ဆို ဘယ်သူမှ အိန္ဒြေမဆည်နိုင်ကြဘူးလေ..”

‘Joyous Gathering’ ၏ ဝန်ထမ်းများသည် နဉ်ရှီနှင့် Juliana ကြားမှ ဆက်ဆံရေးကို အကဲခတ်နေကြသဖြင့် ချက်ချင်းဆိုသလို သတင်းထောက်များ မှန်ကန်ကြောင်း နားလည်လိုက်ကြသည်။ နဉ်ရှီက ‘The Unrivalled 2’ ရုပ်ရှင်အဖွဲ့သားများနှင့် တကယ့်ကို ဆက်ဆံရေးကောင်းသည်။

သူတို့ ရိုက်ကွင်းသို့ ပြန်ရောက်သွားချိန်တွင် စီစဉ်စရာရှိတာအားလုံး စီစဉ်ပြီးပြီဖြစ်၏။ သို့နှင့် ရိုက်ကူးရေးကို တရားဝင် စတင်ခဲ့ချေပြီ။

ချန်းရှီကွေ့က စင်အောက်တွင် ထိုင်နေခဲ့သည်။ တိုက်ဆိုင်စွာဖြင့် သူ့အနောက်မှာ ထိုင်နေသူများသည် နဉ်ရှီ၏ ပရိသတ်များဖြစ်ပြီး နဉ်ရှီနာမည်ပါသော မီးလင်းသည့် ဘန်နာများကို ကိုင်ထားကြသည်။ ထုံစံအတိုင်း စင်အောက်ပိုင်းကို အလင်းမှိန်ထားသဖြင့် ‘နတ်ဘုရားမဖန်’များသည် ချန်းရှီကွေ့ကို ရုတ်တရက် သတိမပြုမိကြချေ။ စင်ပေါ်ကိုသာ အာရုံစိုက်ထားကြလေသည်။

သူ့ပတ်ပတ်လည်မှ ပရိသတ်အားလုံး နဉ်ရှီကို ချီးမွမ်းနေကြသဖြင့် ချန်းရှီကွေ့လည်း မတတ်နိုင်စွာ နောက်လှည့်ကြည့်မိလိုက်သည်။ ပရိသတ်အများစုက မိန်းကလေးများ ဖြစ်သော်ငြား နဉ်ရှီကို ကြည့်နေသော သူတို့၏ အကြည့်များသည် ကောင်ချောလေးကို ကြည့်နေချိန်ထက် ပိုမိုတောက်ပနေကြလေ၏။

ချန်းရှီကွေ့မှာ စိတ်ရှုပ်ထွေးသွားရသည်။

“ရှင်လည်း နတ်ဘုရားမရဲ့ ပရိသတ်ပဲလား..?” မိန်းကလေးတစ်ဦးက ဘာပစ္စည်းမှ မယူလာသော သူ့ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

ဒီလို ပရော်ဖက်ရှင်နယ်မဆန်တဲ့ ပရိတ်သတ်များလည်း ရှိနေသေးပါလား။ နတ်ဘုရားမလေးကို လူကိုယ်တိုင် မြင်နိုင်ဖို့ဆိုတာ ဘယ်လောက်ခက်ခဲလိုက်သလဲ၊ အဲ့တာကို လက်ဗလာနဲ့ ရောက်လာသတဲ့..?!

ချန်းရှီကွေ့က မိန်းမငယ်လေး၏ မျက်ဝန်းထဲမှ အထင်သေးမှုကို မြင်လိုက်ရသော်လည်း ခေါင်းညိတ်ပြလိုက်သည်။

“အနုပညာရှင်နောက် လိုက်ဖူးတာ ဒါပထမဆုံးအကြိမ်လား..?” မိန်းကလေးက ထပ်မေးလာသည်။

ချန်းရှီကွေ့က ထပ်မံခေါင်းညိတ်ပြလိုက်သည်။

အနောက်တိုင်းဝတ်စုံနဲ့ဆိုမှတော့ ဖန်ပစ္စည်းတွေ မယူလာတာ မထူးဆန်းတော့ပါဘူး..!

မိန်းမငယ်လေးက အနောက်တိုင်းဝတ်စုံ ဝတ်ထားသော သူ့ကို ကြည့်ပြီး သဘောပေါက်သွားဟန်ဖြင့် သူမ၏ အိတ်ထဲကို ရှာဖွေနေတော့သည်။ ပြီးနောက် အသည်းပုံ Lightstick တစ်ခု ထုတ်ယူကာ ချန်းရှီကွေ့ထံ ကမ်းပေးလာသည်။

“ဒီတစ်ခေါက် ကျွန်မတို့ နတ်ဘုရားမရဲ့ ပရိသတ်တွေက နည်းနည်းလေးရှိတာ.. ကျန်တဲ့လူတွေအားလုံးက Hart နဲ့ Juliana ရဲ့ ပရိသတ်တွေချည်းပဲ.. ခဏနေလို့ နတ်ဘုရားမလေး စကားပြောရင် တတ်နိုင်သမျှ အကျယ်ဆုံး လက်ခုပ်တီးဖို့ မမေ့ရဘူးနော်.. ကျွန်မတို့ နတ်ဘုရားမလေးမှာ  အမာခံပရိသတ်တွေ ဘယ်လောက်များကြောင်း တခြားလူတွေကို ပြသနိုင်ရမယ်.. မဟုတ်ရင် Show ကို ထုတ်လွှင့်တဲ့အခါ နတ်ဘုရားမလေးမှာ ပရိသတ်နည်းနည်းပဲ ရှိတယ်ဆိုပြီး တခြား fandom တွေ လှောင်ပြောင်ကြလိမ့်မယ်.. သိတယ်မလား..?”

အနုပညာရှင်တစ်ဦး၏ ပရိသတ်ဖြစ်ရတာ ဘယ်လောက်ခက်ခဲမှန်း ချန်းရှီကွေ့တစ်ယောက် ပထမဦးဆုံးအကြိမ် နားလည်သွားချေပြီ။ သို့နှင့် သူ့ဘေးနားမှ မိန်းကလေးများ၏ တက်ကြွနေဟန်ကိုကြည့်ပြီး သူလည်း နောက်တစ်ကြိမ် ခေါင်းညိတ်ပြလိုက်သည်။

ပွဲကျင်းပသည့် နေရာတစ်ခုလုံး အော်ဟစ်သံများ ဆူညံနေလျှင် TV ဖန်သားပြင်မှ ကြည့်ရှုသူများသည် ပရိသတ်များကို မနေတတ်မထိုင်တတ်လိုက်တာဟု ပြောဆိုကြပေလိမ့်မည်။ သို့သော် လက်ခုပ်သံညံနေလျှင်တော့ အပြစ်မဆိုနိုင်ပေ။ ထို့ကြောင့် နဉ်ရှီ မိတ်ဆက်ပြီးသည်နှင့် နတ်ဘုရားမဖန်များလည်း အကျယ်ဆုံး လက်ခုပ်တီးပြီး တခြား Fandom များကို ကြွားဝါတော့သည်။

“ကြည့်ရှုနေတဲ့ ပရိသတ်တွေအားလုံး စိတ်အားထက်သန်နေကြတာပဲ..” အစီအစဉ်မှူးက ထိုသို့ပြောပြီးနောက် ကင်မရာမန်းသည် ပရိသတ်များဘက်သို့ ကင်မရာလှည့်ပြလိုက်၏။ နတ်ဘုရားမဖန်များ ထိုင်နေသည့် နေရာတဝိုက်ကို အတော်ကြာအောင် ပြသထားခဲ့သည်။

နဉ်ရှီက ပရိသတ်များကို ဦးညွှတ်လိုက်ရင်း အကျယ်ဆုံး လက်ခုပ်တီးသည့်ဘက်သို့ လှည့်ကြည့်ကာ.. “အားလုံးကို ကျေးဇူးတင်ပါတယ်..”

“နတ်ဘုရားမလေး..! ကျွန်မကို လက်ထပ်ပါ..! နတ်ဘုရားမလေးအတွက် မျောက်လေးတွေ မွေးပေးချင်တယ်လို့..!”

“နတ်ဘုရားမလေး..! ကျွန်မက ရှင့်ရဲ့ ဇနီးပရိသတ်နော်.. နတ်ဘုရားမလေးကို ချစ်တယ်.. အားးးးးး!”

ပရိသတ်များ တက်ကြွလာကြတော့၏။ သူတို့သာ ကိုယ့်ကိုယ်ကို မထိန်းချုပ်ထားလျှင် စင်ပေါ်ပြေးတက်ပြီး နဉ်ရှီကို ပွေ့ဖက်မိမှာ စိုးရသည်။ စိတ်အားထက်သန်နေသော ပရိသတ်များကြား ချန်းရှီကွေ့မှာ သူ၏ ခံစားချက်ကိုပင် မဖော်ပြနိုင်တော့ချေ။ အစီအစဉ်မှူးနှင့် ဧည့်သည်တော်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆက်သွယ်ပေးနေသော နဉ်ရှီကို ကြည့်ပြီး သူ၏ နှုတ်ခမ်းထောင့်၌ အပြုံးလေးတစ်ခု ထင်ဟပ်လာခဲ့သည်။

မျောက်ကလေးတွေ မွေးပေးချင်သော ပရိသတ်များနှင့် ဇနီးပရိသတ်များကြား သူက နဉ်ရှီ၏ ချစ်သူကောင်လေးစစ်စစ် ဖြစ်နေသည်လေ။ ချန်းရှီကွေ့တစ်ယောက် ရုတ်တရက် ပြောမပြတတ်အောင် ဂုဏ်ဆာလာမိသည်။ သို့သော် အမြဲတစေ မျက်နှာတည်နေသဖြင့် သူ၏ အတွင်းစိတ်ထဲမှ ရွှင်မြူးနေမှုကို မည်သူမျှ မမြင်ခဲ့ပါချေ။

ရိုက်ကူးရေးပြီးဆုံးခါနီးအချိန် အစီအစဉ်မှူးက ရုတ်တရက် ပြောလာသည်။ “တကယ်တော့ ဒီနေ့ တခြားနာမည်ကြီးပုဂ္ဂိုလ်တစ်ဦးလည်း ကျွန်တော်တို့နဲ့အတူ ရှိနေပါတယ်.. သူဘယ်သူလဲ ခန့်မှန်းကြည့်ကြပါဦး..?”

ပရိသတ်အားလုံး အကျပ်ရိုက်ကုန်သည်။

ဒီနေ့ အထူးဧည့်သည်တော်တစ်ဦး ရောက်နေတာများလား..?

“ကြည့်ရတာ ဘယ်သူမှ မခန့်မှန်းနိုင်ပုံပဲ..” အစီအစဉ်မှူးက ပရိသတ်များ၏ တုံ့ပြန်ပုံကို အကဲခတ်ရင်း.. “ဒီနေ့ နဉ်ရှီ အဆင်ပြေပြေနဲ့ တင်ဆက်နေတာကို လူတိုင်း မြင်ကြမှာပါ.. ဒါပေမဲ့ တကယ်တော့….. နဉ်ရှီ နေမကောင်းပါဘူး.. အဲ့တာကြောင့် တစ်စုံတစ်ယောက်က သူ(မ)အတွက် စိုးရိမ်ပြီး ဒီနေ့ရိုက်ကွင်းအထိ တကူးတက လိုက်လာခဲ့ပါတယ်တဲ့.. ကဲ.. ဘယ်သူလဲဆိုတာ ခန့်မှန်းမိကြပြီလား..?”

ရုတ်တရက် လူအုပ်ကြီးထံမှ တစ်ခဲနက် အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့၏။ ထိုအထဲတွင် Juliana နှင့် Hart ၏ ပရိသတ်များပါ ပါဝင်နေခဲ့သည်။

………………………………………………………

[Zawgyi]

Translated by Melinoe_Megami

အခန္း - (၇၄/၁)

S ၿမိဳ႔ေတာ္သို႔ ေလေၾကာင္းခရီးျဖင့္ အခ်ိန္ခဏသာ ၾကာ၏။ S ၿမိဳ႔ေတာ္၏ ေလဆိပ္သို႔ ေရာက္သည္ႏွင့္ ‘Tomato Station’ မွ ဝန္ထမ္းတစ္ေယာက္ လာႀကိဳေပးသည္။

‘Joyous Gathering’ သည္ ‘Tomato Station’ ၏ နာမည္အႀကီးဆံုး Variety Show ျဖစ္သည္။ ထို Show သည္ ထိပ္တန္းသရုပ္ေဆာင္မ်ား၊ အနားယူသြားေသာ ပုဂၢိုလ္ႀကီးမ်ား၊ နာမည္ေက်ာ္ Variety Show မ်ားပင္ မဖိတ္ၾကားႏိုင္ေသာ အႏုပညာရွင္မ်ားကို အၿမဲတေစ ဖိတ္ၾကားႏိုင္သျဖင့္ ပရိသတ္မ်ား အံ့ဩခဲ့ရသည္ခ်ည္း။ ‘Tomato Station’ သည္ ထိုသို႔ေသာ လူသိမ်ားထင္ရွားသၫ့္ ဧၫ့္သည္ေတာ္မ်ားကို ဖိတ္ေခၚႏိုင္စြမ္း ရိွေပသည္။

(TN : ‘Joyous Gathering’ က ‘ေပ်ာ္ရႊယ္ဖြယ္ရာ ေတြ့ဆံုပြဲ’လို႔ အဓိပၸါယ္ရပါတယ္။ ‘Tomato Station’ ကေတာ့ ‘ခရမ္းခ်ဉ္သီး ရုပ္သံဌာန’ ေပါ့။ Variety Show က ရသစံုလင္ရိႈးလို႔ပဲ ေျပာရမလား။ အေတာ္မ်ားမ်ားက TV အစီအစဉ္ေတြနဲ႔ ရင္းႏွီးၿပီးသားဆိုေတာ့ ျမန္မာလိုျပန္ရင္ စိမ္းသက္ေနလို႔ ‘Eng’ လိုပဲ ေရးေပးထားပါတယ္ေနာ္။)

‘The Unrivalled 2’ ၏ အဓိကဇာတ္လိုက္ႏွစ္ဦးသည္ ကမ႓ာေက်ာ္သရုပ္ေဆာင္မ်ား ျဖစ္သၫ့္အားေလ်ာ္စြာ ပရိသတ္အင္အား ႀကီးမား၏။ ထို႔ေၾကာင့္ ရုပ္သံဌာန၏ ဝန္ထမ္းသည္ အေတာ္ေလး အေလးထားကာ ႀကိဳဆိုေပးခဲ့သည္။

“ဒါရိုက္တာ.. ‘The Unrivalled 2’ ကို သြားႀကိဳတဲ့ က်ဳပ္တို႔ဝန္ထမ္း ေျပာတာေတာ့ ခ်န္းရွီေကြ့ပါ ပါလာတယ္တဲ့..”

Show ၏ ပရိုဂ်ူဆာက သတင္းရရခ်င္း ဒါရိုက္တာထံ ခ်က္ခ်င္း ဖုန္းဆက္ေတာ့သည္။ တိုက္ဆိုင္စြာျဖင့္ ‘Joyous Gathering’၏ အဓိကစပြန္ဆာသည္ ခ်န္းလုပ္ငန္းစုေအာက္မွ လုပ္ငန္းခြဲတစ္ခု ျဖစ္ေနသည္။ သို႔ျဖစ္ရာ သရုပ္ေဆာင္မ်ားႏွင့္အတူ ခ်န္းရွီေကြ့ လိုက္ပါလာေၾကာင္း သတင္းၾကားလိုက္သည္ႏွင့္ ဒါရိုက္တာလည္း ေရွာ့ရသြားခဲ့သည္။ “ဘာလို႔ လိုက္လာတာလဲ..?”

ထိုသို႔ေျပာၿပီးမွ မလံုမလဲ ၿပံဳးလိုက္ရင္း သူ႔ေမးခြန္းသူ ျပန္ေျဖလိုက္သည္။ “ၾကၫ့္ရတာ နဉ္ရွီကို တကယ္ခ်စ္တဲ့ပံုပဲ..”

အႏုပညာေလာကတြင္ ‘သမီးရည္းစားဆက္ဆံေရး’ အမ်ိဳးအစားမ်ားစြာ ရိွေပ၏။ ‘ဒီေန့တြဲၿပီး ေနာက္ေန့ျပတ္မလား၊ ဒီေန့တင္ မိန္းကေလးဘက္က ေနာက္တစ္ေယာက္ ေျပာင္းႀကိဳက္မလား၊ ေနာက္တစ္ရက္ဆို ေကာင္ေလးက ေကာင္မေလးအေပၚ ေဖာက္ျပန္မွာလား၊’ စသည္ျဖင့္ အခ်ိန္ႏွင့္တေျပးညီ အတင္းအဖ်င္းမ်ားစြာ ေပၚထြက္ေနတတ္ၿပီး ပြဲၾကၫ့္ပရိသတ္မ်ားကို အဖြဲ႔ကြဲေအာင္၊ တစ္ဖက္ႏွင့္တစ္ဖက္ အျငင္းပြားၾကေအာင္ ဖန္တီးေနေလသည္။ အဆံုးမွာေတာ့ အဓိကဇာတ္လိုက္ႏွစ္ဦးက အတင္းအဖ်င္းမ်ားၾကား ပရိသတ္တိုးၿပီး နာမည္ေက်ာ္ၾကားလာကာ ေၾကာ္ျငာမ်ား၊ ရုပ္ရွင္မ်ားမွ ကမ္းလွမ္းခံရေတာ့သည္။

ထို႔ေၾကာင့္ နဉ္ရွီႏွင့္ ခ်န္းရွီေကြ့တို႔ တြဲေနေၾကာင္း သတင္းထြက္လာေသာအခါ ဒါရိုက္တာက အတည္မထင္ဘဲ အေနွးႏွင့္အျမန္ ျပတ္ၾကမွာပဲဟု ေတြးထင္ေနခဲ့သည္။

သို႔ေသာ္ လက္ရိွအေျခအေနက သူထင္ထားသလိုမဟုတ္ဘဲ နဉ္ရွီအေပၚ ခ်န္းရွီေကြ့၏ ခံစားခ်က္က…..

‘ဒါေတာင္ အခ်စ္မဟုတ္ေသးရင္ ကမ႓ာေပၚမွာ အခ်စ္စစ္ဆိုတာ လံုးဝရွားပါးသြားၿပီ..’ ဟူ၍သာ ေျပာႏိုင္ေတာ့သည္။

“ရုပ္သံဌာနကို ေရာက္လာၿပီလား..?” ဒါရိုက္တာက အေပၚထပ္ဝတ္ကာ ဖုန္းထဲမွ ပရိုဂ်ူဆာကို လွမ္းေျပာလိုက္သည္။ “ဝန္ထမ္းေတြ သူ႔ကို ေကာင္းေကာင္း ႀကိဳဆိုထားရဲ့လားမသိဘူး.. က်ဳပ္ ေအာက္ဆင္းၾကၫ့္ဦးမွပဲ..”

ခ်န္းရွီေကြ့ ယခုလိုေရာက္လာရန္ အလြန္ခဲယဉ္းသည္ေလ။

ဖုန္းခ်ၿပီးေနာက္ သူက တိုင္ကပ္နာရီကို လွမ္းၾကၫ့္လိုက္သည္။ လက္ရိွအခ်ိန္ကား 5:30 PM… သူတို႔အတြက္ တစ္ခုခုစားရန္ ဦးစြာစီစဉ္ေပးသင့္သၫ့္ အခ်ိန္ပင္။ ဒါရိုက္တာက ထိုသို႔ေတြးလိုက္ရင္း သူ၏ လက္ေထာက္ကို ဟိုတယ္တစ္ခု၌ ညစာ စီစဉ္ခိုင္းလိုက္သည္။ ၿပီးေနာက္ ‘The Unrivalled 2’ သရုပ္ေဆာင္မ်ားကို သြားႀကိဳေနသၫ့္ ဝန္ထမ္းအား ဆက္သြယ္ကာ ဟိုတယ္သို႔ ပို႔ေဆာင္ေစလိုက္သည္။

နဉ္ရွီသည္ S ၿမိဳ႔ေတာ္သို႔ အႀကိမ္အနည္းငယ္သာ ေရာက္ဖူး၏။ အလုပ္ကိစၥေၾကာင့္ ေရာက္လာသည္မွလြဲ၍ ဤသို႔ ပ်ားပန္းခတ္မ်ွ စည္ကားလြန္းေသာ ၿမိဳ႔ႀကီးကို မလည္ပတ္ဖူးေပ။

“မစ္နဉ္.. မစၥတာခ်န္း.. အဖြဲ႔က  ညစာစားဖို႔ ေနရာစီစဉ္ေပးထားပါတယ္.. အဆင္ေျပမယ္ဆိုရင္ ရိုက္ကူးေရးမစခင္ ညစာအရင္စားႏွင့္မလား..?” ဒါရိုက္တာေဘးတြင္ ထိုင္ေနသၫ့္ ဝန္ထမ္းက ေဖာ္ေရြပ်ူငွာသၫ့္ အၿပံဳးျဖင့္ နဉ္ရွီ၊ ခ်န္းရွီေကြ့ႏွင့္ က်န္းခ်င္းယြင္တို႔ကို လွၫ့္ၾကၫ့္လာသည္။

ခ်န္းရွီေကြ့က နဉ္ရွီကိုသာ လွၫ့္ၾကၫ့္လိုက္ၿပီး ဘာမွမေျပာခဲ့ေပ။ နဉ္ရွီက အၿပံဳးျဖင့္ ေခါင္းညိတ္ျပလိုက္ကာ.. “အဲ့တာဆိုရင္ ရွင္တို႔ကိုပဲ အလုပ္ရႈပ္ရေတာ့မွာေပါ့..”

လြန္ခဲ့သည္ႏွစ္က နဉ္ရွီသည္ ‘Tomato Station’ ၏ တျခားအစီအစဉ္အတြက္ ေရာက္လာခဲ့ဖူး၏။ ထိုစဉ္က ယခုလိုမ်ိဳး မဟုတ္ခဲ့ေပ။ အေတာ္ေလး ကသိုက္ကရိုက္ ႏိုင္ခဲ့သည္။ ထမင္းကို တစ္လုပ္ႏွစ္လုပ္သာ အျမန္စားခဲ့ရၿပီး နာမည္ႀကီးသရုပ္ေဆာင္ ေရာက္လာသည္ႏွင့္ ဝန္ထမ္းမ်ားက နဉ္ရွီကို ခ်က္ခ်င္းဆြဲေခၚကာ မိတ္ကပ္ျပင္ေပးသည္။ ထို႔ေနာက္ ရိုက္ကြင္းေနရာသို႔ တန္းသြားခဲ့ရသည္။

သို႔ေသာ္ နဉ္ရွီ မအံ့ဩမိေပ။ ဤကား အႏုပညာေလာက၏ လုပ္ရိုးလုပ္စဉ္မ်ွသာ ျဖစ္သည္။ သူမ၏ အဆင့္အတန္း ျမင့္မားလာေလ၊ ေကာင္းေကာင္း ဆက္ဆံခံရေလပင္။ ဝန္ထမ္းမ်ားကိုလည္း အျပစ္တင္၍မရ။ သူတို႔ကိုယ္တိုင္လည္း ကူကယ္ရာမဲ့ေနလိမ့္မည္။

စီစဉ္ထားေသာ ဟင္းလ်ာမ်ားသည္ ဧၫ့္သည္မ်ား၏ ခံတြင္းႏွင့္ ကိုက္ညီေအာင္ စီစဉ္ထားပံုရ၏။ သာမာန္ဆန္ကာ ရိုးရွင္းသည္။ နဉ္ရွီလည္း စားခ်င္စိတ္သိပ္မရိွသျဖင့္ တစ္လုပ္ႏွစ္လုပ္စားၿပီးေနာက္ တူျပန္ခ်ထားလိုက္သည္။

ခ်န္းရွီေကြ့က ဤသည္ကို သတိထားမိသြားၿပီး ပန္းသီးေဖ်ာ္ရည္တစ္ခြက္ ကမ္းေပးကာ ခပ္တိုးတိုးေလး ေျပာလာသည္။ “နည္းနည္း စားထားႏွင့္ေနာ္.. အလုပ္ၿပီးမွ တျခားတစ္ခုခု သြားစားၾကမယ္..”

ဒါရိုက္တာက နဉ္ရွီ သိပ္မစားတာကို သတိထားမိသြားၿပီး စိုးရိမ္တႀကီးေလသံျဖင့္ ကပ်ာကယာ ေမးလာသည္။ “မစ္နဉ္ စားလို႔အဆင္ေျပရဲ့လား..? ခံတြင္းမေတြ့ဘူးလား..?”

“သူ(မ) ဒီေန့ အေအးနည္းနည္းမိသြားလို႔ပါ.. အဲ့တာေၾကာင့္ က်ဳပ္ တကူးတက လိုက္လာခဲ့တာ..” ခ်န္းရွီေကြ့က နဉ္ရွီ၏ ထမင္းပန္းကန္ထဲသို႔ မ်ွစ္ဆားစိမ္တစ္ပိုင္း ထၫ့္ေပးလိုက္သည္။ ၿပီးေနာက္ ဒါရိုက္တာဘက္လွၫ့္ကာ အားတံု႔အားနာ ၿပံဳးျပလိုက္သည္။

“အဆင္ေျပပါတယ္..” နဉ္ရွီက ဒါရိုက္တာကို ၿပံဳးျပလိုက္ရင္း.. “အိမ္က ထြက္မလာခင္ ေဆးေသာက္ခဲ့တယ္.. အခု အေတာ္ေလး သက္သာေနပါၿပီ..”

Show ၏ စံခ်ိန္စံၫႊန္းႏွင့္ ကိုက္ညီေစရန္အလို႔ငွာ နဉ္ရွီသည္ မိတ္ကပ္လိမ္းၿပီး သူမ၏ တာဝန္ကို လုပ္ေဆာင္ရေပဦးမည္။ သူမသာ ယခုအခ်ိန္ အနားယူလိုက္လ်ွင္ ရိုက္ကူးေနစဉ္အတြင္း အစီအစဉ္မွဴးမ်ား အခက္အခဲ ႀကံဳရလိမ့္မည္။

ဟင္းလ်ာမ်ားက နဉ္ရွီအႀကိဳက္ မဟုတ္ေသာ္လည္း တျခားေသာ အဖြဲ႔သားမ်ားကေတာ့ ခံတြင္းေတြ့ဟန္တူ၏။ Juliana ပင္ Diet လုပ္ရမွန္း ေမ့သြားၿပီး အားပါးတရ စားေသာက္ခဲ့သည္။ အားလံုး စားေသာက္ၿပီးေနာက္ Juliana က နဉ္ရွီကို ေနာင္တရဟန္ျဖင့္ လွၫ့္ၾကၫ့္ကာ..

“ဒါေတြအားလံုး ဒီဟင္းေတြေၾကာင့္.. တရုတ္အစားအစာေတြက အရမ္းေကာင္းလြန္းလို႔ စားမိသြားတာ..”

နဉ္ရွီက ပခံုးတြန႔္လိုက္ရင္း.. “ငါတို႔ႏိုင္ငံရဲ့ အစားအေသာက္ေတြကို ခ်ီးမြမ္းတယ္လို႔ပဲ သေဘာထားလိုက္ပါ့မယ္..”

“ၿပီးေရာ..” Juliana က ဗိုက္ကို ပြတ္လိုက္ရင္း.. “အစားအေသာက္ေရ႔ွဆို ဘယ္သူမွ အိႁႏၵေမဆည္ႏိုင္ၾကဘူးေလ..”

‘Joyous Gathering’ ၏ ဝန္ထမ္းမ်ားသည္ နဉ္ရွီႏွင့္ Juliana ၾကားမွ ဆက္ဆံေရးကို အကဲခတ္ေနၾကသျဖင့္ ခ်က္ခ်င္းဆိုသလို သတင္းေထာက္မ်ား မွန္ကန္ေၾကာင္း နားလည္လိုက္ၾကသည္။ နဉ္ရွီက ‘The Unrivalled 2’ ရုပ္ရွင္အဖြဲ႔သားမ်ားႏွင့္ တကယ့္ကို ဆက္ဆံေရးေကာင္းသည္။

သူတို႔ ရိုက္ကြင္းသို႔ ျပန္ေရာက္သြားခ်ိန္တြင္ စီစဉ္စရာရိွတာအားလံုး စီစဉ္ၿပီးၿပီျဖစ္၏။ သို႔ႏွင့္ ရိုက္ကူးေရးကို တရားဝင္ စတင္ခဲ့ေခ်ၿပီ။

ခ်န္းရွီေကြ့က စင္ေအာက္တြင္ ထိုင္ေနခဲ့သည္။ တိုက္ဆိုင္စြာျဖင့္ သူ႔အေနာက္မွာ ထိုင္ေနသူမ်ားသည္ နဉ္ရွီ၏ ပရိသတ္မ်ားျဖစ္ၿပီး နဉ္ရွီနာမည္ပါေသာ မီးလင္းသၫ့္ ဘန္နာမ်ားကို ကိုင္ထားၾကသည္။ ထံုစံအတိုင္း စင္ေအာက္ပိုင္းကို အလင္းမိွန္ထားသျဖင့္ ‘နတ္ဘုရားမဖန္’မ်ားသည္ ခ်န္းရွီေကြ့ကို ရုတ္တရက္ သတိမျပဳမိၾကေခ်။ စင္ေပၚကိုသာ အာရံုစိုက္ထားၾကေလသည္။

သူ႔ပတ္ပတ္လည္မွ ပရိသတ္အားလံုး နဉ္ရွီကို ခ်ီးမြမ္းေနၾကသျဖင့္ ခ်န္းရွီေကြ့လည္း မတတ္ႏိုင္စြာ ေနာက္လွၫ့္ၾကၫ့္မိလိုက္သည္။ ပရိသတ္အမ်ားစုက မိန္းကေလးမ်ား ျဖစ္ေသာ္ျငား နဉ္ရွီကို ၾကၫ့္ေနေသာ သူတို႔၏ အၾကၫ့္မ်ားသည္ ေကာင္ေခ်ာေလးကို ၾကၫ့္ေနခ်ိန္ထက္ ပိုမိုေတာက္ပေနၾကေလ၏။

ခ်န္းရွီေကြ့မွာ စိတ္ရႈပ္ေထြးသြားရသည္။

“ရွင္လည္း နတ္ဘုရားမရဲ့ ပရိသတ္ပဲလား..?” မိန္းကေလးတစ္ဦးက ဘာပစၥည္းမွ မယူလာေသာ သူ႔ကို ၾကၫ့္ၿပီး မ်က္ေမွာင္ၾကဳတ္လိုက္သည္။

ဒီလို ပေရာ္ဖက္ရွင္နယ္မဆန္တဲ့ ပရိတ္သတ္မ်ားလည္း ရိွေနေသးပါလား။ နတ္ဘုရားမေလးကို လူကိုယ္တိုင္ ျမင္ႏိုင္ဖို႔ဆိုတာ ဘယ္ေလာက္ခက္ခဲလိုက္သလဲ၊ အဲ့တာကို လက္ဗလာနဲ႔ ေရာက္လာသတဲ့..?!

ခ်န္းရွီေကြ့က မိန္းမငယ္ေလး၏ မ်က္ဝန္းထဲမွ အထင္ေသးမႈကို ျမင္လိုက္ရေသာ္လည္း ေခါင္းညိတ္ျပလိုက္သည္။

“အႏုပညာရွင္ေနာက္ လိုက္ဖူးတာ ဒါပထမဆံုးအႀကိမ္လား..?” မိန္းကေလးက ထပ္ေမးလာသည္။

ခ်န္းရွီေကြ့က ထပ္မံေခါင္းညိတ္ျပလိုက္သည္။

အေနာက္တိုင္းဝတ္စံုနဲ႔ဆိုမွေတာ့ ဖန္ပစၥည္းေတြ မယူလာတာ မထူးဆန္းေတာ့ပါဘူး..!

မိန္းမငယ္ေလးက အေနာက္တိုင္းဝတ္စံု ဝတ္ထားေသာ သူ႔ကို ၾကၫ့္ၿပီး သေဘာေပါက္သြားဟန္ျဖင့္ သူမ၏ အိတ္ထဲကို ရွာေဖြေနေတာ့သည္။ ၿပီးေနာက္ အသည္းပံု Lightstick တစ္ခု ထုတ္ယူကာ ခ်န္းရွီေကြ့ထံ ကမ္းေပးလာသည္။

“ဒီတစ္ေခါက္ ကြၽန္မတို႔ နတ္ဘုရားမရဲ့ ပရိသတ္ေတြက နည္းနည္းေလးရိွတာ.. က်န္တဲ့လူေတြအားလံုးက Hart နဲ႔ Juliana ရဲ့ ပရိသတ္ေတြခ်ည္းပဲ.. ခဏေနလို႔ နတ္ဘုရားမေလး စကားေျပာရင္ တတ္ႏိုင္သမ်ွ အက်ယ္ဆံုး လက္ခုပ္တီးဖို႔ မေမ့ရဘူးေနာ္.. ကြၽန္မတို႔ နတ္ဘုရားမေလးမွာ  အမာခံပရိသတ္ေတြ ဘယ္ေလာက္မ်ားေၾကာင္း တျခားလူေတြကို ျပသႏိုင္ရမယ္.. မဟုတ္ရင္ Show ကို ထုတ္လႊင့္တဲ့အခါ နတ္ဘုရားမေလးမွာ ပရိသတ္နည္းနည္းပဲ ရိွတယ္ဆိုၿပီး တျခား fandom ေတြ ေလွာင္ေျပာင္ၾကလိမ့္မယ္.. သိတယ္မလား..?”

အႏုပညာရွင္တစ္ဦး၏ ပရိသတ္ျဖစ္ရတာ ဘယ္ေလာက္ခက္ခဲမွန္း ခ်န္းရွီေကြ့တစ္ေယာက္ ပထမဦးဆံုးအႀကိမ္ နားလည္သြားေခ်ၿပီ။ သို႔ႏွင့္ သူ႔ေဘးနားမွ မိန္းကေလးမ်ား၏ တက္ႂကြေနဟန္ကိုၾကၫ့္ၿပီး သူလည္း ေနာက္တစ္ႀကိမ္ ေခါင္းညိတ္ျပလိုက္သည္။

ပြဲက်င္းပသၫ့္ ေနရာတစ္ခုလံုး ေအာ္ဟစ္သံမ်ား ဆူညံေနလ်ွင္ TV ဖန္သားျပင္မွ ၾကၫ့္ရႈသူမ်ားသည္ ပရိသတ္မ်ားကို မေနတတ္မထိုင္တတ္လိုက္တာဟု ေျပာဆိုၾကေပလိမ့္မည္။ သို႔ေသာ္ လက္ခုပ္သံညံေနလ်ွင္ေတာ့ အျပစ္မဆိုႏိုင္ေပ။ ထို႔ေၾကာင့္ နဉ္ရွီ မိတ္ဆက္ၿပီးသည္ႏွင့္ နတ္ဘုရားမဖန္မ်ားလည္း အက်ယ္ဆံုး လက္ခုပ္တီးၿပီး တျခား Fandom မ်ားကို ႂကြားဝါေတာ့သည္။

“ၾကၫ့္ရႈေနတဲ့ ပရိသတ္ေတြအားလံုး စိတ္အားထက္သန္ေနၾကတာပဲ..” အစီအစဉ္မွဴးက ထိုသို႔ေျပာၿပီးေနာက္ ကင္မရာမန္းသည္ ပရိသတ္မ်ားဘက္သို႔ ကင္မရာလွၫ့္ျပလိုက္၏။ နတ္ဘုရားမဖန္မ်ား ထိုင္ေနသၫ့္ ေနရာတဝိုက္ကို အေတာ္ၾကာေအာင္ ျပသထားခဲ့သည္။

နဉ္ရွီက ပရိသတ္မ်ားကို ဦးၫႊတ္လိုက္ရင္း အက်ယ္ဆံုး လက္ခုပ္တီးသၫ့္ဘက္သို႔ လွၫ့္ၾကၫ့္ကာ.. “အားလံုးကို ေက်းဇူးတင္ပါတယ္..”

“နတ္ဘုရားမေလး..! ကြၽန္မကို လက္ထပ္ပါ..! နတ္ဘုရားမေလးအတြက္ ေမ်ာက္ေလးေတြ ေမြးေပးခ်င္တယ္လို႔..!”

“နတ္ဘုရားမေလး..! ကြၽန္မက ရွင့္ရဲ့ ဇနီးပရိသတ္ေနာ္.. နတ္ဘုရားမေလးကို ခ်စ္တယ္.. အားးးးးး!”

ပရိသတ္မ်ား တက္ႂကြလာၾကေတာ့၏။ သူတို႔သာ ကိုယ့္ကိုယ္ကို မထိန္းခ်ဳပ္ထားလ်ွင္ စင္ေပၚေျပးတက္ၿပီး နဉ္ရွီကို ေပြ့ဖက္မိမွာ စိုးရသည္။ စိတ္အားထက္သန္ေနေသာ ပရိသတ္မ်ားၾကား ခ်န္းရွီေကြ့မွာ သူ၏ ခံစားခ်က္ကိုပင္ မေဖာ္ျပႏိုင္ေတာ့ေခ်။ အစီအစဉ္မွဴးႏွင့္ ဧၫ့္သည္ေတာ္မ်ားကို ကြၽမ္းက်င္ပိုင္ႏိုင္စြာ ဆက္သြယ္ေပးေနေသာ နဉ္ရွီကို ၾကၫ့္ၿပီး သူ၏ ႏႈတ္ခမ္းေထာင့္၌ အၿပံဳးေလးတစ္ခု ထင္ဟပ္လာခဲ့သည္။

ေမ်ာက္ကေလးေတြ ေမြးေပးခ်င္ေသာ ပရိသတ္မ်ားႏွင့္ ဇနီးပရိသတ္မ်ားၾကား သူက နဉ္ရွီ၏ ခ်စ္သူေကာင္ေလးစစ္စစ္ ျဖစ္ေနသည္ေလ။ ခ်န္းရွီေကြ့တစ္ေယာက္ ရုတ္တရက္ ေျပာမျပတတ္ေအာင္ ဂုဏ္ဆာလာမိသည္။ သို႔ေသာ္ အၿမဲတေစ မ်က္ႏွာတည္ေနသျဖင့္ သူ၏ အတြင္းစိတ္ထဲမွ ရႊင္ျမဴးေနမႈကို မည္သူမ်ွ မျမင္ခဲ့ပါေခ်။

ရိုက္ကူးေရးၿပီးဆံုးခါနီးအခ်ိန္ အစီအစဉ္မွဴးက ရုတ္တရက္ ေျပာလာသည္။ “တကယ္ေတာ့ ဒီေန့ တျခားနာမည္ႀကီးပုဂၢိုလ္တစ္ဦးလည္း ကြၽန္ေတာ္တို႔နဲ႔အတူ ရိွေနပါတယ္.. သူဘယ္သူလဲ ခန႔္မွန္းၾကၫ့္ၾကပါဦး..?”

ပရိသတ္အားလံုး အက်ပ္ရိုက္ကုန္သည္။

ဒီေန့ အထူးဧၫ့္သည္ေတာ္တစ္ဦး ေရာက္ေနတာမ်ားလား..?

“ၾကၫ့္ရတာ ဘယ္သူမွ မခန႔္မွန္းႏိုင္ပံုပဲ..” အစီအစဉ္မွဴးက ပရိသတ္မ်ား၏ တံု႔ျပန္ပံုကို အကဲခတ္ရင္း.. “ဒီေန့ နဉ္ရွီ အဆင္ေျပျပေနဲ႔ တင္ဆက္ေနတာကို လူတိုင္း ျမင္ၾကမွာပါ.. ဒါေပမဲ့ တကယ္ေတာ့….. နဉ္ရွီ ေနမေကာင္းပါဘူး.. အဲ့တာေၾကာင့္ တစ္စံုတစ္ေယာက္က သူ(မ)အတြက္ စိုးရိမ္ၿပီး ဒီေန့ရိုက္ကြင္းအထိ တကူးတက လိုက္လာခဲ့ပါတယ္တဲ့.. ကဲ.. ဘယ္သူလဲဆိုတာ ခန႔္မွန္းမိၾကၿပီလား..?”

ရုတ္တရက္ လူအုပ္ႀကီးထံမွ တစ္ခဲနက္ ေအာ္ဟစ္သံႀကီး ထြက္ေပၚလာခဲ့၏။ ထိုအထဲတြင္ Juliana ႏွင့္ Hart ၏ ပရိသတ္မ်ားပါ ပါဝင္ေနခဲ့သည္။

………………………………………………………

Continue Reading

You'll Also Like

21.8K 1.9K 28
ယုမန်မန်သည် ဥက္ကဌရဲ့ ထွက်ပြေးသွားသောသတို့သမီးဝတ္ထုထဲက " ဘန်းကိတ် ၊ မီးဖိုထဲက ဘန်းကိတ် " အဖြစ်သို့ ကူးပြောင်းလာခဲ့တယ်။ သူ့(မ)အမေက သန်မာပြီး သိမ်...
161K 23.4K 57
Title: 我成了反派脑残粉[快穿] Eng Title: I become a fanboy of Villain Burmese title:( ငါဗီလိန္ႀကီးရဲ႕Fan boy တစ္ေယာက္ျဖစ္လာၿပီ) Author: 不著一字 (Zawgyi +Unicode)...
2.1M 202K 69
BL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေပေးတယ်။ တစ်နေ့...
289K 26.3K 192
( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက...