system 091

By TeeKo0

1.1M 122K 5.8K

wang yibo 💞 xiao zhan [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပါ] ^^^^^^^^^^^ ^^^^ [ေက်းဇူးျပဳၿပီးအုန္းသီးကိုေလးစားပ... More

intro
(1.1)Arc 1
Character introduction
(1.2)
(1.3)
(1.4)
(1.5)
(1.6)
(1.7)
(1.8)
(1.9)
(1.10)
(1.11)
(1.12)
(1.13)
(1.14)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.5)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.12)
(2.13)
(2.14)
(2.15)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Arc(3)
Character introduction
(3.1)
(3.2)
(3.3)
(3.4)
(3.5)
(3.6)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.16)
(3.17)
(3.18)
(3.19)
(3.20)End....
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.8)
(4.9)
(4.10)
(4.11)
(4.12)
(4.13)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
(4.19)End....
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.12)
(5.13)
(5.14)
(5.15)
(5.16)
(5.17)
(5.18)
(5.19)
(5.20)
(5.21)
(5.22)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.4)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.10)
(6.11)
(6.12)
(6.13)
(6.14)
(6.15)
(6.16)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.3)
(7.4)
(7.5)
(7.6)
(7.7)
(7.8)
(7.9)
(7.10)
(7.11)
(7.12)
(7.13)
(7.14)
(7.15)
(7.16)
(7.17)
(7.18)
(7.19)
(7.20)
(7.21)End....
Arc(1.16) [Return]
(1.17) [Return]
(1.18) [Return]
(1.19) [Return]
(1.20) [Return]
(1.21) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.1)
(8.2)
(8.3)
Book ခွဲခြင်း

(1.26) [Return]

3.1K 444 26
By TeeKo0

Unicode

မြို့တော်ဝန်က အမူအရာမဲ့သည့်မျက်နှာဖြင့်ဝမ်ရိပေါ်ကိုတစ်လှည့် ရှောင်ကျန့်ကိုတစ်လှည့်ကြည့်ရင်း မျက်မှောင်ကြုပ်လိုက်သည်။

"မင်းတို့ ဘာလိုချင်တာလဲ"

"ဝိဥာဥ်ဆင့်ခေါ်မီးအိမ်"

"မဖြစ်နိုင်ဘူး!"

မြို့တော်ဝန်၏လေသံမှာသိသိသာသာတင်းမာသွားသည်။

"မင်းတို့လိုချင်တာ တစ်ခြားအရာတွေဆိုရင်တောင်ငါပေးနိုင်သေးတယ်....ဒါပေမယ့် ဝိဥာဥ်ဆင့်ခေါ်မီးအိမ်ကတော့ လုံးဝမဖြစ်နိုင်ဘူး...."

"အဆင်ပြေပါတယ်...."

ဝမ်ရိပေါ်က စိတ်မဝင်စားသလို သူ့လက်ကိုဝှေ့ယမ်းလိုက်သည်။ ပတ်ဝန်းကျင်လေဟာနယ်တစ်ခုလုံး အေးခဲသွားပြီး မြို့တော်ဝန်အနားတွင် ထူးဆန်းသည့်နက်ရွှေရောင်မီးတောက်တစ်ချို့စတင်တောက်လောင်လာ၏။

"ခင်ဗျားက ပေးချင်စိတ်မရှိမှတော့ တိုက်ခိုက်ကြတာပေါ့"

ဝုန်း!!!

ပြင်းထန်ကျယ်လောင်သည့်ပေါက်ကွဲသံကြီးက မြို့တော်ဝန်အိမ်တော်ရှိရာတွင်ပေါ်ပေါက်လာပြီး အမည်မဲ့မြို့တွင်းက လူတိုင်းကိုအာရုံစိုက်သွားစေသည်။

"ဘာဖြစ်တာလဲ"

"မြို့တော်ဝန်အိမ်မှာ တစ်ခုခုဖြစ်နေတယ်ထင်တယ်...."

"ကြည့်ရတာ ကြီးကြီးမားမားတိုက်ခိုက်နေသလိုပဲ"

မြို့တော်ဝန်အိမ်တော်၏ ခေါင်မိုးမှာပေါက်ထွက်သွားပြီး မြို့တော်အထက်တွင် မြို့တော်ဝန်နှင့် တစ်ခြားသောကျင့်ကြံသူတစ်ယောက်တိုက်ခိုက်နေကြသည်ကို မြို့နေလူအများစု မြင်တွေ့လိုက်ရသည်။ တည်းခိုခန်းတစ်ခုထဲကထွက်လာသည့် ရှောင်မိသားစုကြီးဟာ မြို့တော်ဝန်နှင့်တိုက်ခိုက်နေသူမှာ သူတို့နဲ့လမ်းကြုံလိုက်စီးခဲ့သည့်စွမ်းအားမြင့်ကျင့်ကြံသူဖြစ်နေကြောင်းသိလိုက်ကြသည်။ ရှောင်မောင်နှမနှစ်ယောက်ဟာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြ၏။ သူတို့မျက်လုံးအတွင်း၌ ဖုံးကွယ်မရသည့်အံ့အားသင့်မှုကိုအလွယ်တကူမြင်တွေ့နိုင်သည်။

ရှောင်ကျန့်ဟာ ခေါင်မိုးပေါ်က အပေါက်အကြီးကြီးကိုပါးစပ်အဟောင်းသားဖြင့်မော့ကြည့်နေသည်။ အခန်းထဲ၌ သူတစ်ယောက်တည်းသာကျန်ခဲ့ပြီး လျှို့ဝှက်ဆန်းကျယ်သည့်မြို့တော်ဝန်နှင့် ဝမ်ရိပေါ်ဟာ ခေါင်မိုးကိုဖောက်ထွက်ပြီး အမည်မဲ့မြို့၏လေထုအထက်တွင် ပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြသည်။

အမ်.....ပြင်းပြင်းထန်ထန်ဆိုတာထက် ဝမ်ရိပေါ်က အချိန်ဆွဲရုံဆွဲပြီး တမင်သပ်သပ်အလျော့ပေးတိုက်ခိုက်နေတာမှန်း ရှောင်ကျန့်တစ်ယောက်သာသိသည်။

တကယ်ကြီးလား။ ရိပေါ်က သူကလွဲလို့ဘယ်တစ်ဦးတစ်ယောက်ကိုမှ ငဲ့ညှာဖူးတာမဟုတ်မှန်းသူသိသည်။ ဒီတစ်ယောက်က သူ့မြေခွေးမျက်နှာပေါ်က မျက်လုံးမျက်ခုံးချင်း အရမ်းဆင်နေတာကြောင့်အလျော့ပေးနေတာလား။ ဒါလည်းမဖြစ်နိုင်ပေ။ ဝမ်ရိပေါ်အကြောင်း သူသေချာသိသည်။ ရိပေါ်က ရုပ်ရည်တစ်ခုတည်းကိုသာတွယ်ကပ်တတ်ပါက ဘဝပေါင်းများစွာ ရုပ်ရည်အမျိုးမျိုးပြောင်းလဲနေသည့် သူ့ကို ထပ်ခါ၊ထပ်ခါ၊ ခဏခဏ ချစ်မိနေပါ့မလား။

ရှောင်ကျန့်အကြောင်းအရင်းကို နားမလည်ပေမယ့် အနည်းငယ်သဝန်တိုမိသည်ကိုထိန်းမရပေ။ မဟုတ်။ သူ  အရမ်း၊ အရမ်း၊ အရမ်းကြီး သဝန်တိုတယ်။

ရှောင်ကျန့် ဒေါသကြီးစွာ နှာခေါင်းရှုံ့လိုက်သည်။ သဝန်တိုရသည့်အရသာက ဒီလောက်ထိဆိုးဝါးမှန်း သူမသိခဲ့ပေ။ ဘဝတိုင်းတွင် ဝမ်ရိပေါ်ဘက်က သူနဲ့ပွတ်သီးပွတ်သပ်လုပ်တတ်တာကလွဲလို့ တစ်ခြားသူတွေနဲ့ နီးနီးကပ်ကပ်တစ်ခါမှမနေပဲ ထိန်းသိမ်းခဲ့တာကြောင့်လည်းဖြစ်နိုင်သည်။ အခု တစ်ခြားသူအတွက် ငဲ့ညှာစဥ်းစားပေးသည်ဟု တွေးလိုက်ရုံနှင့်တင် ရင်ထဲမသက်မသာခံစားလိုက်ရ၏။ ရှောင်ကျန့်က လောဘကြီးသည်။ သူချစ်တဲ့သူကို တစ်ခြားမည်သူနဲ့မှ အပိုင်းအစသေးသေးလေးတောင်မမျှဝေနိုင်သည်အထိကိုလောဘကြီးသည်။

ရှောင်ကျန့်ဟာ ဒေါသထွက်လွန်းတာကြောင့် အနီးမှာရှိတဲ့ စားပွဲခုံခြေထောက်ကို လွှဲကန်လိုက်သည်။ မထင်မှတ်ထားစွာပင် စားပွဲခုံခြေထောက်မှာ အထဲသို့နစ်ဝင်သွားပြီး သူ့အနောက်ဘက်က နံရံဟာ ကျွီကနဲပွင့်သွားသည်။

သူကြောင်သွားသည်။

လျှို့ဝှက်အခန်းလား??

'အထဲမှာ အန္တရာယ်ရှိနိုင်လား အုန်းသီး'

[host က အခုသာမန်လူမဟုတ်တော့ဘူးလေဗျာ]

'အာ....ငါမေ့သွားတာ'

အုန်းသီး : [.....]

'အဟမ်း....ဘာပဲဖြစ်ဖြစ် အန္တရာယ်ရှိ မရှိ သိရတော့ ပိုမကောင်းဘူးလား'

[စိတ်အေးအေးနဲ့ဖြောင့်ဖြောင့်သာသွားပါ host....အထဲမှာ ဘာအန္တရာယ်မှမရှိပါဘူး]

'ကောင်းပြီလေ'

အုန်းသီး၏အာမခံချက်က ရှောင်ကျန့်ကိုအတော်လေးစိတ်ချသွားစေသည်။ နံရံနောက်တွင်ရှိသည်က ဂူသဏ္ဍာန်လမ်းရှည်ကြီးတစ်ခုဖြစ်သည်။ သူခြေချလိုက်သည်နှင့် လမ်းရှည်၏ဘေးနံရံက မီးအိမ်တွေမှာအလိုအလျောက်လင်းထိန်သွားသည်။

ပတ်ဝန်းကျင်ကိုသတိမပြတ်စူးစမ်းရင်း လျှောက်ဝင်လာသည်။ လမ်းအဆုံးသို့ရောက်သည့်အခါတွင် ကျယ်ပြန့်ကြီးမားသည့် အခန်းကျယ်ကြီးတစ်ခုက သူ့အမြင်အာရုံထဲဝင်ရောက်လာ၏။ ၎င်းကရိုးရိုးရှင်းရှင်း ပြင်ဆင်ထားသည့် အိပ်ခန်းတစ်ခုဖြစ်ပေမယ့် အခန်းတစ်ဝက်က အိပ်ခန်းတစ်ခုအသွင်ဖြစ်ပြီး ကျန်တစ်ဝက်က မျိုးစုံသောပန်းပင်တွေအရောင်အသွေးစုံလင်စွာ စိုက်ပျိုးထားသည့် ပန်းခင်းကြီးတစ်ခုဖြစ်သည်။ အစီအရင်တစ်ခုကြောင့် ၎င်းကအခန်းငယ်နှင့်မတူပဲ တစ်ခြားကမ္ဘာတစ်ခုလို နေရောင်နှင့် စမ်းချောင်းအပါအဝင် လေပြေလေညင်းလည်းတည်ရှိနေ၏။

ပိုပြီးရှင်းရှင်းလင်းလင်းဖော်ပြရရင် ကြီးမားလွန်းသည့်အခန်းကျယ်ကြီး၏တစ်ဝက်က ရိုးရှင်းသပ်ရပ်သည့်အိပ်ခန်းတစ်ခုအသွင်ပုံဖော်ထားပြီး ကျန်တစ်ဝက်မှာ သဘာဝပန်းဥယျာဥ်ကြီးတစ်ခုသဖွယ်တည်ရှိနေလေသည်။

'မိုက်လှချည်လား.....အဆင်ပြေရင် ရိပေါ်ကိုလည်း ဒီလိုအခန်းမျိုးတစ်ခုလောက်လုပ်ပေးဖို့ ပြောရမယ်....'

[host ဆက်စူးစမ်းအုံးမှာလား]

'သေချာတာပေါ့'

သူ အိပ်ခန်းရှိရာဘက်သို့ဦးတည်သွားလိုက်သည်။ အိပ်ခန်းတစ်ခုလုံးရိုးရိုးရှင်းရှင်းနှင့်သပ်သပ်ရပ်ရပ် ပြင်ဆင်ထားသည်မှာမှန်သော်လည်းပဲ ယောက်ျားတစ်ယောက်၏အခန်းထက် မိန်းကလေးတစ်ယောက်၏အခန်းနှင့်တူအောင်ပြင်ဆင်ထားမှန်း အသေအချာကြည့်ရင် သိနိုင်သည်။

မဟုတ်မှလွဲရော.....မြို့တော်ဝန်က ကြိတ်ပုန်းနေတာများလား။

ရှောင်ကျန့် သူ့ခေါင်းသူဖြတ်ရိုက်လိုက်သည်။ သူက ဝမ်ရိပေါ်ကြောင့် gay သွားပေမယ့် မိန်းမအဝတ်အစားဝတ်ရတာကြိုက်နှစ်သက်သူတစ်ယောက်တော့မဟုတ်ပေ။ အဲ့ဒါကြောင့်နဲ့ မိန်းကလေးအကျင့်စရိုက်ကို နှစ်သက်သဘောကျသူတစ်ယောက်ကို နှိမ်ချင်စိတ်ရှိသည့် သဘောထားသေးသိမ်သူတစ်လည်းဟုတ်မနေပေ။ မြို့တော်ဝန်မှာ ဒီစိတ်ရှိနေရင်တောင် ရှောင်ကျန့် နားလည်ပေးနိုင်၏။ တစ်ခြားသူ၏စိတ်အခြေအနေနှင့် ကြိုက်နှစ်သက်မှုအားလုံးမှာ သူနဲ့လုံးဝ မသက်ဆိုင်တာကြောင့် မနှစ်ခြိုက်စရာအကြောင်းလဲ မရှိပါချေ။

ရှောင်ကျန့်ဟာ မြို့တော်ဝန်၏အကျင့်စရိုက်နဲ့ပတ်သတ်ပြီး ခေါင်းထဲကထုတ်လိုက်ကာ တစ်ခန်းလုံး လိုက်လံစူးစမ်းကြည့်၏။ ဒီလိုနဲ့ သူ့အကြည့်တွေမှာ နံရံပေါ်တွင် လိုက်ကာတစ်ခုလိုမျိုးအဝတ်စရှည်ကြီးဖြင့်ဖုံးအုပ်ထားသည့်အရာကို စိတ်ဝင်တစားဖြစ်သွားခဲ့သည်။

"ဒါကဘာကြီးလဲ"

ပါးစပ်ထက် လက်ပိုမြန်သည့် ရှောင်ကျန့်ဟာ ၎င်းအဝတ်စရှည်ကြီးကို ဆွဲဖယ်လိုက်သည်။ သူ့မျက်လုံးထဲဝင်လာသည်က ကြီးမားသည့် ပန်းချီကားတစ်ချပ်ဖြစ်သည်။ သူ့မျက်လုံးတွေ ပြူးကျယ်သွားသည်။ ကမ္ဘာပေါင်းများစွာဖြတ်သန်းပြီးနောက် ရှောင်ကျန့်၏မှတ်ဥာဏ်မှာ နဂိုထက် အဆပေါင်းများစွာတိုးတတ်လာခဲ့သည်။ ဒါက ဘဝတစ်ခုမက ဖြတ်သန်းလာခဲ့ရသည့် မှတ်ဥာဏ်တွေများစွာတည်ရှိနေတာကြောင့်လည်းဖြစ်နိုင်၏။

တင့်တယ်စွာချိတ်ဆွဲထားသည့် ပန်းချီကားချပ်ကြီးကို ထိတွေ့ကြည့်ရင်း ရှောင်ကျန့်၏အံ့အားသင့်မှုမှာ အတောမသတ်နိုင်သေးပေ။ ဘာကြောင့်ဆို ပန်းချီကားထဲက ပုံမှာ သူ ၁၆နှစ်တိတိ ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသည့် ပုံရိပ်ဖြစ်နေသောကြောင့်ဖြစ်သည်။

"ဘယ်လိုလုပ် မားက ဒီပုံထဲရောက်နေတာလဲ"

ပန်းချီထဲရှိပုံမှာ မြေခွေးမေမေ၏ နူးညံ့စွာ ပြုံးရယ်နေပုံကိုအဓိကထားဆွဲထားသည်။ မြေခွေးမေမေက သူ့ရင်ထဲတွင် ထူးခြားသည့်နေရာတစ်ခုတွင်တည်ရှိနေသည်ဟုပြောနိုင်သည်။ ဘာကြောင့်ဆို မြေခွေးမေမေက သူ့ကိုမွေးကင်းစအရွယ်ကနေ အသက် ၁၆နှစ်အထိ ဂရုတစိုက်ပြုစုစောင့်ရှောက်ပေးခဲ့တာကြောင့်လည်းဖြစ်နိုင်၏။

မြေခွေးမေမေ၏ဖြူစင်လှပသော အပြုံးမျက်နှာလေးကိုကြည့်ရင်း ပန်းချီကားချပ်အောက်ဘက်က လက်ရေးလက်သားလှလှပပဖြင့် စာတန်းတစ်ခုကိုသတိထားမိသွားသည်။

{ချစ်လှစွာသော ကိုယ့်ရဲ့ဇနီးလေးအတွက် လက်ဆောင်}

ရှောင်ကျန့်ပါးစပ်အဟောင်းသား ဖြစ်သွားသလိုခံစားရသည်။ တကယ်ကြီးလား။

မြို့တော်ဝန်တွင် ဒီပန်းချီကားချပ် ရှိနေရခြင်း၏ အကြောင်းအရင်းအမျိုးမျိုးရှိနိုင်ပေမယ့် ရှောင်ကျန့်ခေါင်းထဲ ကြီးမားသည့် ဗုံးကြီးတစ်ခုလို ခန့်မှန်းချက်တစ်ခုတိုးဝင်လာသည်။

ဒါက သူမြေခွေးမေမေအတွက် အနှစ်နှစ်အလလရှာပေးချင်နေတဲ့ အမည်မသိအဖေ ဖြစ်နိုင်လောက်လား။

ရှောင်ကျန့် ကြောင်နေတုန်းမှာပင် သူ့ပုခုံးတစ်ဖက်မှာ အပုတ်ခံလိုက်ရ၏။

"မင်း ဒီထဲမှာဘာလုပ်နေတာလဲ...."

နတ်သားရဲ ပိုင်ရှန်းက ဘယ်အချိန်တည်းကပေါ်လာမှန်းမသိပေမယ့် ရှောင်ကျန့်ကို သတိပေးလိုက်သည်။

"သခင်လိုချင်တဲ့ပစ္စည်း ငါရလာခဲ့ပြီးပြီ....မြို့တော်ဝန်ပြန်ရောက်မလာခင် အမြန်လစ်ရအောင်....."

"အာ....အင်း...."

ရှောင်ကျန့်ဟာ မြေခွေးမေမေ၏ ပန်းချီကားချပ်ကို နောက်ဆုံးအကြိမ်လှည့်ကြည့်လိုက်ပြီး ပိုင်ရှန်းနောက်ကိုပြေးလိုက်သွားသည်။

အချိန်အနည်းငယ်ကြာပြီးနောက်တွင်။

မြို့တော်ဝန်ဟာ အလောတကြီး လျှို့ဝှက်ခန်းထဲသို့ပြေးဝင်လာသည်။ သူ့ခန္ဓာကိုယ်တွင် ဒဏ်ရာဒဏ်ချက်တစ်ချို့ရှိနေသော်လည်း သူဂရုစိုက်သည့်အရာမှာ ၎င်းကိုမဟုတ်ပေ။ အခန်းထဲက လူလာသွားသည့်ခြေရာလက်ရာတစ်ချို့ကိုမြင်သည့်အခါတွင် မြို့တော်ဝန်၏ လှပသောမျက်နှာမှာ ချက်ချင်းမဲမှောင်သွားသည်။ ကျင့်ကြံဆင့်မြင့်မားလွန်းသည့် မြို့တော်ဝန်ဟာ ခလုတ်တိုက်မတတ် ပန်းချီကားရှေ့ပြေးလာပြီး ကြီးမားသည့်ပန်းချီကားချပ်တွင် ခြစ်ရာသေးသေးလေးတစ်ခုမှ မတွေ့ရတာသေချာသည့်အခါမှသာလျှင် စိတ်သက်သာရစွာ သက်ပြင်းချမိလိုက်သည်။

ပန်းချီကားပေါ်က လှရက်နိုင်လွန်းသော အမျိုးသမီး၏မျက်နှာလေးကို ညင်ညင်သာသာထိတွေ့ပြီးနောက်တွင် မြို့တော်ဝန်၏ မြစိမ်းရောင်မျက်လုံးအတွင်း၌ လွမ်းစွတ်သတိရမှုနဲ့အတူ ချစ်မြတ်နိုးစိတ်တွေထိန်းမရအောင်ယိုဖိတ်လာခဲ့သည်။

တော်သေးတာပေါ့။ သူမ ဘာမှမဖြစ်လို့။

********************
********

ပိုင်ရှန်းက အမည်မဲ့မြို့တော်၏နေရာလွတ်ကိုဖောက်ထွက်နိုင်သည့် ရွေ့ပြောင်းခြင်းအစီအရင်တစ်ခုကိုချေမွလိုက်သည်။ ထိုအရာက ရှောင်ကျန့်နဲ့ပိုင်ရှန်းတို့နှစ်ယောက်လုံးကို အမည်မဲ့မြို့တော်က ထွက်ခွာသွားစေခဲ့ပြီး အမည်မဲ့သဲကန္တာရကိုကျော်လွန်၍ တောအုပ်တစ်ခုထဲရောက်ရှိသွားစေခဲ့သည်။

"ဟူး....အခုမှပဲ ရင်ထဲကအလုံးကြီးကျသွားတော့တယ်....မြို့တော်ဝန်က တကယ်ကြောက်စရာကောင်းတာပဲ....သူက နတ်ဘုရားမျိုးနွယ်ဝင်တွေကိုတောင်နှိုင်းယှဥ်နိုင်တယ်....အရှင့်ရဲ့ဥာဏ်ကြီးမှုကြောင့်ပေါ့....မဟုတ်ရင် ဝိဥာဥ်ဆင့်ခေါ်မီးအိမ်ကိုဘယ်တော့မှရမှာမဟုတ်ဘူး"

ပိုင်ရှန်းက တတွတ်တွတ်ဖြင့် တစ်ယောက်တည်းစကားပြောနေရင်း ဝမ်ရိပေါ်၏ဥာဏ်ကောင်းမှုအဖြာဖြာကိုလည်း ချီးကျူးဖို့ရန်မမေ့ပေ။

ရှောင်ကျန့်က ဘေးပတ်ဝန်းကျင်ကိုလှည့်ပတ်စစ်ဆေးကြည့်ပြီးနောက် ပိုင်ရှန်းကိုမေးလိုက်သည်။

"ရိပေါ် ဘယ်မှာလဲ"

"???!!"

ပိုင်ရှန်းက အနည်းငယ်လန့်သွားပုံပေါ်သည်။ သူက ဘေးဘယ်ညာကြည့်ပြီး ရှောင်ကျန့်အနားကပ်ကာ ခပ်တိုးတိုးလေသံဖြင့်ပြောသည်။

"မင်းကို အရှင်က ဒီလိုနာမည်တိုက်ရိုက်ခေါ်တာနဲ့ပတ်သတ်ပြီး အပြစ်မပေးဘူးလား"

ရှောင်ကျန့်ခေါင်းခါလိုက်သည်။ ဝမ်ရိပေါ်က သူ့ကိုအပြစ်ပေးမယ်တဲ့လား။ လာနောက်မနေစမ်းပါနဲ့။ သူကိုယ်တိုင်နာမည်အတိုင်းခေါ်ဖို့ ပြောထားခဲ့တာမဟုတ်လား။

"အိုး..."

ပိုင်ရှန်းက ရှောင်ကျန့်ကို သူရဲကောင်းတစ်ယောက်ကိုသက်ရှိထင်ရှားမြင်လိုက်ရသလို ပုံစံမျိုးဖြင့်ကြည့်ရှု့လာသည်။

ရှောင်ကျန့် : "....."

ရှောင်ကျန့် ပိုင်ရှန်းကို ဝမ်ရိပေါ်ဘယ်မှာလဲဆိုတာ ထပ်မေးဖို့ရန်ပြင်လိုက်ချိန်၌ သူတို့အရှေ့တွင် လေဟာနယ်အက်ကွဲကြောင်းတစ်ခုပေါ်ပေါက်လာပြီး ထိုအထဲကနေ ဝမ်ရိပေါ်၏တင့်တယ်လှသော ကိုယ်ဟန်မှာထွက်ပေါ်လာခဲ့သည်။

ရှောင်ကျန့်ပျော်သွားသည်။ သို့ပေမယ့် သူပါးစပ်ဟရုံရှိသေး။ ဝမ်ရိပေါ်က သူ့ဆီအရှိန်ဖြင့်ပြေးဝင်လာပြီး သူတစ်ကိုယ်လုံးသိမ်းကျုံးပွေ့ဖက်ထားလိုက်သည်။ ရိပေါ်ကြည့်ရတာ ဘေးနားမှာရှိနေတဲ့ ပိုင်ရှန်းကိုလည်း ဂရုမစိုက်တော့ပုံရ၏။

"ရိ ပေါ် "

ဝမ်ရိပေါ်ကြည့်ရတာ တစ်ခုခုကိုကြောက်လန့်နေသည့်ပုံပင်။ အမှန်တကယ်ပင် ဝမ်ရိပေါ်က ကြောက်လန့်နေသည်။ ၎င်းက တိုက်ပွဲကြောင့်မဟုတ်သလို မြို့တော်ဝန်၏ကြောက်စရာတိုက်ခိုက်မှုတွေကြောင့်လဲမဟုတ်ပေ။ မြို့တော်ဝန်နဲ့တိုက်ခိုက်ချိန်က သူ့အရှေ့ကလူသားလေးကို မြို့တော်ဝန်အိမ်တော်ထဲတွင် တစ်ယောက်တည်းချန်ထားခဲ့တာက သူ့အာရုံမြင်ကွင်းထဲကနေ လုံးဝမလွတ်နိုင်တာကြောင့်ဖြစ်သည်။ သို့ပေမယ့် ပိုင်ရှန်းနေရာရွေ့ခြင်းအစီအရင်ကိုအသုံးပြုလိုက်ချိန်တွင် ဒီလူသားငယ်လေး၏အငွေ့အသက်မှာ သူ့အာရုံထဲကလုံးဝပျောက်ကွယ်သွားခဲ့သည်။

ထိုအချိန်က သူ့ရင်ထဲဝင်ရောက်လာသည်က ဘယ်ရောက်သွားလဲဆိုတဲ့အတွေးတင်မဟုတ်ပဲ အကြောက်တရားတစ်ခုဖြစ်နေသည်။ သူဘယ်လောက်ထိကြောက်ရွံ့သွားလဲဆိုတာ သူကိုယ်တိုင်တောင် မခန့်မှန်းနိုင်သည်အထိပင်။ သူနေရာတစ်ခုလုံးကိုဖျက်စီးမိလုမတတ် အသိစိတ်လွတ်ရန် နည်းနည်းလေးသာလိုတော့သည်။

ကံကောင်းစွာဖြင့် ရှောင်ကျန့်ဒီနေရာတွင်ပြန်ပေါ်လာချိန်၌ တည်နေရာအတိအကျကိုပြန်လည်ရှာဖွေနိုင်ခဲ့တာကြောင့်သာမဟုတ်ရင် သူအမှန်တကယ် အသိစိတ်လွတ်ပြီး ရူးသွားနိုင်သည်။

ဝမ်ရိပေါ်က ရှောင်ကျန့်တစ်ကိုယ်လုံးကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားတာကြောင့် အစတည်းက လူကောင်သေးသည့်ရှောင်ကျန့်မှာ ရိပေါ်ရင်ခွင်ထဲနစ်နေပြီး ပုခုံးကကြည့်ရင် တောက်ပတဲ့မျက်လုံးလေးနှစ်လုံးသာမထင်မရှားမြင်နေရလေသည်။ ဝမ်ရိပေါ်၏အသက်ရှုသံတွေမှာ ကြောက်ရွံ့မှုကြောင့်ပြင်းထန်နေပြီး ရှောင်ကျန့်ကို သူနဲ့တစ်သားတည်းကျသွားစေချင်သလိုမျိုး ပွေ့ဖက်ထားခဲ့သည်။

ရှောင်ကျန့်က သိပ်မကြာခင်မှာပဲ ဝမ်ရိပေါ်ရဲ့စိတ်မငြိမ်မှုနဲ့ကြောက်ရွံ့မှုကိုသတိထားမိသွား၏။ ကျင့်သားရနေသလိုမျိုးပင် ဝမ်ရိပေါ်ရဲ့ကျောပြင်ကျယ်ကြီးကို သူ့လက်ဖဝါးနဲ့ခပ်ဖွဖွပုတ်ပေးရင်း ချော့မြူနှစ်သိမ့်ပေးလိုက်သည်။

"ကျွန်တော် ဘာမှမဖြစ်ဘူးနော်.....ကျွန်တော်ဒီမှာရှိနေတယ်.....ရိပေါ်နဲ့အတူတူရှိနေတယ်လေ...."

ရှောင်ကျန့်ရဲ့ချော့မြူမှုက အမှန်တကယ်အလုပ်ဖြစ်သည်။ မိနစ်နှစ်ဆယ်ခန့်ကြာပြီးနောက်တွင် ဝမ်ရိပေါ်၏အသက်ရှုသံပြင်းပြင်းမှာ ပြန်လည်တည်ငြိမ်လာသည်။ သူကတွန့်ဆုတ်စွာဖြင့် ရှောင်ကျန့်၏ခန္ဓာကိုယ်ကိုလွှတ်ပေးလိုက်ပြီး မျက်နှာငယ်ဖြင့် ကြည့်လာ၏။ မသိရင် အပြစ်လုပ်ထားသည့် ကလေးငယ်တစ်ဦးလိုပင်။

ပိုင်ရှန်း : "....."

ပိုင်ရှန်းဟာ ဝမ်ရိပေါ်ရောက်လာချိန်မှစ၍ တစ်လျောက်လုံး ယင်ကောင်ဝင်ဥလုမတတ် ပါးစပ်အဟောင်းသားဖြင့်ကြောင်တောင်တောင်ဖြစ်နေရှာသည်။

သူ့မျက်လုံးကိုအခုချိန်ထိလုံးဝမယုံကြည်နိုင်သေးတာကြောင့် အသိစိတ်တောင်ဝင်ခြင်းမရှိတော့ပေ။

ငါဘာတွေမြင်လိုက်တာလဲ။ ငါဘယ်သူလဲ။ ငါဘယ်မှာလဲ။

"ခင်ဗျား အဆင်ပြေရဲ့လား"

ဝမ်ရိပေါ်က ခေါင်းငြှိမ့်ပြသည်။ ရှောင်ကျန့်စိတ်သက်သာရာရသွား၏။ ဝမ်ရိပေါ်အသိစိတ်လွတ်ရင် ဘယ်လောက်ထိကြောက်စရာကောင်းလဲဆိုတာ သူ့အပြင် ဘယ်သူမှမသိနိုင်ပေ။ ဘာကြောင့်ဆို ထိုအသိစိတ်လွတ်မတတ်အဖြစ်အပျက်တွေအားလုံး၏ ဦးတည်ရာ အဓိကတရားခံမှာ သူကိုယ်တိုင်ဖြစ်နေတာကြောင့် ဖြစ်သည်။

ယခင်ကမ္ဘာတွေတုန်းကလည်း ကိစ္စသေးသေးလေးတွေကနေစ၍ ကြီးမားသော အရာအားလုံး ခဏခဏဖြစ်ပျက်ခဲ့ဖူးတာကြောင့် ပင်။

"ခင်ဗျား လိုချင်တဲ့ပစ္စည်းလည်းရပြီမဟုတ်လား...."

"အင်း"

"ဒါဆို နတ်ဆိုးတိုင်းပြည်ကိုပြန်ကြရအောင်လေ...."

ဝမ်ရိပေါ်က ငြင်းဆိုခြင်းမရှိပဲ ခေါင်းငြှိမ့်လိုက်သည်။ သူ့ကိုကြည့်ရတာ မသိရင် အရမ်းစကားနားထောင်ပြီးလိမ္မာယဥ်ကျေးတဲ့ကလေးတစ်ယောက်နှင့်တူနေသည်။ ရိပေါ်က ယခင်နဲ့မတူအောင်ကိုတိတ်ဆိတ်လွန်းနေ၏။

ဝမ်ရိပေါ်ဟာ နတ်ဆိုးတိုင်းပြည်ကိုဦးတည်ထားသည့် အက်ကွဲကြောင်းတစ်ခုကို ဖန်တီးလိုက်သည်။ ပြီးနောက် ရှောင်ကျန့်လက်ကိုဆွဲပြီးပြော၏။

"သွားရအောင်"

ရှောင်ကျန့်က ဝမ်ရိပေါ်၏ဆွဲခေါ်မှုကိုမငြင်းဆိုပေ။ သူနောက်သို့လှည့်ကြည့်လိုက်ပြီး ယခုချိန်ထိ ဝမ်ရိပေါ်နဲ့သူ့ကိုကြည့်ရင်း ပါးစပ်ဟောင်းလောင်းဖြင့်တောင့်ခဲနေဆဲဖြစ်သည့် နတ်သားရဲပိုင်ရှန်းကို သတိပေးလိုက်သည်။

"မင်းဒီအတိုင်းရပ်နေတော့မှာလား"

ပိုင်ရှန်းက အယောင်ယောင်အမှားမှားဖြင့်ခေါင်းငြှိမ့်ပြလိုက်သည်။ ပြီးမှ အဓိပ်ပါယျကိုနားလညျသှားပွီး ခေါင်းခါပြလိုက်ပြန်၏။

ရှောင်ကျန့် ခပ်ဖွဖွသာပြုံးလိုက်ပြီး ပိုင်ရှန်းကိုအမြင်မကြည်စွာစောင်းကြည့်နေသည့် ဝမ်ရိပေါ်ဘက်ပြန်လှည့်လိုက်သည်။ ဝမ်ရိပေါ်၏ အနည်းငယ်ဆူပုတ်ချင်နေသည့်မျက်နှာကချက်ချင်းပြန်ကြည်လင်သွားပြီး ရှောင်ကျန့်နဲ့အတူ အက်ကွဲကြောင်းထဲဝင်ရောက်သွားသည်။ ဝမ်ရိပေါ်၏နဂါးမျက်စောင်းကြောင့် ရင်တုန်ပြီးကြောက်လန့်တကြားဖြစ်နေရှာသည့် ပိုင်ရှန်းဟာ သူတို့နှစ်ယောက်ဝင်သွားပြီးမှအနောက်ကနေ တုန်တုန်ရီရီဖြင့်လိုက်ဝင်လာသည်။

အက်ကွဲကြောင်းတစ်ဖက်ခြမ်းကို ရောက်ရှိပြီးနောက်တွင် ရှောင်ကျန့်၏ပျော့ပြောင်းနေသည့်မျက်နှာမှာ ချက်ချင်းပျက်ယွင်းသွားခဲ့သည်။ ယခင်ချိန်တွေတုန်းက အေးအေးချမ်းချမ်းရှိခဲ့ဖူးသည့် နတ်ဆိုးတိုင်းပြည်ဟာ ယခုလက်ရှိတွင် အတော်များများယိုယွင်းပျက်စီးနေသည့် နတ်ဆိုးပေါင်းများစွာဟာ အားတွေစုပ်ယူခံထားရသလိုမျိုး မြေပြင်ပေါ်ပျော့ခွေကျနေ၏။ မရေမတွက်နိုင်သော တစ္ဆေပေါင်းများစွာသည် နတ်ဆိုးဝိဥာဥ်တွေကိုဝါးမျိုလို့မရတာကြောင့်ဒေါသတကြီး အဆောက်အဦးတွေကိုဖြိုချဖျက်ဆီးနေခဲ့သည်။

ဒါက မူလခန္ဓာကိုယ်ပိုင်ရှင် နေထိုင်ခဲ့သည့် ရွာပျက်ဆီးခြင်းနှင့်တိုက်ရိုက်သွားတူညီနေခဲ့သည်။ ၎င်းအရာအားလုံးက သူ့မျက်လုံးထဲအရိပ်ထင်နေသလိုမျိုး အရောင်ပြန်လာ၏။

_________________________________________________________

Zawgyi

ၿမိဳ႕ေတာ္ဝန္က အမူအရာမဲ့သည့္မ်က္ႏွာျဖင့္ဝမ္ရိေပၚကိုတစ္လွည့္ ေရွာင္က်န့္ကိုတစ္လွည့္ၾကည့္ရင္း မ်က္ေမွာင္ၾကဳပ္လိုက္သည္။

"မင္းတို႔ ဘာလိုခ်င္တာလဲ"

"ဝိဥာဥ္ဆင့္ေခၚမီးအိမ္"

"မျဖစ္နိုင္ဘူး!"

ၿမိဳ႕ေတာ္ဝန္၏ေလသံမွာသိသိသာသာတင္းမာသြားသည္။

"မင္းတို႔လိုခ်င္တာ တစ္ျခားအရာေတြဆိုရင္ေတာင္ငါေပးနိုင္ေသးတယ္....ဒါေပမယ့္ ဝိဥာဥ္ဆင့္ေခၚမီးအိမ္ကေတာ့ လုံးဝမျဖစ္နိုင္ဘူး...."

"အဆင္ေျပပါတယ္...."

ဝမ္ရိေပၚက စိတ္မဝင္စားသလို သူ႕လက္ကိုေဝွ႕ယမ္းလိုက္သည္။ ပတ္ဝန္းက်င္ေလဟာနယ္တစ္ခုလုံး ေအးခဲသြားၿပီး ၿမိဳ႕ေတာ္ဝန္အနားတြင္ ထူးဆန္းသည့္နက္ေ႐ႊေရာင္မီးေတာက္တစ္ခ်ိဳ႕စတင္ေတာက္ေလာင္လာ၏။

"ခင္ဗ်ားက ေပးခ်င္စိတ္မရွိမွေတာ့ တိုက္ခိုက္ၾကတာေပါ့"

ဝုန္း!!!

ျပင္းထန္က်ယ္ေလာင္သည့္ေပါက္ကြဲသံႀကီးက ၿမိဳ႕ေတာ္ဝန္အိမ္ေတာ္ရွိရာတြင္ေပၚေပါက္လာၿပီး အမည္မဲ့ၿမိဳ႕တြင္းက လူတိုင္းကိုအာ႐ုံစိုက္သြားေစသည္။

"ဘာျဖစ္တာလဲ"

"ၿမိဳ႕ေတာ္ဝန္အိမ္မွာ တစ္ခုခုျဖစ္ေနတယ္ထင္တယ္...."

"ၾကည့္ရတာ ႀကီးႀကီးမားမားတိုက္ခိုက္ေနသလိုပဲ"

ၿမိဳ႕ေတာ္ဝန္အိမ္ေတာ္၏ ေခါင္မိုးမွာေပါက္ထြက္သြားၿပီး ၿမိဳ႕ေတာ္အထက္တြင္ ၿမိဳ႕ေတာ္ဝန္ႏွင့္ တစ္ျခားေသာက်င့္ႀကံသူတစ္ေယာက္တိုက္ခိုက္ေနၾကသည္ကို ၿမိဳ႕ေနလူအမ်ားစု ျမင္ေတြ႕လိုက္ရသည္။ တည္းခိုခန္းတစ္ခုထဲကထြက္လာသည့္ ေရွာင္မိသားစုႀကီးဟာ ၿမိဳ႕ေတာ္ဝန္ႏွင့္တိုက္ခိုက္ေနသူမွာ သူတို႔နဲ႕လမ္းႀကဳံလိုက္စီးခဲ့သည့္စြမ္းအားျမင့္က်င့္ႀကံသူျဖစ္ေနေၾကာင္းသိလိုက္ၾကသည္။ ေရွာင္ေမာင္ႏွမႏွစ္ေယာက္ဟာ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္မိၾက၏။ သူတို႔မ်က္လုံးအတြင္း၌ ဖုံးကြယ္မရသည့္အံ့အားသင့္မႈကိုအလြယ္တကူျမင္ေတြ႕နိုင္သည္။

ေရွာင္က်န့္ဟာ ေခါင္မိုးေပၚက အေပါက္အႀကီးႀကီးကိုပါးစပ္အေဟာင္းသားျဖင့္ေမာ့ၾကည့္ေနသည္။ အခန္းထဲ၌ သူတစ္ေယာက္တည္းသာက်န္ခဲ့ၿပီး လွ်ို႔ဝွက္ဆန္းက်ယ္သည့္ၿမိဳ႕ေတာ္ဝန္ႏွင့္ ဝမ္ရိေပၚဟာ ေခါင္မိုးကိုေဖာက္ထြက္ၿပီး အမည္မဲ့ၿမိဳ႕၏ေလထုအထက္တြင္ ျပင္းျပင္းထန္ထန္တိုက္ခိုက္ေနၾကသည္။

အမ္.....ျပင္းျပင္းထန္ထန္ဆိုတာထက္ ဝမ္ရိေပၚက အခ်ိန္ဆြဲ႐ုံဆြဲၿပီး တမင္သပ္သပ္အေလ်ာ့ေပးတိုက္ခိုက္ေနတာမွန္း ေရွာင္က်န့္တစ္ေယာက္သာသိသည္။

တကယ္ႀကီးလား။ ရိေပၚက သူကလြဲလို႔ဘယ္တစ္ဦးတစ္ေယာက္ကိုမွ ငဲ့ညွာဖူးတာမဟုတ္မွန္းသူသိသည္။ ဒီတစ္ေယာက္က သူ႕ေျမေခြးမ်က္ႏွာေပၚက မ်က္လုံးမ်က္ခုံးခ်င္း အရမ္းဆင္ေနတာေၾကာင့္အေလ်ာ့ေပးေနတာလား။ ဒါလည္းမျဖစ္နိုင္ေပ။ ဝမ္ရိေပၚအေၾကာင္း သူေသခ်ာသိသည္။ ရိေပၚက ႐ုပ္ရည္တစ္ခုတည္းကိုသာတြယ္ကပ္တတ္ပါက ဘဝေပါင္းမ်ားစြာ ႐ုပ္ရည္အမ်ိဳးမ်ိဳးေျပာင္းလဲေနသည့္ သူ႕ကို ထပ္ခါ၊ထပ္ခါ၊ ခဏခဏ ခ်စ္မိေနပါ့မလား။

ေရွာင္က်န့္အေၾကာင္းအရင္းကို နားမလည္ေပမယ့္ အနည္းငယ္သဝန္တိုမိသည္ကိုထိန္းမရေပ။ မဟုတ္။ သူ  အရမ္း၊ အရမ္း၊ အရမ္းႀကီး သဝန္တိုတယ္။

ေရွာင္က်န့္ ေဒါသႀကီးစြာ ႏွာေခါင္းရႈံ႕လိုက္သည္။ သဝန္တိုရသည့္အရသာက ဒီေလာက္ထိဆိုးဝါးမွန္း သူမသိခဲ့ေပ။ ဘဝတိုင္းတြင္ ဝမ္ရိေပၚဘက္က သူနဲ႕ပြတ္သီးပြတ္သပ္လုပ္တတ္တာကလြဲလို႔ တစ္ျခားသူေတြနဲ႕ နီးနီးကပ္ကပ္တစ္ခါမွမေနပဲ ထိန္းသိမ္းခဲ့တာေၾကာင့္လည္းျဖစ္နိုင္သည္။ အခု တစ္ျခားသူအတြက္ ငဲ့ညွာစဥ္းစားေပးသည္ဟု ေတြးလိုက္႐ုံႏွင့္တင္ ရင္ထဲမသက္မသာခံစားလိုက္ရ၏။ ေရွာင္က်န့္က ေလာဘႀကီးသည္။ သူခ်စ္တဲ့သူကို တစ္ျခားမည္သူနဲ႕မွ အပိုင္းအစေသးေသးေလးေတာင္မမွ်ေဝနိုင္သည္အထိကိုေလာဘႀကီးသည္။

ေရွာင္က်န့္ဟာ ေဒါသထြက္လြန္းတာေၾကာင့္ အနီးမွာရွိတဲ့ စားပြဲခုံေျခေထာက္ကို လႊဲကန္လိုက္သည္။ မထင္မွတ္ထားစြာပင္ စားပြဲခုံေျခေထာက္မွာ အထဲသို႔နစ္ဝင္သြားၿပီး သူ႕အေနာက္ဘက္က နံရံဟာ ကြၽီကနဲပြင့္သြားသည္။

သူေၾကာင္သြားသည္။

လွ်ို႔ဝွက္အခန္းလား??

'အထဲမွာ အႏၱရာယ္ရွိနိုင္လား အုန္းသီး'

[host က အခုသာမန္လူမဟုတ္ေတာ့ဘူးေလဗ်ာ]

'အာ....ငါေမ့သြားတာ'

အုန္းသီး : [.....]

'အဟမ္း....ဘာပဲျဖစ္ျဖစ္ အႏၱရာယ္ရွိ မရွိ သိရေတာ့ ပိုမေကာင္းဘူးလား'

[စိတ္ေအးေအးနဲ႕ေျဖာင့္ေျဖာင့္သာသြားပါ host....အထဲမွာ ဘာအႏၱရာယ္မွမရွိပါဘူး]

'ေကာင္းၿပီေလ'

အုန္းသီး၏အာမခံခ်က္က ေရွာင္က်န့္ကိုအေတာ္ေလးစိတ္ခ်သြားေစသည္။ နံရံေနာက္တြင္ရွိသည္က ဂူသ႑ာန္လမ္းရွည္ႀကီးတစ္ခုျဖစ္သည္။ သူေျခခ်လိဳက္သည္ႏွင့္ လမ္းရွည္၏ေဘးနံရံက မီးအိမ္ေတြမွာအလိုအေလ်ာက္လင္းထိန္သြားသည္။

ပတ္ဝန္းက်င္ကိုသတိမျပတ္စူးစမ္းရင္း ေလွ်ာက္ဝင္လာသည္။ လမ္းအဆုံးသို႔ေရာက္သည့္အခါတြင္ က်ယ္ျပန့္ႀကီးမားသည့္ အခန္းက်ယ္ႀကီးတစ္ခုက သူ႕အျမင္အာ႐ုံထဲဝင္ေရာက္လာ၏။ ၎ကရိုးရိုးရွင္းရွင္း ျပင္ဆင္ထားသည့္ အိပ္ခန္းတစ္ခုျဖစ္ေပမယ့္ အခန္းတစ္ဝက္က အိပ္ခန္းတစ္ခုအသြင္ျဖစ္ၿပီး က်န္တစ္ဝက္က မ်ိဳးစုံေသာပန္းပင္ေတြအေရာင္အေသြးစုံလင္စြာ စိုက္ပ်ိဳးထားသည့္ ပန္းခင္းႀကီးတစ္ခုျဖစ္သည္။ အစီအရင္တစ္ခုေၾကာင့္ ၎ကအခန္းငယ္ႏွင့္မတူပဲ တစ္ျခားကမၻာတစ္ခုလို ေနေရာင္ႏွင့္ စမ္းေခ်ာင္းအပါအဝင္ ေလေျပေလညင္းလည္းတည္ရွိေန၏။

ပိုၿပီးရွင္းရွင္းလင္းလင္းေဖာ္ျပရရင္ ႀကီးမားလြန္းသည့္အခန္းက်ယ္ႀကီး၏တစ္ဝက္က ရိုးရွင္းသပ္ရပ္သည့္အိပ္ခန္းတစ္ခုအသြင္ပုံေဖာ္ထားၿပီး က်န္တစ္ဝက္မွာ သဘာဝပန္းဥယ်ာဥ္ႀကီးတစ္ခုသဖြယ္တည္ရွိေနေလသည္။

'မိုက္လွခ်ည္လား.....အဆင္ေျပရင္ ရိေပၚကိုလည္း ဒီလိုအခန္းမ်ိဳးတစ္ခုေလာက္လုပ္ေပးဖို႔ ေျပာရမယ္....'

[host ဆက္စူးစမ္းအုံးမွာလား]

'ေသခ်ာတာေပါ့'

သူ အိပ္ခန္းရွိရာဘက္သို႔ဦးတည္သြားလိုက္သည္။ အိပ္ခန္းတစ္ခုလုံးရိုးရိုးရွင္းရွင္းႏွင့္သပ္သပ္ရပ္ရပ္ ျပင္ဆင္ထားသည္မွာမွန္ေသာ္လည္းပဲ ေယာက္်ားတစ္ေယာက္၏အခန္းထက္ မိန္းကေလးတစ္ေယာက္၏အခန္းႏွင့္တူေအာင္ျပင္ဆင္ထားမွန္း အေသအခ်ာၾကည့္ရင္ သိနိုင္သည္။

မဟုတ္မွလြဲေရာ.....ၿမိဳ႕ေတာ္ဝန္က ႀကိတ္ပုန္းေနတာမ်ားလား။

ေရွာင္က်န့္ သူ႕ေခါင္းသူျဖတ္ရိုက္လိုက္သည္။ သူက ဝမ္ရိေပၚေၾကာင့္ gay သြားေပမယ့္ မိန္းမအဝတ္အစားဝတ္ရတာႀကိဳက္ႏွစ္သက္သူတစ္ေယာက္ေတာ့မဟုတ္ေပ။ အဲ့ဒါေၾကာင့္နဲ႕ မိန္းကေလးအက်င့္စရိုက္ကို ႏွစ္သက္သေဘာက်သဴတစ္ေယာက္ကို ႏွိမ္ခ်င္စိတ္ရွိသည့္ သေဘာထားေသးသိမ္သူတစ္လည္းဟုတ္မေနေပ။ ၿမိဳ႕ေတာ္ဝန္မွာ ဒီစိတ္ရွိေနရင္ေတာင္ ေရွာင္က်န့္ နားလည္ေပးနိုင္၏။ တစ္ျခားသူ၏စိတ္အေျခအေနႏွင့္ ႀကိဳက္ႏွစ္သက္မႈအားလုံးမွာ သူနဲ႕လုံးဝ မသက္ဆိုင္တာေၾကာင့္ မႏွစ္ၿခိဳက္စရာအေၾကာင္းလဲ မရွိပါေခ်။

ေရွာင္က်န့္ဟာ ၿမိဳ႕ေတာ္ဝန္၏အက်င့္စရိုက္နဲ႕ပတ္သတ္ၿပီး ေခါင္းထဲကထုတ္လိုက္ကာ တစ္ခန္းလုံး လိုက္လံစူးစမ္းၾကည့္၏။ ဒီလိုနဲ႕ သူ႕အၾကည့္ေတြမွာ နံရံေပၚတြင္ လိုက္ကာတစ္ခုလိုမ်ိဳးအဝတ္စရွည္ႀကီးျဖင့္ဖုံးအုပ္ထားသည့္အရာကို စိတ္ဝင္တစားျဖစ္သြားခဲ့သည္။

"ဒါကဘာႀကီးလဲ"

ပါးစပ္ထက္ လက္ပိုျမန္သည့္ ေရွာင္က်န့္ဟာ ၎အဝတ္စရွည္ႀကီးကို ဆြဲဖယ္လိုက္သည္။ သူ႕မ်က္လုံးထဲဝင္လာသည္က ႀကီးမားသည့္ ပန္းခ်ီကားတစ္ခ်ပ္ျဖစ္သည္။ သူ႕မ်က္လုံးေတြ ျပဴးက်ယ္သြားသည္။ ကမၻာေပါင္းမ်ားစြာျဖတ္သန္းၿပီးေနာက္ ေရွာင္က်န့္၏မွတ္ဥာဏ္မွာ နဂိုထက္ အဆေပါင္းမ်ားစြာတိုးတတ္လာခဲ့သည္။ ဒါက ဘဝတစ္ခုမက ျဖတ္သန္းလာခဲ့ရသည့္ မွတ္ဥာဏ္ေတြမ်ားစြာတည္ရွိေနတာေၾကာင့္လည္းျဖစ္နိုင္၏။

တင့္တယ္စြာခ်ိတ္ဆြဲထားသည့္ ပန္းခ်ီကားခ်ပ္ႀကီးကို ထိေတြ႕ၾကည့္ရင္း ေရွာင္က်န့္၏အံ့အားသင့္မႈမွာ အေတာမသတ္နိုင္ေသးေပ။ ဘာေၾကာင့္ဆို ပန္းခ်ီကားထဲက ပုံမွာ သူ ၁၆ႏွစ္တိတိ ရင္းႏွီးကြၽမ္းဝင္ခဲ့ဖူးသည့္ ပုံရိပ္ျဖစ္ေနေသာေၾကာင့္ျဖစ္သည္။

"ဘယ္လိုလုပ္ မားက ဒီပုံထဲေရာက္ေနတာလဲ"

ပန္းခ်ီထဲရွိပုံမွာ ေျမေခြးေမေမ၏ ႏူးညံ့စြာ ၿပဳံးရယ္ေနပုံကိုအဓိကထားဆြဲထားသည္။ ေျမေခြးေမေမက သူ႕ရင္ထဲတြင္ ထူးျခားသည့္ေနရာတစ္ခုတြင္တည္ရွိေနသည္ဟုေျပာနိုင္သည္။ ဘာေၾကာင့္ဆို ေျမေခြးေမေမက သူ႕ကိုေမြးကင္းစအ႐ြယ္ကေန အသက္ ၁၆ႏွစ္အထိ ဂ႐ုတစိုက္ျပဳစုေစာင့္ေရွာက္ေပးခဲ့တာေၾကာင့္လည္းျဖစ္နိုင္၏။

ေျမေခြးေမေမ၏ျဖဴစင္လွပေသာ အၿပဳံးမ်က္ႏွာေလးကိုၾကည့္ရင္း ပန္းခ်ီကားခ်ပ္ေအာက္ဘက္က လက္ေရးလက္သားလွလွပပျဖင့္ စာတန္းတစ္ခုကိုသတိထားမိသြားသည္။

{ခ်စ္လွစြာေသာ ကိုယ့္ရဲ႕ဇနီးေလးအတြက္ လက္ေဆာင္}

ေရွာင္က်န့္ပါးစပ္အေဟာင္းသား ျဖစ္သြားသလိုခံစားရသည္။ တကယ္ႀကီးလား။

ၿမိဳ႕ေတာ္ဝန္တြင္ ဒီပန္းခ်ီကားခ်ပ္ ရွိေနရျခင္း၏ အေၾကာင္းအရင္းအမ်ိဳးမ်ိဳးရွိနိုင္ေပမယ့္ ေရွာင္က်န့္ေခါင္းထဲ ႀကီးမားသည့္ ဗုံးႀကီးတစ္ခုလို ခန့္မွန္းခ်က္တစ္ခုတိုးဝင္လာသည္။

ဒါက သူေျမေခြးေမေမအတြက္ အႏွစ္ႏွစ္အလလရွာေပးခ်င္ေနတဲ့ အမည္မသိအေဖ ျဖစ္နိုင္ေလာက္လား။

ေရွာင္က်န့္ ေၾကာင္ေနတုန္းမွာပင္ သူ႕ပုခုံးတစ္ဖက္မွာ အပုတ္ခံလိုက္ရ၏။

"မင္း ဒီထဲမွာဘာလုပ္ေနတာလဲ...."

နတ္သားရဲ ပိုင္ရွန္းက ဘယ္အခ်ိန္တည္းကေပၚလာမွန္းမသိေပမယ့္ ေရွာင္က်န့္ကို သတိေပးလိုက္သည္။

"သခင္လိုခ်င္တဲ့ပစၥည္း ငါရလာခဲ့ၿပီးၿပီ....ၿမိဳ႕ေတာ္ဝန္ျပန္ေရာက္မလာခင္ အျမန္လစ္ရေအာင္....."

"အာ....အင္း...."

ေရွာင္က်န့္ဟာ ေျမေခြးေမေမ၏ ပန္းခ်ီကားခ်ပ္ကို ေနာက္ဆုံးအႀကိမ္လွည့္ၾကည့္လိုက္ၿပီး ပိုင္ရွန္းေနာက္ကိုေျပးလိုက္သြားသည္။

အခ်ိန္အနည္းငယ္ၾကာၿပီးေနာက္တြင္။

ၿမိဳ႕ေတာ္ဝန္ဟာ အေလာတႀကီး လွ်ို႔ဝွက္ခန္းထဲသို႔ေျပးဝင္လာသည္။ သူ႕ခႏၶာကိုယ္တြင္ ဒဏ္ရာဒဏ္ခ်က္တစ္ခ်ိဳ႕ရွိေနေသာ္လည္း သူဂ႐ုစိုက္သည့္အရာမွာ ၎ကိုမဟုတ္ေပ။ အခန္းထဲက လူလာသြားသည့္ေျခရာလက္ရာတစ္ခ်ိဳ႕ကိုျမင္သည့္အခါတြင္ ၿမိဳ႕ေတာ္ဝန္၏ လွပေသာမ်က္ႏွာမွာ ခ်က္ခ်င္းမဲေမွာင္သြားသည္။ က်င့္ႀကံဆင့္ျမင့္မားလြန္းသည့္ ၿမိဳ႕ေတာ္ဝန္ဟာ ခလုတ္တိုက္မတတ္ ပန္းခ်ီကားေရွ႕ေျပးလာၿပီး ႀကီးမားသည့္ပန္းခ်ီကားခ်ပ္တြင္ ျခစ္ရာေသးေသးေလးတစ္ခုမွ မေတြ႕ရတာေသခ်ာသည့္အခါမွသာလွ်င္ စိတ္သက္သာရစြာ သက္ျပင္းခ်မိလိုက္သည္။

ပန္းခ်ီကားေပၚက လွရက္နိုင္လြန္းေသာ အမ်ိဳးသမီး၏မ်က္ႏွာေလးကို ညင္ညင္သာသာထိေတြ႕ၿပီးေနာက္တြင္ ၿမိဳ႕ေတာ္ဝန္၏ ျမစိမ္းေရာင္မ်က္လုံးအတြင္း၌ လြမ္းစြတ္သတိရမႈနဲ႕အတူ ခ်စ္ျမတ္နိုးစိတ္ေတြထိန္းမရေအာင္ယိုဖိတ္လာခဲ့သည္။

ေတာ္ေသးတာေပါ့။ သူမ ဘာမွမျဖစ္လို႔။

********************
********

ပိုင္ရွန္းက အမည္မဲ့ၿမိဳ႕ေတာ္၏ေနရာလြတ္ကိုေဖာက္ထြက္နိုင္သည့္ ေ႐ြ႕ေျပာင္းျခင္းအစီအရင္တစ္ခုကိုေခ်မြလိုက္သည္။ ထိုအရာက ေရွာင္က်န့္နဲ႕ပိုင္ရွန္းတို႔ႏွစ္ေယာက္လုံးကို အမည္မဲ့ၿမိဳ႕ေတာ္က ထြက္ခြာသြားေစခဲ့ၿပီး အမည္မဲ့သဲကႏၱာရကိုေက်ာ္လြန္၍ ေတာအုပ္တစ္ခုထဲေရာက္ရွိသြားေစခဲ့သည္။

"ဟူး....အခုမွပဲ ရင္ထဲကအလုံးႀကီးက်သြားေတာ့တယ္....ၿမိဳ႕ေတာ္ဝန္က တကယ္ေၾကာက္စရာေကာင္းတာပဲ....သူက နတ္ဘုရားမ်ိဳးႏြယ္ဝင္ေတြကိုေတာင္ႏွိုင္းယွဥ္နိုင္တယ္....အရွင့္ရဲ႕ဥာဏ္ႀကီးမႈေၾကာင့္ေပါ့....မဟုတ္ရင္ ဝိဥာဥ္ဆင့္ေခၚမီးအိမ္ကိုဘယ္ေတာ့မွရမွာမဟုတ္ဘူး"

ပိုင္ရွန္းက တတြတ္တြတ္ျဖင့္ တစ္ေယာက္တည္းစကားေျပာေနရင္း ဝမ္ရိေပၚ၏ဥာဏ္ေကာင္းမႈအျဖာျဖာကိုလည္း ခ်ီးက်ဴးဖို႔ရန္မေမ့ေပ။

ေရွာင္က်န့္က ေဘးပတ္ဝန္းက်င္ကိုလွည့္ပတ္စစ္ေဆးၾကည့္ၿပီးေနာက္ ပိုင္ရွန္းကိုေမးလိုက္သည္။

"ရိေပၚ ဘယ္မွာလဲ"

"???!!"

ပိုင္ရွန္းက အနည္းငယ္လန့္သြားပုံေပၚသည္။ သူက ေဘးဘယ္ညာၾကည့္ၿပီး ေရွာင္က်န့္အနားကပ္ကာ ခပ္တိုးတိုးေလသံျဖင့္ေျပာသည္။

"မင္းကို အရွင္က ဒီလိုနာမည္တိုက္ရိုက္ေခၚတာနဲ႕ပတ္သတ္ၿပီး အျပစ္မေပးဘူးလား"

ေရွာင္က်န့္ေခါင္းခါလိုက္သည္။ ဝမ္ရိေပၚက သူ႕ကိုအျပစ္ေပးမယ္တဲ့လား။ လာေနာက္မေနစမ္းပါနဲ႕။ သူကိုယ္တိုင္နာမည္အတိုင္းေခၚဖို႔ ေျပာထားခဲ့တာမဟုတ္လား။

"အိုး..."

ပိုင္ရွန္းက ေရွာင္က်န့္ကို သူရဲေကာင္းတစ္ေယာက္ကိုသက္ရွိထင္ရွားျမင္လိုက္ရသလို ပုံစံမ်ိဳးျဖင့္ၾကည့္ရႈ႕လာသည္။

ေရွာင္က်န့္ : "....."

ေရွာင္က်န့္ ပိုင္ရွန္းကို ဝမ္ရိေပၚဘယ္မွာလဲဆိုတာ ထပ္ေမးဖို႔ရန္ျပင္လိုက္ခ်ိန္၌ သူတို႔အေရွ႕တြင္ ေလဟာနယ္အက္ကြဲေၾကာင္းတစ္ခုေပၚေပါက္လာၿပီး ထိုအထဲကေန ဝမ္ရိေပၚ၏တင့္တယ္လွေသာ ကိုယ္ဟန္မွာထြက္ေပၚလာခဲ့သည္။

ေရွာင္က်န့္ေပ်ာ္သြားသည္။ သို႔ေပမယ့္ သူပါးစပ္ဟ႐ုံရွိေသး။ ဝမ္ရိေပၚက သူ႕ဆီအရွိန္ျဖင့္ေျပးဝင္လာၿပီး သူတစ္ကိုယ္လုံးသိမ္းက်ဳံးေပြ႕ဖက္ထားလိုက္သည္။ ရိေပၚၾကည့္ရတာ ေဘးနားမွာရွိေနတဲ့ ပိုင္ရွန္းကိုလည္း ဂ႐ုမစိုက္ေတာ့ပုံရ၏။

"ရိ ေပၚ "

ဝမ္ရိေပၚၾကည့္ရတာ တစ္ခုခုကိုေၾကာက္လန့္ေနသည့္ပုံပင္။ အမွန္တကယ္ပင္ ဝမ္ရိေပၚက ေၾကာက္လန့္ေနသည္။ ၎က တိုက္ပြဲေၾကာင့္မဟုတ္သလို ၿမိဳ႕ေတာ္ဝန္၏ေၾကာက္စရာတိုက္ခိုက္မႈေတြေၾကာင့္လဲမဟုတ္ေပ။ ၿမိဳ႕ေတာ္ဝန္နဲ႕တိုက္ခိုက္ခ်ိန္က သူ႕အေရွ႕ကလူသားေလးကို ၿမိဳ႕ေတာ္ဝန္အိမ္ေတာ္ထဲတြင္ တစ္ေယာက္တည္းခ်န္ထားခဲ့တာက သူ႕အာ႐ုံျမင္ကြင္းထဲကေန လုံးဝမလြတ္နိုင္တာေၾကာင့္ျဖစ္သည္။ သို႔ေပမယ့္ ပိုင္ရွန္းေနရာေ႐ြ႕ျခင္းအစီအရင္ကိုအသုံးျပဳလိုက္ခ်ိန္တြင္ ဒီလူသားငယ္ေလး၏အေငြ႕အသက္မွာ သူ႕အာ႐ုံထဲကလုံးဝေပ်ာက္ကြယ္သြားခဲ့သည္။

ထိုအခ်ိန္က သူ႕ရင္ထဲဝင္ေရာက္လာသည္က ဘယ္ေရာက္သြားလဲဆိုတဲ့အေတြးတင္မဟုတ္ပဲ အေၾကာက္တရားတစ္ခုျဖစ္ေနသည္။ သူဘယ္ေလာက္ထိေၾကာက္႐ြံ႕သြားလဲဆိုတာ သူကိုယ္တိုင္ေတာင္ မခန့္မွန္းနိုင္သည္အထိပင္။ သူေနရာတစ္ခုလုံးကိုဖ်က္စီးမိလုမတတ္ အသိစိတ္လြတ္ရန္ နည္းနည္းေလးသာလိုေတာ့သည္။

ကံေကာင္းစြာျဖင့္ ေရွာင္က်န့္ဒီေနရာတြင္ျပန္ေပၚလာခ်ိန္၌ တည္ေနရာအတိအက်ကိဳျပန္လည္ရွာေဖြနိုင္ခဲ့တာေၾကာင့္သာမဟုတ္ရင္ သူအမွန္တကယ္ အသိစိတ္လြတ္ၿပီး ႐ူးသြားနိုင္သည္။

ဝမ္ရိေပၚက ေရွာင္က်န့္တစ္ကိုယ္လုံးကို တင္းတင္းၾကပ္ၾကပ္ေပြ႕ဖက္ထားတာေၾကာင့္ အစတည္းက လူေကာင္ေသးသည့္ေရွာင္က်န့္မွာ ရိေပၚရင္ခြင္ထဲနစ္ေနၿပီး ပုခုံးကၾကည့္ရင္ ေတာက္ပတဲ့မ်က္လုံးေလးႏွစ္လုံးသာမထင္မရွားျမင္ေနရေလသည္။ ဝမ္ရိေပၚ၏အသက္ရႈသံေတြမွာ ေၾကာက္႐ြံ႕မႈေၾကာင့္ျပင္းထန္ေနၿပီး ေရွာင္က်န့္ကို သူနဲ႕တစ္သားတည္းက်သြားေစခ်င္သလိုမ်ိဳး ေပြ႕ဖက္ထားခဲ့သည္။

ေရွာင္က်န့္က သိပ္မၾကာခင္မွာပဲ ဝမ္ရိေပၚရဲ႕စိတ္မၿငိမ္မႈနဲ႕ေၾကာက္႐ြံ႕မႈကိုသတိထားမိသြား၏။ က်င့္သားရေနသလိုမ်ိဳးပင္ ဝမ္ရိေပၚရဲ႕ေက်ာျပင္က်ယ္ႀကီးကို သူ႕လက္ဖဝါးနဲ႕ခပ္ဖြဖြပုတ္ေပးရင္း ေခ်ာ့ျမဴႏွစ္သိမ့္ေပးလိုက္သည္။

"ကြၽန္ေတာ္ ဘာမွမျဖစ္ဘူးေနာ္.....ကြၽန္ေတာ္ဒီမွာရွိေနတယ္.....ရိေပၚနဲ႕အတူတူရွိေနတယ္ေလ...."

ေရွာင္က်န့္ရဲ႕ေခ်ာ့ျမဴမႈက အမွန္တကယ္အလုပ္ျဖစ္သည္။ မိနစ္ႏွစ္ဆယ္ခန့္ၾကာၿပီးေနာက္တြင္ ဝမ္ရိေပၚ၏အသက္ရႈသံျပင္းျပင္းမွာ ျပန္လည္တည္ၿငိမ္လာသည္။ သူကတြန့္ဆုတ္စြာျဖင့္ ေရွာင္က်န့္၏ခႏၶာကိုယ္ကိုလႊတ္ေပးလိုက္ၿပီး မ်က္ႏွာငယ္ျဖင့္ ၾကည့္လာ၏။ မသိရင္ အျပစ္လုပ္ထားသည့္ ကေလးငယ္တစ္ဦးလိုပင္။

ပိုင္ရွန္း : "....."

ပိုင္ရွန္းဟာ ဝမ္ရိေပၚေရာက္လာခ်ိန္မွစ၍ တစ္ေလ်ာက္လုံး ယင္ေကာင္ဝင္ဥလုမတတ္ ပါးစပ္အေဟာင္းသားျဖင့္ေၾကာင္ေတာင္ေတာင္ျဖစ္ေနရွာသည္။

သူ႕မ်က္လုံးကိုအခုခ်ိန္ထိလုံးဝမယုံၾကည္နိုင္ေသးတာေၾကာင့္ အသိစိတ္ေတာင္ဝင္ျခင္းမရွိေတာ့ေပ။

ငါဘာေတြျမင္လိုက္တာလဲ။ ငါဘယ္သူလဲ။ ငါဘယ္မွာလဲ။

"ခင္ဗ်ား အဆင္ေျပရဲ႕လား"

ဝမ္ရိေပၚက ေခါင္းျငႇိမ့္ျပသည္။ ေရွာင္က်န့္စိတ္သက္သာရာရသြား၏။ ဝမ္ရိေပၚအသိစိတ္လြတ္ရင္ ဘယ္ေလာက္ထိေၾကာက္စရာေကာင္းလဲဆိုတာ သူ႕အျပင္ ဘယ္သူမွမသိနိုင္ေပ။ ဘာေၾကာင့္ဆို ထိုအသိစိတ္လြတ္မတတ္အျဖစ္အပ်က္ေတြအားလုံး၏ ဦးတည္ရာ အဓိကတရားခံမွာ သူကိုယ္တိုင္ျဖစ္ေနတာေၾကာင့္ ျဖစ္သည္။

ယခင္ကမၻာေတြတုန္းကလည္း ကိစၥေသးေသးေလးေတြကေနစ၍ ႀကီးမားေသာ အရာအားလုံး ခဏခဏျဖစ္ပ်က္ခဲ့ဖူးတာေၾကာင့္ ပင္။

"ခင္ဗ်ား လိုခ်င္တဲ့ပစၥည္းလည္းရၿပီမဟုတ္လား...."

"အင္း"

"ဒါဆို နတ္ဆိုးတိုင္းျပည္ကိုျပန္ၾကရေအာင္ေလ...."

ဝမ္ရိေပၚက ျငင္းဆိုျခင္းမရွိပဲ ေခါင္းျငႇိမ့္လိုက္သည္။ သူ႕ကိုၾကည့္ရတာ မသိရင္ အရမ္းစကားနားေထာင္ၿပီးလိမၼာယဥ္ေက်းတဲ့ကေလးတစ္ေယာက္ႏွင့္တူေနသည္။ ရိေပၚက ယခင္နဲ႕မတူေအာင္ကိုတိတ္ဆိတ္လြန္းေန၏။

ဝမ္ရိေပၚဟာ နတ္ဆိုးတိုင္းျပည္ကိုဦးတည္ထားသည့္ အက္ကြဲေၾကာင္းတစ္ခုကို ဖန္တီးလိုက္သည္။ ၿပီးေနာက္ ေရွာင္က်န့္လက္ကိုဆြဲၿပီးေျပာ၏။

"သြားရေအာင္"

ေရွာင္က်န့္က ဝမ္ရိေပၚ၏ဆြဲေခၚမႈကိုမျငင္းဆိုေပ။ သူေနာက္သို႔လွည့္ၾကည့္လိုက္ၿပီး ယခုခ်ိန္ထိ ဝမ္ရိေပၚနဲ႕သူ႕ကိုၾကည့္ရင္း ပါးစပ္ေဟာင္းေလာင္းျဖင့္ေတာင့္ခဲေနဆဲျဖစ္သည့္ နတ္သားရဲပိုင္ရွန္းကို သတိေပးလိုက္သည္။

"မင္းဒီအတိုင္းရပ္ေနေတာ့မွာလား"

ပိုင္ရွန္းက အေယာင္ေယာင္အမွားမွားျဖင့္ေခါင္းျငႇိမ့္ျပလိုက္သည္။ ၿပီးမွ အဓိပ္ပါယ်ကိဳနားလည်သွားပြီး ေခါင္းခါျပလိုက္ျပန္၏။

ေရွာင္က်န့္ ခပ္ဖြဖြသာၿပဳံးလိုက္ၿပီး ပိုင္ရွန္းကိုအျမင္မၾကည္စြာေစာင္းၾကည့္ေနသည့္ ဝမ္ရိေပၚဘက္ျပန္လွည့္လိုက္သည္။ ဝမ္ရိေပၚ၏ အနည္းငယ္ဆူပုတ္ခ်င္ေနသည့္မ်က္ႏွာကခ်က္ခ်င္းျပန္ၾကည္လင္သြားၿပီး ေရွာင္က်န့္နဲ႕အတူ အက္ကြဲေၾကာင္းထဲဝင္ေရာက္သြားသည္။ ဝမ္ရိေပၚ၏နဂါးမ်က္ေစာင္းေၾကာင့္ ရင္တုန္ၿပီးေၾကာက္လန့္တၾကားျဖစ္ေနရွာသည့္ ပိုင္ရွန္းဟာ သူတို႔ႏွစ္ေယာက္ဝင္သြားၿပီးမွအေနာက္ကေန တုန္တုန္ရီရီျဖင့္လိုက္ဝင္လာသည္။

အက္ကြဲေၾကာင္းတစ္ဖက္ျခမ္းကို ေရာက္ရွိၿပီးေနာက္တြင္ ေရွာင္က်န့္၏ေပ်ာ့ေျပာင္းေနသည့္မ်က္ႏွာမွာ ခ်က္ခ်င္းပ်က္ယြင္းသြားခဲ့သည္။ ယခင္ခ်ိန္ေတြတုန္းက ေအးေအးခ်မ္းခ်မ္းရွိခဲ့ဖူးသည့္ နတ္ဆိုးတိုင္းျပည္ဟာ ယခုလက္ရွိတြင္ အေတာ္မ်ားမ်ားယိုယြင္းပ်က္စီးေနသည့္ နတ္ဆိုးေပါင္းမ်ားစြာဟာ အားေတြစုပ္ယူခံထားရသလိုမ်ိဳး ေျမျပင္ေပၚေပ်ာ့ေခြက်ေန၏။ မေရမတြက္နိုင္ေသာ တစ္ေဆေပါင္းမ်ားစြာသည္ နတ္ဆိုးဝိဥာဥ္ေတြကိုဝါးမ်ိဳလို႔မရတာေၾကာင့္ေဒါသတႀကီး အေဆာက္အဦးေတြကိုၿဖိဳခ်ဖ်က္ဆီးေနခဲ့သည္။

ဒါက မူလခႏၶာကိုယ္ပိုင္ရွင္ ေနထိုင္ခဲ့သည့္ ႐ြာပ်က္ဆီးျခင္းႏွင့္တိုက္ရိုက္သြားတူညီေနခဲ့သည္။ ၎အရာအားလုံးက သူ႕မ်က္လုံးထဲအရိပ္ထင္ေနသလိုမ်ိဳး အေရာင္ျပန္လာ၏။

_________________________________________________________

Continue Reading

You'll Also Like

120K 10.8K 85
host: ဇာတ်လိုက်တွေက ငါလေးကို ကြိတ်ကြံနေတယ် system : mission အတွက်အထောက်အကူဖြစ်တယ် အစားခံလိုက်ပါhost someone: အဟက် ဘယ်လိုလုပ်မလဲ မင်းဘယ်ပြေးပြေး မလွတ...
400K 15.3K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
151K 16.2K 33
"ဝမ်ရိပေါ် ငါ မင်းကို မချစ်ဘူး" "ရှောင်းကျန့် ငါလည်း မင်းကို မချစ်ဘူး" "ဝမ္ရိေပၚ ငါ မင္းကို မခ်စ္ဘူး" "ေရွာင္းက်န႔္ ငါလည္း မင္းကို မခ်စ္ဘူး" Captain...
51.9K 5.4K 45
✔Uploaded in both Zawgyi and Unicode. ကာကွယ်​ပေးမည် ဆို​သော ဒမ်ဘယ်​ဒေါ၏ ကမ်းလှမ်းမှုကို နက္ခတ်ကြည့်​မျှော်စင်​ပေါ်မှာ မာလ်ဖွိုင်း လက်ခံခဲ့လိုက်လျှင်​...