နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

By Lazy_Little_Meow

157K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... More

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [70]

965 137 2
By Lazy_Little_Meow

Translated by Melinoe_Megami

[Unicode]

အပိုင်း - (၇၀)

အခမ်းအနား တက်ရောက်လာသော ပရိသတ်များနှင့် သတင်းထောက်များမှာ အံ့ဩလွန်း၍ ကြောင်အမ်းသွားကြရ၏။ တစ်ခဏကြာပြီးမှ အသိပြန်ကပ်လာကြသည်။

မားကတ်တင်းကုမ္ပဏီတွေရဲ့ နည်းလမ်းတွေက အရင်ကထက်ပိုပြီး လှည့်ကွက်များလာလိုက်တာ။ ဒီလောက်အရေးကြီးတဲ့ သတင်းကို အခုချိန်မှ ထုတ်လွှင့်နိုင်ဖို့ဆိုတာ အချိန်အကြာကြီး စိတ်ရှည်ရှည်နဲ့ သည်းခံခဲ့ရမှာပဲ။ ပါဝင်သရုပ်ဆောင်ထားတဲ့ အနုပညာရှင်ကိုလည်း လုံးဝပရိုမိုးရှင်းမဆင်းဘဲ ဘယ်သူမှမသိအောင် ဖုံးကွယ်ထားသေးရဲ့..!

တကယ်တော့ တရုတ်ကိုယ်စားလှယ်ခမျာ တစ်ယောက်တည်းကြိတ်ပြီး ရူးမတတ် နောင်တရနေရှာသည်။

ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့က ဘာလုပ်နေကြတာလဲ..? အစကတည်းက ဒီကိစ္စအကြောင်း ပြောပြထားသင့်တာလေ၊ အဲ့တာမှ သူတို့လည်း နဉ်ရှီရဲ့ ကျော်ကြားမှုကို အမှီသဟဲပြုပြီး ရုပ်ရှင်နာမည်ပိုကြီးအောင် ပရိုမိုးရှင်းဆင်းထားလို့ ရတာပေါ့။ ဒီလိုသိသာတဲ့ အမှားမျိုး ဖြစ်လာတာဆိုတော့ ပရိုဂျူဆာတွေ တမင်ရည်ရွယ်ပြီး ဖုံးကွယ်ထားတာလား၊ ဒါမှမဟုတ် တခြားအကြောင်းအရင်းတွေကြောင့်လား.. စဉ်းစားစရာပဲ..!

ပရိုဂျူဆာများအပေါ် ဘယ်လောက်ပဲ မကျေမနပ်ဖြစ်နေပါစေ၊ ထိုလူများကို ဆန့်ကျင်ရန် မဖြစ်နိုင်ကြောင်း သူကိုယ်တိုင်လည်း သိနေသည်။ မဟုတ်လျှင် ပရိသတ်များ၏ တံတွေးပင်လယ်ကြား နစ်သေသွားလိမ့်မည်။ သို့နှင့် ပရိုဂျူဆာလည်း ဖျစ်ညှစ်ပြုံးကာ လူတစ်ယောက်ချင်းစီ၏ မျက်နှာအမူအရာကို ဆန်းစစ်ကြည့်လိုက်သည်။

“ကျင်းရီ.. နင့်ကို တကယ်ကျေးဇူးတင်တာပဲ.. နင့်ကြောင့်သာမဟုတ်ရင် ငါတို့ ဒီနေရာကို ဝင်ခွင့်ရမှာမဟုတ်ဘူး..” အပြာရောင် ကုတ်အင်္ကျီဝတ်ထားသည့် မိန်းကလေးတစ်ဦးက ကျင်းရီဘက်လှည့်ကာ.. “နင်က အရမ်းမိုက်တာပဲ.. ဒီတစ်ခေါက် ဝင်ခွင့်လက်မှတ်ဝယ်ဖို့ အရမ်းခက်တာတဲ့.. သူဌေးသမီးတစ်ယောက်တောင် အတင်းလိုက်ဝယ်တာ မရဘူးတဲ့လေ..”

(TN : ကျင်းရီဆိုတာ ကျင်းဟုန်ခိုင်ရဲ့ သမီးနော်။ မှတ်မိသေးလား ရုပ်ရှင်မင်းသမီးနဲ့ လက်ထပ်ပြီး အဲ့မင်းသမီး သတ်သေသွားတာလေ။)

“အဲ့တစ်ယောက်က ဘယ်လိုလုပ် သူဌေးသမီးဖြစ်ရမှာလဲ..?” ကျင်းရီက လှောင်ရယ်ရယ်ကာ.. “အထက်တန်းလွှာတွေရဲ့ မျိုးဆက်သစ်အသိုင်းအဝိုင်းမှာတောင် လူရာဝင်တာမဟုတ်ဘူး..”

ကျင်းရီ၏စကားကို ကောင်မလေးတချို့ကြားပြီး သူတို့၏ မျက်နှာပေါ်တွင် မနာလိုရိပ်များ ပြည့်လျှံသွားရသည်။ သူတို့အားလုံး Hart ၏ ပရိသတ်များပင်။ ကျင်းရီကို ဘယ်သူဘယ်ဝါမှန်း မသိပါသော်လည်း ဝတ်စားထားပုံအရ အလွန်ချမ်းသာသော မိသားစုကြီးတစ်ခု၏ သခင်မလေးဖြစ်ကြောင်း သိသာနေလေ၏။

“အစီအစဉ်ကြေညာသူ ပြောသွားတာ ကြားလိုက်လား..?” ဒီရုပ်ရှင်မှာ တရုတ်မင်းသမီးတစ်ယောက် တကယ်ကြီး ပါနေတာလား..?” ကောင်မလေးတစ်ယောက်က စိတ်လှုပ်ရှားစွာ ပြောလာသည်။ “အား…! ဒီလောက်ကောင်းတဲ့ အခွင့်အရေးကြီး ရသွားတာ ဘယ်မင်းသမီးပါလိမ့်.. ငါသိချင်လာပြီ..”

“ဘာများအထင်ကြီးစရာရှိလို့လဲ..? ဒီအတိုင်း စကားတစ်ခွန်းနှစ်ခွန်းလောက် ဝင်ပြောရရုံနေမှာပေါ့.. ဒါမှမဟုတ် တစ်ခွန်းမှတောင် ဝင်မပြောရတဲ့ ဇာတ်ကောင်မျိုး ဖြစ်နိုင်တာပဲ..” ကျင်းရီက အထင်သေးဟန်ဖြင့်.. “ပြည်တွင်းသရုပ်ဆောင်အားလုံး အဲ့လိုချည်းပဲ မဟုတ်ဘူးလား..?”

ပရိသတ်မိန်းမငယ်လေးတချို့၏ မျက်နှာပေါ်တွင် ကသိကအောက်ဖြစ်ခြင်းများ ထင်ဟပ်လာခဲ့၏။ သူတို့သည် Hart ၏ ပရိသတ်များဖြစ်သော်ငြား ပြည်တွင်းသရုပ်ဆောင်အချို့ကိုလည်း သဘောကျမိသည်။ သို့သော် ကျင်းရီက ပြည်တွင်းသရုပ်ဆောင်များကို အဖက်မတန်သလိုမျိုး ပြုမူနေလေသည်။

“သရုပ်ဆောင်တွေကို အထင်မကြီးရင်လည်း ဘာလို့ ဒီရောက်လာသေးလဲ..?” အရှေ့မှာထိုင်နေသည့် မိန်းကလေးတစ်ယောက်က ရုတ်တရက် နောက်လှည့်ကာ ကျင်းရီကို စက်ဆုပ်ရွံရှာသလိုမျိုး စိုက်ကြည့်လာသည်။ “အဲ့လိုစကားမျိုး ပြောရအောင် နင်တို့မိသားစုက ပြည်တွင်းသရုပ်ဆောင်တွေကို တင်ကျွေးထားရလို့လား..?”

“နင် ဘာစကားပြောတာလဲ..?” ကျင်းရီ၏ မျက်နှာက ဖားပြုပ်တစ်ကောင်လို မဲ့ရှုံ့သွားပြီး ဒေါသကြောင့် နှလုံးခုန်သံမြန်လာ၏။ မကြာမီ ပွဲစတော့မည်ဖြစ်ကြောင်း ဝန်ထမ်းများ အချက်ပြလာ၍သာ။ မဟုတ်လျှင် တစ်ဖက်လူနှင့် တစ်ပွဲတစ်လမ်း အကဲစမ်းမိလိမ့်မည်။

ထိုစဉ်မှာပင် ပွဲတက်ရောက်နေသည့် သတင်းထောက်တချို့က ‘The Unrivalled 2’တွင် တရုတ်မင်းသမီးတစ်ယောက် ပါဝင်သရုပ်ဆောင်ထားကြောင်း သတင်းဖြန့်ပြီးချေပြီ။ ထိုသတင်းကို မြင်လိုက်ရသည့် အင်တာနက်သုံးစွဲသူများမှာ တချို့က သတင်းမှန်မမှန် သံသယဝင်နေကြပြီး အများစုကတော့ သတင်းမှားလွှင့်ကာ ပရိုမိုးရှင်းဆင်းနေသည်ဟု ထင်မြင်သွားကြသည်။

ပြည်တွင်းရုပ်ရှင်ထုတ်လုပ်ရေးများ ကြီးစိုးနေချိန် နိုင်ငံခြားရုပ်ရှင်အနေဖြင့် ဈေးကွက်ကို ထိုးဖောက်ရာ၌ စိန်ခေါ်မှုများသည်။ ယနေ့ခေတ် နိုင်ငံခြားရုပ်ရှင်တချို့၏ ရင်းနှီးမြှုပ်နှံသူများသည် သီးသန့်ဇာတ်ကွက်များ တမင်ဖန်တီးကာ တရုတ်လူမျိုးများ ပါဝင်သရုပ်ဆောင်စေခြင်း၊ သို့တည်းမဟုတ် တရုတ်နိုင်ငံကို ချီးမွမ်းသည့် စကားပြောတစ်ခွန်းနှစ်ခွန်း ထည့်သွင်းခြင်း၊ စသည့် အကွက်များဖြင့် တရုတ်ပရိသတ်များ ကြည့်ချင်လာအောင် ပြုလုပ်တတ်ကြ၏။ ထို့ကြောင့် တရုတ်ပရိသတ်များအတွက် ထိုနည်းလမ်းများဟာ ရိုးလွန်းနေပြီဖြစ်သည်။

ထို့ကြောင့် ‘The Unrivalled 2’ တွင် တရုတ်သရုပ်ဆောင်တစ်ဦး ပါဝင်နေသည်ဟူသော သတင်းနှင့်ပတ်သက်၍ လူအများစုက စောင့်ကြည့်နေရန်သာ ရွေးချယ်လိုက်ကြ၏။

သတင်းစာရှင်းလင်းပွဲ၌…

အစီအစဉ်တင်ဆက်သူများသည် သတင်းထောက်များ၏ သိချင်စိတ်အပြည့်ဖြင့် နှာကစ်နေပုံကို စောင့်ကြည့်နေကြလေသည်။ စင်အနောက်ဘက်မှ အဆင်သင့်ဖြစ်ကြောင်း အကြောင်းကြားလာသောအခါ ရယ်မောလိုက်ပြီး.. “ကဲ ‘The Unrivalled 2’ ရဲ့ ဒါရိုက်တာနဲ့ အဓိကသရုပ်ဆောင်တွေကို ကြိုဆိုလိုက်ကြရအောင်..”

ဒါရိုက်တာ Joseph စင်ပေါ်တက်လာသည်နှင့် ပရိသတ်များက ယဉ်ယဉ်ကျေးကျေး လက်ခုပ်တီးလိုက်ကြ၏။ ယဉ်ကျေးမှုအရ ကြိုဆိုလိုက်သော်လည်း သူတို့၏ တုံ့ပြန်မှုက တက်တက်ကြွကြွမရှိပေ။ Hart နှင့် Juliana ပေါ်လာမည့် အချိန်ကိုသာ စောင့်မျှော်နေကြလေသည်။

သေချာတာပေါ့၊ Julian ပေါ်လာချိန်တွင် ပရိသတ်အားလုံး အသက်ဝင်လာပြီး လက်ခုပ်ဩဘာသံများဖြင့် ဆူညံသွားတော့၏။

Juliana နှင့် ပရိသတ်များ နှုတ်ဆက်ပြီးနောက် စီစဉ်တင်ဆက်သူက Hart ကို ခေါ်ထုတ်လိုက်သည်။ ချက်ချင်းဆိုသလို မိန်းကလေးပရိသတ်များ၏ အော်ဟစ်သံများ ခေါင်မိုးပွင့်လုမတတ် ထွက်ပေါ်လာ‌တော့သည်။

ပရိသတ်များ၏ တုံ့ပြန်ပုံက ‘The Unrivalled 2’ သရုပ်ဆောင်နှင့် အဖွဲ့သားများကို ပျော်ရွှင်ကျေနပ်စေခဲ့သည်။ Hart နှင့် Juliana သည် တရုတ်စကား မပြောတတ်သော်လည်း ပရိသတ်များကို ကောင်းကောင်း တင်ဆက်နိုင်ပေ၏။ ထို့ကြောင့် လေထုအငွေ့အသက်က သက်ဝင်လှုပ်ရှားနေတော့သည်။

အစီအစဉ်တင်ဆက်သူများက နောက်ထပ်အဓိကဇာတ်ကောင်နှစ်ဦးကို ထပ်မံမိတ်ဆက်ပေးခဲ့သည်။ သို့သော် သူတို့နှစ်ဦးက ဇာတ်လိုက်နှင့် ဇာတ်လိုက်မင်းသမီးကဲ့သို့ ရုပ်မချောသဖြင့် ပရိသတ်များက Hart နှင့် Juliana အပေါ်သာ အာရုံစိုက်နေကြလေသည်။

“ကဲ.. အခုဆို ငါးယောက်မြောက်အဓိကဇာတ်ကောင်ဖြစ်တဲ့ နဉ်ရှီကို ဖိတ်ခေါ်လိုက်ကြရအောင်..!” အခမ်းအနားမှူးက ထိုသို့ ကြေညာပြီးနောက် ပရိသတ်များ၏ တုံ့ပြန်ပုံကို လှည့်ကြည့်လိုက်၏။ သေချာတာပေါ့၊ လူတိုင်းနီးပါး စကားမပြောနိုင်အောင် အံ့ဩမှင်သက်နေကြရာ အခမ်းအနားမှူးလည်း စိတ်ကျေနပ်သွားတော့သည်။

သတင်းထောက်များလည်း တကယ့်ကို အံ့ဩသွားကြရသည်။ တရုတ်မင်းသမီးတစ်ဦး ပါဝင်ရိုက်ကူးထားကြောင်း တရုတ်ကိုယ်စားလှယ် ပြောခဲ့စဉ်က သူတို့၏ စိတ်ထဲတွင် ဖြစ်နိုင်ခြေရှိသည့် သရုပ်ဆောင်များကို စဉ်းစားခဲ့ကြသည်။ သို့သော် နဉ်ရှီကို‌တော့ လုံးဝမထင်ထားခဲ့ပေ။

နဉ်ရှီသည် လက်ရှိအချိန်တွင် နာမည်ကြီးနေသော်လည်း နိုင်ငံခြားရုပ်ရှင်ထုတ်လုပ်ရေးတွင် ပါဝင်နိုင်သည်အထိ အရည်အချင်းရှိသော ထိပ်တန်းသရုပ်ဆောင်ဟူ၍ သတ်မှတ်လို့မရသေးပေ။ ထို့ကြောင့် နဉ်ရှီကို လုံးဝမတွေးမိကြခြင်းပင်။

သို့နှင့် သင့်လျော်လိုက်ဖက်သည့် ပွဲတက်ဝတ်စုံကို ဝတ်ဆင်ကာ စင်အနောက်ဘက်မှ ပေါ်ထွက်လာသော နဉ်ရှီကို မြင်လိုက်ရချိန်တွင် ပွဲတက်ရောက်သူအားလုံး ကိုယ့်မျက်လုံးကိုယ် မယုံကြည်နိုင်အောင် ဖြစ်သွားကြရလေသည်။

လက်စသတ်တော့ နဉ်ရှီက ဘယ်သူမှမသိလိုက်ခင် နိုင်ငံတကာရုပ်ရှင်နယ်နမိတ်အထိ ခြေလှမ်းစနေခဲ့ပြီပဲ..!

နဉ်ရှီကို မြင်လိုက်ရချိန်တွင် ကျင်းရီ၏ မျက်နှာတစ်ပြင်လုံး မှောင်မည်းသွားခဲ့သည်။

အဲ့မိန်းမက ဒီမှာ ဘာလုပ်နေတာလဲ..? ပြီးတော့ Hart နဲ့လည်း အရမ်းရင်းနှီးသလိုပဲ..?

“နဉ်ရှီက လှလိုက်တာနော်.. အသားအရေလည်း လှချက်ပဲ..!”

“ဟုတ်ပ..! လမ်းလျှောက်ပုံလေးကအစ ကြော့ရှင်းနေတာဆိုတာ.. ဘာလို့ မိန်းကလေးအချင်းချင်း ငမ်းနေမိပါလိမ့်..?”

“ဥက္ကဋ္ဌချန်းကိုတောင် မနာလိုဖြစ်လာပြီ.. ဒီလောက်လှတဲ့ ချစ်သူကောင်မလေးကို အပိုင်ရထားတာလေ.. နတ်ဘုရားမလေးနဉ်ရဲ့ မျက်နှာကို ဆက်ကြည့်နေရင် ငါတော့ ဂေးသွားတော့မှာပဲ..!”

နဉ်ရှီကို ချီးမွမ်းနေသည့် ပတ်ပတ်လည်မှ စကားသံများကို နားထောင်ရင်း ကျင်းရီ၏ စိတ်အခြေအနေက လွတ်ထွက်လုမတတ် ဆိုးရွားလာတော့သည်။ ယနေ့ပွဲအခမ်းအနားကို ထိုမိန်းမ တက်ရောက်မည်မှန်း ကြိုသိထားလျှင် ဘာမင်းသားလာလာ သူမ ရောက်လာလိမ့်မည် မဟုတ်ပေ။

စင်ပေါ်တွင် နဉ်ရှီသည် ပရိသတ်များနှင့် ပုံမှန်အတိုင်းလေး ရင်းနှီးမှုဖလှယ်နေခဲ့၏။ ယောက်ျားလေးပရိသတ်များမှာ အသိစိတ်လွတ်နေသကဲ့သို့ နဉ်ရှီကိုသာ ငေးမောကြည့်နေကြလေသည်။

“နဉ်ရှီ.. ဒါရိုက်တာ Joseph နဲ့ အလုပ်လုပ်ရတာ ဘယ်လိုနေလဲ ပြောပြပေးနိုင်မလား..?” အစီအစဉ်တင်ဆက်သူသည် နဉ်ရှီနှင့် အဓိကသရုပ်ဆောင်များ ဆက်ဆံရေးကောင်းတာကို သတိပြုမိလိုက်သည်။ သူတို့၏ အပြုအမူက စင်ပေါ်မှာဖြစ်နေ၍ ဟန်ဆောင်နေခြင်းမဟုတ်ပေ။ သို့ဖြစ်ရာ တင်ဆက်သူလည်း နဉ်ရှီကို ပွဲထုတ်ရန် ကြိုးစားလိုက်တော့သည်။

“ဒါရိုက်တာက ဖော်ရွေပြီး စိတ်ထားကောင်းတဲ့ လူတစ်ယောက်ပါ..” နဉ်ရှီက ထိုသို့ပြောပြီးနောက် Joseph ကို လှည့်ကြည့်ကာ.. “ကျွန်မချက်တဲ့ ဟော့ပေါ့ကို လွမ်းမနေရင်တော့ ပိုကောင်းမှာပေါ့..”

Joseph က နဉ်ရှီနှင့် တင်ဆက်သူတို့ အပြန်အလှန်ပြောနေသည်ကို နားမလည်ပေ။ သို့သော် စကားပြန်က ဘာသာပြန်ပေးပြီးနောက် ဝမ်းနည်းသွားဟန်ဖြင့်.. “ဒါက ကျုပ်တို့အမှားမဟုတ်ဘူးလေ.. နဉ်.. မင်းလုပ်ကျွေးတဲ့ ဟော့ပေါ့က အရမ်းအရသာရှိနေတာကို..”

တင်ဆက်သူသည် အင်္ဂလိပ်လို ကောင်းကောင်းတတ်ကျွမ်း၏။ ထို့ကြောင့် Joseph ဘာပြောသလဲဆိုတာ နားလည်နိုင်ခဲ့သည်။

“ဒါရိုက်တာကပြောတယ်.. ဟော့ပေါ့ကို အရမ်းကောင်းအောင်ချက်တဲ့ နဉ်ရှီရဲ့ အမှားပဲတဲ့.. ကြည့်ရတာ ကျွန်တော်တို့နဉ်ရှီက တရုတ်အစားအစာနဲ့ ဒါရိုက်တာကို လွှမ်းမိုးထားနိုင်ပုံပဲ..”

ချက်ချင်းဆိုသလို ရယ်မောသံများ ပြန့်လွင့်လာခဲ့သည်။ လူတိုင်းက နိုင်ငံခြားသားများ၏ အရသာခံအာရုံဖုကို ဟင်းကောင်းကောင်းချက်ကာ အနိုင်ယူထားသော နဉ်ရှီအတွက် ချီးကျူးဂုဏ်ယူဟန်အပြည့်။

“တရုတ်ပြည်မှာ နဉ်ရှီရဲ့ ပရိသတ်တွေ အများကြီးရှိပုံပဲ..” Juliana က Hart ကို တိုးတိုးလေး ကပ်ပြောလိုက်သည်။ “နဉ်ရှီကို ကြည့်တဲ့အကြည့်တွေက တောက်ပနေတာပဲနော်..”

Hart က စင်အောက်သို့ လှမ်းကြည့်ကာ ပထမဦးဆုံးဖူးပွင့်သော နွေဦးပန်းပွင့်နှယ် ပြုံးလိုက်၏။ “သူ(မ)က အရမ်းအံ့ဩစရာကောင်းတဲ့ မိန်းကလေးပဲလေ..”

ထိုအခိုက် တင်ဆက်သူက အတူတူသရုပ်ဆောင်ခဲ့သည့် သရုပ်ဆောင်များအပေါ် နဉ်ရှီ၏ သဘောထားကို မေးမြန်းလာသည်။

“အရမ်းကောင်းပါတယ်..” နဉ်ရှီက Hart နှင့် Juliana ဆီသို့ လျှောက်သွားကာ Hart ၏ ပခုံးကို ပုတ်လိုက်ရင်း.. “လူတိုင်းအမြင်မှာ Hart က ဒီအတိုင်း ရုပ်ချောပြီးတည်ငြိမ်တယ်လို့ ထင်ကြမှာပေါ့.. ဒါပေမဲ့ ရိုက်ကွင်းမှာဆို သူ အတက်ကြွဆုံးပဲ.. ပြီးတော့ ကျွန်မ ဟော့ပေါ့ချက်တိုင်း အများဆုံးစားတဲ့လူက သူပဲ..”

ပရိသတ်များ ထရယ်ကြပြန်၏။ အစောပိုင်းကတော့ သူတို့၏ စိတ်ထဲတွင် နဉ်ရှီက အဓိကသရုပ်ဆောင်များနှင့် ရင်းနှီးသလို ဟန်ဆောင်နေသည်ဟု ထင်မြင်ခဲ့ကြ၏။ သို့သော် နဉ်ရှီ၏ စကားလုံးများက အရာအားလုံး ရှင်းလင်းသွားစေသည်။

နဉ်ရှီသာ နိုင်ငံခြားသားသရုပ်ဆောင်များနှင့် မရင်းနှီးလျှင် အလွယ်တကူ ဖော်ထုတ်ခံရနိုင်သည့် ထိုစကားမျိုး ပြောရဲမည်မဟုတ်ပေ။

သရုပ်ဆောင်အဖွဲ့၏ တစ်ဦးတည်းသော တရုတ်လူမျိုးအဖြစ် နဉ်ရှီသည် ပရိသတ်များ စိတ်ဝင်စားလာအောင် ပြောပေးနေရုံသာမက အဓိကသရုပ်ဆောင်များကိုလည်း ပရိသတ်များနှင့် ရင်းနှီးလွယ်အောင် စကားစပေးနေသည်။

ဘေးမှာရပ်နေသည့် တင်ဆက်သူပင်လျှင် သူ့တာဝန် လုယူခံလိုက်ရသလို ခံစားလိုက်ရသည်။

နဉ်ရှီက ကြားခံဆက်သွယ်ပေးနေသဖြင့် နိုင်ငံခြားသားသရုပ်ဆောင်များသည် ယခုလိုအခမ်းအနားမျိုး တက်ရောက်တိုင်း ခံစားခဲ့ရဖူးသော စိတ်မသက်မသာဖြစ်ရသည့် ခံစားချက်ကို မခံစားရတော့ပေ။ စိတ်အေးလက်အေး ဖြစ်လာကြသည်။ ပရိသတ်များလည်း မေ့ပျောက်၍မရနိုင်သည့် အတွေ့အကြုံမျိုး ခံစားနိုင်ခဲ့သည်။

“သတင်းစာရှင်းလင်းပွဲ မကြာခင် ပြီးဆုံးတော့မှာဆိုတော့ သတင်းထောက်မိတ်ဆွေတွေ မေးစရာရှိရင် ကျေးဇူးပြုပြီး လက်ထောင်ပေးပါနော်.. အင်တာဗျူးအတွက် မိနစ် ၃၀ စီစဉ်ပေးထားပါတယ်..”

အတော်ကြာအောင် စောင့်ဆိုင်းခဲ့ပြီးနောက် အင်တာဗျူးအချိန်သို့ ရောက်လာခဲ့ချေပြီ။ လူတိုင်း စိတ်လှုပ်ရှားလာကြတော့သည်။

“နဉ်ရှီ.. ‘The Unrivalled 2’ မှာ ပါဝင်သရုပ်ဆောင်ဖူးကြောင်း ဘာလို့မပြောပြခဲ့တာလဲဗျ..?”

“ကျွန်မ တရုတ်ပြည်ကို ပြန်မလာခင် ဒီရုပ်ရှင်မှာ ပါဝင်ဖြစ်ခဲ့ပါတယ်.. အဲ့တာကြောင့် ရုပ်ရှင်ဘယ်အချိန်လွှင့်မလဲဆိုတာ ကျွန်မ မသိခဲ့ရပါဘူး..” နဉ်ရှီက ရှက်ရွံ့နေဟန်ဖြင့်.. “လွန်ခဲ့တဲ့နှစ်ရက်လောက်ကမှ ရုပ်ရှင်အဖွဲ့သားတွေ တရုတ်ပြည်လာပြီး ပရိုမိုးရှင်းဆင်းမယ်ဆိုတာ သိခဲ့ရတာပါ..”

သတင်းထောက်များ : ပြောသွားတာတော့ ကျိုးကြောင်းဆီလျော်သားပဲ.. ဒါပေမဲ့ နဉ်ရှီက ဘာလို့ဒီလောက်တောင် သိုဝှက်နိုင်ရတာလဲ..? တခြားသရုပ်ဆောင်တွေဆို ဒီလောက်နာမည်ကြီးတဲ့ ရုပ်ရှင်ထုတ်လုပ်ရေးမှာ သရုပ်ဆောင်နိုင်ခဲ့ရင် အဲ့သတင်းသုံးပြီး သူတို့ကိုယ်သူတို့ စန်းတင်ကြမှာပဲ.. နိုင်ငံခြားရုပ်ရှင်မှာ သရုပ်ဆောင်ဖူးတယ်ဟေ့ဆိုပြီး တစ်နိုင်ငံလုံးသိအောင် ကြေညာမောင်းခတ်နေမှာ..!

နဉ်ရှီက မီဒီယာများ၏ အတွေးကို ဂရုမစိုက်ပေ။ သူမက သိုသိုဝှက်ဝှက်နေပြီး အလုပ်ကြိုးစားကြောင်း ရိုးရိုးရှင်းရှင်းသာ ဖော်ပြလိုက်သည်။ မီဒီယာများသာမက ပရိသတ်များလည်း သူမကို အရမ်းသဘောကျနေကြလေသည်။

Juliana, Hart နှင့် နဉ်ရှီ ပတ်ပတ်လည်တွင် သတင်းထောက်များ ဝန်းရံနေတော့၏။ နိုင်ငံခြားသတင်းထောက်များကို သတင်းမေးမြန်းချိန်မှာလည်း နဉ်ရှီက ဘာသာပြန်ပေးကာ ကူညီပေးခဲ့သည်။ သူမ၏ ကျွမ်းကျင်မှုကြောင့် မီဒီယာများမှာ ပို၍သဘောကျလာခဲ့တော့သည်။

“ရုပ်ရှင်အဖွဲ့သားတွေထဲမှာ သဘောကျဆုံး သရုပ်ဆောင်က..?” သတင်းထောက်က ထိုသို့မေးမြန်းလိုက်သောအခါ Juliana သည် မျက်လုံးပြူးပြလိုက်ရင်း.. “ဘုရားရေ.. အဲ့မေးခွန်းက မေးနေစရာလိုသေးလို့လား..? အနှစ်သက်ဆုံးသရုပ်ဆောင်က နဉ်ရှီပဲလေ..” သူမက နဉ်ရှီကိုဖက်ကာ မျက်နှာချင်းကပ်လိုက်ရင်း.. “နဉ်ရှီနဲ့အတူရှိနေရင် ပျော်စရာကောင်းတယ်..”

မိန်းမလှလေးနှစ်ဦး အတူရှိနေသောအခါ နေရာအနှံ့မှ ကင်မရာမီးအလင်းရောင်များ တဖျတ်ဖျတ် လင်းလက်လာခဲ့၏။ ပရိသတ်များမှာ မျက်လုံးကန်းလုမတတ်ပင်။

***

ပွဲကျင်းပသည့်နေရာ၏ ဒုတိယအထပ်သို့ ချန်းရှီကွေ့ ရောက်သွားချိန်တွင် နဉ်ရှီနှင့် ရွှေရောင်ဆံနွယ်ရှင်အလှလေး ပွေ့ဖက်နေသည့် မြင်ကွင်းက သူ့ကို ဆီးကြိုနေလေသည်။ ဘာကြောင့်ရယ်မသိ လွန်ခဲ့သည့်နှစ်က ဟိုတယ်တစ်ခု၏ အပြင်ဘက်တွင် နဉ်ရှီနှင့် သူမ၏ မန်နေဂျာတို့ စကားရပ်ပြောနေစဉ် ထိုမန်နေဂျာပြောခဲ့သော စကားလုံးများကို ပြန်သတိရသွားသည်။

(ငါ အတွေးလွန်နေတာမဟုတ်ဘူး.. ကောင်မလေးကို မြင်လိုက်တာနဲ့ မင်းရဲ့မျက်လုံးတွေက ဘလင်းဘလင်း ထနေတာလေ.. ဒီလောက် သိသာ……..)

“ဘော့စ်..?” ရွှီကျူးခမျာ မျက်စိရှေ့မှာ မိန်းမလှလေးနှစ်ဦး၏ ဆွဲဆောင်မှုရှိလွန်းသော မြင်ကွင်းလေးကို ငေးကြည့်နေမိရင်း နောက်လှည့်လိုက်ချိန်တွင် သူ့သူဌေး၏ မည်းမှောင်နေသော မျက်နှာကြီးကို မြင်လိုက်ရ၏။ ထို့ကြောင့် ချက်ချင်းဆိုသလို သူ့ကိုယ်သူ ပြန်ထိန်းချုပ်လိုက်သည်။

ချန်းရှီကွေ့က အကြည့်လွှဲကာ တည်တည်ငြိမ်ငြိမ် ပြောလာသည်။ “ဒီနေရာမှာ သတင်းထောက်တွေ အများကြီးပဲ.. ကားပါကင်ကို သွားကြမယ်..”

“ဟုတ်ကဲ့..” ရွှီကျူးလည်း အနောက်မှ ကပျာကယာ လိုက်သွားလိုက်သည်။ လိုက်မသွားခင် လူအုပ်ဘက်သို့ လှည့်ကြည့်ဖြစ်အောင် ကြည့်လိုက်သေးသည်။

“နင်ဘယ်သွားမလို့လဲ..?” အပြင်ထွက်ရန် ပြင်နေသော ကျင်းရီကိုကြည့်ပြီး မိန်းကလေးတစ်ယောက်က စိုးရိမ်တကြီး လှမ်းမေးလာသည်။

“အိမ်ပြန်မလို့..” ကျင်းရီက ထိုမိန်းကလေး၏လက်ကို စိတ်မရှည်စွာ တွန်းဖယ်လိုက်ရင်း ကပျာကယာ ထွက်သွားတော့သည်။

………………………………………………………

[Zawgyi]

အပိုင္း - (၇၀)

အခမ္းအနား တက္ေရာက္လာေသာ ပရိသတ္မ်ားႏွင့္ သတင္းေထာက္မ်ားမွာ အံ့ဩလြန္း၍ ေၾကာင္အမ္းသြားၾကရ၏။ တစ္ခဏၾကာၿပီးမွ အသိျပန္ကပ္လာၾကသည္။

မားကတ္တင္းကုမၸဏီေတြရဲ့ နည္းလမ္းေတြက အရင္ကထက္ပိုၿပီး လွၫ့္ကြက္မ်ားလာလိုက္တာ။ ဒီေလာက္အေရးႀကီးတဲ့ သတင္းကို အခုခ်ိန္မွ ထုတ္လႊင့္ႏိုင္ဖို႔ဆိုတာ အခ်ိန္အၾကာႀကီး စိတ္ရွည္ရွည္နဲ႔ သည္းခံခဲ့ရမွာပဲ။ ပါဝင္သရုပ္ေဆာင္ထားတဲ့ အႏုပညာရွင္ကိုလည္း လံုးဝပရိုမိုးရွင္းမဆင္းဘဲ ဘယ္သူမွမသိေအာင္ ဖံုးကြယ္ထားေသးရဲ့..!

တကယ္ေတာ့ တရုတ္ကိုယ္စားလွယ္ခမ်ာ တစ္ေယာက္တည္းႀကိတ္ၿပီး ရူးမတတ္ ေနာင္တရေနရွာသည္။

ရုပ္ရွင္ထုတ္လုပ္ေရးအဖြဲ႔က ဘာလုပ္ေနၾကတာလဲ..? အစကတည္းက ဒီကိစၥအေၾကာင္း ေျပာျပထားသင့္တာေလ၊ အဲ့တာမွ သူတို႔လည္း နဉ္ရွီရဲ့ ေက်ာ္ၾကားမႈကို အမွီသဟဲျပဳျပီး ရုပ္ရွင္နာမည္ပိုႀကီးေအာင္ ပရိုမိုးရွင္းဆင္းထားလို႔ ရတာေပါ့။ ဒီလိုသိသာတဲ့ အမွားမ်ိဳး ျဖစ္လာတာဆိုေတာ့ ပရိုဂ်ူဆာေတြ တမင္ရည္ရြယ္ၿပီး ဖံုးကြယ္ထားတာလား၊ ဒါမွမဟုတ္ တျခားအေၾကာင္းအရင္းေတြေၾကာင့္လား.. စဉ္းစားစရာပဲ..!

ပရိုဂ်ူဆာမ်ားအေပၚ ဘယ္ေလာက္ပဲ မေက်မနပ္ျဖစ္ေနပါေစ၊ ထိုလူမ်ားကို ဆန႔္က်င္ရန္ မျဖစ္ႏိုင္ေၾကာင္း သူကိုယ္တိုင္လည္း သိေနသည္။ မဟုတ္လ်ွင္ ပရိသတ္မ်ား၏ တံေတြးပင္လယ္ၾကား နစ္ေသသြားလိမ့္မည္။ သို႔ႏွင့္ ပရိုဂ်ူဆာလည္း ဖ်စ္ၫွစ္ၿပံဳးကာ လူတစ္ေယာက္ခ်င္းစီ၏ မ်က္ႏွာအမူအရာကို ဆန္းစစ္ၾကၫ့္လိုက္သည္။

“က်င္းရီ.. နင့္ကို တကယ္ေက်းဇူးတင္တာပဲ.. နင့္ေၾကာင့္သာမဟုတ္ရင္ ငါတို႔ ဒီေနရာကို ဝင္ခြင့္ရမွာမဟုတ္ဘူး..” အျပာေရာင္ ကုတ္အက်ႌဝတ္ထားသၫ့္ မိန္းကေလးတစ္ဦးက က်င္းရီဘက္လွၫ့္ကာ.. “နင္က အရမ္းမိုက္တာပဲ.. ဒီတစ္ေခါက္ ဝင္ခြင့္လက္မွတ္ဝယ္ဖို႔ အရမ္းခက္တာတဲ့.. သူေဌးသမီးတစ္ေယာက္ေတာင္ အတင္းလိုက္ဝယ္တာ မရဘူးတဲ့ေလ..”

(TN : က်င္းရီဆိုတာ က်င္းဟုန္ခိုင္ရဲ့ သမီးေနာ္။ မွတ္မိေသးလား ရုပ္ရွင္မင္းသမီးနဲ႔ လက္ထပ္ၿပီး အဲ့မင္းသမီး သတ္ေသသြားတာေလ။)

“အဲ့တစ္ေယာက္က ဘယ္လိုလုပ္ သူေဌးသမီးျဖစ္ရမွာလဲ..?” က်င္းရီက ေလွာင္ရယ္ရယ္ကာ.. “အထက္တန္းလႊာေတြရဲ့ မ်ိဳးဆက္သစ္အသိုင္းအဝိုင္းမွာေတာင္ လူရာဝင္တာမဟုတ္ဘူး..”

က်င္းရီ၏စကားကို ေကာင္မေလးတခ်ိဳ႕ၾကားၿပီး သူတို႔၏ မ်က္ႏွာေပၚတြင္ မနာလိုရိပ္မ်ား ျပၫ့္လ်ွံသြားရသည္။ သူတို႔အားလံုး Hart ၏ ပရိသတ္မ်ားပင္။ က်င္းရီကို ဘယ္သူဘယ္ဝါမွန္း မသိပါေသာ္လည္း ဝတ္စားထားပံုအရ အလြန္ခ်မ္းသာေသာ မိသားစုႀကီးတစ္ခု၏ သခင္မေလးျဖစ္ေၾကာင္း သိသာေနေလ၏။

“အစီအစဉ္ေၾကညာသူ ေျပာသြားတာ ၾကားလိုက္လား..?” ဒီရုပ္ရွင္မွာ တရုတ္မင္းသမီးတစ္ေယာက္ တကယ္ႀကီး ပါေနတာလား..?” ေကာင္မေလးတစ္ေယာက္က စိတ္လႈပ္ရွားစြာ ေျပာလာသည္။ “အား…! ဒီေလာက္ေကာင္းတဲ့ အခြင့္အေရးႀကီး ရသြားတာ ဘယ္မင္းသမီးပါလိမ့္.. ငါသိခ်င္လာၿပီ..”

“ဘာမ်ားအထင္ႀကီးစရာရိွလို႔လဲ..? ဒီအတိုင္း စကားတစ္ခြန္းႏွစ္ခြန္းေလာက္ ဝင္ေျပာရရံုေနမွာေပါ့.. ဒါမွမဟုတ္ တစ္ခြန္းမွေတာင္ ဝင္မေျပာရတဲ့ ဇာတ္ေကာင္မ်ိဳး ျဖစ္ႏိုင္တာပဲ..” က်င္းရီက အထင္ေသးဟန္ျဖင့္.. “ျပည္တြင္းသရုပ္ေဆာင္အားလံုး အဲ့လိုခ်ည္းပဲ မဟုတ္ဘူးလား..?”

ပရိသတ္မိန္းမငယ္ေလးတခ်ိဳ႕၏ မ်က္ႏွာေပၚတြင္ ကသိကေအာက္ျဖစ္ျခင္းမ်ား ထင္ဟပ္လာခဲ့၏။ သူတို႔သည္ Hart ၏ ပရိသတ္မ်ားျဖစ္ေသာ္ျငား ျပည္တြင္းသရုပ္ေဆာင္အခ်ိဳ႕ကိုလည္း သေဘာက်မိသည္။ သို႔ေသာ္ က်င္းရီက ျပည္တြင္းသရုပ္ေဆာင္မ်ားကို အဖက္မတန္သလိုမ်ိဳး ျပဳမူေနေလသည္။

“သရုပ္ေဆာင္ေတြကို အထင္မႀကီးရင္လည္း ဘာလို႔ ဒီေရာက္လာေသးလဲ..?” အေရ႔ွမွာထိုင္ေနသၫ့္ မိန္းကေလးတစ္ေယာက္က ရုတ္တရက္ ေနာက္လွၫ့္ကာ က်င္းရီကို စက္ဆုပ္ရြံရွာသလိုမ်ိဳး စိုက္ၾကၫ့္လာသည္။ “အဲ့လိုစကားမ်ိဳး ေျပာရေအာင္ နင္တို႔မိသားစုက ျပည္တြင္းသရုပ္ေဆာင္ေတြကို တင္ေကြၽးထားရလို႔လား..?”

“နင္ ဘာစကားေျပာတာလဲ..?” က်င္းရီ၏ မ်က္ႏွာက ဖားျပဳပ္တစ္ေကာင္လို မဲ့ရႈံ႔သြားၿပီး ေဒါသေၾကာင့္ ႏွလံုးခုန္သံျမန္လာ၏။ မၾကာမီ ပြဲစေတာ့မည္ျဖစ္ေၾကာင္း ဝန္ထမ္းမ်ား အခ်က္ျပလာ၍သာ။ မဟုတ္လ်ွင္ တစ္ဖက္လူႏွင့္ တစ္ပြဲတစ္လမ္း အကဲစမ္းမိလိမ့္မည္။

ထိုစဉ္မွာပင္ ပြဲတက္ေရာက္ေနသၫ့္ သတင္းေထာက္တခ်ိဳ႕က ‘The Unrivalled 2’တြင္ တရုတ္မင္းသမီးတစ္ေယာက္ ပါဝင္သရုပ္ေဆာင္ထားေၾကာင္း သတင္းျဖန႔္ၿပီးေခ်ၿပီ။ ထိုသတင္းကို ျမင္လိုက္ရသၫ့္ အင္တာနက္သံုးစြဲသူမ်ားမွာ တခ်ိဳ႕က သတင္းမွန္မမွန္ သံသယဝင္ေနၾကၿပီး အမ်ားစုကေတာ့ သတင္းမွားလႊင့္ကာ ပရိုမိုးရွင္းဆင္းေနသည္ဟု ထင္ျမင္သြားၾကသည္။

ျပည္တြင္းရုပ္ရွင္ထုတ္လုပ္ေရးမ်ား ႀကီးစိုးေနခ်ိန္ ႏိုင္ငံျခားရုပ္ရွင္အေနျဖင့္ ေဈးကြက္ကို ထိုးေဖာက္ရာ၌ စိန္ေခၚမႈမ်ားသည္။ ယေန့ေခတ္ ႏိုင္ငံျခားရုပ္ရွင္တခ်ိဳ႕၏ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားသည္ သီးသန႔္ဇာတ္ကြက္မ်ား တမင္ဖန္တီးကာ တရုတ္လူမ်ိဳးမ်ား ပါဝင္သရုပ္ေဆာင္ေစျခင္း၊ သို႔တည္းမဟုတ္ တရုတ္ႏိုင္ငံကို ခ်ီးမြမ္းသၫ့္ စကားေျပာတစ္ခြန္းႏွစ္ခြန္း ထၫ့္သြင္းျခင္း၊ စသၫ့္ အကြက္မ်ားျဖင့္ တရုတ္ပရိသတ္မ်ား ၾကၫ့္ခ်င္လာေအာင္ ျပဳလုပ္တတ္ၾက၏။ ထို႔ေၾကာင့္ တရုတ္ပရိသတ္မ်ားအတြက္ ထိုနည္းလမ္းမ်ားဟာ ရိုးလြန္းေနၿပီျဖစ္သည္။

ထို႔ေၾကာင့္ ‘The Unrivalled 2’ တြင္ တရုတ္သရုပ္ေဆာင္တစ္ဦး ပါဝင္ေနသည္ဟူေသာ သတင္းႏွင့္ပတ္သက္၍ လူအမ်ားစုက ေစာင့္ၾကၫ့္ေနရန္သာ ေရြးခ်ယ္လိုက္ၾက၏။

သတင္းစာရွင္းလင္းပြဲ၌…

အစီအစဉ္တင္ဆက္သူမ်ားသည္ သတင္းေထာက္မ်ား၏ သိခ်င္စိတ္အျပၫ့္ျဖင့္ ႏွာကစ္ေနပံုကို ေစာင့္ၾကၫ့္ေနၾကေလသည္။ စင္အေနာက္ဘက္မွ အဆင္သင့္ျဖစ္ေၾကာင္း အေၾကာင္းၾကားလာေသာအခါ ရယ္ေမာလိုက္ၿပီး.. “ကဲ ‘The Unrivalled 2’ ရဲ့ ဒါရိုက္တာနဲ႔ အဓိကသရုပ္ေဆာင္ေတြကို ႀကိဳဆိုလိုက္ၾကရေအာင္..”

ဒါရိုက္တာ Joseph စင္ေပၚတက္လာသည္ႏွင့္ ပရိသတ္မ်ားက ယဉ္ယဉ္ေက်းေက်း လက္ခုပ္တီးလိုက္ၾက၏။ ယဉ္ေက်းမႈအရ ႀကိဳဆိုလိုက္ေသာ္လည္း သူတို႔၏ တံု႔ျပန္မႈက တက္တက္ႂကြၾကြမရိွေပ။ Hart ႏွင့္ Juliana ေပၚလာမၫ့္ အခ်ိန္ကိုသာ ေစာင့္ေမ်ွာ္ေနၾကေလသည္။

ေသခ်ာတာေပါ့၊ Julian ေပၚလာခ်ိန္တြင္ ပရိသတ္အားလံုး အသက္ဝင္လာၿပီး လက္ခုပ္ဩဘာသံမ်ားျဖင့္ ဆူညံသြားေတာ့၏။

Juliana ႏွင့္ ပရိသတ္မ်ား ႏႈတ္ဆက္ၿပီးေနာက္ စီစဉ္တင္ဆက္သူက Hart ကို ေခၚထုတ္လိုက္သည္။ ခ်က္ခ်င္းဆိုသလို မိန္းကေလးပရိသတ္မ်ား၏ ေအာ္ဟစ္သံမ်ား ေခါင္မိုးပြင့္လုမတတ္ ထြက္ေပၚလာ‌ေတာ့သည္။

ပရိသတ္မ်ား၏ တံု႔ျပန္ပံုက ‘The Unrivalled 2’ သရုပ္ေဆာင္ႏွင့္ အဖြဲ႔သားမ်ားကို ေပ်ာ္ရႊင္ေက်နပ္ေစခဲ့သည္။ Hart ႏွင့္ Juliana သည္ တရုတ္စကား မေျပာတတ္ေသာ္လည္း ပရိသတ္မ်ားကို ေကာင္းေကာင္း တင္ဆက္ႏိုင္ေပ၏။ ထို႔ေၾကာင့္ ေလထုအေငြ့အသက္က သက္ဝင္လႈပ္ရွားေနေတာ့သည္။

အစီအစဉ္တင္ဆက္သူမ်ားက ေနာက္ထပ္အဓိကဇာတ္ေကာင္ႏွစ္ဦးကို ထပ္မံမိတ္ဆက္ေပးခဲ့သည္။ သို႔ေသာ္ သူတို႔ႏွစ္ဦးက ဇာတ္လိုက္ႏွင့္ ဇာတ္လိုက္မင္းသမီးကဲ့သို႔ ရုပ္မေခ်ာသျဖင့္ ပရိသတ္မ်ားက Hart ႏွင့္ Juliana အေပၚသာ အာရံုစိုက္ေနၾကေလသည္။

“ကဲ.. အခုဆို ငါးေယာက္ေျမာက္အဓိကဇာတ္ေကာင္ျဖစ္တဲ့ နဉ္ရွီကို ဖိတ္ေခၚလိုက္ၾကရေအာင္..!” အခမ္းအနားမွဴးက ထိုသို႔ ေၾကညာၿပီးေနာက္ ပရိသတ္မ်ား၏ တံု႔ျပန္ပံုကို လွၫ့္ၾကၫ့္လိုက္၏။ ေသခ်ာတာေပါ့၊ လူတိုင္းနီးပါး စကားမေျပာႏိုင္ေအာင္ အံ့ဩမွင္သက္ေနၾကရာ အခမ္းအနားမွဴးလည္း စိတ္ေက်နပ္သြားေတာ့သည္။

သတင္းေထာက္မ်ားလည္း တကယ့္ကို အံ့ဩသြားၾကရသည္။ တရုတ္မင္းသမီးတစ္ၪီး ပါဝင္ရိုက္ကူးထားေၾကာင္း တရုတ္ကိုယ္စားလွယ္ ေျပာခဲ့စဉ္က သူတို႔၏ စိတ္ထဲတြင္ ျဖစ္ႏိုင္ေျခရိွသၫ့္ သရုပ္ေဆာင္မ်ားကို စဉ္းစားခဲ့ၾကသည္။ သို႔ေသာ္ နဉ္ရွီကို‌ေတာ့ လံုးဝမထင္ထားခဲ့ေပ။

နဉ္ရွီသည္ လက္ရိွအခ်ိန္တြင္ နာမည္ႀကီးေနေသာ္လည္း ႏိုင္ငံျခားရုပ္ရွင္ထုတ္လုပ္ေရးတြင္ ပါဝင္ႏိုင္သည္အထိ အရည္အခ်င္းရိွေသာ ထိပ္တန္းသရုပ္ေဆာင္ဟူ၍ သတ္မွတ္လို႔မရေသးေပ။ ထို႔ေၾကာင့္ နဉ္ရွီကို လံုးဝမေတြးမိၾကျခင္းပင္။

သို႔ႏွင့္ သင့္ေလ်ာ္လိုက္ဖက္သၫ့္ ပြဲတက္ဝတ္စံုကို ဝတ္ဆင္ကာ စင္အေနာက္ဘက္မွ ေပၚထြက္လာေသာ နဉ္ရွီကို ျမင္လိုက္ရခ်ိန္တြင္ ပြဲတက္ေရာက္သူအားလံုး ကိုယ့္မ်က္လံုးကိုယ္ မယံုၾကည္ႏိုင္ေအာင္ ျဖစ္သြားၾကရေလသည္။

လက္စသတ္ေတာ့ နဉ္ရွီက ဘယ္သူမွမသိလိုက္ခင္ ႏိုင္ငံတကာရုပ္ရွင္နယ္နမိတ္အထိ ေျခလွမ္းစေနခဲ့ၿပီပဲ..!

နဉ္ရွီကို ျမင္လိုက္ရခ်ိန္တြင္ က်င္းရီ၏ မ်က္ႏွာတစ္ျပင္လံုး ေမွာင္မည္းသြားခဲ့သည္။

အဲ့မိန္းမက ဒီမွာ ဘာလုပ္ေနတာလဲ..? ၿပီးေတာ့ Hart နဲ႔လည္း အရမ္းရင္းႏွီးသလိုပဲ..?

“နဉ္ရွီက လွလိုက္တာေနာ္.. အသားအေရလည္း လွခ်က္ပဲ..!”

“ဟုတ္ပ..! လမ္းေလ်ွာက္ပံုေလးကအစ ေၾကာ့ရွင္းေနတာဆိုတာ.. ဘာလို႔ မိန္းကေလးအခ်င္းခ်င္း ငမ္းေနမိပါလိမ့္..?”

“ဥကၠ႒ခ်န္းကိုေတာင္ မနာလိုျဖစ္လာၿပီ.. ဒီေလာက္လွတဲ့ ခ်စ္သူေကာင္မေလးကို အပိုင္ရထားတာေလ.. နတ္ဘုရားမေလးနဉ္ရဲ့ မ်က္ႏွာကို ဆက္ၾကၫ့္ေနရင္ ငါေတာ့ ေဂးသြားေတာ့မွာပဲ..!”

နဉ္ရွီကို ခ်ီးမြမ္းေနသၫ့္ ပတ္ပတ္လည္မွ စကားသံမ်ားကို နားေထာင္ရင္း က်င္းရီ၏ စိတ္အေျခအေနက လြတ္ထြက္လုမတတ္ ဆိုးရြားလာေတာ့သည္။ ယေန့ပြဲအခမ္းအနားကို ထိုမိန္းမ တက္ေရာက္မည္မွန္း ႀကိဳသိထားလ်ွင္ ဘာမင္းသားလာလာ သူမ ေရာက္လာလိမ့္မည္ မဟုတ္ေပ။

စင္ေပၚတြင္ နဉ္ရွီသည္ ပရိသတ္မ်ားႏွင့္ ပံုမွန္အတိုင္းေလး ရင္းႏွီးမႈဖလွယ္ေနခဲ့၏။ ေယာက္်ားေလးပရိသတ္မ်ားမွာ အသိစိတ္လြတ္ေနသကဲ့သို႔ နဉ္ရွီကိုသာ ေငးေမာၾကၫ့္ေနၾကေလသည္။

“နဉ္ရွီ.. ဒါရိုက္တာ Joseph နဲ႔ အလုပ္လုပ္ရတာ ဘယ္လိုေနလဲ ေျပာျပေပးႏိုင္မလား..?” အစီအစဉ္တင္ဆက္သူသည္ နဉ္ရွီႏွင့္ အဓိကသရုပ္ေဆာင္မ်ား ဆက္ဆံေရးေကာင္းတာကို သတိျပဳမိလိုက္သည္။ သူတို႔၏ အျပဳအမူက စင္ေပၚမွာျဖစ္ေန၍ ဟန္ေဆာင္ေနျခင္းမဟုတ္ေပ။ သို႔ျဖစ္ရာ တင္ဆက္သူလည္း နဉ္ရွီကို ပြဲထုတ္ရန္ ႀကိဳးစားလိုက္ေတာ့သည္။

“ဒါရိုက္တာက ေဖာ္ေရြၿပီး စိတ္ထားေကာင္းတဲ့ လူတစ္ေယာက္ပါ..” နဉ္ရွီက ထိုသို႔ေျပာၿပီးေနာက္ Joseph ကို လွၫ့္ၾကၫ့္ကာ.. “ကြၽန္မခ်က္တဲ့ ေဟာ့ေပါ့ကို လြမ္းမေနရင္ေတာ့ ပိုေကာင္းမွာေပါ့..”

Joseph က နဉ္ရွီႏွင့္ တင္ဆက္သူတို႔ အျပန္အလွန္ေျပာေနသည္ကို နားမလည္ေပ။ သို႔ေသာ္ စကားျပန္က ဘာသာျပန္ေပးၿပီးေနာက္ ဝမ္းနည္းသြားဟန္ျဖင့္.. “ဒါက က်ဳပ္တို႔အမွားမဟုတ္ဘူးေလ.. နဉ္.. မင္းလုပ္ေကြၽးတဲ့ ေဟာ့ေပါ့က အရမ္းအရသာရိွေနတာကို..”

တင္ဆက္သူသည္ အဂၤလိပ္လို ေကာင္းေကာင္းတတ္ကြၽမ္း၏။ ထို႔ေၾကာင့္ Joseph ဘာေျပာသလဲဆိုတာ နားလည္ႏိုင္ခဲ့သည္။

“ဒါရိုက္တာကေျပာတယ္.. ေဟာ့ေပါ့ကို အရမ္းေကာင္းေအာင္ခ်က္တဲ့ နဉ္ရွီရဲ့ အမွားပဲတဲ့.. ၾကၫ့္ရတာ ကြၽန္ေတာ္တို႔နဉ္ရွီက တရုတ္အစားအစာနဲ႔ ဒါရိုက္တာကို လႊမ္းမိုးထားႏိုင္ပံုပဲ..”

ခ်က္ခ်င္းဆိုသလို ရယ္ေမာသံမ်ား ျပန႔္လြင့္လာခဲ့သည္။ လူတိုင္းက ႏိုင္ငံျခားသားမ်ား၏ အရသာခံအာရံုဖုကို ဟင္းေကာင္းေကာင္းခ်က္ကာ အႏိုင္ယူထားေသာ နဉ္ရွီအတြက္ ခ်ီးက်ူးဂုဏ္ယူဟန္အျပၫ့္။

“တရုတ္ျပည္မွာ နဉ္ရွီရဲ့ ပရိသတ္ေတြ အမ်ားႀကီးရိွပံုပဲ..” Juliana က Hart ကို တိုးတိုးေလး ကပ္ေျပာလိုက္သည္။ “နဉ္ရွီကို ၾကၫ့္တဲ့အၾကၫ့္ေတြက ေတာက္ပေနတာပဲေနာ္..”

Hart က စင္ေအာက္သို႔ လွမ္းၾကၫ့္ကာ ပထမဦးဆံုးဖူးပြင့္ေသာ ေနြဦးပန္းပြင့္ႏွယ္ ၿပံဳးလိုက္၏။ “သူ(မ)က အရမ္းအံ့ဩစရာေကာင္းတဲ့ မိန္းကေလးပဲေလ..”

ထိုအခိုက္ တင္ဆက္သူက အတူတူသရုပ္ေဆာင္ခဲ့သၫ့္ သရုပ္ေဆာင္မ်ားအေပၚ နဉ္ရွီ၏ သေဘာထားကို ေမးျမန္းလာသည္။

“အရမ္းေကာင္းပါတယ္..” နဉ္ရွီက Hart ႏွင့္ Juliana ဆီသို႔ ေလ်ွာက္သြားကာ Hart ၏ ပခံုးကို ပုတ္လိုက္ရင္း.. “လူတိုင္းအျမင္မွာ Hart က ဒီအတိုင္း ရုပ္ေခ်ာၿပီးတည္ၿငိမ္တယ္လို႔ ထင္ၾကမွာေပါ့.. ဒါေပမဲ့ ရိုက္ကြင္းမွာဆို သူ အတက္ႂကြဆံုးပဲ.. ၿပီးေတာ့ ကြၽန္မ ေဟာ့ေပါ့ခ်က္တိုင္း အမ်ားဆံုးစားတဲ့လူက သူပဲ..”

ပရိသတ္မ်ား ထရယ္ၾကျပန္၏။ အေစာပိုင္းကေတာ့ သူတို႔၏ စိတ္ထဲတြင္ နဉ္ရွီက အဓိကသရုပ္ေဆာင္မ်ားႏွင့္ ရင္းႏွီးသလို ဟန္ေဆာင္ေနသည္ဟု ထင္ျမင္ခဲ့ၾက၏။ သို႔ေသာ္ နဉ္ရွီ၏ စကားလံုးမ်ားက အရာအားလံုး ရွင္းလင္းသြားေစသည္။

နဉ္ရွီသာ ႏိုင္ငံျခားသားသရုပ္ေဆာင္မ်ားႏွင့္ မရင္းႏွီးလ်ွင္ အလြယ္တကူ ေဖာ္ထုတ္ခံရႏိုင္သၫ့္ ထိုစကားမ်ိဳး ေျပာရဲမည္မဟုတ္ေပ။

သရုပ္ေဆာင္အဖြဲ႔၏ တစ္ဦးတည္းေသာ တရုတ္လူမ်ိဳးအျဖစ္ နဉ္ရွီသည္ ပရိသတ္မ်ား စိတ္ဝင္စားလာေအာင္ ေျပာေပးေနရံုသာမက အဓိကသရုပ္ေဆာင္မ်ားကိုလည္း ပရိသတ္မ်ားႏွင့္ ရင္းႏွီးလြယ္ေအာင္ စကားစေပးေနသည္။

ေဘးမွာရပ္ေနသၫ့္ တင္ဆက္သူပင္လ်ွင္ သူ႔တာဝန္ လုယူခံလိုက္ရသလို ခံစားလိုက္ရသည္။

နဉ္ရွီက ၾကားခံဆက္သြယ္ေပးေနသျဖင့္ ႏိုင္ငံျခားသားသရုပ္ေဆာင္မ်ားသည္ ယခုလိုအခမ္းအနားမ်ိဳး တက္ေရာက္တိုင္း ခံစားခဲ့ရဖူးေသာ စိတ္မသက္မသာျဖစ္ရသၫ့္ ခံစားခ်က္ကို မခံစားရေတာ့ေပ။ စိတ္ေအးလက္ေအး ျဖစ္လာၾကသည္။ ပရိသတ္မ်ားလည္း ေမ့ေပ်ာက္၍မရႏိုင္သၫ့္ အေတြ့အႀကံဳမ်ိဳး ခံစားႏိုင္ခဲ့သည္။

“သတင္းစာရွင္းလင္းပြဲ မၾကာခင္ ၿပီးဆံုးေတာ့မွာဆိုေတာ့ သတင္းေထာက္မိတ္ေဆြေတြ ေမးစရာရိွရင္ ေက်းဇူးျပဳျပီး လက္ေထာင္ေပးပါေနာ္.. အင္တာဗ်ူးအတြက္ မိနစ္ ၃၀ စီစဉ္ေပးထားပါတယ္..”

အေတာ္ၾကာေအာင္ ေစာင့္ဆိုင္းခဲ့ၿပီးေနာက္ အင္တာဗ်ူးအခ်ိန္သို႔ ေရာက္လာခဲ့ေခ်ၿပီ။ လူတိုင္း စိတ္လႈပ္ရွားလာၾကေတာ့သည္။

“နဉ္ရွီ.. ‘The Unrivalled 2’ မွာ ပါဝင္သရုပ္ေဆာင္ဖူးေၾကာင္း ဘာလို႔မေျပာျပခဲ့တာလဲဗ်..?”

“ကြၽန္မ တရုတ္ျပည္ကို ျပန္မလာခင္ ဒီရုပ္ရွင္မွာ ပါဝင္ျဖစ္ခဲ့ပါတယ္.. အဲ့တာေၾကာင့္ ရုပ္ရွင္ဘယ္အခ်ိန္လႊင့္မလဲဆိုတာ ကြၽန္မ မသိခဲ့ရပါဘူး..” နဉ္ရွီက ရွက္ရြံ႔ေနဟန္ျဖင့္.. “လြန္ခဲ့တဲ့ႏွစ္ရက္ေလာက္ကမွ ရုပ္ရွင္အဖြဲ႔သားေတြ တရုတ္ျပည္လာၿပီး ပရိုမိုးရွင္းဆင္းမယ္ဆိုတာ သိခဲ့ရတာပါ..”

သတင္းေထာက္မ်ား : ေျပာသြားတာေတာ့ က်ိဳးေၾကာင္းဆီေလ်ာ္သားပဲ.. ဒါေပမဲ့ နဉ္ရွီက ဘာလို႔ဒီေလာက္ေတာင္ သိုဝွက္ႏိုင္ရတာလဲ..? တျခားသရုပ္ေဆာင္ေတြဆို ဒီေလာက္နာမည္ႀကီးတဲ့ ရုပ္ရွင္ထုတ္လုပ္ေရးမွာ သရုပ္ေဆာင္ႏိုင္ခဲ့ရင္ အဲ့သတင္းသံုးၿပီး သူတို႔ကိုယ္သူတို႔ စန္းတင္ၾကမွာပဲ.. ႏိုင္ငံျခားရုပ္ရွင္မွာ သရုပ္ေဆာင္ဖူးတယ္ေဟ့ဆိုၿပီး တစ္ႏိုင္ငံလံုးသိေအာင္ ေၾကညာေမာင္းခတ္ေနမွာ..!

နဉ္ရွီက မီဒီယာမ်ား၏ အေတြးကို ဂရုမစိုက္ေပ။ သူမက သိုသိုဝွက္ဝွက္ေနၿပီး အလုပ္ႀကိဳးစားေၾကာင္း ရိုးရိုးရွင္းရွင္းသာ ေဖာ္ျပလိုက္သည္။ မီဒီယာမ်ားသာမက ပရိသတ္မ်ားလည္း သူမကို အရမ္းသေဘာက်ေနၾကေလသည္။

Juliana, Hart ႏွင့္ နဉ္ရွီ ပတ္ပတ္လည္တြင္ သတင္းေထာက္မ်ား ဝန္းရံေနေတာ့၏။ ႏိုင္ငံျခားသတင္းေထာက္မ်ားကို သတင္းေမးျမန္းခ်ိန္မွာလည္း နဉ္ရွီက ဘာသာျပန္ေပးကာ ကူညီေပးခဲ့သည္။ သူမ၏ ကြၽမ္းက်င္မႈေၾကာင့္ မီဒီယာမ်ားမွာ ပို၍သေဘာက်လာခဲ့ေတာ့သည္။

“ရုပ္ရွင္အဖြဲ႔သားေတြထဲမွာ သေဘာက်ဆံုး သရုပ္ေဆာင္က..?” သတင္းေထာက္က ထိုသို႔ေမးျမန္းလိုက္ေသာအခါ Juliana သည္ မ်က္လံုးျပဴးျပလိုက္ရင္း.. “ဘုရားေရ.. အဲ့ေမးခြန္းက ေမးေနစရာလိုေသးလို႔လား..? အႏွစ္သက္ဆံုးသရုပ္ေဆာင္က နဉ္ရွီပဲေလ..” သူမက နဉ္ရွီကိုဖက္ကာ မ်က္ႏွာခ်င္းကပ္လိုက္ရင္း.. “နဉ္ရွီနဲ႔အတူရိွေနရင္ ေပ်ာ္စရာေကာင္းတယ္..”

မိန္းမလွေလးႏွစ္ဦး အတူရိွေနေသာအခါ ေနရာအႏွံ႔မွ ကင္မရာမီးအလင္းေရာင္မ်ား တဖ်တ္ဖ်တ္ လင္းလက္လာခဲ့၏။ ပရိသတ္မ်ားမွာ မ်က္လံုးကန္းလုမတတ္ပင္။

***

ပြဲက်င္းပသၫ့္ေနရာ၏ ဒုတိယအထပ္သို႔ ခ်န္းရွီေကြ့ ေရာက္သြားခ်ိန္တြင္ နဉ္ရွီႏွင့္ ေရႊေရာင္ဆံႏြယ္ရွင္အလွေလး ေပြ့ဖက္ေနသၫ့္ ျမင္ကြင္းက သူ႔ကို ဆီးႀကိဳေနေလသည္။ ဘာေၾကာင့္ရယ္မသိ လြန္ခဲ့သၫ့္ႏွစ္က ဟိုတယ္တစ္ခု၏ အျပင္ဘက္တြင္ နဉ္ရွီႏွင့္ သူမ၏ မန္ေနဂ်ာတို႔ စကားရပ္ေျပာေနစဉ္ ထိုမန္ေနဂ်ာေျပာခဲ့ေသာ စကားလံုးမ်ားကို ျပန္သတိရသြားသည္။

(ငါ အေတြးလြန္ေနတာမဟုတ္ဘူး.. ေကာင္မေလးကို ျမင္လိုက္တာနဲ႔ မင္းရဲ့မ်က္လံုးေတြက ဘလင္းဘလင္း ထေနတာေလ.. ဒီေလာက္ သိသာ……..)

“ေဘာ့စ္..?” ရႊီက်ူးခမ်ာ မ်က္စိေရ႔ွမွာ မိန္းမလွေလးႏွစ္ဦး၏ ဆြဲေဆာင္မႈရိွလြန္းေသာ ျမင္ကြင္းေလးကို ေငးၾကၫ့္ေနမိရင္း ေနာက္လွၫ့္လိုက္ခ်ိန္တြင္ သူ႔သူေဌး၏ မည္းေမွာင္ေနေသာ မ်က္ႏွာႀကီးကို ျမင္လိုက္ရ၏။ ထို႔ေၾကာင့္ ခ်က္ခ်င္းဆိုသလို သူ႔ကိုယ္သူ ျပန္ထိန္းခ်ဳပ္လိုက္သည္။

ခ်န္းရွီေကြ့က အၾကၫ့္လႊဲကာ တည္တည္ၿငိမ္ၿငိမ္ ေျပာလာသည္။ “ဒီေနရာမွာ သတင္းေထာက္ေတြ အမ်ားႀကီးပဲ.. ကားပါကင္ကို သြားၾကမယ္..”

“ဟုတ္ကဲ့..” ရႊီက်ူးလည္း အေနာက္မွ ကပ်ာကယာ လိုက္သြားလိုက္သည္။ လိုက္မသြားခင္ လူအုပ္ဘက္သို႔ လွၫ့္ၾကၫ့္ျဖစ္ေအာင္ ၾကၫ့္လိုက္ေသးသည္။

“နင္ဘယ္သြားမလို႔လဲ..?” အျပင္ထြက္ရန္ ျပင္ေနေသာ က်င္းရီကိုၾကၫ့္ၿပီး မိန္းကေလးတစ္ေယာက္က စိုးရိမ္တႀကီး လွမ္းေမးလာသည္။

“အိမ္ျပန္မလို႔..” က်င္းရီက ထိုမိန္းကေလး၏လက္ကို စိတ္မရွည္စြာ တြန္းဖယ္လိုက္ရင္း ကပ်ာကယာ ထြက္သြားေတာ့သည္။

………………………………………………………

Continue Reading

You'll Also Like

108K 9K 153
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...
229K 20.1K 54
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
775K 33.7K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
321K 6.5K 11
Original Author - Lan Mei Gui 懒玫瑰 Original Publisher - readnovel This story is not my own.This is just for Fan Transla...