My Beautiful SPOUSE

Oleh Yellowish_One

334K 24.7K 2.2K

ဆက္ကဘုံလျှန် (Sakka Bxon Hlxan) နေးလက်ျာ (Nayy Lattyar) (own creation) Starting Date ••• 24/9/2021 Ending Dat... Lebih Banyak

သီချင်းများ/သီခ်င္းမ်ား
အပိုင်း - (၁)
အပိုင်း - (၁)
အပိုင်း - (၂)
အပိုင်း - (၂)
အပိုင်း - (၃)
အပိုင်း - (၃)
အပိုင်း - (၄)
အပိုင်း - (၄)
အပိုင်း - (၅)
အပိုင်း - (၅)
အပိုင်း - (၆)
အပိုင်း - (၆)
အပိုင်း - (၇)
အပိုင်း - (၇)
အပိုင်း - (၈)
အပိုင်း - (၈)
အပိုင်း - (၉)
အပိုင်း - (၉)
အပိုင်း - (၁၀)
အပိုင်း - (၁၀)
အပိုင်း - (၁၁)
အပိုင်း - (၁၂)
အပိုင်း - (၁၂)
အပိုင်း - (၁၃)
အပိုင်း - (၁၃)
အပိုင်း - (၁၄)
အပိုင်း - (၁၄)
အပိုင်း - (၁၅)
အပိုင်း - (၁၅)
အပိုင်း - (၁၆)
အပိုင်း - (၁၆)
အပိုင်း - (၁၇)
အပိုင်း - (၁၇)
အပိုင်း - (၁၈)
အပိုင်း - (၁၈)
အပိုင်း - (၁၉)
အပိုင်း - (၁၉)
အပိုင်း - (၂၀)
အပိုင်း - (၂၀)
အပိုင်း - (၂၁)
အပိုင်း - (၂၁)
အပိုင်း - (၂၂)
အပိုင်း - (၂၂)
အပိုင်း - (၂၃)
အပိုင်း - (၂၃)
အပိုင်း - (၂၄)
အပိုင်း - (၂၄)
အပိုင်း - (၂၅)
အပိုင်း - (၂၅)
အပိုင်း - (၂၆)
အပိုင်း - (၂၆)
အပိုင်း - (၂၇)
အပိုင်း - (၂၇)
အပိုင်း - (၂၈)
အပိုင်း - (၂၈)
အပိုင်း - (၂၉)
အပိုင်း - (၂၉)
အပိုင်း - (၃၀)
အပိုင်း - (၃၀)
အပိုင်း - (၃၁)
အပိုင်း - (၃၁)
အပိုင်း - (၃၂)
အပိုင်း - (၃၂)
အပိုင်း - (၃၃)
အပိုင်း - (၃၃)
အပိုင်း - (၃၄)
အပိုင်း - (၃၄)
အပိုင်း - (၃၅)
အပိုင်း - (၃၅)
အပိုင်း - (၃၆)
အပိုင်း - (၃၆)
အပိုင်း - (၃၇)
အပိုင်း - (၃၇)
အပိုင်း - (၃၈)
အပိုင်း - (၃၈)
အပိုင်း - (၃၉)
အပိုင်း - (၃၉)
အခပျြပို
အချပ်ပို
အပိုင်း - (၄၀)
အပိုင်း - (၄၀)
အပိုင်း - (၄၁)
အပိုင်း - (၄၁)
အပိုင်း - (၄၂)
အပိုင်း - (၄၂)
အပိုင်း - (၄၃)
အပိုင်း - (၄၃)

အပိုင်း - (၁၁)

976 51 0
Oleh Yellowish_One

လေယာဉ်ပေါ်ရောက်တော့ နေးလက်ျာက လျှန့်ဘေးမှာထိုင်သည်။ ဒီခရီးက သူတို့နှစ်ယောက်အတူသွားဖြစ်တဲ့ ပထမဆုံးအလုပ်ခရီးဖြစ်သည်။ နေးလက်ျာကို လျှန့်အတွင်းရေးမှူးအဖြစ် ခေါ်ထားပြီးကတည်းက နေ့ချင်းပြန်အလုပ်ခရီးမျိုးသာသွားဖြစ်သည်။

လေယာဉ်ထွက်ခွာပြီး ဆယ်မိနစ်လောက်ကြာတဲ့အထိ နေးလက်ျာတစ်ယောက် မျက်လုံးကိုတွင်တွင်မှိတ်လျက် အနေအထားမပျက်။ စိတ်ရှုပ်ထွေးစရာတွေများနေမယ့်သူ့ကို လျှန်လည်းအနှောင့်အယှက်မပေးချင်တာကြောင့် အွန်လိုင်းစတော့ရှယ်ယာဈေးသတင်းတစ်ခုကိုသာ ကြည့်နေသည်။

အချိန်တစ်ခုကြာတော့ လေယာဉ်မယ်က ဘာသုံးဆောင်မလဲ ဆိုလာတာကြောင့် လျှန်က ကော်ဖီတစ်ခွက်မှာပြီးနောက်မှာတော့ သူ(မ)က နေးလက်ျာကိုလည်း မေးလာသည်။ နေးလက်ျာဆီက အဖြေပြန်မလာတာကြောင့်

" နေးလက်ျာ... မင်း ဘာသောက်မလဲ "

လျှန့်စိတ်ထင်တာပဲလားမသိ။ ပြတင်းပေါက်ရှိရာဘက်ကို ခေါင်းမှီအိပ်နေတဲ့နေးလက်ျာက အသက်ရှူတာ ပုံမှန်မဟုတ်သလိုပင်။ လျှန် သူ့လက်မောင်းရင်းကိုလှုပ်ကိုင်မိတော့ မျက်လုံးအသာဖွင့်ကြည့်လာသူက နဖူးစပ်တွင် ချွေးစတို့အနည်းငယ်စို့နေလျက်။

" နေးလက်ျာ... မင်း နေမကောင်းဘူးလား "

လေယာဉ်ပေါ်ရောက်မှ ရုတ်ချည်းဆိုသလို နွမ်းဖတ်ပျော့ခွေသွားတဲ့နေးလက်ျာကြောင့် လျှန်ရင်ထဲထိတ်သွားသည်။ လျှန်မေးတာကို ခေါင်းရမ်းတယ်ဆိုရုံလေးသာ အကြောင်းပြန်လာပြီး မူလပုံစံအတိုင်း ပြန်အိပ်သွားသူ။ တင်းတင်းကျပ်ကျပ်ဆုပ်ထားတဲ့လက်နှစ်ဖက်ဆီ အကြည့်ရောက်မိတော့ ပိုင်ရှင်ထံအခွင့်မတောင်းပဲ လျှန် ဆုပ်ကိုင်မိသည်။ အေးစက်နေတဲ့လက်ဖျားတို့က နေးလက်ျာသည် ပုံမှန်မဟုတ်ကြောင်း သက်သေထူသည်။

" နေး... မင်း ဘာဖြစ်နေတာလဲ... ကိုယ့်ကိုပြော "

" ဘာမှမဖြစ်ဘူးလို့ မပြောနဲ့... မင်း တစ်ခုခုဖြစ်နေတာ ကိုယ်သိတယ် "

လျှန့်အမေးကို ဒုတိယအကြိမ်ခေါင်းခါပြလာမည့်သူက လျှန့်စကားကြောင့် ခေတ္တတွေဝေသွားသည်။ လေယာဉ်မယ်လေးကလည်း သူတို့နှစ်ယောက်ရဲ့အခြေအနေကို အကဲခတ်နေသည်။

" ကျွန်...ကျွန်တော့်မှာ Acrophobia ရှိတယ် "

" နေး!!... မင်း ~~ "

အဖြေစကားသံက တိုးတိုးလေးဆိုပေမယ့် လျှန့်ခန္ဓာနဲ့စိတ်ဝိဉာဉ်တစ်ခုလုံးမှာ အချက်ပေးမြည်သံကျယ်ကြီး တုန်ဟီးသွားသည်။ ' မင်း ဘာလို့အစကတည်းက မပြောခဲ့တာလဲ ' ဆိုပြီး ဝေဒနာခံစားနေရသူကို သူ အပြစ်မဆိုရက်ပါ။ သူ့ဘက်က နေးလက်ျာနဲ့ပတ်သက်ပြီး လိုအပ်ချက်တွေရှိနေတယ်လို့သာ သူသတ်မှတ်လိုက်သည်။ ဒီကောင်လေးကို သူဒီထက်ပိုပြီး ဂရုစိုက်ပေးရမည်။

" သူ့အတွက် ဆေးရနိုင်မလား "

လေယာဉ်မယ်လေးက ခေါင်းညိတ်ပြပြီး သူတို့အနားကထွက်သွားသည်။

" နေး... ကိုယ့်ကိုမှီထားလိုက်ပါ "

" ရပါတယ် ဒုဉက္ကဌ... ခဏလောက်နေပြီးရင် သက်သာသွားမှာပါ။ ကျွန်တော်အဆင်ပြေပါတယ် "

" မင်း အဆင်ပြေပေမယ့် ကိုယ် အဆင်မပြေဘူး... ဒီတစ်ခါတော့ ကိုယ့်စကားကိုနားထောင်ပေးပါ "

ထပ်မံငြင်းဆိုမပြုလာပဲ ငြိမ်သက်နေတာကြောင့် နေးလက်ျာရဲ့ခေါင်းကို အသာအယာဆွဲလိုက်ပြီး လျှန့်ပခုံးထက်မှာ နေရာချပေးသည်။ စိတ်ထဲရှိတဲ့အတိုင်းဆို ပခုံးလေးကိုဖက်ပြီး ရင်ခွင်ထဲထည့်ထားချင်တာ။ ဒါပေမယ့် ဝေဒနာခံစားရသူကို လျှန် အခွင့်အရေးမယူပါ။

လေယာဉ်မယ်လေးက ကော်ဖီနှင့်အတူ ဆေးပါယူပြီးပြန်ရောက်လာသည်။ နေးလက်ျာက ဆေးသောက်ပြီးတော့ လျှန် ပခုံးထက်မှာပြန်လည်မှေးစက်သွားသည်။

" ကိုဘုံလျှန်...ကိုနေးလက်ျာ အဆင်ပြေရဲ့လား "

သူတို့ရဲ့တစ်ဖက်ခြမ်းမှာထိုင်နေတဲ့သုန်သုန်ကတော့ မေးရှာသည်။ လျှန် ခေါင်းသာညိတ်ပြလိုက်သည်။ ဘုန်းခန့်ပိုင်၏ပျက်ယွင်းနေသော မျက်နှာအစုံကိုတော့ လျှန် လျစ်လျှူရှုခဲ့သည်။ အေးစက်သွားတဲ့ကော်ဖီတစ်ခွက်နှင့်ဆန့်ကျင်စွာ ပူလောင်နေတဲ့ရင်ခွင်နှစ်စုံသည် ထပ်တူကျလျက်။

" ဒီညနေလုပ်မယ့်တွေ့ဆုံပွဲကို နောက်ရက်ရွေ့ပေးလို့ရနိုင်မလား... သုန်သုန် "

လေယာဉ်ခရီးစဉ်တစ်လျှောက်လုံး နေးလက်ျာကိုသာ ဂရုစိုက်နေခဲ့တဲ့ကိုဘုံလျှန်ဆီက လေယာဉ်ဆင်းဆင်းချင်းမှာပဲ ပြောလာတဲ့စကား။

" ရပါတယ် ကိုဘုံလျှန်... သုန်သုန် မနက်ဖြန်မနက်ကိုရွေ့လိုက်ပါမယ် "

ကိုဘုံလျှန်ကိုပြောအပြီး သုန်သုန်က အချိန်ဇယားကိုရွေ့ဖို့ ဖုန်းဆက်ရန်ပြင်သည်။

" သူ နေကောင်းလာမှ လုပ်လို့အဆင်ပြေနိုင်မလား "

ထပ်ပြောလာတဲ့စကားကြောင့် သုန်သုန် ကိုဘုံလျှန်ကို ပြန်ကြည့်လိုက်သည်။ ကိုဘုံလျှန်ကို သူသိလာတဲ့တစ်လျှောက်မှာ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် အလုပ်ကိုရွေ့ဆိုင်းဖူးတာမျိုးမရှိခဲ့။

" မရွေ့ပါနဲ့... ကျွန်တော် အဆင်ပြေနေပါပြီ... ခဏနားလိုက်ရင် ကောင်းသွားမှာပါ "

ပြောလာသူက ကိုဘုံလျှန်တွဲကူထားလို့သာ မတ်တပ်ရပ်နေနိုင်သူ။ နာရီပိုင်းလောက်အချိန်လေးအတွင်းမှာ လန်းဆန်းတက်ကြွတဲ့အသွင်ကနေ နွမ်းလျခွေညွတ်သွားသော ကိုနေးလက်ျာကိုကြည့်ပြီး သုန်သုန်လည်း စိတ်မကောင်းဖြစ်မိပါသည်။ ဒါပေမဲ့ တစ်ဖက်မှာလည်း တစ်ခြားသောရှယ်ယာရှင်များနှင့် ချိန်းဆိုပြီးသာဖြစ်နေပြီမို့ အချိန်အများကြီးတော့မရနိုင်။

" ကိုယ့်ကြောင့်ဖြစ်လာမယ့် ဆုံးရှုံးမှုတွေကို ကိုယ် တာဝန်ယူပါမယ် "

လျှန်ကိုယ်တိုင်လည်း စီးပွားရေးလုပ်ငန်းရှင်ဖြစ်သည်မို့ သုန်သုန်တွေဝေနေတာကို နားလည်ပေးလို့ရသည်။

" ကျွန်တော် အဆင်ပြေပါတယ်ဆို ~~ "

ခပ်တိုးတိုးထွက်လာတဲ့ငြူစူသံလေးကြောင့် လျှန် တွဲကူထားတဲ့သစ်ခွငယ်လေးကို ငုံ့ကြည့်မိသွားသည်။ ခပ်စိပ်စိပ်မြင်နေရတဲ့မျက်တောင်ရှည်လေးတွေက သိပ်လှသည်။ အနည်းငယ်ဖြူဖျော့နေတဲ့နှုတ်ခမ်းဖူးလေးကလည်း ဂျယ်လီဖြူလေးနှင့် အသွင်တူသည်။ လှသည်... သိပ်ကိုလှသည်။

" အဟင်း ~~ နေးလက်ျာ သက်သာတဲ့အချိန်အထိ နားလိုက်ကြတာပေါ့... အစ်ကို ရှယ်ယာရှင်တွေကို အဆင်ပြေအောင်ပြောလိုက်မယ် "

လေယာဉ်ပေါ်ကဆင်းလာကတည်းက တစ်ချိန်လုံးတိတ်ဆိတ်နေတဲ့ ဘုန်းခန့်ပိုင်က ထိုစကားတစ်ခွန်းပဲဆိုပြီး လာကြိုတဲ့ကားပေါ်တက်သွားနှင့်သည်။ သုန်သုန်ကလည်း ' ဒါဆိုလည်း ဒီလိုပဲလုပ်ကြတာပေါ့... ဟိုတယ်ရောက်မှတွေ့ကြမယ်နော် ' ဆိုကာ ဘုန်းခန့်ပိုင်နောက်ကို လိုက်သွားသည်။

နေးလက်ျာနဲ့လျှန်လည်း လာကြိုတဲ့ကားတစ်စီးနဲ့ အနောက်ကနေလိုက်လာသည်။ ကားပေါ်ရောက်တော့ နေးလက်ျာက အနည်းငယ်သက်သာလာပြီထင်သည်။ လျှန့်အကူအညီမလိုတော့ပဲ လျှန်နဲ့ခပ်ခွာခွာထိုင်သည်။ ဒီအကြောတင်းလေးကတော့ နည်းနည်းသက်သာတာနဲ့ ဗီဇကပြလာသည်။

ခဏကြာတော့ လျှန့်ကိုလှည့်ကြည့်ပြီး တစ်ခုခုပြောဖို့ပြင်သည်။ လျှန်က မျက်စိစုံမှိတ်ပြီး အိပ်ချင်ယောင်ဆောင်နေလိုက်သည်။ အဲ့လိုကျတော့လည်း ဘာမှမပြောတော့ပဲ ကားမှန်အပြင်ဘက်ကို တွေတွေလေးငေးကြည့်ရင်းလိုက်လာသည်။ ဟိုတယ်အရှေ့မှာကားရပ်တော့ လျှန်အိပ်ပျော်နေသည်အထင်နှင့် လျှန်လက်မောင်းကို ဖွဖွလေးလှုပ်နိုးလာသည်။

" ဒုဉက္ကဌ... ရောက်ပြီ "

သုန်သုန်တို့က လျှန်တို့ကို ဟိုတယ်အဝင်ပေါက်မှာစောင့်နေသည်။ ကမ်းခြေအပန်းဖြေစခန်းက အဆင့်မြင့်ဟိုတယ်ဖြစ်သည့်အလျောက် ရှုခင်းရောလေထုကပါ လတ်ဆတ်ပြီးအေးချမ်းမှုကို ခံစားရသည်။ မန်နေဂျာဆိုသူက သူတို့ကိုခရီးဦးကြိုပြုပြီး နားနေဖို့အခန်းလိုက်ပြပေးသည်။ သုန်သုန်ရဲ့လက်ထောက်နှစ်ယောက်ကိုတော့ သူတို့ဘန်ဂလိုရဲ့တစ်ဖက်ခြမ်းက အခန်းနှစ်ခန်းမှာ စီစဉ်ပေးထားသည်။ သူတို့လေးယောက်အတွက်ကိုတော့ Sea View မြင်ရတဲ့ဟိုတယ်ရဲ့အကောင်းဆုံးဘန်ဂလိုမှာ ပြင်ဆင်ပေးထားသည်။

နေးလက်ျာနဲ့လျှန်ကအခန်းကပ်လျက်ဖြစ်ပြီး ဘုန်းခန့်ပိုင်ကတော့ နေးလက်ျာနဲ့မျက်နှာချင်းဆိုင်အခန်းမှာဖြစ်သည်။ သုန်သုန်ကတော့ လျှန့်အခန်းနဲ့မျက်စောင်းထိုးကအခန်းမှာနေသည်။ နေးလက်ျာက သူ့အခန်းရှေ့ရောက်တော့ ခရီးဆောင်အိတ်ကိုယူပြီး အထဲဝင်ဖို့ပြင်သည်။

" မင်းတစ်ယောက်တည်းဖြစ်ရဲ့လား..."

" ဖြစ်ပါတယ်... ဒုဉက္ကဌ "

" တစ်ခုခုဆို ကိုယ့်ကိုဖုန်းဆက်နော်... ကိုယ် မင်းဘေးမှာပဲရှိနေမယ် "

ဒုဉက္ကဌက နေးအခန်းနဲ့ကပ်လျက်ဖြစ်တဲ့ သူ့အခန်းကိုညွှန်ပြသည်။ နေး ဒီအခြေအနေကနေ မြန်မြန်လွတ်မြောက်ချင်တာကြောင့် ခပ်သွက်သွက်ပဲ ခေါင်းညိတ်ပြလိုက်သည်။ ဒုဉက္ကဌက သူ့အခန်းထဲသူဝင်သွားပေမယ့် ကိုခန့်ကတော့ နေးကို စူးစူးစိုက်စိုက်ကြည့်နေသည်။ နေးအကြည့်လွှဲလိုက်ပြီး အခန်းထဲဝင်ဖို့ပြင်တော့ ကိုခန့်က နေးလက်ကောက်ဝတ်ကို ဆုပ်ကိုင်လာသည်။

" နေးနေး~~"

" ကိုခန့်... ဘာလုပ်တာလဲ ကျွန်တော့်လက်ကိုလွှတ် "

ဒီအချိန်တစ်ယောက်ယောက်ထွက်မလာဘူးဆိုတာ မပြောနိုင်တာကြောင့် နေး ကိုခန့်လက်ထဲက ရုန်းထွက်နေသည်။

" မလွှတ်နိုင်ဘူး... နေးနေး... ကိုခန့် နေးနေးကိုပြောစရာရှိတယ် "

" ကျွန်တော့်မှာ နားထောင်ဖို့အချိန်မရှိဘူး "

" အဟင်း... ဘာလဲ မင်းက မင်းရဲ့ဒုဉက္ကဌအတွက်ပဲ အချိန်ရှိတာလား "

နေးချစ်ရတဲ့ကိုခန့်က အဲ့လိုလူမျိုးမဟုတ်။ နေးအပေါ်တန်ဖိုးထားပြီး နေးရဲ့ကိုယ်ကျင့်သိက္ခာကို အမြဲလေးစားပေးခဲ့သူ။ကိုခန့်ဆီက အဲ့လိုစကားမျိုးထွက်လာတော့ နေးအတော်အံ့ဩမိသွားသည်။ တကယ်ဆို အဲ့ဒီမေးခွန်းကို နေးကကိုခန့်ကိုမေးရမှာမဟုတ်ဘူးလား။

ကိုယ့်ချစ်သူတစ်ယောက်လုံးစိတ်ဆိုးသွားတာသိလျက်နှင့် ဖုန်းဆက်ရုံကလွဲပြီး ဘာမှမလုပ်တတ်ပဲနဲ့ အခုလိုအလုပ်ခရီးမျိုးကို မိန်းကလေးတစ်ယောက်နဲ့ လက်ချိတ်ပြီးတော့ သွားနေတာကရော ဖြစ်သင့်ရဲ့လား။ အကယ်၍ ဒီအလုပ်ခရီးက သူတို့နဲ့သာအတူသွားရတာ မဟုတ်ဘူးဆိုရင် ကိုခန့်တစ်ယောက်ဒီလိုလုပ်နေတာကို သူသိနိုင်ပါ့မလား။ ထိုအတွေးတို့ခေါင်းထဲရောက်လာသည်နှင့် အရင်အချိန်တွေက တစ်ယောက်အပေါ်တစ်ယောက်ထားတဲ့ယုံကြည်ချက်တွေသည်လည်း ယိုင်နဲ့စပြုလာသည်။

" ကိုခန့် စကားကိုဆင်ခြင်ပြောပါ... တကယ်ဆို ကိုခန့်လည်း အပြည့်အဝမှန်နေတာမှ မဟုတ်ပဲ "

" နေးနေး... အစ်ကို အခုလိုလုပ်နေရတာက မင်းအတွက်ကြောင့်ပါ... မင်းအတွက်ကြောင့်နဲ့ အစ်ကိုအခုလိုလုပ်နေရတာပါ "

" အဟက်~~~ "

ကိုခန့်စကားကြားတော့ နေး ခပ်ဟဟလေးရယ်လိုက်သည်။ ကိုခန့်ကတော့ မျက်နှာထားချက်ချင်းတင်းမာသွားသည်။

" ကျွန်တော်ကဘာတွေများဖြစ်နေလို့ ကိုခန့်ကကျွန်တော့်အတွက်လို့ ပြောတာလဲ... တကယ်လို့ အခုကိုခန့်လုပ်နေတာတွေက ကျွန်တော့်အတွက်ဆိုရင်တော့ ကျွန်တော်မလိုချင်တာမို့ အပင်ပန်းမခံပါနဲ့... ကျွန်တော် နားချင်ပြီမို့ ခွင့်ပြုပါဦး... "

နေးလက်ကိုဆွဲထားတဲ့ကိုခန့်လက်ကို နေးဖြုတ်ချလိုက်သည်။ ထိုလက်အစုံသည် သူဘယ်တော့မှမလွှတ်တမ်း ဖမ်းဆုပ်ထားချင်တဲ့လက်တစ်စုံဖြစ်သည်။

>>>>>>>>>>

လျှန် အခန်းထဲမှာပစ္စည်းတွေထားပြီး နေးလက်ျာအခြေအနေကိုကြည့်ရန် အခန်းပြင်ထွက်လိုက်တော့ ဘုန်းခန့်ပိုင်က နေးလက်ျာအခန်းရှေ့မှာရပ်နေသည်။ လျှန့်ကိုတွေ့တော့ တစ်ချက်သာခေါင်းညိတ်ပြပြီး သူ့အခန်းထဲသူဝင်ဖို့ပြင်သည်။ လျှန်က နေးလက်ျာအခန်းရှေ့မှာရပ်ပြီး တံခါးခေါက်ဖို့ပြင်တော့

" ကိုဆက္ကဘုံလျှန် "

" ပြောပါ... ကိုဘုန်းခန့်ပိုင် "

အခန်းထဲမဝင်သေးပဲ လျှန့်နာမည်ကိုခေါ်လာသူကြောင့် လျှန် တံခါးဘက်ကိုမျက်နှာမူနေရာကနေ တစ်ဖက်ကိုဦးတည်ချက်ပြောင်းလိုက်သည်။

" ကျွန်တော်တို့ စကားနည်းနည်းလောက်ပြောကြရအောင် "

ဘုန်းခန့်ပိုင်က လူရှင်းပြီးစကားပြောလို့ အဆင်ပြေနိုင်မယ့်ကမ်းခြေဘက်ကို သူ့ကိုခေါ်လာသည်။ လှိုင်းသံလေသံတို့က တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်မှာ အတိုင်းသားကြားနေရသည်။ ပင်လယ်ဘက်ကို မျက်နှာမူရပ်နေရင်းက ဘုန်းခန့်ပိုင်က အရင်စကားဆိုလာသည်။

" ခင်ဗျား ဒီပရောဂျက်မှာ ပါဝင်ရတဲ့အကြောင်းအရင်းက ဘာကြောင့်များလဲ "

" ကိုယ့်ကို ဒီလိုမေးတာက ဘာကြောင့်များလဲ "

" ယောက်ျားချင်းပဲဗျာ... ရှင်းရှင်းပဲပြောကြတာပေါ့... ကျွန်တော်သိရသလောက်ကတော့ ခင်ဗျားတို့လိုနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အများကြီးရှိတဲ့လုပ်ငန်းစု ဒီလိုလုပ်ငန်းအသေးလေးကို စိတ်ဝင်စားလောက်တဲ့အခြေအနေမရှိဘူးမဟုတ်လား... ခင်ဗျားရဲ့တကယ့်ရည်ရွယ်ချက်ကဘာလဲ "

ဘုန်းခန့်ပိုင်က သည်းခံနိုင်စွမ်းနည်းတဲ့လူတစ်ယောက်ဆိုတာ လျှန် သိထားပေမယ့် အခုလောက်ကြီးတဲ့တိုးဆန်လောက်မည်လို့ လျှန် မခန့်မှန်းထားမိပါ။ အချိန်ကြာကြာကစားရမယ့်ပွဲလို့ သူထင်ထားခဲ့ပေမယ့် ဒီတိုင်းဆိုရင်တော့ သိပ်မကြာခင်မှာ ပွဲသိမ်းသွားနိုင်ခြေရှိသည်။ ဘုန်းခန့်ပိုင်စကားကို လျှန် ခပ်ဟဟရယ်လိုက်ပြီး

" ခင်ဗျားကမေးလာတော့လည်း ကိုယ် ပွင့်ပွင့်လင်းလင်း ပြောပါမယ်... ကိုယ် နေးလက်ျာကို ချစ်မိနေတယ်... သူ့မှာဆိုင်သူရှိတယ်ဆိုတာ သိတယ်... အဲ့ဒီလူက ခင်ဗျားဆိုတာကိုလည်း သိတယ်... အဲ့ဒါကြောင့် သူ့ကိုဖမ်းဆုပ်ထားလို့ရအောင် ခင်ဗျားကို အခွင့်အရေးလာပေးတာ... အဟက် ဒါပေမယ့် ခင်ဗျားက ကိုယ် ပထမဆုံးပေးတဲ့အခွင့်အရေးကို ဖြုန်းပစ်လိုက်ပြီပဲ "

လျှန့်စကားကြားတော့ ဘုန်းခန့်ပိုင်တစ်ယောက် သွေးကြောစိမ်းများထ,လာပြီး မျက်နှာတို့ရဲရဲနီလာသည်။ ထိုအချင်းအရာကို လျှန်ကလက်ပိုက်လျက်သာ ခပ်ထေ့ထေ့ကြည့်နေသည်။ ရုတ်ချည်းဆိုသလို ပစ်ဝင်လာတဲ့လက်တစ်ဖက်ကို လျှန် ဖမ်းဆုပ်လိုက်သည်။

" ခင်ဗျားကို ဉာဏ်ကောင်းမယ်လို့ထင်ထားတာ... ခင်ဗျားက ကိုယ်ထင်ထားတာထက် ပိုတုံးနေတာပဲ... ကိုယ့်ဘက်က ပေါ်ပေါ်ထင်ထင်စိန်ခေါ်ပြီးပြီပဲ... ဘာလို့ လက်သီးပုန်းနဲ့ ဖြေရှင်းဖို့ပဲတွေးမိတာလဲ... ခင်ဗျားမှာ အချိန်တွေရှိပါသေးတယ်... ကိုယ်က ခင်ဗျားကို အခွင့်အရေးတွေ အများကြီးပေးထားမှာပါ "

လျှန် ပြောပြီးထွက်လာခဲ့သည်။ ဘုန်းခန့်ပိုင်မျက်နှာကို သူ့အခုတစ်စက္ကန့်တောင် ထပ်မမြင်ချင်ပါ။ လျှန်တို့တည်းတဲ့ဘန်ဂလိုဘက်ကို ပြန်ရောက်လာတော့ သူ့ရဲ့ပန်းပွင့်ငယ်လေးက သူတစ်ခါမှမမြင်ဘူးတဲ့ အသီးလုံးလေးတစ်လုံးလို အသွင်ပြောင်းနေလေသည်။ အနီရဲရဲညအိပ်ဝတ်စုံလေးနဲ့ နေးလက်ျာက လျှန်လာရာဘက်ကို နောက်ကျောပေးထားပြီး သုန်သုန်နဲ့စကားလက်ဆုံကျနေသည်။ ကြည့်ရတာ တကယ်နေလို့အဆင်ပြေသွားပြီထင်သည်။ နေးလက်ျာတို့အနားသွားဖို့ပြင်ပြီးမှ ဘန်ဂလိုအလယ်မှာချထားတဲ့စန္ဒားယားဆီအကြည့်ရောက်သွားသည်။

သူဟာ ကျွန်တော့်ရဲ့အိပ်မက်တွေထဲမှာ
ရွှေနတ်သမီးအဖြစ် စိုးမိုးနေတာ
ကျွန်တော်ည,ည အိပ်မရတဲ့အခါ
အိပ်မက်များကို နှမျောတသစွာ
တကယ်တမ်းတော့ ကျွန်တော့်ရဲ့အဖြစ်ဟာ
မကြင်နာလေသူကိုမှ သွားချစ်မိနေတာ ...

သုန်သုန်နဲ့ စကားပြောနေရင်း ထွက်လာတဲ့စန္ဒားယားသံကြောင့် လှည့်ကြည့်မိတော့

" ဒုဉက္ကဌ " " ဝိုး... ကိုဘုံလျှန်ပဲ "

ဒုဉက္ကဌရဲ့ဒီလိုပုံစံကို မမြင်ဖူးတာကြောင့် နေး သတိလက်လွတ်ငေးကြည့်နေမိသည်။

" သုန်တို့ ယူနီဗာစတီမှာ ကိုဘုံလျှန်တို့တီးဝိုင်းက နာမည်ကြီးပဲ... မိန်းကလေးတွေ အသည်းစွဲလေ... သူတို့ထဲက ဂီတာတီးတဲ့တစ်ယောက်တောင် မနှစ်ကလက်ထပ်သွားပြီလေ "

သုန်သုန်က သူတို့တက္ကသိုလ်ကျောင်းသူဘဝအကြောင်းကို ပြောလာသည်။ သုန်သုန်မပြောပြလည်း ဒုဉက္ကဌရဲ့တက္ကသိုလ်ကျောင်းသားဘဝက ထိုသို့ဖြစ်ခဲ့မယ်ဆိုတာကို နေးခန့်မှန်းမိပါသည်။ သုန်သုန့်စကားအဆုံးမှာ ဒုဉက္ကဌဆီအကြည့်ပြန်ပို့တော့ သူ့ကိုမျက်တောင်မခတ်တမ်း ကြည့်ပြီးဆိုနေတာကြောင့် အယောင်ယောင်အမှားမှားနဲ့ အောက်နှုတ်ခမ်းကို အမှတ်တမဲ့ကိုက်မိသွားသည်။

စိတ်ကူးယဉ်အတွေးထဲမှာတော့
ပြေလည်လိုက်တာ ...
သူ ကျွန်တော့်ကို ချစ်လိုက်ပုံများ
နှိုင်းရက်စရာ ဘာမှမရှိအောင်
အပြင်က လက်တွေ့ဘဝမှာ
အိပ်မက်ဟာ တကယ်ဖြစ်မလာ ...

လျှန့်အိပ်မက်တွေကတော့ ရွှေရောင်နတ်သမီးဆီမှာမဟုတ်ပဲ အနီရောင်စတော်ဘယ်ရီသီးလေးထံတွင်သာ မှေးစက်နားခိုမည်ဖြစ်သည်။

>>>>>>>>>>

ဆက်ရန်
Yellowish_One 💛
(၂၉-၆-၂၀၂၃)

Lanjutkan Membaca

Kamu Akan Menyukai Ini

84K 6.4K 34
....အချစ်ဆိုတာ အပြစ်အနာအဆာ ရှိတိုင်း စွန့်ပစ်ဖို့မှ မဟုတ်တာ ရွေးချယ်ပြီးမှတော့ အပြစ်ဆိုလဲ မမြင်တော့သလို အသစ်ဆိုလဲ မလိုချင်တော့ပါဘူး.....သည်းပုံကသာ ကျ...
137K 11.3K 46
Unicode နောက်ဆုံး စာမျက်နှာ မရောက်ခင် အထိ.... Zawgyi နောက်ဆုံး စာမျက်နှာ မရောက်ခင် အထိ....
5.3M 714K 199
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...
Spring Oleh BD

Fiksi Umum

149K 5.2K 53
Request (One Shots)