နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

By Lazy_Little_Meow

157K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... More

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [69.2]

911 130 2
By Lazy_Little_Meow

Translated by Melinoe_Megami

[Unicode]

အပိုင်း - (၆၉/၂)

“Juliana ကို ကြိုက်တယ်လို့ အစ်ကို ပြောခဲ့ဖူးတယ်မလား..? အဲ့တာကြောင့် တကူးတက ခေါ်လာတာ..”

ကျန်းချင်းယွင်မှာ ထိုစကားကြားပြီး ခြေထောက်များပင် ပျော့ခွေလာသလို ခံစားလိုက်ရသည်။ “ဒီရုပ်ရှင်ထဲမှာ သရုပ်ဆောင်ဖူးတယ်..?!”

“တင်..!” ဓာတ်လှေကားတံခါး ပွင့်သွားပြီး တရုတ်ကိုယ်စားလှယ် စီစဉ်ထားသည့် လူနှစ်ယောက်က တံခါးရှေ့တွင် စောင့်ကြပ်နေသည်။

“ဒီအထပ်က ‘The Unrivalled 2’ ရုပ်ရှင်အဖွဲ့သားတွေအတွက် သီးသန့်ငှားရမ်းထားပြီးသားပါ.. ကျေးဇူးပြုပြီး ဖိတ်ကြားလွှာရှိရင် ပြပေးပါ..” ထိုယောက်ျားသည် ပြုံးလျက် သူမကို ယဉ်ယဉ်ကျေးကျေး ပြောဆိုနေသော်လည်း သူ၏ အကြည့်က နဉ်ရှီဟာ ‘The Unrivalled 2’ ကို အသုံးချပြီး စန်းတင်ရန် ကြိုးစားနေသကဲ့သို့ တွေးနေမှန်း သိသာလှသည်။

အနုပညာလောကတွင် ဤသို့ နည်းလမ်းများစွာ အသုံးချပြီး စန်းတင်တတ်သူများ အများအပြား ရှိလေ၏။ လူမသိသူမသိ သရုပ်ဆောင်တချို့သည့် နာမည်ကြီးလာအောင် အကြောင်းဖန်ပြီး A-List သရုပ်ဆောင်များအနား အရှက်မရှိ ကပ်တွယ်ကာ ဓာတ်ပုံရိုက်ကြသည်။ ထို့နောက် အချင်းချင်း ရင်းနှီးသလိုမျိုး လူအများအထင်မှားအောင် ရည်ရွယ်ချက်ရှိရှိ ခင်မင်ရင်းနှီးလေဟန် အွန်လိုင်းပေါ် ရေးတင်တတ်ကြလေသည်။

ကံဆိုးစွာဖြင့် နဉ်ရှီက ဖိတ်ကြားလွှာကို ဆွဲထုတ်ကာ ထိုလူများထံ ကမ်းပေးနိုင်ခဲ့သည်။ ဖိတ်ကြားလွှာကို သေသေချာချာ စစ်ဆေးပြီးနောက် ထိုလူများလည်း ရှက်အမ်းအမ်း ဖြစ်သွားကြရသည်။

“တောင်းပန်ပါတယ်.. ကျေးဇူးပြုပြီး ဒီဘက်ကို..” နဉ်ရှီကို အချိန်ဆွဲခဲ့သော ဝန်ထမ်းမှာ နောင်တများဖြင့် မျက်နှာပျက်နေ၏။ ပြောချင်ရာပြောပြီးမှာသာ ‘ချန်းရှီကွေ့၏ ချစ်သူကောင်မလေး’ ဟူသော နဉ်ရှီ၏ နောက်ထပ်အဆင့်အတန်းကို သတိရလိုက်သည်။

ထိုသို့ဩဇာအာဏာကြီးမားသော ချစ်သူကောင်လေးကို ပိုင်ဆိုင်ထားသူအနေဖြင့် နဉ်ရှီသည် သူမ သွားလိုသည့် မည်သည့်နေရာမဆို တံခါးမရှိဓားမရှိ သွားလာနိုင်မည်ပင်။ ဝန်ထမ်းခမျာ လမ်းပြနေရင်း သူ၏ အစောပိုင်းအပြုအမူအပေါ် နဉ်ရှီ ခွင့်လွှတ်ပါစေဟုသာ ဆုတောင်းနေမိတော့သည်။

ထိုအခိုက် အခန်းတံခါးတစ်ခု ပွင့်လာ၏။ Juliana က ဂါဝန်လှလှလေးဖြင့် ထွက်ပေါ်လာသည်။ လမ်းပြနေသော ဝန်ထမ်းသည် စွဲမက်ဖွယ်ကောင်းအောင် လှပလွန်းသော Juliana ကြောင့် ငုတ်တုတ်မေ့သွားရသည်။

ဒါပေမဲ့လေ ဘာလို့ ဒီအလှလေးက သူ့ကို စိတ်လှုပ်ရှားသလို အကြည့်မျိုးနဲ့ ကြည့်နေရတာလဲ..? သူ့မှာ ယောက်ျားတစ်ယောက်ရဲ့ ဆွဲဆောင်မှုတွေ ရုတ်တရက် ပေါ်ထွက်လာလို့များလား..?

“Oh my goodness..!” Juliana က အမြန်ပြေးလာပြီး ဝန်ထမ်းကို ဖြတ်ကျော်သွား၏။

ဝန်ထမ်းလည်း ချက်ချင်းဆိုသလို အသိပြန်ဝင်သွားပြီး အနောက်ကို လှည့်ကြည့်လိုက်သည်။ ထိုအခါ ယောက်ျားများစွာ၏ အိပ်မက်နတ်သမီးလေးနှစ်ပါး အချင်းချင်း ပွေ့ဖက်နေသည့်ကို တွေ့လိုက်ရလေသည်။

“နဉ်..!” Juliana သည် နဉ်ရှီ ရောက်လာတာကြောင့် အတော်လေး စိတ်လှုပ်ရှားသွားဟန်တူ၏။ စကားပြောနေသော်လည်း သူမ၏ အသံက အနည်းငယ် တုန်ယင်နေသည်။

“မတွေ့တာကြာပြီ.. နေကောင်းလား..?”

“ကောင်းပါတယ်..” နဉ်ရှီက ချစ်သူလေးကို နှစ်သိမ့်ပေးနေသကဲ့သို့ သူမ၏ နောက်ကျောကို ခပ်ဖွဖွလေး ပုတ်ပေးလိုက်သည်။ “နှစ်နှစ်တောင်ကြာပြီ.. နင်တို့အားလုံးကို လွမ်းနေတာ..”

“ငါတို့ကို မေ့မသွားတာနဲ့တင် တော်သေးတာပေါ့..” Juliana သည် နဉ်ရှီ၏ လည်ပင်းကို ပွေ့ဖက်ထားရာမှ လျော့ပေးလိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ခေါင်းအစခြေအဆုံး အကဲခတ်တော့သည်။ “အခုမှပဲ နင်ပြောတာ ယုံသွားတယ်.. ကြည့်ရတာ ဒီပြန်လာပြီးနောက်ပိုင်း တကယ်အဆင်ပြေနေပုံပဲ..”

သူမ၏ မျက်နှာလေးပင် အတော်လေး သွေးရောင်လွှမ်းနေသည်။

ကျန်းချင်းယွင်မှာ နဉ်ရှီနှင့် Juliana တို့၏ ရင်းရင်းနှီးနှီး အပြုအမူကြောင့် အံ့အားသင့်သွားရ၏။ သူ့ဘေးနားမှ ဝန်ထမ်းဆိုလျှင် ပို၍ဆိုးသည်။ Juliana နှင့် အင်္ဂလိပ်လို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောနေသော နဉ်ရှီကိုကြည့်ပြီး ဆွံ့အနေတော့သည်။

နဉ်ရှီက ‘The Unrivalled 2’ သရုပ်ဆောင်တွေနဲ့ ရင်းနှီးပုံပဲ.. အဲ့တာဆို ချန်းရှီကွေ့အရှိန်နဲ့ ရောက်လာတာ မဟုတ်ဘူးပေါ့..?!

“မိတ်ဆက်ပေးမလို့ မေ့နေတာ.. ဒါက ငါ့မန်နေဂျာ ကျန်းချင်းယွင်..” နဉ်ရှီက နောက်လှည့်ကာ ကျန်းချင်းယွင်ကို ညွှန်ပြလိုက်ပြီး.. “သူက နင် သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်တွေကို အရမ်းကြိုက်တာလေ..”

“ကျေးဇူးတင်ပါတယ်..” Juliana က ကျန်းချင်းယွင်ကို ပြုံးပြလိုက်သည်။ “တွေ့ရတာ ဝမ်းသာပါတယ်..”

Juliana က တရုတ်စကားဖြင့် မတတ်တခေါက် ပြောလာရာ ကျန်းချင်းယွင်လည်း အင်္ဂလိပ်လိုပင် ယဉ်ယဉ်ကျေးကျေး တုံ့ပြန်နှုတ်ဆက်လိုက်သည်။ သူ၏ အမူအရာက တည်ငြိမ်နေသော်ငြား စိတ်ထဲမှာတော့ အကြီးအကျယ် ရှော့ရသွားခဲ့သည်။

ထို့နောက်မှာတော့ နဉ်ရှီနောက် လိုက်ပါသွားပြီး ဒါရိုက်တာ Joseph ၏ အခန်းသို့ ရောက်ရှိသွား၏။ နဉ်ရှီ၏ အဓိကသရုပ်ဆောင်များနှင့် တရင်းတနှီး ပြောဆိုနေပုံ၊ ဇာတ်လိုက်မင်းသား Hart နှင့် ပေါ့ပေါ့ပါးပါး စနောက်နေပုံကို ကြည့်ပြီး ကျန်းချင်းယွင်မှာ အံ့ဩရလွန်း၍ ထုံထိုင်းလာရသည်အထိ။

ဘဝကြီးက အံ့ဩစရာများဖြင့် ပြည့်နှက်နေတတ်၏။ သို့သော် နဉ်ရှီနှင့်ဆိုလျှင် ထို့ထက်ပိုဆိုးနေသည်။ သူတော့ တည်တည်ငြိမ်ငြိမ် တုံ့ပြန်တတ်အောင် လေ့ကျင့်ထားရတော့မည်။

***

“ကျန်းချင်းယွင်နဲ့ ဆက်သွယ်ပြီးပြီလား..?” တရုတ်ကိုယ်စားလှယ်က အချိန်ကို ကြည့်လိုက်၏။ 2:30 PM ပင် ရှိနေပြီဖြစ်၍ သတင်းစာရှင်းလင်းပွဲ စရချေတော့မည်။ သို့သော် ‘ရှီ.. နဉ်” ဟူသည့် သရုပ်ဆောင်ကို ယခုထိ အတည်မပြုရသေးပေ။

“ဆက်သွယ်လို့မရသေးဘူး.. ကျန်းချင်းယွင်က ဖုန်းမကိုင်ဘူး..” ဖုန်းဆက်ရန် တာဝန်ယူထားသည့် ဝန်ထမ်းက တွေးကြည့်လိုက်သည်။ ချန်းရှီကွေ့နှင့် နဉ်ရှီ၏ Relationship ကြောင့် မရေမတွက်နိုင်သည့် သတင်းထောက်များလည်း ကျန်းချင်းယွင်နှင့် ဆက်သွယ်ချင်ကြမည်ပင်။ ထို့ကြောင့် တစ်ဖက်လူက ဖုန်းမကိုင်တာ မထူးဆန်းပါချေ။

“အဲ့တာဆိုလည်း ထားလိုက်တော့..” ကိုယ်စားလှယ်က သက်ပြင်းချလိုက်ရင်း.. “နိုင်ငံခြားသားသရုပ်ဆောင်တွေကို စင်ပေါ်တက်ဖို့ အရင်ပြင်ဆင်ခိုင်းရမယ်..”

ကိုယ်စားလှယ်က Joseph ၏ အခန်းရှိရာသို့ ဦးတည်လိုက်သည်။ ထိုအခါ အခန်းတံခါးပွင့်နေသည်ကို သတိပြုမိလိုက်၏။ အခန်းထဲတွင်လည်း ရယ်ရယ်မောမော စကားပြောနေသံများ ပျံ့လွင့်နေသည်။ သူက ရှေ့တိုးကာ အခန်းတံခါး ခေါက်လိုက်သည်။

“ဧည့်သည်တော်တို့.. ခဏနေရင် ပွဲစတော့မှာ အဆင်သင့်ဖြစ်ပြီလား..?”

“ဒါပေါ့..” Joseph က သူ့ကို ပြုံးပြလိုက်ရင်း ဘေးဘက်သို့ ညွှန်ပြလာသည်။ “သူက ငါတို့ပြောတဲ့ သရုပ်ဆောင်နဉ်လေ..”

ကိုယ်စားလှယ်က Joseph ညွှန်ပြသည့်ဘက်သို့ လှည့်ကြည့်လိုက်၏။

တကယ်ကြီး နဉ်ရှီလား..?!

ထင်ရှားကျော်ကြားသည့် တက္ကသိုလ်မှ ဘွဲ့ရလာခဲ့ပြီး အနုပညာလောကသို့ ဝင်ရောက်ပြီးမကြာခင်မှာပင် နာမည်ကျော်ကြားလာသော မိန်းကလေး.. သမီးရှင်များ မျက်စိအကျဆုံး လူပျိုများထဲမှ တစ်နိုင်ငံလုံးအဆင့် ထိပ်ဆုံးအမျိုးသားကို ချစ်သူတော်နိုင်ခဲ့သူ။ ထို့အပြင် ကမ္ဘာကျော်ဒါရိုက်တာ၊ သရုပ်ဆောင်များနှင့် ရင်းနှီးခင်မင်ကာ လွန်ခဲ့သော သုံးနှစ်ခန့်က ကမ္ဘာနှင့်အဝှမ်း အောင်မြင်ကျော်ကြားခဲ့သည့် ရုပ်ရှင်ထဲတွင်ပင် ပါဝင်နေခဲ့သည်။ အဘယ်ကြောင့် ထိုသို့သော အောင်မြင်မှုများ ရရှိနိုင်ခဲ့သနည်း။

“မစ်နဉ်.. “ ကိုယ်စားလှယ်က နဉ်ရှီကို ခေါင်းညိတ်ကာ ပြုံးပြလာသည်။ “ဒီတစ်ခေါက် ပရိုမိုးရှင်းပွဲမှာ ပါဝင်ပေးတဲ့အတွက် တကယ့်ကို ဂုဏ်ယူမိပါတယ်.. ဒီနေ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်မယ့် သတင်းထောက်တွေတော့ သေချာပေါက် အံ့ဩသွားကြမှာပဲ..”

အလွန်အံ့ဩခဲ့ရသော်ငြား ကိုယ်စားလှယ်သည် မျက်နှာပေါ်မှ အပြုံးကို ထိန်းသိမ်းထားဆဲ။

နဉ်ရှီလည်း ပြန်ပြုံးပြလိုက်သည်။ “ကျွန်မရဲ့သူငယ်ချင်းတွေ အကြုံပြုပေးခဲ့လို့သာ ဒီရုပ်ရှင်ထဲ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့တာပါ.. ပြောရရင် ကံကောင်းသွားတာပေါ့..”

“နဉ်.. ဘာတွေပြောနေကြတာလဲ..?” Juliana က နဉ်ရှီကို ခပ်တိုးတိုးမေးသည်။ “သူ့ကြည့်ရတာ နင့်ကို သိနေသလိုပဲ..”

“ဒီတစ်ခေါက် ပရိုမိုးရှင်းပွဲမှာ ပူးပေါင်းပါဝင်ပေးတဲ့အတွက် ဂုဏ်ယူပါတယ်တဲ့..” နဉ်ရှီက Juliana ၏နားရွက်နား တိုးကပ်ကာ ခပ်တိုးတိုး ပြန်ပြောလိုက်သည်။ “ငါ ဒီပြန်ရောက်ပြီးတော့ သရုပ်ဆောင် လုပ်နေတယ်လေ.. အဲ့တာကြောင့် သူ ငါ့ကို သိနေတာ..”

“သိပြီ..” Juliana က ပြန်ပြောသည်။ “နင်က ဒီလောက်လှတာ.. သရုပ်ဆောင်မလုပ်ရင် နှမြောစရာကြီး..”

နဉ်ရှီမှာ အသံထွက်အောင် ရယ်မောလိုက်မိသည်။ “နင်မှန်တယ်..”

Juliana နှင့် ညီအစ်မများလို ရင်းရင်းနှီးနှီးရှိသော နဉ်ရှီကို ကြည့်ပြီး ကိုယ်စားလှယ်မှာ အံ့ဖွယ်သရဲ ဖြစ်နေတော့သည်။

ကမ္ဘာကျော်သရုပ်ဆောင်တွေနဲ့ ဒီလောက်ရင်းနှီးနေတာတောင် ဘာလို့ ပြည်တွင်းကို ပြန်လာရတာလဲ..?

ကိုယ်စားလှယ်မှာ တွေးရင်းတွေးရင်း ကမ္ဘာကြီးအကြောင်း နားမလည်တော့သလိုပင်။

2:45 PM သတင်းစာရှင်းလင်းပွဲ တရားဝင် မစတင်ခင်မှာပင် ထိုဧရိယာတစ်ခုလုံး သတင်းထောက်များဖြင့် ပြည့်နှက်နေချေပြီ။ အစီအစဉ်ကြေညာသူသည် စင်ပေါ်တွင် မတ်တပ်ရပ်နေပြီး လူအများတက်ကြွလာအောင် စီစဉ်တင်ဆက်ရင်း ယနေ့ တက်ရောက်မည့် ပရိသတ်များအကြောင်း မိတ်ဆက်နေလေသည်။

ဆက်သွယ်ရေးကိရိယာများ တပ်ဆင်ထားသဖြင့် စင်နောက်မှ ညွှန်ကြားသမျှ သတင်းအချက်အလက်များကို အစီအစဉ်တင်ဆက်သူများလည်း အချိန်နှင့်တပြေးညီ ရရှိနေသည်။ ထို့ကြောင့် ရုပ်ရှင်ထဲတွင် တရုတ်အနုပညာရှင်တစ်ဦး ပါဝင်နေကြောင်း၊ ထို့အပြင် အရေးကြီးသော ဇာတ်ကောင်နေရာမှာ ပါဝင်သရုပ်ဆောင်ထားကြောင်း ကြားလိုက်ရသောအခါ အစီအစဉ်တင်ဆက်သူများပင် ပြန်မေးမိလုမတတ် ဖြစ်သွားရ၏။

“တက်ရောက်လာတဲ့ သတင်းထောက်မိတ်တွေများကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ အရမ်းအရေးကြီးတဲ့ သတင်းတစ်ခု ကြေညာစရာရှိပါတယ်..” တင်ဆက်သူက ဝမ်းသာအားရ ပြောလိုက်သည်။ “ဒါရိုက်တာ Joseph က ‘The Unrivalled 2’ မှာ ပြည်တွင်းအနုပညာရှင် မင်းသမီးတစ်ယောက်ကို အဓိကဇာတ်ကောင်တစ်ခုအဖြစ် ထည့်သွင်းရိုက်ကူးထားပါတယ်တဲ့.. ဘယ်သူလဲဆိုတာ ခန့်မှန်းနိုင်ကြရဲ့လား..?”

ပွဲကျင်းပသည့် နေရာတစ်ခုလုံး ထိုသတင်းကြောင့် ကျွက်ကျွက်ညံကုန်၏။

ဒီရုပ်ရှင်ထဲမှာ တရုတ်မင်းသမီးတစ်ယောက်က အရေးကြီးတဲ့ ဇာတ်ကောင်အနေနဲ့ ပါဝင်နေတယ်တဲ့။ သူတို့ ဒီသတင်းကို ဘာလို့မကြားဖူးတာလဲ..?

……………………………………………

[Zawgyi]

အပိုင္း - (၆၉/၂)

“Juliana ကို ႀကိဳက္တယ္လို႔ အစ္ကို ေျပာခဲ့ဖူးတယ္မလား..? အဲ့တာေၾကာင့္ တကူးတက ေခၚလာတာ..”

က်န္းခ်င္းယြင္မွာ ထိုစကားၾကားၿပီး ေျခေထာက္မ်ားပင္ ေပ်ာ့ေခြလာသလို ခံစားလိုက္ရသည္။ “ဒီရုပ္ရွင္ထဲမွာ သရုပ္ေဆာင္ဖူးတယ္..?!”

“တင္..!” ဓာတ္ေလွကားတံခါး ပြင့္သြားၿပီး တရုတ္ကိုယ္စားလွယ္ စီစဉ္ထားသၫ့္ လူႏွစ္ေယာက္က တံခါးေရ႔ွတြင္ ေစာင့္ၾကပ္ေနသည္။

“ဒီအထပ္က ‘The Unrivalled 2’ ရုပ္ရွင္အဖြဲ႔သားေတြအတြက္ သီးသန႔္ငွားရမ္းထားၿပီးသားပါ.. ေက်းဇူးျပဳျပီး ဖိတ္ၾကားလႊာရိွရင္ ျပေပးပါ..” ထိုေယာက္်ားသည္ ၿပံဳးလ်က္ သူမကို ယဉ္ယဉ္ေက်းေက်း ေျပာဆိုေနေသာ္လည္း သူ၏ အၾကၫ့္က နဉ္ရွီဟာ ‘The Unrivalled 2’ ကို အသံုးခ်ၿပီး စန္းတင္ရန္ ႀကိဳးစားေနသကဲ့သို႔ ေတြးေနမွန္း သိသာလွသည္။

အႏုပညာေလာကတြင္ ဤသို႔ နည္းလမ္းမ်ားစြာ အသံုးခ်ၿပီး စန္းတင္တတ္သူမ်ား အမ်ားအျပား ရိွေလ၏။ လူမသိသူမသိ သရုပ္ေဆာင္တခ်ိဳ႕သၫ့္ နာမည္ႀကီးလာေအာင္ အေၾကာင္းဖန္ၿပီး A-List သရုပ္ေဆာင္မ်ားအနား အရွက္မရိွ ကပ္တြယ္ကာ ဓာတ္ပံုရိုက္ၾကသည္။ ထို႔ေနာက္ အခ်င္းခ်င္း ရင္းႏွီးသလိုမ်ိဳး လူအမ်ားအထင္မွားေအာင္ ရည္ရြယ္ခ်က္ရိွရိွ ခင္မင္ရင္းႏွီးေလဟန္ အြန္လိုင္းေပၚ ေရးတင္တတ္ၾကေလသည္။

ကံဆိုးစြာျဖင့္ နဉ္ရွီက ဖိတ္ၾကားလႊာကို ဆြဲထုတ္ကာ ထိုလူမ်ားထံ ကမ္းေပးႏိုင္ခဲ့သည္။ ဖိတ္ၾကားလႊာကို ေသေသခ်ာခ်ာ စစ္ေဆးၿပီးေနာက္ ထိုလူမ်ားလည္း ရွက္အမ္းအမ္း ျဖစ္သြားၾကရသည္။

“ေတာင္းပန္ပါတယ္.. ေက်းဇူးျပဳျပီး ဒီဘက္ကို..” နဉ္ရွီကို အခ်ိန္ဆြဲခဲ့ေသာ ဝန္ထမ္းမွာ ေနာင္တမ်ားျဖင့္ မ်က္ႏွာပ်က္ေန၏။ ေျပာခ်င္ရာေျပာၿပီးမွာသာ ‘ခ်န္းရွီေကြ့၏ ခ်စ္သူေကာင္မေလး’ ဟူေသာ နဉ္ရွီ၏ ေနာက္ထပ္အဆင့္အတန္းကို သတိရလိုက္သည္။

ထိုသို႔ဩဇာအာဏာႀကီးမားေသာ ခ်စ္သူေကာင္ေလးကို ပိုင္ဆိုင္ထားသူအေနျဖင့္ နဉ္ရွီသည္ သူမ သြားလိုသၫ့္ မည္သၫ့္ေနရာမဆို တံခါးမရိွဓားမရိွ သြားလာႏိုင္မည္ပင္။ ဝန္ထမ္းခမ်ာ လမ္းျပေနရင္း သူ၏ အေစာပိုင္းအျပဳအမူအေပၚ နဉ္ရွီ ခြင့္လႊတ္ပါေစဟုသာ ဆုေတာင္းေနမိေတာ့သည္။

ထိုအခိုက္ အခန္းတံခါးတစ္ခု ပြင့္လာ၏။ Juliana က ဂါဝန္လွလွေလးျဖင့္ ထြက္ေပၚလာသည္။ လမ္းျပေနေသာ ဝန္ထမ္းသည္ စြဲမက္ဖြယ္ေကာင္းေအာင္ လွပလြန္းေသာ Juliana ေၾကာင့္ ငုတ္တုတ္ေမ့သြားရသည္။

ဒါေပမဲ့ေလ ဘာလို႔ ဒီအလွေလးက သူ႔ကို စိတ္လႈပ္ရွားသလို အၾကၫ့္မ်ိဳးနဲ႔ ၾကၫ့္ေနရတာလဲ..? သူ႔မွာ ေယာက္်ားတစ္ေယာက္ရဲ့ ဆြဲေဆာင္မႈေတြ ရုတ္တရက္ ေပၚထြက္လာလို႔မ်ားလား..?

“Oh my goodness..!” Juliana က အျမန္ေျပးလာၿပီး ဝန္ထမ္းကို ျဖတ္ေက်ာ္သြား၏။

ဝန္ထမ္းလည္း ခ်က္ခ်င္းဆိုသလို အသိျပန္ဝင္သြားၿပီး အေနာက္ကို လွၫ့္ၾကၫ့္လိုက္သည္။ ထိုအခါ ေယာက္်ားမ်ားစြာ၏ အိပ္မက္နတ္သမီးေလးႏွစ္ပါး အခ်င္းခ်င္း ေပြ့ဖက္ေနသၫ့္ကို ေတြ့လိုက္ရေလသည္။

“နဉ္..!” Juliana သည္ နဉ္ရွီ ေရာက္လာတာေၾကာင့္ အေတာ္ေလး စိတ္လႈပ္ရွားသြားဟန္တူ၏။ စကားေျပာေနေသာ္လည္း သူမ၏ အသံက အနည္းငယ္ တုန္ယင္ေနသည္။

“မေတြ့တာၾကာၿပီ.. ေနေကာင္းလား..?”

“ေကာင္းပါတယ္..” နဉ္ရွီက ခ်စ္သူေလးကို ႏွစ္သိမ့္ေပးေနသကဲ့သို႔ သူမ၏ ေနာက္ေက်ာကို ခပ္ဖြဖြေလး ပုတ္ေပးလိုက္သည္။ “ႏွစ္ႏွစ္ေတာင္ၾကာၿပီ.. နင္တို႔အားလံုးကို လြမ္းေနတာ..”

“ငါတို႔ကို ေမ့မသြားတာနဲ႔တင္ ေတာ္ေသးတာေပါ့..” Juliana သည္ နဉ္ရွီ၏ လည္ပင္းကို ေပြ့ဖက္ထားရာမွ ေလ်ာ့ေပးလိုက္ၿပီး လက္ႏွစ္ဖက္ကို ဆုပ္ကိုင္ကာ ေခါင္းအစေျခအဆံုး အကဲခတ္ေတာ့သည္။ “အခုမွပဲ နင္ေျပာတာ ယံုသြားတယ္.. ၾကၫ့္ရတာ ဒီျပန္လာၿပီးေနာက္ပိုင္း တကယ္အဆင္ေျပေနပံုပဲ..”

သူမ၏ မ်က္ႏွာေလးပင္ အေတာ္ေလး ေသြးေရာင္လႊမ္းေနသည္။

က်န္းခ်င္းယြင္မွာ နဉ္ရွီႏွင့္ Juliana တို႔၏ ရင္းရင္းႏွီးႏွီး အျပဳအမူေၾကာင့္ အံ့အားသင့္သြားရ၏။ သူ႔ေဘးနားမွ ဝန္ထမ္းဆိုလ်ွင္ ပို၍ဆိုးသည္။ Juliana ႏွင့္ အဂၤလိပ္လို ကြၽမ္းက်င္ပိုင္ႏိုင္စြာ ေျပာေနေသာ နဉ္ရွီကိုၾကၫ့္ၿပီး ဆြံ႔အေနေတာ့သည္။

နဉ္ရွီက ‘The Unrivalled 2’ သရုပ္ေဆာင္ေတြနဲ႔ ရင္းႏွီးပံုပဲ.. အဲ့တာဆို ခ်န္းရွီေကြ့အရိွန္နဲ႔ ေရာက္လာတာ မဟုတ္ဘူးေပါ့..?!

“မိတ္ဆက္ေပးမလို႔ ေမ့ေနတာ.. ဒါက ငါ့မန္ေနဂ်ာ က်န္းခ်င္းယြင္..” နဉ္ရွီက ေနာက္လွၫ့္ကာ က်န္းခ်င္းယြင္ကို ၫႊန္ျပလိုက္ၿပီး.. “သူက နင္ သရုပ္ေဆာင္ထားတဲ့ ဇာတ္ေကာင္ေတြကို အရမ္းႀကိဳက္တာေလ..”

“ေက်းဇူးတင္ပါတယ္..” Juliana က က်န္းခ်င္းယြင္ကို ၿပံဳးျပလိုက္သည္။ “ေတြ့ရတာ ဝမ္းသာပါတယ္..”

Juliana က တရုတ္စကားျဖင့္ မတတ္တေခါက္ ေျပာလာရာ က်န္းခ်င္းယြင္လည္း အဂၤလိပ္လိုပင္ ယဉ္ယဉ္ေက်းေက်း တံု႔ျပန္ႏႈတ္ဆက္လိုက္သည္။ သူ၏ အမူအရာက တည္ၿငိမ္ေနေသာ္ျငား စိတ္ထဲမွာေတာ့ အႀကီးအက်ယ္ ေရွာ့ရသြားခဲ့သည္။

ထို႔ေနာက္မွာေတာ့ နဉ္ရွီေနာက္ လိုက္ပါသြားၿပီး ဒါရိုက္တာ Joseph ၏ အခန္းသို႔ ေရာက္ရိွသြား၏။ နဉ္ရွီ၏ အဓိကသရုပ္ေဆာင္မ်ားႏွင့္ တရင္းတႏွီး ေျပာဆိုေနပံု၊ ဇာတ္လိုက္မင္းသား Hart ႏွင့္ ေပါ့ေပါ့ပါးပါး စေနာက္ေနပံုကို ၾကၫ့္ၿပီး က်န္းခ်င္းယြင္မွာ အံ့ဩရလြန္း၍ ထံုထိုင္းလာရသည္အထိ။

ဘဝႀကီးက အံ့ဩစရာမ်ားျဖင့္ ျပၫ့္ႏွက္ေနတတ္၏။ သို႔ေသာ္ နဉ္ရွီႏွင့္ဆိုလ်ွင္ ထို႔ထက္ပိုဆိုးေနသည္။ သူေတာ့ တည္တည္ၿငိမ္ၿငိမ္ တံု႔ျပန္တတ္ေအာင္ ေလ့က်င့္ထားရေတာ့မည္။

***

“က်န္းခ်င္းယြင္နဲ႔ ဆက္သြယ္ၿပီးၿပီလား..?” တရုတ္ကိုယ္စားလွယ္က အခ်ိန္ကို ၾကၫ့္လိုက္၏။ 2:30 PM ပင္ ရိွေနၿပီျဖစ္၍ သတင္းစာရွင္းလင္းပြဲ စရေခ်ေတာ့မည္။ သို႔ေသာ္ ‘ရွီ.. နဉ္” ဟူသၫ့္ သရုပ္ေဆာင္ကို ယခုထိ အတည္မျပဳရေသးေပ။

“ဆက္သြယ္လို႔မရေသးဘူး.. က်န္းခ်င္းယြင္က ဖုန္းမကိုင္ဘူး..” ဖုန္းဆက္ရန္ တာဝန္ယူထားသၫ့္ ဝန္ထမ္းက ေတြးၾကၫ့္လိုက္သည္။ ခ်န္းရွီေကြ့ႏွင့္ နဉ္ရွီ၏ Relationship ေၾကာင့္ မေရမတြက္ႏိုင္သၫ့္ သတင္းေထာက္မ်ားလည္း က်န္းခ်င္းယြင္ႏွင့္ ဆက္သြယ္ခ်င္ၾကမည္ပင္။ ထို႔ေၾကာင့္ တစ္ဖက္လူက ဖုန္းမကိုင္တာ မထူးဆန္းပါေခ်။

“အဲ့တာဆိုလည္း ထားလိုက္ေတာ့..” ကိုယ္စားလွယ္က သက္ျပင္းခ်လိုက္ရင္း.. “ႏိုင္ငံျခားသားသရုပ္ေဆာင္ေတြကို စင္ေပၚတက္ဖို႔ အရင္ျပင္ဆင္ခိုင္းရမယ္..”

ကိုယ္စားလွယ္က Joseph ၏ အခန္းရိွရာသို႔ ဦးတည္လိုက္သည္။ ထိုအခါ အခန္းတံခါးပြင့္ေနသည္ကို သတိျပဳမိလိုက္၏။ အခန္းထဲတြင္လည္း ရယ္ရယ္ေမာေမာ စကားေျပာေနသံမ်ား ပ်ံ့လြင့္ေနသည္။ သူက ေရ႔ွတိုးကာ အခန္းတံခါး ေခါက္လိုက္သည္။

“ဧၫ့္သည္ေတာ္တို႔.. ခဏေနရင္ ပြဲစေတာ့မွာ အဆင္သင့္ျဖစ္ၿပီလား..?”

“ဒါေပါ့..” Joseph က သူ႔ကို ၿပံဳးျပလိုက္ရင္း ေဘးဘက္သို႔ ၫႊန္ျပလာသည္။ “သူက ငါတို႔ေျပာတဲ့ သရုပ္ေဆာင္နဉ္ေလ..”

ကိုယ္စားလွယ္က Joseph ၫႊန္ျပသၫ့္ဘက္သို႔ လွၫ့္ၾကၫ့္လိုက္၏။

တကယ္ႀကီး နဉ္ရွီလား..?!

ထင္ရွားေက်ာ္ၾကားသၫ့္ တကၠသိုလ္မွ ဘြဲ႔ရလာခဲ့ၿပီး အႏုပညာေလာကသို႔ ဝင္ေရာက္ၿပီးမၾကာခင္မွာပင္ နာမည္ေက်ာ္ၾကားလာေသာ မိန္းကေလး.. သမီးရွင္မ်ား မ်က္စိအက်ဆံုး လူပ်ိဳမ်ားထဲမွ တစ္ႏိုင္ငံလံုးအဆင့္ ထိပ္ဆံုးအမ်ိဳးသားကို ခ်စ္သူေတာ္ႏိုင္ခဲ့သူ။ ထို႔အျပင္ ကမ႓ာေက်ာ္ဒါရိုက္တာ၊ သရုပ္ေဆာင္မ်ားႏွင့္ ရင္းႏွီးခင္မင္ကာ လြန္ခဲ့ေသာ သံုးႏွစ္ခန႔္က ကမ႓ာႏွင့္အဝွမ္း ေအာင္ျမင္ေက်ာ္ၾကားခဲ့သၫ့္ ရုပ္ရွင္ထဲတြင္ပင္ ပါဝင္ေနခဲ့သည္။ အဘယ္ေၾကာင့္ ထိုသို႔ေသာ ေအာင္ျမင္မႈမ်ား ရရိွႏိုင္ခဲ့သနည္း။

“မစ္နဉ္.. “ ကိုယ္စားလွယ္က နဉ္ရွီကို ေခါင္းညိတ္ကာ ၿပံဳးျပလာသည္။ “ဒီတစ္ေခါက္ ပရိုမိုးရွင္းပြဲမွာ ပါဝင္ေပးတဲ့အတြက္ တကယ့္ကို ဂုဏ္ယူမိပါတယ္.. ဒီေန့ သတင္းစာရွင္းလင္းပြဲကို တက္ေရာက္မယ့္ သတင္းေထာက္ေတြေတာ့ ေသခ်ာေပါက္ အံ့ဩသြားၾကမွာပဲ..”

အလြန္အံ့ဩခဲ့ရေသာ္ျငား ကိုယ္စားလွယ္သည္ မ်က္ႏွာေပၚမွ အၿပံဳးကို ထိန္းသိမ္းထားဆဲ။

နဉ္ရွီလည္း ျပန္ၿပံဳးျပလိုက္သည္။ “ကြၽန္မရဲ့သူငယ္ခ်င္းေတြ အႀကံဳျပဳေပးခဲ့လို႔သာ ဒီရုပ္ရွင္ထဲ ပါဝင္သရုပ္ေဆာင္ခြင့္ရခဲ့တာပါ.. ေျပာရရင္ ကံေကာင္းသြားတာေပါ့..”

“နဉ္.. ဘာေတြေျပာေနၾကတာလဲ..?” Juliana က နဉ္ရွီကို ခပ္တိုးတိုးေမးသည္။ “သူ႔ၾကၫ့္ရတာ နင့္ကို သိေနသလိုပဲ..”

“ဒီတစ္ေခါက္ ပရိုမိုးရွင္းပြဲမွာ ပူးေပါင္းပါဝင္ေပးတဲ့အတြက္ ဂုဏ္ယူပါတယ္တဲ့..” နဉ္ရွီက Juliana ၏နားရြက္နား တိုးကပ္ကာ ခပ္တိုးတိုး ျပန္ေျပာလိုက္သည္။ “ငါ ဒီျပန္ေရာက္ၿပီးေတာ့ သရုပ္ေဆာင္ လုပ္ေနတယ္ေလ.. အဲ့တာေၾကာင့္ သူ ငါ့ကို သိေနတာ..”

“သိၿပီ..” Juliana က ျပန္ေျပာသည္။ “နင္က ဒီေလာက္လွတာ.. သရုပ္ေဆာင္မလုပ္ရင္ ႏွေျမာစရာႀကီး..”

နဉ္ရွီမွာ အသံထြက္ေအာင္ ရယ္ေမာလိုက္မိသည္။ “နင္မွန္တယ္..”

Juliana ႏွင့္ ညီအစ္မမ်ားလို ရင္းရင္းႏွီးႏွီးရိွေသာ နဉ္ရွီကို ၾကၫ့္ၿပီး ကိုယ္စားလွယ္မွာ အံ့ဖြယ္သရဲ ျဖစ္ေနေတာ့သည္။

ကမ႓ာေက်ာ္သရုပ္ေဆာင္ေတြနဲ႔ ဒီေလာက္ရင္းႏွီးေနတာေတာင္ ဘာလို႔ ျပည္တြင္းကို ျပန္လာရတာလဲ..?

ကိုယ္စားလွယ္မွာ ေတြးရင္းေတြးရင္း ကမ႓ာႀကီးအေၾကာင္း နားမလည္ေတာ့သလိုပင္။

2:45 PM သတင္းစာရွင္းလင္းပြဲ တရားဝင္ မစတင္ခင္မွာပင္ ထိုဧရိယာတစ္ခုလံုး သတင္းေထာက္မ်ားျဖင့္ ျပၫ့္ႏွက္ေနေခ်ၿပီ။ အစီအစဉ္ေၾကညာသူသည္ စင္ေပၚတြင္ မတ္တပ္ရပ္ေနၿပီး လူအမ်ားတက္ႂကြလာေအာင္ စီစဉ္တင္ဆက္ရင္း ယေန့ တက္ေရာက္မၫ့္ ပရိသတ္မ်ားအေၾကာင္း မိတ္ဆက္ေနေလသည္။

ဆက္သြယ္ေရးကိရိယာမ်ား တပ္ဆင္ထားသျဖင့္ စင္ေနာက္မွ ၫႊန္ၾကားသမ်ွ သတင္းအခ်က္အလက္မ်ားကို အစီအစဉ္တင္ဆက္သူမ်ားလည္း အခ်ိန္ႏွင့္တေျပးညီ ရရိွေနသည္။ ထို႔ေၾကာင့္ ရုပ္ရွင္ထဲတြင္ တရုတ္အႏုပညာရွင္တစ္ဦး ပါဝင္ေနေၾကာင္း၊ ထို႔အျပင္ အေရးႀကီးေသာ ဇာတ္ေကာင္ေနရာမွာ ပါဝင္သရုပ္ေဆာင္ထားေၾကာင္း ၾကားလိုက္ရေသာအခါ အစီအစဉ္တင္ဆက္သူမ်ားပင္ ျပန္ေမးမိလုမတတ္ ျဖစ္သြားရ၏။

“တက္ေရာက္လာတဲ့ သတင္းေထာက္မိတ္ေတြမ်ားကို ေက်းဇူးတံု႔ျပန္တဲ့အေနနဲ႔ အရမ္းအေရးႀကီးတဲ့ သတင္းတစ္ခု ေၾကညာစရာရိွပါတယ္..” တင္ဆက္သူက ဝမ္းသာအားရ ေျပာလိုက္သည္။ “ဒါရိုက္တာ Joseph က ‘The Unrivalled 2’ မွာ ျပည္တြင္းအႏုပညာရွင္ မင္းသမီးတစ္ေယာက္ကို အဓိကဇာတ္ေကာင္တစ္ခုအျဖစ္ ထၫ့္သြင္းရိုက္ကူးထားပါတယ္တဲ့.. ဘယ္သူလဲဆိုတာ ခန႔္မွန္းႏိုင္ၾကရဲ့လား..?”

ပြဲက်င္းပသၫ့္ ေနရာတစ္ခုလံုး ထိုသတင္းေၾကာင့္ ကြၽက္ကြၽက္ညံကုန္၏။

ဒီရုပ္ရွင္ထဲမွာ တရုတ္မင္းသမီးတစ္ေယာက္က အေရးႀကီးတဲ့ ဇာတ္ေကာင္အေနနဲ႔ ပါဝင္ေနတယ္တဲ့။ သူတို႔ ဒီသတင္းကို ဘာလို႔မၾကားဖူးတာလဲ..?

……………………………………………

Continue Reading

You'll Also Like

229K 20.1K 54
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
125K 12.3K 199
book 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်
237K 25.9K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...