Heartless December❄️ ZG versi...

By Novella_1001

2.6K 275 40

HD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်... More

Author's snow ski speech🎿
အပိုင်း ၁ : ပြုစားခံလိုက်ရပြီ
အပိုင်း ၂ : အရည်ပျော်နေတဲ့နှင်း
အပိုင်း ၃ : ပထမဆုံးအယ်လ်ကိုဟောအနမ်းက လူမှားတာတဲ့လား
အပိုင်း ၄ : ရင်ဘတ်နာတာ မေတ္တာဆိုပဲ၊ ဘယ်လို logic ကြီးလဲ၊ မှန်လိုက်တာ
အပိုင်း ၅ : သန္နိဌာန်ချလိုက်ပြီ၊ ဆရာဖြစ်ပေးပါ
အပိုင်း ၆ : ဂိုက်ဆရာက OCD သမား ဖြစ်နေတယ်
အပိုင်း ၇ : နှလုံးသားမရှိဘူး
အပိုင်း ၈ : အခုက... လက်ရှိချစ်သူဖြစ်သွားတာလား
Unskippable Ads 💬
အပိုင်း ၉ : စွန့်ပစ်လိုက်တဲ့ ကျန်ရှိနေခြင်းတွေ
အပိုင်း ၁၀ : တရားဟောဆရာနဲ့လိပ်
အပိုငျး ၁၁ : ဘီလူးခေါင်းနဲ့မင်းသားလေးကို ဆရာတော်မိခြင်း
အပိုင်း ၁၂ : ဖတ်ရခက်တဲ့ စာအုပ်
အပိုင်း ၁၃ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၁
🚨 အပိုင်း ၁၄ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၂
အပိုင်း ၁၅ : တတိယဘီးတော့ အဖြစ်မခံနိုင်ဘူး
အပိုင်း ၁၆ : စိတ်ပျက်ခံလိုက်ရပြီ
အပိုင်း ၁၇ : သံတမန်နည်းနဲ့ အချော့ခံရခြင်း
အပိုင်း ၁၈ : ယူကလစ်ပင်နဲ့ ကိုအားလားဝက်ဝံ
အပိုင်း ၁၉ : သံယောဇဉ်သေးသေးလေး
အပိုင်း ၂၀ : အအေးမိသူအထူးခံစားခွင့်
အပိုင်း ၂၁ : ငါးကြော်အခိုးခံရတဲ့ခံစားချက်
အပိုင်း ၂၂ : လူပြက်ကလေးမောင်ရွှေရိုး
အပိုင်း ၂၃ : မုန့်တောင်းစားချင်တဲ့ကလေး
အပိုင်း ၂၄ : အပေါင်းအသင်းကြောင့် မျက်နှာပျက်ရခြင်း
အပိုင်း ၂၅ : ဂိုက်ဆရာ VS အမြွှာညီနောင်နဲ့ကြောင်ချစ်သူ
အပိုင်း ၂၆ : လက်ရှိချစ်သူ role ကို လက်မလွှတ်နိုင်ဘူး
အပိုင်း ၂၇ : အိမ်နဲ့တူတဲ့အိမ်မှာ
အပိုင်း ၂၈ : ကန်ထုတ်ခံရခြင်းများ
အပိုင်း ၂၉ : stalker ကျွန်တော်
အပိုင်း ၃၀ : ရေစိုနေတဲ့မျက်ဝန်းတွေ
Talking, Appreciating YOU
အပိုင်း ၃၁ : ပစ္စည်းတစ်ခုလို သဘောထားပါ
အပိုင်း ၃၂ : ကျွန်တော်က Shiba
အပိုင်း ၃၃ : အသည်းတစ်တင်းစာခွဲလာသူထံမှာ အခွင့်ထူးခံစားရခြင်း
အပိုင်း ၃၄ : တစ်ရှူးနဲ့မျက်ရည်သုတ်ခဲ့ရဖူးတယ်
အပိုင်း ၃၅ : စောင့်နေတတ်ဖို့ အသင်ခံထားရတဲ့ခွေးကလေး
အပိုင်း ၃၆ : လူမှားခံရပြန်ပြီ
အပိုင်း ၃၇ : ရည်းစားဟောင်းနဲ့ထောပတ်သီး
အပိုင်း ၃၈ : ခေါင်းပုတ်ပေးတာကြိုက်တဲ့ကိစ္စက မထူးဆန်းဘူးမလား
Explaining some stuffs
အပိုင်း ၃၉ : ထရော်မာရလိုက်တယ်
အပိုင်း ၄၀ : ကြောင် ၁၂ ကောင်မွေးထားတဲ့လူနဲ့ သတင်းထူးတစ်ခု
အပိုင်း ၄၁ : အံ့ဖွယ် Omega ပါကလား
အပိုင်း ၄၂ : ကံဆိုးတဲ့ခွေးကလေးသွားရာ မိုးလိုက်လို့ရွာ
အပိုင်း ၄၃ : နှင်းပန်းပွင့်
အပိုင်း ၄၄ : လိပ်ပြာဘ၀ကို ရောက်ချင်လှပြီလေ
အပိုင်း ၄၅ : ရေခဲကျွန်းမြောကြီးရဲ့ မသင်္ကာဖွယ် ပြောင်းလဲမှုများ
အပိုင်း ၄၆ : ဟာချီကိုမဟုတ်ခဲ့တဲ့ကျွန်တော်
အပိုင်း ၄၇ : တစ်ဖက်သတ်ချစ်တဲ့ကာရိုက်တာ
အပိုင်း ၄၈ : ခေါင်းအုံးရွေးတော်သူ
အပိုင်း ၄၉ : ပန်းနဲ့မတူတဲ့ပန်း
အပိုင်း ၅၀ : ဒီအထူးဧည့်သည်တော်က မှော်သုံးတတ်ပုံပဲ
Heartless December Character Facts 50
အပိုင်း ၅၁ : ကိုယ်တွေ့အတည်ပြုထားလိုက်ရတဲ့မုသားတစ်
အပိုင်း ၅၂ : အချစ်ကြောင့်ဖြစ်ရတဲ့စစ်ပွဲတွေ
အပိုင်း ၅၃ : မသေမျိုးစစ်သည်‌တော်ရဲ့အထူးနေ့
အပိုင်း ၅၄ : တတိယအကြိမ်မြောက်မြိုချလိုက်တဲ့ ဝိုင်စက်တွေအကြောင်း
အပိုင်း ၅၅ : တကယ်ပဲ ရေခဲအရည်ပျော်မယ့်လက္ခဏာလား
အပိုင်း ၅၆ : ချစ်တဲ့မျက်စိနဲ့မကြည့်နဲ့တဲ့ဗျာ မဖြစ်နိုင်တာတွေ
အပိုင်း ၅၇ : နောက်ဆုံးတော့ နှစ်ယောက်တည်းခရီးသွားရပြီ
အပိုင်း ၅၈ : ၃၄ပါးမြောက်နတ်သားနဲ့အသူရာငယ်
အပိုင်း ၅၉ : ယနေ့ညအတွက် အပူချိန်ခန့်မှန်းချက်
အပိုင်း ၆၀ : ကျွန်တော်ဘာလို့ နှလုံးသားရှိနေတာလဲ
အပိုင်း ၆၀ short extra : ‌ခေါက်ဆွဲပြုတ်နဲ့မဖြေရှင်းနိုင်တဲ့ပြဿနာ
အပိုင်း ၆၁ : ခွေးတိုးပေါက်ကချောင်းနေရပြီ
အပိုင်း ၆၂ : သူ့ချစ်သူဟောင်းကချပေးသွားတဲ့ ရုပ်ရှင်လက်မှတ်
အပိုင်း ၆၃ : မလွတ်မြောက်နိုင်ဘူး
အပိုင်း ၆၄ : လိုက်ဖမ်းပေးတာခံလိုက်ရတယ်၊ ဒါပေမယ့်...
အပိုင်း ၆၅ : ကျွန်တော်မသိခဲ့ခြင်းတွေ
အပိုင်း ၆၆ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၁
အပိုင်း ၆၇ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၂
အပိုင်း ၆၈ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၃
အပိုင်း ၆၉ : ကျေးဇူးပြုပြီး ထွက်မသွားပါနဲ့
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၁
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၂
အပိုင်း ၆၉ side story : နာဖျားနေသော နှလုံးသား
အပိုင်း ၇၀ : ရေခဲမြစ်ထဲမှ နိုးထလာခြင်း
အပိုင်း ၇၁ : ခေါင်းပုတ်ပေးနေတယ်၊ ဘာမှမပြောဘဲ ခေါင်းပုတ်ပေးနေတယ်
အပိုင်း ၇၂ : ခွေးကလေးကိုလက်ပေးသင်သူ
အပိုင်း ၇၃ : ခေါင်းလောင်းလေးတွေမြည်နေပြီ
အပိုင်း ၇၄ : နာမည်ခေါ်ပါတော့
အပိုင်း ၇၅ : ကွတ်ကီးခိုးမှုပေါ်သွားခြင်း
အပိုင်း ၇၆ : လက်စဖျောက်ခံရတော့မလို့
အပိုင်း ၇၇ : ကျွန်တော်လမ်းလျှောက်သင်ပေးမယ်
အပိုင်း ၇၈ : ၆နှစ်ငယ်တယ် ဒါပေမယ့် ၆ ကီလိုပိုများတယ်
အပိုင်း ၇၉ : ကော်ဇောနီခင်းကြိုဆိုမှု
အပိုင်း ၈၀ : ကြောင်ဂေဟာသို့ အလည်တစ်ခေါက်
အပိုင်း ၈၁ : အိမ်ကနေပြန်လည်ကြိုဆိုပါတယ် ကိုကို
အပိုင်း ၈၂ : အိပ်ဖန်စောင့်ခွင့်ရရှိခဲ့ပြီ
အပိုင်း ၈၂ short extra : ဘက်တီးရီးယားတို့၏စွန့်စားခန်းများ
အပိုင်း ၈၃ : ကျွန်တော်တို့ဇာတ်လမ်းက ဇာတ်ရှိန်တက်နေရဲ့လား
အပိုင်း ၈၄ : အနာဂတ်မှာတော်ရမယ့်ဆွေမျိုးနဲ့ လက်ဖက်ရည်ဖိတ်ချခြင်း
အပိုင်း ၈၅ : မီးပင်လယ်ကိုလက်ပစ်ကူးခဲ့တယ်
အပိုင်း ၈၆ : ဒီဇင်ဘာကနှလုံးသားမရှိဘူး
အပိုင်း ၈၇ : ဒါပေမယ့် ဒီဇင်ဘာဟာအသက်ရှူနေသေးတယ်
အပိုင်း ၈၈ : ခေါင်းပုတ်စာချုပ်
အပိုင်း ၈၉ : ယုံကြည်ချက်လွန်ကဲတာက ကောင်းတဲ့အကျင့်ပါ
အပိုင်း ၉၀ : တစ်ခါတုန်းကဇာတ်လမ်းတစ်ပုဒ်
အပိုင်း ၉၁ : မထင်မှတ်ထားသောတွေ့ဆုံခြင်းများ
အပိုင်း ၉၁ side story : စာမျက်နှာတစ်ဆယ့်ကိုး
အပိုင်း ၉၂ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၁
အပိုင်း ၉၃ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၂
အပိုင်း ၉၄ : ကျွန်တော်တို့က အတူရှိမှဖြစ်မှာ
အပိုင်း ၉၆ : နှလုံးသားလက်ဆောင်
အပိုင်း ၉၇ : နှစ်သစ်ကူးညဟာ တစ်ဖန်ရောက်လာပြန်
အပိုင်း ၉၈ : ငါမင်းကိုချစ်တယ်
အပိုင်း ၉၉ : ကျွန်တော့်ရဲ့နှလုံးသားမဲ့ဒီဇင်ဘာ
🐶 (L.K)² Experience Survey ❄️
နှလုံးသားရှာတွေ့ခဲ့သူထံမှ ကျေးဇူးတင်လွှာ
(L.K)² cut 1 : နှင်းပန်းပွင့်နှင့်အနမ်းခြွေခြင်း
(L.K)² cut 2 : ပထမဦးဆုံး တရားဝင်ဗာလင်တိုင်း
(L.K)² cut 3 : လည်ပတ်ကြိုးပျောက်နေတဲ့ခွေးပေါက်ကလေး
A letter to L Khun ❄️
(L.K)² special : ဟော်လိုဝင်း စပယ်ရှယ်
Hapi D³! Woof 🐶
Happy New Year!! 🎊
Vday Chibi Art ❤️🤍

အပိုင်း ၉၅ : အသစ်ပြန်ဖြစ်လာတယ်

27 3 5
By Novella_1001

❄️❄️❄️

"မင်းဘာလုပ်နေတာလဲ..."

ဒီလူဆိုတာကိုမြင်နေရပေမယ့် သူလုပ်နေတဲ့ပုံစံက သူမဆန်တဲ့အရာမျိုး ဖြစ်နေတဲ့အခါ နည်းနည်းတော့တစ်မျိုးကြီးခံစားရမှာပဲ။ ဥပမာ အာကာဝေယံလို အမြဲတမ်းသွေးနားထင်ရောက်နေတဲ့ လက်ပေါက်ကပ်ကပ်လူက သူ့ရဲ့ branded အဝတ်အစားတွေအပေခံပြီး ဒူးထောက်နေတဲ့ မြင်ကွင်းမျိုးပေါ့။

"ငါတောင်းပန်ပါတယ် ခွန်း... တခြားဘယ်စကားနဲ့ မင်းစိတ်ပြောင်းအောင် လုပ်ရမလဲမသိသလို မင်းရင်ထဲမှာ ငါ့အပေါ်ထားတဲ့ခံစားချက်တွေ ကျန်နေသေးရဲ့လားဆိုတာလည်း သေချာမသိဘူး"

ကိုကိုရဲ့အရိပ်က အာကာဝေယံ့ခန္ဓာကိုယ်တစ်ခြမ်းကိုဖြတ်လို့ ကျနေတယ်။ ခေါင်းငုံ့ထားတဲ့သူ့ပုံစံက ကိုကို့မျက်နှာပေါ်ကအကြည့်ကို ရင်ဆိုင်ဖို့ရှောင်လွှဲနေသလိုပဲ။

"ဒီလိုလုပ်လိုက်ရင် ငါ့ဆီကခွင့်လွှတ်မှုရမယ်ထင်လား အာကာဝေယံ..."

"အခုအချိန်မှာ ငါဘယ်လိုလုပ်လုပ် မင်းခွင့်လွှတ်ပေးမှာ မဟုတ်ဘူးဆိုတာ ငါသိပါတယ်၊ ဒါပေမယ့်..."

နှင်းမှုန်မွှားမွှားလေးတွေက နေရာတိုင်းမှာကျတယ်။ ဖမ်းဆုပ်ရခက်တယ်။ စကားလုံးတွေက ရေပူဖောင်းကုဋေလို လေထဲမှာဝဲတယ်။ တည်မြဲဖို့ကျခက်တယ်။ အချစ်...။ အချစ်ကစဖို့ရာ လွယ်ကူတယ်ထင်ရတယ်။ တကယ်တော့ခက်တယ်။ အဆုံးသတ်ဖို့ရာက ကိုယ့်‌ခြေလက်တွေကို ကိုယ်တိုင်ဖြတ်ရတာထက် ပိုပြီးတော့ခက်တယ်။

"ဒါ နောက်ဆုံးတစ်ခေါက်ပါပဲ ခွန်း...
ငါတောင်းဆိုတာပါ၊ ဒီနေ့ ငါတို့အတူတူသွားမှဖြစ်မယ့် နေရာရှိတယ်လေ၊ မင်းလည်း မှတ်မိသေးတယ်မလား... အဲ့ဒီကတိကို..."

"..."

"သေချာပေါက်တည်ပါမယ်လို့ မင်းရောငါရော ကျိန်ဆိုပြီးထားခဲ့တာ မေ့စရာအကြောင်းတော့ မရှိဘူးမလား..."

တုန့်ပြန်ချက်မထွက်သေးပေမယ့် အဲ့ဒီစကားကို ကိုကိုက စဉ်းစားနေတဲ့ပုံပဲ။ အာကာဝေယံက မျက်လုံးပင့်ကြည့်လို့ ကိုကို့ကိုလှမ်းအကဲခတ်လိုက်တယ်။

"သိပ်မကြာပါဘူး ခွန်း... နောက်ဆုံးအနေနဲ့ မင်းနဲ့ငါ့ရဲ့ပက်သက်မှု သေချာရှိခဲ့တယ်ဆိုတာကို အတည်ပြုရုံလေးပဲ၊ ဒါပြီးရင်... ဒါပြီးရင် မင်းရဲ့ဆုံးဖြတ်ချက်ကို ငါအသာတကြည်လက်ခံမှာပါ၊ ကတိပေးတယ်၊ ဒါမှမဟုတ်ရင် ကျိန်ရမလား..."

"မလိုဘူး"

"ခွန်း... မင်းလိုက်ခဲ့မှာလား"

"..."

အာကာဝေယံ့မျက်လုံးထဲက မျှော်လင့်ချက်မီးတောက်ဟာ မှိန်ဖျော့ဖျော့နဲ့ လောင်ကျွမ်းနေတယ်။ ကိုကိုက‌တော့ ကျွန်တော့်ဘက်လှည့်လာပြီး...။

"ခန့်ငယ်..."

"ပြောလေ ကိုကို..."

"ခဏလောက်ပဲ ကွတ်ကီးစားရင်းနဲ့ ငါ့ကိုစောင့်နေပေးမလား..."

"..."

ဒါက ဘယ်နှစ်‌ကြိမ်မြောက်များပါလိမ့်...။
အစောင့်ခိုင်းခံရတာက အမြဲတမ်းကိစ္စမို့ ရေတွက်မထားမိဘူးဆိုပေမယ့် ကျွန်တော်စောင့်နေခဲ့ရတာ မနှစ်ဆောင်းရာသီကတည်းကလို့တော့ ထင်တာပဲ။ အမှန်ပြောရရင် စောင့်ရတဲ့အလုပ်ကို တကယ်မကြိုက်ဘူး။
ဒါပေမယ့် အရင်ကပြောဖူးသလိုပဲ ကျွန်တော့်စောင့်ဆိုင်းခြင်းတွေက သူ့ကိုပေးရမယ့် ပန်းစည်းကြီးဖြစ်လာမယ်ဆို ဘယ်လောက်ပဲဖြစ်ဖြစ် စောင့်နိုင်တယ်ဆိုတာ။

"အင်း... ကျွန်တော်ကွတ်ကီးစားရင်း ကိုကိုပြန်လာမှာကို စောင့်နေမယ်"

နှင်းမှုန်လေးတွေနဲ့အတူ ကျွန်တော့်ခေါင်းပေါ်ကို ကျလာတဲ့ ညင်သာညံ့နုတဲ့ဖိအားတစ်ခု။

"အချိုများ‌အောင်လုပ်ထားတာမို့ အရင်တစ်ခါလို နေလို့မကောင်းတဲ့ထိ အများကြီးမစားနဲ့၊ ကွတ်ကီးတွေမကုန်ခင် ငါပြန်လာခဲ့မယ်"

ကျွန်တော်ခေါင်းငြိမ့်လိုက်တယ်။ အစကတည်းက ကျွန်တော်ပြောပါတယ် သူ့လေသံဝဲဝဲလေးက သိပ်အာဏာစက်သက်ရောက်တာလို့...။

ဒူးထောက်‌နေတဲ့ အာကာဝေယံက ထရပ်လိုက်ပြီး ကိုကို့ဘက်ကို လက်ကမ်းတယ်။ နောက်တော့ သူ့ကိုလျစ်လျူရှုပြီး ဒီအတိုင်း ကားဆီလျှောက်သွားတဲ့တစ်ယောက်အတွက် ကားတံခါးကို အပြေးအလွှားသွားဖွင့်တယ်။ BMW အနက်ရောင်ဟာ လမ်းထဲကနေ လိမ့်ထွက်သွားတယ်။ ကျွန်တော်ကတော့ ကွတ်ကီးသွားစားဖို့ရာ တိုက်ခန်းဘက်ကို ပြန်လှည့်ခဲ့တယ်။

"Ginger bread man က ထွက်ပြေးမယ် ထင်နေခဲ့တာ၊ သူ့ကိုလုပ်ပေးတဲ့သူက ထွက်ပြေးသွားတယ်"

အဲ့သလိုရွတ်ရင်း လက်ထဲကလူရုပ်ပုံကွတ်ကီးလေးကို မာန်မဲရတာပေါ့။

"အကျင့်မကောင်းတဲ့ကိုကို... ကျွန်တော့်ကို အမြဲစောင့်နေခိုင်းတယ်၊ ပြန်လာလို့ကတော့ ကိုက်စားပစ်မယ်"

ပွစိပွစိပြောရင်း ကွတ်ကီးကိုကိုက်ရင်းနဲ့ပဲ ခေါင်းထဲရောက်လာတဲ့ကြုံရာအတွေးကို ထိုင်စဉ်းစားပြီး အချိန်ဖြုန်းမယ်လို့ အောက်မေ့လိုက်တော့ အဆင်သင့်ဝင်လာတဲ့ မေးခွန်းတစ်ခု။

"ဒါနဲ့... အဲ့ဒီကတိဆိုတာက ဘာပါလိမ့်...
အာကာဝေယံက ဒူးထောက်ပြီး ကိုကို့ကိုလာခေါ်ရတဲ့အထိ..."

တကယ်တော့ ကျွန်တော်က အတွဲလိုက်ထွက်တဲ့ အခန်းဆက်ဝတ္ထုရှည်တစ်ပုဒ်ကို နောက်ဆုံးတွဲကျမှ ကောက်ဖတ်လိုက်ရတဲ့ စာဖတ်သူလိုပဲ။ ဆက်စပ်တွေးခေါ်တတ်လို့သာ ဇာတ်လမ်းရဲ့ အချိတ်အဆက်တစ်ချို့ကို ဖမ်းမိချင်ဖမ်းမိချင်မယ်။ ကျွန်တော် မမီလိုက်တဲ့ရှေ့ခန်းများဆီက ကွက်လပ်တွေက တစ်ပုံကြီးကျန်နေတုန်း။ အထူးသဖြင့်အခုလို ကျွန်တော်လုံးလုံးသိမထားတဲ့ သူတို့ကြားက ကိစ္စတစ်ချို့အကြောင်းတွေဝင်လာတဲ့အခါ ဖတ်လိုက်ပြီးသား စာမျက်နှာအတွက် ဘာမှတ်ချက်မှပေးမရဘဲ အောင့်သက်သက်နဲ့ နောက်တစ်ရွက်လှန်ရသလို ခံစားချက်မျိုးပဲ။

"ဘယ်လိုများ ကျိန်ခဲ့ကြလို့လဲ... ကတိဖျက်ရင် တစ်သက်လုံးတစ်ကိုယ်တည်းဘဝနဲ့နေရပါစေ လို့ ကျိန်ခဲ့တာဆိုရင်တော့ ဒီတစ်ခါကိုကိုလိုက်သွားတာက တော်ရာကျလိမ့်မယ်ဆိုပေမယ့်..."

ချမယ့်သက်ပြင်းကို ပြန်မြိုချလိုက်ရင်း...။

"သိလားကိုကို... ခင်ဗျားကို ကျွန်တော်က တစ်ကိုယ်တည်းဖြစ်ခွင့်ပေးမှာ မဟုတ်ဘူး၊ ဒီဇင်ဘာမကုန်ခင် သေချာပေါက် ကျွန်တော့်အပိုင်ဖြစ်အောင်လုပ်မှာ... ဒီနှစ်တော့ သေချာပေါက်ပဲ"

ကျွန်တော့်ကြုံးဝါးသံက မီးဖိုချောင်ခန်းလေးထဲ ခရီးတစ်ပတ်ထွက်သွားတယ်။ ထောက်ခံအားပေးမယ့်သူက ကွတ်ကီးချပ်တွေပဲ ရှိမှာဆိုပေမယ့်...။

*

ကျွန်တော်စောင့်လိုက်ရတာ အတိအကျ ၅၅ မိနစ်နဲ့ ၅စက္ကန့်။
ည ၈ နာရီကိုရောက်ဖို့ နီးကပ်လာတဲ့ နာရီလက်တံရှည်ကို ကြည့်နေတုန်း တိုက်ခန်းရှေ့နားကိုထိုးရပ်လာတဲ့ ကားသံကို ကြားလိုက်ရတာကြောင့် အမြန်ပြေးထွက်လာခဲ့တယ်။

"ကိုကို..."

ကျွန်တော် ရောက်လာလာချင်းပဲ BMW အနက်က လမ်းကြားလေးထဲမှာ မီးခိုးကြောင်းတစ်ခုသာသာပဲ ချန်ခဲ့ပြီး ထွက်သွားနှင့်ပြီ။

"ကိုကို... ကျွန်တော်စောင့်နေတယ်နော်"

"အင်း... စောင့်ရတာပင်ပန်းသွားပြီ၊ ခန့်ငယ်"

"ကျွန်တော်တော်တယ်မလား..."

"အရမ်းတော်တယ်"

နောက်ထပ် အဲ့ဒီလူသားရဲ့လက်ချောင်းတွေဆီက ညင်သာတဲ့ဖိအားလေးကို treat အဖြစ်ရလိုက်တယ်။

ကိုကို့လက်ထဲမှာ အိတ်ငယ်လေးတစ်ခုပါလာတယ်။ ခရစ္စမတ်ညမှာတွေ့ရများတဲ့ အနီရောင်ကတ်ထူအိတ်လေးတွေထဲက အသေးဆုံးအရွယ်အစား။

ကျွန်တော်တို့ အခန်းထဲပြန်ရောက်တော့ ကိုကိုက ကွတ်ကီးတွေမကုန်သေးတာကိုကြည့်ပြီး စိတ်ချသွားပုံပဲ။

"ကွတ်ကီးက အရမ်းချိုမနေဘူးမလား"

"ဟင့်အင်း... စားလို့ကောင်းရုံလောက် အချိုဓာတ်ပါပဲ"

"မင်းစားလို့ကောင်းတယ်ဆို ပြီးတာပဲ"

"ကိုကို... ကျွန်တော်တစ်ခုမေးလို့ရလား..."

"ဘာလဲ..."

"ဟိုအိတ်နီလေးထဲမှာ ဘာရှိလဲ..."

ကိုကိုက ကျွန်တော်ညွှန်ပြနေတဲ့အတိုင်း စားပွဲပုလေးပေါ်သူချထားခဲ့တဲ့ အိတ်အသေးလေးဆီကို လှမ်းကြည့်လိုက်တယ်။ ပြီးတော့ အဲ့ဒါလေးကို သွားကောက်လာပြီး...။

"လွန်ခဲ့တဲ့ သုံးနှစ်က Christmas Eve... တက္ကသိုလ်ထဲကပန်းခြံမှာ ငါနဲ့အာကာဝေယံ time capsule တစ်ခု မြုပ်ခဲ့ကြတယ်၊ နောက် သုံးခုမြောက် Christmas မှာ အဲ့ဒီနေရာကို အတူတူပြန်လာပြီး ပြန်ဖော်ကြည့်မယ်လို့ ကတိတစ်ခုလည်း ထားခဲ့တယ်"

"ဒါဆို ခုဏက အဲ့ဒီ time capsule ကို..."

"အင်း..."

"ဒီရက်မှာ time capsule ကိုပြန်လာဖော်ပြီး အဲ့ဒီထဲက ငါထည့်ခဲ့တဲ့ပစ္စည်းနဲ့ သူ့ထည့်ခဲ့တဲ့ပစ္စည်းကို ဖလှယ်ပြီးယူဖို့ စီစဉ်ထားခဲ့တာ"

"ဒီအိတ်က အာကာဝေယံထည့်ခဲ့တဲ့ပစ္စည်းပေါ့"

ခေါင်းညိတ်ပြတဲ့ တုံ့ပြန်ချက်။ ကျွန်တော်ကတော့ စူးစမ်းရေးကို မရပ်နိုင်သေးဘူး။

"အထဲမှာဘာရှိလဲ ကိုကိုသိလား..."

"ငါမကြည့်ရသေးဘူး"

"ကိုကို အခုကြည့်ကြည့်မှာလား..."

စိတ်ဝင်စားဟန်ပြနေတဲ့ ကျွန်တော့်တစ်ချက်ကြည့်ရင်း ကိုကိုက သူ့လက်ထဲကအိတ်ကလေးကို ပြန်ချထားဖို့လုပ်လိုက်တယ်။

"အရေးမကြီးပါဘူး..."

"ကျွန်တော် ကြည့်ချင်တယ်"

"..."

ကိုကိုတစ်ယောက် အိတ်အနီလေးကိုဖွင့်ဖို့ ဖြစ်လာတယ်။ သူ့လက်ဖဝါးရဲ့သုံးပုံတစ်ပုံစာပဲဝင်တဲ့ အိတ်သေးသေးလေးထဲက ထွက်လာတဲ့ပစ္စည်းက...။

"ဒါက..."

ကလေးလက်တစ်ဆုပ်စာအရွယ်အစားနဲ့ snow globe လေးတစ်ခုပါပဲ။ အထဲမှာတော့ နှင်းပုံထဲက snowdrop ပန်းပင်လေး ရှိနေတယ်။

"ခဏလေး snowdrop လား..."

နှစ်‌ယောက်သားတိတ်ဆိတ်နေမိတုန်း ရုတ်တရက်ကြီး ခေါင်းထဲစိမ့်ဝင်လာတဲ့အတွေးတစ်ခုက ကျွန်တော့်ကို မျက်ခွက်တည့်တည့် နှင်းလုံးနဲ့ပိတ်ထုလိုက်တာပဲ။ 

ဒီ Mr. Ex နဲ့ ကျွန်တော်က ဘယ်လိုရေစက်ဆိုးများလဲ။
အနီရောင်တွေ၊ Westlife တွေ ဘာဘာညာညာတွေကို ထားလိုက်တော့ အမှတ်တရဆိုပြီးပေးတဲ့ပန်းအထိ လာတူနေပြန်တာလား။ နေပါဦး... ဘယ်သူက ဘယ်သူ့ကို copy paste နေတာလဲ။

ကျွန်တော်မဟုတ်တာကိုတော့ ၁၈၀ ရာခိုင်နှုန်း ယုံကြည်ချက်ရှိတယ်လေ။ ကျွန်တော်က နောက်မှစင်‌ပေါ်တက်လာလို့ နောက်မှချစ်ပြနိုင်တဲ့သူဆိုပေမယ့် ကျွန်တော့်အချစ်က ကိုယ်ပိုင် signature ရှိပြီးသား၊ ကိုယ်ပိုင်တံဆိပ်ရှိပြီးသား၊ FDA အသိအမှတ်ပြုလက်မှတ်ရပြီးသား... အဲ... စားသောက်ကုန်တော့ မဟုတ်ဘူးပေါ့။ မဟုတ်ပေမယ့် မြည်းစမ်းဖို့ရာကို အိုက်တင်ခံနေတဲ့စားသုံးသူလည်း ဟောဒီမှာရှိတယ်။ သူဟာသူကံပါလို့ အရင်လူဖြစ်သွားတယ်ဆိုဦးတော့ အလားအလာတွေ အပြည့်ရှိပြီးသားဖြစ်တဲ့ နောက်လူကျွန်တော်က သူ့ idea ကို ခိုးချစရာတော့ အကြောင်းမရှိဘူးလေ။ ကြောင်တောင်တောင်နိုင်ပြီး အဓိပ္ပာယ်မရှိလိုက်တာ။ ဒီထပ်ပြီးရင်းထပ်နေပြီး မရယ်ရတဲ့ plot ကို ဘယ်အရူးစီစဉ်တာလဲ။

"ခန့်ငယ်... ဘယ်ကိုထပြေးတာလဲ..."

တစ်ယောက်တည်းအတွေးပေါက်ပြီး ကမန်းကတမ်းထပြေးသွားတဲ့ ကျွန်တော့်နောက်ကိုလွင့်ပါလာတဲ့ မဝဲတဝဲလေသံ။ သူ့အခန်းထဲက တစ်စုံတစ်ခုကိုသွားယူပြီး ပြန်ထွက်လာတုန်း ပက်ပင်းတွေ့ကြတော့ အလျင်လိုနေတဲ့အသံနဲ့ ကျွန်တော်သူ့ကို အရေးတကြီးမေးလိုက်တယ်။

"ကိုကို... အာကာဝေယံပေးတဲ့ snowdrop နဲ့ ကျွန်တော်ပေးတဲ့ snowdrop ဘယ်ဟာက ပိုလှလဲ"

ကိုကို့အကြည့်‌တွေက ကျွန်တော့်ဆီကနေခွာသွားလို့ လက်ထဲက ပန်းအိုးလေးဆီ...။

"ဘာလို့ မေးနေတာလဲ..."

"သူ့ snowdrop နဲ့ ကျွန်တော့် snowdrop ဘယ်ဟာပိုလှလဲ"

"..."

"ဘယ်ဟာပိုလှလဲလို့..."

သုံးခါမြောက်အမေးခံလိုက်ရတဲ့နောက် မဖြေလို့မရတော့တဲ့မေးခွန်းဖြစ်ကြောင်း သဘောပေါက်သွားတဲ့ကိုကိုဟာ သက်ပြင်းချလိုက်ရင်း...။

"ခန့်ငယ်... မင်းရဲ့ snowdrop က ပန်းမှမပွင့်သေးတာ"

"..."

ကောင်းလိုက်တာဗျာ။ ကမ္ဘာကြီးမိုးချုပ်သွားပါပြီ။
ကျွန်တော်က ဘယ်နှယ့်ကြောင့် ဒီ realist သမားကိုမှ ချစ်မိသွားရတာလဲ။ အခုတော့ မေးခွန်းမေးတဲ့သူကပဲ ငတုံးဖြစ်နေပြီ။

"အဲ့ဒါက‌တော့ မှန်ပါ‌တယ်၊ ဒါပေမယ့် ဆိုလိုချင်တာ အဲ့ဒါမဟုတ်မှန်း ကိုကိုသိရဲ့သားနဲ့ဗျာ..."

"မင်းကဘာတွေစိုးရိမ်နေတာလဲ..."

"စိုးရိမ်တာပေါ့... ကိုကိုကတစ်ချိန်လုံး 'ငါ့မှာနှလုံးသားမရှိတော့ဘူး' လို့သာ ရွတ်ပြနေပေမယ့် အဲ့ဒီမရှိတော့တဲ့နှလုံးသားထဲ အာကာဝေယံနဲ့ပက်သက်တဲ့ခံစားချက်တွေ ကျန်နေသေးလားဆိုတာ ကျွန်တော်မှမသိနိုင်..."

"ပြန်ပြုပြင်ပေးမယ်လို့ ဘယ်သူပြောခဲ့တာလဲ..."

"..."

သူဟာသူပြောပြီးမှ ကိုကိုဟာ ဘယ်ကထွက်လာလဲမသိတဲ့သူ့စကားကို ပုံမှန် accent ဆီ ပြန်ပြောင်းဆက်လိုက်တယ်။

"အရူးလေး... စိတ်အေးအေးထားစမ်း"

'စိတ်အေးအေးထားထားတာ တစ်နှစ်ပြည့်တော့မယ် ကိုကိုရ' လို့ အော်ပြောလိုက်ချင်စိတ်ကို ထိန်းထားရင်း ကျွန်တော် ကိုယ့်ပန်းအိုးလေးကိုယ်မပြီး မီးဖိုချောင်ထဲ ဝင်သွားလိုက်တယ်။ စင်ရဲ့အမြင့်ထက် နည်းနည်းနိမ့်တဲ့ ခုံအဖြူလေးပေါ်မှာ မှုန်ကုပ်ကုပ်နဲ့ထိုင်ရင်း ကျန်နေတဲ့ကွတ်ကီးတွေကို တထောက်ထောက်ကိုက်နေတုန်း ညင်ညင်သာသာလွင့်လာတဲ့ နာမည်ခေါ်သံ။

"ခန့်ငယ်..."

ကျွန်တော်ပြန်မထူးပါဘူး။ အဲဒီအစား ခေါ်နေတဲ့တစ်ယောက်ရဲ့ဖုန်းထဲကို ဒီလိုမက်ဆေ့ခ်ျပို့လိုက်တယ်။

'လာစကားမ‌ပြောပါနဲ့...
ကျွန်တော်ကိုကို့ကို စိတ်ကောက်ဖို့ကြိုးစားနေတယ်'

အဲ့ဒီမှာ ကျွန်တော်တုံးကြောင်းကို ထပ်ဆင့်သက်သေပြသလို ဖြစ်သွားတာ။ တစ်နှစ်တာအတွေ့အကြုံတွေအရ တစ်ဖက်လူက ပြောရင်ပြောတဲ့အတိုင်းအတည်ယူတဲ့ တစ်လမ်းတည်းသွားသမားစစ်စစ်ဖြစ်တယ်ဆိုတာကို သိသိကြီးနဲ့ ဒီလေသံချီရဲတာ ကျွန်တော်မှာငတုံးမဟုတ်ရင် ၃၁ဘုံက ဘယ်နေရာမှာ ငတုံးရှိတော့မလဲ။

'okay'

ပြန်ဝင်လာတဲ့ reply ကိုကြည့်ရင်း ကျွန်တော်ငိုင်နေမိတယ်။
ငိုင်နေရာကနေ ငိုချဖို့ရာ သုံးစက္ကန့်လောက်ပဲလိုတော့တဲ့အချိန် ထပ်ဝင်လာတဲ့ မက်ဆေ့ခ်ျက...။

'မင်းရဲ့ snowdrop က ပန်းပွင့်လာရင် သေချာပေါက်လှမှာပါ'

ဟမ့်... အခုမှ လာချော့မနေပါနဲ့။ ခင်ဗျားကို ဒီတစ်ခါ တကယ်စိတ်ကောက်ဖို့ ဆုံးဖြတ်ပြီးပြီ။ နောက်ထပ် မက်ဆေ့ခ်ျအစောင်တစ်ရာလောက် ပို့ရင်တောင် ကျွန်တော်တုပ်တုပ်မှုလှုပ်မှာမဟုတ်ဘူး။ ဝဋ်ဆိုတာလည်တတ်တယ်တဲ့။ ကျွန်တော့်အခက်အခဲတွေကို နားလည်လာအောင် တစ်ခါလောက်ကြိုးစားကြည့်လိုက်ပေါ့ ကိုကိုရာ...။

စက္ကန့်အနည်းငယ်အကြာမှာပဲ နောက်ထပ်မက်ဆေ့ခ်ျတစ်စောင် ဝင်လာပြန်တာမို့ 'ဒါတွေကြိုတွက်ထားပြီးသား' ဆိုတဲ့ မျက်နှာမျိုးလုပ်ပြီး ဖုန်းကိုငုံ့ကြည့်လိုက်တော့။

'ငါအပြင်သွားဦးမယ် ခဏစောင့်ချင်စောင့်၊ အိမ်ပြန်ချင်ပြန်...'

ဟာ...။ ဒါက ဘယ်လိုချော့နည်းကြီးလဲ။ အံ့ဩနေတဲ့မျက်နှာကိုမပြင်နိုင်သေးဘဲ လှည့်ကြည့်လိုက်တုန်းမှာ ဟိုက အိမ်တံခါးဖွင့်ပြီး အပြင်ထွက်ဖို့လုပ်နေပြီ။

"ကိုကို... နေဦး... ကျွန်တော်လည်း လိုက်ခဲ့မယ်"

ရေခဲကျွန်းမြောကို စိတ်ကောက်ရန်ကြိုးစားခြင်း - အလူးအလဲကျရှုံး။

*

"အပြင်ထွက်မယ်ဆိုတာက လမ်းထိပ်ကစတိုးဆိုင်လား..."

"A4 ကုန်သွားလို့..."

"ကိုကို A4တွေကိုက်စားနေတာလား..."

"အင်း ကော်ဖီနဲ့၊ တစ်ခါတလေ ရေနဲ့..."

"ကိုကိုက ဒါမျိုးကျ စကားကိုပြန် counter ထောက်တတ်တယ်"

"..."

"ကိုကို ကျွန်တော့်ကိုစောင့်ဦးလို့...
ဘာလို့ ဒီလောက်ခြေလှမ်းကျဲရတာလဲ"

လောလောလတ်လတ် စစ်ဆင်ရေးကျရှုံးလာတဲ့ ကျွန်တော်ဟာ ထုံးစံအတိုင်း သူ့နောက်ကပါသွားရင်း စတိုးဆိုင်နဲ့ကပ်လျက်မှာရှိတဲ့ မိတ္တူဆိုင်မှာ မေးခွန်းစာရွက်တစ်ချို့ print ထုတ်နေတာကိုပါ စောင့်ဖြစ်ခဲ့တယ်။ ဒီနားတစ်ဝိုက်ကဆိုင်တွေက အထူးအဆန်းပဲ ဘာနေ့ညာနေ့ရယ်လို့မရှိဘဲ ညဘက်အထိ ဆိုင်ဖွင့်ကြတယ်။ Christmas Eve မှာပါ အလုပ်ကြိုးစားနေတဲ့ တစ်စုံတစ်ယောက်လိုပဲ။ ကျွန်တော်ကတော့ ကိုယ်တိုင်ဝင်မဆင်နွှဲရင်တောင် ရှိသမျှအများပြည်သူပိတ်ရက်ကို အကြောင်းပြပြီး ကိုယ့်ကိုယ်ကိုယ် နားခွင့်အပြည့်အဝပေးနေကျဆိုတော့
ဒီ energy ကို ဘယ်လိုမှလိုက်မမီနိုင်ဘူး။

သူဝယ်လာတဲ့ A4 တစ်ထုတ်ကိုကိုင်ပေးပြီး ပြန်လျှောက်လာခဲ့ကြတော့ ညလေကအေးလာတာကို သတိထားမိတယ်။ ကိုကို့လည်တိုင်မှာ မာဖလာအဖြူတစ်ထည်ရစ်ခွေလို့။ မှတ်မိတာပေါ့။ ကျွန်တော်ကိုယ်တိုင် အပင်ပန်းခံထိုးပြီး ပေးထားခဲ့တဲ့လက်‌ဆောင်ပဲဟာ။

ကိုယ့်ရင်ဘတ်ပေါ်ကျနေတဲ့ ချည်သားအနီစကို ပြန်ငုံ့ကြည့်နေရင်း နောက်ကျကျန်ခဲ့တာမို့ တက်သုတ်ရိုက်ပြီး သူ့ခြေလှမ်းတွေကို မီအောင်လိုက်ခဲ့ရပြန်တယ်။

"ကိုကို... စောင့်ပါဦးဆိုဗျာ..."

*

သယ်လာတဲ့စာရွက်တွေနေရာချပြီး ပြန်ထွက်လာတဲ့နောက်  ကိုကိုက မီးဖိုချောင်စင်ပေါ်မှာ ကျွန်တော်တင်ထားတဲ့အတိုင်း ရှိနေတဲ့ ပန်းအိုးလေးကိုသွားယူလာတယ်။ သူ့အခန်းထဲက မူလနေရာကို ပြန်ထားမယ့်ပုံပဲ။ သူလုပ်တာကို လိုက်ကြည့်နေတဲ့ကျွန်တော့်ကို ဖျတ်ခနဲကြည့်သွားရင်းပဲ စားပွဲပုလေးပေါ်က snow globe ကို သွားယူပြန်တယ်။ ဒီတစ်ခါတော့ တစ်နေရာရာမှာသွားမထားဘဲ အဲ့ဒါလေးကိုကိုင်လို့ စားပွဲလေးအနားမှာ ဝင်ထိုင်လိုက်ရင်း...။

"လွန်ခဲ့တဲ့သုံးနှစ်က မြို့ထဲလမ်းကဆိုင်မှာ ဒီလိုပုံစံ snow globe လေး ပြထားတာကို တွေ့ခဲ့တာ၊ ဆိုင်ရှင်ကိုမေးကြည့်တော့ အဲ့ဒါက ရောင်းဖို့မဟုတ်ဘူးတဲ့... သူ့ချစ်သူကိုပေးဖို့ရာ သူကိုယ်တိုင်လုပ်ထားခဲ့တဲ့ ပစ္စည်းဖြစ်ပေမယ့် မပေးလိုက်ရဘူးလို့ ပြောတယ်၊ ဒီ snow globe ကိုလုပ်ပြီးတဲ့နေ့မှာပဲ သူတို့လမ်းခွဲခဲ့ကြတာမို့ဆိုပဲ... မရောင်းနိုင်ဘူးဆိုတော့ မတတ်သာတာနဲ့ မဝယ်ဖြစ်ခဲ့ပေမယ့် ဆိုင်ရှေ့ကဖြတ်သွားတိုင်း အဲ့ဒီ snow globe လေးကို မငေးဘဲမနေနိုင်ခဲ့ဘူး"

"ဒီ snow globe က ကိုကိုပြောတဲ့ အဲ့ဒီတစ်ခုလား..."

"ငါမသိဘူး၊ အတွင်းထဲမှာ snowdrop ပန်းပင်ပုံစံလေး ပါတာကတော့ အတူတူပဲ"

"အာကာဝေယံက အဲ့ဒီဆိုင်ရှင်ကို မုန့်ဖိုးပေးမယ်ဆိုပြီး ငွေထုတ်နဲ့ဖို့တာဖြစ်ဖြစ် လူမိုက်ငှားပြီး ခြိမ်းခြောက်တာဖြစ်ဖြစ် လုပ်လိုက်တာနေမှာပေါ့..."

"မပြောတတ်ဘူး..."

နှင်းမှုန်လေးတွေဝဲနေတဲ့ အဲ့ဒီဖန်လုံးလေးကို စိုက်ကြည့်နေတဲ့ မျက်ဝန်းနက်တွေ။ သူ့မျက်ဝန်းအိမ်ထဲမှာ ထင်ဟပ်နေတဲ့ အရာသေးသေးလေးက အနက်ရောင်ကင်းဗတ်စပေါ် ဆေးအဖြူစက်ကျသွားသလို၊ ညနက်ကောင်းကင်ထဲက မလင်းတလင်း ကြယ်မှုန်လေးလို မြင်ရတယ်။

"ကိုကိုကရော သူ့ကို ဘာပေးလိုက်လဲ...
ကိုကိုလည်း time capsule ထဲ တစ်ခုခုမြုပ်ခဲ့တယ်မလား"

"ပို့စကတ်တစ်ခု၊ စာတွေ... ပြီးတော့..."

သူ့စကားအဆက်ကိုစောင့်နေတဲ့ ကျွန်တော့်မျက်လုံးထဲကို လေ့လာလိုက်တဲ့ကိုကို။

"ငါဒါကို ဘာလုပ်လိုက်ရမလဲ..."

"ဗျာ..."

"ဘာလုပ်လိုက်တာ ကောင်းမလဲ..."

"ကျွန်တော်က လွှင့်ပစ်လိုက်ပါလို့ပြောရင် ကိုကိုအဲ့ဒီ snow globe ကို လွှင့်ပစ်မှာလား..."

"..."

အဖြေက နည်းနည်းတော့ ကြာနေတယ်။ ဒါပေမယ့် ခဏအကြာမှာ ကိုကိုကထရပ်လိုက်လို့ အမှိုက်ပုံးဆီကိုလျှောက်သွားတယ်။

"ခဏလေး ကိုကို..."

သူ့လက်ကိုလှမ်းဆွဲလိုက်တဲ့ ကျွန်တော့်ကိုလှည့်ကြည့်လာတဲ့ မျက်ဝန်းနက်တစ်စုံ။

"ဒါက ကိုကိုအရမ်းလိုချင်ခဲ့တဲ့ပစ္စည်းမလား... "

"ဟုတ်တယ်"

"ပြီးတော့ ရောင်းဖို့တန်ဖိုးမဖြတ်ရက်တဲ့အထိ  တစ်ယောက်ယောက်အတွက် အရေးပါတဲ့ပစ္စည်းလည်းဖြစ်ခဲ့တယ်"

"အင်း..."

"ကိုကိုသိလား... ကျွန်တော်က သဘောထားကြီးပါတယ်
ကလေးဆန်တဲ့ဘက်ခြမ်းလည်းရှိပေမယ့် မတတ်နိုင်ဘူး၊ ကျွန်တော့်ရဲ့စိတ်အသက်က ခန္ဓာကိုယ်အသက်ထက် နည်းနည်းကြီးနေတယ်"

လှည့်ကြည့်လိုက်တော့ ကိုကိုက ကျွန်တော်စကားချီနေတာကို စောင့်ပေးနေတယ်။

"ဒီလိုလုပ်ရအောင်... ဒီနေ့ စန်တာက စောစောလာပြီး ကိုကို့အတွက်လက်ဆောင်ကို ထားပေးသွားတယ်၊ အဲ့ဒီလက်ဆောင်က အခုကိုကိုကိုင်ထားတဲ့ဟာလေးပဲ"

"ဒါပေမယ့် ငါက လက်ဆောင်မျှော်နေတဲ့ကလေးငယ်လေး မဟုတ်တော့ဘူး၊ ပြီးတော့ စန်တာဆိုတာ တကယ်မရှိဘူး"

"ကိုကို ဘယ်လိုလုပ်သိတာလဲ... မြောက်ဝင်ရိုးစွန်းကို သွားစစ်ဆေးခဲ့တာလား..."

"အဲ့ဒါက ကလေးတွေခရစ္စမတ်ကို‌မျှော်ပြီး ပျော်ရအောင် မိဘတွေက လက်ဆောင်ခိုးပြင်ပေးထားကြတာပဲလေ၊ ကောင်းတဲ့ရည်ရွယ်ချက်ပါတဲ့ ‌အလိမ်အညာတစ်ခုပဲ"

"အလိမ်အညာက အမှန်တကယ်ဖြစ်မလာဘူးလို့ ဘယ်သူပြောနိုင်လို့လဲ... ကျွန်တော်တို့အားလုံးက အမှန်တရားကိုရှာဖွေဖို့ အလိမ်အညာတွေကို ကိုင်စွဲထားကြတာချည်းပဲ၊ ဥပမာ အာကာဝေယံ့ဆီက လွတ်မြောက်ဖို့ရာ ကျွန်တော်က ကိုကို့လက်ရှိချစ်သူပါလို့ ကိုကိုလိမ်မပြောခဲ့ဘူးဆိုရင် ကျွန်တော့်အချစ်က ဘယ်လောက်စစ်မှန်လဲဆိုတာ ကိုကိုဘယ်သိရမှာလဲ..."

"မင်းရဲ့ဥပမာက ကိုယ့်ငါးချဉ်ကိုယ်ချဉ်ရာကျလွန်းတယ်"

"ထားပါတော့... အလိမ်အညာမှာလည်း ကောင်းတဲ့အချက်ရှိတာကို ကိုကိုလက်ခံတယ်မလား..."

"..."

"ကျွန်တော်ကတော့ စန်တာတကယ်ရှိပြီး ဘယ်ကလေးကိုမဆို လက်ဆောင်ပေးတယ်ဆို လူတစ်ယောက်စာဝင်ထိုင်လို့ရမယ့် လက်ဆောင်ထုတ်အကြီးကြီး လိုချင်တယ်... ဝင်ထိုင်နေတဲ့လူက ကိုကိုဖြစ်ရင် အကောင်းဆုံးပေါ့"

"အရူးလေး..."

ခေါင်းယမ်းနေတဲ့သူကို ရယ်ပြလိုက်ရင်း ကျွန်တော် သူ့လက်ထဲက snow globe လေးကို ယူလိုက်တယ်။

"စန်တာပေးတဲ့ဒီလက်ဆောင်က လုပ်စရာတာဝန်ဝတ္တရားရှိသေးတယ်"

ပြောရင်းပဲ သူ့လက်ကိုဆွဲပြီး အခန်းထဲဝင်သွားလိုက်တော့ ကိုကိုက နားမလည်မှုတစ်ဝက်နဲ့ ပါလာတယ်။

စားပွဲပေါ်က snowdrop ပန်းအိုးလေးရဲ့ဘေးနေရာမှာ နေရာချခံလိုက်ရတဲ့ ဖန်လုံးငယ်လေးတစ်လုံး။ ကျွန်တော် အဲ့ဒီ ဖန်ဘောလုံးကို လက်ညိုးထိုးပြီး ရေရွတ်လိုက်တယ်။

"ကိုကိုစောင့်ကြည့်နေ... ကျွန်တော့် snowdrop က ဒီ snow globe ထဲက လူလုပ် snowdrop ထက် လှတယ်ဆိုတာ ပန်းပွင့်မှသိလာလိမ့်မယ်၊ အခုကစပြီး ကိုကို နှစ်တိုင်း စောင့်ကြည့်နေလိုက်..."

"..."

ပုရွက်ဆိတ်လမ်းလျှောက်သံတောင်ကြားရလောက်အောင် လေထုဟာ ငြိမ်သက်နေခဲ့တယ်။

"ခန့်ငယ်... မင်းရဲ့စိတ်အသက်က ဘယ်လောက်လဲ..."

"ကိုကိုက ဘယ်လောက်လို့ထင်လဲ"

"၃ နှစ်..."

ကျွန်တော် နှုတ်ခမ်းထောင့်တွေကို အသေအချာကွေးလိုက်တယ်။

"၃နှစ်ကလေးက အိမ်မပြန်တတ်ဘူးကိုကို၊ ဘယ်နှယ့်လုပ်မလဲ..."

"ဟိုဘက်ခန်းမှာ မင်းရဲ့တစ်ဝမ်းကွဲအစ်ကိုနေတယ်"

"သူပြောသွားတာ သူ့ကြွက်သိုက်က ဆေးသုတ်ထားတယ်တဲ့လေ၊ ကျွန်တော့်နှာခေါင်းက ပြင်းတဲ့အနံ့တွေကိုခံနိုင်ရည်မရှိဘူး... ပြီးတော့ တစ်ဝမ်းကွဲအစ်ကိုဆိုပေမယ့်လည်း ကျွန်တော့်အတွက် အပြင်မှာအိပ်ဖို့အကြောင်းပြချက် ဒါမှမဟုတ် searching machine လိုဖြစ်တည်မှုမျိုးလို့ ပြောရင်ပိုမှန်မယ် အောက်မေ့တာပဲ"

"မင်းစကားကို အံ့ထူးမြတ်ကြားရင် စိတ်မကောင်းဖြစ်လိမ့်မယ်"

"ကိစ္စမရှိဘူး၊ ကျွန်တော့်ကိုဆပ်ရမယ့် ခေါက်ဆွဲဘူးဖိုးအကြွေးတွေကို ၂၀% လျှော်ပေးမယ်လို့ပြောလိုက်ရင် သူပြန်ပျော်သွားလိမ့်မယ်"

"bussiness major ယူလိုက်တဲ့ဆိုးကျိုးက ဒါမျိုးလား..."

"ဘယ်သိမလဲ..."

ကိုကိုက ကျွန်တော့်ပခုံးကိုကိုင်လှည့်ပြီး သူ့အခန်းထဲကတွန်းထုတ်လိုက်ရင်း တံခါးမကြီးဆီဆက်သွားဖို့ရာ မျက်စပစ်ပြတယ်။

"ငါမနက်အစောထရမှာ၊ မင်းလည်း အိမ်ပြန်တော့..."

"ဘာလဲ... အခုမှ မမှတ်မိတော့ချင်ယောင်ဆောင်ကြေးလား ကိုကို... Christmas Eve မှာ ကျွန်တော်နဲ့အတူတူအချိန်ကုန်ချင်တယ်လို့ ဘယ်သူပြောခဲ့တာလဲ..."

"..."

"ဒီမှာ သူပြောသလိုပဲ အတူအချိန်ကုန်ပေးမလို့ဟာကို...
ကိုယ်ပြောတဲ့စကားကိုယ်ဆန့်ကျင်တာ ကောင်းတဲ့အကျင့်မဟုတ်ဘူးရယ်ဗျ... ကိုကိုသိလား..."

ကျွန်တော်ပေးလိုက်တဲ့ မှတ်ဉာဏ်လှုံ့ဆော်ချက်က သူ့ကိုသေချာထိသွားတယ်ထင်ပါတယ်။ counter ပြန်ထောက်စရာ ရှာမရတဲ့သူ့ပုံစံက အခက်တွေ့နေသယောင်။

"လုပ်ပါကိုကိုရာ... ကျွန်တော်အိမ်ပြန်လည်း အိမ်စောင့်နတ်က face recognition error တက်နေလို့ဆိုပြီး ကန်ထုတ်မှာဆိုတော့ ကိုကိုမှလက်မခံရင် ဒီလိုပွဲတော်ညမျိုးမှာ ကျွန်တော်တော့ လမ်းဘေးကတ်ထူပုံးထဲက တုန်နေတဲ့ခွေးပေါက်လေးလို ဖြစ်တော့မှာပဲ... အဲ့လိုဖြစ်စေချင်လို့လား..."

ကိုကို့အကြည့်တွေကိုလေ့လာရတာ ကျွန်တော့်ရဲ့အခြေအမြစ်မရှိတဲ့ လက်တန်းပုံပြင်စာအုပ်တွေကို ဝယ်ချင်စိတ်ရှိပုံမရဘူး။

"မတတ်နိုင်ဘူးလေ... silent night holy night မှာ အေးအေးဆေးဆေးလေး ဖြတ်သန်းစေချင်ပေမယ့် ကိုကိုကကျွန်တော့်ကို ဒီလိုနှင်ထုတ်နေမယ်ဆိုရင်တော့ ကျွန်တော် Shiba Scream..."

"Jesus Christ... Why are you like this?"

"who knows... hehe ..."

အဲ့ဒီညက ကိုကို့ကုတင်ခြေရင်းမှာ အိပ်ရာခင်းနီနီလေးတစ်ခု တိုးလာတယ်။ အဲ့ဒီအပေါ်မှာ ခွေးခြေရာတွေ ပေနေမလားဆိုတာတော့ ဘယ်သူသိမှာလဲ။

*

ညတစ်ချက်ခွဲနှစ်ချက်မတ်တင်းလောက်ဖြစ်မယ်။ အိပ်နေရင်း
ပြတင်းပေါက်ကို ဘတ်ခနဲဝင်တိုက်သံကြားလို့ နားပါးတဲ့ကျွန်တော် လန့်နိုးသွားတယ်။ Jack Frost ကပဲ ကျီစယ်တာလား။ လမ်းကြောင်းမှားလာတဲ့ လင်းနို့တစ်ကောင်ကောင်ပဲလားတော့မသိဘူး။
ပြတင်းမှန်ချပ်မှာ ဘာနှင်းဖတ်မှကပ်မနေပုံထောက်ရင် ဒုတိယတစ်ခုပဲနေမှာပါ။

နိုးတာကတော့ နိုးသွားပြီမို့ ကောင်းကောင်းပြန်အိပ်ပျော်အောင် ကိုကို့ရဲ့ အိပ်နေတဲ့ပုံစံလေးကို ကြည့်မယ်လို့လုပ်လိုက်တော့ ကုတင်ပေါ်မှာက လှပ်ထားတဲ့စောင်ပဲရှိနေတယ်။

"Toilet သွားတာများလား..."

ထိုင်စောင့်မလား၊ အိပ်စောင့်မလား option နှစ်‌ခုထဲမှာ ကျွန်တော်ဘယ်ဟာမှမရွေးဘဲ သူ့ကိုလိုက်ရှာဖို့ရာ အခန်းထဲကထွက်လာခဲ့တယ်။

ကျွန်တော် Toilet တံခါးကိုခေါက်ကြည့်တယ်။ ရှိပုံမပေါ်ဘူး။ မီးဖိုချောင်ဘက်ကိုလည်း ကြည့်လာခဲ့ပြီ။ ညနက်ကြီး ကွတ်ကီးထဖုတ်နေတာမျိုး လုပ်မနေဘူး။ စားပွဲပုလေးနားမှာလည်းမရှိဘူး။

"ဒီအချိန်ကြီး အပြင်ထွက်သွားတာတော့ မဟုတ်ဘူးမလား...
ဖုန်းလည်း အခန်းထဲမှာရှိနေတာ..."

ကျွန်တော်ဆံပင်တွေဖွာသွားအောင် ခေါင်းကုတ်လိုက်ရင်း အပြင်ထွက်ရှာဖို့ တံခါးဖွင့်လိုက်တော့...။

"ကိုကို..."

တံခါးဖွင့်ဖွင့်ချင်း အပြင်ဘက်ကော်ရစ်ဒါမှာ ရှိနေတာက အဖြူရောင်အဆင်းသဏ္ဌာန်တစ်ခု။ ကျွန်တော့်ခေါ်သံက သူ့နောက်ကျောပြင်ကိုသွားရိုက်ချိန် လှည့်ကြည့်လာသူဟာ ခပ်အေးအေးလေသံနဲ့မေးတယ်။

"မင်း... နိုးလာတာလား"

"အင်း... ကိုကို ဒီမှာဘာလုပ်နေတာလဲ"

"ဘာမှမဟုတ်ဘူး၊ အိပ်မပျော်လို့ ညလေထွက်ခံတာ"

ကျွန်တော် တံခါးကိုအသာအယာပိတ်ပြီး သူ့အနားမှာလာရပ်လိုက်တယ်။

"ကိုကို နေမကောင်းလို့လား"

"မဟုတ်ပါဘူး၊ ငါနေကောင်းပါတယ်
ဒီအတိုင်း... အတွေးများပြီးအိပ်မပျော်တာ"

"ပြောပါဦး... ကိုကို့ကို နှိပ်စက်နေတာ ဘယ်အတွေးတွေလဲ...
ကျွန်တော် ရှင်းထုတ်ပေးမယ်၊ ဘယ်သူက ကိုကို့ကိုအိပ်ရေးပျက်အောင် လုပ်ရဲတာလဲ... အာကာဝေယံလား အခန်းထဲကခြင်လား... ဘယ်သူဖြစ်ဖြစ် ကျွန်တော်အခုသွားရိုက်ပေးမယ်"

ကျွန်တော် အင်္ကျီလက်ကိုဆွဲတင်ပြီး လက်သီးလက်မောင်းတန်းပြနေတုန်း
တစ်စုံတစ်ယောက်ကတော့ တိတ်ဆိတ်လို့။ ညအမှောင်ထုရဲ့ပွေ့ဖက်မှုမှာ နှစ်ခြိုက်စွာအိပ်စက်နေတဲ့ပတ်ဝန်းကျင်ကို ငေးနေရာက ကိုင်းအကြည်ရောင်မျက်မှန်လေးကို ပင့်တင်လိုက်တယ်။

"အဲ့ဒါက မင်းဆိုရင်ရော..."

"ဗျာ..."

ကျွန်တော့်တုံ့ပြန်သံနဲ့မျက်နှာ တစ်ထပ်တည်းကျနေပုံကို တစ်ချက်လေ့လာပြီးတဲ့နောက် သူ့အကြည့်တွေက ခန္ဓာကိုယ်လှည့်ထားရာ အရပ်မျက်နှာဆီ ပြန်ရောက်သွားတယ်။

"ခန့်ငယ်... ငါမင်းကို တစ်ခုမေးလို့ရလား..."

"မေးလေ ကိုကို..."

"ဘာလို့ငါလဲ..."

"ဗျာ..."

နားမလည်လို့ "ဗျာ..." ရတာ ဒီသုံးလေးမိနစ်အတွင်းတင် နှစ်ခါရှိသွားပြီ။

"မင်းက ဘာလို့ ငါ့လိုလူကိုမှ ချစ်မိသွားရတာလဲ"

"ငါ့လိုလူဆိုတာ... ဘာသဘောလဲ ကိုကို..."

ကိုကိုက ချက်ချင်းမဖြေဘူး။ ဒါပေမယ့် ကျွန်တော်လည်း ဇွတ်မမေးဘူး။
ကျွန်တော်က စောင့်တဲ့နေရာမှာ ကျွမ်းကျင်နေပြီးသားပဲ။ သူ့နှုတ်ခမ်းတွေဟလာဖို့ အချိန်အပိုင်းအခြားကို သူပဲဆုံးဖြတ်ပါစေ။

"ငါ့မှာမိဘမရှိဘူး... ပိုင်ဆိုင်မှုမရှိဘူး... ငွေကြေးတတ်နိုင်တဲ့ဆွေမျိုးရဲ့ ထောက်ပံ့မှုယူရတာတောင် သဘောမကျလို့ အချိန်ဇယားအပြည့်ဖြည့်ပြီး ပြေးလွှားနေရင်း ပတ်ဝန်းကျင်ကိုဂရုမစိုက်အားတာမို့ အသိမိတ်ဆွေလည်း သိပ်မရှိဘူး"

"အင်း... ကျွန်တော်သိတယ်"

"ခံစားနေစရာအချိန်မရှိတော့ ခံစားချက်လည်းသိပ်မရှိဘူး၊
ဒါ့အပြင်... နှလုံးသားလည်းမရှိဘူး"

"အဲ့ဒါကတော့ မသေချာဘူးပဲ၊ ကိုကိုရော သေချာလို့လား..."

ဖြတ်အမေးခံရသူဟာ ကျွန်တော့်မေးခွန်းကို လျစ်လျူရှုလိုက်တယ်။

"ငါက မင်းထက် အသက်လည်းကြီးတယ်"

"အင်း... အဲဒါကြောင့် ကျွန်တော်ကကိုကို့ကို 'ကိုကို' လို့ခေါ်နေတာပေါ့... ခေါ်လို့အရမ်းကောင်းတယ်၊ ကိုကိုမှမဟုတ်ရင် ဘယ်သူ့ကိုမှ ဒီလိုခေါ်ဖြစ်လောက်မှာ မဟုတ်ဘူးရယ်"

"ပြီးတော့ ရည်းစားတွေလည်း အများကြီးထားခဲ့ဖူးတယ်"

"သေချာတာက... သူတို့အားလုံးက ကျွန်တော်လောက်ကောင်းမှာမဟုတ်ဘူး"

အဲ့ဒီကိုယ့်ဘက်ကိုယ်ယက်တဲ့ အဆိုပြုချက်ကလည်း လျစ်လျူရှုခံလိုက်ရရဲ့။

"ငါက အေးတိအေးစက်နိုင်တယ်၊ တစ်ကိုယ်ကောင်းဆန်တယ်၊ မာနကြီးတယ်၊ ငါ့ရည်မှန်းချက်ကလွဲရင် တခြားဘာကိုမှအာရုံမထားဘူး၊
နေထိုင်မှုစရိုက်က တစ်သမှတ်တည်းဆန်ပြီး ပျင်းစရာကောင်းတယ်၊ ငါအတိတ်ကအချစ်ရေးလိုပဲ အချစ်နဲ့ပက်သက်ပြီး ငါ့စဉ်းစားပုံတွေကလည်း ရှုပ်ထွေးနေတယ်၊ သေဖို့ရာ အကြိမ်ကြိမ်လုပ်ပြီး ဘဝထဲကထွက်ပြေးချင်ဖူးတဲ့ငါက
ထပ်ပြီးချစ်ဖို့ရာ လုံလောက်တဲ့သတ္တိလည်းမရှိဘူး"

"နောက်ပြီး... "

ဆက်ပြောဖို့ရာ ကြားမှာလပ်နေသေးတဲ့စက္ကန့်အနည်းငယ်။

"ငါက virgin လည်းမဟုတ်ဘူး"

"..."

ကျွန်တော် သူ့စကားကိုချက်ချင်းမတုံ့ပြန်ဖြစ်ဘူး။ ကိုကိုကလည်း ဘာမှဆက်မပြောတာမို့ ကြားခံနယ်က အရမ်းအားလပ်သွားတယ်။
ညလေလေးတိုးဝင်လာတော့ အဝတ်အစားလစ်လပ်နေတဲ့ မျက်နှာ၊ နားရွက် လက်နဲ့လည်ပင်း နေရာတွေက လေထုထဲကအအေးဓာတ်ကို လက်ခံယူလို့။ ဝရန်တာဘက်ကိုတင်ထားတဲ့ လက်တစ်သွယ်ဟာ အသာအယာလှုပ်ရှားသွားပြီး ဆွယ်တာစအဖျားဆီ။
လည်တိုင်ကိုအုပ်ကိုင်ထားတဲ့ ကိုကို့လက်တစ်ဖက်ဟာ အအေးဓာတ်ကြောင့် လက်ချောင်းထိပ်လေးတွေရဲနေရဲ့။ သူလက်ပြန်ဖယ်လိုက်ချိန် ဖြူဖွေးသွယ်လျတဲ့လည်တိုင်မှာ အကျအနလှဲလျောင်းနေတဲ့ အမာရွတ်ကြောင်းပေါ်လာတယ်။

"ခန္ဓာကိုယ်မှာရော၊ စိတ်မှာရော အနာအဆာတွေအများကြီးရှိတဲ့ ငါ့လိုလူက မင်းနဲ့သင့်တော်တယ်လို့ ဘာကြောင့်ထင်တာလဲ"

"..."

တိုက်ခန်းရှေ့က မီးတိုင်ဟာ သူ့မျက်နှာစာ‌တစ်ဝိုက်က အမှောင်ရိပ်ကို ဖယ်ထုတ်ထားတယ်။ မီးပိုးကောင်လေးတွေကတော့ အလင်းရောင်ထဲ ဟိုဒီပျံနေရင်း ပတ်ဝန်းကျင်ကို မေ့လျော့လို့။ ကော်ရစ်ဒါက မီရောင်လျှံကျနေတဲ့အောက်မှာ ဗာဒံပင်။ ဗာဒံပင်ရိပ်အောက်မှာတော့ အနီရောင်တောက်နေတဲ့ ကျွန်တော့်ပြိုင်ဘီးလေး။ မြင်ရသမျှအားလုံးဟာ မမြင်ရတဲ့ မနက်နှစ်နာရီနှင်းအောက်မှာ စိုရွှဲနေကြရဲ့။

"နားလည်ပြီ၊ ကိုကိုအိပ်မပျော်တာ တကယ်ပဲကျွန်တော့်ကြောင့်ကိုး"

နှင်းကျသံဟာ ဓာတ်ကြိုးပေါ်က ခါချဉ်ကောင်လမ်းလျှောက်သံအလား ငြိမ်သက်နေပြီး မြောက်ပြန်လေကတော့ နည်းနည်းအသံကျယ်လာတယ်။

"ကိုကိုက ကျွန်တော့်ကိုသာစိတ်ပူတတ်လွန်းတယ်လို့ ပြောပြောနေတာ တကယ်တမ်း စိတ်ပူလွန်တဲ့ရောဂါက ကိုကို့ဆီမှာဖြစ်နေတာပဲ"

"ငါ လေးလေးနက်နက်ပြောနေတာ ခန့်ငယ်...
ဒီကြားထဲ ကိစ္စတွေတစ်ခုခုများလွဲချော်ခဲ့ရင် ငါကအခုအချိန်မှာ သေလူ၊  ဒါမှမဟုတ်ရင် လူ့အသိုင်းအဝိုင်းထဲမျက်နှာမပြရဲတဲ့သူ ဖြစ်နေမှာ"

"ဒါပေမယ့် ကိုကိုတွေးသလိုမဖြစ်ခဲ့ဘူးလေ၊ ပြဿနာတွေရှိခဲ့ပေမယ့် အဆင်ပြေသွားခဲ့လို့ပဲ ကျွန်တော်တို့အခုလိုစကားရပ်ပြောနေကြတာ မဟုတ်လား... ပြီးတော့... "

ငြိမ်သက်နေတဲ့ ဘေးတစ်ဖက်ကသူကိုကြည့်လိုက်ရင်း...။

"ကိုကိုက virgin ပါ"

ရွတ်လိုက်တဲ့စကားကြောင့် သူ့အကြည့်တွေ ကျွန်တော့်ဘက်ကို ဒီဂရီပြောင်းလာတယ်။

"စက်တင်ဘာ ၂၁ ရက်မှာမွေးတဲ့ ကန်ရာသီခွင်ဖွားကိုကိုက သေချာပေါက် virgin ပဲလေ"

[A/N* ကန်ရာသီခွင်(Virgo)၏ ကိုယ်စားပြုသရုပ်မှာ အပျိုစင် (Virgin) သဏ္ဌာန်ဖြစ်သည်။ ]

ကိုကိုကတော့ ကျွန်တော့်ကို 'အခုက astrology joke နဲ့ သင့်တော်တဲ့အချိန်လို့များ ထင်နေတာလား' လို့ မေးချင်နေမှာ အသေအချာပဲ။ ဒါပေမယ့် ကျွန်တော်ကလည်း အပြောင်အပျက်လုပ်နေတာတော့ မဟုတ်ဘူး။

"ပြီးတော့... ကိုကို ကိုယ့်ကိုယ်ကိုယ် 'ငါ့လိုလူ' လို့နှိမ်တဲ့သ‌ဘောနဲ့ မသုံးပါနဲ့၊ ကျွန်တော်မကြိုက်ဘူး"

ဗာဒံရွက်တွေကြား တိုးဝင်သွားတဲ့လေဟာ ကျွန်တော့်နဖူးစပ်က ဆံစနားထိ မြောက်တက်ပြီး တိုက်ခတ်လာတယ်။

"အိပ်မပျော်တဲ့အခါဘာလုပ်ရလဲ ကိုကိုသိလား..."

လေက သူ့ဖြောင့်စင်းစင်းရှေ့ဆံပင်တွေကို တွန်းဖယ်ပေးသွားတော့ ရှားရှားပါးပါးမြင်ရတဲ့ ကိုကို့နဖူးသားလေး။ ပုံမှန်ထက် အထက်ကိုမသိမသာပင့်ထားတဲ့ မျက်ခုံးတန်းနှစ်သွယ်ကတော့ ကျွန်တော့်အကြံပြုချက်ကို စောင့်နေသယောင်။

"ဒီဟာလုပ်ရတယ်၊ ကိုကိုကျွန်တော့်ကို သင်ပေးခဲ့တဲ့ဟာလေ..."

လေအေးအေးတိုက်နေတဲ့ကြားမှာ အနွေးဓာတ်ရှိနေတဲ့လက်ကို လှမ်းယူပြီး နေရာချပေးလိုက်တာမိက သူ့ဘယ်ဘက်ရင်အုံဆီ။

"ဒီနေရာကအသံကို တစ်ချက်ချင်းသေချာခံစားကြည့်ရင်
သိုးကလေးတွေခြံထဲခုန်ဝင်လာသလိုမျိုး မြင်ယောင်လို့ရတယ်"

"..."

"ကိုကိုပြောတဲ့ မရှိတော့ဘူးဆိုတဲ့အရာရဲ့လှုပ်ရှားမှုက ဘယ်လိုနေလဲ..."

ကိုကိုတစ်ယောက် ကျွန်တော့်လက်ကိုတွန်းဖယ်ဖို့ မေ့နေပုံရတယ်။ ခါတိုင်းထက် တုံ့ပြန်ပုံနောက်ကျနေတယ်ပဲ ပြောရမလား။ ခန့်မှန်းခြေ စက္ကန့်ပိုင်းလောက်ပေါ့။

"ငါ အထဲဝင်တော့မယ်"

သူ့လက်ကိုပြန်ရုတ်ယူလိုက်တဲ့အချိန် လက်ကောက်ဝတ်မှာမြင်ရတာက ဆွယ်တာစကြားကနေ ‌‌လျှောထွက်ကျလာတဲ့ကြိုးအနီလေး။ အမေပေးထားတဲ့ အဆောင်လက်ပတ်ကို ကိုကိုအခုထိဝတ်ထားတာပဲ။

စကားစကို သူဖြတ်ချင်သလိုဖြတ်လေ့ရှိတဲ့တစ်ယောက်က တန်းတန်းမတ်မတ်ပဲ အခန်းဆီပြန်လှည့်ဝင်သွားတော့ ကျွန်တော်လည်း တံခါးပြန်ပိတ်ပြီးလိုက်လာခဲ့ရင်း ကုတင်ထောင့်နားကနေ အသံပေးရတယ်။

"ကိုကိုကဗျာ... ကျွန်တော့်ကို အပြင်မှာမမေ့ခဲ့နဲ့လေ..."

တစ်ဖက်ကိုလှည့်အိပ်နေတဲ့သူကို ခဏလောက် ရပ်အကဲခတ်ပြီးမှ သူ့ကုတင်ဘေးကအိပ်ရာထဲကို ပြန်လှဲချလိုက်တယ်။ မြင်နေရတဲ့နောက်ကျောပြင်ကို မေးခွန်းတစ်ခုလှမ်းပေးရင်းနဲ့...။

"အဲ့ဒီအဆောင်လက်ပတ်လေး ကိုကိုသေချာဝတ်ထားသားပဲ...
ဒီနှစ်မကုန်ခင်ထိဝတ်ရမယ်လို့ ပြောထားတာမလား"

"..."

"အမေ့ကိုအဲ့ဒါပေးလိုက်တဲ့ အကြားအမြင်ဆရာက ကိုကို့ဇာတာကိုကြည့်ပြီး ဟောကိန်းထုတ်ထားသေးတယ်တဲ့... ဘယ်လိုဟောကိန်းလဲ ကိုကိုသိချင်လား..."

ငြိမ်ဆိတ်နေတဲ့ကြားခံနယ်ဟာ ကျွန်တော့်အသံကိုပဲ သယ်ဆောင်သွားတယ်။ ဖြေမယ့်သူက သိုးရေဖို့လုပ်နေတာလား၊ သိုးထိန်းခွေးကို သိုးခြံအပြင်ထုတ်ဖို့လုပ်နေတာလား မကွဲပြားဘူးလေ။
ကျွန်တော်က သိုးထိန်းခွေး‌မဟုတ်လို့ သိပ်မဆူညံတော့ပဲ  ဆွဲချင်ရာကဆွဲထုတ်ထားတဲ့စကားစကို ကိုယ့်ဟာကိုယ်အပြီးသတ်လိုက်တယ်။

"တစ်စုံတစ်ခုက အသစ်ပြန်ဖြစ်လာမယ်တဲ့..."

ပြောပြီး မလှုပ်ရှားတဲ့ကျောပြင်တစ်ခုကို ထပ်ပြီး လှမ်းကြည့်လိုက်တယ်။   နောက်တော့ ကျွန်တော်လည်း အဲဒီဘာမှန်းမသိရတဲ့တစ်စုံတစ်ခုကို manifest ပြီး အိပ်ဖို့ရာပြင်လိုက်ပါတယ်။

ကဲ... အသစ်ပြန်ဖြစ်လာတယ်။ အသစ်ပြန်ဖြစ်လာတယ်။
ကိုကို့ရဲ့ မရှိတော့ဘူးဆိုတဲ့အရာကြီးက အသစ်ပြန်ဖြစ်လာတယ်။

_____________________________________
To be continued...

💖💖💖

ခန့်ခန့်မဟုတ်တဲ့ သိုးထိန်းခွေးက ဘယ်သူလဲသိလား။
စာလုပ်ရမယ့်အချိန်မှာ အရုဏ်တက် update လာပေးနေတဲ့ စာရေးသူလေ။ U⁠^⁠ェ⁠^⁠U

💬 ကျွန်တော်အမှန်တော့ အခုလပိုင်း ပြဿနာတွေနဲ့လုံးနေတာပါ။ မနေ့ညကလည်း အန်ထွက်တဲ့အထိ ဖြစ်ပြီးပြီ။ HD လေးက ဒီအထိရောက်လာပြီမို့ update နောက်ကျတာတစ်ခုကို စိတ်မရှိဖို့ မျှော်လင့်ပါတယ်။ ပြီးခါနီးနေပြီဆိုပေမယ့် ဝေဖန်စရာရှိရင်လည်း ထောက်ပြနိုင်ပါတယ်‌။ exam ရှိတာမို့ ဒီကြားထဲ ဆက်မရေးဖြစ်ဘူးဆိုရင် နောက်လဆန်းကျမှ အပိုင်းသစ်တင်ဖြစ်မှာပါ။ အခွန်းလိုတော့ ကွတ်ကီးလုပ်မပေးခဲ့နိုင်ပေမယ့် တစ်ခုခုစားရင်း စောင့်နေပေးမယ်မလား...။

Hoping you'll wait for me,
Novella✒️

Continue Reading

You'll Also Like

3.5K 96 10
ရုပ်သေးကြိုးဆွဲ စေတန်ကကြိုးသွယ်
1.5M 112K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
1.3M 66.8K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
1.5M 131K 45
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...