နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

By Lazy_Little_Meow

157K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... More

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [68.2]

903 121 2
By Lazy_Little_Meow

Translated by Melinoe_Megami

[Unicode]

အပိုင်း - (၆၈/၂)

ဓာတ်လှေကားထဲမှ ထွက်လာရုံသာရှိသေးသည်၊ ဖြတ်သွားဖြတ်လာလို ရုပ်ဖျက်ထားရာမှ သူတို့ဆီ ပြေးလာနေသော သတင်းထောက်တချို့ကို ကျန်းချင်းယွင် မြင်လိုက်ရလေ၏။ ချက်ချင်းဆိုသလို ဖုန်း၊ recorder pen နှင့် ကင်မရာအသေးလေးများ သူတို့ကို ဝန်းရံလာခဲ့သည်။

“အားလုံးပဲ.. ကျေးဇူးပြုပြီး လမ်းဖယ်ပေးပါ.. ဒါက ဓာတ်လှေကားဝင်ပေါက်ပါ.. ကိစ္စတစ်ခုခုရှိရင် အပြင်မှာ ဆက်ပြောလို့ရပါတယ်.. အားလုံးပဲ ကျေးဇူးပါ..” ကျန်းချင်းယွင်နှင့် ဘော်ဒီဂတ်များက နဉ်ရှီကို ကာကွယ်ပေးထားပြီး သတင်းထောက်များကို ဓာတ်လှေကားအနား ကပ်ခွင့်မပေးခဲ့ပေ။

ကံကောင်းထောက်မစွာဖြင့် သတင်းထောက်များကလည်း ဆေးရုံထဲရောက်နေမှန်း နားလည်ကြပြီး ဆူဆူညံညံ သိပ်မလုပ်ခဲ့ပေ။ ဆေးရုံအပြင်ဘက်ထိ ကောင်းကောင်းမွန်မွန် လိုက်လာကြပြီးနောက် စုံတွဲကို မေးခွန်းများဖြင့် စတင်ပစ်ပေါက်ကြတော့သည်။

သို့သော် ထိုသတင်းထောက်များသည် အတိုင်းအတာ သိကြသေး၏။ စိတ်ညစ်ညူးစေမည့် မေးခွန်းမျိုး မမေးကြပေ။ သူတို့မေးသမျှက နဉ်ရှီ၏ ရုပ်ရှင်အသစ်အကြောင်း၊ ဆေးရုံတက်ရသည့် အကြောင်းအရင်းနှင့် လက်ထပ်ရန် အစီအစဉ်ရှိမရှိ၊ စသည်တို့သာ။

သတင်းထောက်တစ်ယောက်က ချန်းရှီကွေ့သည် နဉ်ရှီကို တစ်ချိန်လုံး ရင်ခွင်ထဲထည့်ထားပြီး မိုက်ကရိုဖုန်းနှင့် Recorder pen များ အနားကပ်ခွင့်မပြုကြောင်း သတိပြုမိသွားသည်။ ချန်းရှီကွေ့၏ အပြုအမူ၊ နဉ်ရှီအား ကာကွယ်ပေးနေသည့် မျက်နှာထားကို ကြည့်ပြီး အခြေအနေတစ်ရပ်လုံးကို သဘောပေါက်လိုက်၏။ သို့နှင့် ထိုအခြင်းအရာကို သတင်းတင်ရန် မှတ်သားထားလိုက်သည်။

“မစ္စတာချန်း.. နဉ်ရှီနဲ့ မစ္စတာချန်းတို့ သိပ်မကြာခင် လက်ထပ်တော့မယ်လို့ သတင်းထွက်နေတာလေ.. အမှန်ပဲလားခင်ဗျ..?”

နဉ်ရှီ ဝေ့လည်ကြောင်ပတ် ဖြေနေတာကို သတင်းထောက်တစ်ယောက် သတိပြုမိသွားသည်။ သူမက မေးခွန်းများကို ပြန်ဖြေပေးနေသော်လည်း တကယ်တမ်းတွင် မည်သည့်အရေးကြီးကိစ္စမျှ ထုတ်မပြောသွားပေ။ သို့နှင့် ထိုသူလည်း ချန်းရှီကွေ့ကို ပစ်မှတ်ထားရန် ဆုံးဖြတ်လိုက်လေသည်။

“ရှီရှီ့အတွက် စိုးရိမ်ပေးကြသူအားလုံးကို ကျေးဇူးတင်ပါတယ်.. လက်ထပ်မယ့်ကိစ္စကိုတော့….” ချန်းရှီကွေ့က ရယ်လိုက်ရင်း နဉ်ရှီအား လှည့်ကြည့်ကာ.. “ကျွန်တော့်စိတ်အတိုင်းသာဆိုရင် မနက်ဖြန်တောင် လက်ထပ်ချင်နေတာ.. ဒါပေမဲ့ နဉ်ရှီရဲ့ဆန္ဒကို အလေးထားမှာပါ..”

အို့… ဒီသဘောက ချန်းရှီကွေ့က လက်ထပ်ချင်နေပေမယ့် နဉ်ရှီက ဆန္ဒမရှိသေးဘူးဆိုတဲ့ အဓိပ္ပါယ်မဟုတ်လား..?

တခြားအနုပညာရှင်တွေကတော့ ချမ်းသာတဲ့မိသားစုထဲ လက်ထပ်ဝင်နိုင်အောင် အသေအကြေ ကြိုးစားနေလိုက်ကြတာ။ ဒီမှာတော့ လူချမ်းသာဘက်က လက်ထပ်ခွင့်တောင်းနေပေမယ့် နဉ်ရှီက သဘောမတူသေးဘူးတဲ့..!

“နဉ်ရှီ.. နဉ်ရှီက မစ္စတာချန်းနဲ့ လက်မထပ်ချင်သေးတာလား..?”

ဒီသတင်းထောက်က ဘယ်ကုမ္ပဏီကလဲ..? ဘာကိစ္စ သူများသမီးရည်းစားကို သွေးခွဲချင်တဲ့ လေသံမျိုးနဲ့ ပြောနေရတာလဲ..? ဘာလို့ ဒီလိုမေးခွန်းမျိုး မေးလာရတာလဲ..?

ကျန်းချင်းယွင်က မျက်မှောင်ကြုတ်ကာ ထိုသတင်းထောက်ကို အကဲခတ်လိုက်သည်။

နဉ်ရှီ၏အပြုံးက တောက်ပမြဲ တောက်ပဆဲ။ သူမက ပြန်ဖြေလိုက်သည်။

“သူ့သဘာဝအတိုင်း ဖြစ်ပျက်သွားတာ အကောင်းဆုံးပါပဲ..”

ချန်းရှီကွေ့က ပြုံးရယ်ကာ ခေါင်းညိတ်လိုက်၏။ နဉ်ရှီ၏အဖြေကြောင့် စိတ်ဆိုးသွားပုံမပေါ်ချေ။ သတင်းထောက်လည်း ထိုမေးခွန်းဖြင့် သတင်းရှာလို့မရနိုင်မှန်း သိလိုက်ရသဖြင့် လက်လျော့သွားလေသည်။

“ဟုတ်ပါပြီ.. အားလုံးကို ကျေးဇူးတင်ပါတယ်.. နဉ်ရှီက အခုမှ နေပြန်ကောင်းခါစဆိုတော့ အနားယူရဦးမယ်.. အားလုံးကို ထပ်ပြီး ကျေးဇူးတင်ပါတယ်နော်..”

ကျန်းချင်းယွင်နှင့် ဘော်ဒီဂတ်များက သတင်းထောက်များကို ဘေးဖယ်ကာ ချန်းရှီကွေ့နှင့်နဉ်ရှီတို့ ကားထဲဝင်နိုင်ရန် လမ်းဖွင့်ပေးလိုက်သည်။ သူတို့ကား ထွက်သွားတော့မှ ကျန်းချင်းယွင်လည်း တခြားကားတစ်စီးရှိရာသို့ ဦးတည်လိုက်တော့သည်။

ကျန်ရစ်ခဲ့သော သတင်းထောက်များသည်လည်း စိတ်ဓာတ်ကျစရာမရှိပေ။ ယခုအင်တာဗျူးက သူတို့အတွက် သတင်းတင်ရန် လုံလောက်နေချေပြီ။

‘လူချမ်းသာဥက္ကဋ္ဌကြီးရဲ့ နဉ်ရှီအပေါ် မယိုင်မလဲတဲ့အချစ်..” “နဉ်ရှီ - အလွယ်လမ်းမလိုက်ဘဲ အမှီအခိုကင်းတဲ့ အမျိုးသမီး..” “အချစ်စစ်က လူတွေရဲ့နှလုံးသားကို လှုပ်ခတ်သွားစေတယ်..” စသည်ဖြင့် သတင်းခေါင်းစဉ်များ အပြိုင်အဆိုင် စဉ်းစားကြရင်း သူတို့၏ ကလောင်စွမ်းရည်ဖြင့် သတင်းဆောင်းပါးများ အပြေးပြန်ရေးရန် မစောင့်နိုင်ကြတော့ပေ။

ထိုနေ့ညက အင်တာဗျူးနေသည့် ဗီဒီယိုဖိုင် တက်လာသည်။ ချန်းရှီကွေ့က နဉ်ရှီအား ကာကွယ်ပေးထားသည့် ဗီဒီယိုဖိုင်ကို လူပေါင်းများစွာ repost ပြန်တင်ကြပြီး ပရိသတ်များလည်း စုံတွဲ၏ ရက်ရက်စက်စက် ခွေးစာကျွေးမှုကြောင့် အော်ဟစ်နေကြတော့သည်။

လက်ထပ်ကိစ္စအကြောင်း သတိပြုမိသူများလည်း ရှိလာသည်။ အစကတော့ လူအများဟာ နဉ်ရှီဘက်မှ ချန်းရှီကွေ့ကို အပိုင်ဖမ်းထားခြင်းဟု ထင်မြင်နေကြပြီး အင်တာဗျူးထွက်လာတော့မှ ဆန့်ကျင်ဘက်ဖြစ်နေကြောင်း သိလိုက်ကြရသည်။

နဉ်ရှီက လူချမ်းသာအမျိုးသားကို လက်မလွှတ်နိုင်ဖြစ်နေတာလို့ ဘယ်သူပြောလဲ..? လူချမ်းသာအမျိုးသားကမှ သူ့နှလုံးသားထဲက နတ်ဘုရားမလေးကို အောင်အောင်မြင်မြင်နဲ့ ချစ်ရေးဆိုနိုင်လိုက်တာ အသိသာကြီး။ သူက ဂရုတစိုက် ကာကွယ်ပေးပြီး ချစ်ပေး၊ အလိုလိုက်ပေးနေတာ။ နတ်ဘုရားမလေးကို လက်ထပ်ဖို့တောင် မစောင့်နိုင်တော့ဘူး..!

ပရိသတ်များ : နတ်ဘုရားမဆိုတာ ဒါပဲ..!

***

နဉ်ရှီ ဆေးရုံတက်နေရတာကြောင့် ရိုက်ကူးရေးဘက်တွင် ရက်အနည်းငယ် နှောင့်နှေးသွားသော်လည်း ‘ကံကောင်းခြင်းတွေ ရောက်လာခဲ့ပြီ’ ဇာတ်ကားကို အောင်အောင်မြင်မြင် အပြီးသတ်နိုင်ခဲ့လေ၏။ ရိုက်ကူးရေးပြီးဆုံးသည့် အထိမ်းအမှတ်အနေဖြင့် ညစာစားပြီးနောက် အဖွဲ့သားများလည်း အသီးသီး လမ်းခွဲလိုက်ကြသည်။

ထိုရိုက်ကူးရေးပြီးနောက် နဉ်ရှီသည် ကြော်ငြာတစ်ခုနှင့် Talk Show နှစ်ခုကိုသာ လက်ခံခဲ့သည်။ ထို့နောက်တွင်မူ စိတ်အေးလက်အေး အနားယူနေတော့သည်။

ကျန်းချင်းယွင်တစ်ယောက် Reality Show အသစ်၏ ဖိတ်ကြားလွှာများကို ယူဆောင်လာခဲ့ချိန် နဉ်ရှီကတော့ ဥယျာဉ်ထဲတွင် စိတ်အေးလက်အေးထိုင်၍ လက်ဖက်ရည်ကြမ်း သောက်နေခဲ့သည်။ ထိုမြင်ကွင်းကိုကြည့်ပြီး အလုပ်ပိနေသော ကျန်းချင်းယွင်ခမျာ မနာလိုဖြစ်သွားရသည်အထိ။

“ဘာလို့ Reality Show တွေ ဒီလောက်အများကြီး ရှိနေရတာလဲ..?” နဉ်ရှီက စာရွက်များကို လှန်ကြည့်ရင်း‌ မေးလိုက်သည်။ “အဲ့တာဆို ပရိသတ်တွေက ဘယ် Show ကြည့်ရမှာလဲ..?”

“ပရိသတ်တွေ ဘယ် Show ကြည့်မလဲဆိုတာက ထုတ်လုပ်ရေးအဖွဲ့ရဲ့ မားကတ်တင်းနဲ့ ဧည့်သည်တွေရဲ့ တင်ဆက်မှုအပေါ် မူတည်နေတာ..” ကျန်းချင်းယွင်က လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီး မျက်လုံးများ တောက်ပသွား၏။ “ဒီလက်ဖက်ရည်က ကောင်းလိုက်တာ.!”

နဉ်ရှီက ကမ်းလှမ်းမှုများထဲမှ တစ်ခုကိုယူကာ ဖြည်းဖြည်းချင်း ဖတ်ကြည့်လိုက်သည်။ “ဒါနဲ့ ဟုတ်သားပဲ.. အစ်ကိုကျန်း.. နိုင်ငံခြားရုပ်ရှင်တစ်ခု ညီမတို့နိုင်ငံမှာ လာပြမှာဆို..?”

“The Unrivalled 2 ကို ပြောတာလား..?” ကျန်းချင်းယွင်က နဉ်ရှီကိုင်ထားသော ဖိတ်ကြားလွှာကို ချောင်းကြည့်လိုက်သည်။ သိပ်မကြာခင် ရိုက်ကူးတော့မည့် Show တစ်ခုပင်။ အမျိုးသားရုပ်သံဌာနမှ ထုတ်လွှင့်မှာဖြစ်ပြီး အတော်လေး စိတ်ဝင်စားစရာ ကောင်းသည်။ အပိုင်းတစ်ခုချင်းစီ၏ ငွေကြေးသုံးစွဲမှုက တခြားရုပ်သံများထက် သုံးပုံတစ်ပုံခန့် လျော့နည်းသော်လည်း ဧည့်သည်များကိုတော့ စံနှုန်းမြင့်မြင့်ထားပြီး ဖိတ်ကြားတတ်သည်။

“ဟုတ်တယ်..” နဉ်ရှီက ခေါင်းညိတ်ကာ.. “အဲ့ရုပ်ရှင်..”

“အဲ့တာဆို အမှန်ပဲ.. အောင်မြင်နေတဲ့ ရုပ်ရှင်ဆိုတော့ ပြည်တွင်းရုပ်ရှင်တွေအားလုံး လောင်းရိပ်မိမှာစိုးပြီး အဲ့ရုပ်ရှင်နဲ့ တစ်ချိန်တည်း မထုတ်လွှင့်မိအောင် လက်ရှောင်နေကြတာလေ..” ကျန်းချင်းယွင်က စပ်စပ်စုစုဖြင့် မေးလိုက်သည်။ “အဲ့အကြောင်း ဘာလို့မေးနေတာလဲ..?”

“ဒီအတိုင်း မေးကြည့်ရုံပါ..” နဉ်ရှီက အမျိုးသားရုပ်သံဌာနမှ ဖိတ်ကြားလွှာကို လက်ဖြင့်ပုတ်ရင်း.. “ဒီတစ်ခု ရွေးလိုက်ကြတာပေါ့..”

“မဆိုးဘူး.. ဒါက အမျိုးသားရုပ်သံဌာနရဲ့ ပထမဆုံး Outdoor show ဆိုတော့ လိုအပ်ချက်တွေ ရှိလာနိုင်ပေမယ့် ဘာပဲပြောပြော အမျိုးသားရုပ်သံဌာနပဲလေ.. Rating သိပ်မကောင်းရင်တောင် အနည်းဆုံးတော့ သူတို့ Show မှာ ပါနိုင်ခဲ့သေးတာပေါ့..” ကျန်းချင်းယွင် ရှေ့နှစ်လမ်းတိုးရန် နောက်တစ်လှမ်းဆုတ်သင့်မှန်း သိနေသည်။ “နောက်မှ ထုတ်လုပ်ရေးအဖွဲ့နဲ့ ဆက်သွယ်လိုက်မယ်..”

“အစ်ကိုကျန်းကို အလုပ်ရှုပ်ခိုင်းရတော့မှာပဲ..”

နဉ်ရှီက သူမ,မန်နေဂျာ၏ လုပ်ရည်ကိုင်ရည်နှင့် ယုံကြည်အားကိုးရမှုအပေါ် စိတ်ချထားပြီးသားပင်။

“အဲ့လောက် ယဉ်ကျေးနေစရာမလိုဘူး..” ကျန်းချင်းယွင်က ကျန်ဖိတ်ကြားလွှာများကို သိမ်းဆည်းလိုက်သည်။ “အာ.. ဒါနဲ့ The Unrivalled 2 ကို စိတ်ဝင်စားတယ်ဆိုရင် အဲ့ရုပ်ရှင်ရဲ့ အဓိကသရုပ်ဆောင်တချို့ ဒီမှာလာပြီး ပရိုမိုးရှင်းဆင်းမလို့တဲ့.. ဝန်ထမ်းတံဆိပ် လိုချင်လား..?”

The Unparalled 2 မှ သရုပ်ဆောင်များသည် ကမ္ဘာကျော်သရုပ်ဆောင်များ ဖြစ်ပေ၏။ ထို့ကြောင့် ပြည်တွင်းအနုပညာရှင်များလည်း သူတို့၏ ပရိသတ်များ ဖြစ်နေတတ်သည်မှာ မထူးဆန်းပါချေ။ တချို့သရုပ်ဆောင်များဆိုလျှင် ပရိုမိုးရှင်းပွဲပြီးသည်နှင့် ကမ္ဘာကျော်များနှင့် ဓာတ်ပုံတွဲရိုက်ရင်၊ လက်မှတ်တောင်းရန် ကြိုးပမ်းနေကြလေသည်။

“ရတယ်..” နဉ်ရှီက ကျန်းချင်းယွင်ကို ပြုံးပြလိုက်ရင်း.. “တနင်္လာနေ့ အလုပ်အားအောင်ပဲ ညီမကို ကူညီပေး..”

“တနင်္လာနေ့မှာ လုပ်စရာရှိလို့လား..?”

“ဟုတ်တယ်.. သူငယ်ချင်းတစ်ယောက်နဲ့ သွားတွေ့မလို့..”

ကျန်းချင်းယွင်၏ စိတ်ထဲ နဉ်ရှီ၏ အပြုံးက ထူးဆန်းနေသလို ခံစားလိုက်ရဿည်။ သို့သော် ဘာဘာညာညာ လျှောက်မတွေးဘဲ ခေါင်းညိတ်ပြလိုက်သည်။

ဘာပဲပြောပြော နဉ်ရှီရဲ့ အချိန်စာရင်းက သိပ်မကျပ်ဘူးလေ။ တစ်ရက်လောက် အားလပ်ရက်ယူတာ ကိစ္စမရှိပါဘူး..!

…………………………………………..

[Zawgyi]

အပိုင္း - (၆၈/၂)

ဓာတ္ေလွကားထဲမွ ထြက္လာရံုသာရိွေသးသည္၊ ျဖတ္သြားျဖတ္လာလို ရုပ္ဖ်က္ထားရာမွ သူတို႔ဆီ ေျပးလာေနေသာ သတင္းေထာက္တခ်ိဳ႕ကို က်န္းခ်င္းယြင္ ျမင္လိုက္ရေလ၏။ ခ်က္ခ်င္းဆိုသလို ဖုန္း၊ recorder pen ႏွင့္ ကင္မရာအေသးေလးမ်ား သူတို႔ကို ဝန္းရံလာခဲ့သည္။

“အားလံုးပဲ.. ေက်းဇူးျပဳျပီး လမ္းဖယ္ေပးပါ.. ဒါက ဓာတ္ေလွကားဝင္ေပါက္ပါ.. ကိစၥတစ္ခုခုရိွရင္ အျပင္မွာ ဆက္ေျပာလို႔ရပါတယ္.. အားလံုးပဲ ေက်းဇူးပါ..” က်န္းခ်င္းယြင္ႏွင့္ ေဘာ္ဒီဂတ္မ်ားက နဉ္ရွီကို ကာကြယ္ေပးထားၿပီး သတင္းေထာက္မ်ားကို ဓာတ္ေလွကားအနား ကပ္ခြင့္မေပးခဲ့ေပ။

ကံေကာင္းေထာက္မစြာျဖင့္ သတင္းေထာက္မ်ားကလည္း ေဆးရံုထဲေရာက္ေနမွန္း နားလည္ၾကၿပီး ဆူဆူညံညံ သိပ္မလုပ္ခဲ့ေပ။ ေဆးရံုအျပင္ဘက္ထိ ေကာင္းေကာင္းမြန္မြန္ လိုက္လာၾကၿပီးေနာက္ စံုတြဲကို ေမးခြန္းမ်ားျဖင့္ စတင္ပစ္ေပါက္ၾကေတာ့သည္။

သို႔ေသာ္ ထိုသတင္းေထာက္မ်ားသည္ အတိုင္းအတာ သိၾကေသး၏။ စိတ္ညစ္ၫူးေစမၫ့္ ေမးခြန္းမ်ိဳး မေမးၾကေပ။ သူတို႔ေမးသမ်ွက နဉ္ရွီ၏ ရုပ္ရွင္အသစ္အေၾကာင္း၊ ေဆးရံုတက္ရသၫ့္ အေၾကာင္းအရင္းႏွင့္ လက္ထပ္ရန္ အစီအစဉ္ရိွမရိွ၊ စသည္တို႔သာ။

သတင္းေထာက္တစ္ေယာက္က ခ်န္းရွီေကြ့သည္ နဉ္ရွီကို တစ္ခ်ိန္လံုး ရင္ခြင္ထဲထၫ့္ထားၿပီး မိုက္ကရိုဖုန္းႏွင့္ Recorder pen မ်ား အနားကပ္ခြင့္မျပဳေၾကာင္း သတိျပဳမိသြားသည္။ ခ်န္းရွီေကြ့၏ အျပဳအမူ၊ နဉ္ရွီအား ကာကြယ္ေပးေနသၫ့္ မ်က္ႏွာထားကို ၾကၫ့္ၿပီး အေျခအေနတစ္ရပ္လံုးကို သေဘာေပါက္လိုက္၏။ သို႔ႏွင့္ ထိုအျခင္းအရာကို သတင္းတင္ရန္ မွတ္သားထားလိုက္သည္။

“မစၥတာခ်န္း.. နဉ္ရွီနဲ႔ မစၥတာခ်န္းတို႔ သိပ္မၾကာခင္ လက္ထပ္ေတာ့မယ္လို႔ သတင္းထြက္ေနတာေလ.. အမွန္ပဲလားခင္ဗ်..?”

နဉ္ရွီ ေဝ့လည္ေၾကာင္ပတ္ ေျဖေနတာကို သတင္းေထာက္တစ္ေယာက္ သတိျပဳမိသြားသည္။ သူမက ေမးခြန္းမ်ားကို ျပန္ေျဖေပးေနေသာ္လည္း တကယ္တမ္းတြင္ မည္သၫ့္အေရးႀကီးကိစၥမ်ွ ထုတ္မေျပာသြားေပ။ သို႔ႏွင့္ ထိုသူလည္း ခ်န္းရွီေကြ့ကို ပစ္မွတ္ထားရန္ ဆံုးျဖတ္လိုက္ေလသည္။

“ရွီရွီ႔အတြက္ စိုးရိမ္ေပးၾကသူအားလံုးကို ေက်းဇူးတင္ပါတယ္.. လက္ထပ္မယ့္ကိစၥကိုေတာ့….” ခ်န္းရွီေကြ့က ရယ္လိုက္ရင္း နဉ္ရွီအား လွၫ့္ၾကၫ့္ကာ.. “ကြၽန္ေတာ့္စိတ္အတိုင္းသာဆိုရင္ မနက္ျဖန္ေတာင္ လက္ထပ္ခ်င္ေနတာ.. ဒါေပမဲ့ နဉ္ရွီရဲ့ဆႏၵကို အေလးထားမွာပါ..”

အို႔… ဒီသေဘာက ခ်န္းရွီေကြ့က လက္ထပ္ခ်င္ေနေပမယ့္ နဉ္ရွီက ဆႏၵမရိွေသးဘူးဆိုတဲ့ အဓိပၸါယ္မဟုတ္လား..?

တျခားအႏုပညာရွင္ေတြကေတာ့ ခ်မ္းသာတဲ့မိသားစုထဲ လက္ထပ္ဝင္ႏိုင္ေအာင္ အေသအေၾက ႀကိဳးစားေနလိုက္ၾကတာ။ ဒီမွာေတာ့ လူခ်မ္းသာဘက္က လက္ထပ္ခြင့္ေတာင္းေနေပမယ့္ နဉ္ရွီက သေဘာမတူေသးဘူးတဲ့..!

“နဉ္ရွီ.. နဉ္ရွီက မစၥတာခ်န္းနဲ႔ လက္မထပ္ခ်င္ေသးတာလား..?”

ဒီသတင္းေထာက္က ဘယ္ကုမၸဏီကလဲ..? ဘာကိစၥ သူမ်ားသမီးရည္းစားကို ေသြးခြဲခ်င္တဲ့ ေလသံမ်ိဳးနဲ႔ ေျပာေနရတာလဲ..? ဘာလို႔ ဒီလိုေမးခြန္းမ်ိဳး ေမးလာရတာလဲ..?

က်န္းခ်င္းယြင္က မ်က္ေမွာင္ၾကဳတ္ကာ ထိုသတင္းေထာက္ကို အကဲခတ္လိုက္သည္။

နဉ္ရွီ၏အၿပံဳးက ေတာက္ပၿမဲ ေတာက္ပဆဲ။ သူမက ျပန္ေျဖလိုက္သည္။

“သူ႔သဘာဝအတိုင္း ျဖစ္ပ်က္သြားတာ အေကာင္းဆံုးပါပဲ..”

ခ်န္းရွီေကြ့က ၿပံဳးရယ္ကာ ေခါင္းညိတ္လိုက္၏။ နဉ္ရွီ၏အေျဖၾကောင့္ စိတ္ဆိုးသြားပံုမေပၚေခ်။ သတင္းေထာက္လည္း ထိုေမးခြန္းျဖင့္ သတင္းရွာလို႔မရႏိုင္မွန္း သိလိုက္ရသျဖင့္ လက္ေလ်ာ့သြားေလသည္။

“ဟုတ္ပါၿပီ.. အားလံုးကို ေက်းဇူးတင္ပါတယ္.. နဉ္ရွီက အခုမွ ေနျပန္ေကာင္းခါစဆိုေတာ့ အနားယူရဦးမယ္.. အားလံုးကို ထပ္ၿပီး ေက်းဇူးတင္ပါတယ္ေနာ္..”

က်န္းခ်င္းယြင္ႏွင့္ ေဘာ္ဒီဂတ္မ်ားက သတင္းေထာက္မ်ားကို ေဘးဖယ္ကာ ခ်န္းရွီေကြ့ႏွင့္နဉ္ရွီတို႔ ကားထဲဝင္ႏိုင္ရန္ လမ္းဖြင့္ေပးလိုက္သည္။ သူတို႔ကား ထြက္သြားေတာ့မွ က်န္းခ်င္းယြင္လည္း တျခားကားတစ္စီးရိွရာသို႔ ဦးတည္လိုက္ေတာ့သည္။

က်န္ရစ္ခဲ့ေသာ သတင္းေထာက္မ်ားသည္လည္း စိတ္ဓာတ္က်စရာမရိွေပ။ ယခုအင္တာဗ်ူးက သူတို႔အတြက္ သတင္းတင္ရန္ လံုေလာက္ေနေခ်ၿပီ။

‘လူခ်မ္းသာဥကၠ႒ႀကီးရဲ့ နဉ္ရွီအေပၚ မယိုင္မလဲတဲ့အခ်စ္..” “နဉ္ရွီ - အလြယ္လမ္းမလိုက္ဘဲ အမွီအခိုကင္းတဲ့ အမ်ိဳးသမီး..” “အခ်စ္စစ္က လူေတြရဲ့ႏွလံုးသားကို လႈပ္ခတ္သြားေစတယ္..” စသည္ျဖင့္ သတင္းေခါင္းစဉ္မ်ား အၿပိဳင္အဆိုင္ စဉ္းစားၾကရင္း သူတို႔၏ ကေလာင္စြမ္းရည္ျဖင့္ သတင္းေဆာင္းပါးမ်ား အေျပးျပန္ေရးရန္ မေစာင့္ႏိုင္ၾကေတာ့ေပ။

ထိုေန့ညက အင္တာဗ်ူးေနသၫ့္ ဗီဒီယိုဖိုင္ တက္လာသည္။ ခ်န္းရွီေကြ့က နဉ္ရွီအား ကာကြယ္ေပးထားသၫ့္ ဗီဒီယိုဖိုင္ကို လူေပါင္းမ်ားစြာ repost ျပန္တင္ၾကၿပီး ပရိသတ္မ်ားလည္း စံုတြဲ၏ ရက္ရက္စက္စက္ ေခြးစာေကြၽးမႈေၾကာင့္ ေအာ္ဟစ္ေနၾကေတာ့သည္။

လက္ထပ္ကိစၥအေၾကာင္း သတိျပဳမိသူမ်ားလည္း ရိွလာသည္။ အစကေတာ့ လူအမ်ားဟာ နဉ္ရွီဘက္မွ ခ်န္းရွီေကြ့ကို အပိုင္ဖမ္းထားျခင္းဟု ထင္ျမင္ေနၾကၿပီး အင္တာဗ်ူးထြက္လာေတာ့မွ ဆန႔္က်င္ဘက္ျဖစ္ေနေၾကာင္း သိလိုက္ၾကရသည္။

နဉ္ရွီက လူခ်မ္းသာအမ်ိဳးသားကို လက္မလႊတ္ႏိုင္ျဖစ္ေနတာလို႔ ဘယ္သူေျပာလဲ..? လူခ်မ္းသာအမ်ိဳးသားကမွ သူ႔ႏွလံုးသားထဲက နတ္ဘုရားမေလးကို ေအာင္ေအာင္ျမင္ျမင္နဲ႔ ခ်စ္ေရးဆိုႏိုင္လိုက္တာ အသိသာႀကီး။ သူက ဂရုတစိုက္ ကာကြယ္ေပးၿပီး ခ်စ္ေပး၊ အလိုလိုက္ေပးေနတာ။ နတ္ဘုရားမေလးကို လက္ထပ္ဖို႔ေတာင္ မေစာင့္ႏိုင္ေတာ့ဘူး..!

ပရိသတ္မ်ား : နတ္ဘုရားမဆိုတာ ဒါပဲ..!

***

နဉ္ရွီ ေဆးရံုတက္ေနရတာေၾကာင့္ ရိုက္ကူးေရးဘက္တြင္ ရက္အနည္းငယ္ ေနွာင့္ေနွးသြားေသာ္လည္း ‘ကံေကာင္းျခင္းေတြ ေရာက္လာခဲ့ၿပီ’ ဇာတ္ကားကို ေအာင္ေအာင္ျမင္ျမင္ အၿပီးသတ္ႏိုင္ခဲ့ေလ၏။ ရိုက္ကူးေရးၿပီးဆံုးသၫ့္ အထိမ္းအမွတ္အေနျဖင့္ ညစာစားၿပီးေနာက္ အဖြဲ႔သားမ်ားလည္း အသီးသီး လမ္းခြဲလိုက္ၾကသည္။

ထိုရိုက္ကူးေရးၿပီးေနာက္ နဉ္ရွီသည္ ေၾကာ္ျငာတစ္ခုႏွင့္ Talk Show ႏွစ္ခုကိုသာ လက္ခံခဲ့သည္။ ထို႔ေနာက္တြင္မူ စိတ္ေအးလက္ေအး အနားယူေနေတာ့သည္။

က်န္းခ်င္းယြင္တစ္ေယာက္ Reality Show အသစ္၏ ဖိတ္ၾကားလႊာမ်ားကို ယူေဆာင္လာခဲ့ခ်ိန္ နဉ္ရွီကေတာ့ ဥယ်ာဉ္ထဲတြင္ စိတ္ေအးလက္ေအးထိုင္၍ လက္ဖက္ရည္ၾကမ္း ေသာက္ေနခဲ့သည္။ ထိုျမင္ကြင္းကိုၾကၫ့္ၿပီး အလုပ္ပိေနေသာ က်န္းခ်င္းယြင္ခမ်ာ မနာလိုျဖစ္သြားရသည္အထိ။

“ဘာလို႔ Reality Show ေတြ ဒီေလာက္အမ်ားႀကီး ရိွေနရတာလဲ..?” နဉ္ရွီက စာရြက္မ်ားကို လွန္ၾကၫ့္ရင္း‌ ေမးလိုက္သည္။ “အဲ့တာဆို ပရိသတ္ေတြက ဘယ္ Show ၾကၫ့္ရမွာလဲ..?”

“ပရိသတ္ေတြ ဘယ္ Show ၾကၫ့္မလဲဆိုတာက ထုတ္လုပ္ေရးအဖြဲ႔ရဲ့ မားကတ္တင္းနဲ႔ ဧၫ့္သည္ေတြရဲ့ တင္ဆက္မႈအေပၚ မူတည္ေနတာ..” က်န္းခ်င္းယြင္က လက္ဖက္ရည္တစ္ငံု ေသာက္လိုက္ၿပီး မ်က္လံုးမ်ား ေတာက္ပသြား၏။ “ဒီလက္ဖက္ရည္က ေကာင္းလိုက္တာ.!”

နဉ္ရွီက ကမ္းလွမ္းမႈမ်ားထဲမွ တစ္ခုကိုယူကာ ျဖည္းျဖည္းခ်င္း ဖတ္ၾကၫ့္လိုက္သည္။ “ဒါနဲ႔ ဟုတ္သားပဲ.. အစ္ကိုက်န္း.. ႏိုင္ငံျခားရုပ္ရွင္တစ္ခု ညီမတို႔ႏိုင္ငံမွာ လာျပမွာဆို..?”

“The Unrivalled 2 ကို ေျပာတာလား..?” က်န္းခ်င္းယြင္က နဉ္ရွီကိုင္ထားေသာ ဖိတ္ၾကားလႊာကို ေခ်ာင္းၾကၫ့္လိုက္သည္။ သိပ္မၾကာခင္ ရိုက္ကူးေတာ့မၫ့္ Show တစ္ခုပင္။ အမ်ိဳးသားရုပ္သံဌာနမွ ထုတ္လႊင့္မွာျဖစ္ၿပီး အေတာ္ေလး စိတ္ဝင္စားစရာ ေကာင္းသည္။ အပိုင္းတစ္ခုခ်င္းစီ၏ ေငြေၾကးသံုးစြဲမႈက တျခားရုပ္သံမ်ားထက္ သံုးပံုတစ္ပံုခန႔္ ေလ်ာ့နည္းေသာ္လည္း ဧၫ့္သည္မ်ားကိုေတာ့ စံႏႈန္းျမင့္ျမင့္ထားၿပီး ဖိတ္ၾကားတတ္သည္။

“ဟုတ္တယ္..” နဉ္ရွီက ေခါင္းညိတ္ကာ.. “အဲ့ရုပ္ရွင္..”

“အဲ့တာဆို အမွန္ပဲ.. ေအာင္ျမင္ေနတဲ့ ရုပ္ရွင္ဆိုေတာ့ ျပည္တြင္းရုပ္ရွင္ေတြအားလံုး ေလာင္းရိပ္မိမွာစိုးၿပီး အဲ့ရုပ္ရွင္နဲ႔ တစ္ခ်ိန္တည္း မထုတ္လႊင့္မိေအာင္ လက္ေရွာင္ေနၾကတာေလ..” က်န္းခ်င္းယြင္က စပ္စပ္စုစုျဖင့္ ေမးလိုက္သည္။ “အဲ့အေၾကာင္း ဘာလို႔ေမးေနတာလဲ..?”

“ဒီအတိုင္း ေမးၾကၫ့္ရံုပါ..” နဉ္ရွီက အမ်ိဳးသားရုပ္သံဌာနမွ ဖိတ္ၾကားလႊာကို လက္ျဖင့္ပုတ္ရင္း.. “ဒီတစ္ခု ေရြးလိုက္ၾကတာေပါ့..”

“မဆိုးဘူး.. ဒါက အမ်ိဳးသားရုပ္သံဌာနရဲ့ ပထမဆံုး Outdoor show ဆိုေတာ့ လိုအပ္ခ်က္ေတြ ရိွလာႏိုင္ေပမယ့္ ဘာပဲေျပာေျပာ အမ်ိဳးသားရုပ္သံဌာနပဲေလ.. Rating သိပ္မေကာင္းရင္ေတာင္ အနည္းဆံုးေတာ့ သူတို႔ Show မွာ ပါႏိုင္ခဲ့ေသးတာေပါ့..” က်န္းခ်င္းယြင္ ေရ႔ွႏွစ္လမ္းတိုးရန္ ေနာက္တစ္လွမ္းဆုတ္သင့္မွန္း သိေနသည္။ “ေနာက္မွ ထုတ္လုပ္ေရးအဖြဲ႔နဲ႔ ဆက္သြယ္လိုက္မယ္..”

“အစ္ကိုက်န္းကို အလုပ္ရႈပ္ခိုင္းရေတာ့မွာပဲ..”

နဉ္ရွီက သူမ,မန္ေနဂ်ာ၏ လုပ္ရည္ကိုင္ရည္ႏွင့္ ယံုၾကည္အားကိုးရမႈအေပၚ စိတ္ခ်ထားၿပီးသားပင္။

“အဲ့ေလာက္ ယဉ္ေက်းေနစရာမလိုဘူး..” က်န္းခ်င္းယြင္က က်န္ဖိတ္ၾကားလႊာမ်ားကို သိမ္းဆည္းလိုက္သည္။ “အာ.. ဒါနဲ႔ The Unrivalled 2 ကို စိတ္ဝင္စားတယ္ဆိုရင္ အဲ့ရုပ္ရွင္ရဲ့ အဓိကသရုပ္ေဆာင္တခ်ိဳ႕ ဒီမွာလာၿပီး ပရိုမိုးရွင္းဆင္းမလို႔တဲ့.. ဝန္ထမ္းတံဆိပ္ လိုခ်င္လား..?”

The Unparalled 2 မွ သရုပ္ေဆာင္မ်ားသည္ ကမ႓ာေက်ာ္သရုပ္ေဆာင္မ်ား ျဖစ္ေပ၏။ ထို႔ေၾကာင့္ ျပည္တြင္းအႏုပညာရွင္မ်ားလည္း သူတို႔၏ ပရိသတ္မ်ား ျဖစ္ေနတတ္သည္မွာ မထူးဆန္းပါေခ်။ တခ်ိဳ႕သရုပ္ေဆာင္မ်ားဆိုလ်ွင္ ပရိုမိုးရွင္းပြဲၿပီးသည္ႏွင့္ ကမ႓ာေက်ာ္မ်ားႏွင့္ ဓာတ္ပံုတြဲရိုက္ရင္၊ လက္မွတ္ေတာင္းရန္ ႀကိဳးပမ္းေနၾကေလသည္။

“ရတယ္..” နဉ္ရွီက က်န္းခ်င္းယြင္ကို ၿပံဳးျပလိုက္ရင္း.. “တနလၤာေန့ အလုပ္အားေအာင္ပဲ ညီမကို ကူညီေပး..”

“တနလၤာေန့မွာ လုပ္စရာရိွလို႔လား..?”

“ဟုတ္တယ္.. သူငယ္ခ်င္းတစ္ေယာက္နဲ႔ သြားေတြ့မလို႔..”

က်န္းခ်င္းယြင္၏ စိတ္ထဲ နဉ္ရွီ၏ အၿပံဳးက ထူးဆန္းေနသလို ခံစားလိုက္ရႆည္။ သို႔ေသာ္ ဘာဘာညာညာ ေလ်ွာက္မေတြးဘဲ ေခါင္းညိတ္ျပလိုက္သည္။

ဘာပဲေျပာေျပာ နဉ္ရွီရဲ့ အခ်ိန္စာရင္းက သိပ္မက်ပ္ဘူးေလ။ တစ္ရက္ေလာက္ အားလပ္ရက္ယူတာ ကိစၥမရိွပါဘူး..!

…………………………………………..

Continue Reading

You'll Also Like

238K 25.9K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
168K 21.6K 58
အမြှောက်စာဇတ်ကောင်ထဲကို ကူးပြောင်းလာရင်သူမဘာလုပ်သင့်လဲ? သူမပထမဆုံးလုပ်မှာကတော့ မူလကိုယ်ဆီမှာတင်နေတဲ့အကြွေးတွေအကုန်လုံးကို ပျော်ပျော်ကြီး ပြန်ဆပ်မည်။ ...
63.5K 3.7K 90
Title The eunuch is pregnant Type Web Novel (CN) Genre Adult Comedy Fantasy Gender Bender Historical Josei Mature Romance Author(s) Zui Meng Qing Ku...