[Unicode]
ဆေးရုံလျှောက်လမ်းက ရှည်လျားလွန်းလို့ နဉ်ရှီအဆုံးထိမမြင်ရပေ။ သို့ပေမယ့် သူမခေါင်းထောင်လိုက်ချိန် “အရေးပေါ် ” ဆိုသည့် စာလုံးတွေကို တွေ့လိုက်ရ၏။ အလင်းရောင်ငြိမ်းသတ်သွားချိန် လူတစ်ယောက်ကို အခန်းထဲမှ သယ်ထုတ်လာကြ၏။
“မင်းချစ်ရသူကိုဆုံးရှုံးသွားရတဲ့အတွက် ထပ်တူစိတ်မကောင်းဖြစ်ရပါတယ်”
နဥ်ရှီက ကုတင်ထက်တွင်လှဲလျောင်းနေသောလူကို မှင်သက်စွာစိုက်ကြည့်နေ၏။ ထိုလူကြီး၏မျက်နှာထက်တွင် သွေးအစွန်းအစတွေ ကျန်ရစ်နေဆဲပင်။ သူဝတ်လေ့ရှိသည့် မျက်မှန်လည်း မရှိနေပါချေ။
“ဖေဖေ...”
သူမ ထိုလူကြီး၏အနားတိုး၍သွားချင်သော်လည်း သူနာပြုက သူ့မျက်နှာကို အဝတ်ဖြူနှင့်ဖုံးအုပ်လိုက်၏။
“ဖေဖေ!”
သူမရှေ့ကိုတိုးသွားပေမယ့် လှေကားပေါ်မှကျသွား၏။ သူမဘေးနားဝိုင်းနေသည့်လူတွေက သူမကိုလက်ညှိုးထိုးလာကြတော့သည်။
“သနားစရာကောင်းလိုက်တာ...ခုနက တိုက်ပေါ်ကခုန်ချသွားတဲ့သူက သူ့အမေလား?”
“ဒီကောင်မလေးက အသက်တောင်မပြည့်သေးဘူး...”
နဉ်ရှီ ဘေးပတ်ဝန်းကျင်ကို ကြောင်အစွာ ကြည့်နေမိသည်။ သူမအရှေ့ကတံခါးပွင့်သွားချိန်မှာတော့ သူမအမေက သွေးအိုင်ထဲလဲနေ၏။ ရဲသားတစ်ယောက်က သူမအမေဆီလျှောက်လာပြီး အလောင်းအိတ်ထဲထည့်လိုက်၏။
“ဖေဖေ...မေမေ...”
နဉ်ရှီမတ်တပ်ရပ်ဖို့ကြိုးစားလိုက်သည်။ သို့ပေမယ့် ရုတ်တရက်ဆိုသလို သူမ၏လက်ကောက်ဝတ်ကို လက်နွေးနွေးတစ်ဖက်က ဆုပ်ကိုင်လာ၏။
ရုတ်တရက် သူမမျက်လုံးတွေဖွင့်လာ၏။ သူမမြင်သမျှအရာအားလုံးက အဖြူရောင်နံရံနှင့် IV holderပေါ်တွင် ချိတ်ဆွဲထားသည့် dripပုလင်းကြီးပါပင်။
[T/N: IV holderနဲ့ drip bottleက ဇာတ်ကားအကြည့်များတဲ့သူဆိုသိကြလိမ့်မယ်။ ဇာတ်ကောင်တစ်ယောက် ဆေးရုံတက်ရင် ဆေးသွင်းရတာက drip bottle နဲ့ IV holder နဲ့ကျ သွင်းနေရင်းတန်းလန်း လမ်းလျှောက်လို့ရတယ်လေ။ ဆေးပုလင်းချိတ်ထားတဲ့တိုင်မျိုးပဲ။ မျက်မှန်းတန်းမိကြမယ်ထင်တယ်။]
“မလှုပ်နဲ့အုံး...မင်းလက်ပေါ်မှာ အပ်စိုက်ထားတုန်းပဲ”
နဉ်ရှီမလှုပ်လိုက်ပေ။ သူမခေါင်းကိုလှည့်လိုက်တော့ ချန်းရှီကွေ့၏မျက်နှာကိုတွေ့လိုက်ရ၏။
“ရှီကွေ့?” သူမမျက်တောင်ခတ်လိုက်မိသည်။ ခဏအကြာတွင်မှ သူမခုနက ရိုက်ကွင်းမှာရှိနေဆဲဆိုတာကို သတိရသွား၏။ “ကျွန်မဘာလို့ဆေးရုံရောက်နေတာလဲ?”
ချန်းရှီကွေ့က ကုတင်ဘေးရှိ ခလုတ်ကိုနှိပ်လိုက်ပြီး လက်ဆန့်ကာ သူမ၏နဖူးကိုစမ်းကြည့်သည်။ သူမအဖျားကျသွားတာကို အတည်ပြုပြီးနောက် ချန်းရှီကွေ့က ကိုယ်ကိုကိုင်းလို့ သူမနဖူးကိုနမ်းလိုက်သည်။ “မင်းမနေ့က မူးလဲသွားတယ်လေ”
နဉ်ရှီထထိုင်ချင်ပေမယ့် သူမတစ်ကိုယ်လုံးကိုက်ခဲနေတာကို သတိထားမိလိုက်သည်။
“ဘာဖြစ်လို့လဲ?” ချန်းရှီကွေ့က သူမလှုပ်လှုပ်ရွရွဖြစ်နေတာကို သတိထားမိလိုက်သဖြင့် သူမထိုင်လို့ရအောင် ကူပေးလိုက်ကာ သူမသက်သောင့်သက်သာ အနားယူလို့ရစေရန် အနောက်ကနေခေါင်းအုံးတစ်လုံးခံထားပေးလိုက်သည်။
နဉ်ရှီက သန့်စင်ခန်းသွားသည့်နေရာကို ရှက်ကိုးရှက်ကန်းနှင့် ညွှန်ပြလိုက်သည်။ သူမ သန့်စင်ခန်းသုံးဖို့ တကယ်လိုနေလို့ပါနော်။
ချန်းရှီကွေ့က နဉ်ရှီ၏ရှက်ရွံ့နေသည့်အကြည့်ကြောင့် တသောသောရယ်မိတော့သည်။ သူက သူမအိပ်ရာပေါ်မှထနိုင်အောင်ကူပေးလိုက်ပြီး drip ပုလင်းကိုဖြုတ်လိုက်ကာ သူမအား သန့်စင်ခန်းသွားစေ၏။ ချန်းရှီကွေ့က Dripပုလင်းကို သန့်စင်ခန်းမှာချိတ်ထားလိုက်ပြီးနောက် ပြော၏။ “ကိုယ်အပြင်မှာစောင့်နေမယ်”
ရှင်အပြင်မှာပဲရှိနေမယ်ဆိုပေမယ့် ကျွန်မအတွက်တော့ ကသိကအောက်နိုင်နေတုန်းပဲ။
နဉ်ရှီက နှုတ်ခမ်းကိုက်လိုက်သည်။ သို့သော် ချန်းရှီကွေ့၏စိုးရိမ်နေသောအမူအရာကိုမြင်တော့ သူ့ဆန္ဒကိုလိုက်လျောပေးလိုက်တော့၏။
ရှက်ကိုးရှက်ကန်းဖြစ်နေတာကို ခေါက်ထားလိုက်ကြတာပေါ့။ အနည်းဆုံးတော့ သူမ သီးသန့်toiletတစ်ခုပါသည့် VIPအဆောင်မှာ ရှိနေတာကို ကျေးဇူးတင်ရမည်။ အများသုံးသန့်စင်ခန်းသာဖြစ်မည်ဆိုလျှင် ပိုတောင်ဆိုးနေရော့မည်။
သူမပြီးသွားလို့ အိမ်သာရေဆွဲချနေချိန် ချန်းရှီကွေ့က အပြင်မှ တံခါးခေါက်လာ၏။
“ရှီရှီ...ကိုယ်ဝင်လာလို့ရမလား?”
“အင်း” နဉ်ရှီက ခြောက်ကပ်ကပ်နိုင်စွာဖြင့် ချောင်းဟမ့်လိုက်သည်။ သူမဒီဟာနဲ့အသားကျလာအောင်.... တဖြည်းဖြည်းလုပ်ဖို့လိုနေပြီပဲ
သူမအဖျားကျသွားပြီဆိုသော်လည်း မူးဝေပြီး တစ်ကိုယ်လုံးအားနည်းနေဆဲပင်။ ချန်းရှီကွေ့က သူမကိုကုတင်ပေါ်သို့ ကူသယ်ပေးပြီး ပြောလိုက်သည်။ “ဆရာဝန်က အဆီများတဲ့အစာနဲ့ အငန်စာမစားရဘူးလို့ ပြောထားတယ်။ ပြီးရင် ကိုယ်မင်းအတွက် ဆန်ပြုတ်မှာပေးမယ်နော်”
နဉ်ရှီစားချင်စိတ်သိပ်မရှိပေမယ့် ခေါင်းညိတ်လိုက်ဆဲပင်။
မိနစ်အနည်းငယ်ကြာပြီးနောက် လူတစ်ယောက်က သူတို့၏စားစရာကို သယ်လာ၏။ ၎င်းက တန်ဖိုးကြီးသော family bento လေးပင်။
[T/N: family bento က ဂျပန်နေ့လည်စာထမင်းဘူးတစ်မျိုးပါ။ ကြည့်ပြီး ဗိုက်ဆာပါစေဆိုတဲ့ စေတနာလေးနဲ့ ပုံထည့်ပေးလိုက်တယ်။]
“ရှင်လည်း ဒါစားမှာလား?” ချန်းရှီကွေ့က ဆန်ပြုတ်နှစ်ပန်းကန်ထည့်လိုက်တာကို မြင်တော့ သူမအံ့ဩသွားရ၏
“မင်းက စားချင်စိတ်မရှိတော့ တစ်ယောက်ယောက်က မင်းနဲ့အတူစားပေးမယ်ဆိုရင် နည်းနည်းလောက်ဖြစ်ဖြစ် ပိုစားချင်လာလိမ့်မယ်လေ” ချန်းရှီကွေ့က သူမလက်ထဲသို့ ဇွန်းတစ်ချောင်းထည့်ပေးလိုက်သည်။ “အခုချိန်မှာ မင်းစားချင်စိတ်သိပ်မရှိမှာကို ကိုယ်သိပါတယ်။ ဒါပေမယ့် နည်းနည်းတော့စားလိုက်လေနော်။ ဒါမှ မင်းမြန်မြန်သက်သာလာမှာ...”
နဉ်ရှီက ဇွန်းကိုယူပြီး သူမပါးစပ်ထဲ အရသာမရှိသောဆန်ပြုတ်ကို ပါးစပ်အပြည့်ခပ်ထည့်လိုက်ပြီး ဘာမှမပြောဘဲ ပြုံးနေတော့သည်။
စကားပြော မည်မျှချိုသာပါစေ၊ အရိုးရှင်းဆုံးသော လက်တွေ့အပြုအမူကို လုံးဝမယှဥ်သာပေ။
သူတို့စားပြီးသွားတော့ နောက်ထပ်လူတစ်ယောက်က ဝင်လာပြီး သူတို့ဟင်းတွေကိုသယ်ထုတ်သွားသည်။ သူနာပြုကလည်း သူမအတွက် drip ပုလင်းလဲပေးဖို့ ဝင်လာပြန်၏။ သူမပျင်းပြီးမအိပ်နိုင်တာကို ချန်းရှီကွေ့မြင်တော့ သူမထံ ဖုန်းတစ်လုံးလွှဲပေးလိုက်သည်။ “ခဏလောက်တော့ ဖုန်းကလိနေလို့ရတယ်...ဒါပေမယ့် အရမ်းမကြာစေနဲ့”
ဒီဖုန်းက ချန်းရှီကွေ့၏ကိုယ်ရေးကိုယ်တာအတွက် သုံးသည့်ဖုန်းပင်။ Lock screen wallpaper က နတ်မိမယ်ချင်းယန်အသွင်နှင့် နဉ်ရှီ၏ပုံပင်။ သူမလော့ခ်ဖြေလိုက်တော့ wallpaper ပုံက သူမဇာတ်ညွှန်းဖတ်ရင်း ဆိုဖာပုံထိုင်နေပုံဖြစ်နေ၏။ ချန်းရှီကွေ့က ထိုပုံကို ခိုးရိုက်ထားလားဆိုတာ သူမလည်းမသေချာပေ။
နဉ်ရှီက Weiboထဲဝင်ကာ ချန်းရှီကွေ့အကောင့်ထဲဝင်လိုက်သည်။ သူမချန်းရှီကွေ့ဘက်ကိုလှည့်ကြည့်လိုက်တော့ သူ့အလုပ်ဖိုင်တွေထဲ ခေါင်းစိုက်နေတာကိုမြင်လိုက်ရသည်။
“ရှီကွေ့...” သူမ သူ့ကိုလက်ယပ်ခေါ်လိုက်သည်။ ချန်းရှီကွေ့က ဖိုင်တွေကိုချထားလိုက်ပြီး သူမဆီလျှောက်လာ၏။ “ဒီဖုန်းသုံးရတာ အသားမကျသေးလို့လား?”
နဉ်ရှီပြုံးလိုက်ကာ သူ့နက်ကတိုင်ကိုဆွဲလိုက်တော့ နှစ်ယောက်သားခေါင်းချင်းဆိုင်သွား၏။
“ကလစ်”
ပုံရိုက်ပြီးသည်နှင့် နဉ်ရှီကစပ်ဖြဲဖြဲလုပ်ကာ “ဒီနေ့ကနေ့ကောင်းလေးပဲ...ကျွန်မ ရှင့်ရဲ့ Weibo account ကို ပြောင်းသုံးမယ်”
ချန်းရှီကွေ့က အားပါးတရရယ်ပြီး သူမဆံပင်ကိုဖွလိုက်သည်။ “ဟုတ်ပါပြီဗျာ”
“ရှင့်ရဲ့ Weibo မှာ ကျွန်မပေါက်ကရလျှောက်တင်လိုက်မှာ မကြောက်ဘူးလား?” နဉ်ရှီက သူ့ကိုမျက်စောင်းထိုးလိုက်သည်။
“ကိုယ့်ရဲ့ဖြစ်တည်မှုတစ်ခုလုံး မင်းအပိုင်ဖြစ်နေပြီပဲဟာ... Weibo account လေးတစ်ခုက အဲ့ဒါနဲ့ယှဉ်နိုင်ပါ့မလား?” ချန်းရှီကွေ့က သူမလေးရဲ့နှုတ်ခမ်းကို မနမ်းမိဘဲမနေနိုင်တော့။ “မင်းတင်ချင်တာတင်လို့ရတယ်”
နဉ်ရှီက သူမရင်ဘတ်ကို ဆုပ်ကိုင်လိုက်ရာ သူမနှလုံးသားလေးက ထိန်းမနိုင်သိမ်းမရ မြန်ဆန်စွာခုန်နေတာကို ခံစားလိုက်ရသည်။
ပုံမှန်အားဖြင့် တည်ကြည်တဲ့ယောက်ျားတစ်ယောက်က စကားချိုချိုပြောလာချိန်ဟာ တကယ်ကို ကြည်နူးပျော်ရွှင်ဖွယ်ပင်။
ချန်းရှီကွေ့ : ကိုယ့်ရှီရှီက အလှဆုံးတွေထဲကမှ အလှဆုံးပဲ! [ပုံ]
အင်တာနက်သုံးစွဲသူ 1: ဟုတ်၊ ဟုတ်၊ ဟုတ်။ ဘော့စ်ရဲ့ရှီရှီက အလှဆုံးပါပဲ။ ဘော့စ်ပြောသမျှစကားတိုင်း မှန်ပါတယ်လို့။
အင်တာနက်သုံးစွဲသူ 5: ဝူးးးးးးး! ဒီခွေးစာလေးအတွက် Cheer!
………
အင်တာနက်သုံးစွဲသူ 1356: ငါဒီခွေးစာကိုပျော်ပျော်ကြီးစားနေရင်းနဲ့ ဒီပုံကိုဘော့စ်ချန်းရိုက်ထားတာမဟုတ်ဘူးလို့ ကျိန်းသေပေါက်ပြောရဲတယ်။ ပုံကို ကြည့်ကြည့်။ ဘော့စ်ချန်းရဲ့လက်တစ်ဖက်က နဉ်ရှီရဲ့ခါးတစ်ဖက်မှာရောက်နေပြီး နောက်တစ်ဖက်က ကုတင်ပေါ်ရောက်နေတာ။ သူဓာတ်ပုံရိုက်ဖို့ ဘယ်ကနေ တတိယလက်တစ်ဖက်ရလာတာလဲ?
အင်တာနက်သုံးစွဲသူ 1367: ဘာတတိယလက်တုန်း... ရိုင်းလိုက်တာ။
အင်တာနက်သုံးစွဲသူ 1566: နတ်ဘုရားမနဉ်ရေ တကယ်ပဲ ကိုယ့်ကိုယ်ကိုယ်ကိုယ်ရည်သွေးပြပြီး ခွေးစာတွေမျှဝေနေမှ ဖြစ်မှာလားဟင်? မင်းက ဘော့စ်ချန်းရဲ့ဖုန်းကိုသုံးနေတာလေးနဲ့ပဲ ဒီပို့စ်ကိုတင်တဲ့လူက နတ်ဘုရားမဆိုတာ ငါတို့မသိလိုက်ဘူးမထင်နဲ့နော်။
အင်တာနက်သုံးစွဲသူ 3294: နတ်ဘုရားမနဉ်က ဆေးရုံရောက်နေတာလား? အိပ်ရာခင်းတွေနဲ့ ခေါင်းအုံးတွေက ဆေးဘက်ဆိုင်ရာသုံးပစ္စည်းတွေနဲ့တူတယ်။ ဘော့စ်ချန်းက နတ်ဘုရားမကိုဂရုစိုက်ပေးနေတာလား?
အင်တာနက်သုံးစွဲသူ 3739: သူ့ကောင်မလေးကို နေမကောင်းတဲ့အချိန် ရိုးရိုးတန်းတန်း ရေများများသောက်လို့ ပြောမယ့်အစား သူကိုယ်တိုင်ဂရုစိုက်ပေးဖို့ ရွေးချယ်လိုက်တယ်။ ဘယ်လောက်တောင်ကောင်းလိုက်တဲ့ ယောက်ျားလဲ! နတ်ဘုရားမနဉ်ရေ မြန်မြန်သက်သာလာပါစေနော်။
အင်တာနက်သုံးစွဲသူ 4321: ဥက္ကဌကြီးတစ်ယောက်တော့ နဉ်ရှီသူ့ဖုန်းကိုဆော့နေတာကို နူးညံ့တဲ့အမူအရာလေးနဲ့ ဘေးကနေရပ်ကြည့်နေလောက်တယ်။ ငါဒီမြင်ကွင်းကိုပုံဖော်နေတဲ့အချိန် ငါ့ကိုယ်ငါစိတ်လှုပ်ရှားလွန်းလို့ တိမ်ပေါ်ရောက်နေသလို ခံစားနေရတယ်။
နဉ်ရှီက ကောမန့်ကိုလိုက်ဖတ်ကြည့်နေပြီး နောက်ထပ်ပို့စ်တစ်ခုတင်ရင်း ရယ်နေတော့သည်။
ချန်းရှီကွေ့: ကျွန်မသက်သာနေပါပြီ။ စိတ်မပူကြနဲ့နော် အချစ်လေးတို့။ ရာသီဥတုကအေးလာပြီဆိုတော့ အားလုံးပဲ ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ကြပါ၊ နေမကောင်းမဖြစ်စေနဲ့။ အားလုံးကိုချစ်တယ်နော်! အာဘွားးးးး! (づ ̄3 ̄)づ
အင်တာနက်သုံးစွဲသူ: နတ်ဘုရားမတစ်ယောက် ဘော့စ်ချန်းရဲ့ Weibo ပေါ်မှာ ကြင်နာယုယပြနေတဲ့အမူအရာကို ပို့စ်တင်နေတာကိုကြည့်ရင်း ငါကျောချမ်းလာပြီ။
ပြောမနေနဲ့တော့ ပို့စ်တစ်ခုလုံး ဖုံးလွှမ်းနေအောင် ပျော်ရွှင်ကြည်နူးနေတာကြည့်ပြီး ဒီကမနာလိုဖြစ်လာပြီလို့!
စင်ဂယ်လ်တွေလည်း လူပါပဲလို့... မင်းတို့မချစ်ဖို့ရွေးချယ်လို့ရတယ် ဒါပေမယ့် တခြားလူတွေကိုမနာကျင်စေလို့မရဘူးလား?!
______________
Meow's Note: အပိုင်း(၇၁)မှာ မြောင်နဲ့ပြန်တွေ့ကြမယ်နော်(◍•ᴗ•◍)❤
______________
[Zawgyi]
ေဆးရံုေလ်ွာက္လမ္းက ရွည္လ်ားလြန္းလို႔ နဉ္ရွီအဆံုးထိမျမင္ရေပ။ သို႔ေပမယ့္ သူမေခါင္းေထာင္လိုက္ခ်ိန္ “အေရးေပၚ ” ဆိုသၫ့္ စာလံုးေတြကို ေတြ့လိုက္ရ၏။ အလင္းေရာင္ၿငိမ္းသတ္သြားခ်ိန္ လူတစ္ေယာက္ကို အခန္းထဲမွ သယ္ထုတ္လာၾက၏။
“မင္းခ်စ္ရသူကိုဆံုးရႈံးသြားရတဲ့အတြက္ ထပ္တူစိတ္မေကာင္းျဖစ္ရပါတယ္”
နဥ္ရွီက ကုတင္ထက္တြင္လွဲေလ်ာင္းေနေသာလူကို မွင္သက္စြာစိုက္ၾကၫ့္ေန၏။ ထိုလူႀကီး၏မ်က္ႏွာထက္တြင္ ေသြးအစြန္းအစေတြ က်န္ရစ္ေနဆဲပင္။ သူဝတ္ေလ့ရိွသၫ့္ မ်က္မွန္လည္း မရိွေနပါေခ်။
“ေဖေဖ...”
သူမ ထိုလူႀကီး၏အနားတိုး၍သြားခ်င္ေသာ္လည္း သူနာျပဳက သူ႔မ်က္ႏွာကို အဝတ္ျဖဴႏွင့္ဖံုးအုပ္လိုက္၏။
“ေဖေဖ!”
သူမေရ႔ွကိုတိုးသြားေပမယ့္ ေလွကားေပၚမွက်သြား၏။ သူမေဘးနားဝိုင္းေနသၫ့္လူေတြက သူမကိုလက္ၫွိုးထိုးလာၾကေတာ့သည္။
“သနားစရာေကာင္းလိုက္တာ...ခုနက တိုက္ေပၚကခုန္ခ်သြားတဲ့သူက သူ႔အေမလား?”
“ဒီေကာင္မေလးက အသက္ေတာင္မျပၫ့္ေသးဘူး...”
နဉ္ရွီ ေဘးပတ္ဝန္းက်င္ကို ေၾကာင္အစြာ ၾကၫ့္ေနမိသည္။ သူမအေရ႔ွကတံခါးပြင့္သြားခ်ိန္မွာေတာ့ သူမအေမက ေသြးအိုင္ထဲလဲေန၏။ ရဲသားတစ္ေယာက္က သူမအေမဆီေလ်ွာက္လာၿပီး အေလာင္းအိတ္ထဲထၫ့္လိုက္၏။
“ေဖေဖ...ေမေမ...”
နဉ္ရွီမတ္တပ္ရပ္ဖို႔ႀကိဳးစားလိုက္သည္။ သို႔ေပမယ့္ ရုတ္တရက္ဆိုသလို သူမ၏လက္ေကာက္ဝတ္ကို လက္ေနြးေနြးတစ္ဖက္က ဆုပ္ကိုင္လာ၏။
ရုတ္တရက္ သူမမ်က္လံုးေတြဖြင့္လာ၏။ သူမျမင္သမ်ွအရာအားလံုးက အျဖဴေရာင္နံရံႏွင့္ IV holderေပၚတြင္ ခ်ိတ္ဆြဲထားသၫ့္ dripပုလင္းႀကီးပါပင္။
[T/N: IV holderနဲ႔ drip bottleက ဇာတ္ကားအၾကၫ့္မ်ားတဲ့သူဆိုသိၾကလိမ့္မယ္။ ဇာတ္ေကာင္တစ္ေယာက္ ေဆးရံုတက္ရင္ ေဆးသြင္းရတာက drip bottle နဲ႔ IV holder နဲ႔က် သြင္းေနရင္းတန္းလန္း လမ္းေလ်ွာက္လို႔ရတယ္ေလ။ ေဆးပုလင္းခ်ိတ္ထားတဲ့တိုင္မ်ိဳးပဲ။ မ်က္မွန္းတန္းမိၾကမယ္ထင္တယ္။]
“မလႈပ္နဲ႔အံုး...မင္းလက္ေပၚမွာ အပ္စိုက္ထားတုန္းပဲ”
နဉ္ရွီမလႈပ္လိုက္ေပ။ သူမေခါင္းကိုလွၫ့္လိုက္ေတာ့ ခ်န္းရွီေကြ့၏မ်က္ႏွာကိုေတြ့လိုက္ရ၏။
“ရွီေကြ့?” သူမမ်က္ေတာင္ခတ္လိုက္မိသည္။ ခဏအၾကာတြင္မွ သူမခုနက ရိုက္ကြင္းမွာရိွေနဆဲဆိုတာကို သတိရသြား၏။ “ကြၽန္မဘာလို႔ေဆးရံုေရာက္ေနတာလဲ?”
ခ်န္းရွီေကြ့က ကုတင္ေဘးရိွ ခလုတ္ကိုႏိွပ္လိုက္ၿပီး လက္ဆန႔္ကာ သူမ၏နဖူးကိုစမ္းၾကည့္သည္။ သူမအဖ်ားက်သြားတာကို အတည္ျပဳျပီးေနာက္ ခ်န္းရွီေကြ့က ကိုယ္ကိုကိုင္းလို႔ သူမနဖူးကိုနမ္းလိုက္သည္။ “မင္းမေန့က မူးလဲသြားတယ္ေလ”
နဉ္ရွီထထိုင္ခ်င္ေပမယ့္ သူမတစ္ကိုယ္လံုးကိုက္ခဲေနတာကို သတိထားမိလိုက္သည္။
“ဘာျဖစ္လို႔လဲ?” ခ်န္းရွီေကြ့က သူမလႈပ္လႈပ္ရြရျြဖစ္ေနတာကို သတိထားမိလိုက္သျဖင့္ သူမထိုင္လို႔ရေအာင္ ကူေပးလိုက္ကာ သူမသက္ေသာင့္သက္သာ အနားယူလို႔ရေစရန္ အေနာက္ကေနေခါင္းအံုးတစ္လံုးခံထားေပးလိုက္သည္။
နဉ္ရွီက သန႔္စင္ခန္းသြားသည့္ေနရာကို ရွက္ကိုးရွက္ကန္းႏွင့္ ၫႊန္ျပလိုက္သည္။ သူမ သန႔္စင္ခန္းသံုးဖို႔ တကယ္လိုေနလို႔ပါေနာ္။
ခ်န္းရွီေကြ့က နဉ္ရွီ၏ရွက္ရြံ႔ေနသၫ့္အၾကၫ့္ေၾကာင့္ တေသာေသာရယ္မိေတာ့သည္။ သူက သူမအိပ္ရာေပၚမွထႏိုင္ေအာင္ကူေပးလိုက္ၿပီး drip ပုလင္းကိုျဖဳတ္လိုက္ကာ သူမအား သန႔္စင္ခန္းသြားေစ၏။ ခ်န္းရွီေကြ့က Dripပုလင္းကို သန႔္စင္ခန္းမွာခ်ိတ္ထားလိုက္ၿပီးေနာက္ ေျပာ၏။ “ကိုယ္အျပင္မွာေစာင့္ေနမယ္”
ရွင္အျပင္မွာပဲရိွေနမယ္ဆိုေပမယ့္ ကြၽန္မအတြက္ေတာ့ ကသိကေအာက္ႏိုင္ေနတုန္းပဲ။
နဉ္ရွီက ႏႈတ္ခမ္းကိုက္လိုက္သည္။ သို႔ေသာ္ ခ်န္းရွီေကြ့၏စိုးရိမ္ေနေသာအမူအရာကိုျမင္ေတာ့ သူ႔ဆႏၵကိုလိုက္ေလ်ာေပးလိုက္ေတာ့၏။
ရွက္ကိုးရွက္ကန္းျဖစ္ေနတာကို ေခါက္ထားလိုက္ၾကတာေပါ့။ အနည္းဆံုးေတာ့ သူမ သီးသန႔္toiletတစ္ခုပါသည့္ VIPအေဆာင္မွာ ရိွေနတာကို ေက်းဇူးတင္ရမည္။ အမ်ားသံုးသန႔္စင္ခန္းသာျဖစ္မည္ဆိုလ်ွင္ ပိုေတာင္ဆိုးေနေရာ့မည္။
သူမၿပီးသြားလို႔ အိမ္သာေရဆြဲခ်ေနခ်ိန္ ခ်န္းရွီေကြ့က အျပင္မွ တံခါးေခါက္လာ၏။
“ရွီရွီ...ကိုယ္ဝင္လာလို႔ရမလား?”
“အင္း” နဉ္ရွီက ေျခာက္ကပ္ကပ္ႏိုင္စြာျဖင့္ ေခ်ာင္းဟမ့္လိုက္သည္။ သူမဒီဟာနဲ႔အသားက်လာေအာင္.... တျဖည္းျဖည္းလုပ္ဖို႔လိုေနၿပီပဲ
သူမအဖ်ားက်သြားၿပီဆိုေသာ္လည္း မူးေဝၿပီး တစ္ကိုယ္လံုးအားနည္းေနဆဲပင္။ ခ်န္းရွီေကြ့က သူမကိုကုတင္ေပၚသို႔ ကူသယ္ေပးၿပီး ေျပာလိုက္သည္။ “ဆရာဝန္က အဆီမ်ားတဲ့အစာနဲ႔ အငန္စာမစားရဘူးလို႔ ေျပာထားတယ္။ ၿပီးရင္ ကိုယ္မင္းအတြက္ ဆန္ျပဳတ္မွာေပးမယ္ေနာ္”
နဉ္ရွီစားခ်င္စိတ္သိပ္မရိွေပမယ့္ ေခါင္းညိတ္လိုက္ဆဲပင္။
မိနစ္အနည္းငယ္ၾကာၿပီးေနာက္ လူတစ္ေယာက္က သူတို႔၏စားစရာကို သယ္လာ၏။ ၄က တန္ဖိုးႀကီးေသာ family bento ေလးပင္။
[T/N: family bento က ဂ်ပန္ေန့လည္စာထမင္းဘူးတစ္မ်ိဳးပါ။ ၾကၫ့္ၿပီး ဗိုက္ဆာပါေစဆိုတဲ့ ေစတနာေလးနဲ႔ ပံုထၫ့္ေပးလိုက္တယ္။]
“ရွင္လည္း ဒါစားမွာလား?” ခ်န္းရွီေကြ့က ဆန္ျပဳတ္ႏွစ္ပန္းကန္ထၫ့္လိုက္တာကို ျမင္ေတာ့ သူမအံ့ဩသြားရ၏
“မင္းက စားခ်င္စိတ္မရိွေတာ့ တစ္ေယာက္ေယာက္က မင္းနဲ႔အတူစားေပးမယ္ဆိုရင္ နည္းနည္းေလာက္ျဖစ္ျဖစ္ ပိုစားခ်င္လာလိမ့္မယ္ေလ” ခ်န္းရွီေကြ့က သူမလက္ထဲသို႔ ဇြန္းတစ္ေခ်ာင္းထၫ့္ေပးလိုက္သည္။ “အခုခ်ိန္မွာ မင္းစားခ်င္စိတ္သိပ္မရိွမွာကို ကိုယ္သိပါတယ္။ ဒါေပမယ့္ နည္းနည္းေတာ့စားလိုက္ေလေနာ္။ ဒါမွ မင္းျမန္ျမန္သက္သာလာမွာ...”
နဉ္ရွီက ဇြန္းကိုယူၿပီး သူမပါးစပ္ထဲ အရသာမရိွေသာဆန္ျပဳတ္ကို ပါးစပ္အျပၫ့္ခပ္ထၫ့္လိုက္ၿပီး ဘာမွမေျပာဘဲ ၿပံဳးေနေတာ့သည္။
စကားေျပာ မည္မ်ွခ်ိဳသာပါေစ၊ အရိုးရွင္းဆံုးေသာ လက္ေတြ့အျပဳအမူကို လံုးဝမယွဥ္သာေပ။
သူတို႔စားၿပီးသြားေတာ့ ေနာက္ထပ္လူတစ္ေယာက္က ဝင္လာၿပီး သူတို႔ဟင္းေတြကိုသယ္ထုတ္သြားသည္။ သူနာျပဳကလည္း သူမအတြက္ drip ပုလင္းလဲေပးဖို႔ ဝင္လာျပန္၏။ သူမပ်င္းၿပီးမအိပ္ႏိုင္တာကို ခ်န္းရွီေကြ့ျမင္ေတာ့ သူမထံ ဖုန္းတစ္လံုးလႊဲေပးလိုက္သည္။ “ခဏေလာက္ေတာ့ ဖုန္းကလိေနလို႔ရတယ္...ဒါေပမယ့္ အရမ္းမၾကာေစနဲ႔”
ဒီဖုန္းက ခ်န္းရွီေကြ့၏ကိုယ္ေရးကိုယ္တာအတြက္ သံုးသည့္ဖုန္းပင္။ Lock screen wallpaper က နတ္မိမယ္ခ်င္းယန္အသြင္ႏွင့္ နဉ္ရွီ၏ပံုပင္။ သူမေလာ့ခ္ေျဖလိုက္ေတာ့ wallpaper ပံုက သူမဇာတ္ၫႊန္းဖတ္ရင္း ဆိုဖာပံုထိုင္ေနပံုျဖစ္ေန၏။ ခ်န္းရွီေကြ့က ထိုပံုကို ခိုးရိုက္ထားလားဆိုတာ သူမလည္းမေသခ်ာေပ။
နဉ္ရွီက Weiboထဲဝင္ကာ ခ်န္းရွီေကြ့အေကာင့္ထဲဝင္လိုက္သည္။ သူမခ်န္းရွီေကြ့ဘက္ကိုလွၫ့္ၾကၫ့္လိုက္ေတာ့ သူ႔အလုပ္ဖိုင္ေတြထဲ ေခါင္းစိုက္ေနတာကိုျမင္လိုက္ရသည္။
“ရွီေကြ့...” သူမ သူ႔ကိုလက္ယပ္ေခၚလိုက္သည္။ ခ်န္းရွီေကြ့က ဖိုင္ေတြကိုခ်ထားလိုက္ၿပီး သူမဆီေလ်ွာက္လာ၏။ “ဒီဖုန္းသံုးရတာ အသားမက်ေသးလို႔လား?”
နဉ္ရွီၿပံဳးလိုက္ကာ သူ႔နက္ကတိုင္ကိုဆြဲလိုက္ေတာ့ ႏွစ္ေယာက္သားေခါင္းခ်င္းဆိုင္သြား၏။
“ကလစ္”
ပံုရိုက္ၿပီးသည္ႏွင့္ နဉ္ရွီကစပ္ၿဖဲျဖဲလုပ္ကာ “ဒီေန့ကေန့ေကာင္းေလးပဲ...ကြၽန္မ ရွင့္ရဲ့ Weibo account ကို ေျပာင္းသံုးမယ္”
ခ်န္းရွီေကြ့က အားပါးတရရယ္ၿပီး သူမဆံပင္ကိုဖြလိုက္သည္။ “ဟုတ္ပါၿပီဗ်ာ”
“ရွင့္ရဲ့ Weibo မွာ ကြၽန္မေပါက္ကရေလ်ွာက္တင္လိုက္မွာ မေၾကာက္ဘူးလား?” နဉ္ရွီက သူ႔ကိုမ်က္ေစာင္းထိုးလိုက္သည္။
“ကိုယ့္ရဲ့ျဖစ္တည္မႈတစ္ခုလံုး မင္းအပိုင္ျဖစ္ေနၿပီပဲဟာ... Weibo account ေလးတစ္ခုက အဲ့ဒါနဲ႔ယွဉ္ႏိုင္ပါ့မလား?” ခ်န္းရွီေကြ့က သူမေလးရဲ့ႏႈတ္ခမ္းကို မနမ္းမိဘဲမေနႏိုင္ေတာ့။ “မင္းတင္ခ်င္တာတင္လို႔ရတယ္”
နဉ္ရွီက သူမရင္ဘတ္ကို ဆုပ္ကိုင္လိုက္ရာ သူမႏွလံုးသားေလးက ထိန္းမႏိုင္သိမ္းမရ ျမန္ဆန္စြာခုန္ေနတာကို ခံစားလိုက္ရသည္။
ပံုမွန္အားျဖင့္ တည္ၾကည္တဲ့ေယာက္်ားတစ္ေယာက္က စကားခ်ိဳခ်ိဳေျပာလာခ်ိန္ဟာ တကယ္ကို ၾကည္ႏူးေပ်ာ္ရႊင္ဖြယ္ပင္။
ခ်န္းရွီေကြ့ : ကိုယ့္ရွီရွီက အလွဆံုးေတြထဲကမွ အလွဆံုးပဲ! [ပံု]
အင္တာနက္သံုးစြဲသူ 1: ဟုတ္၊ ဟုတ္၊ ဟုတ္။ ေဘာ့စ္ရဲ့ရွီရွီက အလွဆံုးပါပဲ။ ေဘာ့စ္ေျပာသမ်ွစကားတိုင္း မွန္ပါတယ္လို႔။
အင္တာနက္သံုးစြဲသူ 5: ဝူးးးးးးး! ဒီေခြးစာေလးအတြက္ Cheer!
………
အင္တာနက္သံုးစြဲသူ 1356: ငါဒီေခြးစာကိုေပ်ာ္ေပ်ာ္ႀကီးစားေနရင္းနဲ႔ ဒီပံုကိုေဘာ့စ္ခ်န္းရိုက္ထားတာမဟုတ္ဘူးလို႔ က်ိန္းေသေပါက္ေျပာရဲတယ္။ ပံုကို ၾကၫ့္ၾကၫ့္။ ေဘာ့စ္ခ်န္းရဲ့လက္တစ္ဖက္က နဉ္ရွီရဲ့ခါးတစ္ဖက္မွာေရာက္ေနၿပီး ေနာက္တစ္ဖက္က ကုတင္ေပၚေရာက္ေနတာ။ သူဓာတ္ပံုရိုက္ဖို႔ ဘယ္ကေန တတိယလက္တစ္ဖက္ရလာတာလဲ?
အင္တာနက္သံုးစြဲသူ 1367: ဘာတတိယလက္တုန္း... ရိုင္းလိုက္တာ။
အင္တာနက္သံုးစြဲသူ 1566: နတ္ဘုရားမနဉ္ေရ တကယ္ပဲ ကိုယ့္ကိုယ္ကိုယ္ကိုယ္ရည္ေသြးျပၿပီး ေခြးစာေတြမ်ွေဝေနမွ ျဖစ္မွာလားဟင္? မင္းက ေဘာ့စ္ခ်န္းရဲ့ဖုန္းကိုသံုးေနတာေလးနဲ႔ပဲ ဒီပို႔စ္ကိုတင္တဲ့လူက နတ္ဘုရားမဆိုတာ ငါတို႔မသိလိုက္ဘူးမထင္နဲ႔ေနာ္။
အင္တာနက္သံုးစြဲသူ 3294: နတ္ဘုရားမနဉ္က ေဆးရံုေရာက္ေနတာလား? အိပ္ရာခင္းေတြနဲ႔ ေခါင္းအံုးေတြက ေဆးဘက္ဆိုင္ရာသံုးပစၥည္းေတြနဲ႔တူတယ္။ ေဘာ့စ္ခ်န္းက နတ္ဘုရားမကိုဂရုစိုက္ေပးေနတာလား?
အင္တာနက္သံုးစြဲသူ 3739: သူ႔ေကာင္မေလးကို ေနမေကာင္းတဲ့အခ်ိန္ ရိုးရိုးတန္းတန္း ေရမ်ားမ်ားေသာက္လို႔ ေျပာမယ့္အစား သူကိုယ္တိုင္ဂရုစိုက္ေပးဖို႔ ေရြးခ်ယ္လိုက္တယ္။ ဘယ္ေလာက္ေတာင္ေကာင္းလိုက္တဲ့ ေယာက္်ားလဲ! နတ္ဘုရားမနဉ္ေရ ျမန္ျမန္သက္သာလာပါေစေနာ္။
အင္တာနက္သံုးစြဲသူ 4321: ဥကၠဌႀကီးတစ္ေယာက္ေတာ့ နဉ္ရွီသူ႔ဖုန္းကိုေဆာ့ေနတာကို ႏူးညံ့တဲ့အမူအရာေလးနဲ႔ ေဘးကေနရပ္ၾကၫ့္ေနေလာက္တယ္။ ငါဒီျမင္ကြင္းကိုပံုေဖာ္ေနတဲ့အခ်ိန္ ငါ့ကိုယ္ငါစိတ္လႈပ္ရွားလြန္းလို႔ တိမ္ေပၚေရာက္ေနသလို ခံစားေနရတယ္။
နဉ္ရွီက ေကာမန႔္ကိုလိုက္ဖတ္ၾကၫ့္ေနၿပီး ေနာက္ထပ္ပို႔စ္တစ္ခုတင္ရင္း ရယ္ေနေတာ့သည္။
ခ်န္းရွီေကြ့: ကြၽန္မသက္သာေနပါၿပီ။ စိတ္မပူၾကနဲ႔ေနာ္ အခ်စ္ေလးတို႔။ ရာသီဥတုကေအးလာၿပီဆိုေတာ့ အားလံုးပဲ ကိုယ့္က်န္းမာေရးကိုယ္ ဂရုစိုက္ၾကပါ၊ ေနမေကာင္းမျဖစ္ေစနဲ႔။ အားလံုးကိုခ်စ္တယ္ေနာ္! အာဘြားးးးး! (づ ̄3 ̄)づ
အင္တာနက္သံုးစြဲသူ: နတ္ဘုရားမတစ္ေယာက္ ေဘာ့စ္ခ်န္းရဲ့ Weibo ေပၚမွာ ၾကင္နာယုယျပေနတဲ့အမူအရာကို ပို႔စ္တင္ေနတာကိုၾကၫ့္ရင္း ငါေက်ာခ်မ္းလာၿပီ။
ေျပာမေနနဲ႔ေတာ့ ပို႔စ္တစ္ခုလံုး ဖံုးလႊမ္းေနေအာင္ ေပ်ာ္ရႊင္ၾကည္ႏူးေနတာၾကည့္ၿပီး ဒီကမနာလိုျဖစ္လာၿပီလို႔!
စင္ဂယ္လ္ေတြလည္း လူပါပဲလို႔... မင္းတို႔မခ်စ္ဖို႔ေရြးခ်ယ္လို႔ရတယ္ ဒါေပမယ့္ တျခားလူေတြကိုမနာက်င္ေစလို႔မရဘူးလား?!
______________
Meow's Note: အပိုင္း(၇၁)မွာ ေျမာင္နဲ႔ျပန္ေတြ့ၾကမယ္ေနာ္(◍•ᴗ•◍)❤
______________