နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

By Lazy_Little_Meow

157K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... More

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [67.1]

941 126 4
By Lazy_Little_Meow

[Unicode]

အခန်း (၆၇.၁)

“ကံကောင်းခြင်းတွေ ရောက်လာခဲ့ပြီ”ကို တရုတ်နှစ်သစ်ကူးကာလအတွင်းမှာ ထုတ်လွှင့်ပြသမည်ဟု သတ်မှတ်ထားသည့်အလျောက် ရိုက်ကူးရေးတစ်ဖွဲ့လုံးက အချိန်တချို့လောက်ထိ အလုပ်ရှုပ်နေရပြီ။ တစ်ခါတလေ နဉ်ရှီခမျာ ညဘက်ဇာတ်ဝင်ခန်းတွေကို အပြီးသတ်ဖို့အတွက် သန်းခေါင်ကျော်အချိန်ကစပြီး မနက်နေထွက်ချိန်အထိ အလုပ်လုပ်ရရှာ၏။

Celebrity တစ်ယောက်၏ ဇီဝနာရီသည် ပုံသေဖြစ်ခဲသည်။ နဉ်ရှီက ကော်ဖီခါးခါးကို နှစ်ငုံလောက်သောက်လိုက်ပြီး အိပ်ချင်စိတ်ကို ချောင်ထိုးထားလိုက်ကာ မိတ်ကပ်ပညာရှင်က သူမကိုမိတ်ကပ်ပြင်ပေးရန် ခေါင်းမော့ပေးလိုက်သည်။

နောက်တစ်ခန်းက အမျိုးသမီးဇာတ်လိုက်ရေထဲကျသွားသည့် အကြောင်းပင်။ ရေကြောက်‌သောရောဂါရှိ‌သည့် အမျိုးသားဇာတ်လိုက်က များများစားစားတွေးမနေဘဲ ရေထဲခုန်ချလိုက်သည်။ ရေထဲတွင် ရုန်းကန်လှုပ်ရှားနေပြီးနောက် ရေအောက်အနက်ဆုံးထိ နစ်မြုပ်သွားကာ နောက်ဆုံး အမျိုးသမီးဇာတ်လိုက်ကပင် သူ့ကိုကယ်ခဲ့ရသည်။

ထုတ်လုပ်ရေးအဖွဲ့က ဤဇာတ်ဝင်ခန်းကိုရိုက်ကူးဖို့အတွက်  တန်ဖိုးကြီးနေရာတစ်ခုကို အထူးတလည်ငှားရမ်းခဲ့သည်။ ကြီးကျယ်ခမ်းနားသော ဒင်နာပါတီဇာတ်ကွက်ကို ပြန်လည်ဖန်တီးဖို့ရန် ခမ်းနား‌ထည်ဝါသောအိမ်၊ ကွင်းပြင်ကျယ်ကြီးတစ်ခုနှင့် ရေကူးကန်လည်း ပါရှိလေသည်။

မြို့တော်ရှိ ဆောင်းညသည်ကား အလွန်တရာအေးစိမ့်လှသည်။ နဉ်ရှီက ပွဲတက်ဝတ်စုံကို ဝတ်လိုက်ပြီး ခြုံထည်ထူထူနှင့်ပတ်ထားလိုက်သည်။ သူမခေါင်းမူးလာတာကြောင့် နဖူးကိုပွတ်လိုက်သည်။ သို့ပေသိ သည်ဇာတ်ဝင်ခန်းကိုပြင်ဆင်ရန်အလို့ငှာ ရိုက်ကူးရေးအဖွဲ့သားများက သိသိသာသာကို အားစိုက်ထားရ၏။ သို့ဖြစ်ရာ သူမထံ၌ တစ်ခုခုဖြစ်သွားပါလျှင် ရိုက်ကူးရေးအဖွဲ့၏အားစိုက်မှုက သဲထဲရေသွန်ဖြစ်သွားလိမ့်မည်။

သူမ ရှောင်ယန်ကို အဖျားကျဆေးနှစ်လုံး ယူလာခိုင်းလိုက်သည်။ ဆေးသောက်ပြီးနောက် ရှောင်ယန်၏စိုးရိမ်နေသည့်အကြည့်ကိုမြင်တော့ သူမ၏ပါးကိုဆွဲလိုက်သည်။ “စိတ်မပူနဲ့...အစ်မအဆင်ပြေတယ်”

“နဉ်လောင်ရှီး...ဒါရိုက်တာလင်ခေါ်နေတယ်” အဖွဲ့သားတစ်ယောက်က သူတို့ဆီလျှောက်လာပြီး နဉ်ရှီလက်ထဲက ဆေးနှင့်ရေကိုမြင်လိုက်သည့်အခါ သူကစိုးရိမ်တကြီးမေးလာ၏။ “နဉ်လောင်ရှီး...နေမကောင်းဖြစ်နေတာလား?”

ဒီညရိုက်ရမည့်ဇာတ်ကွက်နှစ်ခုလုံးက အရေးကြီးသည်။ နဉ်လောင်ရှီးသာဖျားသွားမယ်ဆိုရင် သူတို့ဒီဇာတ်ဝင်ခန်းတွေကို ရိုက်နိုင်အုံးမလား?

“ဒီအတိုင်း အအေးမိရုံလေးပါပဲ” နဉ်ရှီက ရိုက်ကူးရေးအဖွဲ့သားကို ပြုံးပြလိုက်ပြီး မတ်တပ်ရပ်ကာ ဒါရိုက်တာလင်ဆီသွားတော့သည်။

ရိုက်ကူးရေးအဖွဲ့သားက သူမ၏တုံ့ပြန်ပုံကိုကြည့်ပြီး ဘာမှထပ်မမေးရဲတော့ဘဲ သူမနောက်မှသာလိုက်လာတော့သည်။

“နဉ်ရှီရေ ဒီကိုလာပါအုံး... ဒီဇာတ်ဝင်ခန်းနဲ့ပတ်သက်ပြီး မင်းနဲ့ကောင်းလီကို ပြောစရာရှိလို့..” ဒါရိုက်တာလင်က နဉ်ရှီကို လက်ယမ်းပြ၍ ခေါ်လိုက်၏။ “ဒီအခန်းက ဇာတ်လိုက်နှစ်ယောက်ရဲ့ခံစားချက်တွေ ပွင့်ထွက်လာရမှာ။ ဒီလိုခံစားချက်မျိုးရဖို့အတွက် ငါတို့ဘာအစားထိုးသရုပ်ဆောင်မှသုံးမှာမဟုတ်ဘူး။ ခဏနေမင်းရေထဲခုန်ဆင်းတဲ့အခါကျရင် ရေကြောက်တဲ့စိတ်ကို အတတ်နိုင်ဆုံးရင်ဆိုင်ပြီး ရယ်စရာကောင်းသလို ချစ်စရာကောင်းသလို လှပတဲ့မြင်ကွင်းမျိုး ကြိုးစားပြီးလုပ်ရမယ်။ မင်းတို့နှစ်‌ယောက်လုံး လုပ်နိုင်လား?”

နဉ်ရှီက ကြည်လင်နေသော ရေကူးကန်ထဲကရေကိုကြည့်ပြီး ခေါင်းညိတ်လိုက်သည်။

ကောင်းလီက နဂိုကတည်းက နာမည်သိပ်မရှိသည့် Bအဆင့်ဝင်သရုပ်ဆောင်တစ်ယောက်ပင်။ လင်ရှုကျဲ၏ဇာတ်ကားတွင် ဇာတ်လိုက်အဖြစ်သရုပ်ဆောင်နိုင်သည်ကိုက ကောင်းချီးတစ်ခုဖြစ်နေပြီ။ ‌ယခုလို ရိုးရိုးရှင်းရှင်း ရေကန်ထဲခုန်ချတာကို မဆိုထားနှင့်၊ သူအမှိုက်ပုံထဲခုန်ချရမည်ဆိုလျှင်တောင် ပျော်ပျော်ကြီးခုန်ချလိုက်မည်!

“မကြောက်နဲ့။ ကယ်ဆယ်ရေးအစောင့်တွေက ရေကန်နားမှာရှိနေမှာ။ ဘာမတော်တဆမှုမှ ဖြစ်လာမှာမဟုတ်ဘူး...” ဇာတ်လိုက်နှစ်ယောက်လုံး ပူးပေါင်းဆောင်ရွက်လိုတာကိုမြင်တော့ လင်ရှုကျဲက စိတ်ကျေနပ်စွာ ခေါင်းတညိတ်ညိတ်လုပ်နေတော့၏။ “ပြင်စရာရှိတာ ပြင်ထားကြ...ခဏနေရင် ရိုက်ကူးရေးစမယ်”

“ဖြတ်‌လျှောက်တွေနဲ့ အရံသရုပ်ဆောင်တွေ အသင့်ပြင်ထားကြဟေ့”

“ဒုတိယအမျိုးသမီးဇာတ်လိုက်က နေရာယူမယ်။ ကျန်တဲ့လူတွေ ကိုယ့်နေရာကိုယ်မှတ်ထားပြီး ကိုယ့်ဘေးကလူတွေကိုမှတ်ထားကြ။ နေရာမလွဲစေနဲ့!” လင်ရှုကျဲက မော်နီတာနောက်တွင်ထိုင်နေကာ သူ့လက်ကိုမြှောက်လိုက်ရင်း...“ရယ်ဒီ အက်ရှင်!”

ယခုလက်ရှိရိုက်ကူးရေးအခြေအနေဟာ ပိုမိုကောင်းမွန်လာပြီ။ ယခင်ကဆိုလျှင် ကင်မရာတစ်လုံး၊နှစ်လုံးလောက်ဖြင့်သာ ရိုက်ကူးရေးလုပ်ခဲ့ရ၏။ တစ်ခါတရံ အလိုရှိသည့်ပုံစံမျိုးရလာစေရန် သရုပ်ဆောင်များက တူညီသည့်ဇာတ်ကွက်များကို မတူညီသည့်ရှုထောင့်များမှ ပြန်ရိုက်ရ၏။ ယနေ့ခေတ်တွင် ကင်မရာပေါင်းများစွာက ရှုထောင့်အလုံးစုံကိုရိုက်ကူးနိုင်ရန် တစ်ချိန်တည်းမှာလုပ်ဆောင်နေကြပြီ။ သို့သော်လည်း ထိုသို့ပြုလုပ်နိုင်ရန် သရုပ်ဆောင်များ၏နေရာယူထားပုံနှင့် ရွေ့လျားမှုများအပေါ်လိုအပ်ချက်တွေက ပို၍ကြပ်မတ်ထားရသည်။

“ဗွမ်း!” အမျိုးသမီးဇာတ်လိုက်က ရေထဲပြုတ်ကျသွားသည်။ ပိတုန်းရောင်ကေသာက ‌ပင်လယ်ရေမှော်အလား ပြန့်ကျဲနေကာ သူမ၏စကတ်က ရေထဲတွင် ‌ပွင့်လန်းစိုစွတ်နေသောပန်းတစ်ပွင့်နှယ် ကြော့ရှင်းစွာလွင့်မျောနေ၏။

ဤဇာတ်ဝင်ခန်းသည် အမျိုးသမီးဇာတ်လိုက် ရေထဲကျသွားပုံက အလွန်လှပသယောင် မြင်ယောင်နေမိသည့် အမျိုးသားဇာတ်လိုက်၏ အတွေးပုံရိပ်ကို ပုံဖော်ထားခြင်းပင်။

သူမ၏နားရွက်များနှင့်နှာခေါင်းထဲတွင် ရေတွေနှင့်ပြည့်လျှံနေသလို နဉ်ရှီခံစားနေရသည်။ သူမစတင် ယက်ကန်ယက်ကန်ဖြစ်လာလေပြီ။

သူမရေထဲပြုတ်ကျသွားသည့်အခိုက်တွင် တစ်လောကလုံးတိတ်ဆိတ်သွားသလိုပင်။ ကြည်လင်ကာ ရွဲ့စောင်းနေသည့် လ၏ပုံရိပ်ကို ရေထဲမှဖြတ်၍ပင်မြင်ရ၏။

နဉ်ရှီကဇာတ်ကွက်ထဲကို လျင်လျင်မြန်မြန်နစ်‌မြောသွားမယ်လို့ လင်ရှုကျဲမထင်ထားခဲ့ပေ။ ဝါရင့်သရုပ်ဆောင်များပင် ရေထဲကျသွားလျှင် အမှတ်တမဲ့ရုန်းကန်နေမိကြသေးသည်။

ဤအရာသည် ကျွမ်းကျင်မှုနှင့်မသက်ဆိုင်၊ လူတစ်ယောက်၏ပင်ကိုယ်ဗီဇပင်ဖြစ်၏။

ထိုကဲ့သို့သော ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်စွမ်း‌ရှိသော ပုဂ္ဂိုလ်တစ်ဦးသည် သာမန်လူတစ်ယောက်၏ကန့်သတ်ချက်များကို အမှန်ပင်ကျော်လွန်နေ၏။ သူ post-production မလုပ်မီ လှပသောဇာတ်ကွက်ကိုမြင်လိုက်ရချိန်မှာတော့ စိတ်သက်သာရာရသွားဟန်နှင့် သက်ပြင်းချမိတော့သည်။

ဤအခိုက်တွင် ကယ်ဆယ်ရေးအစောင့်က နဉ်ရှီကိုသယ်လာကာ အသက်ရှူခွင့်ပြုလိုက်၏။

နောက်တစ်ခန်းမှာ နဥ်ရှီက ခြေမကိုင်မိလက်မကိုင်မိ ပုံစံမျိုးဖြင့် သနားချင့်စရာကောင်းအောင် ယက်ကန်ယက်ကန်ဖြစ်နေပုံကို ရိုက်ကူးရမည်ဖြစ်သည်။ ဤဇာတ်ဝင်ခန်းသည် ဇာတ်ပို့မင်းသမီး၏အတွေးပုံရိပ်ပင်။

လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည့်မြင်ကွင်းက ရယ်မောစေနိုင်သလို ဇာတ်ကောင်တွေ၏အကျင့်စရိုက်ကိုလည်း ယူဆောင်လာပေး၏။

“အဟွတ် အဟွတ်” နဉ်ရှီက သူမ၏နှာခေါင်းကိုကိုင်ကာ အသက်ဝဝရှူပြီး နောက်တစ်ခန်းကို စတင်ရိုက်ကူးတော့သည်။

ရေထဲတွင် ပျာယာခတ်ပြီး သနားစဖွယ်ကောင်းအောင် သရုပ်ဆောင်ရသည်မှာ ပို၍လွယ်ကူသဖြင့် ဇာတ်ကွက်က မြန်မြန်ဆန်ဆန်ပင် ရိုက်ကူးလို့ပြီးသွားလေ၏။ သူမရေထဲမှထွက်လာချိန်တွင် အကြိမ်အနည်းငယ်လောက် မထိန်းချုပ်နိုင်စွာ တုန်ရီနေသေးသည်။

ရိုက်ကူးရေးအဖွဲ့သားက အအေးသက်သာသွားစေရန် စွပ်ပြုတ်ပူပူတစ်ပန်းကန်ကို ချက်ချင်းသွားယူလာခဲ့သည်။ နဉ်ရှီက မအီမသာဖြစ်နေ၍ နှစ်ငုံမျှသာသောက်လိုက်၏။

နဉ်ရှီအချိန်အကြာကြီးအအေးဒဏ်မခံနိုင်မှာစိုးသဖြင့် ရိုက်ကူးရေးကိုဆက်လုပ်လိုက်ကြ၏။ ကောင်းလီ၏သရုပ်ဆောင်အရည်အချင်းက ပြောင်မြောက်လှပေသည်။ နဉ်ရှီနှင့်တစ်လနီးပါး အတူတွဲလုပ်ပြီးနောက်တွင် chemistry မိလာပြီဖြစ်၍ နောက်ရိုက်ရမည့်ဇာတ်ကွက်အနည်းငယ်က ချောချောမွေ့မွေ့ပင် ပြီး‌သွားတော့သည်။

ရုပ်ရှင်ရိုက်ကူးပြီးသည့်အချိန်ဝယ် နဉ်ရှီ၏မျက်နှာမှာ ဖြူ‌ဖျော့နေပြီး တောင့်တောင့်ကြီးဖြစ်နေ၏။ အဝတ်အစားအသစ်တစ်စုံလဲပြီး ဆံပင်အခြောက်ခံလိုက်တာတောင် သူမကိုကြည့်ရတာ ပို၍သက်သာလာပုံမပေါက်ပေ။

ရိုက်ကွင်းလက်ထောက်က ရိုက်ကွင်းကိုရှင်းလင်းရန် ရိုက်ကူးရေးအဖွဲ့သားများကိုဦးဆောင်နေချိန် သူ့မြင်ကွင်းကိုကွယ်နေသည့် အနောက်တိုင်းအင်္ကျီဝတ်ထားသူကို တွေ့လိုက်၏။ သူမော့ကြည့်လိုက်သည်။ ဒီလူက ချန်းလုပ်ငန်းစုရဲ့သူဌေး ချန်းရှီကွေ့မဟုတ်လား?

သူဒီကိုရောက်နေတာက....နဉ်ရှီအနားယူဖို့အတွက် လာကြိုတာများလား?

“မစ္စတာချန်း...နဉ်လောင်ရှီးက နားနေခန်းမှာ မိတ်ကပ်ဖျက်နေတယ်။ သူ့ကို အဲ့မှာသွားရှာကြည့်လို့ရတယ်” ရိုက်ကွင်းလက်ထောက်ကပြုံးပြီး ချန်းရှီကွေ့အား နေရာတစ်နေရာဆီ ညွှန်ပြလိုက်၏။

“ကျေးဇူး” ချန်းရှီကွေ့က သူ့ကို ကျေးဇူးတင်စကားပြောလိုက်ပြီး သူညွှန်ပြသည့်နေရာဆီ သွားလိုက်သည်။

ရိုက်ကွင်းလက်ထောက်က သူ၏ကျောပြင်ကျယ်ကြီးကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။ ချန်းရှီကွေ့က အမှန်ပင် နဉ်ရှီကို ကောင်းမွန်စွာဆက်ဆံ၏။ နဉ်ရှီက ညပေါင်းများစွာ နောက်ကျသည်အထိ အလုပ်လုပ်ရပေမယ့် သူကတော့ သူမကိုလာခေါ်ဖို့ အမြဲဒီမှာရှိနေတတ်၏။

တစ်မိနစ်ကို သုညဂဏန်း၅လုံးမှ၆လုံးထက်ကျော်လွန်စွာ ဝင်ငွေရသော ဥက္ကဌတစ်ယောက်အနေနှင့် နဉ်ရှီကိုလာကြိုခိုင်းရန် တခြားသူတွေကို ရိုးရိုးရှင်းရှင်းပင် ညွှန်ကြားလိုက်၍ရသည်။ သို့တိုင် သူကတော့ ဒုက္ခခံလို့ ညတိုင်းကိုယ်တိုင်ကိုယ်ကျလာကြို၏။ ဒီဟာက အချစ်စစ်မဟုတ်ရင် တခြားဘာဖြစ်နိုင်သေးလဲ?

ချန်းရှီကွေ့တစ်ယောက် နားနေခန်းဝင်ပေါက်ကို ရောက်ရုံတင်ရှိသေး အထဲမှ အော်သံတချို့ကို သူကြားလိုက်ရသည်။

“နဉ်လောင်ရှီး! အဆင်ပြေရဲ့လား?!”

“စောင်တစ်ထည်ယူလာခဲ့ကြ”

“နဉ်လောင်ရှီး မူးလဲသွားပြီ။ တစ်ယောက်ယောက် လာကူကြပါအုံး!”

“ဘန်း!”

တံခါးထံမှရိုက်ခတ်သံက လူတိုင်းကိုထိတ်လန့်သွားစေသည်။ သူတို့လှည့်ကြည့်လိုက်တော့ ချန်းရှီကွေ့က ခြေလှမ်းကျယ်ကျယ်နှင့် အမူအရာမဲ့စွာ လျှောက်လာသည်ကိုတွေ့လိုက်ရသည်။

“မစ္စတာချန်း...” ရှောင်ယန်က ချန်းရှီကွေ့၏မည်းမှောင်နေသော မျက်နှာအမူအရာကိုမြင်တော့ သူမ၏ကိုယ်လေးက ကြောက်လန့်တကြား ကျုံ့ဝင်သွား၏။

ချန်းရှီကွေ့က သူမကို မကြည့်။ သူနဉ်ရှီ၏နဖူးကို ထိလိုက်သည်။ ၎င်းကကျစ်ကျစ်တောက်ပူနေ၏။ “သူဖျားနေပြီ”

အခန်းထဲရှိလူတိုင်း မထိန်းနိုင်စွာ တုန်ရီလာကြတော့သည်။ ချန်းရှီကွေ့က ဘာမှသိပ်မပြောလာပေမယ့် သူတို့က ဘာလို့ဒီလောက်တောင်ကြောက်နေရတာလဲ?

ချန်းရှီကွေ့က ကိုယ်ကိုကိုင်းလို့ နဉ်ရှီကိုသယ်သွားပြီး သူ့နောက်မှလိုက်လာသည့် ဘော်ဒီဂတ်နှစ်ယောက်ကို ပြောလိုက်သည်။ “ကားသွားယူလာခဲ့ကြ...ငါတို့ အခုချက်ချင်း ဆေးရုံသွားရမယ်...”

ရှောင်ယန်က ခဏလောက်ကြောင်နေပြီးမှ နဉ်ရှီ၏လက်ကိုင်အိတ်ကို သွားပြေးယူကာ သူတို့နောက်မှလိုက်သွားတော့သည်။

နဉ်ရှီမူးလဲသွားသည့်သတင်းကို လင်ရှုကျဲကြားသိသည့်အချိန်မှာတော့ ချန်းရှီကွေ့က သူမကိုခေါ်ထုတ်သွားပြီဖြစ်၏။

“နဉ်ရှီရဲ့မန်နေဂျာနဲ့လက်ထောက်ကိုခေါ်လိုက်။ မနက်ဖြန်ကျရင် နဉ်ရှီကိုသွားကြည့်ဖို့ ဇာတ်လိုက်နေရာ သရုပ်ဆောင်တဲ့မင်းသားက ငါနဲ့အဖော်လိုက်ခဲ့ရမယ်...” နဉ်ရှီက ရိုက်ကူးရေးလုပ်နေစဉ်ကာလအတွင်း အဆင်ပြေပုံမပေါ်တာကို လင်ရှုကျဲသတိရသွားသည်။ ထိုအချိန်ကတော့ သူမကတအားအေးလွန်းလို့ အဲ့လိုပုံစံပေါက်နေတာလို့ ထင်လိုက်မိ၏။ သူမဖျားနေတာကို သတိမထားမိခဲ့လိုက်ပေ။

အချိန်ခဏအကြာ လင်ရှုကျဲကို ကျန်းချင်းယွင်က ဖုန်းခေါ်လာခဲ့သည်။

ကျန်းချင်းယွင်က သူ့ကိုတောင်းပန်လာသည်။ နဉ်ရှီက လူတိုင်းကိုစိတ်ပူစေခဲ့ပြီဟု ပြောလိုက်ပြီး သူမကိုဆေးရုံတင်လိုက်ကြောင်း ပြောလာခဲ့၏။ စစ်ဆေးပြီးနောက် ၎င်းဟာ သာမန်အအေးမိပြီးအဖျားဝင်တာဖြစ်ပြီး နဉ်ရှီက လုံလုံလောက်လောက်အနားမယူထားလို့ မူးလဲသွားတာဖြစ်ကြောင်း ဆရာဝန်ကပြော၏။ ထို့နောက်ဆရာဝန်က သူတို့ကိုစိတ်မပူတော့ဖို့ ပြောသွားသေးသည်။

လင်ရှုကျဲတစ်ယောက် ဖုန်းချပြီးသည်နှင့် ရင်ထဲကအလုံးကြီးကျသွားတော့သည်။ ဤဇာတ်ကားတွင် အမျိုးသမီးဇာတ်လိုက်နဉ်ရှီက အရေးကြီးဆုံးပင်။ သူမထံ၌ တစ်ခုခုဆိုးဆိုးရွားရွားဖြစ်သွားလျှင် ရိုက်ကူးရေးကမဆက်နိုင်ဖြစ်နေလိမ့်မည်။

ဟုတ်တာပေါ့...အရေးကြီးဆုံးအချက်မှာ ကျန်းချင်းယွင်က ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ရမလဲ သိနေတာပင်။ သူက ဒီအကြောင်းကို ခဏခဏစားမြုံ့ပြန်မနေသလို ရိုက်ကူးရေးအဖွဲ့ရဲ့တာဝန်ဖြစ်သည်ဟုလည်း စောင်းမြောင်းမပြောခဲ့။

တစ်ခါတရံ celebrities တွေက သူတို့ပြဿနာတစ်ခုခုဖြစ်ရင် ရိုက်ကူးရေးအဖွဲ့သားများကိုပါ ဆွဲချတတ်ကြသည်။ တစ်ခါတလေ ဤကဲ့သို့သောအခြေအနေမျိုးတွင် ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့က ဘယ်လိုလုပ် ခုခံပြောဆိုလို့ရတော့မှာလဲ?

===============
Meow's Note: မြောင့်ကိုသတိများရနေမလား သိချင်လို့ ကိုယ်ထင်လာပြတာ ဟဲ"။ မျက်စိအခြေအနေ‌‌ကြောင့်ပျောက်နေရတာပါလို့။
___________________

[Zawgyi]

အခန္း (၆၇.၁)

“ကံေကာင္းျခင္းေတြ ေရာက္လာခဲ့ၿပီ”ကို တရုတ္ႏွစ္သစ္ကူးကာလအတြင္းမွာ ထုတ္လႊင့္ျပသမည္ဟု သတ္မွတ္ထားသၫ့္အေလ်ာက္ ရိုက္ကူးေရးတစ္ဖြဲ႔လံုးက အခ်ိန္တခ်ိဳ႕ေလာက္ထိ အလုပ္ရႈပ္ေနရၿပီ။ တစ္ခါတေလ နဉ္ရွီခမ်ာ ညဘက္ဇာတ္ဝင္ခန္းေတြကို အၿပီးသတ္ဖို႔အတြက္ သန္းေခါင္ေက်ာ္အခ်ိန္ကစၿပီး မနက္ေနထြက္ခ်ိန္အထိ အလုပ္လုပ္ရရွာ၏။

Celebrity တစ္ေယာက္၏ ဇီဝနာရီသည္ ပံုေသျဖစ္ခဲသည္။ နဉ္ရွီက ေကာ္ဖီခါးခါးကို ႏွစ္ငံုေလာက္ေသာက္လိုက္ၿပီး အိပ္ခ်င္စိတ္ကို ေခ်ာင္ထိုးထားလိုက္ကာ မိတ္ကပ္ပညာရွင္က သူမကိုမိတ္ကပ္ျပင္ေပးရန္ ေခါင္းေမာ့ေပးလိုက္သည္။

ေနာက္တစ္ခန္းက အမ်ိဳးသမီးဇာတ္လိုက္ေရထဲက်သြားသၫ့္ အေၾကာင္းပင္။ ေရေၾကာက္‌ေသာေရာဂါရိွ‌သၫ့္ အမ်ိဳးသားဇာတ္လိုက္က မ်ားမ်ားစားစားေတြးမေနဘဲ ေရထဲခုန္ခ်လိုက္သည္။ ေရထဲတြင္ ရုန္းကန္လႈပ္ရွားေနၿပီးေနာက္ ေရေအာက္အနက္ဆံုးထိ နစ္ျမဳပ္သြားကာ ေနာက္ဆံုး အမ်ိဳးသမီးဇာတ္လိုက္ကပင္ သူ႔ကိုကယ္ခဲ့ရသည္။

ထုတ္လုပ္ေရးအဖြဲ႔က ဤဇာတ္ဝင္ခန္းကိုရိုက္ကူးဖို႔အတြက္  တန္ဖိုးႀကီးေနရာတစ္ခုကို အထူးတလည္ငွားရမ္းခဲ့သည္။ ႀကီးက်ယ္ခမ္းနားေသာ ဒင္နာပါတီဇာတ္ကြက္ကို ျပန္လည္ဖန္တီးဖို႔ရန္ ခမ္းနား‌ထည္ဝါေသာအိမ္၊ ကြင္းျပင္က်ယ္ႀကီးတစ္ခုႏွင့္ ေရကူးကန္လည္း ပါရိွေလသည္။

ၿမိဳ႔ေတာ္ရိွ ေဆာင္းညသည္ကား အလြန္တရာေအးစိမ့္လွသည္။ နဉ္ရွီက ပြဲတက္ဝတ္စံုကို ဝတ္လိုက္ၿပီး ၿခံဳထည္ထူထူႏွင့္ပတ္ထားလိုက္သည္။ သူမေခါင္းမူးလာတာေၾကာင့္ နဖူးကိုပြတ္လိုက္သည္။ သို႔ေပသိ သည္ဇာတ္ဝင္ခန္းကိုျပင္ဆင္ရန္အလို႔ငွာ ရိုက္ကူးေရးအဖြဲ႔သားမ်ားက သိသိသာသာကို အားစိုက္ထားရ၏။ သို႔ျဖစ္ရာ သူမထံ၌ တစ္ခုခုျဖစ္သြားပါလ်ွင္ ရိုက္ကူးေရးအဖြဲ႔၏အားစိုက္မႈက သဲထဲေရသြန္ျဖစ္သြားလိမ့္မည္။

သူမ ေရွာင္ယန္ကို အဖ်ားက်ေဆးႏွစ္လံုး ယူလာခိုင္းလိုက္သည္။ ေဆးေသာက္ၿပီးေနာက္ ေရွာင္ယန္၏စိုးရိမ္ေနသၫ့္အၾကၫ့္ကိုျမင္ေတာ့ သူမ၏ပါးကိုဆြဲလိုက္သည္။ “စိတ္မပူနဲ႔...အစ္မအဆင္ေျပတယ္”

“နဉ္ေလာင္ရွီး...ဒါရိုက္တာလင္ေခၚေနတယ္” အဖြဲ႔သားတစ္ေယာက္က သူတို႔ဆီေလ်ွာက္လာၿပီး နဉ္ရွီလက္ထဲက ေဆးႏွင့္ေရကိုျမင္လိုက္သၫ့္အခါ သူကစိုးရိမ္တႀကီးေမးလာ၏။ “နဉ္ေလာင္ရွီး...ေနမေကာင္းျဖစ္ေနတာလား?”

ဒီညရိုက္ရမၫ့္ဇာတ္ကြက္ႏွစ္ခုလံုးက အေရးႀကီးသည္။ နဉ္ေလာင္ရွီးသာဖ်ားသြားမယ္ဆိုရင္ သူတို႔ဒီဇာတ္ဝင္ခန္းေတြကို ရိုက္ႏိုင္အံုးမလား?

“ဒီအတိုင္း အေအးမိရံုေလးပါပဲ” နဉ္ရွီက ရိုက္ကူးေရးအဖြဲ႔သားကို ၿပံဳးျပလိုက္ၿပီး မတ္တပ္ရပ္ကာ ဒါရိုက္တာလင္ဆီသြားေတာ့သည္။

ရိုက္ကူးေရးအဖြဲ႔သားက သူမ၏တံု႔ျပန္ပံုကိုၾကၫ့္ၿပီး ဘာမွထပ္မေမးရဲေတာ့ဘဲ သူမေနာက္မွသာလိုက္လာေတာ့သည္။

“နဉ္ရွီေရ ဒီကိုလာပါအံုး... ဒီဇာတ္ဝင္ခန္းနဲ႔ပတ္သက္ၿပီး မင္းနဲ႔ေကာင္းလီကို ေျပာစရာရိွလို႔..” ဒါရိုက္တာလင္က နဉ္ရွီကို လက္ယမ္းျပ၍ ေခၚလိုက္၏။ “ဒီအခန္းက ဇာတ္လိုက္ႏွစ္ေယာက္ရဲ့ခံစားခ်က္ေတြ ပြင့္ထြက္လာရမွာ။ ဒီလိုခံစားခ်က္မ်ိဳးရဖို႔အတြက္ ငါတို႔ဘာအစားထိုးသရုပ္ေဆာင္မွသံုးမွာမဟုတ္ဘူး။ ခဏေနမင္းေရထဲခုန္ဆင္းတဲ့အခါက်ရင္ ေရေၾကာက္တဲ့စိတ္ကို အတတ္ႏိုင္ဆံုးရင္ဆိုင္ၿပီး ရယ္စရာေကာင္းသလို ခ်စ္စရာေကာင္းသလို လွပတဲ့ျမင္ကြင္းမ်ိဳး ႀကိဳးစားၿပီးလုပ္ရမယ္။ မင္းတို႔ႏွစ္‌ေယာက္လံုး လုပ္ႏိုင္လား?”

နဉ္ရွီက ၾကည္လင္ေနေသာ ေရကူးကန္ထဲကေရကိုၾကၫ့္ၿပီး ေခါင္းညိတ္လိုက္သည္။

ေကာင္းလီက နဂိုကတည္းက နာမည္သိပ္မရိွသၫ့္ Bအဆင့္ဝင္သရုပ္ေဆာင္တစ္ေယာက္ပင္။ လင္ရႈက်ဲ၏ဇာတ္ကားတြင္ ဇာတ္လိုက္အျဖစ္သရုပ္ေဆာင္ႏိုင္သည္ကိုက ေကာင္းခ်ီးတစ္ခုျဖစ္ေနၿပီ။ ‌ယခုလို ရိုးရိုးရွင္းရွင္း ေရကန္ထဲခုန္ခ်တာကို မဆိုထားႏွင့္၊ သူအမိႈက္ပံုထဲခုန္ခ်ရမည္ဆိုလ်ွင္ေတာင္ ေပ်ာ္ေပ်ာ္ႀကီးခုန္ခ်လိုက္မည္!

“မေၾကာက္နဲ႔။ ကယ္ဆယ္ေရးအေစာင့္ေတြက ေရကန္နားမွာရိွေနမွာ။ ဘာမေတာ္တဆမႈမွ ျဖစ္လာမွာမဟုတ္ဘူး...” ဇာတ္လိုက္ႏွစ္ေယာက္လံုး ပူးေပါင္းေဆာင္ရြက္လိုတာကိုျမင္ေတာ့ လင္ရႈက်ဲက စိတ္ေက်နပ္စြာ ေခါင္းတညိတ္ညိတ္လုပ္ေနေတာ့၏။ “ျပင္စရာရိွတာ ျပင္ထားၾက...ခဏေနရင္ ရိုက္ကူးေရးစမယ္”

“ျဖတ္‌ေလ်ွာက္ေတြနဲ႔ အရံသရုပ္ေဆာင္ေတြ အသင့္ျပင္ထားၾကေဟ့”

“ဒုတိယအမ်ိဳးသမီးဇာတ္လိုက္က ေနရာယူမယ္။ က်န္တဲ့လူေတြ ကိုယ့္ေနရာကိုယ္မွတ္ထားၿပီး ကိုယ့္ေဘးကလူေတြကိုမွတ္ထားၾက။ ေနရာမလြဲေစနဲ႔!” လင္ရႈက်ဲက ေမာ္နီတာေနာက္တြင္ထိုင္ေနကာ သူ႔လက္ကိုေျမႇာက္လိုက္ရင္း...“ရယ္ဒီ အက္ရွင္!”

ယခုလက္ရိွရိုက္ကူးေရးအေျခအေနဟာ ပိုမိုေကာင္းမြန္လာၿပီ။ ယခင္ကဆိုလ်ွင္ ကင္မရာတစ္လံုး၊ႏွစ္လံုးေလာက္ျဖင့္သာ ရိုက္ကူးေရးလုပ္ခဲ့ရ၏။ တစ္ခါတရံ အလိုရိွသၫ့္ပံုစံမ်ိဳးရလာေစရန္ သရုပ္ေဆာင္မ်ားက တူညီသၫ့္ဇာတ္ကြက္မ်ားကို မတူညီသၫ့္ရႈေထာင့္မ်ားမွ ျပန္ရိုက္ရ၏။ ယေန့ေခတ္တြင္ ကင္မရာေပါင္းမ်ားစြာက ရႈေထာင့္အလံုးစံုကိုရိုက္ကူးႏိုင္ရန္ တစ္ခ်ိန္တည္းမွာလုပ္ေဆာင္ေနၾကၿပီ။ သို႔ေသာ္လည္း ထိုသို႔ျပဳလုပ္ႏိုင္ရန္ သရုပ္ေဆာင္မ်ား၏ေနရာယူထားပံုႏွင့္ ေရြ့လ်ားမႈမ်ားအေပၚလိုအပ္ခ်က္ေတြက ပို၍ၾကပ္မတ္ထားရသည္။

“ဗြမ္း!” အမ်ိဳးသမီးဇာတ္လိုက္က ေရထဲျပဳတ္က်သြားသည္။ ပိတုန္းေရာင္ေကသာက ‌ပင္လယ္ေရေမွာ္အလား ျပန႔္က်ဲေနကာ သူမ၏စကတ္က ေရထဲတြင္ ‌ပြင့္လန္းစိုစြတ္ေနေသာပန္းတစ္ပြင့္ႏွယ္ ေၾကာ့ရွင္းစြာလြင့္ေမ်ာေန၏။

ဤဇာတ္ဝင္ခန္းသည္ အမ်ိဳးသမီးဇာတ္လိုက္ ေရထဲက်သြားပံုက အလြန္လွပသေယာင္ ျမင္ေယာင္ေနမိသည့္ အမ်ိဳးသားဇာတ္လိုက္၏ အေတြးပံုရိပ္ကို ပံုေဖာ္ထားျခင္းပင္။

သူမ၏နားရြက္မ်ားႏွင့္ႏွာေခါင္းထဲတြင္ ေရေတြႏွင့္ျပၫ့္လ်ွံေနသလို နဉ္ရွီခံစားေနရသည္။ သူမစတင္ ယက္ကန္ယက္ကန္ျဖစ္လာေလၿပီ။

သူမေရထဲျပဳတ္က်သြားသၫ့္အခိုက္တြင္ တစ္ေလာကလံုးတိတ္ဆိတ္သြားသလိုပင္။ ၾကည္လင္ကာ ရြဲ႔ေစာင္းေနသၫ့္ လ၏ပံုရိပ္ကို ေရထဲမျွဖတ္၍ပင္ျမင္ရ၏။

နဉ္ရွီကဇာတ္ကြက္ထဲကို လ်င္လ်င္ျမန္ျမန္နစ္‌ေျမာသြားမယ္လို႔ လင္ရႈက်ဲမထင္ထားခဲ့ေပ။ ဝါရင့္သရုပ္ေဆာင္မ်ားပင္ ေရထဲက်သြားလ်ွင္ အမွတ္တမဲ့ရုန္းကန္ေနမိၾကေသးသည္။

ဤအရာသည္ ကြၽမ္းက်င္မႈႏွင့္မသက္ဆိုင္၊ လူတစ္ေယာက္၏ပင္ကိုယ္ဗီဇပင္ျဖစ္၏။

ထိုကဲ့သို႔ေသာ ကိုယ့္ကိုယ္ကိုယ္ထိန္းခ်ဳပ္ႏိုင္စြမ္း‌ရိွေသာ ပုဂၢိုလ္တစ္ဦးသည္ သာမန္လူတစ္ေယာက္၏ကန႔္သတ္ခ်က္မ်ားကို အမွန္ပင္ေက်ာ္လြန္ေန၏။ သူ post-production မလုပ္မီ လွပေသာဇာတ္ကြက္ကိုျမင္လိုက္ရခ်ိန္မွာေတာ့ စိတ္သက္သာရာရသြားဟန္ႏွင့္ သက္ျပင္းခ်မိေတာ့သည္။

ဤအခိုက္တြင္ ကယ္ဆယ္ေရးအေစာင့္က နဉ္ရွီကိုသယ္လာကာ အသက္ရႉခြင့္ျပဳလိုက္၏။

ေနာက္တစ္ခန္းမွာ နဥ္ရွီက ေျခမကိုင္မိလက္မကိုင္မိ ပံုစံမ်ိဳးျဖင့္ သနားခ်င့္စရာေကာင္းေအာင္ ယက္ကန္ယက္ကန္ျဖစ္ေနပံုကို ရိုက္ကူးရမည္ျဖစ္သည္။ ဤဇာတ္ဝင္ခန္းသည္ ဇာတ္ပို႔မင္းသမီး၏အေတြးပံုရိပ္ပင္။

လံုးဝဆန႔္က်င္ဘက္ျဖစ္ေနသၫ့္ျမင္ကြင္းက ရယ္ေမာေစႏိုင္သလို ဇာတ္ေကာင္ေတြ၏အက်င့္စရိုက္ကိုလည္း ယူေဆာင္လာေပး၏။

“အဟြတ္ အဟြတ္” နဉ္ရွီက သူမ၏ႏွာေခါင္းကိုကိုင္ကာ အသက္ဝဝရႉၿပီး ေနာက္တစ္ခန္းကို စတင္ရိုက္ကူးေတာ့သည္။

ေရထဲတြင္ ပ်ာယာခတ္ၿပီး သနားစဖြယ္ေကာင္းေအာင္ သရုပ္ေဆာင္ရသည္မွာ ပို၍လြယ္ကူသျဖင့္ ဇာတ္ကြက္က ျမန္ျမန္ဆန္ဆန္ပင္ ရိုက္ကူးလို႔ၿပီးသြားေလ၏။ သူမေရထဲမွထြက္လာခ်ိန္တြင္ အႀကိမ္အနည္းငယ္ေလာက္ မထိန္းခ်ဳပ္ႏိုင္စြာ တုန္ရီေနေသးသည္။

ရိုက္ကူးေရးအဖြဲ႔သားက အေအးသက္သာသြားေစရန္ စြပ္ျပဳတ္ပူပူတစ္ပန္းကန္ကို ခ်က္ခ်င္းသြားယူလာခဲ့သည္။ နဉ္ရွီက မအီမသာျဖစ္ေန၍ ႏွစ္ငံုမ်ွသာေသာက္လိုက္၏။

နဉ္ရွီအခ်ိန္အၾကာႀကီးအေအးဒဏ္မခံႏိုင္မွာစိုးသျဖင့္ ရိုက္ကူးေရးကိုဆက္လုပ္လိုက္ၾက၏။ ေကာင္းလီ၏သရုပ္ေဆာင္အရည္အခ်င္းက ေျပာင္ေျမာက္လွေပသည္။ နဉ္ရွီႏွင့္တစ္လနီးပါး အတူတြဲလုပ္ၿပီးေနာက္တြင္ chemistry မိလာၿပီျဖစ္၍ ေနာက္ရိုက္ရမၫ့္ဇာတ္ကြက္အနည္းငယ္က ေခ်ာေခ်ာေမြ့ေမြ့ပင္ ၿပီး‌သြားေတာ့သည္။

ရုပ္ရွင္ရိုက္ကူးၿပီးသၫ့္အခ်ိန္ဝယ္ နဉ္ရွီ၏မ်က္ႏွာမွာ ျဖဴ‌ေဖ်ာ့ေနၿပီး ေတာင့္ေတာင့္ႀကီးျဖစ္ေန၏။ အဝတ္အစားအသစ္တစ္စံုလဲၿပီး ဆံပင္အေျခာက္ခံလိုက္တာေတာင္ သူမကိုၾကၫ့္ရတာ ပို၍သက္သာလာပံုမေပါက္ေပ။

ရိုက္ကြင္းလက္ေထာက္က ရိုက္ကြင္းကိုရွင္းလင္းရန္ ရိုက္ကူးေရးအဖြဲ႔သားမ်ားကိုဦးေဆာင္ေနခ်ိန္ သူ႔ျမင္ကြင္းကိုကြယ္ေနသၫ့္ အေနာက္တိုင္းအက်ႌဝတ္ထားသူကို ေတြ့လိုက္၏။ သူေမာ့ၾကၫ့္လိုက္သည္။ ဒီလူက ခ်န္းလုပ္ငန္းစုရဲ့သူေဌး ခ်န္းရွီေကြ့မဟုတ္လား?

သူဒီကိုေရာက္ေနတာက....နဉ္ရွီအနားယူဖို႔အတြက္ လာႀကိဳတာမ်ားလား?

“မစၥတာခ်န္း...နဉ္ေလာင္ရွီးက နားေနခန္းမွာ မိတ္ကပ္ဖ်က္ေနတယ္။ သူ႔ကို အဲ့မွာသြားရွာၾကၫ့္လို႔ရတယ္” ရိုက္ကြင္းလက္ေထာက္ကၿပံဳးၿပီး ခ်န္းရွီေကြ့အား ေနရာတစ္ေနရာဆီ ၫႊန္ျပလိုက္၏။

“ေက်းဇူး” ခ်န္းရွီေကြ့က သူ႔ကို ေက်းဇူးတင္စကားေျပာလိုက္ၿပီး သူၫႊန္ျပသၫ့္ေနရာဆီ သြားလိုက္သည္။

ရိုက္ကြင္းလက္ေထာက္က သူ၏ေက်ာျပင္က်ယ္ႀကီးကိုၾကၫ့္ၿပီး သက္ျပင္းခ်လိုက္သည္။ ခ်န္းရွီေကြ့က အမွန္ပင္ နဉ္ရွီကို ေကာင္းမြန္စြာဆက္ဆံ၏။ နဉ္ရွီက ညေပါင္းမ်ားစြာ ေနာက္က်သည္အထိ အလုပ္လုပ္ရေပမယ့္ သူကေတာ့ သူမကိုလာေခၚဖို႔ အၿမဲဒီမွာရိွေနတတ္၏။

တစ္မိနစ္ကို သုညဂဏန္း၅လံုးမွ၆လံုးထက္ေက်ာ္လြန္စြာ ဝင္ေငြရေသာ ဥကၠဌတစ္ေယာက္အေနႏွင့္ နဉ္ရွီကိုလာႀကိဳခိုင္းရန္ တျခားသူေတြကို ရိုးရိုးရွင္းရွင္းပင္ ၫႊန္ၾကားလိုက္၍ရသည္။ သို႔တိုင္ သူကေတာ့ ဒုကၡခံလို႔ ညတိုင္းကိုယ္တိုင္ကိုယ္က်လာႀကိဳ၏။ ဒီဟာက အခ်စ္စစ္မဟုတ္ရင္ တျခားဘာျဖစ္ႏိုင္ေသးလဲ?

ခ်န္းရွီေကြ့တစ္ေယာက္ နားေနခန္းဝင္ေပါက္ကို ေရာက္ရံုတင္ရိွေသး အထဲမွ ေအာ္သံတခ်ိဳ႕ကို သူၾကားလိုက္ရသည္။

“နဉ္ေလာင္ရွီး! အဆင္ေျပရဲ့လား?!”

“ေစာင္တစ္ထည္ယူလာခဲ့ၾက”

“နဉ္ေလာင္ရွီး မူးလဲသြားၿပီ။ တစ္ေယာက္ေယာက္ လာကူၾကပါအံုး!”

“ဘန္း!”

တံခါးထံမွရိုက္ခတ္သံက လူတိုင္းကိုထိတ္လန႔္သြားေစသည္။ သူတို႔လွၫ့္ၾကၫ့္လိုက္ေတာ့ ခ်န္းရွီေကြ့က ေျခလွမ္းက်ယ္က်ယ္ႏွင့္ အမူအရာမဲ့စြာ ေလ်ွာက္လာသည္ကိုေတြ့လိုက္ရသည္။

“မစၥတာခ်န္း...” ေရွာင္ယန္က ခ်န္းရွီေကြ့၏မည္းေမွာင္ေနေသာ မ်က္ႏွာအမူအရာကိုျမင္ေတာ့ သူမ၏ကိုယ္ေလးက ေၾကာက္လန႔္တၾကား က်ံဳ႔ဝင္သြား၏။

ခ်န္းရွီေကြ့က သူမကို မၾကၫ့္။ သူနဉ္ရွီ၏နဖူးကို ထိလိုက္သည္။ ၄ကက်စ္က်စ္ေတာက္ပူေန၏။ “သူဖ်ားေနၿပီ”

အခန္းထဲရိွလူတိုင္း မထိန္းႏိုင္စြာ တုန္ရီလာၾကေတာ့သည္။ ခ်န္းရွီေကြ့က ဘာမွသိပ္မေျပာလာေပမယ့္ သူတို႔က ဘာလို႔ဒီေလာက္ေတာင္ေၾကာက္ေနရတာလဲ?

ခ်န္းရွီေကြ့က ကိုယ္ကိုကိုင္းလို႔ နဉ္ရွီကိုသယ္သြားၿပီး သူ႔ေနာက္မွလိုက္လာသၫ့္ ေဘာ္ဒီဂတ္ႏွစ္ေယာက္ကို ေျပာလိုက္သည္။ “ကားသြားယူလာခဲ့ၾက...ငါတို႔ အခုခ်က္ခ်င္း ေဆးရံုသြားရမယ္...”

ေရွာင္ယန္က ခဏေလာက္ေၾကာင္ေနၿပီးမွ နဉ္ရွီ၏လက္ကိုင္အိတ္ကို သြားေျပးယူကာ သူတို႔ေနာက္မွလိုက္သြားေတာ့သည္။

နဉ္ရွီမူးလဲသြားသၫ့္သတင္းကို လင္ရႈက်ဲၾကားသိသၫ့္အခ်ိန္မွာေတာ့ ခ်န္းရွီေကြ့က သူမကိုေခၚထုတ္သြားၿပီျဖစ္၏။

“နဉ္ရွီရဲ့မန္ေနဂ်ာနဲ႔လက္ေထာက္ကိုေခၚလိုက္။ မနက္ျဖန္က်ရင္ နဉ္ရွီကိုသြားၾကၫ့္ဖို႔ ဇာတ္လိုက္ေနရာ သရုပ္ေဆာင္တဲ့မင္းသားက ငါနဲ႔အေဖာ္လိုက္ခဲ့ရမယ္...” နဉ္ရွီက ရိုက္ကူးေရးလုပ္ေနစဉ္ကာလအတြင္း အဆင္ေျပပံုမေပၚတာကို လင္ရႈက်ဲသတိရသြားသည္။ ထိုအခ်ိန္ကေတာ့ သူမကတအားေအးလြန္းလို႔ အဲ့လိုပံုစံေပါက္ေနတာလို႔ ထင္လိုက္မိ၏။ သူမဖ်ားေနတာကို သတိမထားမိခဲ့လိုက္ေပ။

အခ်ိန္ခဏအၾကာ လင္ရႈက်ဲကို က်န္းခ်င္းယြင္က ဖုန္းေခၚလာခဲ့သည္။

က်န္းခ်င္းယြင္က သူ႔ကိုေတာင္းပန္လာသည္။ နဉ္ရွီက လူတိုင္းကိုစိတ္ပူေစခဲ့ၿပီဟု ေျပာလိုက္ၿပီး သူမကိုေဆးရံုတင္လိုက္ေၾကာင္း ေျပာလာခဲ့၏။ စစ္ေဆးၿပီးေနာက္ ၄ဟာ သာမန္အေအးမိၿပီးအဖ်ားဝင္တာျဖစ္ၿပီး နဉ္ရွီက လံုလံုေလာက္ေလာက္အနားမယူထားလို႔ မူးလဲသြားတာျဖစ္ေၾကာင္း ဆရာဝန္ကေျပာ၏။ ထို႔ေနာက္ဆရာဝန္က သူတို႔ကိုစိတ္မပူေတာ့ဖို႔ ေျပာသြားေသးသည္။

လင္ရႈက်ဲတစ္ေယာက္ ဖုန္းခ်ၿပီးသည္ႏွင့္ ရင္ထဲကအလံုးႀကီးက်သြားေတာ့သည္။ ဤဇာတ္ကားတြင္ အမ်ိဳးသမီးဇာတ္လိုက္နဉ္ရွီက အေရးႀကီးဆံုးပင္။ သူမထံ၌ တစ္ခုခုဆိုးဆိုးရြားရြားျဖစ္သြားလ်ွင္ ရိုက္ကူးေရးကမဆက္ႏိုင္ျဖစ္ေနလိမ့္မည္။

ဟုတ္တာေပါ့...အေရးႀကီးဆံုးအခ်က္မွာ က်န္းခ်င္းယြင္က ဒီကိစၥကို ဘယ္လိုကိုင္တြယ္ရမလဲ သိေနတာပင္။ သူက ဒီအေၾကာင္းကို ခဏခဏစားၿမံဳ႔ျပန္မေနသလို ရိုက္ကူးေရးအဖြဲ႔ရဲ့တာဝန္ျဖစ္သည္ဟုလည္း ေစာင္းေျမာင္းမေျပာခဲ့။

တစ္ခါတရံ celebrities ေတြက သူတို႔ျပႆနာတစ္ခုခုျဖစ္ရင္ ရိုက္ကူးေရးအဖြဲ႔သားမ်ားကိုပါ ဆြဲခ်တတ္ၾကသည္။ တစ္ခါတေလ ဤကဲ့သို႔ေသာအေျခအေနမ်ိဳးတြင္ ရုပ္ရွင္ထုတ္လုပ္ေရးအဖြဲ႔က ဘယ္လိုလုပ္ ခုခံေျပာဆိုလို႔ရေတာ့မွာလဲ?

===============
Meow's Note: ေျမာင့္ကိုသတိမ်ားရေနမလား သိခ်င္လို႔ ကိုယ္ထင္လာျပတာ ဟဲ"။ မ်က္စိအေျခအေန‌‌ေၾကာင့္ေပ်ာက္ေနရတာပါလို႔။
___________________

Continue Reading

You'll Also Like

12K 1.1K 64
????New normal #ချိုလွန်းလို့ခက် (3 short storys) ချိုခါးတွေက ရင်အောင့်လို့ ချိုချိုလေးပဲလုပ်ပါဆိုတဲ့ချစ်တို့အတွက် #ချိုလွန်းလို့ခက် လို့နာမည်ပေးထား...
236K 25.9K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
3M 235K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
606K 93.2K 145
Name(s) : Quick Transmigration Cannon Fodder's Record of Counter Attack Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao...