[Unicode]
"စတုတ္ထရာ"
"အင်း ဘာလဲ"
ပါးစပ်ကသာဖြေနေပေမယ့် အာကာမင်းမောင်အား မကြည့်။ TV ရှိ ကိုရီးယားကားကိုသာ အကြည့်မပျက်။
"စတုတ္ထရာလို့"
"အင်းလို့"
"စတုတ္ထရာ"
"ဘာလဲ အာကာမင်းမောင်ရေ။ သေမလို့ ခေါ်နေတာလား"
အလိုမကျစွာ မျက်မှောင်တို့က တွန့်ခေါက်စွာ လှည့်ကြည့်လာသော စတုတ္ထရာ။ စတုတ္ထရာ၏ အရည်လဲ့နေသော မျက်ဝန်းတွေကို ငေးကြည့်နေမိသည်
"ပြော လူသားကောင် အာကာမင်းမောင်။ ကိုရီးယားကား ကြည့်နေတာကို အရေးကြီးကိစ္စမဟုတ်လို့ကတော့ မင်းနာမယ်"
"မင်း ငါ့ကို အာကာမင်းမောင် အာကာမင်းမောင် လို့ ခေါ်နေရတာ မရှည်ဘူးလား"
"ရှည်တော့လဲ ဘာတတ်နိုင်မှာလဲ။ မင်းနာမည်က အာကာမင်းမောင်ဖြစ်နေတာကို ငါကဘယ်လိုခေါ်ရမှာလဲ"
"မင်း ခေါ်ရတာ ရှည်နေရင် မောင် လို့ခေါ်ပါလား"
"ဖလူး......."
အအေးကို ပိုက်နဲ့စုပ် သောက်နေသည့် စတုတ္ထရာ က ရှေ့မှ အာကာမင်းမောင်၏ မျက်နှာအား ပါးစပ်နှင့် အအေးတို့ကို ပက်ဖြန်းပေးလိုက်ခြင်းပေ။ အာကာမင်းမောင်ကတော့ မျက်နှာပေါ်က အအေး များကို လက်ဖြင့်သာ သုတ်နေလေသည်။
ဒီအခေါ်အဝေါ်အား သူသိပါသည်။
လူ့ပြည်မှာ သမီးရည်းစား ချစ်သူ စုံတွဲတွေ ချစ်စနိုးနှင့် ခေါ်ဝေါ်တတ်သည့် အသုံးအနှုန်း။
"ဘာ ဘာလို့ခေါ်ရမှာလဲ ငါက"
"မင်း ငါ့နာမည်ခေါ်ရတာ ရှည်နေတယ် ထင်လို့ပါ။အာကာမင်းမောင်ကို မောင် လို့ နောက်ဆုံးတစ်လုံး အဖျားစွတ်ပြီးခေါ်ပေါ့"
မောင်ဆိုသော နေရာတွင် လေသံကို တမင်နှိမ့်ချ၍ သူ့အား စူးစိုက်ကြည့်ကာ ပြောနေသော လူသားကောင်ကြောင့် ရုတ်တရက်ကြီး အခန်းက ပူလောင်သွားသလိုပင်။ ချွေးများပင်စို့ချင်လာကာ လူသားကောင်နှင့် မျက်နှာလွှဲလိုက်မိသည်။
"မခေါ်ချင်ဘူး ရတယ်။ ရှည်လဲ ငါ ခေါ်ရတာ အဆင်ပြေတယ်"
"အင်း။ မင်းသဘောပါလေ"
"အဟမ်း....အေး မခေါ်ဘူး"
TV ကြည့်နေစဥ် ရုတ်တရက် ရလိုက်သော အနံ့ကြောင့် လူသားကောင်ရှိရာဆီ အကြည့်တို့ပို့လိုက်မိစဥ်။ သူ့ အကြိုက် နီနီရဲရဲ တော့ပိုကီစပ်စပ် တစ်ပွဲ။
အာကာမင်းမောင်ကတော့ သူ့ဘက်ကို တစက်မှလှည့်မကြည့် တော့ပိုကီများကိုသာ ပန်းကန်ထဲ ခပ်ထည့်နေလေသည်။ ထည့်ပြီးသည့်တိုင် သူ့အား လာစားရန် မခေါ်သော လူသားကောင်။
*ဘာလဲ ဒီကောင် ငါ့ကို ခေါ်မကျွေးဘူးလားဟ*
နတ်ဘဝပေမို့ လူ့ပြည်က အစားအစာများအား စားချင်တိုင်း ယူစားလို့မရ။ တစုံတဦးက ကျွေးမှသာ စားလို့ရလေသည်။ မျက်ရည်လေး ဝေ့ကာဖြင့် အာကာမင်းမောင်ထံ စတုတ္ထရာ လှမ်းကြည့်နေသော်လဲ အနှီလူသားကတော့ သူ့ကို တစက်ကလေးမှ မကြည့်သည့်အပြင် စားဖို့လဲ မခေါ်ပေ။
တော့ပိုကီထဲက ဆန်ချောင်းကို ခက်ရင်းဖြင့် ထိုးလိုက်ရင်း နီနီရဲရဲ အနှစ်များနှင့် လှိမ့်လိုက်ကာ အာကာမင်းမောင် စားရန် ဟန်ပြင်လိုက်ချိန်မှာတော့ စတုတ္ထရာ မနေနိုင်တော့။
"ဂလု...အာကာမင်းမောင်"
ခေါ်လိုက်သောကြောင့် မော့ကြည့်လိုက်သောအခါ မျက်နှာငယ်လေးနှင့် အရည်လဲ့နေသော မျက်ဝန်းများကို တွေ့လိုက်ရသည်။ သို့သော်လဲ အကြည့်တို့က သူ့ဆီမှာ မဟုတ်။ လက်ထဲက ဆန်ချောင်းတွင်သာ။
"အင်း ပြောလေ စတုတ္ထရာ"
"ငါ့ကို တော့ပိုကီ မကျွေးတော့ဘူးလားဟင်"
"မင်း ခုနက Sandwich နဲ့ အအေး သောက်ပြီးပြီမလား"
"ဒါ ဒါပေမယ့်လဲ မင်းမှ အစပ်မစားနိုင်တာ။ အဲ့ဒါ ငါ့အတွက်မလားဟင်"
"အင်း အရင်ကမစားနိုင်ပေမယ့် အခု စမ်းစားကြည့်မလို့"
"အော်...."
"စားချင်လို့လား...."
"အင်း"
မျှော်လင့်နေသော မျက်ဝန်းများက တဖြတ်ဖြတ် တောက်ပလျှက်။
"ဒါဆို မောင်လို့ ခေါ်ရင် ကျွေးမယ်"
"ဟမ်....ဘာလို့ခေါ်ရမှာလဲ"
"မခေါ်ချင် မစားနဲ့ပေါ့။ ငါအကုန် စားလိုက်တော့မယ်"
တော့ပိုကီပန်းကန်ကိုင်ကာ သွားမည် လုပ်တော့ လက်ကို ဖမ်းဆွဲသည်။
"ခန...ခန နေပါအုံး...ငါ စဥ်းစားအုံးမယ်"
"အင်း မြန်မြန်လုပ်။ အေးသွားရင် စားမကောင်းတော့ဘူး"
*ဂလု ဒီကောင်ဘာဖြစ်နေတာလဲ။ အရင်နေ့တွေက ဒီလိုမဟုတ်ပဲ ဒီနေ့ကျမှ ဘာဖြစ်နေတာလဲ။ ကျစ်....စိတ်ညစ်လိုက်တာ။ တော့ပိုကီကလဲ စားကောင်းမဲ့ပုံပဲ။ ဒါပေမယ့် လဲ ဒီကောင့်ကို ဘယ်လိုလုပ် အဲ့လိုကြီး ခေါ်နိုင်မှာလဲ*
စတုတ္ထရာ၏ အတွေးများအား ကြားနေရသော အာကာမင်းမောင်တော့ ရယ်ချင်ပက်ကျိ ဖြစ်နေသော်လဲ မနည်း ထိန်းထားရသောကြောင့် ရုပ်ကတော့ ပြုံးစိစိ ဖြစ်နေသည်။
"မင်းကလဲ စဥ်းစားတာ ကြာလိုက်တာ။ မစားတော့ရင်လဲ ပြီးရော ငါသွားစားပြီ အေးကုန်တော့မယ်"
"မောင်"
စတုတ္ထရာ ရှေ့မှလှည့်အထွက် နောက်ကျောဘက်ဆီက ကြားလိုက်ရသော လေသံ ခပ်တိုးတိုး။ ချက်ချင်းနောက်ပြန်လှည့်မိကာ။
"မကြားရဘူး ဘယ်လိုခေါ်လိုက်တာ"
"မောင်..."
"ဟမ်...."
"မောင်လို့...."
စတုတ္ထရာ၏ မျက်နှာက အရင်လို ရွှေအိုရောင်ပြေးလေးတွေမဟုတ်ပဲ ဒီတခါတော့ ပန်းနုရောင်ပြေးလေး တခု ဖြတ်ပြေးသွားသည်။ ဒါဟာ ရှက်နေတာလို့ သတ်မှတ်လို့ရမလား။
ဘာစကားမှမပြောပဲ ပြုံးစိစိနှင့် စတုတ္ထရာအား ရပ်ကြည့်နေလို့ ထင်သည်။ စတုတ္ထရာက ရုတ်တရက် ထအော်တော့သည်။
"ခေါ်ပြီးပြီးမလား ရပြီမလား။ ကျွေးတော့လေ"
ထိုမှသာ လက်ထဲက ပန်းကန်ကိုသတိရကာ
"ရော့ စတုတ္ထရာ တော့ပိုကီ စားပါ..."
စကားတောင် မဆုံးသေး ဖြတ်ခနဲ ယူကာ TV ရှေ့ထိုင်ရင်း စားသောက်နေသော စတုတ္ထရာ။ အာကာမင်းမောင်တစ်ယောက်တော့ အစားကြူးလေး စတုတ္ထရာနတ်သား၏ နှလုံးသားအား ပိုးပန်းဖို့ရာ နည်းလမ်း တွေ့သွားခဲ့လေပြီ။အစားအသောက်နှင့် မျှားကာ နတ်သားလေးစတုတ္ထရာအား အပိုင်သိမ်းသွင်းခြင်းသာ။
⏯⏯⏯⏯⏯⏯⏯⏯⏯⏯⏯
"ဒီအလုပ်က မင်းအတွက် ပိုသင့်တော်မယ်ထင်တယ်။ မင်းရမဲ့ ဘွဲ့နဲ့လဲ နဲ့ သက်ဆိုင်တော့လေ"
ထုံးစံအတိုင်း Laptop ကြည့်နေစဥ် အာကာမင်းမောင်၏ နောက်ကျောဘက်မှ ငုံကိုင်း၍ နားရွက်နားကပ်ကာ ပြောလိုက်သော စတုတ္ထရာ။ နှုတ်ဖျားမှ ထွက်ကျလာသော စကားပြောသံ က အာကာမင်းမောင်၏ နားရွက်ကို ဖြတ်တိုက်ကာ နားသယ်စပ်ကို လာထိသောကြောင့် ကြက်သီးထသွားရသည်။
ရုတ်တရက်မို့လန့်ကာ လှည့်ကြည့်လိုက်ပြန်တော့ ထပ်မံနီးကပ်သွားသော မျက်နှာနှစ်ခု။ စတုတ္ထရာကတော့ Laptop ကိုသာ အကြည့်ပို့ထားလျှက်။
မျက်တောင် ကော့ညွတ်ညွတ်လေးတွေ နဲ့ မျက်ဝန်းတွေကို အနီးကပ် မြင်နေရသည်မှာ အာခေါင်ပင် ခြောက်လာကာ ကိုယ်တိုင် မသိလိုက်ခင်မှာပင် တံတွေးမျိုချလိုက်မိသည်။
"ငါပြောနေတာ ကြားလား ဘာကြောင်နေတာလဲ"
ပြောကာ လှည့်လိုက်သော စတုတ္ထရာက အခုမှသာ သူ့ကို ငေးငိုင် ကြည့်နေသော အာကာမင်းမောင်နှင့် မျက်နှာချင်းဆိုင် ဖြစ်သွားရသည်။ သူ့အား အူကြောင်ကြောင်နှင့် ငေးကြည့်နေသော လူသားအာကာမင်းမောင်ကြောင့် သူသည်လဲ ရုတ်တရက်ကြောင်အကာ ပြန်ကြည့်နေမိသည်။
"စတုတ္ထရာ"
"အင်း"
"မင်းက သိပ်လှတာပဲ"
"........."
ပြန်ပြောဖို့ စကားတွေ ပျောက်ရှသွားရပြီ။ ဒီလို စူးစိုက်ကြည့်ကာ ပြောနေသော အာကာမင်းမောင်ကြောင့် စတုတ္ထရာလဲ ပူလာပြီး တကိုယ်လုံး ပူရှိန်းလို ခံစားလာရသည်။ ဟိုနေရာက ပူလာလိုက် ဒီနေရာက အေးသွားလိုက်။
"ငါ ငါက နတ်သားလေ။ ချောမှာ လှမှာပေါ့။ ဘာတွေလာပြောနေမှန်း မသိဘူး"
ရုတ်ချည်း တိုက်ခန်း အပြင်ပြေးထွက်ကာ ပျောက်သွားသော စတုတ္ထရာ။
စိတ်ထဲ ရုတ်တရက် ဖြစ်ပေါ်လာသည့် ခံစားချက်ကို ထုတ်ပြောလိုက်မိသည် ဖြစ်သောကြောင့် သူလဲ ကြောင်အန်းအန်းပင်။ ပြေးထွက်သွားသော စတုတ္ထရာကိုပင် မတားလိုက်မိ။
မျက်စိရှေ့တွင် စတုတ္ထရာ မရှိတော့တာတောင် ကြောင်တောင်တောင် ထိုင်ကာ ငေးနေမိဆဲ။ ထိုစဥ် ခေါင်းထဲဝင်လာသော အသံများ။
*အား....အာကာမင်းမောင် လူသားကောင် ဘာတွေလာပြောနေတာလဲ မသိဘူး။ ဒီကောင် ကားတိုက်တုန်းက ခေါင်းထိသွားတာ ထင်တယ်။ ငါ ချောမှန်းလှမှန်းတော့ သိပေမယ့် ဒီလို ရုတ်တရက်ကြီး လာပြောတော့ ငါ့မျက်နှာဘယ်သွားထားရမှာလဲ။ အား......*
ခေါင်းထဲတွင် စတုတ္ထရာ၏ ဆူညံစွာအော်ဟစ်နေ သော အသံကြောင့် အခုမှအသိဝင်ကာ မျက်စိမှိတ်ရင်း ပုခုံးတွေ လှုပ်သည်အထိ ရယ်မောမိလိုက်သည်။
*စတုတ္ထရာက ချစ်ဖို့ကောင်းလိုက်တာ*
ထိုသို့တွေးကာ လုပ်လက်စ အလုပ်လျှောက်လွှာများကို ဆက်ရေးနေမိသည်။
ထိုအချိန်တွင်လဲ လမ်းမထက်မှာ မျက်နှာအုပ်ကာ အော်ဟစ်နေသော စတုတ္ထရာ၏ ခေါင်းထဲ ဝင်လာသော အသံတစ်သံ။
*စတုတ္ထရာက ချစ်ဖို့ကောင်းလိုက်တာ*
ဟမ် ဒါ ဒါ ဟိုလူသားကောင်ရဲ့ အသံမဟုတ်လား။ သူ့အတွေးတွေ မကြားရတာ ကြာပြီကို အခုမှ ဘာလို့ပြန်ကြားရတာလဲ။ ကြားမဲ့ကြားတော့လဲ သူ့အတွေးထဲမှာ ငါက ချစ်ဖို့ကောင်းလိုက်တာတဲ့လား။
ဒီလူသားကောင်ကတော့ တကယ်ရူးနေတာပဲ ဖြစ်လိမ့်မယ် အား......။
လမ်းမထက်မှာ မျက်နှာကို အုပ်ကာ တယောက်ထဲ အော်ဟစ်ရင်း ကဆုန်ပေါက်နေသော စတုတ္ထရာကို မည်သူမျှ မတွေ့မြင်ရလို့ တော်ပါသေးရဲ့။
▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶
[Zawgyi]
"စတုတၳရာ"
"အင္း ဘာလဲ"
ပါးစပ္ကသာေျဖေနေပမယ့္ အာကာမင္းေမာင္အား မၾကည့္။ TV ရွိ ကိုရီးယားကားကိုသာ အၾကည့္မပ်က္။
"စတုတၳရာလို႔"
"အင္းလို႔"
"စတုတၳရာ"
"ဘာလဲ အာကာမင္းေမာင္ေရ။ ေသမလို႔ ေခၚေနတာလား"
အလိုမက်စြာ မ်က္ေမွာင္တို႔က တြန့္ေခါက္စြာ လွည့္ၾကည့္လာေသာ စတုတၳရာ။ စတုတၳရာ၏ အရည္လဲ့ေနေသာ မ်က္ဝန္းေတြကို ေငးၾကည့္ေနမိသည္
"ေျပာ လူသားေကာင္ အာကာမင္းေမာင္။ ကိုရီးယားကား ၾကည့္ေနတာကို အေရးႀကီးကိစၥမဟုတ္လို႔ကေတာ့ မင္းနာမယ္"
"မင္း ငါ့ကို အာကာမင္းေမာင္ အာကာမင္းေမာင္ လို႔ ေခၚေနရတာ မရွည္ဘူးလား"
"ရွည္ေတာ့လဲ ဘာတတ္နိုင္မွာလဲ။ မင္းနာမည္က အာကာမင္းေမာင္ျဖစ္ေနတာကို ငါကဘယ္လိုေခၚရမွာလဲ"
"မင္း ေခၚရတာ ရွည္ေနရင္ ေမာင္ လို႔ေခၚပါလား"
"ဖလူး......."
အေအးကို ပိုက္နဲ႕စုပ္ ေသာက္ေနသည့္ စတုတၳရာ က ေရွ႕မွ အာကာမင္းေမာင္၏ မ်က္ႏွာအား ပါးစပ္ႏွင့္ အေအးတို႔ကို ပက္ျဖန္းေပးလိုက္ျခင္းေပ။ အာကာမင္းေမာင္ကေတာ့ မ်က္ႏွာေပၚက အေအး မ်ားကို လက္ျဖင့္သာ သုတ္ေနေလသည္။
ဒီအေခၚအေဝၚအား သူသိပါသည္။
လူ႕ျပည္မွာ သမီးရည္းစား ခ်စ္သူ စုံတြဲေတြ ခ်စ္စနိုးႏွင့္ ေခၚေဝၚတတ္သည့္ အသုံးအႏႈန္း။
"ဘာ ဘာလို႔ေခၚရမွာလဲ ငါက"
"မင္း ငါ့နာမည္ေခၚရတာ ရွည္ေနတယ္ ထင္လို႔ပါ။အာကာမင္းေမာင္ကို ေမာင္ လို႔ ေနာက္ဆုံးတစ္လုံး အဖ်ားစြတ္ၿပီးေခၚေပါ့"
ေမာင္ဆိုေသာ ေနရာတြင္ ေလသံကို တမင္ႏွိမ့္ခ်၍ သူ႕အား စူးစိုက္ၾကည့္ကာ ေျပာေနေသာ လူသားေကာင္ေၾကာင့္ ႐ုတ္တရက္ႀကီး အခန္းက ပူေလာင္သြားသလိုပင္။ ေခြၽးမ်ားပင္စို႔ခ်င္လာကာ လူသားေကာင္ႏွင့္ မ်က္ႏွာလႊဲလိုက္မိသည္။
"မေခၚခ်င္ဘူး ရတယ္။ ရွည္လဲ ငါ ေခၚရတာ အဆင္ေျပတယ္"
"အင္း။ မင္းသေဘာပါေလ"
"အဟမ္း....ေအး မေခၚဘူး"
TV ၾကည့္ေနစဥ္ ႐ုတ္တရက္ ရလိုက္ေသာ အနံ႕ေၾကာင့္ လူသားေကာင္ရွိရာဆီ အၾကည့္တို႔ပို႔လိုက္မိစဥ္။ သူ႕ အႀကိဳက္ နီနီရဲရဲ ေတာ့ပိုကီစပ္စပ္ တစ္ပြဲ။
အာကာမင္းေမာင္ကေတာ့ သူ႕ဘက္ကို တစက္မွလွည့္မၾကည့္ ေတာ့ပိုကီမ်ားကိုသာ ပန္းကန္ထဲ ခပ္ထည့္ေနေလသည္။ ထည့္ၿပီးသည့္တိုင္ သူ႕အား လာစားရန္ မေခၚေသာ လူသားေကာင္။
*ဘာလဲ ဒီေကာင္ ငါ့ကို ေခၚမေကြၽးဘူးလားဟ*
နတ္ဘဝေပမို႔ လူ႕ျပည္က အစားအစာမ်ားအား စားခ်င္တိုင္း ယူစားလို႔မရ။ တစုံတဦးက ေကြၽးမွသာ စားလို႔ရေလသည္။ မ်က္ရည္ေလး ေဝ့ကာျဖင့္ အာကာမင္းေမာင္ထံ စတုတၳရာ လွမ္းၾကည့္ေနေသာ္လဲ အႏွီလူသားကေတာ့ သူ႕ကို တစက္ကေလးမွ မၾကည့္သည့္အျပင္ စားဖို႔လဲ မေခၚေပ။
ေတာ့ပိုကီထဲက ဆန္ေခ်ာင္းကို ခက္ရင္းျဖင့္ ထိုးလိုက္ရင္း နီနီရဲရဲ အႏွစ္မ်ားႏွင့္ လွိမ့္လိုက္ကာ အာကာမင္းေမာင္ စားရန္ ဟန္ျပင္လိုက္ခ်ိန္မွာေတာ့ စတုတၳရာ မေနနိုင္ေတာ့။
"ဂလု...အာကာမင္းေမာင္"
ေခၚလိုက္ေသာေၾကာင့္ ေမာ့ၾကည့္လိုက္ေသာအခါ မ်က္ႏွာငယ္ေလးႏွင့္ အရည္လဲ့ေနေသာ မ်က္ဝန္းမ်ားကို ေတြ႕လိုက္ရသည္။ သို႔ေသာ္လဲ အၾကည့္တို႔က သူ႕ဆီမွာ မဟုတ္။ လက္ထဲက ဆန္ေခ်ာင္းတြင္သာ။
"အင္း ေျပာေလ စတုတၳရာ"
"ငါ့ကို ေတာ့ပိုကီ မေကြၽးေတာ့ဘူးလားဟင္"
"မင္း ခုနက Sandwich နဲ႕ အေအး ေသာက္ၿပီးၿပီမလား"
"ဒါ ဒါေပမယ့္လဲ မင္းမွ အစပ္မစားနိုင္တာ။ အဲ့ဒါ ငါ့အတြက္မလားဟင္"
"အင္း အရင္ကမစားနိုင္ေပမယ့္ အခု စမ္းစားၾကည့္မလို႔"
"ေအာ္...."
"စားခ်င္လို႔လား...."
"အင္း"
ေမွ်ာ္လင့္ေနေသာ မ်က္ဝန္းမ်ားက တျဖတ္ျဖတ္ ေတာက္ပလွ်က္။
"ဒါဆို ေမာင္လို႔ ေခၚရင္ ေကြၽးမယ္"
"ဟမ္....ဘာလို႔ေခၚရမွာလဲ"
"မေခၚခ်င္ မစားနဲ႕ေပါ့။ ငါအကုန္ စားလိုက္ေတာ့မယ္"
ေတာ့ပိုကီပန္းကန္ကိုင္ကာ သြားမည္ လုပ္ေတာ့ လက္ကို ဖမ္းဆြဲသည္။
"ခန...ခန ေနပါအုံး...ငါ စဥ္းစားအုံးမယ္"
"အင္း ျမန္ျမန္လုပ္။ ေအးသြားရင္ စားမေကာင္းေတာ့ဘူး"
*ဂလု ဒီေကာင္ဘာျဖစ္ေနတာလဲ။ အရင္ေန႕ေတြက ဒီလိုမဟုတ္ပဲ ဒီေန႕က်မွ ဘာျဖစ္ေနတာလဲ။ က်စ္....စိတ္ညစ္လိုက္တာ။ ေတာ့ပိုကီကလဲ စားေကာင္းမဲ့ပုံပဲ။ ဒါေပမယ့္ လဲ ဒီေကာင့္ကို ဘယ္လိုလုပ္ အဲ့လိုႀကီး ေခၚနိုင္မွာလဲ*
စတုတၳရာ၏ အေတြးမ်ားအား ၾကားေနရေသာ အာကာမင္းေမာင္ေတာ့ ရယ္ခ်င္ပက္က်ိ ျဖစ္ေနေသာ္လဲ မနည္း ထိန္းထားရေသာေၾကာင့္ ႐ုပ္ကေတာ့ ၿပဳံးစိစိ ျဖစ္ေနသည္။
"မင္းကလဲ စဥ္းစားတာ ၾကာလိုက္တာ။ မစားေတာ့ရင္လဲ ၿပီးေရာ ငါသြားစားၿပီ ေအးကုန္ေတာ့မယ္"
"ေမာင္"
စတုတၳရာ ေရွ႕မွလွည့္အထြက္ ေနာက္ေက်ာဘက္ဆီက ၾကားလိုက္ရေသာ ေလသံ ခပ္တိုးတိုး။ ခ်က္ခ်င္းေနာက္ျပန္လွည့္မိကာ။
"မၾကားရဘူး ဘယ္လိုေခၚလိုက္တာ"
"ေမာင္..."
"ဟမ္...."
"ေမာင္လို႔...."
စတုတၳရာ၏ မ်က္ႏွာက အရင္လို ေ႐ႊအိုေရာင္ေျပးေလးေတြမဟုတ္ပဲ ဒီတခါေတာ့ ပန္းႏုေရာင္ေျပးေလး တခု ျဖတ္ေျပးသြားသည္။ ဒါဟာ ရွက္ေနတာလို႔ သတ္မွတ္လို႔ရမလား။
ဘာစကားမွမေျပာပဲ ၿပဳံးစိစိႏွင့္ စတုတၳရာအား ရပ္ၾကည့္ေနလို႔ ထင္သည္။ စတုတၳရာက ႐ုတ္တရက္ ထေအာ္ေတာ့သည္။
"ေခၚၿပီးၿပီးမလား ရၿပီမလား။ ေကြၽးေတာ့ေလ"
ထိုမွသာ လက္ထဲက ပန္းကန္ကိုသတိရကာ
"ေရာ့ စတုတၳရာ ေတာ့ပိုကီ စားပါ..."
စကားေတာင္ မဆုံးေသး ျဖတ္ခနဲ ယူကာ TV ေရွ႕ထိုင္ရင္း စားေသာက္ေနေသာ စတုတၳရာ။ အာကာမင္းေမာင္တစ္ေယာက္ေတာ့ အစားၾကဴးေလး စတုတၳရာနတ္သား၏ ႏွလုံးသားအား ပိုးပန္းဖို႔ရာ နည္းလမ္း ေတြ႕သြားခဲ့ေလၿပီ။အစားအေသာက္ႏွင့္ မွ်ားကာ နတ္သားေလးစတုတၳရာအား အပိုင္သိမ္းသြင္းျခင္းသာ။
"ဒီအလုပ္က မင္းအတြက္ ပိုသင့္ေတာ္မယ္ထင္တယ္။ မင္းရမဲ့ ဘြဲ႕နဲ႕လဲ နဲ႕ သက္ဆိုင္ေတာ့ေလ"
ထုံးစံအတိုင္း Laptop ၾကည့္ေနစဥ္ အာကာမင္းေမာင္၏ ေနာက္ေက်ာဘက္မွ ငုံကိုင္း၍ နား႐ြက္နားကပ္ကာ ေျပာလိုက္ေသာ စတုတၳရာ။ ႏႈတ္ဖ်ားမွ ထြက္က်လာေသာ စကားေျပာသံ က အာကာမင္းေမာင္၏ နား႐ြက္ကို ျဖတ္တိုက္ကာ နားသယ္စပ္ကို လာထိေသာေၾကာင့္ ၾကက္သီးထသြားရသည္။
႐ုတ္တရက္မို႔လန့္ကာ လွည့္ၾကည့္လိုက္ျပန္ေတာ့ ထပ္မံနီးကပ္သြားေသာ မ်က္ႏွာႏွစ္ခု။ စတုတၳရာကေတာ့ Laptop ကိုသာ အၾကည့္ပို႔ထားလွ်က္။
မ်က္ေတာင္ ေကာ့ၫြတ္ၫြတ္ေလးေတြ နဲ႕ မ်က္ဝန္းေတြကို အနီးကပ္ ျမင္ေနရသည္မွာ အာေခါင္ပင္ ေျခာက္လာကာ ကိုယ္တိုင္ မသိလိုက္ခင္မွာပင္ တံေတြးမ်ိဳခ်လိဳက္မိသည္။
"ငါေျပာေနတာ ၾကားလား ဘာေၾကာင္ေနတာလဲ"
ေျပာကာ လွည့္လိုက္ေသာ စတုတၳရာက အခုမွသာ သူ႕ကို ေငးငိုင္ ၾကည့္ေနေသာ အာကာမင္းေမာင္ႏွင့္ မ်က္ႏွာခ်င္းဆိုင္ ျဖစ္သြားရသည္။ သူ႕အား အူေၾကာင္ေၾကာင္ႏွင့္ ေငးၾကည့္ေနေသာ လူသားအာကာမင္းေမာင္ေၾကာင့္ သူသည္လဲ ႐ုတ္တရက္ေၾကာင္အကာ ျပန္ၾကည့္ေနမိသည္။
"စတုတၳရာ"
"အင္း"
"မင္းက သိပ္လွတာပဲ"
"........."
ျပန္ေျပာဖို႔ စကားေတြ ေပ်ာက္ရွသြားရၿပီ။ ဒီလို စူးစိုက္ၾကည့္ကာ ေျပာေနေသာ အာကာမင္းေမာင္ေၾကာင့္ စတုတၳရာလဲ ပူလာၿပီး တကိုယ္လုံး ပူရွိန္းလို ခံစားလာရသည္။ ဟိုေနရာက ပူလာလိုက္ ဒီေနရာက ေအးသြားလိုက္။
"ငါ ငါက နတ္သားေလ။ ေခ်ာမွာ လွမွာေပါ့။ ဘာေတြလာေျပာေနမွန္း မသိဘူး"
႐ုတ္ခ်ည္း တိုက္ခန္း အျပင္ေျပးထြက္ကာ ေပ်ာက္သြားေသာ စတုတၳရာ။
စိတ္ထဲ ႐ုတ္တရက္ ျဖစ္ေပၚလာသည့္ ခံစားခ်က္ကို ထုတ္ေျပာလိုက္မိသည္ ျဖစ္ေသာေၾကာင့္ သူလဲ ေၾကာင္အန္းအန္းပင္။ ေျပးထြက္သြားေသာ စတုတၳရာကိုပင္ မတားလိုက္မိ။
မ်က္စိေရွ႕တြင္ စတုတၳရာ မရွိေတာ့တာေတာင္ ေၾကာင္ေတာင္ေတာင္ ထိုင္ကာ ေငးေနမိဆဲ။ ထိုစဥ္ ေခါင္းထဲဝင္လာေသာ အသံမ်ား။
*အား....အာကာမင္းေမာင္ လူသားေကာင္ ဘာေတြလာေျပာေနတာလဲ မသိဘူး။ ဒီေကာင္ ကားတိုက္တုန္းက ေခါင္းထိသြားတာ ထင္တယ္။ ငါ ေခ်ာမွန္းလွမွန္းေတာ့ သိေပမယ့္ ဒီလို ႐ုတ္တရက္ႀကီး လာေျပာေတာ့ ငါ့မ်က္ႏွာဘယ္သြားထားရမွာလဲ။ အား......*
ေခါင္းထဲတြင္ စတုတၳရာ၏ ဆူညံစြာေအာ္ဟစ္ေန ေသာ အသံေၾကာင့္ အခုမွအသိဝင္ကာ မ်က္စိမွိတ္ရင္း ပုခုံးေတြ လႈပ္သည္အထိ ရယ္ေမာမိလိုက္သည္။
*စတုတၳရာက ခ်စ္ဖို႔ေကာင္းလိုက္တာ*
ထိုသို႔ေတြးကာ လုပ္လက္စ အလုပ္ေလွ်ာက္လႊာမ်ားကို ဆက္ေရးေနမိသည္။
ထိုအခ်ိန္တြင္လဲ လမ္းမထက္မွာ မ်က္ႏွာအုပ္ကာ ေအာ္ဟစ္ေနေသာ စတုတၳရာ၏ ေခါင္းထဲ ဝင္လာေသာ အသံတစ္သံ။
*စတုတၳရာက ခ်စ္ဖို႔ေကာင္းလိုက္တာ*
ဟမ္ ဒါ ဒါ ဟိုလူသားေကာင္ရဲ႕ အသံမဟုတ္လား။ သူ႕အေတြးေတြ မၾကားရတာ ၾကာၿပီကို အခုမွ ဘာလို႔ျပန္ၾကားရတာလဲ။ ၾကားမဲ့ၾကားေတာ့လဲ သူ႕အေတြးထဲမွာ ငါက ခ်စ္ဖို႔ေကာင္းလိုက္တာတဲ့လား။
ဒီလူသားေကာင္ကေတာ့ တကယ္႐ူးေနတာပဲ ျဖစ္လိမ့္မယ္ အား......။
လမ္းမထက္မွာ မ်က္ႏွာကို အုပ္ကာ တေယာက္ထဲ ေအာ္ဟစ္ရင္း ကဆုန္ေပါက္ေနေသာ စတုတၳရာကို မည္သူမွ် မေတြ႕ျမင္ရလို႔ ေတာ္ပါေသးရဲ႕။