Discussion Room

1.5K 108 29
                                    

[Unicode]

အဟဲ စာဖတ်သူတို့ မင်္ဂလာပါဗျ။
ထပ်တွေ့ပြန်ပြီနော်။
ကျွန်တော်လဲ ဇာတ်သိမ်းသွားပြီမို့ အေးအေးဆေးဆေးလေး လူသားကောင်နဲ့ ချစ်ကြည်နူးနေတာကို စာရေးသူက ခေါ်ပြန်ပြီလေ။ဇာတ်သိမ်းသွားတာကို ဘာတွေ ထပ်ရေးချင်သေးလို့လဲ မသိပါဘူး။

"စတုတ္ထရာ သွားမယ်လေ လာ"

"ဟုတ် လာပြီ"

အဟဲ မောင်ခေါ်နေလို့ သွားပြီနော်။

အာကာမင်းမောင် အခန်းထဲရောက်တော့ အခန်းထဲတွင် မမြင်ဖူးသော လူစိမ်းငါးယောက်က ထိုင်နေကြသည်။

ထိုငါးယောက်တွင်တော့ အနက်​ရောင် အနောက်တိုင်း ဝတ်စုံများ ဆင်တူဝတ်ဆင်ထားသော လူသုံးယောက်က ဆိုဖာခုံတစ်ခုပေါ်တွင် ထိုင်၍ ကျန်နှစ်ယောက်က ဆိုဖာခုံ နောက်တစ်ခုတွင် ထိုင်နေလေသည်။အာကာမင်းမောင်တို့ ဝင်သွားသောအခါ လူသုံးယောက်က တချက်သာ လှည့်ကြည့်ပြီး ဘာမှမပြောပဲ ပြန်လှည့်သွားသည်။ ဘေး ဆိုဖာခုံ နောက်တခုက လူကတော့ အာကာမင်းမောင်တို့ကို တချက်ပင်လှည့်မကြည့် ရင်ခွင်ထဲတွင် ဖက်ထားသော ကောင်လေးနှင့်ပင် တီးတိုးစကားတွေပြောနေ၏။ တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသော လူစိမ်းတွေကြောင့် အာကာမင်းမောင်လဲ အံ့သြကာ စတုတ္ထရာကို မေးမြန်းလိုက်မိသည်။

"သူတို့က ဘယ်သူတွေလဲ"

"အော် စာရေးသူရဲ့ အရင်ဇာတ်လမ်းက ဇာတ်ကောင်တွေလေ"

"မောင်တို့လိုမျိုးလား"

"အင်း ဟုတ်တယ်"

"အော်"

အာကာမင်းမောင်လဲ စတုတ္ထရာနှင့်အတူ လွတ်နေသော ဆိုဖာခုံတစ်ခုတွင် ထိုင်လိုက်တော့သည်။

စာရေးသူ:  လူလဲစုံပြီဆိုတော့ အခုခေါ်လိုက်ရတဲ့အကြောင်းလေး ပြောချင်လို့ပါ။

ဆိုဖာခုံမှာ ထိုင်နေသော လူ၇ယောက်မှာတော့ ဘာမှပြန်မပြော။

စာရေးသူ:  အဟမ်း အခုက တတိယဇာတ်လမ်းလဲ ပြီးသွားပြီဆိုတော့လေ နောက်ဇာတ်လမ်းအသစ်ရေးဖို့ အတွက် ဘယ်လိုဇာတ်လမ်းမျိုး ရေးရင်ကောင်းမလဲဆိုတာ အကြံဉာဏ်လေး တောင်းချင်လို့ပါ။

ကိုယ်စောင့်နတ်က ငါ့ယောကျာ်း [Complete]Where stories live. Discover now