အပိုင်း ၁၁

1.9K 164 2
                                    

[Unicode]

နေ့ရက်များ ကုန်လွန်လာပြီးနောက် အာကာမင်းမောင်နှင့် စတုတ္ထရာ၏ အနေအထိုင်အပြုအမူများမှာ ပိုမိုနီးကပ်ကာ အသားကျလာကြသည်။ သူတို့ နှစ်ယောက်မှာ တယောက်၏စိတ်အတွေးများကို တစ်ယောက်က ကြားသိနိုင်သော ဆက်ဆံရေးမျိုး ဖြစ်သဖြင့် ​ချစ်ကြောင်းကြိုက်ကြောင်းများလဲ တဖွဖွပြောဆိုရန် မလိုအပ်ခဲ့ပေ။ အပြုအမူများ၊ ဆက်ဆံပုံများ၊ ဂရုစိုက်မှုများနှင့်သာ အဆင်ပြေခဲ့ကြသည်။ သို့ပေမယ့် အပြုအမူများမှာတော့ အရင်ကထက် ပိုမိုရင်းနှီးလာခဲ့ကြသည်။

ဥပမာ - ညအိပ်ခါနီးတွင် စတုတ္ထရာကို ဖက်ကာ ရင်ခွင်ထဲ ထွေးပွေ့ကာ သိပ်တတ်သော အာကာမင်းမောင်နှင့် ထွေးပွေ့ထားခြင်းက်ို ကြည်ဖြူစွာ လက်ခံ၍ ပြန်လည် သိုင်းဖက်ကာ အိပ်ပျော်သွားတတ်တော့ စတုတ္ထရာ။ ညအိပ်ခါနီး ပါးပြင်ထက်သို့ နှုတ်ဆက်အနမ်းတစ်ခုကတော့ မပါမဖြစ်ပေါ့။

အလုပ်က ပြန်လာသော အာကာမင်းမောင်ကို အိမ်က စောင့်မျှော်နေတတ်သော စတုတ္ထရာနှင့် အလုပ်အပြန်တွင် စတုတ္ထရာ စားချင်သော အတွေးထဲက မုန့်များဝယ်ကာ ပြန်လာတတ်သော အာကာမင်းမောင်။ မုန့်များပါလာသည့် နေ့မျိုးတွင်ဆို စတုတ္ထရာ၏ ပွေ့ဖက်ကာ ကြိုဆိုတတ်သည့် အလေ့အကျင့်နှင့်လဲ နေသားကျလျှက်။

အလုပ်စလုပ်သည့် နေ့ရက်များတွင်တော့ စတုတ္ထရာက သူ့ အနားက လိုက်လာခဲ့သည်။နောက်ရက်များတွင်တော့ ပျင်းဖို့ကောင်းသည်ဆိုကာ အိမ်တွင်ပဲ နေခဲ့ကာ သူ့စိတ်ကြိုက် ရုပ်ရှင်များ ကြည့်၍သာ နေခဲ့လေတော့သည်။ ဘာပဲဖြစ်ဖြစ် အလုပ်ကအပြန်တွင်တော့ အိမ်တွင် သူ့ကို စောင်မျှော်နေသည့်သူတစ်ယောက် ရှိသော အသိဖြင့် ပျော်ရွှင်စွာ အိမ်အပြန်လမ်းများက တက်ကြွခဲ့ရသည်။

ရုံးပိတ်ရက်များတွင်တော့ စတုတ္ထရာနှင့်အတူ သူကြိုက်တတ်သော ရုပ်ရှင်များ အတူကြည့်ပေးရင်း သူစားချင်သော အစားအသောက်များ ဝယ်ကျွေးကာ အတူတူ အချိန်ကုန်ဆုံးလေ့ ရှိကြသည်။ အာကာမင်းမောင်မှာတော့ ကိုရီးယားရုပ်ရှင်ကားများကို သိပ်စိတ်မဝင်စားလှသောကြောင့် စိတ်ဝင်တစား မကြည့်မိပေ။

ကိုယ်စောင့်နတ်က ငါ့ယောကျာ်း [Complete]Where stories live. Discover now