အပိုင်း ၅

1.8K 164 2
                                    

[Unicode]

မနက်မိုးလင်းလာရာ စတုတ္ထရာ ဟုခေါ်သော ကိုယ်စောင့်နတ်အား မတွေ့သဖြင့် ဟိုဟိုဒီဒီလိုက်ရှာလဲ မတွေ့ရာ ကျောင်းသွားဖို့သာ ပြင်လိုက်ရတော့သည်။ ငယ်စဥ်ထဲက မိဘမဲ့ ကျောင်းမှာ ကြီးပြင်းလာခဲ့ရပေမယ့် လူမှန်းသိတတ်စအရွယ်ထဲကပင် အလှူရှင်တစ်ဦးက သူ့အားထောက်ပံ့ခဲ့လေသည်။ အလှူရှင်၏ ထောက်ပံ့မှုကြောင့် ကျောင်းတက်ဖို့နှင့် နေဖို့ထိုင်ဖို့ရာ အနဲငယ်တော့ အဆင်ပြေခဲ့ရသည်။

အရွယ်ရောက်လာပြီးနောက်ပိုင်း ကျောင်းတက်ရင်း ရရာအလုပ်လုပ်ပြီး ငွေများ ပြန်ပေးခဲ့ချင်သော်လဲ အလှုရှင်ကို စုံစမ်းလို့မရခဲ့။ သို့သော်လဲ တစ်လတစ်ခါ ဘဏ်စာအုပ်ထဲသို့ ဝင်လာတတ်သော အသုံးစရိတ်များ။ ဘဏ်သို့သွား၍ စုံစမ်းရာတွင်လဲ ငွေလွှဲလိုက်သော အကောင့်မှာ Private Account မို့ ပြောပြ၍ မရနိုင်ပါဟုသာ ပြောလေသည်။

အရွယ်ရောက်ပြီးနောက် ဘဏ်စာအုပ်ထဲက ပိုက်ဆံတွေကို မသုံးခဲ့ပေမယ့် ကားတိုက်မှု အက်ဆီးဒန့်ကြောင့် ယူသုံးလိုက်ရပြန်သည်။ သူများပိုက်ဆံ အလကားမသုံးချင်သော်လဲ ကျန်းမာရေးကြောင့် သုံးလိုက်ရသဖြင့် နောက်မှပဲ အလုပ်လုပ်ရင်း တဖြည်းဖြည်း ပြန်ထည့်ပေးသွားမည်ဟု ဆုံးဖြတ်ရင်း ကျောင်းသို့ ထွက်လာခဲ့မိသည်။ ဆေးရုံတက်နေချိန်အတွင်း လွတ်သွားတဲ့ လက်ချာတွေ ပြန်လိုက်ရမည်မဟုတ်လား။

တက္ကသိုလ်တက်နေသည် ဆိုသော်လဲ အာကာမင်းမောင်မှာတော့ သူများတွေလို သူငယ်ချင်းအပေါင်းအသင်းမရှိ။ မိဘမဲ့ကျောင်းမှ Scholar နှင့် ကျောင်းတက်ရသော သူကို ဘယ်သူကဆေးဖော်ကျောဘက် လုပ်ပြီး စကားပြောချင်ပါ့မလဲ။ ဒါကိုသိသော မိမိလဲ တယောက်ထဲသာ နေမိသည်။

ထိုအချိန် ဘယ်သူ့မှ အဖက်မလုပ်ချင်ကြသည့် သူ့ဘဝထဲကို ဝင်လာသော မေသစ္စာဆိုသည့် ကောင်မလေးတစ်ယောက်။ အမြဲတမ်းသူ့ကို ဂရုတစိုက်နှင့် စကားပြောပေး၊ အဖော်လုပ်ပေးခဲ့လို့ ပျော်ရွှင်ခဲ့ရသည်။ သို့သော်လဲ အဲ့ဒီအရာများမှာ မိဘမဲ့တစ်ယောက်ဖြစ်လို့ သနားဂရုဏာသက်ခြင်းတဲ့လား။

အင်းပေါ့လေ။
မွေးကထဲကတောင် မိဘတွေကမလိုချင်လို့ စွန့်ပစ်သွားခဲ့တဲ့ ငါက ဘာတွေထပ်မျှော်လင့်နေတာလဲ။

ကိုယ်စောင့်နတ်က ငါ့ယောကျာ်း [Complete]Where stories live. Discover now