အပိုင်း ၁၈

1.5K 145 2
                                    

[Unicode]

"ဒေါက် ဒေါက် ဒေါက်"
အတန်ကြာသည်အထိ တံခါးခေါက်သံက ရပ်တန့်မသွားပဲ ဆက်တိုက်ထွက်ပေါ်နေသည်။ ထို့ကြောင့်သာ မတတ်သာပဲ သက်ပြင်းတစ်ချက်ချရင်း စတုတ္ထရာကို လွှတ်ကာ ကုတင်ပေါ် အသာအယာချပြီး ပါးသို့ တစ်ချက်နမ်း ရင်း ထလာမိသည်။

တံခါးဖွင့်လိုက်စဥ်တော့ တခါမှ မမြင်ဖူးသည့် အဖိုးအိုတစ်ယောက်။ အဖိုးအိုတစ်ယောက်ဟု ဆိုသော်ငြားလဲ အနောက်တိုင်းဝတ်စုံ သန့်သန့်ပြန့်ပြန့် ဝတ်ဆင်ထားပြီး ဦးထုတ်အနက်ရောင်လဲ ဆောင်းကာ လက်ထဲတွင်လဲ တုတ်ကောက်တစ်ချောင်း ကိုင်၍ ခန့်ညားထည်ဝါစွာ သူ့အခန်းရှေ့မှာ ရပ်နေသည်။ အနောက်တိုင်းဝတ်စုံကြောင့်လား အဖိုးအိုကြောင့်လားမသိ မိမိမျက်စိရှေ့က အဖိုးအိုသည် အရှိန်အဝါတစ်ခု ရှိနေပြီး ရောင်စဥ်ပင် ဖြာထွက်ကာ လင်းနေသည်ဟုပင် မြင်မိလေသည်။

"ဘယ်သူလဲခင်ဗျ။ ဘာကိစ္စရှိလို့ပါလဲ"

အဖိုးအိုက အာကာမင်းမောင်အား တစ်ချက် စူးစိုက်ကြည့်ကာ တချက် အံ့သြ သွားပုံရသည်။ သို့သော်လဲ ချက်ချင်း အမူအရာကို ပြန်ထိန်းကာ တည်ငြိမ်သော လေသံဖြင့် ဆိုလေသည်။

"လူလေးက အာကာမင်းမောင် မဟုတ်လား"

"ဟုတ်ပါတယ်ခင်ဗျ။ ဘာကိစ္စရှိလို့လဲ မသိဘူး"

"စတုတ္ထရာ နဲ့ တွေချင်လို့ပါ"

"ဗျာ..."

အာကာမင်းမောင် ထိတ်လန့်မှုကြောင့် အသံပင် ကျယ်သွားရသည်။ စတုတ္ထရာက နတ်သားပေမို့ ဘယ်သူမှလဲ မသိ၊ ဘယ်သူမှလဲ မမြင်ရပဲ သူတစ်ယောက်ထဲသာ မြင်ရတာဖြစ်သည်။ ယခုအခါ စတုတ္ထရာကို လာရှာသည့် အဖိုးအိုကြောင့် သူရုတ်တရက်မို့ ထိတ်လန့်ကာ တုန်လှုပ်သွားမိသည်။

မျက်စိရှေ့က အဖိုးအိုက သူ့လန့်သွားကြောင်း သိသွား၍ ထင်သည် တည်ငြိမ် ကြည်လင်သော လေသံနှင့် ရှင်းပြလေသည်။

"တောင်းပန်ပါတယ်ကွယ်။ ရုတ်တရ​က်ဆိုတော့ လူလေးလန့်သွားမှာပေါ့။ အဘက စတုတ္ထရာတို့လို နတ်သားတွေကို စောင့်ရှောက်ရတဲ့ အကြီးအကဲပါ။ အခု စတုတ္ထရာ နတ်ပြည်ကို အစီခံစာ မပို့တာ ရက်အတော်ကြာပြီမို့ လာစစ်ဆေးတာပါ"

ကိုယ်စောင့်နတ်က ငါ့ယောကျာ်း [Complete]Where stories live. Discover now