အပိုင်း ၃

2.2K 185 2
                                    

[Unicode]

"ဆရာ ကျွန်တော်မရူးပါဘူး တကယ်ပါ။ ဟိုမှာလေ ဆရာတို့ နောက်မှာ အဲ့ဒီသရဲ မတ်တပ်ရပ်နေတာ"

"လူနာ စိတ်ကို ငြိမ်ငြိမ်ထားပါ။ ခေါင်းကို ထိခိုက်မိတာမို့ ဒီလို စိတ်ဂယောင်ခြောက်ခြား အခြေအနေတွေက ဖြစ်တတ်ပါတယ်။ သူနာပြု သူ့ကို စိတ်ငြိမ်ဆေးထိုးပေးလိုက်ပါ"

"မဟုတ်ဘူး ဆရာ ကျွန်တော် မရူးဘူး။ ဂယောင်ခြောက်ခြားလဲ ဖြစ်တာမဟုတ်ဘူး။ အဲ့ဒီသရဲက ကျွန်တော့်ကို နတ်လို့ ပြောနေတယ်။ သူက ကိုယ်စောင့်နတ်တဲ့"

"သူနာပြု စိတ်ငြိမ်ဆေး ထိုးပေးပြီးရင် ဒီလူနာကို စိတ်ကျန်းမာရေး ဆရာဝန်ဆီ လွှဲပေးလိုက်ပါ"

"မဟုတ်ဘူး ကျွန်တော် တကယ်မြင်နေရတာ ဆရာ ကျွန်တော်မလိမ်ဘူး။ ကျွန်တော် မရူးသေးဘူး"

တွေ့လား။
ကျွန်တော်ပြောသားပဲ လူတွေက ပြောရဆိုရခက်ပါတယ်ဆို။ အဲ့ဒီအူကြောင်ကြား အာကာမင်းမောင်ဆိုတဲ့အကောင်ကလဲ ဘယ်တုန်းကမှ ကျွန်တော်စကားကို နားမထောင်ခဲ့သလို အခုလဲ နားမထောင်ပြန်ဘူး။

အခုတော့ အရူးဖြစ်ပြီ။
ငါလဲ အထက်ကပြောလို့သာ သည်းခံနေရတာ။ မဟုတ်ရင် သူပြောသလို  ဂုတ်ချိုးသတ်ပစ်လိုက်မှာ။

မနက်က ဒီကိစ္စအကြောင်းကို အထက်ကိုတင်ပြတော့ ဘာပြောလဲ ထင်လဲ။

"ဒါကတော့ တော်ရုံဖြစ်ခဲတယ်ကွ။ တခါတလေ System Error တက်ပြီး အမှားဖြစ်သွားရင် အဲ့လိုဖြစ်တတ်တယ်။ အရင်ကတော့ တစ်ခါနှစ်ခါ ဖြစ်ခဲ့ဖူးတယ်။ အခုနောက်ပိုင်း စက်တွေ Update တင်ပြီး နောက်ပိုင်း မဖြစ်တာကြာပြီ။ ထူးဆန်းလိုက်တာ။ မင်းတို့နှစ်ယောက်က ခဏလောက် စိတ်ချင်းဆက်သွယ်မိသွားပြီး နှစ်ယောက်ကို မမြင်အောင်ကာထားတဲ့ အလွှာ ပျောက်သွားတာနေမယ်"

"အဲ့ဒါဆို ကျွန်တော် ဘယ်လိုလုပ်ရမလဲ"

"ငါ အထက်ကို တင်ပြပြီး စက်ကိုပြင်ခိုင်းလိုက်မယ်။ ဒါပေမဲ့ သိတဲ့အတိုင်း နတ်ပြည်က ရုံးတွေက အလုပ်လုပ်တာ ကြာတော့ နဲနဲတော့ကြာလိမ့်မယ်"

"ဒါဆို ကျွန်တော်က အဲ့ဒီအူကြောင်ကြောင်ကောင် မြင်နေရတာကို ဒီအတိုင်း သူ့ဘေးမှာ လိုက်နေရမှာလား"

ကိုယ်စောင့်နတ်က ငါ့ယောကျာ်း [Complete]Where stories live. Discover now