အပိုင်း ၈

1.9K 185 4
                                    

[Unicode]

ဒီနောက်ပိုင်း သတိထားမိလာတာက စတုတ္ထရာ အရမ်းအိပ်လာခြင်းပေ။

သူ့ကြည့်လိုက်ရင် အမြဲအိပ်ငိုက်နေသည့် မျက်လုံးများနှင့်။

အရင်ကလို အိပ်စရာမလိုပဲ တနေကုန်လျှောက်သွားနေတတ်သည့် စတုတ္ထရာနှင့် လားလားမှမဆိုင်တော့။

ဆိုဖာပေါ် ဟိုလှိမ်ဒီလှိမ့်နှင့် အိပ်ပျော်နေသည့် စတုတ္ထရာကို ကြည့်ရင်းတွေးနေမိသည်။

မျက်မှောင်တို့ ကြုံကာ နှုတ်ခမ်းဆူရင်း အလိုမကျစွာ အိပ်ပျော်နေသည့် စတုတ္ထရာကို သေချာစွာ ကြည့်လိုက်တော့ ဆိုဖာခုံက သူ့အတွက် အနည်းငယ် ​ကျဥ်းကြုပ်နေလေသည်။

အဆင်မပြေသည့် စတုတ္ထရာအား ကြည့်ရင်း ကိုယ်ပါစိတ်အိုက်လာသည်မို့ ထကာ စတုတ္ထရာနား သွားလိုက်မိသည်။

"ဟေ့ ဟေ့ စတုတ္ထရာ ထ ထအုံး"

"အင် အင်းးးးးးး"

လှုပ်နှိုးနေသည်ကို မနိုးပဲ ဟိုဘက်လှည့်ကာ အိပ်ပျော်သွားပြန်သည်။

ဒါလား။

လူတွေကိုစောင့်ရှောက်ရသည့် ကိုယ်စောင့်နတ်။

ခေါင်းခါရင်း စတုတ္ထရာအား ပွေ့ချီလိုက်တော့ အသာလေး လက်ထဲပါလာသည်။

ချီမထားရသည်မှာ ပေါ့ရွှတ်ကာ ဘာမှမခံစားရ။

ဒီကောင် ဒီလောက် စားသောက် နေတာ။

ဘာလို့ ဒီလောက်ပေါ့ရွှတ်နေရတာလဲ။

အာ ဟုတ်သား။ ဒီကောင်က လူမှမဟုတ်ပဲ။

နတ်ကိုး။

စားတာလဲ အငွေ့ပဲစားရတော့....အင်း။

စတုတ္ထရာကို ကုတင်ပေါ်ချအပြီး သူလဲ အိပ်ဖို့ ပြင်ဆင်လိုက်ရသည်။

စတုတ္ထရာအား ကြည့်လိုက်တော့ အခုမှသာ အဆင်ပြေပုံရသွားသော ကြောင့် အိပ်နေရင်းပင် မျက်နှာက ပြုံးတုံတုံ့ ဖြစ်နေသည်။

စတုတ္ထရာကြောင့် တချက်ပြုံးရင်း လှဲကာ အိပ်လိုက်မိသည်။

ခနအကြာတွင်တော့ ရုတ်တရက် သူ့ကို ခွကာ ပေါင်ပေါ် ခြေထောက်တစ်ဖက်တင်၍ သိုင်းဖက်လိုက်သော စတုတ္ထရာ။

ကိုယ်စောင့်နတ်က ငါ့ယောကျာ်း [Complete]Opowieści tętniące życiem. Odkryj je teraz