အပိုင်း ၁၀

1.6K 157 3
                                    

[Unicode]

"ဘယ်တွေသွားနေတာလဲ စတုတ္ထရာ။ ပြန်မလာတာ သုံးရက်တောင် ရှိပြီ"

"သူငယ်ချင်းတွေနဲ့ လျှောက်လည်နေလို့"

"ဒါပေမယ် မင်းငါ့ကိုပြောသွားသင့်တာပေါ့။ ငါဘယ်လောက် စိတ်ပူနေရတယ်ထင်လဲ"

"အရင်ကလဲ သွားနေကြပဲဟာကို"

"အရင်က အရင်ပေမယ့် အခုလို သုံးရက်လောက် အဆက်အသွယ်မရှိပဲ ပျောက်သွားဖူးလို့လား။ ပြီးတော့ မင်းက ငါ့ကိုယ်စောင့်နတ်လေ။ ငါ့ဘေးမှာပဲ နေသင့်တာပေါ့"

အာကာမင်းမောင် ပြောသည်မှာလဲ ဟုတ်ပေမယ့် ဒီရက်ပိုင်း အဲဒီလူသားကောင်နဲ့ မတွေ့ချင်လို့ တမင်သက်သက်ရှောင်နေခြင်းသာ။ လူသားကောင်ရဲ့ အကြည့်စူးစူးတွေနဲ့ စိုက်ကြည့်တာ ခံရတာကော၊ လူသားကောင်ရဲ့ ခေါင်းထဲက မိမိနှင့် ပတ်သတ်သော အတွေးများကို ကြားနေရတာကော ပေါင်း၍ မျက်နှာပူသောကြောင့် အတူရှိနေရတာ အဆင်မပြေခြင်းပေ။

အာကာမင်းမောင်၏ အတွေးများကို အရင်ကမကြားရတော့သော်လဲ ဟိုတနေ့က ရုတ်တရက် ပြန်ကြားလိုက်ရသည်။နောက်ပိုင်းတွင်တော့ ဆက်တိုက် ပြန်ကြားရသည်။

ကိုယ်စောင့်နတ်ပေမို့ လူသားတွေရဲ့ အတွေးတွေကို ကြားနေရခြင်းမှာ ပြသနာမဟုတ်သော်လဲ အာကာမင်းမောင် ၏ အတွေးများမှာ မိမိနှင့် ပတ်သတ်နေသော အကြောင်းများသာ ဖြစ်သဖြင့် နေရထိုင်ရခက်လှသည်။

စတုတ္ထရာက ချစ်ဖို့ကောင်းလိုက်တာ၊ မွှေးလိုက်တာ၊ ဖြတ်ပြေးသွားတဲ့ အရောင်ပြေးတွေက လှလိုက်တာ စသည်ဖြင့်။ တခါတရံ မိမိ အိပ်နေလျှင် ဆံပင်တို့ကို ခိုးခိုးနမ်းပြီး မွှေးကြည့်တတ်သည့် အကြောင်းများပါ ပါလာတတ်သဖြင့် မိမိမှာ အနှီလူသားကောင်နှင့် ဘယ်လိုလုပ်ပြီးတော့များ မျက်နှာချင်းဆိုင် နေနိုင်ပါတော့မလဲ။

အာကာမင်းမောင်ရဲ့ အတွေးများကို ကြားနေရသည့် မိမိပါ အာခေါင်တွေ ခြောက်ပြီး ရင်တွေ တလှပ်လှပ်ဖြစ်လာရသည်။ ဒီရက်ပိုင်း မအိပ်ချင်အောင် ကော်ဖီတွေ သောက်တာများလို့ ထင်ပါတယ်။ လျှော့သောက်မှပါ။

ကိုယ်စောင့်နတ်က ငါ့ယောကျာ်း [Complete]Where stories live. Discover now