အပိုင်း ၁၉

1.5K 147 1
                                    

[Unicode]

အာကာမင်းမောင်လဲ နတ်အကြီးအကဲ စကားကြောင့် အံ့သြမိသွားသော်လဲ ဘာမှဝင်မပြောဖြစ်။

စတုတ္ထရာနဲ့ သူနဲ့က အတိတ်ဘဝထဲက ချစ်သူတွေတဲ့လား။ဒါကြောင့် သူ စတုတ္ထရာကို အရမ်းချစ်မိသွားတာ အံ့သြစရာမရှိတော့ပါဘူး။

ထို့နောက် နတ်အကြီးအကဲက စကားဆက်ပြောလေသည်။

"ဆုံဆည်းပေါင်းဖက်ရမဲ့ ဖူးစာပါလာခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ ဒီဘဝမှာ စတုတ္ထရာက မွေးဖွားလာပြီး အချိန်ခနလေးအတွင်းမှာပဲ သေဆုံးသွားခဲ့ရတယ်။ ရှေးဘဝက ပြုခဲ့တဲ့ကောင်းမှုကုသိုလ်တွေကြောင့် နတ်သားအဖြစ်ရောက်သွားခဲ့တယ်။ ဒါပေမယ့် ဖူးစာပါလာတဲ့ လူလေးအာကာမင်းမောင်ရဲ့ ကိုယ့်စောင့်နတ် အဖြစ် တာဝန်ထမ်း​ ဆောင်ရ တော့တာပါပဲ"

"အော်..."

"ဆုံဆည်းရမဲ့ ဖူးစာပါလာတော့ ဘဝချင်းမတူ ခြားနားနေတာတောင် လူသားနဲ့ နတ်သား ဖြစ်နေပေမယ့် ဆုံဆည်းရတာပေါ့ကွယ်"

"ဟုတ်ကဲ့ အကြီးအကဲ။ ကျွန်တော် အခုမှပဲ သဘောပေါက်တော့တယ်။ ကျွန်တော့်ကို မောင် စမြင်ရတဲ့အချိန်က ကားတိုက်မှုဖြစ်တော့ ကျွန်တော် အရမ်းစိုးရိမ်သွားတဲ့အချိန်မှာ စခဲ့တာပဲ"

"အင်း..ဖူးစာပါလာလို့ ဆုံဆည်းကြရပေမယ့် လူနဲ့ နတ် ဖြစ်နေတဲ့အတွက် ဘဝချင်းမတူလို့ မင်းအခုလို ဖြစ်နေရတာ စတုတ္ထရာ"

ထိုအချိန်တွင် အာကာမင်းမောင်က ဝင်ရောက် မေးမြန်းလာသည်။

"စတုတ္ထရာ အခြေအနေပြန်ကောင်း လာအောင် ကုသပေးလို့ရမလား အဘ"

နတ်အကြီးအကဲဆိုသူက အာကာမင်းမောင်ကို တချက် ကြည့်ကာ

"နတ်တွေမှာ ဆေးကုသတယ်ဆိုတာ မရှိဘူး လူလေး"

"ဒါ ဒါဆို စတုတ္ထရာ ပြန်ကောင်းလာအောင် ဘယ်လိုလုပ်ရမလဲဟင်။ နတ်သားအဘ စတုတ္ထရာကို ကူညီပေးပါအုံး"

နတ်အကြီးအကဲက သက်ပြင်းတစ်ချက် ချကာ

"နတ်သားတွေကို ဘယ်သူကမှ ကူညီလို့ မရဘူး လူလေး"

"ဒါ...ဒါဆို စတုတ္ထရာက ဒီလိုပဲ ဖြစ်နေတော့မှာလားဟင်"

"အင်း.... ဒီအတိုင်းဆက်သွားရင် စတုတ္ထရာက မကြာခင် နတ်သက်ကြွေတော့မှာ"

ကိုယ်စောင့်နတ်က ငါ့ယောကျာ်း [Complete]Where stories live. Discover now