အပိုင်း ၂၁

1.5K 144 0
                                    

[Unicode]

အင်တာဗျူးရာ နေရာနှင့် တိုက်ခန်းက နီးသောကြောင့် လမ်းလျှောက်၍သာ ပြန်ဖြစ်ခဲ့သည်။ ညနေခင်းမှာ ပျားပန်းတမျှ လှုပ်ရှားသွားလာနေတဲ့ လူတွေကို ကြည့်ရင်း သူလဲ ထိုအထဲသို့ တိုးဝင်၍ လျှောက်လှမ်းလိုက်မိသည်။ လမ်းလျှောက်ရင်း ကြက်ကြော်ဆိုင်ရှေ့ ရောက်တော့ ကြက်ကြော်သိပ်ကြိုက်တတ်တဲ့ စတုတ္ထရာကို တွေးမိရင်း အပြုံးတို့က နှုတ်ခမ်းထက် ပေါ်လွင်လာသည်။

"လွမ်းလိုက်တာ စတုတ္ထရာ"

မောင်အခုတွေးနေတာကို မောင့်ကိုယ်စောင့်နတ်လေး စတုတ္ထရာ ကြားရင် အပိုလူသားကောင်ဆိုပြီး မျက်စောင်းထိုးလေမလား။ စိတ်ကူးနဲ့တွေးကာ ဖြစ်သွားမည့် စတုတ္ထရာပုံလေးအား ပုံဖော်ကြည့်တော့ တချက်ရယ်မော လိုက်မိသည်။

တော့ပိုကီဆိုင်ရှေ့မှာတော့ လူတွေ ဝိုင်းအုံလျှက်။ ကြည့်လိုက်တော့ စာတန်းချိတ်ဆွဲထားသည်က တော့ပိုကီ တစ်ပွဲဝယ် တစ်ပွဲလက်ဆောင်တဲ့။

ဒါကြောင့်မို့ လူတွေများနေတာဖြစ်မည်။
လူတွေတိုးကြိတ်ကာ ဝယ်နေကြသည်မို့ ဖြတ်သွားသော အာကာမင်းမောင်က တချက်သာ ကြည့်လိုက်ပြီး ဖြတ်လျှောက်သွားမိသည်။ ထိုလူအုပ်ကြားထဲ ဆံပင်အနီရောင်ရှိသော လူတစ်ယောက် ကို တွေ့မိတော့ စတုတ္ထရာကို သတိရမိ​သေးသည်။

ဒီအဆိုးလေး ရှိရင်တော့ အဲ့ဒီလူအုပ်ကြားထဲ ရောက်နေမှာ တွေးနေစရာပင် မလိုတော့။ မြင်မြင်သမျှက လွမ်းစရာတွေပါပဲလား စတုတ္ထရာရေ။

မောင်တော့ ရူးတော့မယ်ထင်ပါရဲ့။

အာကာမင်းမောင်ရဲ့ ခြေလှမ်းတို့က အိမ်သို့သာ ပြန်လှမ်းနေပေမည့် စိတ်အလုံးစုံကတော့ စတုတ္ထရာဆီကိုသာ မြုပ်နှံထားတော့သည်။

⏯⏯⏯⏯⏯⏯

မနက်ခင်းပုံမှန် ရုံးတက်ချိန်ရောက်ပြီမို့ ပြင်ဆင်စရာများရှိတာ ပြင်ဆင်ရင်း ရုံးသို့ ကားမောင်းကာ ထွက်လာမိသည်။ မီးပွိုင့်တစ်ခုတွင် မီးနီနေ၍ စောင့်ဆိုင်းနေစဥ် ဘေးသို့ တချက်အကြည့်ပို့လိုက်ရာ ကားလမ်းဘေးတွင် ရေခဲမုန့်ကိုင်ကာ ဖြတ်သွားသော ကောင်လေး တစ်ယောက်ကို သွားတွေ့သည်။

ကိုယ်စောင့်နတ်က ငါ့ယောကျာ်း [Complete]Where stories live. Discover now