အပိုင်း ၆

1.7K 168 2
                                    

[Unicode]

ဒီနေ့က စာမေးပွဲ အောင်စာရင်းထွက်မည့်နေ့။ သူပထမရမှဖြစ်မည်။

မဟုတ်ရင် ရထားသော Scholar ပြုတ်သွားကာ ကိုယ့်ပိုက်ဆံနှင့်ကိုယ် ကျောင်းဆက်တက်ရလိမ့်မည်။ ဒီကျောင်းမှာ နာမည်ကြီးသော ကျောင်းဖြစ်သဖြင့် ပိုက်ဆံရှိသော ကျောင်းသားများ သာ တက်ကြသည်မို့ မိမိလို အနေအထားနှင့် မတက်နိုင်ပေ။ စာတော်သောကြောင့်သာ Scholar နှင့် တက်ခွင့်ရခြင်းဖြစ်ပေသည်။

စာမေးပွဲ အောင်စာရင်းကြောင့် ရင်တဒိတ်ဒိတ်ခုန်ကာ စိတ်လှုပ်ရှားနေမိသည်။ စတုတ္ထရာကလဲ ဒါကို သိသောကြောင့် ထင်သည် သူ့ဘေးနားက တိတ်တဆိတ်သာ လိုက်လာလေသည်။

အရင်နေ့များကဆို ပျင်းလို့ Shopping ထွက်စရာရှိလို့ သူငယ်ချင်းတွေနဲ့တွေ့စရာရှိလို့ဆိုပြီး အိမ်မှာနေခဲ့သည်။ ဒါမှမဟုတ် ဘေးကလိုက်လာရင်လဲ အငြိမ်မနေ ပွစိပွစိပြောကာ လိုက်လာတတ်သည်မို့ အခုတွင်တော့ ဘာမှမပြောပဲ ငြိမ်နေသောကြောင့် နဲနဲတော့ တမျိုးလေး ခံစားရသည်။ သို့သော်လဲ စတုတ္ထရာထက် စာမေးပွဲအောင်စာရင်းက ပိုအရေးကြီးသည်မို့ ဘာမှမမေးတော့ပဲ အောင်စာရင်းကပ်ထားမည့် နေရာသို့သာ သွားလိုက်တော့သည်။

အောင်စာရင်းကို ရင်ခုန်စွာနှင့် ကြည့်လိုက်ရာတွင်တော့ အနဲငယ်စိတ်အေးသွားပြီး သက်ပြင်းတစ်ချက် ချလိုက်ရသည်။ အောင်စာရင်းတွင် မိမိသည် ပထမနေရာတွင် ရှိနေခြင်းပေ။ သို့သော်လဲ အောက်သို့ဆက်ကြည့်လိုက်ရာတွင်မူ။ မိမိအောက်က လူတစ်ယောက်သည်လဲ ပထမ ဖြစ်နေခြင်း။ ဒီတခေါက်မှာတော့ ပူးတွဲပထမ နှစ်ယောက်ရနေခြင်း ဖြစ်သည်။

ဒါပေမယ့်လဲ ကိစ္စမရှိ။
ပထမရရင် Scholar ရပြီမို့ ကျောင်းလခအတွက် စိတ်ပူစရာမလိုတော့ပေ။ ရွှင်ပြစွာဖြင့် အခန်းထဲထိုင်နေရင်း ဆရာမမှ ပါချုပ် ရုံးခန်းသို့ လာရန်ခေါ်သောကြောင့် သွားရပြန်သည်။ ပါချုပ်ရုံးခန်းသို့ အရောက်တွင်တော့ ပါချုပ်နှင့်အတူ အသက်ကြီးကြီး စုံတွဲ တစ်တွဲက ထိုင်နေကြလေသည်။

"ထိုင်ပါအုံး သား"

"ဟုတ် ဟုတ်ကဲ့"

ပါချုပ်က ထိုင်ရန်ခေါ်သောကြောင့် ဆိုဖာခုံတွင် သွားထိုင်လိုက်သည်။

ကိုယ်စောင့်နတ်က ငါ့ယောကျာ်း [Complete]Where stories live. Discover now