"ခိုင်မာနှောင်ကြိုး"

By myanaykyalsin17

11.8K 1K 379

အားလုံးပဲ မင်္ဂလာပါရှင့် BL Fic အသစ်လေးနဲ့ ထပ်မံ တွေ့ဆုံခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ BL Fic အသစ်လေးကိုတော့ "ခိ... More

အပိုင်း ၁ Unicode
အပိုင်း ၁ zawgyi
အပိုင်း ၂ unicode
အပိုင်း ၂ zawgyi
အပိုင်း ၃ unicode
အပိုင်း ၃ zawgyi
အပိုင်း ၄ unicode
အပိုင်း ၄ Zawgyi
အပိုင်း ၅ unicode
အပိုင်း ၅ zawgyi
အပိုင်း ၆ Unicode
အပိုင်း ၆ zawgyi
အပိုင်း ၇ unicode
အပိုင်း ၇ zawgyi
အပိုင်း ၈ unicode
အပိုင်း ၈ zawgyi
အပိုင်း ၉ Unicode
အပိုင်း ၉ Zawgyi
အပိုင်း ၁၀ unicode
အပိုင်း ၁၀ Zawgyi
အပိုင်း ၁၁ unicode
အပိုင်း ၁၁ Zawgyi
အပိုင်း ၁၂ unicode
အပိုင်း ၁၂ zawgyi
အပိုင်း ၁၃ unicode
အပိုင်း ၁၃ zawgyi
အပိုင်း ၁၄ unicode
အပိုင်း ၁၄ zawgyi
အပိုင်း ၁၅ unicode
အပိုင်း ၁၅ zawgyi
အပိုင်း ၁၆ unicode
အပိုင်း ၁၆ zawgyi
အပိုင်း ၁၇ unicode
အပိုင်း ၁၇ Zawgyi
အပိုင်း ၁၈ unicode
အပိုင်း ၁၈ Zawgyi
အပိုင်း ၁၉ unicode
အပိုင်း ၁၉ Zawgyi
အပိုင်း ၂၀ unicode
အပိုင်း ၂၀ zawgyi
အပိုင်း ၂၁ unicode
အပိုင်း ၂၁ zawgyi
အပိုင်း ၂၂ unicode
အပိုင်း ၂၂ zawgyi
အပိုင်း ၂၃ unicode
အပိုင်း ၂၃ Zawgyi
အပိုင်း ၂၄ unicode
အပိုင်း ၂၄
အပိုင်း ၂၅ unicode
အပိုင်း ၂၅ zawgyi
အပိုင်း ၂၆ unicode
အပိုင်း ၂၆ zawgyi
အပိုင်း ၂၇ unicode
အပိုင်း ၂၇ zawgyi
အပိုင်း ၂၈ unicode
အပိုင်း ၂၈ Zawgyi
အပိုင်း ၂၉ unicode
အပိုင်း ၂၉ Zawgyi
အပိုင်း ၃၀ unicode
အပိုင်း ၃၀ zawgyi
အပိုင်း ၃၁ unicode
အပိုင်း ၃၁ zawgyi
အပိုင်း ၃၂ unicode
အပိုင်း ၃၂ Zawgyi
အပိုင်း ၃၃ unicode
အပိုင်း ၃၃ zawgyi
အပိုင်း ၃၄ unicode
အပိုင်း ၃၄ zawgyi
အပိုင်း ၃၅ unicode
အပိုင်း ၃၅ zawgyi
အပိုင်း ၃၆ unicode
အပိုင်း ၃၆ zawgyi
အပိုင်း ၃၇ zawgyi

အပိုင်း ၃၇ unicode

212 16 3
By myanaykyalsin17

အပိုင်း ၃၇

"ဪ.... ဘယ်သူများလဲလို့ မင်းကိုး...။မင်းလို ငွေကြေးချမ်းသာတဲ့ သူဌေးသား ဆေးကျောင်းသား ကလည်း ဒီလို နေရာမျိုးတွေ လာတတ်တာပဲလား။"

"ဟုတ်ကဲ့ သူငယ်ချင်းတွေနဲ့ လာတာပါ။"

"ဪ...ဟုတ်လား။"

"ကျွန်တော်တို့လို ဆေးကျောင်းသားတွေကကော ရုပ်ရှင်ရုံ လာလို့မရဘူးလားဗျာ။"

သိပ်ပြီး ကျေနပ်သည့် လေသံမျိုး မဟုတ်သော ပုံစံမျိုးနှင့် ပြောလေသည်။သေချာကြည့်ရင် နှုတ်ခမ်းလေး စူနေတာကို တွေ့ရလေသည်။ မိန်းကလေး ဆန်တာလို့ ပြောလိုက်ချင်ပေမယ့် ပါးစပ်ကတော့ ဘာမှထွက်မလာဘဲ စူနေသော နှုတ်ခမ်းကိုပဲ ခေတ္တ ငေးကြည့်နေမိသည်။ ယောက်ျားလေး ဖြစ်ပြီး နှုတ်ခမ်းကလည်း ရဲနေလိုက်တာ။ အမြင်ကပ်စရာ။ ကိုကြီးဧည့်သည် ညီဖြစ်လို့ ပိုပြီး အမြင်ကပ် တာများလား။ စမြင်ကတည်းက ခပ်နွဲ့နွဲ့ ပျော့စိစိ ပျော့ဖတ်ဖတ် ကနွဲ့ကလျနဲ့ ပုံစံမို့ သိပ်ပြီးကြည့်မရ။ စကားပြောရင်လည်း တချက်တချက် တိုးသွားလို့ ကြားအောင် မနည်းလိုက်နားထောင်နေရသည်။အရပ်ကတော့ ထင်သလောက် မပုပါဘူး။ အသားကတော့ ဖြူဖတ်ဖြူလျော်နဲ့။ ခြုံငုံကြည့်မည် ဆိုလျှင်တော့ သူ့မျက်ဝန်းထဲမှာ ဒီကောင်က......။ မပြောတော့ပါဘူးလေ။ တဖက်သားကို ကြည့်ပြီး စိတ်ထဲကနေ ဝေဖန်နေတာက လူကြီးလူကောင်း မပီသဘူး မဟုတ်လား။

"လာလို့ရပါတယ်။ဒါပေမဲ့ မင်းတို့တွေက စာပိနေတဲ့ ဆေးကျောင်းသားတွေ မဟုတ်လား။အားလပ်ချိန် ဆိုတာ မင်းတို့အတွက် နည်းတယ်လေ။ စာကျက်နေရလို့ ရုပ်ရှင်ရုံမှာ အချိန်မဖြုန်း နိုင်ဘူး ထင်လို့။"

"အမြဲတမ်းတော့လည်း ဘယ်ဟုတ်ပါ့မလဲ။ ရုပ်ရှင်ရုံ မရောက်တာလည်း ကြာလို့ လိုက်လာတာပါ။"

"ရုပ်ရှင်ရုံ မရောက်တာ ဘယ်လောက်တောင် ကြာသွားပြီလဲ။"

သူလည်း သိချင်ဇောနှင့် မေးလိုက်မိသည်။ သူဌေးသားက ရုပ်ရှင်ရုံတောင် မလာနိုင်ဘူး။ ကျောင်းကိစ္စကြောင့် မဟုတ်ရင် ဘာများဖြစ်နေမလဲ။

"၈တန်းနှစ်ကတည်းကပါ။"

"ဘာ...ရှစ်တန်းနှစ်ကတည်းက ဆိုတော့ ကြာပြီပဲ။ ခင်ဗျား အိမ်က လိုက်မပို့ဘူးလား။"

"အင်း.....မိဘတွေက မအားလို့ပါ။အရွယ်ရောက်လာတော့လည်း ကျောင်းစာတွေက များပြီး စာကျက်ရတဲ့ အချိန်တွေ ပေးလာရတော့ မသွားဖြစ်တော့ဘူး။"

"သူငယ်ချင်းတွေနဲ့ကော မသွားဖြစ်ဘူးလား။"

"အင်း..မလိုက်ဖြစ်ဘူး။ကျောင်းကပြန်ရင်လည်း အိမ်ပဲ တန်းပြန်တာ ဆိုတော့ ဘယ်မှလည်း မသွားဖြစ်ပါဘူး။"

"ကျောင်းပိတ်ရက်တွေ ဆိုရင်ကော ခရီးတွေ ဘာတွေ မထွက်ဘူးလား။"

"ဟင့်အင်း။ မထွက်ဖြစ်ပါဘူး။ အိမ်မှာပဲ စာဖတ်၊ စာကြည့်နေတာလေ။"

ငွေကြေးချမ်းသာတဲ့ သူဌေးသား အိမ်က သားကလည်း ဒီအသက်အရွယ် ရောက်နေတာတောင် ဘယ်မှ သွားရပုံမရ။ သွားတတ်ပုံလည်း မပေါ်။ သူ့ကြည့်ရတာ ပျင်းစရာကောင်းလိုက်တဲ့ ဘဝပါလား။ကျောင်းနဲ့အိမ် အိမ်နဲ့ကျောင်းက လွဲပြီး ဘာမှ သိပုံမရတဲ့ ပုံစံမျိုးနဲ့ပါ။ အခုလည်း ကြည့်လေ။ ရုပ်ရှင်ရုံ လာတာတဲ့။ သူဌေးသားပဲ သားသားနားနား ဝတ်စားလာပါလား။ ခြေထောက်အောက်က ကတ္တီပါ ဖိနပ်နဲ့ ပုဆိုးကလည်း ဝတ်ထားသေး။ အပေါ်က အင်္ကျီလက်ရှည်နဲ့ ကတော့ ရုပ်ရှင်ရုံမှာ လူငယ်တွေ ရုပ်ရှင်လာကြည့်တဲ့ ပုံစံမျိုးတော့လည်း မဟုတ်ပြန်။ လာတဲ့ နေရာဒေသနဲ့ မလိုက်ဖက်တဲ့ ဝတ်စုံကို ရွေးများ ဝတ်လာသလား။ ပုံစံကိုက အဘိုးကြီး ပေါက်စ ပုံစံနဲ့။

"မင်းဘဝကလည်း ပျင်းစရာကြီး။"

"ဗျာ..ဘာပြောတာလဲဗျ။"

သူ့အသံ အနည်းငယ် တိုးသွားသောကြောင့် ကြားဟန်မတူဘဲ ပြန်မေးလေသည်။ မေးရုံတင် မဟုတ်ဘဲ မတ်တပ်ရပ်နေရာမှ သူ့ဘက် ခေါင်းလေးစောင်းကာ တိုးကပ်လာပြီး မေးမြန်းပုံကြောင့် ရုတ်တရက်မို့ အနည်းငယ် လန့်သွားဟန်ကြောင့် နောက်သို့ အနည်းငယ် ဆုတ်သွားဟန်တောင် ဖြစ်သွားသေးသည်။ဘယ်လို ကောင်လေးလဲ။စကားပြောရင် ရိုးရိုးမပြောဘဲ အနားကပ်လာရတယ်လို့။

"ဘာမှမဟုတ်ပါဘူး မင်းကလဲ။"

"ဪ..ကျွန်တော်က တခုခုများ ပြောလိုက်သလားလို့ပါ။"

သူတို့နှစ်ယောက် စကားပြောနေချိန်မှာပဲ အာနီ အနားသို့ ရောက်လာသည်။ စကားစပြတ်ပြီး အာနီ့ ဆီ အကြည့်ရောက်သွားကြသည်။ အာနီ့ အကြည့်တွေကလည်း သူနှင့်အတူ နံဘေးမှာ ရပ်နေသည့် သူဆီ ရောက်နေလေသည်။ ရုပ်ရှင်လက်မှတ် ဝယ်ဖို့ အာနီ ထွက်သွားတုန်းက သူတယောက်တည်း အခု နံဘေးမှာ နောက်တယောက် ရှိနေတော့ အာနီလည်း ထူးဆန်းနေပုံ ရလေသည်။

"လက်မှတ်ရလား။ငါကြည့်ချင်တဲ့ ကားရလား။"

"အာ..မရဘူး။ လက်မှတ်ကုန်သွားလို့ အခြားဇာတ်ကားပဲ လက်မှတ်ဝယ်ခဲ့တယ်။"

"ဘာကားကြီးလဲကွာ။ မင်းက ငါမကြိုက်တဲ့ ဇာတ်ကားကို လက်မှတ်ဝယ်ခဲ့တာလား။"

"မင်းကြိုက်မှာပါ။ မင်းကြိုက်တဲ့ မင်းသားပါတယ်။ ဒါနဲ့ သူက..."

"မင်းနဲ့ မိတ်ဆက်ပေးမယ်။သူက ကိုကြီးကျောင်းက။ ကိုကြီး သူငယ်ချင်းလေ။နာမည်က...။ မင်းနာမည် ဘယ်သူ....။"

"လင်းလက်ထက်မြတ် ပါ။"

"သူပြောတဲ့ အတိုင်းပဲ "

တကယ်ဆိုရင် လင်းလက်ထက်မြတ်၏ နာမည်ကို သူမှတ်မိပါသည်။ တခါတည်း တွေ့ပြီး မှတ်မိသည် ဆိုလျှင် မာန်တက်သွားမည် စိုး၍ မမှတ်မိချင်ယောင်ဆောင်လိုက်ခြင်း ဖြစ်သည်။လင်းလက် နာမည်ချင်း တူနေတာပဲ။ ဒါဟာ တိုက်ဆိုင်မှု တခုပဲလေ။

"ဟုတ်ကဲ့ ။ တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျ။ ကျွန်တော့်ကို ငယ်သူငယ်ချင်းလို ခင်မင်လို့ ရပါတယ်။ လမ်းမှာတွေ့ရင်လည်း ခေါ်ပါ။ အကူအညီ လိုချင်ရင်လည်း ပြောပါခင်ဗျ။"

"ကျွန်တော့်ကိုလည်း ဒီကောင့်ကို ခင်သလို ခင်လို့ ရပါတယ်ခင်ဗျ။"

တယောက်နှင့်တယောက် မိတ်ဆက်နေချိန်မှာပဲ ကောင်‌လေးလေးယောက် အနားသို့ ရောက်လာလေသည်။နှစ်ယောက်က မျက်မှန်တပ်ထားသူများ ဖြစ်သည်။ လင်းလက်ထက်မြတ်၏ နာမည်ကို လှမ်းခေါ်သည့်အတွက် သူ၏ သူငယ်ချင်းတွေ ဆိုတာ သိလိုက်ရသည်။

"လက်မှတ်ကလည်း ဝယ်ရခက်လိုက်တာ။ဒီတကားပဲ ရတယ်။ ဒီကားတောင် ဘိုကင်လုပ်ထားတဲ့သူတွေ cancel လိုက်လို့ ရလာတာ။ ဒီကား မင်းကြိုက်တယ် မလား။"

"ရပါတယ်ကွာ။ ဘာကားဖြစ်ဖြစ်။ ဪ... ဒါ ကျွန်တော့် သူငယ်ချင်းတွေလေ။"

"ဪ.. အားလုံး ဆေးကျောင်းကပဲလား။"

"ဟုတ်တယ်။ သူတို့နှစ်ယောက်ကတော့ dental ကပါ။"

"ဪ"

"ကျွန်တော် မိတ်ဆက်ပေးမယ်နော်။"

သူငယ်ချင်းတွေ အားလုံးနှင့် မိတ်ဆက်ပေးလေသည်။အားလုံးဟာ သူဌေးသားတွေ ဖြစ်မှန်း အရိပ်အမြွတ် သူသိလိုက်ပါသည်။ လင်းလက်ထက်မြတ်က အနေအေးသလို ဖော်ဖော်ရွေရွေ ရှိပြီး မာနကင်းသူဟု သတ်မှတ်လို့ ရပေမယ့် သူ့သူငယ်ချင်းတွေကတော့ ချမ်းသာတဲ့ မိဘက မွေးဖွားလာပြီး ပညာတတ်တွေ ဖြစ်တဲ့အတွက် မာနအပြည့် ရှိပုံရလေသည်။မိတ်ဆက်ပေးတော့ မကောင်းတတ်လို့ ပြုံးပြသလိုမျိုးလို့ ခံစားရလေသည်။လင်းလက်ထက်မြတ်၏ မျက်နှာကြောင့် သူ့ဘက်က မလွန်‌အောင်တော့ ပြုံးရယ်ပြလိုက်ပါသည်။

"သွားမယ်လေကွာ။ ရုပ်ရှင်ချိန်က နီးနေပြီ။ မုန့်လည်း ဝယ်ရဦးမယ်။"

"သွားတော့မယ်နော် ဧပရယ်။ နောက်မှ တွေ့ကြမယ်နော်။"

"အိုကေ။ see you "

သူငယ်ချင်းတွေ ခေါ်ရာနောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားသူ၏ ကျောပြင်ကို ငေးကြည့်နေမိသည်။ သူငယ်ချင်းတွေ ကြားမှာ ခပ်သေးသေး ဖြစ်နေသော ခန္ဓာကိုယ်နှင့် ကောင်လေးဟာ သူ့မျက်ဝန်းထဲမှာတော့ ယောက်ျားလေး တယောက် ဟန်ပန်တွေ လျော့နည်းနေသည်ဟု ခံစားရလေသည်။

"ဟေ့ကောင်... အာ...ဘာတွေငေးနေတာလဲ။ သွားကြမယ်လေကွာ။ ရုပ်ရှင်ချိန် နီးနေပြီ။"

အာနီ၏ ဆွဲခေါ်မှုကြောင့် မုန့်ဝယ်သည့် နေရာသို့ ရောက်သွားလေသည်။ သူတို့ အုပ်စုနှင့် ဆုံပြန်လေသည်။ထပ်ပြီး တိုက်ဆိုင်တာကို ပြောရမည် ဆိုလျှင် ရုပ်ရှင်ရုံ ထဲမှာ ထိုင်ခုံဘေးချင်း ကပ်လျက် ဖြစ်နေခြင်း ပင်ဖြစ်လေသည်။လင်းလက်ထက်မြတ်နှင့် သူက ဘေးချင်း ယှဉ်လျက် ထိုင်ခုံ ဖြစ်လေသည်။အနားမှာ သူလာထိုင်တော့ လှည့်ကြည့်လေသည်။ သူ့ကို မြင်တော့ ရယ်ပြလေသည်။

"ဧပရယ် လည်း ဒီကားကြည့်တာပဲလား။"

"အင်း"

မီးတွေ မှိတ်သွားပြီး ရုပ်ရှင်က စပြပါပြီ။ အာနီ ကတော့ ဝယ်လာသမျှ မုန့်တွေကို တခုပြီး တခု စားရင်း သူ့ကိုလည်း ကျွေးလေသည်။သူလည်း အာနီ ပေးသမျှကို ပါးစပ်ထဲ ကောက်ထည့်လိုက်သည်။ ဘာမုန့်တွေမှန်းတောင် သေချာမသိ။ ရုပ်ရှင်ကလည်း သူကြိုက်တဲ့ မင်းသား ဖြစ်နေတော့ ကြည့်ရင်းနှင့် စိတ်ဝင်စားမှုက မြင့်တက်လာသည်။ ရုပ်ရှင်ထဲမှာပဲ အာရုံစိုက်ထားလိုက်သည်။ ခဏကြာတော့ သူအာတွေခြောက်လာသည်။ ရေသောက်ချင်လာသည်။

"အာနီ ငါ့ကို ရေပေး။ ရေဆာတယ်။"

"အာ..မင်းကလည်း စောနက မပြောဘူး။ ရေက ငါသောက်လို့ ကုန်ပြီ။"

"မင်းပေးတဲ့ မုန့်တွေက ဘာတွေလည်း မသိဘူး။ စားပြီးရေဆာလိုက်တာ။ နေဦး။ ငါအပြင်ထွက်ပြီး ရေသွားဝယ်လိုက်ဦးမယ်။"

"မင်းထွက်ပြီးရင် ပြန်ဝင်လာလို့ မရတော့ဘူးလေကွာ။ ခဏလေး သည်းခံလိုက်ပါ။ ရုပ်ရှင်ဇာတ်ကားက ပြီးတော့မှာပါကွ။"

"ငါရေဆာတယ်ကွာ။ သွားမယ်။"

"အာ...မင်းကလဲ။ ပြောရခက်လိုက်တာ။"

"ရေဆာလို့လား ဧပရယ်။"

အာနီနှင့်သူ အပြန်အလှန် စကားပြောနေတုန်း အသံသဲ့သဲ့လေးတခုက နားအတွင်းသို့ ဝင်ရောက်လာသည်။အသံလာရာသည် သူ့နံဘေးကမှန်း သိသောကြောင့် လှည့်ကြည့်လိုက်သည်။အလင်းနည်းသည့် မီးရောင်အောက်မှာ ကြည်လင်နေသည့် မျက်နှာအနေအထား ရှိသူကို တွေ့ရသည်။

"ဟုတ်တယ်။ မင်းမှာ ရေ ရှိသေးလား။"

"ရှိတော့ရှိတယ်။ငါသောက်ပြီးသား ဖြစ်နေလို့ မင်းကို တိုက်ရမှာ အားနာလို့။"

"ရတယ်။ ကိစ္စမရှိဘူး။ မင်းမှာ ကူးစက်ရောဂါ မရှိရင် ပြီးတာပဲလေ။"

"ကူးစက်ရောဂါတော့ မရှိပါဘူးဗျာ။"

"အဲဒါဆိုလည်း ပေး။"

လင်းလက်ထက်မြတ် ကမ်းပေးသော ရေဗူးကို ယူပြီး အဖုံးဖွင့်ကာ တကျိုက်တည်း မော့သောက်လိုက်သည်။ ရေအတော်ဆာနေ၍ လားမသိ။ရေက အတော်လေး သောက်၍ ကောင်းလေသည်။ သောက်ပြီးတာနှင့် အဖုံးပိတ်ကာ ပြန်ပေးလိုက်သည်။

"ကျေးဇူးပဲ ထက်ထက်။"

"ဗျာ။"

သူ့ကို ထက်ထက် ဟု ခေါ်လိုက်သောကြောင့် အံ့ဩသွားဟန် ရှိသော မျက်ဝန်းကို ရုပ်ရှင် ဖြာကျလာသော အလင်းရောင်မှ တဆင့် မြင်တွေ့လိုက်ရလေသည်။

"ဘာဖြစ်လို့လဲ။ မင်းကို ထက်ထက် လို့ ခေါ်တာ မကြိုက်ဘူးလား။"

"မကြိုက်လို့ မဟုတ်ပါဘူး။ ခေါ်လို့ ရပါတယ်။ကျွန်တော့်ကို အဲ့နာမည်မျိုး ဘယ်သူမှ မခေါ်ဘူးလို့ ကျွန်တော်က အံ့ဩ သွားလို့ပါ။"

"အံ့ဩမနေနဲ့။ ငါခေါ်ချင်လို့ ခေါ်တာ။"

"ရပါတယ်။"

နှစ်ယောက်သား စကားစ ပြန်ပြတ်သွားပြီး သူလည်း ဇာတ်ကားထဲ ပြန်ပြီး အာရုံစိုက်လိုက်သည်။ပြောရမည်ဆိုလျှင် သူကြိုက်သည့် မင်းသားလည်း ဖြစ်နေသောကြောင့် ဇာတ်ကားက ကောင်းသည်ဟု ခံစားရပါသည်။အဲကွန်းအေးအေးလေးနှင့် ရုပ်ရှင်ရုံထဲမှာ အိပ်ငိုက်ချိန်တောင် မရဘဲ စိတ်ဝင်တစား ကြည့်နေမိသည်။ထိုအချိန်မှာပဲ တခုခုဟာ သူ၏ ပခုံးကို လာရိုက်လိုက်တာကြောင့် နည်းနည်းတွန့်ဆုတ်သွားသည်။ လေးလံသော အရာ ဖြစ်သောကြောင့် လှည့်ကြည့်လိုက်တော့...

"ဟင်"

သူ့ပခုံးပေါ်မှ အရာသည် ထက်ထက်၏ ခေါင်းဖြစ်နေလေသည်။ရုပ်ရှင်ကြည့်ရင်း အိပ်ချင်လို့ ထင်ပါရဲ့။အိပ်ပါစေ ဟူသော ဆန္ဒနှင့် သူ့ပုခုံးပေါ်မှာ ခေါင်းနေရာကျအောင် ပြုပြင်ပေးလိုက်သည်။နီးကပ်လွန်းသည့် အနေအထားကြောင့် အသက်ရှူသံ သဲ့သဲ့လေးကို သူကြားနေရသည်။သူ့ခေါင်းကို အသာငဲ့စောင်းကာ ပခုံးပေါ် ခေါင်းတင်ထားသည့် မျက်နှာလေးကို ငုံကြည့်လိုက်လေသည်။မီးရောင်မှိန်မှိန် အောက်မှာ မြင်နေရသည့် မျက်နှာလေးက အိပ်ပျော်နေချိန်မို့ ထင်သည်။ ပကတိ ငြိမ်သက်တည်ကြည်နေလေသည်။အနီးကပ် သေချာကြည့်တော့ ထက်ထက် လည်း လူချောစာရင်းထဲမှာ ပါဝင်သည့် လူတယောက်ပဲ။ ကိုကြီးဧည့်သည် လောက်တော့ ချောလွန်းသည် မဆိုသာ ပေမယ့် ထက်ထက်လည်း လူချောပါပဲလေ။

ကိုကြီးဧည့်သည်နှင့် ထက်ထက် ညီအကို ဆိုတာ စစကြားချင်း သူအံ့ဩမိလေသည်။ ကိုကြီးဧည့်သည်မှာ ဒီလို ညီမျိုး ရှိနေပါလား။ ကိုကြီးဧည့်သည်နှင့် ရုပ်ရည်ချင်း တူတာမျိုးတော့ မဟုတ်ဘဲ အနေအေးတာချင်းတော့ တူကြသည်။ ထက်ထက် ကို အခုမှ နှစ်ခါသာ ဆုံဖူးပေမယ့် ရင်းနှီးကျွမ်းဝင်မှုက သူ့အလိုလို ဖြစ်တည်နေလေသည်။ ကိုကြီးဧည့်သည် ဆိုတာ သူ့အတွက် ကိုကြီးကြောင့် သိလာခဲ့ရသူ။ ကိုကြီးကြောင့်ပဲ စိတ်ခုခဲ့ရသူ ။ ထက်ထက် ဆိုသည်မှာလည်း ကိုကြီးကြောင့် သိခဲ့ရပြီး အခုချိန်ထိတော့ အနှောင့်အယှက် မဖြစ်သေးဟု ပြောရမည်။ ခင်မင်စရာ ကောင်းသည့် ပုံစံမျိုး ရှိပေမယ့် မာနအနည်းငယ်တော့ ရှိမည့် ပုံစံပါ။ ဒါပေမဲ့လည်း ကိုကြီး ကိုတော့ အတော်လေး ခင်မင်ပုံ ရသည်။ ကိုကြီးမှာ သူငယ်ချင်း အပေါင်းအသင်း ပေါတာကို သူကြိုက်သည်။ လူငယ်လို ပျော်ပျော်ရွှင်ရွှင် နေတာကိုလည်း သူသဘောကျသည်။ ကိုကြီးကို လူငယ် တယောက်လို လွတ်လပ်ခွင့်တွေ အများကြီး ပိုင်ဆိုင်စေချင်တာ သူ့စိတ်သဘောပဲ မဟုတ်လား။ ထက်ထက် ကို ကိုကြီး သူငယ်ချင်း အဖြစ် ရင်းနှီးစေချင်တာ သူ့စိတ်၏ တဖက်ခြမ်း ဖြစ်ပြီး အခြားတဖက်ခြမ်း စိတ်ကတော့ ကိုကြီးဧည့်သည်နှင့် ပတ်သတ်နေသည့် ထက်ထက်ကို ကိုကြီး အနားမှာ မရှိစေချင်သည့် စိတ်ကလည်း တဖန်ကြီးစိုးနေပြန်ပါသည်။

"ဟာ...ဟို... ဆောရီးနော်...။"

အိပ်ချင်မူးတူးနှင့် ထလာပြီး သူ့ပခုံးပေါ်ကို ခေါင်းတင်အိပ်နေတာကို သိသိချင်း အားနာသွားဟန် ရှိပြီး တောင်းပန်လေသည်။ သူက ကိစ္စမရှိဘူးလို့ ပြောတော့ ပြုံးပြလေသည်။ ပြီးမှ မျက်နှာရှုံ့မဲ့သွားတာကို သတိထားမိလိုက်သည်။ဇက်ကို လက်တဖက်နှင့်ကိုင်ပြီး ခေါင်းကို မွှေ့ရမ်းကာ နာကျင်မှုကို လျော့နည်းဟန် ပြုလုပ်နေသည်။ သူ့ပခုံးပေါ် ခေါင်းတခြမ်းတင်ပြီး အိပ်စက်လိုက်မှုကြောင့် ဖြစ်ပါလိမ့်မည်။

"ဇက်နာသွားတာလား။"

"အင်း...နည်းနည်းပါ။ ရပါတယ်။"

ရုပ်ရှင်ရုံမှ ပြန်ထွက်ကြပြီးတော့ အပြင်ကို ရောက်သည်နှင့် အားလုံး နှုတ်ဆက်ကာ လမ်းခွဲထွက်ခွာလိုက်ကြသည်။ သူနှင့် အာနီ ခြေလှမ်း ဆယ်လှမ်း ဆယ့်ငါးလှမ်း လှမ်းပြီးချိန်မှာတော့ နောက်မှ သူ့နာမည်ခေါ်သံကို ကြားရလေသည်။နောက်ကို လှည့်ကြည့်လိုက်တော့ ထက်ထက် တယောက် သူတို့ဆီ လျှောက်လာတာကို တွေ့ရသည်။

"ဖုန်းနံပါတ် ရနိုင်မလား။"

အနားရောက်လာသော ထက်ထက်၏ ပထမဦးဆုံး စကား။သူနားမလည်သလို မျက်မှောင်ကြုတ်လိုက်သည်။ဖုန်းနံပါတ် ဆိုတာ ဘယ်သူ့ဖုန်းနံပါတ်ကို ပြောတာလဲ။ သူ့နံပါတ် တောင်းတာတော့ မဖြစ်နိုင်။ ဒါဆို ကိုကြီး ဖုန်းနံပါတ်ကို တောင်းသလား။ ကိုကြီးနှင့် သူငယ်ချင်း ဆိုပြီး ဖုန်းနံပါတ်လေးတောင် မရှိဘူးလား။

"ကိုကြီး ဖုန်းနံပါတ်လား။ ၀၉...."

"ဟာ...မဟုတ်ဘူး။ ဒီဇင်ဘာ့ ဖုန်းနံပါတ်က ကျွန်တော့်ဆီမှာ ရှိပါတယ်။ ဧပရယ့် ဖုန်းနံပါတ််ကို ပြောတာပါ။"

"ငါ့ဖုန်းနံပါတ်...။ ဘာလုပ်ဖို့လဲ။ မင်းနဲ့ငါက အတန်းလည်း မတူ။ တက်တဲ့ကျောင်းချင်းလည်း မတူဘူးလေ။"

"ဧပရယ်က ဒီဇင်ဘာ့ ညီလေးဆိုတော့လေ..."

ပြောချင်တာက ကိုကြီးကို ခင်သလို သူ့ကိုလည်း ခင်ချင်သည် ဆိုသည့်သဘောပေါ့။

အချိန်အနည်းငယ် အကြာ သူစဉ်းစားနေမိသည်။ကိုကြီး အနားမှာ ယောက်ျားလေး အချို့ ပတ်သတ်ဆက်နွယ်နေတာကို သူမကြိုက်တာ အမှန်။ ကိုကြီးဧည့်သည်၏ ညီဖြစ်သူ ထက်ထက် ကိုကော သူပိုပြီး မကြည်ဖြူချင်ပါ။ တခုတော့ ရှိသည်။ ထက်ထက် ကိုယ်တိုင်ကလည်း သူ့လို စိတ်ထားမျိုး ရှိသည် ဆိုလျှင်တော့အဆင်ပြေသည်။ ထက်ထက်၏ သူ့အကိုအပေါ် ထားရှိသည့် စိတ်ထား ဘယ်လိုရှိသလဲ သူမသိပေ။ အနှောင့်အယှက်ကင်းအောင် အနီးကပ် စောင့်ကြည့်ဖို့ လိုအပ်မလား။ ဒါမှမဟုတ် ထက်ထက်နှင့် ပူးပေါင်းပြီး ကိုကြီးနှင့် ကိုကြီးဧည့်သည်ကို ဝေးကွာသွားအောင် နှစ်ယောက်ပေါင်းပြီး ကြိုးစားရင် ကောင်းမလား။ခက်တာက ထက်ထက်၏ စိတ်ထားကို သူမသိရသေးပေ။ အာနီ ကတော့ ဖုန်းနံပါတ် ပေးလိုက်ဖို့ တိုက်တွန်းလေသည်။

"ပေးလိုက်ပါကွာ။ မင်းကို ခင်ချင်လို့ တောင်းတာ နေမှာပေါ့ကွာ။"

ထက်ထက်၏ တောင်းခံနေသည့် မျက်ဝန်းနှင့် အာနီ၏ တိုက်တွန်းမှုကြောင့် ဖုန်းနံပါတ် ပေးလိုက်ရပါသည်။

"ကျေးဇူးတင်ပါတယ်။ ဒါနဲ့လေ ဘယ်အချိန် အားနိုင်မလဲ။ ဖုန်းဆက်ရင် မအားတဲ့ အချိန် ဖြစ်နေမှာစိုးလို့ပါ။"

"ကျောင်းချိန်နဲ့ ကျူရှင်ချိန်ကတော့ ဖုန်းကိုင်ဖြစ်မှာ မဟုတ်ဘူး။"

"ဒါဆို ညဘက်ဆက်မယ်လေနော်။"

သူ ခေါင်းညိတ်လိုက်သလား။ မညိတ်လိုက်သလား ဆိုတာ သူကိုယ်တိုင်လည်း သတိမထားမိ။ ပြန်တော့မယ်နော် ဆိုသည့် နှုတ်ဆက်သံကို ကြားမှပဲ အင်း ဟု ပြောဖြစ်လိုက်သည်။ထွက်သွားသည့် ကျောပြင်လေးကို လိုက်ကြည့်နေမိပါတော့သည်။

**********

"ကျွန်တော့်ကို ခဏစောင့်နေပေးပါ။ဆေးရုံကို လာခဲ့မယ်။" ဆိုသော ဖုန်းဆီ ရောက်လာသည့် စာလေးတစောင်ကြောင့် ဂျူတီပြီးကတည်းက ထိုင်စောင့်နေတာ အခုဆို စောင့်ချိန် နာရီဝက် ရှိသွားပြီ။ ဇင် က ရောက်မလာသေးပါ။နားနေဆောင်မှာ ထိုင်မစောင့်ချင်တာကြောင့် ကားထဲမှာသာ စောင့်နေလိုက်သည်။ ဇင့်ဆီကိုလည်း ဖုန်းထပ်မဆက်ချင်တော့ သူလာမယ်လို့ ပြောထားပြီးရင် သူလာမှာပါ။

ညက နိုက်ဂျူတီ ကျထားသောကြောင့် စောင့်နေရင်းမှ အိပ်ငိုက်လာလေသည်။ ကားအပြင်ဘက် ပတ်ဝန်းကျင်ကို ငေးကြည့်လိုက်တော့ ဇင့် အရိပ်အယောင်တောင် မတွေ့ရသေးပေ။ ဇင် မရောက်လာသေးတာနှင့် ခုံကို အနောက်ကို အသာလျောချပြီး လှဲချကာ မျက်လုံးကိုတော့ ပြူးထားရသည်။ ဇင် လာရင် မသိလိုက်မည် စိုးသောကြောင့် ဖြစ်သည်။မအိပ်ဘူးလို့ အားတင်းထားပေမယ့် မှေးကျလာသော မျက်ခွံကြောင့် သတိတချက် လွတ်သွားပြီး ငိုက်မျဉ်းလာသည်။စိတ်ကိုတင်းထားသည့် ကြားကပင် သူ့မျက်လုံးဖွင့်မရတော့ပေ။

တဒေါက်ဒေါက် ခေါက်သံဟာ အိပ်မက်လိုလို ဝေဝေဝါးဝါး။ အိပ်ရေးလည်း မဝသေး။ မျက်လုံးလည်း မဖွင့်ချင်သေး။ မျက်လုံး မဖွင့်ချင်သေးပေမယ့် မျက်လုံးထဲ အသိဝင်လာတာက ဇင်။ ဆတ်ခနဲ၊ ငေါက်ခနဲ ထလိုက်မိသည်။ ကားမှန်အပြင်ကို အထဲကို စူးစူးစိုက်စိုက် ကြည့်နေသည့် ဇင့် ကို မြင်ရလေသည်။ ကားမှန်က အဖြူရောင် အကြည်မဟုတ်သောကြောင့် အောက်ကွယ်နေသည့် သူ့ကို ဇင် မမြင်ရတာလား မသိ။ ကားမှန်ကို ချပြီး ကြည့်လိုက်တော့ သူ့ကို ပြုံးရယ်ပြနေသည့် ဇင့် ကို မြင်ရလေသည်။

"ဆောရီး အကို။ အကို အိပ်နေတာ နှိုးလိုက်မိတယ်။"

"ရပါတယ်။ ရောက်နေတာ ကြာပြီလား။"

"ဟုတ် ကြာပြီ။ အကို အိပ်နေတာ မနှိုးရက်လို့ တော်တော်ကြာကြာ စောင့်နေတာ။ ဒါပေမဲ့ အကို အိပ်‌နေတာ ကားထဲမှာ ဆိုတော့ သက်တောင့်သက်သာ မရှိလို့။ အကြာကြီး မအိပ်စေချင်လို့ နှိုးလိုက်တာပါ။ ဆောရီးနော် အကို။"

ဆရာဝန်တယောက် ဖြစ်ကတည်းက တွေ့ကရာ နေရာမှာ ဖြစ်သလို အိပ်တတ်တာ အကျင့်လို ဖြစ်နေပြီ။ဒါကို ဇင် သေချာမသိသေးဘူး ထင်ပါရဲ့။ ဇင်လည်း တချိန်ချိန် အလိုလို သိလာပါလိမ့်မည်။

"ရပါတယ်။လာ ကားပေါ်တက်လေ။"

"ဟုတ်ကဲ့။"

ဇင့် လက်ထဲမှာလည်း အထုတ်တွေနှင့်။ သူ့တဖက်ခြမ်း ခုံမှာ ဝင်ထိုင်ချိန်ထိ ငေးကြည့်နေမိသည်။ ဇင် ကားထဲဝင်လာသည်နှင့် ဇင့်ထံမှ ထွက်လာသည့် စပယ်ပန်းရနံ့။ ဇင်နှင့် အမြဲတွဲလျက်လို ဖြစ်နေသော ရနံ့လေးပါ။ဇင်နှင့် သိပြီးမှ စပယ်ပန်းရနံ့သည်လည်း သူနှင့် ယဉ်ပါးလာလေသည်။ဇင် ယူလာသည့် စပယ်ပန်းကုံးလေးတွေဟာလည်း ကားထဲမှာ ချိတ်ဆွဲနေရာယူနေပါပြီ။

ဒီနေ့ တနင်္ဂနွေနေ့ ဆိုတော့ ဇင် ကျောင်းသွားပုံမရ။ကျူရှင်မှ ပြန်လာတာ ဖြစ်ပေလိမ့်မည်။ ဇင်နှင့် ခင်မင်ပြီးသည့် နောက်ပိုင်း သူ၏ အားလပ်ချိန်တွေ ဇင်နှင့်အတူ ရှိနေသည်မှာ များလာလေသည်။ မသိမသာလေးကနေ သိသိသာသာလေး ခင်မင်မှုတွေ တိုးလာလေသည်။ ဇင်နှင့် ခင်မင်ပြီးမှ သိလာရသည်မှာ ဇင်က ရိုးသားသည်။ တခါတလေ ပွင့်လင်းမှု ရှိသလို၊ တခါတလေလည်း မြုံစိစိနိုင်လှသည်။ သူ့အပေါ် ပြောစရာ စကားတွေ ကျန်နေသေးတာကို သိလျက်နှင့် ဒီနေ့ ဒီအချိန်ထိ သိခွင့်မရသေးပေ။ ဇင်က သူ့အပေါ် ဂရုစိုက်မှုလေးတွေကိုတော့ မြင်ရလေသည်။အစားစားတာက အစ ဂရုတစိုက် စားစေချင်သည်။ ဆေးရုံက ကျွေးသည့် အစားအစာတွေကို မစားစေချင်။ ကျောင်းပိတ်ရက် သူအားတဲ့ ရက်ဆိုရင်တော့ အိမ်မှာ ထမင်း၊ဟင်း လာချက်ကျွေးတတ်ပါသေးသည်။ ဇင်က ဟင်းချက်ကောင်းသူလို့ ဆိုရမည်။ သူချက်ကျွေးတဲ့ ထမင်း၊ဟင်းတွေ စားပြီး အခုဆို ဆေးရုံက ကျွေးတဲ့ ဟင်းတွေက အရသာ မကောင်းသလို ဖြစ်လာလေသည်။ အချိုမုန့် ဆိုလျှင်လည်း တမျိုးပြီးတမျိုး လုပ်ကျွေးတတ်သူပါ။အခုလည်း ကိုင်လာသည့် အထုပ်ထဲမှာ ဘာတွေ ထည့်လာပြန်လဲမသိ။

"ကျွန်တော် မုန့်ဖုတ်သင်တန်း တက်နေတယ်။ကျွန်တော် အကို့ကို ပြောဖို့ ကျန်နေတာ။"

ကားပေါ်ရောက်ရောက်ချင်း ပြောသော စကား ဖြစ်လေသည်။

"ဟုတ်လား။"

"အခု သင်တန်းက ပြန်လာတာ။သင်တန်းကလည်း ဆင်းတာ နည်းနည်း နောက်ကျပြီးမှ ဆင်းတာ။ ပြန်တော့လည်း လိုင်းကားက ချက်ချင်း မရလို့ စောင့်နေတာနဲ့ပဲ အကို့ဆီ အလာနောက်ကျသွားတယ်။"

"ကျွန်တော့်ဆီ ဖုန်းလှမ်းဆက်လိုက်ရောပေါ့။ ကျွန်တော် လာခေါ်မှာပေါ့။"

"အကိုက ဂျူတီဝင်ထားရတော့ ပင်ပန်းနေမှာလေ။ မခေါ်ရက်ပါဘူး။အခုလည်း အကို စားဖို့ မုန့်တွေ ထည့်လာတယ်။သင်တန်းမှာ ပထမဦးဆုံး လုပ်ဖြစ်တဲ့ ကိတ်မုန့်လေ။"

ဇင်က သူယူလာသည့် အထုပ်ကို ဖြေချသည်။စက္ကူဗူးလေး ထဲမှ အသဲပုံပုံစံ ကိတ်မုန့်လေး ထွက်လာသည်။ကိတ်မုန့်ကတော့ ချောကလက်ကိတ်ပါ။ကိတ်ပေါ်မှာ အလှဆင်ထားသည့် အရာတွေကတော့ အစုံအလင်ပါပဲ။

"ကိတ်မုန့်လေးက လှသားပဲ။"

"လှတာက အပြင်ဘက်က အမြင်ပါ အကိုရဲ့။အကို မြည်းကြည့်ပါဦး။ အရသာ ကောင်းရဲ့လားလို့။"

တခါသုံး ဇွန်းလေးနှင့် ကိတ်မုန့်သား အစွန်းဘက်ကို အနည်းငယ်ဖဲ့ယူကာ သူ့နှုတ်ခမ်း ရှေ့သို့ ထိုးပေးသည်။

"ပါးစပ်ဟလေ အကို။ စားကြည့်ပါဦး။"

ခွံကျွေးဟန်ပြင်နေသည့် ဇင့်လက်ထဲမှ ဇွန်းကို ရယူဖို့ သူကြိုးစားလိုက်သည်။

"ကျွန်တော် ခွံကျွေးချင်လို့ စားပါ။"

ဇင် လက်က ရှေ့တိုးချိန် သူက နောက်သို့ အနည်းငယ် ဆုတ်မိသွားသည်။ ဇင် မျက်နှာပျက်သွားသည်ကို မြင်လိုက်ရပါသည်။ သူ မရည်ရွယ်ပါဘူး။

"ဘာဖြစ်လို့လဲ အကို။ ကျွန်တော် ခွံကျွေးတာကို ရွံလို့လားဟင်။"

မှိုင်တွေသွားတဲ့ မျက်ဝန်းတွေ။ငုံချသွားသည့် ခေါင်းကြောင့် သူအတော်လေး စိတ်မကောင်း ဖြစ်သွားမိသည်။

"မဟုတ်ရပါဘူး။"

ဇင် နှင့် ခင်မင်ရင်းနှီးသွားပြီးသည့် နောက်ပိုင်းမှာ ဇင့် မျက်နှာညိုတာကို သူသဘောမတွေ့သလို ဖြစ်လာလေသည်။ဟိုတလောက သူနှင့်ဇင့် ပြဿနာလေး တခုဖြစ်သည်။ဇင် ကျောင်းထွက်မည် ဆိုသော ကိစ္စနှင့် ပတ်သတ်လို့ပေါ့။ဇင့်ကို ကျောင်းမထွက်ချင်သောကြောင့် ငွေကြေး ထောက်ပံ့မှု ပေးခဲ့ပေမယ့် ဇင့်ဘက်က စိတ်ဆိုးမှုကြောင့် လက်လျော့ကာ ဇင့်ကိုလည်း တောင်းပန်လိုက်ရလေသည်။ ငွေကြေးထောက်ပံ့ ပေးလို့ မရတော့ ဇင်နှင့် တကျောင်းတည်းမှာ ရှိနေသည့် သူ့ညီလေးလင်းလက်ကို ဖုန်းဆက်ကာ အကူအညီ တောင်းရလေသည်။ ဇင် နားမလည်သော ဘာသာများကို ကူညီဖြေရှင်းပေးဖို့ ဖြစ်သည်။ လင်းလက်ကလည်း သူ့စကားနားထောင်သော ညီလေး ဖြစ်သောကြောင့် သူပြောသလို လိုက်နာပါသည်။ဇင့် အိမ်ကိုတောင် လိုက်သွားပြီး ဇင့်ကို ကူညီပေးဖို့ ပြောဆိုခဲ့သည်ဟု ဆိုလေသည်။ လင်းလက်က ဇင် မရသော စာများကို ကူညီဖြေရှင်းပေးမည်ဟု ဆိုပေမယ့် ဇင်ဘက်က လက်မခံခဲ့။ သူလည်း ဘာလုပ်ပေးရမလဲ မသိခင် ဇင်နှင့်သူ ရက်နည်းနည်း ဝေးကွာသွားရလေသည်။ဇင် ကလည်း သူ့ဆီ ဖုန်းမဆက်သလို သူကလည်း ဇင့်ဆီ ဖုန်းမဆက်ဖြစ်။ နောက်တော့ လင်းလက်ဆီမှ ကြားရသည့် စကားမှာ ဇင် ကျောင်းပျက်ရက်တွေ များလာပြီတဲ့လေ။ သူစိတ်ပူသွားပြီး ဇင့်ဆရာမဖြစ်သော သူ့သူငယ်ချင်းထံ ဖုန်းဆက်မေးကြည့်တော့လည်း ဟုတ်သည်ဆိုသည်။ဇင့်၏ ပညာရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးကြည့်သည်။ သူငယ်ချင်းမလေး၏ အကူအညီဖြင့် ကျူရှင်သင်ခွင့်ရလေသည်။ ကျူရှင်လစာကိုတော့ သူကပဲ ပေးပြီး ဇင် မသိအောင် ဖုန်းကွယ်ထားဖို့ ပြောရလေသည်။ ဇင့် ကိုတော့ ဆရာမတွေ ဆီမှာ အလကားသင်ခွင့်ရမည်ဟု ပြောရမည်။ တကယ်တမ်း ပြောကြည့်သည့် အခါမှာ ဇင်နှင့်သူ ပြဿနာ တက်ပြန်လေသည်။ ဇင့်ဘက်က လုံးဝ လက်မခံပါ။ သူ ဘာလုပ်ပေးပေး ဇင့်ဘက်မှ လက်မခံသောကြောင့် သူလည်း စိတ်မကောင်း ဖြစ်ရသည်။ဒါ့ကြောင့် ဇင့်ကို ပွင့်ပွင့်လင်းလင်းပဲ မေးခွန်းထုတ်လိုက်မိသည်။

"ကျောင်းမထွက်စေချင်တာ ကျွန်တော့်ရဲ့ တကယ့် စိတ်ရင်းအမှန်ပါ။ အခု စာသင်ပေးမှာကလည်း ကျောင်းက ဆရာမတွေပဲ မဟုတ်လား။ လစာလည်း ပေးစရာ မလိုဘူး ဆိုတော့ ဇင့်အတွက် အများကြီး အဆင်ပြေပါတယ်။"

"အကို ငွေဘယ်လောက်ပေးလိုက်ရလဲ။"

"ဘာကိုလဲ။ ဘာကိုပြောတာလဲ ဇင်။"

"အကို မသိချင်ယောင်ဆောင်မနေပါနဲ့။ ဆရာမနဲ့အကို ဘယ်လောက်ပဲ ခင်မင်တယ် ပြောပြော ကျွန်တော်လို သူစိမ်းတယောက် အတွက်တော့ ကြည်ကြည်ဖြူဖြူ အလကား ရပါ့မလား။ ဆရာမတွေရဲ့ ပညာတန်ဖိုး ဆိုတာက ရှိသေးတယ်လေ။ဒါကို အကိုလည်း နားလည်ပါတယ်။အကိုကိုယ်တိုင်လည်း ဆရာမတွေရဲ့ ပညာတန်ဖိုးကို အလေးမထားမယ့် လူမျိုးမှ မဟုတ်တာ။"

ဇင့် စကားတွေသည့် သူ့ခြေလှမ်းကို သိနေသည့် ပုံစံမျိုး ဖြစ်သည်။မျက်ခုံးနှစ်ဖက်ကို ကျုံ့ထားပြီး ခပ်စူစူ နှုတ်ခမ်းကြောင့် ဒေါသဖြစ်နေသည် ဆိုတာကို ခန့်မှန်း၍ ရလေသည်။သူလုပ်သမျှဟာ အလွဲလွဲ အချော်ချော်။ ဇင့် ကို ဒေါသဖြစ်စေပြီး စိတ်မကောင်း ဖြစ်အောင် အမြဲလုပ်မိနေသည်။

"လင်းလက်နဲ့အတူ စာလုပ်ဖို့ ကျတော့လည်း ငြင်းတယ် မဟုတ်လား။ လင်းလက် တက်ဖို့ ကျူရှင်မှာ တက်ဖို့ တိုက်တွန်းရင်လည်း ဇင်က ငြင်းဦးမှာပဲ မဟုတ်လား။ဇင့် ကို ပညာရေးထောက်ပံ့ပေးမယ် ဆိုတော့လည်း လက်မခံပြန်ဘူးလေ။ ကျောင်းမထွက်စေချင်တာ ကျွန်တော့်ရဲ့ တကယ့် ဆန္ဒပါ။ ဇင် ကျောင်းဆက်တက်နိုင်ဖို့အတွက် ကျွန်တော့်ဘက်က တခုခုတော့ လုပ်ပေးချင်တယ်။ဒါ့ကြောင့် ကျွန်တော့် သူငယ်ချင်းနဲ့ တိုင်ပင်ပြီး အခုလို လုပ်ရတာပါ။"

"အကို ကျွန်တော့်ကို တခုခု လုပ်ပေးချင်တယ် ဆိုရင် ဘာလို့ရှည်ရှည်ဝေးဝေး စဉ်းစားနေသေးတာလဲ။ လုပ်ပေးချင်တဲ့ စိတ်က တကယ် မရှိလို့ ရှည်ရှည်ဝေးဝေးတွေ စဉ်းစားနေတာပေါ့။"

ဇင့် ထံမှ ခနဲ့တဲ့တဲ့ အသံလေးကို ကြားလိုက်ရသည်။ဇင့် အပေါ် တကယ့်စေတနာမှန်နှင့် ဖြစ်စေချင်သည် ဆိုတာ သူလည်းသိသလို ဇင်လည်း မသိဘဲနှင့်တော့ မနေပါ။

"ကျွန်တော့် စေတနာကို ဇင်လည်း ခံစားမိမှာပါ။ခင်မင်တာ မကြာသေးပေမယ့် ကျွန်တော့်ညီလေး လင်းလက်နဲ့ တန်းတူ စိတ်သဘောထား တာပါ။လင်းလက် တိုးတက်သလို ဇင့်ကိုလည်း တိုးတက်စေချင်ပါတယ်။ လင်းလက် ဆရာဝန် ဖြစ်တာကို မြင်ချင်သလို ဇင့် အပေါ်ထားတဲ့ ဆန္ဒဟာလည်း ထပ်တူပါပဲ။ ကျွန်တော့် သဘောထား အစစ်အမှန် ဖြစ်လို့ ဒီတခါတော့ လက်ခံပေးပါ။"

"လက်ခံမပေးနိုင်ဘူး အကို။ တဖက်လှည့်နဲ့ ကျွန်တော့်အတွက် ငွေသုံးနေတာ ကျွန်တော့် မာနကို ထိခိုက်တယ် ဆိုတာ အကို သိတယ် မဟုတ်လား။"

"သိပါတယ်။ ဒါပေမဲ့ ဒါဟာ ပညာရေး အတွက်ပဲ မဟုတ်လား ဇင်။ မာနတွေကို ခဏလောက် ခဝါချလိုက်ပါလား။တောင်းဆိုတာပါ။"

ဇင့် ဆီမှ သက်ပြင်းချသံ သဲ့သဲ့ကို ကြားရလေသည်။ဇင့်ဘက်မှ ဆုံးဖြတ်ရခက်နေပြီ ဆိုတာကို သူခန့်မှန်းမိသည်။ ဒီတခါတော့ သူအလျော့မပေးချင်ပေ။ မရ ရတဲ့ နည်းနဲ့ နားချရမှာပဲ ဖြစ်သည်။

"ကျွန်တော် စကားအကုန် ပြောပြီးပြီပဲ။ အကို့ ငွေကြေး ထုတ်သုံးရမယ့် ကိစ္စတွေ ဆိုရင် ကျွန်တော့် ဘက်က လက်မခံနိုင်ဘူး အကို။ ဘာလို့ အများကြီး တွေးနေတာလဲ။အကို့ ဘက်က လုပ်ပေးချင်တဲ့ စိတ် ရှိတယ် ဆိုရင် ငွေတောင် မကုန်ပါဘူး အကို။"

ဇင် ဘာကို ဆိုလိုသလဲ သူမသိ။ ငွေမကုန်စေသည့် အရာဟာ ဘာများ ဖြစ်မလဲ။သူပဲ ဉာဏ်မမှီတာလား မပြောတတ်ပေ။

"ဇင် ဘာကို ဆိုလိုသလဲ။ဆေးကျောင်းတက်ရတာ ငွေဘယ်လောက်ကုန်သလဲ ဆိုတာ ကျွန်တော် အသိဆုံးပါ။ ဆေးကျောင်းတင် မဟုတ်ပါဘူး။ ဘယ်ပညာပဲ သင်သင် ငွေက အဓိကပဲ မဟုတ်လား။"

"မှန်တယ်လေ။ ငွေက ရှာရခက်တယ်။ ငွေကို ပင်ပင်ပန်းပန်း ဘယ်လိုရှာတယ် ဆိုတာ ကျွန်တော် အသိဆုံး။ ဒါ့ကြောင့် အကို ငွေကို ကျွန်တော် မထိချင်ဘူး။"

"ကုန်သင့်လို့ ကုန်ရတာပဲ ဇင်ရယ်။ လက်ခံလိုက်ပါနော်။"

သူ့ဘက်က လေပြည်ထိုးပေမယ့် ဇင့်ဘက်ကတော့ ခေါင်းခါစမြဲပါပဲ။သက်ပြင်းအခါခါ ချမိတာက သူပင် ဖြစ်လေသည်။ သူ ဘယ်လိုပြောပြော လက်ခံမည့်ပုံတော့ မရှိ။

"ဘာလို့များ ကိစ္စတခုကို ရှည်ရှည်ဝေးဝေး တွေးနေရလဲ အကို။ ကျွန်တော် ဝေ့ဝိုက်ပြောနေလဲ အကို သိမှာ မဟုတ်တော့ ပွင့်ပွင့်လင်းလင်းပဲ ဒဲ့ပြောတော့မယ် အကို။"

ဇင် က ဒဲ့ပြောတော့မယ် ဆိုသည့် စကားကို ဖိပြောတော့ သူနည်းနည်းတော့ လန့်သွားသည်။ ဘာများပြောချင်လို့လဲ။ သူအမှားများ ထပ်လုပ်မိသလား ဆိုပြီး ရင်တထိတ်ထိတ်နှင့်ပါ။

"ကျွန်တော် ဘာများအမှားလုပ်မိလို့လဲဟင်။"

သူ့ကို ကြည့်ပြီး ဇင့်ထံမှ ခပ်သဲ့သဲ့ ရယ်သံလေးကို ကြားလိုက်ရလေသည်။

"အကို ဘာမှအမှား မလုပ်ပါဘူးဗျာ။ ကျွန်တော် ဆိုလိုတာက အကိုလည်း ငွေကုန်ကြေးကျ မများဘဲ ကျွန်တော်လည်း စာလိုက်နိုင်ပြီး ကျောင်းဆက်တက်နိုင်အောင် အကိုပဲ ကျွန်တော့်ကို စာပြပေးပါလား။"

"ဗျာ။"

စာပြပေးရမည်ဟု ဇင် က တောင်းဆိုလာတော့ သူအခက်တွေ့သည်။သူက စာပြသည့် ကျောင်းဆရာ တယောက်လည်း မဟုတ်။ သူ ချက်ချင်း အဖြေပြန်မပေးနိုင်။

"ဘာများခက်ခဲနေလို့လဲ အကို။ စာတွေက အကို ကျောင်းသားဘဝတုန်းက ကျေညက်ခဲ့တဲ့ စာတွေပဲ မဟုတ်လား။ အခုလည်း သင်ထားတဲ့ စာတွေကို လက်တွေ့ အသုံးချနေတာပဲလေ။ "

အချိန်အနည်းငယ် ကြာသည်အထိ အဖြေပြန် မပေးနိုင်သောကြောင့် ဇင် ကပဲ စကားဆက်ပြောလေသည်။

"ဟို...ကျွန်တော်က ကျောင်းဆရာ တယောက်လည်း မဟုတ်တော့ ကောင်းကောင်း မလုပ်နိုင်မှာ စိုးလို့ပါ။ ကျွန်တော့် သူငယ်ချင်း ကျတော့ လတ်တလော စာသင်နေတဲ့ သူဆိုတော့ အဆင်ပြေတယ်လေ။"

"ဆရာမ စာအသင်အပြ ကောင်းတာ သိပါတယ်။ဒါပေမဲ့ ကျွန်တော့် အတွက် အဆင်မပြေဘူးလေ။ "

သူလည်း ဘာဆက်ပြောရမှန်း မသိဘဲ ငြိမ်သက်နေလိုက်သည်။ ဇင်ကတော့ သူ့ကို အကဲခတ်ဟန် ရှိသည်။ ဇင် မျက်နှာကတော့ ချိုသာ မနေပါ။ အရယ်အပြုံးလည်း မရှိပါ။ သူ့စကားတွေကို ကျေနပ်ဟန် မရှိဘူး ဆိုတာ ဇင့် မျက်နှာမှာ အထင်းသား ပေါ်နေလေသည်။

"ကျွန်တော် စာပြပေးတာကို သေချာနားမလည်ရင် ဇင့်အတွက် အချိန်ကုန်တာပဲ ရှိမှာပေါ့။"

"သင်တောင် မသင်ကြည့်ရသေးဘဲနဲ့ နားလည် မလည် ဆိုတာ ဘယ်လို သိနိုင်မှာလဲ။ အရင်ဆုံး သင်ကြည့်ပေးမယ်လို့ အကို့ ဘက်က ပြောသင့်တယ် မဟုတ်လား။ ကျွန်တော်လည်း လိုက်နိုင်အောင် လိုက်မှာပါ။ အကို့ဘက်က စာသင်ပေးဖို့ တခုပဲ တာဝန်ယူပါ။ ကျွန်တော်က အကို့ကို ထမင်း၊ဟင်းလည်း ချက်ကျွေးမယ်။ အဝတ်အစားတွေလည်း လျှော်ပေးမယ်။ အိမ်သန့်ရှင်းရေးပါ လုပ်ပေးမှာပါ။"

"အဲ့ဒါတွေ လုပ်ပေးဖို့ မလိုပါဘူးဗျာ။ ကျွန်တော် သင်ပေးတဲ့ စာတွေကို ဇင် နားမလည်ဘဲ အချိန်ကုန်မှာကိုပဲ ကျွန်တော်က စိုးရိမ်တာပါ။"

သူစာပြပေးမှ ကျောင်းဆက်တက်မည့် ပုံစံမျိုးနှင့် ဇင်က ပြောနေတော့ သူခေါင်းညိတ်လိုက်ရပါသည်။ ဇင်ထံမှ အပြုံးလေးတွေကို ပြန်မြင်ရတော့လည်း ပီတိဖြစ်ရပြန်ပြန်ပါသည်။အဲ့ဒီ့နေ့က သဘောတူချက်ဖြင့် ဇင် မလိုက်နိုင်သော ဘာသာရပ်များကို သူတတ်နိုင် သလောက် သင်ကြားပေး ဖြစ်ခဲ့ပါသည်။

ဇင်က သူပြောထားသည့်အတိုင်း အိမ်သန့်ရှင်းရေး၊ ထမင်း၊ဟင်းချက်၊ အဝတ်လျှော်သည့် ကိစ္စကို အရင်လုပ်သည်။ ပြီးမှ စာသင်သည်။ ဘာမှလုပ်ပေးစရာ မလိုဘူး ဆိုတာကိုလည်း လက်မခံပေ။အခုဆိုရင် ဇင် ချက်ပေးတဲ့ ဟင်းလက်ရာကို စားပြီး ဆေးရုံကမ်တင်းက ဟင်းတွေက အရသာ လေးသလိုလို၊ ပေါ့သလို အရသာက ပေါ့ပျက်ပျက် စားမကောင်း။ ဇင် ချက်ကျွေးတဲ့နေ့ ဆိုရင်တော့ ထမင်းနှစ်ပန်းကန်ကို အသာလေး စားနိုင်သည်။ ထမင်း၊ဟင်း အပြင် မုန့်မျိုးစုံလည်း မရိုးအောင် လုပ်ကျွေးတတ်ပါသည်။ သူအတွက် တကူးတက လုပ်ကျွေးနေတော့လည်း အားနာရပြန်ပါသည်။သူက မလုပ်ပေးဖို့ ပြောလည်း ဇင်က လက်မှမခံတာ။ အဲ့ဒီ့တော့ အားနာနာနဲ့ စားရင်း ဝိတ်တောင် တက်လာသည်။ သူ ဝိတ်တက်လာသည့် အကြောင်း ဇင့်ကို ပြောပြတော့ ဇင်က ပြုံးလေသည်။

"စိုစိုပြည်ပြည် ပြည့်ပြည့်ဖြိုးဖြိုးလေးမှ အကိုက ကြည့်ကောင်းတာလေ။"

"အခုကော ကျွန်တော်က ပိန်နေလို့လား။"

"Oh..no..no.. ကျွန်တော့်မျက်ဝန်းထဲမှာ အကိုက ကြည့်လို့အကောင်းဆုံးနဲ့ အခန့်ဆုံးပဲ။ ပိန်လည်း မပိန်ဘူး။ ဝလည်း မဝဘူး။ ဒါနဲ့ အကို့မျက်ဝန်း ထဲမှာကော ကျွန်တော်က ဘယ်လိုပုံစံမျိုးလဲ။"

"ဘာကိုပြောတာလဲ။"

"ကျွန်တော် ဆိုလိုတာက ပိန်လား၊ ဝလား။ ကြည့်ရရုပ်ဆိုးလား။ အဲ့လို ပြောတာပါ။"

"ကြည့်ရ ရုပ်မဆိုးပါဘူး။ ဇင် က အရပ်ရှည်တယ်။ ခန့်ပါတယ်။"

"ဟင် ဒါပဲလား။"

"ဟင် ဘာထပ်ပြောရဦးမှာလဲ။"

"နည်းနည်းပါးပါး ပိုပြောပေါ့ အကိုရယ်။ မျက်လုံးလေးက ဘယ်လို။ မျက်ခုံးလေးက ဘယ်လိုသွယ်နေတယ်။ နှုတ်ခမ်းလေးက ရွှန်းလဲ့စိုနေတာမျိုး။ပါးလေးက အိစက်ပြီး အသားအရည်လေးက နူးညံ့နေတာပဲ......."

စကားပြောရင်းမှ ဇင့်လက်ညှိုးလေး တချောင်းဟာ သူ့ပါးပြင်ပေါ်သို့ လာရောက် ထိလေသည်။ သူနောက်သို့ မဆုတ်မိအောင် ကြောင်အမ်းသွားလေသည်။ ဇင့် လက်ညိုးလှုပ်ခတ်မှုကို သူ ရုတ်တရက် ခံစားသိရှိလိုက်ရလေသည်။သူ့ပါးပြင် ပေါ်မှာ လက်ညိုးထိပ်လေးဖြင့် တခုခုကို ရေးသားနေဟန်ကိုလည်း ခံစားမိလေသည်။ ဘာစိတ်ကူးနှင့် သူ့ပါးပြင်ပေါ် လက်ညှိုးနှင့် ဝေ့ဝိုက်နေသည် မသိ။

"အကို့ပါးပြင်လေးက အိစက်နေတာပဲ။"

ရီဝေဝေ မျက်လုံးလေးနှင့် စကားကို ပြောနေလေသည်။ ဇင့်မျက်လုံးကို ရင်မဆိုင်ရဲတော့အောင် မျက်လွှာချမိလိုက်သည်။ အနေခက်အောင် အတော်ပြောတဲ့သူပဲ။

"တခုခု ပြောဦးလေ အကိုရဲ့။ ဘာလို့မျက်နှာ တဖက်လှည့်သွားတာလဲ။"

သူ့မျက်နှာ ရှေ့တည့်တည့်ကို အတင်းကပ်ကာ ကြည့်ရင်းပြောလေသည်။နီးကပ်လာသော မျက်နှာကြောင့် သူလည်း လန့်ဖြန့်ကာ နောက်သို့ ဆုတ်လိုက်မိသည်။ ထိုင်နေသည့် ခုံက နောက်မှီမပါသောကြောင့် နောက်သို့ လန်ကျမလို ဖြစ်သွားလေသည်။ပြုတ်ကျပြီ ဆိုသော အသိတခုနှင့် မျက်လုံးကို မှိတ်လိုက်မိချိန် ခဏအတွင်းမှာပဲ တစုံတရာ၏ ဖမ်းဆုပ်ခြင်းကို ခံစားလိုက်ရပါတော့သည်။သူ့ခါးမှာ ရောက်ရှိနေသော လက်ကြောင့် မျက်လုံးအစုံကို ဖွင့်ကြည့်လိုက်မိသည်။မျက်စိရှေ့တည့်တည့်မှ ဇင့်မျက်ဝန်းတွေနှင့် တည့်တည့်ဆုံမိလေသည်။စက္ကန့်အနည်းငယ် ကြာမြင့်သွားလေသည်။

ထိုစဉ် ဖုန်းမြည်သံကြောင့် နှစ်ယောက်စလုံး၏ အသိတွေ သတိပြန်ဝင်လာသည်။ ဇင် ကလည်း အလိုက်တသိ ခန္ဓာကိုယ် ခွာသွားသလို သူကလည်း ခန္ဓာကိုယ် အနေအထားကို ပြုပြင်ပြီး ဖုန်းသံကြားရာ နေရာကို သွားကာ ဖုန်းကောက်ကိုင်လိုက်ပါသည်။ ဖုန်းဆက်သူသည် စိမ်း ဖြစ်နေသောကြောင့် ဇင့် ရှေ့မှာ စကားမပြောချင်တာနှင့် အိမ်ရှေ့ဝရန်တာသို့ ထွက်ကာ စကားပြောလိုက်ပါသည်။စိမ်းနှင့် ဖုန်းပြောနေပေမယ့် သူ့စိတ်က အိမ်ထဲမှာ ရှိနေသည့် ဇင့်ဆီကိုသာ ရောက်နေလေသည်။ အပြင်ကို ဖုန်းထွက်ပြောလို့ တမျိုးတမည် ထင်မြင်သွားမှာကိုလည်း သူစိုးရိမ်နေမိသည်။ စိမ်းနှင့် စကားမြန်မြန် ပြတ်ဖို့သာ ပြောသမျှကို ခေါင်းညိတ်နေလိုက်ရပါသည်။

ဖုန်းပြောပြီး ဇင်ရှိရာ နေရာသို့ ပြန်ရောက်လာတော့ ကျောင်းစာအုပ်တွေကို လှန်လှောနေသည့် ဇင့်ကို တွေ့ရလေသည်။ ခေါင်းငုံထားသောကြောင့် သူလာတာကို မသိပေ။ အနားမှာ သွားရပ်လိုက်တော့မှ မော့ကြည့်လေသည်။

"အကို ပြန်လာပြီလား။ ကျွန်တော် ဒီစာပိုဒ်လေး နားမလည်လို့ နည်းနည်းမေးချင်လို့ပါ။"

"စိတ်တော့မရှိပါနဲ့ ဇင်။ ဒီနေ့ စာသင်ချိန် ဖျက်လိုက်ရအောင်။ ကျွန်တော် ကိစ္စလေးတခု ပေါ်လာလို့။ သွားမှာ ဖြစ်မှာမလို့ပါ။"

အားနာစွာနှင့်ပင် ငြင်းလိုက်ရပါသည်။ သူချက်ချင်းမသွားရင်လည်း မရတော့သည့် အခြေအနေ ဖြစ်နေသောကြောင့် ဖြစ်သည်။

"ဪ... ရပါတယ် အကို။ ကျွန်တော့်ကို အားနာစရာမလိုပါဘူး။ အကို သွားစရာ ရှိတာ သွားပါ။ "

"နောက်နေ့ကျရင် အချိန်ပိုပြီး သင်ပေးမယ်နော်။"

"ရပါတယ်ဗျာ။ ကျွန်တော်က အရေးမကြီးပါဘူး။ အကို့ ကိစ္စသာ ဦးစားပေးလုပ်ပါ။ ဒါနဲ့ အကို ဘယ်သွားမှာလဲဟင်။ အဖော် လိုက်ခဲ့ပေးရဦးမလား။"

"ဪ.. ရတယ်ဗျ။ကျွန်တော်နဲ့ စေ့စပ်ထားတဲ့ တယောက်လေ အခု ခရီး က ပြန်လာပြီဆိုလို့ လာတွေ့ပါလို့ ပြောတာနဲ့ သွားတွေ့မလို့ပါ။"

"ဪ..."

ဇင့် မျက်နှာ ညှိုးငယ်သွားသည်ကိုလည်း သူမြင်ဖြစ်အောင် မြင်လေသည်။ ဇင့်မျက်နှာကို မြင်ရတော့ ရင်ထဲမကောင်း ပေမယ့်လည်း သူပြောသင့်တဲ့ စကားကို ပြောရမည်။ ဒါဟာ ဖုံးကွယ်လို့ မရတဲ့ တကယ့်လက်တွေ့ဘဝပဲလေ။ လက်ရှိ ပစ္စုပ္ပန်မှာ သူဟာ စေ့စပ်ပြီးသား မကြာခင် လက်ထပ်ရတော့မည့် လူတယောက်။ အသက်အားဖြင့်လည်း မငယ်တော့ဘူး။ အချစ်ဆိုတာကို ဦးစားပေးလို့ ရမည့်အရွယ်လည်း မဟုတ်။ ရင်ခုန်တာတွေကို ဦးစားပေးရမည့် အရွယ်လည်း မဟုတ်တော့။ရင်ခုန်သံတွေကို သိမ်းထားရမည့် အရွယ်မှာ ဇင့် ကို တွေ့သည်။ ဇင်ဟာ ယောက်ျားလေးတယောက် ဖြစ်သည်။ မှားယွင်းစွာ ရင်ခုန်မှုတွေကို ထည့်တွက်၍ မရပေ။ ဇင်ဟာ ခင်မင်စရာ ကောင်းသော သူ၏ ညီငယ်လေးအရွယ် ကောင်လေး တယောက် သာ ဖြစ်လေသည်။တာဝန်ဆိုတာမျိုး မဟုတ်ပေမယ့် ဇင့်ကို သူ စောင့်ရှောက်ချင်သည်။ ကောင်းတာတွေပဲ ဖြစ်စေချင်သည်။ ပညာရေး၊ စီးပွားရေးကိုလည်း တတ်နိုင်သမျှ ကူညီပေးချင်ပါသည်။ ဘယ်ဘဝက ရေစက်လည်း မသိပေမယ့် ဇင့် ကို နေ့နေ့ညည သူ တွယ်တာမိနေသည် အထိ ရင်ထဲမှာ ဖြစ်နေပါသည်။အခုနောက်ပိုင်း အချိန်တွေဆိုရင် သူနှင့်စေ့စပ်ထားသည့် စိမ်းထက် ဇင့်နှင့်ပိုပြီး တွေ့ဆုံချိန်က များနေလေသည်။တရက်တလေ ဇင်နှင့် မတွေ့ဖြစ်ရင်တောင် သူ့ရင်ထဲမှာ ဟာတာတာ။ တခုခုလိုနေသလိုလို အခုပဲ ပြေးတွေ့ချင်စိတ်တွေ ဖြစ်မိသည့် အခါလည်း ရှိလေသည်။ မတွေ့ဖြစ်ကြရင်တော့ ညကျရင် ဖုန်းဆက်စကားပြောဖြစ်ကြသည်။ နားမလည်သည့် စာတွေကို ဇင်က မေးတတ်သည်။ ဗီဒီယိုကောလ် ခေါ်ပြီးလည်း စကားပြောဖြစ်ကြသည့် အခါလည်း ရှိပါသည်။ သူ့ရဲ့ ကိုယ်ပိုင်အချိန်တွေထဲမှ ဖဲ့ပြီး ဇင့်အတွက် အချိန်ပေးထားသလို သူ၏ စိတ်နှလုံး သည်လည်း ဇင်ရှိမှာသာ တဝဲလည်လည် ဖြစ်နေသည်။ ဇင့်ကို မတွေ့ရမနေနိုင် သူ့စိတ်တွေ ကြီးစိုးနေသည် ဆိုတာကိုတော့ ဇင် ကတော့ ဒါကို သိမည်မထင်ပေ။

"အကို ဘယ်လိုနေလဲ။ စားကောင်းရဲ့လား။"

"ဪ..အင်း..ကောင်းပါတယ်။"

ဇင့်အသံကြားတော့မှ သူတွေးနေတာတွေကို ရပ်သွားပြီး ဇင့်ဆီ အာရုံ ပြန်ရောက်သွားလေသည်။

"အကို့အသံကလဲ စိတ်မပါသလိုပဲ တကယ်ကော ကောင်းတာမှ ဟုတ်ရဲ့လား။"

"ဇင် လုပ်ကျွေးတဲ့ မုန့်မှန်သမျှ အားလုံးကောင်းတယ်။"

နှုတ်ခမ်းလေးတွန့်ပြီး ပြုံးယောင်သန်းသွားသူကို မြင်ရတော့ သူပျော်ရပြန်ပါသည်။

"ကျွန်တော့်မှာ အိပ်မက်တခု ရှိခဲ့ဖူးတယ် သိလား။ ငယ်ငယ်ကပေါ့။ "

"ဟုတ်လား။ ဘယ်လို အိပ်မက်မျိုးလဲ။"

"ကော်ဖီနဲ့မုန့် တွဲရောင်းတဲ့ ဆိုင်လေးဖွင့်ချင်တာ။"

"Coffee and Bakary ဆိုင်ပေါ့။"

"ဟုတ်တယ်။ အခုချိန်ထိတော့ ဖြစ်မလာသေးပါဘူး။"

"တနေ့နေ့တော့ ဖြစ်လာမှာပေါ့ ဇင်ရယ်။"

"အင်း။မျှော်လင့်ချက်တော့ ထားရတာပေါ့ အကိုရယ်။ဒါနဲ့ အကို အိမ်ပြန်မှာလား။"

"ပြန်မယ်လေ။ ဇင့်ကို စောင့်နေတာ။ ညက နိုက်ဂျူတီ ဆိုတော့ အိပ်ချင်ပြီလေ။ အိမ်ပြန်မယ်။ ရေချိုးပြီး ခဏအိပ်မယ်။"

"ကျွန်တော် ဟင်းစားတွေ ဝယ်လာတယ်။ အကို့အတွက် ချက်ပေးခဲ့မလို့။"

"ရပါတယ်။ ကျောင်းစာ တဖက်နဲ့ ဇင် ပင်ပန်းပါတယ်။ ဆေးရုံက ထမင်း၊ဟင်း စားလည်း ရပါတယ်။"

"ဘယ်ဟုတ်ပါ့မလဲ အကိုရယ်။ အိမ်ချက်လေး စားတော့ ပိုပြီး ကောင်းတယ်။ အာဟာရလည်း ပြည့်တာပေါ့။ တကယ်ဆို ကျွန်တော်ကလေ ဟင်းတွေကို ချက်ထားပေးခဲ့ချင်တာ မဟုတ်ဘူး။ တနေ့စာ တနေ့ ချက်ကျွေးချင်တာ။"

"ဇင့် စေတနာကို ကျွန်တော် နားလည်ပါတယ်။တကယ်ဆို ကျောင်းစာက အရေးကြီးတယ် ဇင်။ နောက်ပြီး ဇင်က အိမ်မှာလည်း အကိုကြီး တယောက်အနေနဲ့ တာဝန်တွေ ရှိသေးတော့ အဲ့ဒီ့အတွက်လည်း အချိန်ပေးရသေးတယ်မလား။ ကျွန်တော့်အတွက်ပါ အချိန်ပေးရရင် ဇင် စာလုပ်ချိန် လျော့ပါတယ်။"

"အကိုက ကျွန်တော် လုပ်ပေးတာတွေကို မကြိုက်လို့လားဟင်။"

"ဟာ... မဟုတ်ပါဘူးဗျာ။ ဇင် ပင်ပန်းမှာစိုးလို့ပါ။ပြီးတော့ ကျောင်းစာတွေ လစ်ဟင်းမှာ စိုးလို့ပါ။"

"ကျွန်တော်ကတော့ အကို ထမင်းမြိန်မြိန်စားနေတာ မြင်ရင် အရာအားလုံးကို ဖြတ်ကျော်ဖို့ အင်အားတွေ ရှိတယ် အကို။"

ဇင် ပြောသော စကားကြောင့် သူပြုံးမိလေသည်။ဇင်က သူကျေနပ်အောင် သိပ်ပြောတတ်တာ။

"အကိုက ပြုံးရင် ကြည့်လို့ကောင်းတယ်။"

"ဟင်"

ခပ်စူးစူး မျက်ဝန်းတွေနှင့် စိုက်ကြည့်ပြီး တခွန်းစီ ပြောလိုက်သည့် စကားသံကြောင့် သူရှက်မိသွားတာတော့ အမှန်ပါ။ ဇင်က အခုတလော သူ့ရုပ်ဆင်းအင်္ဂါကို အမျိုးမျိုး ချီးကျူးနေတတ်ပါသည်။ ပြုံးရင် ကြည့်ကောင်းတာမျိုး။မျက်ဝန်းညိုလေးက ဆွဲဆောင်မှု ရှိတယ် ဆိုတာမျိုး။ တခါတလေ သူ့လက်ချောင်းတွေကို ကြည့်ပြီး အကို့လက်က သူဌေးလက် သိလား လို့ ပြောတတ်တာမျိုးပေါ့။

အိမ်ရောက်တော့ သူအတော်လေး အိပ်ချင်လာသည်။ဇင်ကတော့ အိမ်ရောက်တာနှင့် မီးဖိုခန်းထဲ တန်းဝင်သွားတော့တာပါပဲ။သူလည်း ငြီးစိစိကြီး ဖြစ်နေတာကြောင့် ရေချိုးခန်းထဲ တန်းဝင်လိုက်သည်။ဝတ်ထားသည့် အဝတ်အစားတွေကို အကုန်ချွတ်ချပြီး ဆပ်ပြာတိုက်ကာ လျှော်ဖွတ်လိုက်သည်။ "အကို ရေချိုးခန်းထဲမှာ အဝတ်တွေ ပုံထားခဲ့နော်။ဟင်းချက်ပြီးတာနဲ့ ကျွန်တော် လာလျှော်လိုက်မယ်နော်။" ဟု ဇင်က ကားပေါ်က ဆင်းဆင်းချင်း ပြောသွားပါသည်။ ဇင် သူ့အဝတ်အစားတွေ လျှော်ပေးနေတာကို အားနာလာပြီ ဖြစ်သောကြောင့် ကိုယ်တိုင်ပဲ လျှော်လိုက်သည်။ ပုံမှန်ဆိုရင်တော့ အမြဲလိုလို အဝတ်လျှော်စက်နဲ့ လျှော်ပါသည်။ အဝတ်လျှော်စက် ပျက်နေတာ တလလောက်ရှိပြီ။ ပြင်ဆိုင်လည်း မပို့ဖြစ်။ အသစ်လည်း မဝယ်ဖြစ်။ လက်နှင့်ပဲ လျှော်နေရသည်။ အားတဲ့တနေ့တော့ အဝတ်လျှော်စက် အသစ် သွားဝယ်မှ ဖြစ်မည်။ ဇင်လည်း လက်နှင့် လာလျှော်ပေးရတာ ပင်ပန်းပါသည်။အဝတ်လျှော်ပြီးသည်နှင့် တန်းမှာ နေရာတကျလှမ်းထားပြီး ရေပန်းအောက်ကို ဝင်လိုက်သည်။ရေပန်းကနေ ကျလာသည့်ရေ ခန္ဓာကိုယ်ပေါ် ရောက်တာနှင့် စိတ်ရော၊ကိုယ်ပါ လန်းဆန်းသွားသည်ဟု ခံစားရလေသည်။ရေကို ဘယ်လောက်ကြာကြာ ချိုးလိုက်မိသည် မသိ။ ရေချိုးခန်းတံခါးကို တဒုန်းဒုန်း ထုသံကြားတော့မှ ရေပန်းကို ပိတ်လိုက်သည်။ ရေပန်းပိတ်လိုက်တော့မှ သူ့ကို အော်ခေါ်နေသည့် ဇင့် အသံကို သဲသဲကွဲကွဲ ကြားရလေသည်။

"အကို ရေချိုးတာ အရမ်းကြာနေပြီ မပြီးသေးဘူးလား။ ပြီးရင် ထမင်းစားကြမယ်လေ။"

သူရေချိုးတာ ဇင်တောင် ထမင်း၊ဟင်း ချက်ပြီးချိန်အထိ ကြာသွားတာလား။

"လာပြီ။လာပြီ။ ခဏလေးနော်။"

ဇင့် ကြားရအောင် လှမ်းပြောရင်း တင်နေကျ တန်းပေါ်မှာ တဘက်ကို လှမ်းယူဖို့ ကြည့်လိုက်တော့ ရှိမနေ။ ရေချိုးခန်းထဲ ရှာတာတောင် တဘက်တထည်၊ ရေလဲပုဆိုးဟောင်း တထည်တောင် မတွေ့။သူလျှော်ပြီး လှမ်းထားသည့် အဝတ်များသာ တန်းပေါ်တွင် ရှိလေသည်။ အဲ့ဒါမှ ပြဿနာ တက်ပြီ။ ဒီပုံစံအတိုင်းတော့ ရေချိုးခန်းထဲကနေ ထွက်၍ မရပေ။ သူတယောက်တည်း အိမ်မှာ နေသည့် အချိန်ဆိုရင်တော့ ဒီအတိုင်း ထွက်သွားလည်း ပြဿနာမရှိ။ အခုက အခန်းအပြင်မှာ ဇင် ရှိနေလေသည်။ ဘာလုပ်ရမလဲ သူစဉ်းစားနေမိသည်။

"အကို ကြာနေပြီလေ။ မြန်မြန်လုပ်။ အအေးပတ်ဦးမယ်။"

ဇင်က အခန်းအပြင်ကနေ တံခါးကို တဒုန်းဒုန်းထုရင်း အမြန်ထွက်လာဖို့ ခေါ်နေပြီ။ ရေချိုးထားတာလည်း ကြာတော့ သူလည်း အနည်းငယ်ချမ်းနေပြီ။ ဇင့်ဆီကနေ တဘက်တထည် တောင်းမှ ဖြစ်တော့မည်။

"ဇင် ကျွန်တော့်ကို တဘက်တထည်လောက် ပေးပါလား။"

"ဗျာ.. အကို ဘာပြောတာလဲ။"

သူ့အသံကို ဇင်က သေချာကြားပုံမရ။ တံခါးနားသို့ တိုးကပ်ကာ နောက်တချိန် ထပ်ပြောလိုက်သည်။

"ဪ....ရေလဲပါမလာလို့လား အကို။ ခဏလေး ကျွန်တော် ယူပေးမယ်။"

ဇင့်အသံ ပျောက်သွားပြီး သိပ်မကြာ တံခါးခေါက်သံ ထပ်ကြားရပြန်လေသည်။

"အကို ရပြီ။ တန်းမှာလှမ်းထားတဲ့ တဘက်ယူလာတယ်။ တံခါးလေးဟပြီး ယူလိုက်နော်။"

ဇင် ပြောသည့်အတိုင်း တံခါးလေးကို အသာလေးဟကာ ခေါင်းလေးအနည်းငယ်ပြူ၊ လက်လှမ်းကာ ယူလိုက်သည်။ သူ လက်လှမ်းပေမယ့် ဇင်က သူ့လက်တွင်းသို့ ထည့်မပေးသေးဘဲ သူ့ကို စိုက်ကြည့်နေလေသည်။

"ဇင် ပေးလေ။"

တံခါးကို အနည်းငယ် ထပ်ဟကာ ရှေ့သို့ ပိုပြီး လက်လှမ်းလိုက်တော့ ခေါင်းတင်မဟုတ် ခန္ဓာကိုယ် အပေါ်ပိုင်း အနည်းငယ်ပါ တံခါးအပြင်ဘက်သို့ ထွက်သွားသည်။ဇင့်လက်ထဲမှာ ကိုင်ထားသည့် တဘက် သူ့လက်အတွင်းမှာ ဆုပ်ကိုင်မိသည့်အခါ ဆွဲယူလိုက်သည်။ ဆွဲယူလိုက်ပေမယ့် သူ့လက်တွင်းသို့ ပါမလာပါ။ ဇင် ကလည်း သေချာလွှတ်မပေး။ စူးရဲသော မျက်ဝန်းတွေနှင့် သူ့ကိုသာ စိုက်ကြည့်နေတာ ကြောင့် ကိုယ့်အဖြစ်နှင့်ကိုယ်မို့ လူက ရှိန်းတိမ်းတိမ်းဖြစ်ပြီး ဇင့်ကို ရင်မဆိုင်ရဲတော့သည့် အဖြစ်ကို ရောက်လာသောကြောင့် ဇင့်လက်ထဲမှ တဘက်ကို အားနှင့် ဆွဲယူလိုက်သည်။

အသာတကြည် ပါလာမည် ထင်ပေမယ့် ထင်သလို ဖြစ်မလာ။သူအရှိန်နှင့် ဆောင့်ဆွဲလိုက်သည့်မှာ တဘက်တခုတည်း မဟုတ်ဘဲ ဇင်ပါ ပါလာလေသည်။ ဇင် လည်း ‌ခြေထောက် ယိမ်းယိုင်ကာ သူဆွဲရာနောက် ပါလာသည်။ ဇင့် ခန္ဓာကိုယ် အလေးချိန်ဖြင့် တံခါးဟာ အတွန်းခံလိုက်ရ သည်။ သူ့ခန္ဓာကိုယ်လည်း တံခါး၏ တွန်းကန်မှုကြောင့် အနောက်သို့ ခြေလှမ်းဆုတ်သွားပြီး ချောနေသော ကြမ်းပြင်ကြောင့် ခြေချော်ကာ နောက်သို့ လန်ကျသွားသည်။ တံခါးကို လှမ်းကိုင်ပေမယ့် မမှီလိုက်သည့် အဖြစ်ပါ။

"အား"

"ဟာ...အကို"

ဇင် လှမ်းဆွဲလိုက်တာကို သိပေမယ့် ကိုယ်တိုင်လည်း အရှိန်မထိန်းနိုင်သောကြောင့် မှီလိုမှီငြား ဇင် လှမ်းဆွဲတာကို လက်ကမ်းပေးမိလိုက်ပေမယ့် လေထဲမှာသာ ရှိနေပါသည်။ စက္ကန့်ပိုင်းလေး အတွင်းမှာ ဖြစ်ပျက်သွားသည့် အဖြစ်အပျက်ဟာ သူ့ကို တဘဝလုံးစာ ဇင် မမြင်အောင် ပုန်းအောင်းချင်မိသည်။ ဇင့်ရှေ့မှာမှ အမြင်မတင့်သည့် ကိစ္စကို ဖြစ်ရသည်။ ပက်လက်လန်လဲကျခြင်းကို ချက်ချင်းမထနိုင်သည့်အဖြစ်။ သူနံဘေးမှာ လဲကျသွားသော ဇင်က သူ့အဖြစ်ကို မြင်ပြီး ချက်ချင်း ဆိုသလို သူ့ကိုယ်ပေါ်သို့ တဘက်ကို လွှားပေးသည်။ ရှက်စိတ်ကြောင့် သူ့တကိုယ်လုံး ပူထူပြီး အသားအရောင် နီရဲနေမည် ထင်သည်။ သူထနိုင်အောင် ဇင်ကမ်းပေးသော လက်ကိုလည်း ဥပေက္ခာပြုဟန်ဖြင့် ငြင်းပယ်လိုက်မိသည်။ရှက်စိတ်ကြောင့် ငြင်းသည် ဆိုတာ ဇင် နားလည်မည် ထင်ပါသည်။ ဇင့်ကို မျက်နှာချင်းဆိုင် ကြည့်ဖို့ ဆိုတာ သူ့အတွက် ခက်ခဲလွန်းနေသည်။ ဇင် ပေးတဲ့ အကူအညီကို ယူဖို့လည်း ခက်ခဲနေပြီး ကိုယ်တိုင်ပဲ သိလေသည်။

"အကို ကျွန်တော် တောင်းပန်ပါတယ်။"

ဇင့် ထံမှ အသံတိုးတိုးလေးနှင့် တောင်းပန်သံကို ကြားရလေသည်။ ဇင့်အသံလည်း တုန်ရီနေသလို သူတကိုယ်လုံးလည်း တုန်ရီလို့နေသည်။

"ထလို့ ရရဲ့လား။"

"ရ ရ ရပါတယ်။ အ...အခန်းထဲက ထွက်ပေးပါ။"

"တကယ်တောင်းပန်ပါတယ်။ ဂရုစိုက်ပြီး ထပါနော် အကို။"

ဇင် ထွက်သွားပြီ ဆိုတာကို တံခါးပိတ်သံကြောင့် သူသိလိုက်သည်။ထွက်သွားသည့် ဇင့် ကျောပြင်ကို လှည့်မကြည့်နိုင်လောက်အောင် ရှက်လွန်းနေပါသည်။ရှေ့လျှောက် ဇင့်ကို ဘယ်လိုမျက်နှာပြရပါတော့မလဲ စဉ်းစား၍ မရတော့ပါ။

10.6.2023 Saturday.

4:30 pm.

**************

မင်္ဂလာပါရှင့်။ အားလုံးပဲ နေကောင်းကျန်းမာပါစရှင်။ မိုးရာသီလည်း ရောက်လာပြီဆိုတော့ ကျန်းမာရေး ဂရုစိုက်ကြပါ။ ဒါနဲ့ စကားမစပ် ခိုင်မာနှောင်ကြိုး ဖတ်ရတာ အဆင်ကောပြေကြရဲ့လား။ update ကြာတာလေးကိုတော့ ခွင့်လွှတ်ပေးပါနော်။တတ်နိုင်သမျှတော့ update မြန်အောင် ကြိုးစားပေးပါ့မယ်။သည်းခံ စောင့်ဖတ်ပေးတဲ့ အတွက်လည်း အများကြီး ကျေးဇူးပါ။ကျန်းမာရေး ဂရုစိုက်ကြပါ။ ဘေးအန္တရာယ်ကင်း ဘေးရှင်းကြပါစေ။

Continue Reading

You'll Also Like

907K 60.7K 32
ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် (22.11.2020)
317K 15.4K 85
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
333K 18.2K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"