အပိုင်း ၈ unicode

195 19 15
                                    

ခိုင်မာနှောင်ကြိုး အပိုင်း ၈

unicode

အပ်ထည် လက်ခံတာကို ခွင့်ပြုပြီးတဲ့နောက်ပိုင်း လက်ခံချုပ်သည့် အပ်ထည်လေးတွေ ရလာသည်။အမသီတာ၏ ရုံးမှ မိတ်ဆွေများ၏ ကိုယ်တိုင်းကိုတော့ အမသီတာက တိုင်းလာပေးသည်။အပ်ထည် လက်ခံပြီးနောက်ပိုင်း အိမ်ရှေ့ခန်းမှာ အဝတ်အစားတွေ တကုတ်ကုတ်ချုပ်နေသည်ကို မြင်ရသည်။အခုလည်း မနက် အိပ်ရာက မနက်စာ စားပြီးတာနှင့် ထိုလူ့၏ စက်ချုပ်သံဟာ တအိမ်လုံးကို ပျံ့နှံ့လို့ နေပါသည်။အခုဆိုရင် ညီနှစ်ယောက်၏ ဝေယျာဝစ္စကို ထိုလူက အကုန်လုံးနီးနီး လုပ်ပေးသည်။ထိုလူ မနက် အိပ်ရာထပြီဆိုတာနှင့် ညီနှစ်ယောက်ကို လာနှိုးသည်။ထပြီဆိုတာနှင့် အိပ်ရာသိမ်းပေးသည်။မျက်နှာသစ်ပေးသည်။ကျောင်းသွားဖို့ ပြင်ဆင်ပေးတာက အစ ညီ‌နှစ်ယောက်၏ မျက်နှာပေါ်က သနပ်ခါးလေးတွေပါမကျန် အားလုံးလိုလို ထိုလူ့လက်ရာသာ ဖြစ်သည်။ညီနှစ်ယောက် ဝတ်ထားသော ကျောင်းဝတ်စုံ မီးပူတိုက်ပေးခြင်းဟာလည်း ထိုလူ့လက်ရာပင် ဖြစ်သည်။ကျောပိုးအိတ်ထဲကိုလည်း Timetable အတိုင်း စာအုပ်တွေ ထည့်ပေးသည်။မနက်စာစားပြီး ညီနှစ်ယောက် ကျောင်းသွားသည်အထိ ထိုလူ တာဝန်ယူသည်။အခုဆိုရင် ညီနှစ်ယောက်၏ ထမင်းချိုင့်ကိုပဲ သူချက်ပြုတ်ပေးရသည်။ကျန်တာကတော့ ထိုလူ အကုန်လုပ်သွားပေးခြင်းသာဖြစ်သည်။

ညီနှစ်ယောက် ကျောင်းသွားပြီဆိုတာနှင့် သူ့အနားရောက်လာသည်။ဘာကူလုပ်ပေးရမလဲဟု မေးသည်။ရတယ် မလုပ်နဲ့လို့ ပြောပေမယ့် အနည်းဆုံးတော့ ပန်းကန်တော့ ဆေး‌ပေးသွားတတ်သည်။နောက်ဖေးမှာ လုပ်စရာမရှိဘူး ခင်ဗျားသွားတော့ ဟု အော်ထုတ်လျှင် အိမ်ရှေ့သို့ ထွက်သွားသည်။တအိမ်လုံး တမြက်စည်းလှည်း၊ အိမ်ရှင်းသည်။ပြီးလျှင် အဝတ်တောင်းထဲမှာ ထည့်ထားသော အဝတ်အစားတွေကို ယူလျှော်တတ်သည်။မလျှော်နဲ့။သူ့ဖာသာလျှော်မည် ဟု ပြောပေမယ့် လက်မခံ။ရပါသည် ဟု ပြောပြီး အကုန်လျှော်သွားသည်။သူကိုယ်တိုင်ကလည်း ဈေးရောင်းဖို့အတွက် ပြင်ဆင်နေရတာနှင့် ထိုလူ့ကို ပါးစပ်ကသာ ပြောနိုင်သည်။လူကတော့ မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေရသည်။အရင်ကဆိုလျှင် တအိမ်လုံးစာကို သူတယောက်တည်း တာဝန်ယူရသည်။အခုဆိုလျှင် ညီနှစ်ယောက်ကိစ္စတွေ ၊အိမ်ကိစ္စ အချို့တဝက်ကိုလည်း ထိုလူက တာဝန်ယူပေးထားသည်။သူ အတွက် အားလပ်ချိန် အနည်းငယ် ရလာသည်။အားလပ်ချိန်မှာ စာဖတ်သည်။အိမ်သားတွေ စားချင်တဲ့ မုန့်တွေလည်း လုပ်ကျွေးဖြစ်သည်။ဟိုနေ့က

"ခိုင်မာနှောင်ကြိုး"Where stories live. Discover now