အပိုင်း ၄ unicode

216 24 6
                                    

ခိုင်မာနှောင်ကြိုး အပိုင်း ၄

အိမ်ရှေ့ရေကပြင်မှာ မျက်နှာသစ်နေတုန်း ခြံထဲသို့ ဇင် ဝင်လာသည်ကို မျက်လုံးထောင့်မှ မြင်လိုက်ပါသည်။ဇင့် လက်ထဲမှာလည်း ခြင်းတောင်း အကြီးကြီး နှစ်လုံးကို  တဖက်တချပ်စီ ကိုင်လာပါသည်။မနိုင်မနင်း သယ်လာတာ မြင်တော့ သူ မနေနိုင်ပါ။လုပ်နေတာကို ရပ်ပြီး ဇင့် အနားသို့ ရောက်သွားပြီး လက်ထဲမှ ခြင်တောင်းတလုံးကို သူ့ကိုပေးရန် တောင်းဆိုလိုက်သည်။

"ဈေးကပြန်လာပြီလား။ကျွန်တော် ကူသယ်ပေးမယ်။ပေး...ခြင်းတောင်း။"

"ရတယ်။ရတယ်။ခင်ဗျားနိုင်မှာ မဟုတ်ဘူး။"

"ရပါတယ်။လေးနေမှာပေါ့။ကျွန်တော် ကူသယ်ပေးပါ့မယ်။"

"ရပါတယ်ဆိုဗျာ။"

"ပေးပါ။သယ်ပေးပါ့မယ်။"

ခြံဝမှာတော့ နှစ်ယောက်သား ခြင်းလုနေသည့်ပုံစံ ဖြစ်နေပါသည်။

"ကဲ...ဒါဆိုလည်း ယူဗျာ။ရော့...။"

ဇင် ပေးလိုက်သည့် ခြင်းတောင်း ဇင့်လက်ထဲမှ လွတ်သွားပြီး သူ့လက်ထဲရောက်သည်နှင့် လေးလံလွန်းသော ခြင်းတောင်းကြောင့် သူ့လက်ညွှတ်ကျကာ ခြင်းတောင်းလည်း မြေပြင်နှင့် မိတ်ဆက်သွားပါတော့သည်။ခြင်းတောင်းအတွင်းမှာ ပါလာသည့် ပစ္စည်းအချို့ဟာ မြေပြင်ပေါ်သို့ ပြန့်ကျဲကျသွားပါတော့သည်။

"ဟာ...ဆောရီးပါဗျာ။"

သူ၏ မဟာအမှားကြောင့် ဇင့် ကို အမြန်တောင်းပန်ရပါသည်။

"အဲဒါကြောင့် ကျွန်တော် ပြောပါတယ်။ခြင်းတောင်းက လေးတယ်။ခင်ဗျား မနိုင်ပါဘူးလို့ ပြောရက်နဲ့ဗျာ။"

ဇင် က ညည်းညည်းငြူငြူလေး ဆိုတော့ သူ့ဘက်က ပိုပြီး အားနာရပါသည်။ပြုတ်ကျသွားတဲ့ ပစ္စည်းတွေကို အမြန်ဆုံးကောက်ပြီး ခြင်းထဲ ကောက်ထည့်ရပါသည်။ကံဆိုးချင်တော့ ထန်းလျက်ထုပ်၏ အောက်မှာ ပိသွားသည့်အထုပ်မှာ ကြက်ဥထုပ် ဖြစ်နေပါသည်။အောက်က လမ်းနှင့် ထန်းလျက်ထုပ်ကြားမှာ ပိကာ ကြက်ဥတွေ ကွဲသွားပါပြီ။ဇင့် ကို အားနာပြီးသာ အထပ်ထပ် တောင်းပန်နေမိပါသည်။

"ခိုင်မာနှောင်ကြိုး"Where stories live. Discover now